← Chapters

အခန်း (၄၅)

Vol. 5 Ch. 45

အခန်း (၄၅)

Vol. 5 Ch. 45

ရှန်းချူးချူးသည် hot search ထဲရောက်နေသော ကောင်းရှင်း၏ သတင်းများကို ဖတ်ကြည့်လိုက်ရာ ထိုနေရာတွင် ရေတပ် အများအပြားကို သတိထားမိလိုက်သည်။

"ရွံရှာစရာကောင်းလွန်းလိုက်တာ! ကောင်းရှင်းက ဒီလိုလူတစ်ယောက်ဆိုတာ ငါအခုမှသိတာပဲ၊ သူက အိမ်ထောင်ရှိတဲ့ အမျိုးသမီးကို ဘာလို့ စွင်းရင်တိကိုလက်ထပ်နိုင်ရတာလဲ ? [အန်နေသည့်ပုံ]"

"ကောင်းရှင်းက အိမ်ထောင်ရှိဖူးတဲ့ မိန်းမတစ်ယောက်မှန်းသိတာတောင် စွင်းရင်တိက အဲ့လိုမိန်းမအတွက် နှစ်ပေါင်းများစွာ မြုပ်နှံထားတယ်ပေါ့ ဘယ်လောက်တောင် နာကျင်စရာကောင်းလိုက်လဲ @孙辉"

"အရှုပ်အထွေးရှိတဲ့ အမျိုးသမီးတိုင်း ဖျော်ဖြေရေးအဝိုင်းထဲ ၀င်ကိုမ၀င်လာသင့်တာ [(⁠☞⁠ ⁠ಠ⁠_⁠ಠ⁠)⁠☞]"

.....။

ရှန်းချူချူးသည် ထိုသို့သောမှတ်ချက်များကိုမြင်လိုက်ရသောကြောင့် အံ့သြသွားရသည်။ သူ(မ) ထမင်းလေးထွက်စားရုံနဲ့ ကမ္ဘာကြီးက ဘယ်လိုဖြစ်သွားရတာလဲ? အဲ့တာက သက်သေနဲ့တကွ ဖော်ထုတ်မိသည်လား သို့မဟုတ် ... ရေတပ်များလား?

ရှန်းချူးချူးသည် ထိုသည်ကိုစဉ်းစားပြီး ရှာဖွေမှုထိတ်ဆုံးကိုရောက်နေသော နေရာကို၀င်ကြည့်လိုက်သည်။ သူ(မ) ပိုကြည့်လေ လေ ပိုတုန်လှုပ်မိလေဖြစ်သည်။ ထို အထောက်အထားများသည် အလွန်ပြည့်စုံသည်။ ကောင်းရှင်း၏ ပထမဆုံးလက်ထပ် သည့်နေ့မှစ၍ အိမ်ထောင်၏တည်နေရာ၊ ခင်ပွန်းဟောင်း၏ အထောက်အထားအထိပင်။ ကောင်းရှင်းနှင့် ၎င်း၏ခင်ပွန်းဟောင်း တို့ပင်၏ ဓာတ်ပုံများသည်ပင်လျှသ် အတူတကွရှိနေကြပြီး ထိုဓါတ်ပုံများကို အတုအစစ် ခွဲခြမ်းနေကြသည့် ပညာရှင်များလည်း များပြားစွာရောက်ရှိလို့နေသည်။

ဤအကြောင်းအရာများသည် သူ(မ)၏အိမ်ထောင်ရေးစနစ်ထဲရှိ အကြောင်းများနှင့် ထပ်တူကျနေသောကြောင့် အမှန်ဖြစ်ကြောင်း ရှင်းလှသည်။ ဤအရာသည် လူများအားထိတ်လန့်သွားစေသည်။

ရှင်းကျဲကို တစ်ယောက်ယောက်ချောက်တွန်းတာလား ?

ရှန်းချူးချူးသည် ထိုအကြောင်းအရာများကို ရှာဖွေကြည့်သောအခါတွင် ဤဖရဲသီးလှိုင်းလုံးသည် မပြီးပြတ်သေးဘဲ အချိုးအကွေ့ အသစ်တစ်ခု ပေါ်လာသည်။ အဘယ့်ကြောင့်ဆို စွင်းဟွေ့သည်ပို့စ်တစ်ခုကိုတင်လာခဲ့သည်။

စွင်းဟွေ့ V: မင်းတို့ရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော် ဆက်ဆံရေးကအရမ်းကောင်းပါတယ်၊ သူ(မ)ရဲ့ အတိတ်က အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်းပေါ်လာပြီဆိုတော့ ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်တွေကို ရိုးရှင်းစွာ ပြောပြပါရစေ၊ ကျွန်တော်လည်း ပထမအိမ်ထောင်နဲ့ ကွဲသွားပြီးတဲ့လူတစ်ယောက်ပါ၊ ကျွန်တော်တို့ဘ၀တွေကို မနှောင့်ယှက်ပါနဲ့။ နောက်ပြီး တစ်ချို့လူတစ်ယောက်က ကောင်းကင်ကြီးကိုကြည့်ပြီး အရမ်းတွေ မနာလိုနေကြတော့ မမှီမကန်းတွေလာခုန်ခုန်ကိုက် တက်သေးတာ၊ ဒါကြောင့် ကျွန်တော် အဲ့လူအတွက် ဆုတောင်းပေးလိုက်ပါတယ် မင်း ဘယ်တော့မှ နိုင်ငံကျော်တဲ့စူပါးစတား မဖြစ်ပါစေနဲ့ 【^⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠_⁠^】

ကောင်းရှင်း၏အိမ်

"ဟွေ့ကော ရှင် ဘာလို့ ဒီလို Weiboမှာ ပို့တင်လိုက်ရတာလဲ၊ ရှင် ဘာလုပ်နေလဲရော ရှင် သိရဲ့လား။ ကျွန်မကို ဂရုမစိုက်ရင်တောင် ဒါက ရှင့်လုပ်ငန်းတွေကိုထိခိုက်စေနိုင်တယ်လေ" ကောင်းရှင်းသည် အလျင်စလိုပင် စွင်းဟွေ့ကို၏ လက်ကိုင်ဖုန်းကို ဆွဲယူကြည့် လိုက်သည်။

ချန်းမုန့်သည် ကောင်းရှင်းအား ရိုက်ကူးရေးအဖွဲ့ထဲမှ ထွက်စေရန် ခြိမ်းခြောက်လာခဲ့သည်။ ထိုအရာမှာ သူ(မ)သာ မနှုတ်ထွက်ပါ က သူ(မ)၏ ယခင် အိမ်ထောင်အကြောင်းအား လိုင်းပေါ်တွင် အတည်အလင်းဖွင့်ထုတ်မည်ဟုပြောခြင်းဖြစ်သည်။

ကောင်းရှင်းသည် သူ(မ)၏ ဂုဏ်သတင်းကျဆင်းမည်ကို သည်းခံနိုင်သော်လည်း စွင်းဟွေ့ကိုပါ ထိခိုက်လာမည်ကို ကြောက်မိ သည်။ သူ(မ)သည် စွင်းဟွေ့ကို အနည်းငယ်ပင် ထိခိုက်စေလိုခြင်းမရှိပေ။ ထိုသည်မှာ အမှန်တကယ် ထိခိုက်မှုဖြစ်စေ၊ ဂုဏ်သိက္ခာ ပိုင်းထိခိုက်မှုဖြစ်စေ မည်သို့ပင်ဖြစ်စေ သူ(မ)လက်မခံနိုင်ချေ။

သို့ဖြစ်ရာ သူ(မ)သည် ချန်မုန့်၏ ဆန္ဒအတိုင်း နုတ်ထွက်ခဲ့သည်။ သို့သော်လည်း ၎င်းသည် ပြောထားသော စကားကိုဖောက်ဖျက် ကာ ဖယ်ထုတ်ခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကောင်းရှင်းသည် ချန်မုန့်ကို ဖုန်းခေါ်ပြီး မေးခဲ့သော်လည်း ချန်မုန့်သည် သူမလုပ်ကြောင်း ငြင်းဆိုခဲ့သည်။

စွင်းဟွေ့သည် ကောင်းရှင်း၏ ဆံပင်များကို ပွတ်သပ်လျက် ပြုံးကာ"ဘာပဲဖြစ်ဖြစ် ဒါက အမှန်တရားတစ်ခုပဲလေ၊ မင်းကို တခြားသူတွေ ဝိုင်းပြောတာကို ကိုယ်သည်းမခံနိုင်ဘူး၊ လူတိုင်းမှာ အတိတ်တွေရှိသလို မင်းမှာရော ကိုယ့်မှာရော ရှိတယ်၊ မင်းသယ ရှက်နေရင် ကိုယ့်ကိုလက်ထပ်လိုက်လေ၊ ပြီးတော့ ချန်မုန့်က မင်းကို ခြိမ်းခြောက်နေတဲ့အချိန် ကိုယ်က ဘယ်လိုလုပ် ရပ်ကြည့်နေ နိုင်ပါ့မလဲကွာ"

ကောင်းရှင်းသည် စွင်းဟွေ့ ကို နီရဲသောမျက်လုံးဖြင့် ကြည့်ကာ "ဒါပေမယ့် ဒီကိစ္စမှာ သူတို့ ရှင့်ကိုလည်းပြောကြမှာလေ"

စွင်းဟွေ့သည် ကောင်းရှင်းထက် ပိုပြတ်သားသည်။ "အရေးမကြီးပါဘူးကွာ၊ ကိုယ်တို့အချင်းချင်း ချစ်ကြတာပဲ၊ ကျန်တာအရေး မကြီးဘူး၊ ဖြစ်လာသမျှရင်ဆိုင်ကြတာပေါ့"

စွင်းဟွေ့၏ Weibo သည် ထောင်ပေါင်းများစွာသော လှိုင်းလုံးများ ရိုက်ခတ်နေသော ကျောက်တုံးတစ်ခုအဖြစ်သို့ပင် ဖော်ပြနိုင် သည်။

Netizensများသည် ထိုသို့သော သတင်းကိုမြင်ပြီး ကြည့်ရှုရန်အမြန်ပြေးလာကြသည်။

"ဘုရားရေ၊ မင်းတို့က ဘယ်လိုတောင် ရှုပ်ထွေးနေကြတာလဲ၊ ဒါကို တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုတဲ့ ဖြူစင်လှပါ တယ်ဆိုတဲ့ အချစ်လား? မင်းတို့တွေက ချန်ခိုင်နဲ့ယန်ခိုင်တို့နဲ့ ဘာကွာမှာလဲ၊ ညစ်ညမ်းနေတဲ့ ဘ၀တွေ [နှုတ်ဆက်နေသည့်ပုံ]

"ဒီတစ်နှစ်အတွင်း စုံတွဲနှစ်တွဲရဲ့ အဖြစ်မှန် ဖော်ထုတ်ခံခဲ့ရတယ်ဆိုတော့ ပါပါရာဇီတွေရဲ့ စွမ်းရည်က အများကြီးတိုးတက်လာတာပဲ၊ ငါတို့ တခြားစုံတွဲတွေကို ကြည့်သင့်တယ် သူတို့လည်း အတုအယောင် ဖြစ်နိုင်တယ်။ [◉⁠‿⁠◉]"

"ဒါက ငါတို့ကို အရူးတစ်ယောက်လို သဘောထားနေတာလား၊ တကယ်ကို ခွေးတွေပဲ၊ ဒီနှစ်တွဲလုံးက ငါအမြဲတမ်းအားပေးလာ ခဲ့ရတာကွ! [အန်နေသည့်ပုံ]"

.....။

ထိုကဲ့သို့သော မှတ်ချက်များသည် စွင်းဟွေ့နှင့် ကောင်းရှင်းတို့အား အနှောင့်အယှက်မပေးနိုင်ချေ။ ၎င်းတို့သည် Weiboကို မကြည့်ပဲ လုပ်စရာများကိုသာလုပ်နေကြသည်။ ၎င်းတို့၏ တစ်နေ့တာသည် တီဗွီလည်းမကြည့်သလို အွန်လိုင်းလည်းမတက်ပဲ အိမ်တွင်သာ အချိုပွဲလုပ်နေကြသည်။ ပြင်ပကမ္ဘာသည် တုန်လှုပ်နေသလောက် ၎င်းတို့သည် လုံခြုံအေးချမ်းစွာနေထိုင်နေသည်။

သို့သော် ဤအရာသည် ကုမ္ပဏီအတွက် ဆိုးကျိုးများတော့ရှိသေးသည်။

ထိုကိစ္စကို မေးမြန်းစုံစမ်းရန် မီဒီယာများသည် တျန်းတိကုမ္ပဏီထံသို့ အာရုံစိုက်လာသောကြောင့် ကုမ္ပဏီသည်လည်း အခြားသော အနုပညာရှင်များနှင့် အာရုံလွှဲရန်ကြိုးစားတော့သည်။ ထိုအနုပညာရှင်ထဲတွင် ရှန်းချူးချူးလည်းပါပြီး S station သို့ သွားရောက် ရိုက်ကူးထားသောပရိုဂရမ်ဖြစ်သည်။

သို့သော် အကျိုးသက်ရောက်မှုသည် ဆိုးရွားလွန်းလှသည်။

ကောင်းရှင်းနှင့် စွင်းဟွေ့တို့၏ကျော်ကြားမှုသည် ချန်ယုနှင့် ယန်ခိုင်တို့နှင့် တန်းတူဖြစ်သောကြောင့် ၎င်းတို့ကို ဂရုမပြုမိဖို့ခက်ခဲလှသည်။

အာရုံပြောင်းစေရန် ချန်မုန့်၏ ယခင်ရှိ အကြောင်းများကိုပင် ဆွဲထုတ်ကြသော်လည်း အကျိုးသက်ရောက်မှု သက်ရောက်မှုမရှိချေ။

ရှန်းချူးချူး ကုမ္ပဏီသို့သွားသောအခါ ချန်းရှီလီသည် ဒရာမာအသစ်အကြောင်းကို သူ(မ)အား ပြောလာသည်။ ၎င်းသည် စားပွဲခုံမှ ဖိုင်တွဲတစ်ခုကို ယူလိုက်ပြီး "ဒီမှာ D-Producing Film ဖြစ်တဲ့ ထျန်းတောင်ရဲ့ ပြဇာတ်ဆိုတဲ့ တီဗီစီးရီးပဲ၊ ဒါက လွန်ခဲ့တဲ့ နှစ်ရက် က ငါရခဲ့တဲ့ အချက်အလက်အကုန်ပဲ၊ အစထဲက ငါမင်းကို အဲဒီကို သွားစေချင်ပေမဲ့ ငါ့ရဲ့အရင်းအမြစ်တွေက မလုံလောက်လို့ နောက်ဆုတ်နေခဲ့ရတာ"

ရှန်းချူးချူးသည် D Provincial ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီမှ ထုတ်လုပ်သည်ဟု ကြားလိုက်သောအခါ ချက်ချင်းပင် သူ(မ) မျက်လုံးများ လင်းလက်သွားရသည်။ အနုပညာဘက်သို့သွားသော ရုပ်ရှင်အမျိုးအစားသည် အမှန်ပင် နာမည်ကြီးလှသည်။ ဤရုပ်ရှင်ကုမ္ပဏီ၏အမည်သည် အရည်အသွေးကိုကိုယ်စားပြုသည်၊ နှလုံးသားကိုကိုယ်စားပြုသည်၊ သရုပ်ဆောင်မှုကို ကိုယ်စားပြုသည်၊ ခွန်အားကိုကိုယ်စားပြုပေသည်။ သူ(မ) ထိုသို့သော ရုပ်ရှင်မျိုးအား လက်လှမ်းမှီဖို့ တစ်ခါမှ မမျှော်လင့်ဖူးပေ။

သို့သော် သူ(မ)ကို ရွေးပါ့မလားမသေချာပေ။ သူ(မ)သည် တစ်လကျော်ကြာအောင် ရုပ်ရှင်ရိုက်ဖူးပြီး သော်လည်း လတ်တလော လေ့ကျင့်ခန်းများအပြင် သူ(မ)၏ သရုပ်ဆောင်မှုမှာ ဆင့်ခြောက်ဆယ်အထိ ရောက်ရှိနေသော်လည်း D-film ကုမ္ပဏီအတွက် ဆိုလျှင် သူ(မ)၏ သရုပ်ဆောင်မှုမှာ မျက်စိကျရလောက်သည်မဟုတ်ပေ။

ချန်းရှီလီသည် ရှန်းချူးချူး၏ စိတ်ပူနေပုံရသည်ကိုမြင်သဖြင့် မျက်ခုံးတစ်ဖက်ပင့်လိုက်ကာ "ထျန်းတောင်နဲ့ ချန်းတောင်တို့က နှစ်ပေါင်းများစွာ သူငယ်ချင်းကောင်းတွေမို့ မင်းကို audition invitationပို့ပြီးကတည်းက အရွေးချယ်ခံရပြီးပေမဲ့ ဘယ်ဇာတ် ကောင်က အကောင်းဆုံးလဲဆိုတယ မသေချာလို့ မင်းကိုယ်တိုင်ရွေးကြည့်လိုက်၊ ဒီမှာ အမျိုးသမီး ဇာတ်ကောင်တွေအကြောင်း၊ မင်း အကြိမ်ကြိမ်ဖတ်ပြီးမှ ဆုံးဖြတ်ဖို့ သတိရနော်"

ရှန်းချူးချူးသည် ချန်းရှီလီ၏စကားကိုကြားသောအခါ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး "ကျွန်မသိပါတယ်၊ ကျေးဇူးတင်ပါတယ် ချန်းကျဲ"

"ကျေးဇူးမတင်ပါနဲ့.. ငါမကြာသေးခင်က အရမ်း အလုပ်များနေခဲ့တော့၊ မင်းနဲ့အတူ auditionကိုသွားဖို့ အချိန်မရှိဘူး၊ မင်းနောက် ရက်အနည်းငယ်ကျရင် မင်းရဲ့ performance classရဲ့ ဆရာဆီကနေသင်လို့ရတယ် ဒါမှမဟုတ် ဒါရိုက်တာစွင်းဆီကိုသွားလိုက်ထ ဘာပဲဖြစ်ဖြစ် မင်းက သူ့ဇနီးကို ကယ်တင်ပေးခဲ့လို့ သူ့မွေးစားသမီးဖြစ်နေပြီဆိုမှတော့ တစ်ချို့အရာတွေမှာ အားတုံ့အားနည်းဖြစ် မနေနဲ့။ အနာခံမှအသာစံရမှာဆိုသလိုပဲ... ဒီအသိုင်းအဝိုင်းထဲမှာ မင်းရဲ့ ခံစားချက်အစစ်အမှန်တွေ ဖျောက်ထားဖို့လည်းလိုအပ် တယ်"

ချန်းရှီလီ၏ စကားကြောင့် ရှန်းချူးချူးတုန်လှုပ်သွားခဲ့သည်။ ၎င်းသည် သူ(မ)စိတ်ကို ဖောက်ထွင့်မြင်နေသည်လား? သူ(မ)သည် ထိုသို့ အခွင့်ကောင်းမယူချင်ပေ။ သူ(မ)၏အမြင်တွင် ဒါရိုက်တာစွင်းသည် ကျောထောက်နောက်ခံဖြစ်သည် ဤအသိုင်းအဝိုင်းရှိ လူများသိရုံနှင့် တော်ပြီဖြစ်သည်။ သူ(မ)သည် ပိုမိုမတောင်းဆိုဝံပေ။

"သတိပေးလို့ ကျေးဇူးတင်ပါတယ် ချန်းကျဲ"

"အင်း" ချန်းရှီလီသည် သူ(မ)၏ ပုခုံးများကို ပြေလျှော့ကာ မျက်လုံးကိုမှိတ်ထားသည်။

ရှန်းချူးချူးသည် ချန်းရှီလီ ၏အသွင်အပြင်ကိုကြည့်ကာ "ချန်းကျဲ အရမ်းစိတ်ပူစရာမလိုပါဘူး၊ ရှင်းကျဲရဲ့ ကိစ္စတွေက မကြာခင်မှာ သေချာပေါက် အဆင်ပြေမှာပါ၊ သူမနဲ့ စွင်းဟွေ့ကောက ဘာအမှားမှ မလုပ်ထားတာကို၊ အင်တာနက်သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုတွေလည်း ရပ်သွားမှာပါ"

ချန်းရှီလီသည် ထိုစကားကိုနားထောင်ပြီးနောက် အနည်းငယ်ပြုံးကာ "မင်းပြောသလိုသာ မြန်မြန်ဖြစ်ဖို့ မျှော်လင့်တယ်၊ ဒါက ဆောင်းဦးတောင် ရောက်သွားသလိုပဲ"

ထို့နောက် ချန်းရှီလီသည် ရှန်းချူးချူး ကိုကြည့်ကာ" မင်းလည်းချစ်မိရင် ငါ့ကိုပြောဖို့မမေ့နဲ့နော်၊ မင်းနဲ့ CEO ဟန်က အခုအခြေ အနေဆို မထိုက်တန်သလိုဖြစ်နေသေးတော့ လူမြင်ကွင်းထွက်တာကိုတက်နိုင်သလောက်ရှောင်၊ မင်းမှာ အလုပ်ရှိသ၍ နောက်ဆို တော်ဝင်မြို့တောင်မှာအခြေခိုင်ခိုင်ရပ်တည်လို့ရပြီ"

ရှန်းချူချူသည် CEO ဟန်ဟုကြားလိုက်ရသောအခါ သူ(မ)တစ်ကိုယ်လုံး အေးခဲသွားသလိုခံစားလိုက်ရသည်။ ၎င်းတို့သည် ထိုည၍ လမ်းလျှောက်ပြီးတည်းက တစ်ယောက်ကိုတစ်ယောက် မတွေ့ရတော့သည်ဟု တွေးလိုက်မိသည်။ သို့သော် သူ(မ)သည် အဘယ့် ကြောင့် မလုံမလဲဖြစ်မိနေမှန်း မသိတော့ချေ။

"ချန်းကျဲ ကျွန်မနဲ့ CEO ဟန်က ရှင်ထင်တဲ့ ဆက်ဆံရေးမျိုးမဟုတ်ပါဘူး"

ချန်းရှီလီသည် "အဲ့တာက အရေးမကြီးဘူး၊ အရေးကြီးတာက မင်းကို ပရိသတ်တွေနဲ့ အင်တာနက်သုံးစွဲသူတွေထင်မြင်တဲ့အရာပဲ"

ရှန်းချူးချူးသည် အံ့အားသင့်သွားပြီး တည်ငြိမ်အောင်ထိန်းကာ "ဟုတ်ကဲ့ ကျွန်မကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ချန်းကျဲ"

ရှန်းချူးချူးသည် အိမ်ပြန်ရောက်ပြီးနောက် တစ်ဖက်အခန်းရှိ ပိတ်ထားသောတံခါးကို စိုက်ကြည့်ကာ တခဏလောက်ကြည့် ပြီးနောက် သူ(မ)၏တံခါးကို လှည့်ဖွင့်လိုက်သည်။

ရှန်းချူးချူးပြောသည့်အတိုင်း ညနေစောင်းတွင် ကောင်းရှင်းကိစ္စများသည် တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။

အင်တာနက်သုံးစွဲသူများ ငြိမ်သက်သွားပြီးနောက်တွင် ၎င်းတို့ကိုယ်တိုင် အလွန်အမင်း တုံ့ပြန်မှုလွန်ကဲသွားသည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။ ကောင်းရှင်းနှင့် စွင်းဟွေ့တို့၏ debut လုပ်ပြီးကတည်းက အရာမျိုးကို ပြန်လှန်ကြည့်လျှင်တောင် ၎င်းတို့နှစ် ယောက်သည် အချစ်ဦးဖြစ်သည်ဟုမပြောထားသလို အိမ်ထောင်မရှိဟုလည်းမပြောထားချေ။ မည်သူသည် ၎င်းတို့၏ အိမ်ထောင် ရေးကို အလွယ်တကူချပြပါမည်နည်း၊ အထူးသဖြင့် ယခုလိူ အနုပညာလောက၌ဖြစ်သည်။

ထို့ကြောင့် ကောင်းရှင်းဟယ်နှင့် စွင်းဟွေ့တို့သည် ချန်ယု၊ ယန်ခိုင်တို့နှင့်ကွဲပြားပေသည်။

သို့သော်လည်း ပရိသတ်များသည် သူတို့ လှည့်စားခြင်းခံရသည်ဟု ခံစားခဲ့ကြပြီး ချန်းဟောင်နှင့် ယန်ခိုင်တို့၏ ရှေ့ဆောင်လမ်းပြ လုပ်သွားသောကိစ္စကြောင့် ၎င်းတို့ကိုလည်း ထိုသို့သာတွေးမိလိုက်သည်။ သူတို့ တဖြည်းဖြည်း အသိပြန်ဝင်လာကြသောအခါ အချို့လူများသည် Weiboပို့စ်အရှည်ကြီးကိုရေးကာ အသီးသီးတင်လာကြသည်။ ထိုစာများထဲတွင် တောင်းပန်သည့်အပြင် ကူကယ်ရာမဲ့သည့်လေသံနှင့်လည်း ပြောထားသည်။

ယခုလိုအခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ကုမ္ပဏီသည် မမျှော်လင့်ထားချေ။ ကောင်းရှင်းနှင့် စွင်းဟွေ့တို့၏ အဆင့်အတန်းသည် အလွန်မြင့်မားသောကြောင့် ၎င်းတို့၏ကုမ္ပဏီကြီးသည်ပင် မထိန်းချုပ်နိုင်ခဲ့ပေ။ ကုမ္ပဏီသည် အနုပညာရှင်များကို စဦးပိုင်းတွင် ကောင်းမွန်စွာကိုင်တွယ်နိုင်သော်လည်း ၎င်းတို့ ကောင်းကောင်းဖွံ့ဖြိုးလာချိန်တွင် အမှန်ပင် မည်သည့်အရာမှ မတက်နိုင်ချေ။

သို့သော်လည်း ၎င်းတို့သည် ခံစားချက်ကိုချဲ့ထွင်ရန် အခွင့်အရေးကိုဆုပ်ကိုင်ထားဆဲဖြစ်သည်။

ထိုကိစ္စများသည် အေးအေးဆေးဆေးသာ ပြီးဆုံးတော့မည်ဟု လူတိုင်းတွေးထားမိချိန် အချိုးအကွေ့အသစ်တစ်ခု ထပ်မံပေါ်ပေါက် လာခဲ့သည်။

All Chapters