← Chapters

အခန်း (၄၆)

Vol. 5 Ch. 46

အခန်း (၄၆)

Vol. 5 Ch. 46

သတင်းအကောင့်တစ်ခ မည်သည့်နေရာကမှန်းမသိ ရုတ်တရက်ထွက်ပေါ်လာသည်။

"ကောင်းရှင်းက 2006 ခုနှစ်မှာကွာရှင်းခဲ့တယ် စွင်းဟွေ့ကောပဲ၊ အဲ့နောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့တွဲခဲ့ကြတယ်၊ ဆိုတော့ အဲ့နေရာမှာ မြုပ်ကွက်လေးများရှိနေနိုင်မလား ? သူတို့က တကယ်ရော အရင်ကွာရှင်းခဲ့ကြတာဟုတ်ရဲ့လား၊ တကယ်လို့ နောက်မှသာဆိုရင် တကယ့်စဉ်းစားစရာပဲ"

"ဘုရားရေ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်လက်ထပ်နိုင်ဖို့ အရင်အိမ်ထောင်နဲ့ ကွာရှင်းခဲ့ကြတာလား ? ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ"

"သူတို့ကြည့်ရတာ အဲ့လိုလူတွေနဲ့ မတူပါဘူး ? ငါဒါကို မယုံသေးဘူး"

တစ်စုံတစ်ယောက်သည် ထိုစာအား reply ပြန်လိုက်သည်။ - "တရားစီမံရေးနတ်ဘုရားရယ်... ဘယ် လူဆိုးကများ သူတို့မျက်နှာမှာ လူဆိုးပါလို့ ရေးထားတာမြင်ဖူးကြလို့လား.."

......

ထို့နောက် ရေတပ်သားတစ်စုက မည်သည့်နေရာကမှန်းမသိတိုးထွက်လာပြီး ထိုထင်မြင်ချက်ကိုထောက်ခံသဖြင့် လူတော်‌တော်များများလည်း ယုံကြည်လာကြသည်။ ကောင်းရှင်းနှင့် စွင်းဟွေ့တို့သည် 2005 ခုနှစ်တွင်စတင်သိကျွမ်းခဲ့ပြီး 2006 ခုနှစ်တွင် လက်ထပ်ခဲ့သည်ကို လူအချို့ကသာသိရှိခဲ့ကြသည်။ ထိုအရာကိုလည်း အကြမ်းဖျင်သာ သိရှိခဲ့ကြခြင်းဖြစ်သည်။

ရှန်းချူးချူးသည် Weiboပေါ်ရှိ အကြောင်းအရာများကို ကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူများသည် သက်သေအခိုင်အလုံပင်မပြနိုင်ပဲ လွန်ခဲ့ သော ၁၀နှစ်၏အကြောင်းအရာများကို ဆွဲထုတ်လာကာ ရှုပ်ထွေးအောင်လုပ်ခဲ့သည်။ ထိုသို့သော ဈေးပေါလှသည့် ရေတပ်များသည် ဇာတ်လမ်းများကို ကိုယ်ကြိုက်သလို ပြီးစလွယ်လုပ်တက်သည်။ ထို့အပြင် သက်သေတစ်ခုခုပြ၍ဖြေရှင်းလျှင်ပင် ထိုလူများသည် အတုအ ယောင်ဟူ၍ပြောလာကြလိမ့်မည်။

ကောင်းရှင်းနှင့် စွင်းဟွေ့တို့ အတူတူရှိနေကြပြီဆိုက တည်းက နောက်ကွယ်တွင် မည်သည့်အရှုပ်အရှင်းမှ ရှိမည်မဟုတ်သည်ကို သူ ယုံကြည်သည်။ သို့သော် ထိုအရာများသည် အချိန်‌ကြာမြင်ပြီဖြစ်သော်ကြောင့် သတင်းအစစ်အမှန်အား ရှာဖွေရရှိနိုင်ရန်မသေချာပေ။

ရှန်းချူးချူးသာ ကောင်းရှင်းနှင့် စွင်းဟွေ့တို့၏ အိမ် ထောင်ရေးစနစ်ကိုကြည့်ရှုနိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ၂၀၀၆ ခုနှစ်တွင် ယခင်အိမ်ထောင်နှင့် ကွာရှင်းပြတ်စဲခဲ့ပြီး တစ်ယောက်မှာ ဇန်နဝါရီလတွင်ဖြစ်ကာ တစ်ယောက်သည် မတ်လတွင် ကွာရှင်းခဲ့သည်။ သို့သော် ၎င်းတို့ အချင်းချင်းသိကျွမ်းသည်မှာ 2005 တွင်မဟုတ်ချေ။ ထိုအချိန်ကို သူ(မ) ရှင်းရှင်းလင်းလင်းမသိသော်လည်း စနစ်သည် 2006 ခုနှစ် ဇွန်လအားပြသနေသည်။ သို့ဖြစ်ရာ ၎င်းတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ယခင်တည်းကမသိခဲ့ကြပဲ ကွာရှင်းပြီးနောက်မှသာ တွေ့ဆုံခြင်းဖြစ်ပြီးတွဲနေခဲ့ကြသည်မှာလည်း 7 နှစ်ရှိပြီဖြစ်သည်။

သူ(မ)သည် အင်တာနက်ပေါ် ကောင်းရှင်းနှင့် စွင်းဟွေ့တို့အား အပြစ်တင်နေသော commentများကို တိတ်တ ဆိတ်ကြည့်ရင်း ကြယ်အဆင့်သတ်မှတ်မထားသော အိမ်ထောင်ရေးအညွှန်းကို ကြည့်ကာ ဆုံးဖြတ်ချက်တစ်ခုချခဲ့သည်။

သူ(မ)သည် သူ(မ)၏အကောင့်ဟောင်း‌လေးထဲသို့ ဝင်လိုက်သည်နှင့် chatbox တစ်ခုလုံး ရဲရဲနီနေသည်ကိုတွေ့လိုက်ရသည်။ ထိုထဲတွင် မေးခွန်းများစွာရှိမည်ကို ရှန်းချူးချူးသိသော်လည်း ယခုလောလောဆယ်တွင် ၎င်းတို့အား စာပြန်ရန်မရည်ရွယ်ထားချေ။ သူ(မ) မူလက ထိုအရှုပ်အ‌ထွေးများကြားသို့ ၀င်ရန်မကြံရွယ်ထားပေ။ အဘယ့်ကြောင့်ဆို မည်သို့ကူညီရမှန်း သူ(မ) မသိသလို ကူညီရန်လည်းအကြောင်းမရှိသောကြောင့်ပင်။ ယခုအခါ စွင်းဟွေ့အကြောင်းကိုပါ ထုတ်ဖော်လာခဲ့သဖြင့် အင်တာနက်သုံးစွဲသူများ အလွန်ဒေါသထွက်နေခြင်းဖြစ်သည်။

ထိုအကြောင်းများသည် အနည်းငယ်တော့သည်းမခံနိုင်စရာပင်။

ငါက ယွဲ့လောင်- မင်းမေးတာကို ငါမဖြေခင် ဒီအဖြစ် အပျက်ရဲ့ တကယ့်အကြောင်းရင်းကို ပြောပြနိုင်မလား

#1 Entertainment Reporter-Red Feather- သည် Weiboတွင် သူ ရက်အတော်ကြာစောင့်နေခဲ့ရသော အကောင့်လေးမှစာပြန်လာသဖြင့် ဟုန်းမောဝ်သည် ရှန်းချူးချူး၏မေးခွန်းများကို သိပ်မစဉ်းစားနေတော့ချေ။ ဤအသိုင်းအဝိုင်းတွင် ထိုအကြောင်းသည် လျှို့ဝှက်ချက်တစ်ခုမဟုတ်ပဲ ဦးနှောက်ရှိသည့်သူတိုင်းသိပေမည်။

#1 Entertainment Reporter-Red Feather - ကောင်းရှင်းက နိုင်ငံတကာအဆင့်မှီ ရုပ်ရှင်မှာ ပါ၀င်ရတော့မှာလေ၊ အဲ့မှာကောင်းရှင်းနဲ့ အဆင့်တူတဲ့ အမျိုးသမီး သရုပ်ဆောင်တစ်ယောက်က ကောင်းရှင်းမရိုက်ကူးနိုင်အောင်ကြံစည်တော့တာပေါ့၊ ဒါပေမဲ့ အခု အဲ့အမျိုးသမီးကြယ်ပွင့်လည်း အတိုက်အခိုက်ခံနေရပြီလေ၊ မင်း သိချင်ရင် weibo မှာ သူ့(မ)ရဲ့ နောက်ဆုံးသတင်းတွေကို သွားရိုက်ရှာလို့ရတယ်။

ရှန်းချူးချူးသည် မကြာသေးမီက အသစ်ရိုက်ကူးရမည့် ဒရမ်မာများနှင့် အလုပ်ရှုပ်နေသောကြောင့် ထိုကိစ္စကို တကယ်မသိချေ။ Red Feather ၏စကားကြောင့် သူမ ခဏလောက် စဉ်းစားပြီးသည်နှင့် အရာအားလုံးကို ချိတ်ဆက်မိသွားသည်။ အဲ့ဒီအမျိုးသမီးက ချန်မုန့်လား!? ချန်မုန့်သည် အလွန်ကျော်ကြားသော စူပါစတား အမျိုးသမီးကြယ်ပွင့်ဖြစ်သည်။ သူ(မ)သည် အနုပညာလောက၏စံပြအမျိုးသမီးဖြစ်ကာ ထိပ်ဆုံးတွင်ရပ် တည်နေသူဖြစ်သည်။ သူ(မ)တကယ် အဲ့လိုလုပ်ဖို့လိုအပ်လို့လား ? အနုပညာလောကရဲ့ ရေကလည်းနက်နဲလိုက်တာ...

ငါက ယွဲ့လောင်: အင်း ငါသိပြီ၊ စကားမစပ် ဒီလူနှစ်ယောက် ကွာရှင်းပြီးမှဆုံကြတာမလား ?

Red Feather သည်လည်း ထိုအရာကို အမှတ်ရသွားကာ ချက်ချင်းပင် သက်သေများရှာရန် လိုင်းဆင်းသွားသည်။

ရှန်းချူးချူးသည်လည်း စကားဝိုင်းပြီးဆုံးပြီးနောက် Weibo မှဆင်းလာခဲ့သည်။ ချန်မုန့်က ဒီလိုမျိုးတကယ်လုပ်လိမ့်မယ်လို့ သူ(မ)မထင်ထားဘူး၊ Red Feather များ မှားနေတာလား...? ၎င်းက ဤမျှဆိုးရွားသည့်အရာကိုလုပ်စရာမလိုချေ။

သူ(မ)သည် ယခင် ကောင်းရှင်းပြောခဲ့သည်များကို ရုတ်တရက် တွေးမိလိုက်သည်။ မဟုတ်မှလွဲရော... ကောင်းရှင်းက ချန်မုန့်ဆီက ခြိမ်းခြောက်ခံလိုက်ရလို့ နိုင်ငံတကာရုပ်ရှင်ကို ငြင်းခဲ့တာလား ? ၎င်း ငြင်းဆိုပြီးနောက် ချန်မုန့် audition သွားဖြေခဲ့သည်ဟု သူ(မ)ကြားခဲ့သည်။ ချန်မုန့်က ကောင်းရှင်းကိုခြိမ်းခြောက်ရုံတင်မကပဲ ကောင်းရှင်းကို ရုပ်ရှင်မှအတင်းနှုတ်ထွက်ခိုင်းကာ ၎င်းကိုယ်တိုင်ကတော့ နှစ်တစ်နှစ်တာ၏ကျော် ကြားမှုများကိုခိုးယူကာ ကတိချိုးဖောက်ခဲ့ခြင်းဖြစ်နိုင် သည်။

ရှန်းချူးချူးသည် ထိုအကြောင်းများ ခေါင်းထဲ၀င်လာသည်နှင့် ရုတ်တရက် ထိတ်လန့်သွားပြီး သူ(မ)နောက် ကျောတလျှောက် ချွေးအေးများစိုစွတ်လာသည်။ သူ(မ)ထင်ထားသည့်အတိုင်းသာဆိုပါက မည်မျှကြောက်စရာကောင်းမည်နည်း။ သူ(မ)တွင် ဆိုဖာပေါ်တွင် ငြိမ်သက်စွာအတွေးပျံ့နေစဉ် ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရပြီး ရုတ်တရက်ဆန်လွန်းသဖြင့် သူ အလန့်တကြားဖြစ်ကာတုန်တက်သွားသည်။

ဝမ်ချမ့် တစ်ခုခုမေ့ခဲ့တာများလား? ဟင့်အင်း ၀မ်ချမ့်က သူ(မ) အိမ်တံခါးလျှို့ဝှက်နံပါတ်ကို သိတယ်မလား..။

ရှန်းချူးချူးသည် တံခါးဆီသို့သွားကာ ကင်မရာမှတစ်ဆင့်ကြည့်လိုက်စဉ် သူ(မ)မတွေ့ရသည်မှာ ရက်အတော်ကြာနေပြီဖြစ်သည့် လူတစ်ယောက်ကိုမြင်လိုက်သည်။

ရှန်းချူးချူးသည် တံခါးကို ခပ်မြန်မြန်ဖွင့်ပြီးနောက် ထွက်သွားတော့မည့် ဟန်ရှင်းယု၏ နောက်ကျောပြင်ကို တွေ့လိုက်သည်။ သူသည် အနောက်ဘက်မှ တံခါးဖွင့်သံကို ကြားလိုက်ရသဖြင့် ခေါင်းကို လှည့်လာပြီး

"တောင်းပန်ပါတယ် မင်းကို ဒီလောက်နောက်ကျတဲ့အချိန်မှ နှောင့်ယှက်မိတယ်"

ဟန်ရှင်းယုသည် တိုးလှသောအသံဖြင့်ပြောလိုက်သည်။

ရှန်းချူချူသည် မီးခိုးရောင်လေကာအင်္ကျီဝတ်ထားသည့် အမျိုးသားကို ကြည့်ကာ အပြုံးတစ်ပွင့်တပ်ဆင်လျက် "အနှောင့်အယှက်မဖြစ်ပါဘူးရှင်၊ CEO ဟန် အပြင်ကနေ အခုမှ ပြန်လာတာလား"

ဟန်ရှင်းယန်သည် သူ့အဝတ်အစားများသူ ကြည့်ပြီး မျက်မှောင်ကြုတ်လျက် "ဆောရီး.. ကျွန်တော် လေယာဉ်ပေါ်က ဆင်းလာတာနဲ့ အဝတ်အစားလဲဖို့ အချိန်မရလိုက်ဘူး"

"ဪ... CEOဟန် အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာကိုး၊ ဒါကြောင့် အခုရက်ပိုင်းမတွေ့ရတာ အံ့သြစရာမဟုတ်တော့ဘူး"

ဟန်ရှင်းယုသည် သူ့အဝတ်အစားများသူ ကြည့်မြဲအတိုင်းသာကြည့်နေပြီး ရှန်းချူးချူး၏ စကားကိုကြားသောအခါမှ မော့ကြည့်လာပြီး "ဟုတ်တယ်၊ ကျွန်တော်တို့ နောက်ဆုံးတွေ့ပြီးထဲက ကျွန်တော်လည်း အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာ၊ မစ်ရှန်း ကျွန်တော့်ကို နေ့တိုင်းမြင်ချင်ရင် မြင်ရစေမယ်"

ရှန်းချူးချူးသည် ထိုစကားများကို ကြားလိုက်ရသည့်အချိန် သူ(မ)မျက်နှာပေါ်ရှိ အပြုံးသည် တောင်းတင်းသွားရသည်။ သူ(မ)က အဲ့လိုဆိုလိုတာမဟုတ်ဘူး‌လေ၊ သူ့ကို ဘာလို့မြင်ချင်ရမှာလဲ? ရှန်းချူးချူးသည် ဟန်ရှင်းယန် အား အကြောင်သားကြည့်နေသည်ကိုမြင်သဖြင့် ရယ်မောသံနှင့် တုန့်ပြန်လိုက်သည်။

နှစ်ယောက်သားသည် မျက်နှာချင်းဆိုင်တွင် တိတ်တိတ်ဆိတ်ဆိတ် မတ်တပ်ရပ်နေကြသည်။ တစ်ခုတည်းသောကွာခြားချက်မှာ တစ်ယောက်သည် တံခါးအပြင်ဘက်တွင်ရပ်နေပြီး တစ်ယောက်သည် တံခါးအတွင်းရပ်နေခြင်းဖြစ်သည်။

"အဟွတ်အဟွတ်!"

ဟန်ရှင်းယုသည် ချောင်းအနည်းငယ်ဆိုးမိလိုက်သည်။

ရှန်းချူးချူးသည် စိုးရိမ်စွာမေးလိုက်မိသည်။ "CEOဟန် အအေးမိနေတာလား ? ရှင့် ခန္ဓာကိုယ်ကို ဂရုစိုက်ပြီး ဆေးလည်းသောက်ဦးနော်"

"အဟွတ်" ဟန်ရှင်းယုသည် ချောင်းအနည်းငယ် အဆက်မပြတ်ဆိုးနေသည်။ ရှန်းချူချူ၏ စကားများ သည် သူ့ရင်ကို လှုတ်ခတ်စေသည်။

"ကျွန်တော့်အိမ်မှာ ဆေးမရှိလို့ မစ်ရှန်းဆီလာတာ"

ရှန်းချူးချူသည် ဟန်ရှင်းယန်မှာ ဆေးကြောင့်လာသည်ဆိုခြင်းအား ကြားလိုက်သည်နှင့် "ကျွန်မကို ဘာလို့စောစောမပြောတာလဲ၊ ရှင် ဝင်ထိုင်ဦးလေ၊ ကျွန်မ အခု‌ ဆေးသွားရှာလိုက်မယ်"

ဟန်ရှင်းယုသည် သူ့အဝတ်အစားများကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။ "ကျွန်တော် တံခါး၀မှာပဲ စောင့်နေမယ်"

ရှန်းချူးချူး အနည်းငယ်ရှက်ရွံသွားသည်။ ၎င်း၏ငြင်းဆိုမှုကြောင့် သူ(မ)စကားများသည် မည်မျှမဆင်မ‌ခြင်ဖြစ်သွားကြောင်း သတိပြုမိလိုက်သည်။ သူ(မ)သည် ညနက်တွင်တောင် ယောင်္ကျားတစ်ယောက်ကို အိမ်ထဲ၀င်ထိုင်ခိုင်းသေးသည်။ ထိုသည်မှာ အမှန်ပင် အထင်လွဲစရာဖြစ်သည်။

ရှန်းချူးချူးသည် တိုးညှင်းသောလေသံဖြင့် "ဒါ.. ဒါဆို ကျွန်မ ဆေးသွားရှာလိုက်ဦးမယ်"

ရှန်းချူးချုးသည် ဆေးအား ဧည့်ခန်ထဲတွင် ထားထား သည် သတိရမိသဖြင့် ခပ်မြန်မြန်လိုက်ရှာသော်လည်း အချင်းနှီးပင်၊ အချိန်ကြာလာသည်နှင့် ၎င်း၏ ချောင်းဆိုသံကို စဉ်ဆက်မပြတ်နားထောင်နေရသောကြောင့် သူ(မ)လည်း အရှက်ပိုသည်းလာရသည်။ အဆုံးတွင် သူ(မ)သည် ဆေးသေတ္တာအား အိပ်ခန်းထဲသို့ ယူသွားဖူးသည်ကို သတိရမိသွားသည်။

ရှန်းချူးချူးသည် သူ့အိမ်ရှိ ဆေးများအားလုံးကို ပေးလိုက်ပြီး တောင်းပန်စကားလည်းဆိုလိုက်သေးသည်။ "တောင်းပန်ပါတယ်၊ ကျွန်မ ဘယ်မှာထားလဲဆိုတာ မေ့သွားလို့"

ဟန်ရှင်းယုသည် ရှန်းချူးချူး ၏ တောင်းပန်စကားကို ကြည့်ပြီး အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး ရှန်းချူးချူးကမ်းပေးသော ဆေးများကို ယူလိုက်ကာ

"ကျေးဇူးတင်ပါတယ် မစ်ရှန်း"

ထို့နောက် သူသည် မည်သည့်နေရာကမှန်း မသိ သေတ္တာသေးသေးလေးတစ်ခုကို ထုတ်လာသည်။

"ဒါ ကျွန်တော့် ခရီးကအပြန်၀ယ်လာတာပါ၊ မစ်ရှန်းရဲ့ ဆေးတွေအတွက် ကျေးဇူးတင်လို့ ဒါလေးလက်ခံပေးပါဦး"

ရှန်းချူးချူးသည် သေတ္တာကို တစ်ချက်ကြည့်လိုက်ပြီး "ဟင့်အင်း ဟင့်အင်း၊ ဒီဆေးတွေက ပိုက်ဆံဘယ် လောက်မှမရှိပါဘူး၊ CEOဟန်က အရမ်းယဉ်ကျေးနေဖို့ မလိုဘူး၊ ရှင် ကျွန်မကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့ဖူးတော့ ဒီလောက်လေးနဲ့ ကျွန်မ အလုပ်မရှုပ်ပါဘူး"

ဟန်ရှင်းယုသည် စက္ကန့်အနည်းငယ်မျှ တိတ်တဆိတ်တွေးကာ နှုတ်ခမ်းများကို တစ်ဖက်ကွေးလျက် ရှန်းချူးချူးကို ဉာဏ်နီဉာဏ်နက်များစွာ ကြည့်လာပြီး "ဒီလိုဆိုရင် ကျွန်တော် မစ်ရှန်းရဲ့ဆေးကိုမယူနိုင်ဘူး"

သူသည် စကားဆုံးသည့်နောက် အကြိမ်အနည်းငယ်ခန့် မရပ်မနား ချောင်းဆိုးမိသွားသည်။

ရှန်းချူးချူးသည် ဟန်ရှင်းယန်အား စိုက်ကြည့်နေရင်း သူ(မ) နှလုံးသားသည်လည်း တဒိတ်ဒိတ်ခုန်နေလျက် "ဒီဆေးက ပိုက်ဆံဘယ်လောက်မှမရှိပါဘူး၊ ရှင် ပြန်ယူလိုက်ပါ"

ဟန်ရှင်းယုသည် ရှန်းချူးချူး၏ ကန်ကျောက်ငြင်းဆန်မှုကြောင့် မျက်မှောင်ကြုတ်လျက် ဆေးအိတ်ကိုတစ်ဖက်တွင်ကိုက်ကာ သေတ္တာလေးကို ရှန်းချူးချူး၏ လက်ထဲ ထည့်ပေးလိုက်သည်။

"ဒါကလည်း ပိုက်ဆံအများကြီးမကုန်ပါဘူး၊ အပြင်ကနေ ဒီအတိုင်းပဲ၀ယ်လာတာပါ"

ထို့နောက် သူက "ဒါက လက်ဆောင်လေးတစ်ခုပဲလေ၊ ကျွန်တော် ဒီ‌တစ်ခါ တစ်ခြားသူတွေကို ပေးဖို့အတွက်ပါ အများကြီး၀ယ်လာတာ"

ရှန်းချူးချူးသည် ဟန်ရှင်းယန် ဆွဲထားသော သူ(မ) လက်မှာ တဖြည်းဖြည်းပူလောင်လာသည်ဟု ခံစားရပြီး သူ(မ) နှလုံးခုန်နှုန်းသည်လည်း အရှိန်မထိန်းနိုင်စွယ တဟုန်ထိုး စီးတက်လာသည်။ သူ(မ)သည် ဟန်ရှင်းယန်၏ လက်ကို စိုက်ကြည့်ရင်း "အင်း ကောင်းပါပြီ"

"မစ်ရှန်း လက်ခံလိုက်တာ အကောင်းဆုံးပဲ" ဟန်ရှင်းယုသည် ရှန်းချူးချူး၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။

ရှန်းချူးချူးသည် ဟန်ရှင်းယု၏ တည်ငြိမ်သောမျက်နှာသွင်ပြင်ကြောင့် သူ(မ)ဘာသာ အတွေးလွန်နေမိသဖြင့် ရှက်ရဲရဲဖြစ်သွားပြီး “CEOဟန်ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”

"ကောင်းပါပြီ၊ မစ်ရှန်း စောစောအနားယူပါဦး။ ကျွန်တော်အရင်ပြန်လိုက်ဦးမယ်"

ရှန်ချူးချူးသည် ဟန်ရှင်းယန်၏ ကျန်းမာရေးကို သတိရကာ "ကောင်းပါပြီ၊ ရှင်လည်း မြန်မြန် အနားယူပါ၊ ရေနွေးများများသောက်ပေး၊ ဒီလောက်က အေး အေးဆေးဆေး အနားယူပေးတာနဲ့ မြန်မြန်ပျောက်သွားမှာပါ"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏မှာကြားမှုကြောင့် သူ့မျက်နှာပေါ်တွင် အပြုံးများစွန်းထင်းသွားပြီး

"ဟုတ်ကဲ့ပါ၊ မစ်ရှန်း ကျွန်တော့်ကို စိတ်ပူပေးလို့ ကျေး ဇူးတင်ပါတယ်"

All Chapters