← Chapters

အခန်း (၄၈)

Vol. 5 Ch. 48

အခန်း (၄၈)

Vol. 5 Ch. 48

ရှန်းချူးချူးလည်း လေထုမှာ ကသိကအောက်ဖြစ်သွားသလိုခံစားလိုက်ရသည်။

ချင်ယင်ရန်သည်တော့ မည်သည်မှမခံစားရသည့်ပမာ ရှန်းချူးချူးကို အပေါ်အောက်စုန်ချီကြည့်ပြီးနောက် သူ(မ)မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြစ်တည်လာသည်။

"ဒါ တကယ်တိုက်ဆိုင်တာပဲ"

သူ(မ)တို့နှစ်ဦး စကားအနည်းငယ်ပြောပြီး‌နောက် ရှန်းချူးချူးသည်လည်း မည်သို့တုန့်ပြန်ရမည်မှန်း မသိတော့သဖြင့် ခပ်ပါးပါးသာပြုံးကာ

"ကျွန်မ သန့်စင်ခန်းသွားလိုက်ဦးမယ်"

ရှန်းချူးချူးသည် တံခါးမှ ထွက်ခွာလာပြီးနောက်မှ စိတ်သက်သာရာရမိတော့သည်။ သူ(မ)သန့်စင်ခန်းမှ ပြန်ထွက်လာပြီးနောက် သူ(မ)အလှည့်ရောက်ဖို့ အနည်း ငယ်စောင့်ရဦးမည်ဟု ၀န်ထမ်းကပြောလာသဖြင့် ရှန်းချူးချူးလည်း အပြင်ဘက်ရှိ တိတ်ဆိတ်သောနေရာတစ်ခုကိုရှာကာ ‌ဇာတ်ညွှန်းထိုင်ဖတ်‌ရန်စီစဉ်ခဲ့သည်။

သူ(မ)သည် လှေကားတံခါးကိုဖွင့်ပြီးနောက် လှေကား ထစ်ပေါ်တွင်ထိုင်ကာ ဖုန်းကို ထိုင်ကြည့်နေသော မိန်းကလေးကို တွေ့လိုက်ရသည်။ သူ(မ)ရောက်လာသည်ကိုမြင်သည်နှင့် ကောင်မလေးသည် တက်ကြွစွာ ပြောလာသည်။

"မင်းက ၀တ္ထုထဲက သူရဲမကောင်းအတိုင်းပဲ"

ရှန်းချူးချူးသည်လည်း ထိုသို့ ပထမဆုံးအကြိမ် ချီးကျူးခံရဖူးသလို တစ်ဖက်လူမှာလည်း အလွန်ချစ်စရာကောင်းသည့် မိန်းကလေးဖြစ်‌နေသောကြောင့် သူ(မ)လည်း ထွက်သွားရန်အလျင်မလိုတော့ပဲ ခေတ္တရပ်ကာ

"ကျေးဇူးတင်ပါတယ်"

"မင်းက ဒီနေ့ audition ၀င်ဖြေတဲ့ မင်းသမီးလား"

ကောင်မလေးက စိတ်ဝင်စားစွာမေးလာသည်။

ရှန်းချူးချူး ခေါင်းညိတ်ပြီး "ဟုတ်တယ်"

"မင်းက ရှောင်တိနေရာအတွက် လူရွေးပွဲလာဖြေတာလား ? ငါမင်းကို တီဗီမှာ တစ်ခါမှမမြင်ဖူးပေမဲ့ ရင်းနှီးသလိုတော့ခံစားရတယ်၊ မင်း နာမည်ဘယ်လိုခေါ်လဲ"

ရှန်းချူးချူးသည် ထိုမိန်းမငယ်လေးမှာ သူ(မ)ကိုတစ်ချက်ကြည့်ရုံဖြင့် သူ(မ)သရုပ်ဆောင်မည့် ‌ဇာတ်ကောင်ကိုပင် သိနေလေသည်။ ဒီမိန်းကလေးက မဟုတ်မှလွဲရော ၀န်ထမ်းများလား ?

သူ(မ)သည် တွေးနေလျက်ပြုံးကာ "တွေ့ရတာ၀မ်းသာပါတယ်၊ ကျွန်မနာမည် ရှန်းချူးချူးပါ၊ ကျွန်မရိုက်ထားတဲ့ ရုပ်ရှင်ရှိပေမဲ့ အခုထိတော့ မထွက်သေးဘူး"

ကောင်မလေးသည် ရှန်းချူးချူး၏ နာမည်ကိုကြားချိန် ရုတ်တရက် တစ်ခုခုကို သတိရသွားသလိုပဲ "အာ.. မင်းကိုး... ထျန်းတိက မင်းသမီးပဲ၊ ငါ အရင်က Weiboမှာ မင်းရဲ့ ဗီဒီယိုကိုကြည့်ဖူးတယ်၊ မင်း တကယ်သတ္တိရှိတာပဲ"

ရှန်းချူးချူးသည်လည်း သူ(မ)အား မရေမတွက်နိုင်သောလူများသည် ထိုသို့ပြောဖူးသဖြင့် မည်သို့မှထူးခြားဟန်မပြပဲ ခပ်ပြုံးပြုံးသား "ဒါကဘာမှမဟုတ်ဘူး၊ လူတွေက သူတို့ထင်တာကိုပြောနေကြတာပါ"

ကောင်မလေးသည် ပြုံးလျက် ထိုအကြောင်းအရာကို ဆက်ပြောဟန်ပေါ်သော်လည်း ရှန်းချူးချူးကိုကြည့်ပြီး "မင်း လာပြီး အနားယူချင်တာမလား ? မင်းသာ စိတ်ထဲမထားရင် ငါနဲ့အတူထိုင်လေ"

ရှန်းချူးချူးသည် သူ့ရှေ့ရှိ ကောင်မလေးအား အတော်လေးသဘောကျနေသဖြငခ့ သူ(မ) နံဘေးတွင် ထိုင်လိုက်သည်။ ထိုအချိန်တွင် မိန်းကလေး၏ လက်ကိုင်ဖုန်း သည် ရုတ်တရက် မြည်လာသဖြင့် ကောင်မလေးသည် စိတ်လှုပ်ရှားစွာ ငုံ့ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလာသည်။

"အဲ့ဘလော့ဂါက ကျွန်မကို စာပြန်ပြီလို့ထင်ထားတာ"

ရှန်းချူးချူးသည် ကောင်မလေး၏ လေသံကိုနား ထောင်ပြီး သူ(မ)ပြောနေသည်ကို မမှန်းဆမိသော ကြောင့် မည်သို့မှ မတုန့်ပြန်လိုက်ချေ။

ကောင်မလေးသည် လက်ကိုင်ဖုန်းကို ကိုင်လျက် ရှန်းချူးချူးဆီသို့ ဝေ့ယမ်းပြပြီး "ဒါက လူတွေကို Weiboမှာ အောင်သွယ်ပေးတဲ့ အရမ်းနားမည်ကြီးတဲ့ ဘလော့ဂါတစ်ယောက်လေ၊ ကျွန်မ သူ့ကို နေ့တိုင်းမက်ဆေ့ခ်ျ တစ်စောင်ဆီ သွားရေးပေမဲ့ ဘလော့ဂါက ကျွန်မကို ဘယ် တော့မှ Reply မပြန်ဘူး၊ ဘယ်လောက်တောင် ကံဆိုးလိုက်လဲ"

ရှန်းချူးချူးသည် ၎င်းထောင်ပြသည့် ဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီး ထိုနေရာတွင် "ငါက ယွဲ့လောင်"ဟူသော အကောင့်ကိုတွေ့လိုက်ရသည်။ သူ(မ)သည် ခဏအကြာတွင် အနည်းငယ် ရှက်သွားမိပြီး ခပ်သဲ့သဲ့ရယ်လျက် “မင်းက ဒီဘလော့ဂါကိုလဲ ယုံတာပဲလား"

မိန်းကလေးသည် လေးလေးနက်နက် ခေါင်းညိတ်ပြီး- "ကျွန်မက သဘာဝတရားကြီးကိုယုံကြည်တယ်၊ အဲ့လူက အထူးပါပါဝါရှိတဲ့ လူတစ်ယောက် ဖြစ်နိုင်တယ်၊ ကမ္ဘာကြီးကအရမ်းကျယ်ပြန့်တော့ အဲ့လိုလူတွေရှိတာ အထူး အဆန်းတော့ မဟုတ်ဘူး၊ မင်းတောင် အဲ့ဘလော့ဂါနဲ့ တွေ့ခွင့်ရရင် အားလုံးအဆင်ပြေသွားလိမ့်မယ်၊ ဒီလောက်တောင်အစွမ်းကြီးတဲ့လူမျိုး လက်တွေ့ဘ၀မှာ ရှိတယ်လို့တောင်မထင်ရဘူးမလား ?"

ရှန်းချူးချူးသည် ခေါင်းပေါ်တွင် ပန်းနုရောင် နှလုံးသားဖြင့် ကောင်မလေးကို ကြည့်ပြီး "မင်း အဲ့ဒီဘလော့ဂါနဲ့ တကယ်တွေ့ရင် ဘာမေးခွန်းတွေမေးချင်လဲ"

မိန်းကလေးသည် ရှန်းချူးချူးကိုကြည့်ပြီး မဆိုင်းမတွပြောလာသည်။ "သေချာပေါက် ကျွန်မရဲ့အနာဂတ်ခင်ပွန်းက ဘယ်သူလဲဆိုတာကိုပေါ့၊ ကျွန်မတို့ ဘယ်နေ့တွေ့မှာလဲဆိုတာရော၊ ကျွန်မက အခု အသက် 26နှစ်ရှိပြီဆိုပေမဲ့ တစ်ခါမှအချစ်နဲ့မတွေ့ဖူးဘူး၊ ဒီလိုမျိူးစောင့်နေတာက အဓိပ္ပာယ်မရှိဘူးဆိုတာလည်း ကျွန်မသိပါတယ်"

ရှန်းချူးချူး သည် အလွန်ချစ်စရာကောင်းသော မိန်းကလေးကိုကြည့်ပြီး အံ့အားသင့်စွာ"မင်းက ဒီနှစ်မှာ အသက် 26 နှစ်ရှိပြီ ဟုတ်လား ? မထင်ရဘုးနော်"

မိန်းကလေးသည် ပြုံးလျက်ပြောလာသည်။ "ဟုတ်တယ်၊ ကျွန်မက အခု အသက် 26 နှစ်ရှိပြီ ဒါက ကျွန်မအသက်မွေးဝမ်းကြောင်းနဲ့ ဆက်စပ်နေလို့ အရမ်းငယ်နေတဲ့ပုံပေါက်နေတာနဲ့တူတယ်၊ ဒါပေမယ့် ကျွန်မရုပ်ရှည်က အခုလို‌ဖြစ်နေတော့ အလုပ်လုပ်ရတဲ့အချိန် သိပ်မကောင်းဘူး"

ထိုသို့ပြောပြီးနောက် ကောင်မလေး၏မျက်နှာသည် အုံ့မှိုင်းသွားရသည်။

ရှန်းချူးချူးသည် "ကိစ္စမရှိပါဘူး... မင်းသာ လုံလောက်အောင်တော်နေရင် ဘယ်သူကမှ မင်းကိုလာအနိုင်ကျင့်မှာမဟုတ်ဘူး"

ကောင်မလေးသည် ပြုံးပြီး မတ်တပ်ရပ်ကာ "ဟုတ်တယ် နင်ပြောတာ မှန်တယ်၊ ငါ ပိုကောင်းအောင်လုပ်ရမယ်၊ ငါတကယ်ကြိုးစားရတော့မယ်၊ အခုတော့ ငါလည်း အလုပ် ရှုပ်နေလို့ ခွင့်ပြုပါဦး၊ နောက်မှတွေ့ကြမယ်"

ထို့နောက် ကောင်မလေးသည် ဤနေရာမှ ထွက်သွားသည်။

ရှန်းချူးချူးသည် မိန်းကလေး၏ ကျောကို ရှုပ်‌ထွေးမှုများဖြင့် ကြည့်နေလေသည်။ ထိုမိန်းကလေးသည် ၀င်ခွင့်တွင် တာ၀န်ရှိသူ ၀န်ထမ်းဖြစ်နိုင်သောကြောင့် သူ(မ)လည်း သတိမလွှတ်မိချေ။ သူ(မ)သည် ထိုကောင်မလေး၏ စကားများကိုတွေ့မိချိန် သူ(မ)အိမ်ကိုပြန်ရောက်လျှင် Weiboထဲသို့သွားမည်ဟု ဆုံးဖြတ်လိုက်သည်။

မိနစ်နှစ်ဆယ်အကြာတွင် ရှန်းချူချူသည် ဝမ်ချမ့်ပေးပို့သော အချက်အလက်များကို ကြည့်ရှုပြီးနောက် လှေခါးထစ်မှ ထွက်ခွာလာခဲ့သည်။

စာမေးပွဲခန်းနားရောက်ချိန် ချင်ယင်ရန်သည် အတွင်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်ယ ချင်ယင်ရန်၏ မျက်နှာပေါ်ရှိ အမူအရာသည် အလွန်သာယာ‌နေသည်။ ရှန်းချူးချူး သူ(မ)ကို နှုတ်ဆက်ကာ ခေါင်းညိတ်ပြပြီး ထွက်ခွာလာသည်။

မကြာမှီတွင် ဝန်ထမ်းတစ်ယောက်သည် သူ(မ)ကို အထဲဝင်ဖို့ လာခေါ်သည်။ ရှန်းချူးချူး အထဲကို ရောက်သည့်အခါ ထိုင်ခုံ ငါးနေရာတွင်ထိုင်နေကြသောလူများအနက်မှ သူ(မ)သိသော လူနှစ်ယောက်ကိုတွေ့လိုရသည်။ တစ်ယောက်သည် သူ(မ)နှင့် ယခင်က ဇာတ်လမ်းအတူတူရိုက်ဖူးသော ဟဲချန်ဖြစ်ပြီး ကျန်တစ်ယောက်သည် သူ(မ)ခပ်စောစောတွင် တွေ့ဆုံခဲ့သည့် ကလေးမလေး ဖြစ်သည်။ ဤအချိန်တွင် ကလေးမလေးသည် ဟဲချန်ထက် အလယ်နေရာနှင့် ပိုနီးကပ်စွာထိုင်နေလေသည်။

ရှန်းချူးချူးသည်လည်း အလွန်အံ့သြသွားသည်။ အဲ့မိန်းကလေးက ဘယ်သူများပါလိမ့်...

သို့သော် သူ(မ)သိပ်မတွေးလိုက်ရခင် ဒါရိုက်တာသည် သူ(မ)ကို စတင်ရန် ပြောလာခဲ့သည်။ ပထမဆုံးအနေနှင့် သူ(မ)၏ ကိုယ်ရေးအချက်အလက်များကိုမေးကာ အသက်မည်မျှရှိသနည်းမှအစ မည်သည့်ဒရာမာမျိုးတွင် သရုပ်ဆောင်ဖူးသနည်းဟူသည့် မေးခွန်းများလည်းပါ၀င်သည်။ဤနေရာတွင် ရိုက်ကူးသူများသည် ဒါရိုက်တာများမှအစ ထုတ်လုပ်သူများနှင့် ဇာတ်ညွှန်းဆရာများသည်လည်း နာမည်ကြီးများဖြစ်သောကြောင့် လူသိနည်းသည့် အနုပညာရှင်လေးများ ၀င်မလျှောက်ရဲကြပေ။

ရှန်းချူးချူးသည် မိတ်ဆက်ပြီးနောက် စတင်ဖျော်ဖြေရတော့မည်ဖြစ်သည်။ ဤတီဗီစီးရီးကို "နွေဦးရဲ့နွေးထွေးမှု" ဟုခေါ်ပြီး မိသားစုကြီးတစ်ခု၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို ဖော်ပြထားသော ဇာတ်ကားဖြစ် သည်။ ထိုထဲတွင် အချစ်နှင့် အမုန်းတရားများ များများစားစား မရှိပဲ နှလုံးသားကို နွေးထွေးစေမည့် နေ့စဉ်ဘ၀နေထိုင်မှုများသာဖြစ်သည်။ လူတိုင်းတွင် အဖုအ ထစ်များစွာရှိသော်လည်း ကြင်နာမှုဆိုသည်မှာလည်း မေးပျောက်ထား၍မရချေ။ စစ်ပွဲထဲ၌ပင် ပျော်ရွှင်မှုနှင့် ဝမ်းနည်းစရာများမှာရော‌နှောလို့နေသေးသည်။

ရှောင်းတိသည် ဇာတ်လမ်းတွင် မင်းသမီးမဟုတ်သော် လည်း သူ(မ)သည် မစ်ကျန့်နှင့် ဘေဂျင်းကိုလာခဲ့သည့် ညီမလေးတစ်ယောက်ဖြစ်သည်။ နောက်ပိုင်းတွင် မစ်ကျန့်လက်ထပ်ပြီးနောက် သူ(မ)သည် မစ်ဘေးတွင် အိမ်ဖော်ဖြစ်လာခဲ့ရသည်။ နောက်ပိုင်းတွင် ဟောဖူသည် မစ်တာနှင့် လက်ထပ်ခဲ့သည်။ ဟို့ရယ်သည် ငယ်စဉ်က‌တည်းမှ ၎င်း၏ ဘ၀လက်တွဲဖော်နှင့် အတူကြီးပျင်းလာခဲ့ကာ အဆုံးတွင် ၎င်းတို့နှစ်ဦးပေါင်းဖက်နိုင်ခဲ့သည်။

ဇာတ်လမ်း၏အဓိဇာတ်လိုက်မှာ သူ(မ)၏သခင်ဖြစ် လာမည့် မစ် ဖြစ်သည်။ အဓိကဇာတ်လိုက်မသည်တော့ ရှောင်းဟို့ရယ်ဖြစ်သည်။ ဇာတ်လိုက်အား အတိအကျအ တည်မပြုရသေးသော်လည်း ထိုသည်မှာ ဟဲချန်ဖြစ်မှာ သံသယရှိစရာမလိုချေ။

"သခင်မလေး... ဒီနေ့ ဘာစားချင်တာလဲ မီးဖိုချောင်ထဲမှာတော့ ပဲစေ့ကိတ်တွေရှိပါတယ်..."

ရှန်းချူးချူးနှင့် အတူတကွသရုပ်ဆောင်ပေးရသော ဧည့်သရုပ်ဆောင်မိန်းကလေးသည် "ငါဒီနေ့ စားချင်စိတ်မရှိဘူး၊ ဘာမှလည်း မစားချင်ဘူး"

ရှောင်းတျဲသည် သူ(မ)လက်ထဲရှိ ပန်းကန်ပြားကို ချလိုက်ပြီး ထိုအမျိုးသမီးထံသို့ လျှောက်သွားသည်။ သူ(မ)သည် ပြုံးကာ "သခင်မလေး... ဒီနေ့ အပြင်ကိုထွက်ပြီး ဈေး၀ယ်ထွက်ကြရင်ရော ? ကျွန်မ ဒီနေ့အပြင်ဘက်က ရာသီဥတုကိုကြည့်ပြီးသွားပြီ..အပြင်လျှောက်လည်ဖို့ အဆင်ပြေတဲ့နေ့လေးပဲ"

သခင်မလေးသည် ဂျစ်တိုက်သောလေသံဖြင့် “ငါ စိတ်မဝင်စားဘူး”

"သခင်မလေးကို အပြင်ခေါ်ပြီး လျှောက်လည်ဖို့ သခင်လေးက ကျွန်မကို မှာထားခဲ့တယ်၊ တကယ်လို့ သခင်မလေးတောင် အခုလိုငြင်းနေရင်တော့ ဒီအစေခံက သခင်မလေးအပြစ်တင်တာ ခံရတော့မှာပဲ"

.....။

"ကဒ်! ဒုတိယဇာတ်ကွက်ကို သရုပ်ဆောင်ပြပါ။"

ဒုတိယဇာတ်ကွက်နှင့် ပထမဇာတ်ကွက်ရှိ အကြောင်းအ ရာများသည် လုံးဝကွဲပြားသည်။ ဤအခန်းသည် ရှောင်းတျဲနှင့် ရှောင်းဟို့ရယ်တို့၏ ချစ်သူများဖြစ်သော လီကျီနှင့် လီချီတို့ စစ်မြေပြင်မသွားမီအခန်းဖြစ်ကာ ရှောင်တိနှင့် လီချီတို့၏ဇာတ်ကွက်ကို သရုပ်ပြရမှာဖြစ်သည်။

ဤတစ်ခါတော့ လီချီနေရာတွင် ဧည့်သရုပ်ဆောင်မည့်သူသည် လှမ်း၀င်လာခဲ့သည်။

ရှန်းချူးချူးသည် အနည်းငယ် အသက်ပြင်းပြင်းရှူပြီး သူ(မ)ခံစားချက်များကို ချိန်ညှိလိုက်သည်။

"ရှောင်တိ ငါပြန်မလာနိုင်ရင် မင်းနဲ့လက်ထပ်ရမဲ့လူကို ရှာပါ" လီချီသည် နီမြန်းသော မျက်လုံးများဖြင့် ပြောလိုက်သည်။

ရှောင်တိသည် ထိုစကားကို နားထောင်ပြီး မျက်ရည်များလည်း ချက်ချင်းကျဆင်းလာသည်။ သူ(မ) မျက်လုံးများမှာလည်း မျက်ရည်များ ပြည့်နှက်နေပြီး နှုတ်ခမ်းများ သည်လည်း တုန်ရီနေသည်။

လီချီသည်လည်း အလွန်စိတ်မကောင်းဖြစ်မိကာ သူ(မ) မျက်ရည်များကို သုတ်ရန် းလှမ်းလာခဲ့သည်။ သို့သော် ရှောင်တိသည် သူ(မ)၏ လက်ကိုင်ပုဝါဖြင့် မျက်ရည်များကို တိတ်တဆိတ် ငုံသုတ်ပြီး သူ(မ) နီရဲနေသော မျက်လုံးအစုံဖြင့် အရှေ့ရှိလူကို ကြည့်လိုက်သည်။

"အင်း... ရှင်သာပြန်မလာရင် ကျွန်မ တစ်ခြားတစ် ယောက်ယောက်နဲ့လက်ထပ်လိုက်မယ်"

ရှောင်တျဲစကားကြောင့် လီချီစိတ်ထဲတွင် ပိုလို့ပင် စိတ်မသက်မသာဖြစ်သွားသည်။ သူသည်လက်ကို ဆန့်ထုတ်လိုက်ပြီး ရှောင်တျဲ ကို ပွေ့ဖက်ရန် ဆွဲခေါ်လိုက်သည်။ သို့သော် သူ(မ)လေးသည် သူ့ကိုတွန်းဖယ်ကာ အမြန်ထွက်ပြေးသွားသည်။

လီချီသည် တစ်ယောက်တည်းသာ နီရဲနေသော မျက်လုံးများဖြင့် ရပ်နေပြီး လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

"ကဒ်!"

အစမ်းသရုပ်ဆောင်မှုပွဲအပြီးတွင် ရှန်းချူးချူးသည်လည်း အသိကပ်အောင်ထိန်းနေခဲ့သည်။ ဤဒရာမာတွင် ငိုကြွေးရန်ဆိုသည်မှာ သူ(မ)အတွက် ခက်ခဲသည့်အရာမဟုတ်ပဲ ခံစားချက်များကိုပေါင်းစပ်သည့်နေရာတွင်သာ ခက်ခဲနေခြင်းဖြစ်သည်။ သူ(မ)သည် အချို့ခံစားချက်များမှရုန်းထွက်လိုက်သည်နှင့် အနည်းငယ်ထိန်းချုပ်၍မရတော့ချေ။

ထျန်ဟောင်သည် ရှန်းချူးချူး၏ဒုတိယမြောက် သရုပ် ဆောင်မှုကို အလွန်ကျေနပ်နေခဲ့သည်။ ရှန်းချူးချူးတွင် သရုပ်ဆောင် စွမ်းရည်ရှိကြောင်း သူတွေ့မြင်နိုင်သည်။ ထိုသရုပ်ဆောင်ချက်အား အလွန်အမင်းကောင်းမွန်သည်ဟု မပြောနိုင်သော်လည်း ဘာမှမရှိသည်ထက်တော့ ကောင်းသည်။

သူ(မ)အား သူ့သူငယ်ချင်းဖြစ်သူမှ ထောက်ခံထားခြင်းဖြစ်သော်လည်း သူသည်တော့ လွယ်လွယ်ဖြင့်သဘော တူလိုက်မည်မဟုတ်ချေ။ သူ၏ စည်းမျည်းများကိုတောင် တစ်စုံတစ်ယောက်ကြောင့် ချိုးဖျက်ခွင့်ပြုလိုက်ပါက နောင်တွင် ထိန်းချုပ်ဖို့ခက်ခဲသွားလိမ့်မည်။ နောင်တွင် ပရိတ်သတ်၏ ရင်များတွင်လည်း နာမည် ကောင်းတစ်ခုရရန် ခက်ခဲပေလိမ့်မည်။

ထျန်တောက်သည် ရှန်းချူးချူးမှာ စိတ်တည်ငြိမ်အောင် ထိန်း‌နိုင်လိုက်သည်ကို တွေ့သဖြင့် သူ(မ)ကို ပြန်ခိုင်းကာ အကြောင်းကြားစာကို စောင့်နေဖို့ပြောလိုက်သည်။

ရှန်းချူးချူးသည် ဦးညွှတ်ပြီး ကျေးဇူးတင်ကာ မထွက်ခွာမှီ ထိုင်ခုံတွင်ထိုင်လျက်ရှိသော မိန်းမငယ်လေး၏ အိမ်ထောင်ရေးစနစ်ကို ဖွင့်လိုက်သည်။ ရှန်းချူးချူးသည် တံခါးမှ ဖြတ်သွားပြီဖြစ်သော်လည်း virtual interface ရှိနေဆဲဖြစ်ကြောင်းတွေ့ရှိခဲ့သည်။

ရှန်းချူးချူးသည် မိန်းကလေး၏ အနာဂတ်ခင်ပွန်း၏ အမည်ကို မြင်လိုက်ချိန် မျက်လုံးအစုံသည် အံအားသင့်မှုကြောင့် ပြူးကျယ်သွားသည်။ ထိုသည်မှာ နာမည်တူနေချင်းဟုထင်မိသော်လည်း ထိုသူ၏ ပုံကိုဖွင့်ကြည့်လိုက်ချိန်တော့ ထိုသို့မဟုတ်မှန်းသိလိုက်ရသည်။

All Chapters