← Chapters

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇)

Vol. 5 Ch. 47

ရှန်းချူးချူးသည် တံခါးကိုပိတ်လိုက်ပြီဖြစ်သော်လည်း သူ(မ)နှလုံးသားမှာ တဒိတ်ဒိတ်အခုန်မြန်နေဆဲပင်။ ဤသည်မှာ အလွန်ထူးဆန်းသော စိတ်ခံစားချက်ဖြစ်ပြီး သူ(မ)ကိုယ်တိုင်ပင် မရှင်းလင်းသော ခံစားချက်တချို့ရောယှက်နေခဲ့သည်။ သူ(မ)၏ လက်ကောက်ဝတ်တွင် စွန်းထင်းနေသော အပူငွေ့များနှင့် လက်ထဲရှိ သေတ္တာလေးသည် ထိုအရာမှာ စိတ်ကူးယဉ်မှုတစ်ခုမျှသာမဟုတ်ပဲ အမှန်တရားဖြစ်ကြောင်းသတိပေးနေသလိုပင်။

ရှန်းချူးချူးသည် သူ(မ)လက်ထဲရှိ သေတ္တာကို ကြည့်လိုက်ပြီ တံဆိပ်တစ်ခုခုတွေ့လိုတွေ့ငြား ရှာကြည့်နေမိသည်။ သူ(မ)သေတ္တာကို ဖွင့်လိုက်မိချိန် သေးငယ်သည့် စိန်လေးများဖြင့်သီကုံးထားသော ငွေရောင်ကြိုးလေးတစ်ခုကို တွေ့လိုက်ရသည်။ ရှန်းချူးချူးသည် ဤလက်ကောက်အား တစ်ချက်ကြည့်ရုံဖြင့်ပင် သဘောကျမိသွားသည်။ သူ(မ)သည် သေတ္တာ၏အတွင်းပိုင်းကိုတောင် လှန်လှောရှာဖွေကြည့်သော်လည်း တံဆိပ်တစ်ခုခုကိုမတွေ့ရှိခဲ့သည်။ ဟန်ရှင်းယု ပြောခဲ့တာ အမှန်များလား? ဒါဆိုရင် သူကရော သူ(မ)ကိုဘာလို့၀ယ်ပေးခဲ့တာလဲ ?

ရှန်းချူးချူးသည် ခဏလောက်ကြည့်ရှုပြီးနောက် လက်ကောက်ကို ချထားလိုက်သည်။

နောက်တစ်နေ့ နေ့လယ်တွင် Red Feather ၏ စုံစမ်းမှု ရလဒ်သည် ထွက်ပေါ်လာသည်။ ၎င်းသည် Weiboပေါ်အထောက်အထားတချို့ချပြပေးခဲ့သည်။ အင်တာနက်အသုံးပြုသူအချို့သည် ထိုကိစ္စနှင့်ပတ်သက်ပြီး အမှန်တရားကို အမှန်တကယ် မယုံကြည်ကြသေးသော်လည်း အများစုသည်တော့ ၎င်းကိုယုံကြည်ကြသည်။

ထိုတွင် စွင်းဟွေ့သည် Weiboတွင် နောက်ထပ်သတင်းတစ်ခုထုတ်ပြန်လာခဲ့သည်။

စွင်းဟွေ့ V : "ကျွန်တော်နဲ့ ရှင်းရှင်းက ကွာရှင်းပြီးတော့မှ စတွေ့တာ၊ ဒါ ခိုင်လုံတဲ့ အမှန်တရားပဲ၊ မင်းတို့က ထူးဆန်းတဲ့ သတင်းလေးတွေ့တာနဲ့ ဇွတ်ယုံနေကြတော့တာ၊ ကာယကံရှင်တွေ ရှင်းပြတာတောင် နားမထောင်နိုင်တော့ဘူး။

ရိုးရိုးသားသား ပြောရမယ်ဆိုရင် တစ်နေ့မှာသာ ငါသာသူ(မ)လို လူတစ်ယောက်နဲ့တွေ့မယ်လို့ကြိုသိခဲ့ရင် အစောကြီး လက်ထပ်မိမှာမဟုတ်ဘူး၊ လူတွေက သူတို့ဘဝမှာ သူတို့ကြိုက်တဲ့ လူနဲ့တွေ့ဖို့ဆိုတာ မလွယ်ဘူး၊ အဲ့တာကြောင့် သူ(မ)ကို ငါ့အနားခေါ်ဆောင်လာပေးတဲ့အတွက် နတ်ဘုရားတွေကိုကျေးဇူးတင်မိတယ်။

ဒီအရာကို ကြိုးကိုင်တဲ့သူက ဘယ်သူလဲ၊ ဘာအတွက်လုပ်လဲ‌ဆိုတာ ငါ သိတယ်၊ ငါ့ ရှေ့နေကိုကြိုပြင်ဆင်ထားပေမဲ့ သူ(မ)ကတော့ မင်းကလည်းနစ်နာသူမို့လို့ မင်းကိုမထိခိုက်စေချင်ဘူး၊ ဒါကြောင့် မင်းရဲ့ အသက်ရှင်နေတဲ့ နေ့ရက်တိုင်းကို ငါနဲ့ ငါ့ဇနီးလေး ဘဝသစ်မှာပျော်ရွှင်နေကြတာကို ပျော်ပျော်ကြီးကြည့်နေလိုက်နော်【^⁠_⁠^】"

ကောင်းရှင်းသည် စွင်းဟွေ့ဖာ၏ Weibo ကို ကြည့်ပြီး စိတ်သက်သာရာရသွားသည်။

"သူ(မ)ကို ဂရုစိုက်စရာအကြောင်းမရှိဘူးလေ၊ သူ(မ)ကလည်း ထိခိုက်တဲ့သူပဲ၊ သူ(မ)သာ ရှင့်ကိုကြိုက်မနေသေးရင် အခုလိုလုပ်မှာမဟုတ်ဘူး ပြီးတော့ သူ(မ)ကို စကားနိုင်ထိုးနိုင်လိုက်ရင်တောင် နောက်ဆုံးမှာ ကျွန်မတို့ ပိုက် ဆံတွေအများကြီးဆုံးရှုံးရတာပဲလေ၊ လူတိုင်းမှာ နောက် ကြောင်းဆိုတာရှိတယ်၊ လူတိုင်းက ကျွန်မတို့နဲ့ မတူပဲကွဲပြားကြတယ်လေ"

စွင်းဟွေ့သည် သနားစရာမျက်နှာထားလေးဖြင့် ဇနီးဖြစ်သူကိုကြည့်ကာ "ဒါဆို ကိုယ်က အပြစ်ရှိတဲ့သူ‌ပေါ့‌လေ ဟုတ်လား၊ ကိုယ်တစ်ယောက်တည်း အပိုတွေလုပ်နေတာပေါ့"

"ဒါကဘယ်လိုလုပ် ရှင့်အပြစ်ဖြစ်နိုင်မှာလဲ အမှားလုပ်မိတဲ့သူက သူ(မ)လေ၊ ကျွန်မပြောချင်တာ ကျွန်မတို့ဆိုတာ သူ(မ)နဲ့မတူဘူး၊ တစ်ခါတလေ ဘ၀င်မြင့်လွန်းတာက ကိုယ့်ကိုယ်ကိုတောင် မြင်တော့မှာမဟုတ်ဘူး"

ချန်မုန့်သည် စွင်းဟွေ့တင်ထားသော စာကို ကြည့်ပြီး သူ(မ)လက်ထဲရှိ ဖန်ခွက်သည် နံရံပေါ်သို့ ပစ်ပေါက်လိုက်သည်။ သူ(မ)နှင့် စွင်းဟွေ့သည် ဦးစွာတွေ့ဆုံခြင်းဖြစ်သော်လည်း စွင်းဟွေ့သည်တော့ သူ(မ)လောက်တောင် ‌မတော်သော ကောင်းရှင်းကိုသဘောကျသွားသည်။ ဤနှစ်များထဲ သူ(မ)မည်မျှကြိုးပမ်းပါစေ ၎င်းတို့ နှစ်ယောက်စလုံးသည် ကော်များအလားပူးကပ်နေကြဆဲပင်။ သူ(မ) သည် မကြာသေးမီ ကောင်းရှင်း၏အားနည်းကို ရှာတွေ့ခဲ့သည်။ စွင်းဟွေ့ ထိုမိန်းမ၏အစစ်အမှန်မျက်နှာကိုမြင် တွေ့သွားနိုင်ဖို့ သူ(မ)မျှော်လင့်သည်။ သို့သော် သူ(မ)၏ တွက်ချက်မှုမှားယွင်းသွားသည်။

ထိုမျှတင်မဟုတ်ပဲ စွင်းဟွေ့သည် ကောင်းရှင်း၏ အ တင်းအဖျင်းများကို တားဆီးရန် သူကိုယ်တိုင်၏ ယခင်အိမ်ထောင်အကြောင်းကိုပင် တုံ့ဆိုင်းခြင်းမရှိ ထုတ်ဖော်ခဲ့သည်။ ဒီနှစ်ယောက်က ရူးနေကြတာပဲ!

"မုန့်... မုန့်ကျဲ" လက်ထောက်သည် ချန်မုန့်ကို သတိပြန်ကပ်စေရန် ခေါ်လိုက်သည်။

ချန်မုန့်သည် လက်ထောက်အား စူးရဲသော အကြည့်ဖြင့်လှည့်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။ "နင်သောက်လုံးမပါဘူး၊ ငါ အလုပ်ရှုပ်နေတယ်လေ လာမရှုပ်စမ်းနဲ့"

လက်ထောက်သည် ထိတ်လန့်မှုကြောင့် တုန်ရီလျက် တိုးညှင်းစွာပြောလိုက်သည်။"ဟုတ်...ဟုတ်ကဲ့... ကျောက်ကောက ကျွန်တော့်ကို လာပြောခိုင်းလို့ပါ၊ ဒါရိုက်တာက ကောင်းရှင်းကို‌ရွေးသွားပြီတဲ့"

ချန်မုန့်သည် ထိုစကားကိုကြားသောအခါ ဒေါသအလွန်ထွက်သွားပြီ စားပွဲပေါ်ရှိအရာအားလုံးကို မြေပြင်ပေါ်သို့တွန်းဖယ်လိုက်သည်။ "ကောင်းရှင်း!"

ချန်မုန့်သည် ငါးမိနစ်ကြာအောင် စဉ်းစားပြီးနောက် အေးဂျင့်၏ ဖုန်းကိုခေါ်လိုက်ကာ ၎င်း၏စကားကိုနားထောင်ပြီး စိတ်တိုတိုနှင့်ဖုန်းချလိုက်သည်။

ထို့နောက် သူမသည် အခြားဖုန်းခေါ်ဆိုမှုတစ်ခုကို ထပ်မံခေါ်ဆိုခဲ့သည်။

"ဘဏ္ဍာ‌ရေးလက်ထောက်.. လောင်တုန် ပြန်လာပြီလား"

ချန်မုန့်သည် တစ်ဖက်၏ငြင်းဆိုမှုကိုကြားသောအခါ စိတ်ဓာတ်ကျစွာဖြင့် ဖုန်းကိုချလိုက်သည်။

**

ရှန်းချူးချူး audition ဖြေမည့်နေ့ရောက်လာပြီဖြစ်သည်။

ရှန်းချူးချူး အပြင်ထွက်ခါနီးတွင် စားပွဲပေါ်တင်ထားသည့် သေတ္တာကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူ(မ)သည်လည်း မည်သည့်လက်ကောက်မှ မ၀တ်ထားကာ ထိုလက်ကောက်တွင်လည်း တံဆိပ်မပါကြောင်းတွေးမိသဖြင့် လမ်းလျှောက်လျက် လက်တွင်ပတ်လိုက်သည်။ လှပစွာခြယ်သထားသော စိန်များဖြင့် လက် ကောက်သည် သူ(မ)၏ ဖြူဖွေးသော အသားအရည်နှင့် ရောစပ်လိုက်သဖြင့် အလွန်တရာ ကြည့်ကောင်းနေသည်။

သူ(မ)သည် တံခါးကိုဖွင့်ပြီးသည်နှင့် ဓါတ်လှေကားတံခါးဝတွင် ဓါတ်လှေကားစောင့်နေသော လူတစ်ယောက်ကိုတွေ့လိုက်သည်။ ထိုလူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်သွယ်လှသောအရပ်နှင့် အချိုးအဆ‌ကျသော ခန္ဓာကိုယ်ကြောင့် မော်ဒယ်တစ်ယောက်အလားပင် ထင်ကြလိမ့်မည်။

ထိုမော်ဒယ်လို အမျိုးသားသည် ခြေသံကိုကြားသော ကြောင့် နောက်သို့ လှည့်ကြည့်လာသည်။ ၎င်း၏ တိကျသော မျက်ခုံးများသည် အနည်းငယ် ပင့်သက်သွားသည်။

ရှန်းချူးချူးသည် ဟန်ရှင်းယန်လှည့်ကြည့်လာသည်ကိုမြင်သည်နှင် သူ(မ)လက်ကို ချက်ချင်းဖွက်လိုက်သည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ လက်ကောက်ဝတ်ကို မသိစိတ်မှ လှမ်းကြည့်မိကာ ငွေရောင်လက်ကောက်၏ အစွန်းအစကိုမြင်လိုက်ရသဖြင့် တစ်ချက်ကြည့်သည်နှင့် သူပေးထားသော လက်ကောက်ဖြစ်သည်ကို မှတ်မိသွားသည်။ ထိုလက်ကောက် ရှန်းချူးချူး၀တ်ဆင်ထားသည်ကို မြင်သဖြင့် သူမထိန်းချုပ်နိုင်စွာပြောမိလိုက်သည်။

"မင်းနဲ့ လိုက်တယ်"

ရှန်းချူးချူးသည်လည်း ၎င်းတွေ့ရှိသွားသည်ကို သိသောကြောင့် ဖုံးကွယ်ထားခြင်းမရှိပဲပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် မစ္စတာဟန်"

ထိုစဉ် ဓာတ်လှေကားသည်လည်း လာပြီဖြစ်သော ကြောင့် ဟန်ရှင်းယုသည် ပျော်မြူးစွာ၀င်သွားပြီး ရှန်းချူးချူးသည်လည်း အနောက်မှခေါင်းငုံ့ကာ လိုက်လာသည်။

ဟန်ရှင်းယန်သည် မြေညီထပ်ကိုနှိပ်လိုက်သည်။

ရှန်းချူးချူးသည် ပထမထပ်ကိုနှိပ်ချင်သော်လည်း ဟန်ရှင်းဟန်သည် ထိုခလုတ်များရှေ့တွင်ရပ်နေသော ကြောင့် ခပ်တိုးတိုးပြောလိုက်သည်။

"CEO ဟန်.. ပထမအထပ်ကိုနှိပ်ပေးပါ ကျေးဇူးတင်ပါတယ်"

ဟန်ရှင်းဟန်သည် တစ်ချက်လှည့်ကြည့်လာသည်။

ရှန်းချူးချူးသည် ပြုံးလျက် ပြောလာသည် "စိတ်မပူပါနဲ့ CEO ဟန်၊ ကုမ္ပဏီက လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်မကို Nanny ကားတစ်စီးထားတယ်၊ ဒါရိုက်ဘာက အောက်မှာစောင့်နေပါတယ်"

ထိုစကားကို နားထောင်ပြီးနောက် ဟန်ရှင်းယန်၏မျက်နှာသည် ဘာမှမပြောင်းလဲသော်လည်း သူ့စိတ်ထဲတွင်တော့ တိတ်တဆိတ် စိတ်ပျက်သွားသည်။ သူသည် ပထမထပ်ခလုတ်ကိုနှိပ်ပြီး"ဒီလိုကိုး"

ဓာတ်လှေကားသည် ပထမထပ်သို့ ခပ်မြန်မြန်ရောက်သွားသည်။ ရှန်ချူးချူးသည် ဟန်ရှင်းယန်အား နှုတ် ဆက်ပြီးနောက်တွင် သူ(မ)ကိုယ်ပိုင်ကားကိုရှာရန် တံခါးဝသို့ သွားလိုက်သည်။ သူ(မ) လူရွေးပွဲသို့ရောက်ချိန် ထိုနေရာတွင် ရင်းနှီးသည့် သူတစ်ဦးနှင့် တွေ့လိုက်ရသည်။

"မောနင်းပါ အစ်ကို"

ချန်ကောသည် အေးဂျင့်ဖြစ်သူနှင့် စကားပြောလျက်လျှောက်လှမ်းလာပြီး ချူချူကိုတွေ့သဖြင့် စကားစကိုရပ်လိုက်ပြီး ပြုံးလိုက်ကာ

"ချူးချူးလည်း ဒီကိုရောက်နေတာကိုး"

ရှန်းချူးချူးသည်လည်း ပြုံးပြလျက် ခေါင်းကိုညိတ်လိုက်ပြီး "ဟုတ်တယ် ချန်ကောကို ဒီမှာတွေ့ရဖို့ မမျှော် လင့်ထားဘူး"

ယနေ့တွင် အမျိုးသမီး ဇာတ်ကောင်များကိုရွေးပွဲဖြစ်ကာ အမျိုးသားဇာတ်ကောင်များသည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ရွေးသွားပြီဖြစ်သော်လည်း သတင်းကိုမကြေညာခဲ့ပေ။ မဟုတ်မှလွဲရော...

ဟဲချန်သည်- "ငါတို့တွေ နောက်ထပ် ရုပ်ရှင်တစ်ကား ထပ်ရိုက်ရတော့မယ်နဲ့တူတယ်၊ မင်း သရုပ်ဆောင်တာကို ငါ စောင့်ကြည့်နေမယ်၊ အကောင်းဆုံးလုပ်လာခဲ့!"

"အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အစ်ကို"

ရှန်းချူးချူးသည် ဟဲ့ချန်းနှင့် စကားပြောပြီးနောက် လူရွေးပွဲကျင်းပမည့်နေရာကို သွားလိုက်သည်။ ထိုနေရာတွင် သူ(မ) အကျွမ်းတ၀င်ရှိသည့် မင်းသမီးများစွာကို တွေ့လိုက်ရသည်။ ထိုအရာမှာတီဗီထဲတွင်မဟုတ်ဘဲ လက်တွေ့ဘ၀‌တွင် တွေ့ဆုံဖူးသည့် ပထမဆုံးအချိန်ဖြစ်သည်။

ထိုစဉ် ချင်ယင်ရန်သည် အဝတ်လဲခန်းမှထွက်လာပြီး သူ(မ)နှင့် ဆန့်ကျင်ဘက်အခြမ်းတွင်ရပ်နေသည်။ ရှန်းချူးချူးသည် ချက်ချင်းပင် ပုန်းချင်မိသည်။

ချင်ယင်ရန်သည် ရှန်းချူးချူး၏ အတွေးများကို မသိပဲ သူ(မ)၏ မျက်လုံးများသည် ရှန်းချူးချူးပေါ်ကိုဖြတ်ပြေးကာ တစ်ခြားသူများကိုကြည့်နေသည်။

ရှန်းချူးချူးသည်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ချင်ယင်ရန်သည် သူ(မ)ကို မှတ်မိမနေချေ။ ထို့နောက် သူ(မ)သည် ဝန်ထမ်းများ၏ညွှန်ကြား ချက်အတိုင်း လျှောက်သွားကာ မိတ်ကပ်လိမ်းရန် စောင့်ဆိုင်းနေခဲ့သည်။ မိတ်ကပ်ပြင်ပြီး အဝတ်အစားလဲပြီးသည်နှင့် စောင့်ဆိုင်းရမည့်အခန်းကို သွားခဲ့သည်။ တိုက်ဆိုင်စွာပင် သူ(မ)သည် ချင်ယင်ရန်၏နောက်တွင် ထိုင်ရသည်။

ချင်ယင်ရန်သည် နားကြပ်ကိုတပ်ဆင်လျက် ရှန်းချူးချူးနှင့် စကားမပြောချင်မှန်းသိသာသော်လည်း ရှန်းချူးချူး လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသည့် လက် ကောက်ကိုမြင်သောအခါ စကားစမြည်ပြောချင်လာသည်။ ထို့ကြောင့် နားကြပ်ကိုချွတ်ကာ ရှန်းချူးချူးကို ပြုံးလျက်ကြည့်ပြီး

"တွေ့ရတာ၀မ်းသာပါတယ် ငါက ချင်ယင်ရန်ပါ၊ မင်းကအရမ်းလှတာပဲ၊ ငါမင်းကို အရင်က မြင်ဖူးပါဘူး ဘယ်ကုမ္ပဏီက အသစ်လေးလဲ ?"

ရှန်းချူးချူးသည် ချင်ယင်ရန်မှာ သူ(မ)အား ရုတ်တ ရက် စကားစလာသည်ကိုနားမလည်နိုင်ဘဲ "တွေ့ရတာ ၀မ်းသာပါတယ် ရန်ကျဲ၊ ကျွန်မနာမည်က ရှန်းချူးချူးပါ၊ ထျန်းတိမီဒီယာကပါရှင့်"

ချင်ယင်ရန်က ပြုံးပြီး "ဒါဆို ငါကမင်းကို ကူညီစောင့် ရှောက်ပေးရ‌တော့မှာပေါ့၊ တစ်ခုခုလိုရင်ပြောနော်"

အမျိုးသမီးများသည် တခြားသူများမှာ ၎င်းတို့ကို အစ်မဟုခေါ်သည်မှာ မကြိုက်ကြသော်လည်း အနုပညာ‌လော ကသည်တော့ စီနီယာကျမှုမှာဝင့်ကြားစရာဖြစ်သည်။ သို့ဖြစ်ရာ 'အစ်ကို' သို့မဟုတ် 'အစ်မ' ဟုခေါ်ဆိုခြင်းသည် အသက်အရွယ်ကို ကိုယ်စားပြုခြင်းမဟုတ်ပဲ လေးစားမှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ဥပမာအားဖြင့် ကျောင်းထဲတွင် မင်းက ထိုမိန်းကလေးထက် အသက်ကြီးလျှင်တောင် စီနီယာအစ်မဟုခေါ်ဆိုခြင်းသည် ၎င်းကိုပိုမိုစိတ်ကျေနပ်စေသည်။

ထို့ကြောင့် ရှန်းချူးချူးသည် ပြုံးသာပြုံးလိုက်ပြီး မည်သို့မှမတုန့်ပြန်ချေ။

ချင်ယင်ရန်သည် ရှန်းချူးချူး၏ အတွေးများကိုမသိပဲ စကားဆက်ပြောနေဆဲပင် "မင်း ဘယ်နေရာကို သရုပ် ဆောင်မှာလဲ"

ရှန်းချူးချူးသည်လည်း ဤနေရာကို မရောက်ခင် သူ(မ)မည်သည့်နေရာ သရုပ်ဆောင်ရမှန်း မသိချေ။ ချန်းရှီလီပေးခဲ့သော အချက်အလက်များအရ ဤဇာတ် လမ်းထဲတွင် အမျိုးသမီး ဇာတ်ကောင် သုံးဦးရှိသည်။ ဒါရိုက်တာစွင်းသည် သူ(မ)ကို ထောက်ခံပေးသော ကြောင့် မည်သည့်ဇာတ်ကောင်နေရာဆိုဆို သူ(မ)စမ်းကြည့်ချင်သည်။

ရှန်းချူးချူးသည်လည်း ထိုမေးခွန်းကိုမည်သို့ဖြေရမှန်း ဆက်လက်တွေးတောနေသည်။ ထျန်းတောင်သည် သူ(မ)ရိုက်ကူးခဲ့သော ရုပ်ရုင်ကို မမြင်ဖူးသလို သူ(မ) အကြောင်းကိုလည်း မသိသောကြောင့် သူ(မ)သည်လည်း ပေါ့ပျက်ပျက်သရုပ်မဆောင်ဝံပဲ သူ(မ)၏ သရုပ်ဆောင်မှုကို ပြချင်မိသည်။

သို့သော် သူ(မ) လူရွေးပွဲကိုရောက်သည်နှင့် သူ(မ)သရုပ် ဆောင်ရမည့် ဇာတ်ကောင်မှာ ရှောင်တိ ဖြစ်သည်ကိုသိလိုက်ရသည်။ ထိုဇာတ်ကောင်သည် သာမာန်ဖြတ်သွားဖြတ်လာမဟုတ်ပဲ ဒုတိယအမျိူးသမီးဇာတ်လိုက် သို့မဟုတ် တတိယအမျိုးသမီးဇာတ်လိုက်ဟုဆိုနိုင် သည်။

"丫鬟小蝶" ရှန်းချူးချူးသည် သူ(မ)အဝတ်အစားတွေကို ငုံကြည့်ပြီး ပြောလိုက်တယ်။ သူ(မ) မပြောလျှင်တောင် သူ(မ)ခြယ်သထားသည့် မိတ်ကပ်နှင့် အ၀တ်အစားကိုကြည့်ရုံဖြင့် သူ(မ)သရုပ်ဆောင်ရမည့် ဇာတ် ကောင်ကို လူတိုင်းမှန်းဆမိလိမ့်မည်ဖြစ်သည်။

ချင်ယင်ရန်သည် ရှန်းချူးချူး၏အဝတ်အစားများကို သတိပြုမိလိုက်ပြီး သူ(မ)မျက်နှာရှိအပြုံးသည် တောင့် တင်းသွားရသည်။ သူ(မ)သည် အ၀တ်အစားကို ငုံကြည့်လိုက်ပြီး သူ(မ)မျက်နှာပေါ်တွင် ထပ်မံအပြုံးတပ်ဆွဲလိုက်သည်။

"ကောင်းတာပေါ့၊ ငါတို့ အတူတူပဲ"

ရှန်းချူးချူးသည် ချင်ယင်ရန်၏အဝတ်အစားများကို တစ်ချက်ကြည့်လိုက်သည်။ ထိုအ၀တ်အစားကို အနီးကပ်ကြည့်ပါက သူ(မ)တို့နှစ်ယောက်၏အဝတ် အစားများသည် အတော်လေးဆင်တူနေကြောင်းသတိ ပြုမိလိမ့်မည်။ သူ(မ)တို့သည် ဇာတ်ကောင်တစ်နေရာတည်းအတွက် လာရောက်အရွေးခံခြင်းဖြစ်ကြောင်း သံသယရှိစရာမလိုချေ။

All Chapters