အခန်း (၆၀)
Vol. 6 Ch. 60
ရှန်းချူးချူးသည် ကုမ္ပဏီမှကြော်ငြာအား လက်ခံရရှိချိန်မှာ ည ၁၂ နာရီထိုးနေပြီဖြစ်၍ ဓာတ်လှေကား စီးနေရင်းပင် ငိုက်မျည်းလို့နေခဲ့သည်။နောက်ဆုံး ၁၂ ထပ်မြောက်ကိုရောက်၍ ဓာတ်လှေကားမှ ထွက်လာချိန်တွင် စကားပြောသံအချို့ကြားလိုက်ရသဖြင့် သူမ တစ်ဖက်ကိုကြည့်လိုက်ရာ သူမအား တိတ်တိတ်လေး ကြည့်နေကြသည့် လူနှစ်ယောက်ကိုတွေ့လိုက်ရသည်။
ရှန်းချူးချူးသည် ထိုသူများနှင့်နောက်ဆုံး တစ်ခေါက်တွေ့ဖြစ်ခဲ့သည်မှာ တစ်လမျှကြာသွားပြီဖြစ်ပြီး ထိုအချိန်ကထပ်ပင် အနည်းငယ် ပိန် သွားသလို ခံစားမိသည်။ သို့ရာတွင် ဆံပင်မှာ ပိုတိုသွားသလို ခပ်လန်းလန်းပုံမျိုးဖြစ်နေသည်ကိုလည်း သူမ သတိထားမိသွားသည်။ ဆံပင်တိုတာက ယောက်ျားတစ်ယောက်၏အသွင်အပြင်ကို ရုပ်ချောခြင်း မချောခြင်းဆိုတာ စမ်းသပ်နိုင်တဲ့ လက္ခဏာတစ်ခုပင် မဟုတ်ပါလား...?
ရှန်းချူးချူးသည် ရှုပ်ထွေးနေသောစိတ်နှင့်အတူ မရှင်းလင်းဖြစ်နေသောခံစားချက်ကို သည်းခံရင်း ပြုံးကာ " CEO ဟန် မတွေ့တာကြာပြီနော်" ဟု ပြောလိုက်သည်။
ဟန်ရှင်းယန်က "မစ်ရှန်းရော အကုန်အဆင်ပြေတယ်မလား ?" ဟု ပြန်ပြောလာသည်။
ကျန်းထန့်သည် ဘေးဘယ်ညာကိုကြည့်ပြီး သူ့ကိုယ်သူအပိုလူကဲ့သို့ ခံစားလိုက်ရသည်။
ရှန်းချူးချူးပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး တံခါးကိုဖွင့်ကာ ဝင်သွားသည်။ ဟန်ရှင်းယန်၏ အကြည့်များသည် ရှန်းချူးချူး၏ပုံရိပ် နံရံကြားမှ ပျောက်ကွယ်သွားချိန်အထိ ထိုနေရာမှ မခွာနိုင်သေးပေ။
ကျန်းထန့် မျက်လုံးများအနည်းငယ်ပြူးကျယ်လျက် သူ့အစ်ကိုကို အံ့ဩတကြီးကြည့်လိုက်သည်။ သူ့အစ်ကို သူ့ကို ဒီအိမ် ပေးမယ်လို့ပြောပြီးမှ စိတ်ပြောင်းသွားတဲ့ အကြောင်းအရင်းက ဒါကြောင့်လား? ဒါဆို သူအရင်က ခန့်မှန်းချက်က မှန်သားပဲ၊ ဒါပေမယ့် သူ လူ မှားခန့်မှန်းမိခဲ့တာပေါ့ ??
"အဟမ့်၊ ကော မစ်ရှန်း အထဲဝင်သွားပြီ" ဟု သူ တီးတိုးပြောလိုက်သည်။
ထိုမှသာ ဟန်ရှင်းယန်မျက်လုံးများ လှည့်လာပြီး သူ့ညီကိုကြည့်လိုက်ရင်း
"မင်းကို တစ်ရက်ပဲ အချိန်ပေးထားတာ၊ မနက်ဖြန် ပြန်ရမယ်"
ကျန်းထန့်သည် ထိုစကားကိုနားထောင်ပြီး ဝမ်းနည်းသည့်ခံစားချက် တစ်စိုးတစ်စဉ်မှ မရှိဘဲ သူ့အစ်ကိုသို့ နောက် လိုက်သွားခဲ့သည်။
"ကော မင်း ရှန်းချူးချူးကို ကြိုက်နေတာလား?"
ဟန်ရှင်းယန်သည် သူ့ကုတ်အင်္ကျီကိုချွတ်ကာ လည်စည်းကို ဖြေလျော့လိုက်ရင်း "အမ်? မင်း သူ့ကို သိတယ်လား"
ကျန်းထန့် ခေါင်းညိတ်ပြီး "သူက Cele ပဲလေ၊ ကြယ်ပွင့်မဟုတ်ဘူးလား? ကျနော်တို့ ဌာနကလုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆို သူ့ရဲ့နောက်ဆုံးရုပ်ရှင်ကြည့်ပြီး သူ့ကို အရမ်းကြိုက်သွားတာ… သူ့ကွန်ပျူတာ wallpaper ကိုတောင် ရှန်းချူးချူးပုံတင်ထားတာလေ"
ဟန်ရှင်းယန်သည် ထိုစကားကိုကြားပြီးနောက် လည်စည်းအားဖြေလျော့နေသော သူ၏လက်ကို ရပ်တန့်လိုက်ပြီး "အဲ့ဒါ ဘယ်သူလဲ ?"
"အမ် ?" ကျန်းထန့် အံ့သြသွားသည်။
ဟန်ရှင်းယန် မျက်မှောင်ကြုတ်ပြီး နောက်တစ်ကြိမ်ထပ်မေးလာခဲ့သည်။
"အဲ့ဝန်ထမ်းရဲ့နာမည်ကိုမေးတာ"
ကျန်းထန့်သည် ဟန်ရှင်းယန်အား အနည်းငယ် ထိတ်လန့်သွားသည့်ပုံစံဖြင့်ကြည့်လိုက်မိသည်။
ကျန်းထန့်သည် အစပိုင်းတွင် သူ့ခန့်မှန်းချက်များကို မယုံကြည်နိုင်သော်လည်း သန်းနှင့်ချီသောလူပေါင်းများစွာကို စီမံနေရသည့် အစ်ကိုဖြစ်သူ၏လေးနက်နေသော အသွင်အပြင်ကိုကြည့်ရင်း သူ တကယ်ကြီး မေးနေတာပဲဟု ခံစားလိုက်ရသည်။
"အမ်း.....၊ဘယ်သူလဲဆိုတာတော့ မမှတ်မိတော့ဘူး" ဟုသာ သူ ပြောလိုက်သည်။ ကျန်းထန့်သည် သူဌေးဖြစ်သူအား တစ်ခုမကျန် အစီရင်ခံနေမည့်သူမျိုးမဟုတ်ပေ။ ထို့ပြင် သူငယ်ချင်းဖြစ်သူကို သူ မည်သို့ ထိုးချနိုင်မည်နည်း ?
ဟန်ရှင်းယန် မေးရင်း လည်စည်းကိုဖြည်းဖြည်းချင်း ဖြေလျော့ကာ "ထောက်ပံ့ရေးဌာနကလား?"
ကျန်းထန့်က ရယ်ပြီး "မဟုတ်ပါဘူး၊ ကောကလည်း ကုမ္ပဏီမှာ ရွေ့ပြောင်းမိန့်ကျတာကိုစောင့်နေရတဲ့သူက ကျနော် တစ်ယောက်ထဲ ရှိတာမှမဟုတ်တာ"
"ဒါဆို PR ဌာနပေါ့"
"မဟုတ်သေးဘူလေ… ကော..... ဒီကိစ္စက ကြီးကြီးမားမားမှ မဟုတ်တာ၊ ဘာလို့ ဒါကို အလေးအနက်ကြီး လိုက်မေးနေတာလဲ.."
ဟန်ရှင်းယန် ကျန်းထန့်ကိုဘေးတိုက်ကြည့်ရင်း အလေးအနက်ထားကာ ပြောလာပြန်သည်။
"ဒီကိစ္စက ပြဿနာကြီးမဟုတ်ဘူးပေါ့ ? ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်ချိန်အတွင်းမှာ အလုပ်မလုပ်ဘဲ အမျိုးသမီး အနုပညာရှင်ရဲ့ ပုံတွေလိုက်ကြည့်နေတာ သင့်တော်တယ်လို့ မင်းထင်လား…? ဒီလိုအပြုအမူက ကုမ္ပဏီရဲ့ လုပ်ငန်းနဲ့ပုံရိပ်ကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်။ မင်း ပြောကြည့်….ဒါ အရမ်းကြီးတဲ့ပြဿနာမဟုတ်ဘူးလား ?"
"အာ.......ဒါပေါ့၊ ကောပြောတာ မှန်ပါတယ်" ဟု ကျန်းထန့်က ပြန်ပြောလိုက်သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် စိတ်ထဲတွင်တော့ 'အေးပါ မင်းက ဘောစ့်ပါ၊ မင်းပြောတာ မှန်ပါတယ်' ဟု ရေရွက်လိုက်သည်။
"အတွင်းရေးမှူးဝမ် မနက်ဖြန် ဌာနအားလုံးက ကုမ္ပဏီဝန်ထမ်းအားလုံးရဲ့ကွန်ပျူတာ နောက်ခံ BG ကို ကုမ္ပဏီရဲ့ Logo ပုံပဲ ထားရမယ်လို့အကြောင်းကြားလိုက်"
ကျန်းထန်သည် အတွင်းရေးမှူးနှင့် အလေးအနက်ဖုန်းပြောနေသည့် ဘောစ့်ကိုကြည့်ရင်း စိတ်ထဲတွင် MMP တစ်ခု ရှိနေခဲ့သည်။သို့သော် သူ ဘယ်သူ့ကို ပြောရမှန်းမသိပေ။
‘ဒီလူက ငါအစ်ကိုရော ဟုတ်ရဲ့လား….? စျေးဝယ်စင်တာမှာ နာမည်အရမ်းကြီးတဲ့ ဘောစ့် အမှန်ပဲလား…? တစ်ယောက်ယောက်က သူ့ရဲ့စိတ်ကို ပြောင်းသွားမှာကို ကြောက်နေတာလား.......”
"ကော၊မင်းနဲ့ရှန်းချူးချူးပုံစံက တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားနေကြပြီလို့ ပြောလို့ရတယ်.......ဆိုလိုချင်တာက မင်း သူ့ကို သေချာ အချိန်ပေးပြီး လိုက်သင့်တယ်?"
ကျန်းထန့်သည် အစ်ကိုဖြစ်သူ ဖုန်းပြောပြီးသည်နှင့် မအောင့်နိုင်တော့ပဲ ပြောချလိုက်လေသည်။ သူ ရေတွက်ကြည့်လိုက်တော့ အနည်းဆုံးတော့ ခြောက်လလောက် ကြာခဲ့သည်။ အကယ်လို့ သူမကို လိုက်တာ အဆင်မပြေခဲ့ရင် တော်တော် ရယ်စရာကောင်းနေမည်။
ကျန်းထန့်စကားသည် မထင်မှတ်ဘဲ ဗုံးတစ်လုံး ပေါက်ကွဲလိုက်သကဲ့သို့ ဖြစ်သွားပြီး ဟန်ရှင်းယန် ၏မျက်နှာအနေထားမှာ ပြောင်းလဲလို့သွားသည်။
"အဲ့ဒါ မင်းနဲ့ မဆိုင်ပါဘူး။"
ကျန်းထန့်သည် ထိုမျှ အထက်စီးဆန်သော စကားနှင့် အမူအရာကို ကြည့်ရင်း သူ့ခံစားချက်အား မည်သို့ ဖော်ပြရမှန်း မသိတော့ချေ။ ‘ငါ ပြောသလို မဖြစ်နိုင်ဘူးလား….? သူ ဘာလို့ မလိုက်နိုင်ရတာလဲ…?’
"ကော..... မင်း ဒီလိုမလုပ်သင့်ဘူး။ အခုခေတ် မိန်းကလေးတွေက မင်းရဲ့ ဂရုမစိုက်တဲ့အပြုအမူ ကို မကြိုက်ကြဘူး။ မင်းက အရင်ဦးဆောင်မှ ရမှာပေါ့… ရှန်းချူးချူးကို ကြည့်နေတဲ့ မင်းရဲ့အပြုအမူကို ကြည့်ရင် သိသာပါတယ်… ငါပြောတာ မဟုတ်ဘူးနော်၊ မိန်းကလေးတွေကို လိုက်ရာမှာ မင်း အရမ်း အားနည်းတယ်။" ဟု ပြောရင်း ကျန်းထန့်သည် သူ၏ စိတ်ပျက်လက်ပျက်ဖြစ်နေသော အမူအရာကို သတိမထားမိဘဲ ထုတ်ပြလိုက်သည်။
ဟန်ရှင်းယန်သည် အရှိုက်ထိသွားသလို ခံစားလိုက်ရပြီး ထရပ်လိုက်ကာ "မင်း ဒီမှာ မနေချင်ရင် အခု ထွက်သွားလို့ရတယ်" ဟု ပြောပြီး ဧည့်ခန်းက ထွက်သွားသည်။
"ဟေး၊......ကော....."
ကျန်းထန့်သည် ခံစားချက်မရှိသကဲ့သို့ ထွက်သွားသော အစ်ကိုဖြစ်သူကို ကြည့်ပြီး အနောက်မှ အကြိမ်အနည်းငယ်မျှ လှမ်းခေါ်လိုက်မိသည်။ ဟန်ရှင်းယန် အိပ်ခန်းတံခါးကို ပိတ်လိုက်မှသာ ကျန်းထန့် သူ့မေးစေ့ကို ပွတ်သပ်လိုက်ရင်း
‘ဒီတစ်ခါတော့ အတုအယောင်မဖြစ်နိုင်ဘူး...အစ်ကိုမှာ တကယ်ချစ်ရတဲ့သူ ရှိနေတာ သေချာနေပြီ....အဲ့မိန်းကလေးက ရှန်းချူးချူးလား...?"
ကျန်းထန့် ပိုစိတ်လှုပ်ရှားလာကာ ဧည့်ခန်းထဲတွင် ဟိုဘက်ဒီဘက် ခေါက်တုံခေါက်ပြန် လမ်းလျှောက်နေမိသည်။
"ငါ ဒါကို ရှောင်ယန်းကို ပြောလိုက်သင့်လား...?"
သူ စဉ်းစားနေတုန်းမှာပင် အိပ်ခန်းတံခါး ပွင့်လာပြီး
"ငါ့အမေသာ ဒီအကြောင်းကို သိသွားရင် မင်း ဒီမှာဆက်နေရမယ်မထင်နဲ့..နောက်တနေ့ နိုင်ငံခြားကုမ္ပဏီကို သွားဖို့ပြင်ထား..."
ထိုသို့ ပြောပြီး ဟန်ရှင်းယန်သည် သူ့အဝတ်အစားများကို ယူပြီး ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။
ကျန်းထန့်သည် သူ့အစ်ကို၏ စကားကြောင့် အချိန်အကြာကြီး မည်သည့်စကားမှ ထွက်မလာခဲ့ပေ။
ဖခင်ဖြစ်သူက သူ့အား ငယ်စဉ်ကတည်းက ပြည်ပဖို့ ပို့ဖို့ စီစဉ်ထားခဲ့ရာ အစ်ကိုဖြစ်သူကို အကူအညီ ဖြင့် ရှောင်လွဲခဲ့သည်။ သို့ရာတွင် ယခု သူ့အစ်ကိုကပါ ဆက်မကူညီပေးနိုင်ဘူးဆိုလျှင် သူ ပြည်ပကို တကယ်သွားရတော့မည်ဖြစ်ရာ သူ မည်သို့လုပ်ရမှန်းမသိဖြစ်နေလေသည်။
ထိုစဉ် ကျန်းထန့်သည် ရေချိုးခန်းထဲမှ ရေကျသံကို နားထောင်ရင်း ဟန်ရှင်းယန်က ရှန်းချူးချူးအား အမှန်တကယ်ကို သဘောကျသည်ဟူသော သူ၏ယူဆချက်တို့သည် ပို၍ သေချာသွားလေသည်။
"မဟုတ်ရင် သူ ငါ့ကို ဒီလိုခြိမ်းခြောက်မှာ မဟုတ်ဘူး။ သတိထားတက်ပြီး လိမ္မာပါးနပ်တဲ့ ဟန်မှာလည်း မထင်မှတ်ဘဲ သူ့ရဲ့လျှို့ဝှက်ချက်ကို သူကိုယ်တိုင် ဖော်ထုတ်မိတဲ့ အချိန်လည်း ရှိသေးတာပဲလား...? တကယ်ကို လွယ်ကူသွားတာပဲ..."
နောက်တစ်နေ့မနက်တွင် ဟန်ရှင်းယန် အစောကြီးနိုးနေပြီး ကျန်းထန့်သည်လည်း သူ့အစ်ကို ကားနှင့်လိုက်ရန် စောစောထကာ အသင့်ပြင်ထားလိုက်သည်။ သို့သော် ဟန်ရှင်းယန်သည် မည်သည့်အရိပ်အယောင်မှ မပြဘဲ ဧည့်ခန်းထဲတွင် ထိုင်ကာ အလုပ်နှင့်ပတ်သတ်သည့် အချိန်ဇယားများကို ကြည့်နေလေသည်။
"ကော ၊ အလုပ်မသွားဘူးလား...? နောက်ကျတော့မယ်။"
ဟန်ရှင်းယန်သည် ကျန်းထန့်ကို မကြည့်ဘဲ အလုပ်အစီအစဉ်များကို အေးဆေးစွာ လှန်လှောကြည့်ပြီး "ဘာတွေ အလျင်လိုနေတာလဲ...? ခဏလေး စောင့်ဦး"
ကျန်းထန့်သည် သူ့အစ်ကိုအား သံသယဖြင့် ကြည့်ကာ စိတ်ထဲတွင်ရေရွတ်လိုက်သည်။
‘မစိုးရိမ်ဘူးဆိုရင် ဘာလို့ ဒီလောက် အစောကြီးနိုးနေတာလဲ...?’ ကျန်းထန့်သည် သူ့ကိုယ်သူသာ မေးခွန်းပြန်ထုတ်လိုက်ရင်း ဖုန်းကိုသာထုတ်ပြီး သုံးနေလိုက်သည်။
ထိုစဉ် ရုတ်တရက် ဟန်ရှင်းယန် ထရပ်လိုက်ပြီး
"လာ၊ သွားကြစို့။"
"အမ်?"
ထို့နောက် သူ့အစ်ကိုသည် ဖိနပ်ကို အမြန်စီးလိုက်သည်။ ကျန်းထန့်သည် အစ်ကိုဖြစ်သူ၏ အေးတိအေးစက်နှင့် တီးတိုးပြောလိုက်သော စကားကြောင့် ဆွံအသွားရသည်။
"မင်း စောစောမသွားချင်ရင် မင်းဘာသာနောက်က လိုက်လာခဲ့" ဟုဆိုရင်း ဟန်ရှင်းယန် တံခါးကို ဖွင့်လိုက်သည်။
ထန်းကျင့်သည် ထိုစကားကို နားထောင်ရင်း ဖိနပ်ကို အမြန်ပင် စီးလိုက်သည်။ထို့နောက် ၎င်းတို့ အိမ်အပြင်ရောက်မှသာ အစ်ကိုဖြစ်သူ၏ မူမမှန်သော အကြောင်းအရင်းကို သူ ရုတ်တရက် နားလည်သွားလေသည်။
"မစ္စရှန်း နေကောင်းလား...?"
"နေကောင်းပါတယ်"
ရှန်းချူးချူးသည် ဟန်ရှင်းယန်နှင့် ရုပ်ချင်းဆင်သည့် ကောင်လေးကို ကြည့်ရင်း ပြုံးကာ ပြန်နှုတ်ဆက်လိုက်သည်။
ကျန်းထန့်သည် ရှန်းချူးချူး၏ဖော်ရွေသော အသွင်အပြင်ကို မြင်တော့ သူ့အစ်ကို၏အမူအရာကို ဂရုမစိုက်တော့ဘဲ ဖုန်းကို ထုတ်ကာ "မစ္စရှန်း၊ ကျွန်တော် မင်း ရိုက်ထားတဲ့ရုပ်ရှင်ကို ကြည့်ပြီးပြီ။ အရမ်းကြိုက်တယ်။ မင်းရဲ့ Han Group jewelry ကြော်ငြာကနေစပြီး မင်းကို ကြိုက်ခဲ့တာ။ ဒါနဲ့ မင်းနဲ့ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်လို့ရမလား" ဟု ပြောလိုက်သည်။
ရှန်းချူးချူးသည် ရုပ်ချောချောကောင်လေးတစ်ယောက်က သူ့အား လူရှေ့မှာ ချီးကျူး စကားပြောလာသည်ကို ပထမဆုံးအကြိမ် ကြားလိုက်ရသဖြင့် ဝမ်းသာမည့်ဆဲဆဲတွင်
ဟန်ရှင်းယန်ကို ကြည့်ပြီး အနည်းငယ် စိတ်ကသိကအောင့်ဖြစ်သွားရသည်။ထို့နောက် ထန့်ကျန်းကိုပြုံးပြီး
"ရပါတယ်။ မင်းရဲ့ ကမ်းလှမ်းမှုအတွက် ဝမ်းသာပါတယ်" ဟု ပြောလိုက်သည်။
ထို့နောက် နှစ်ယောက်အတူတူ selfie ရိုက်လိုက်ကြသည်။
လမ်းတစ်လျှောက်လုံး ဟန်ရှင်းယန်၏ပုံစံသည် ၎င်းတို့အား လျစ်လျူရှုထားသော အမူအရာဖြင့်သာ ရှိနေသည်။
ဓာတ်လှေကားတံခါးပွင့်လာတော့ ဟန်ရှင်းယန်က အရင်ဝင်သွားပြီး နှစ်ယောက်သား အပြင်မှာ တတွက်တွက် စကား ပြောနေကြသော ၎င်းတို့အား ကြည့်ရင် "မဝင်ကြဘူးလား" ဟု ပြောလိုက်သည်။
ကျန်းထန့်သည် အစ်ကိုဖြစ်သူ၏အသံအနေအထားကို နားထောင်ရင်း စိတ်ထဲ အနည်းငယ် တုန်လှုပ်သွားသော်လည်း ထိုကြားထဲမှ ရှန်းချူးချူးနှင့် ဆက်ပြောနေဆဲပင်။
"ချူးချူး ၊ မင်း အရင်ဝင်ပါ"
ရှန်းချူးချူး ဟန်ရှင်းယန်၏အမူအရာကို သေချာအကဲခတ်ပြီး အနည်းငယ်တော့ ကြောင်သွားမိသည်။ သူမ ဘော့စ်ဆီကို ဘယ်လိုရောက်သွားမှန်း မသိတော့ပေ။ အစကတည်းက ဖိအားတွေ အရမ်းများနေခဲ့သည်။
၎င်းတို့ ဓာတ်လှေကားထဲကို ဝင်ပြီးနောက် ကျန်းထန့်က ရှန်းချူးချူးအား လက်မှတ်ထိုးပေးရန် နှင့် သူမ WeChat အား follow ရန် WeChat အကောင့်ကို တောင်းလိုက်သည်။
ရှန်းချူးချူးသည် အစပိုင်းတွင် တုံ့ဆိုင်းနေခဲ့သော်လည်း ကျန်းထန့်၏မျက်လုံးများက ဘေးမှာရပ်နေ သည့် ဟန်ရှင်းယန်ထံ လှည့်သွားပြီး လက်ညှိုးထိုးကာ "မစ်ရှန်း၊ ကျွန်တော်က သူ့ရဲ့ ညီပါ။ မကောင်းတဲ့သူ မဟုတ်ပါဘူး၊ စိတ်ချပါ။" ဟု ပြောလိုက်သည်။
ရှန်းချူးချူးသည် ထိုအမျိုးသားနှစ်ယောက်မှာ အမျိုးတော်လောက်မှန်း အစကတည်းက ခန်းမှန်းပြီးသားဖြစ်သည်။ သူမက ပြုံးပြီး "ဟန်ရဲ့ ညီမှန်း မသိခဲ့ဘူး" ဟု ပြောလိုက်သည်။
နောက်ဆုံးတော့ ကျန်းထန့်သည် ရှန်းချူးချူး၏ WeChat အကောင့်ကို အောင်အောင်မြင်မြင် ဖြင့် ရရှိသွားခဲ့သည်။
ကားပေါ်ရောက်တော့ ကျန်းထန့်သည် ဟန်ရှင်းယန်၏ မည်းမှောင်နေသောမျက်နှာအား ပိုဆိုးလာစေမည့် စကားတစ်ခွန်းကို ပြောလိုက်သည်။
"ကော၊ မင်း မြင်လား..?မိန်းကလေးကို လိုက်တယ်ဆိုတာ ခုနက ငါလုပ်သလို လုပ်ရတယ်...အခုဆို ဓာတ်ပုံလည်း ရိုက်ပြီးပြီ၊ WeChat အကောင့်လည်း ရသွားပြီ။"
"မင်း ဒီနေ့..." ထောက်ပံ့ရေးဌာနကို သွားပြီး report တင်!..
ဟန်ရှင်းယန် စကားငါးခွန်းပင် မပြောရသေးခင်မှာပဲ ကျန်းထန့်က အမြန်ဖြတ်ပြောလိုက်သည်။
"ဒါပေမယ့် သူ မင်းအပေါ်မှာ ဘာခံစားချက်မှမရှိဘူးလို့ ငါမထင်ဘူး...သူက မင်းမျက်နှာကို ကြည့်ပြီး ငါ့ကို WeChat အကောင့် ပေးသွားတာ။ ငါ့ကို မင်းရဲ့အစ်ကိုလို့မပြောရင် သူ ပေးမှာမဟုတ်ဘူး"
ကျန်းထန့်သည် ထောက်ပံ့ရေးဌာနကို သွားပြီး Report တင်ချင်တာ မဟုတ်ပဲ ပြည်သူဆက်ဆံရေးဌာနဆို ဘယ်လောက်ကောင်းလိုက်မလဲဟု တွေးနေမိသည်။
သေချာသည်မှာ ဟန်ရှင်းယန်၏ မျက်နှာအနေအထား အများကြီး ပြုံးလာတာကို တွေ့လိုက်ရလေသည်။