← Chapters

အခန်း (၅၂)

Vol. 6 Ch. 52

အခန်း (၅၂)

Vol. 6 Ch. 52

ဟန်ရှင်းယန်သည် သူ့စားပွဲနားတွင် ရပ်နေသည့်ကျန်းထန့်အားကြည့်ပြီး ဒေါသထွက်လွန်းသဖြင့် ဘာပြောရမှန်းမသိလောက်အောင်ဖြစ်နေခဲ့သည်။

“ကော၊ ဒီတစ်ခေါက် ကျွန်တော် မှားသွားမှန်းသိပါတယ်။ ကောမှာ ခွင့်လွှတ်ပေးနိုင်တဲ့စိတ်ထားရှိတော့ ဒီတစ်ခါတော့ခွင့်လွှတ်ပေးပါ။ နောက်တစ်ခါ ဘယ်တော့မှ ကိုယ့်သဘောနဲ့ကိုယ် မလုပ်တော့ပါဘူး”

ကျန်းထန့်သည် အသနားခံကာစတင်ပြောဆိုသည်။ ဟန်ရှင်းယန်၏ မျက်လုံးများသည် ကျန်းထန့်အားစူးရှစွာစိုက်ကြည့်ရင်း

 "နောက်တစ်ခါ ?"

ဟန်ရှင်းယန်၏စူးရှသောမျက်လုံးများကို ကြည့်ပြီး  ကျန်းထန့်သည် ကြောက်ရွံတုန်လှုပ်သွားသည်။

"နောက်တစ်ခါတော့ ထပ်ရှိတော့မှာမဟုတ်ဘူး။ ဒီတစ်ခါ မင်းကို ကူညီဖို့ ငါ မကြိုးစားတော့ဘူး။ မင်းက လူတွေကို လိုက်ဖမ်းရမယ်လို့ ပြောတော့ ရလဒ်က မလုပ်နိုင်ခဲ့ဘူး။ ရှောင်ရွှမ်းက မင်း အမျိုးသမီးအနုပညာရှင်တစ်ယောက်ကိုကြိုက်နေတယ်လို့ပြောတော့ ကျွန်တော်က ချင်ယင်ရန်လို့ထင်ခဲ့တာ။ သူ ဘယ်မှာရှိလဲ ကျွန်တော်သိတာပေါ့"

ဟန်ကျန် မျက်လုံးကိုမှိတ်ပြီး "မနက်ဖြန်ကစပြီး ထောက် ပံ့‌ရေးဌာနကိုသတင်းသွားပို့"

"ကော"

"နောက်ကျ ကုမ္ပဏီမှာ CEO ဟန်လို့ပဲခေါ်"

"CEO ဟန်၊ ကျွန်တော်..."

"သန့်ရှင်းရေး သွားလုပ်ချင်လား ?"

"ကျွန်တော်... ကျွန်တော် ကျေနပ်ပါတယ်!"  

ကျန်းထန့် အချိန်အတော်ကြာအောင် တွေဝေနေပြီး နောက်ဆုံး ထိုစကားကိုသာပြောထွက်နိုင်ခဲ့သည်။

"ကောင်းပြီ၊ အဆင်ပြေရင် ဒီနေ့နေ့လည်မှာသတင်းသွားပို့လိုက်၊ အခု ငါ အလုပ်များနေလို့ထွက်သွားပေးပါလား ?"

ကျန်းထန့်သည် ဟန်ရှင်းယန် သူ့အားဂရုမစိုက်တော့ကြောင်းသိလိုက်ရသည်။ အကောင်းမြင်တက်သော အတွေးအခေါ်များရှိသည့် ဝမ်းကွဲသည် သူ့စိတ်အား ပြောင်းလဲမည်မဟုတ်ကြောင်း သိသဖြင့် ရုံးခန်းမှခြေတစ်လှမ်းချင်းထွက်ခွာသွားသည်။

ပြည်သူ့ဆက်ဆံရေးဌာနသို့ပြန်ရောက်သောအခါ ပစ္စည်းများကိုစတင်ထုပ်ပိုးနေစဉ် ဌာနမှလုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးဖြစ်သည့် ယင်ရှင်းမန်က ချိုသာသော အပြုံးဖြင့် ရောက်လာပြီး

"ကျန်းထန့် ၊ နင် တော်တယ် ကိစ္စတွေဖြေရှင်းနိုင်ခဲ့တယ်။ တကယ်လို့ နင်သာ မဖြေရှင်းနိုင်ရင် ငါတို့ဌာနတစ်ခုလုံး အရှက်ရလိမ့်မယ်"

ကျန်းထန့်သည် ယင်ရှင်းမန်အ‌ပေါ်အထင်မြင်ကောင်းရှိသည်။ သူမ၏စကားကိုနားထောင်ပြီး ပခုံးတွန့်ကာ 

"ဒီကိစ္စကို ဘယ်သူဖော်ကောင်လုပ်လိုက်တာလဲ ကျွန် တော် မပြောချင်ဘူး"

ဒီကိစ္စသည် ကျန်းထန့်၏အလုပ်ဖြစ်သည်။ လွန်ခဲ့တဲ့ညကကိစ္စပေါ်လာချိန် သူ အရမ်းစိတ်လှုပ်ရှားသွားသည်။ အဖွဲ့လိုက် hot search ကို အမြန်ရုပ်သိမ်းရည်ကို သိလိုက်ရသဖြင့် ချက်ချင်းရပ်လိုက်သည်။ ထို့ပြင် သူတို CEO ဟန်ရှင်းယန်သည် ချင်ရင်ရန်ကိုလိုက်နေကြောင်း လူတိုင်းအားအရိပ်အမြွက်ပြောခဲ့သည်။ ဥက္ကဋ္ဌရဲ့ဝမ်းကွဲမှ ထိုသို့ပြောလာသဖြင့် မည်သူမှအလေးအနက်မထားခဲ့ကြချေ။ နံနက်ခင်းအစည်းအဝေးခန်းထဲ CEO ဟန်၏ ဒေါသအသံကိုကြားလိုက်ရသဖြင့် အားလုံးကြောင်သွားကြသည်။

ပြည်သူ့ဆက်ဆံရေးဌာနမှမန်နေဂျာသည် သူ့အမှားကိုဝန်ခံဖို့ရှေ့ကိုတက်လာခဲ့သည်။ သို့သော် ကျန်းထန့်က  သူ့အမှားလို့ပြောကာ မတ်တပ်ထရပ်လိုက်သည်။

ထို့ကြောင့် ကျန်းထန့်ရဲ့ရှင်းပြချက်ကိုနားထောင်အပြီး မှာ ဟန်ရှင်းယန်က ပိုလို့ပင်ဒေါသထွက်သွားသည်။

ယင်ရှင်းမန်က ပစ္စည်းတွေထုပ်နေတဲ့ ကျန်းထန့်ကိုကြည့်ကာ "ဘာလုပ်နေတာလဲ၊ ဘာလို့ ပစ္စည်းတွေထုပ်နေတာလဲ" 

ကျန်းထန့်က ကူကယ်မဲ့စွာနဲ့ "ကျွန်တော် ဘာလုပ်နိုင်မှာလဲ၊ ပြောင်းရွှေ့ခံရတာပေါ့" 

"ပြောင်းရွှေ့ခံရတာ ? ဘယ်ဌာနကိုပြောင်းရွှေ့ခံရတာလဲ" ဟု ယင်ရှင်းမန် အံ့ဩတကြီးမေးလိုက်သည်။

"ဟိုဟိုဒီဒီလုပ်ဖို့၊ ထောက်ပံ့ရေးဌာနတဲ့"

"အာ ? CEO ဟန်က နင့်ကို ထွေရာလေးတွေလုပ်ခိုင်းဖို့ စိတ်ကူးထားတာလား ? နင် ငါ့ကို နောက်နေတာလား ? ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? နင်က CEO ဟန်ရဲ့ ဝမ်းကွဲမဟုတ်ဘူးလား ? CEO ဟန်က ဒီလိုလုပ်ဖို့ ဆန္ဒရှိမှာမဟုတ်ပါဘူး"

ကျန်းထန့် သက်ပြင်းတစ်ချက်ချလိုက်ပြီး "အိုး၊ အသုံးမဝင်ဘူး၊ CEO ဟန်က အမြဲတမ်း CEO ဟန်ပဲ၊ ငါက ငါပဲ။ ထောက်ပံ့ရေးဌာနကိုပြောင်းရွှေ့ရတာ ကောင်းပါသေးတယ်။ သူ စိတ်မကြည်ရင် အလုပ်ဖြုတ်ခံရနိုင်တယ်" 

 "ဘယ်လိုဖြစ်နိုင်မှာလဲ" 

ကျန်းထန့် သူ့ပစ္စည်းတွေကိုထုပ်ပိုးပြီး "ဘယ်လိုလုပ်      မဖြစ်နိုင်ရမှာလဲ ? နင် မသိပါဘူး၊ ငါတို့က ငယ်ငယ် လေးတည်းကမတည့်ကြတာ၊ Goodbye အလှလေး" 

တံခါးကနေအပြင်ထွက်လာတော့ အတွင်းရေးမှူးဝမ်ကို တွေ့လိုက်ရသည်။ ကျန်းထန့် သူ့အား တစ်ချက်ကြည့်ပြီး

 "ငါ့ကောက ကြီးကြပ်ဖို့တစ်ယောက်ယောက် လွှတ်လိုက်တယ်ဆိုတော့၊ ငါ့ကို သိပ်မယုံဘူးထင်တယ်" 

အတွင်းရေးမှူးဝမ်က ရိုရိုသေသေနဲ့ "မင်း အထင်လွဲတာ၊ ကျွန်တော် ဒီနားကိုဖြတ်သွားရုံပါ။ ပြီးတော့ ခုနကပြောလိုက်တာကိုသာ Boss ကြားသွားရင် အရမ်းစိတ်မကောင်းဖြစ်သွားလိမ့်မယ်" 

ကျန်းထန့်၏ပြန်လည်ချေပမှုကိုမစောင့်ဘဲ အတွင်းရေး မှူးဝမ်က 

"ငါ့ အတွေ့အကြုံအရဆိုရင် Boss သာ တကယ်ဝမ်း နည်းသွားရင် မင်း တစ်သက်လုံး ထောက်ပံ့ရေးဌာနမှာ ဟိုဟိုဒီဒီလုပ်နေရတာဖြစ်နိုင်တယ်။ မင်း အလုပ်များနေတာပဲ၊ သွားလိုက်ဦးမယ်" 

ကျန်းထန် အတွင်းရေးမှူးဝမ်အား မြေပြင်ပေါ်တွန်းလဲပစ်လိုက်သည်။ ဘယ်လိုလူမျိုးက ဘယ်လိုလုပ်အတွင်း ရေးမှူးဖုစ်နေတာလဲ ? တကယ်မနှစ်မြို့စရာပဲ။

တစ်နာရီအတွင်းမှာပင် ဟန်ကျန်အကြောင်း hot search မှဖယ်ရှားပစ်လိုက်သည်။ Han Group ၏ တရားဝင် Weibo ထက် မည်သည့်သတင်းအချက်အလက်မှထုတ်ပြန်ခဲ့ခြင်းမရှိချေ။ ထိုကိစ္စသည် ဘာမှမဖြစ်ခဲ့သလိုမျိုး ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။

အဆိုပါကိစ္စကို အာရုံစိုက်နေခဲ့သည့် လူတချို့ကသာ ဒီပြဿနာကိုပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြသည်။ ဦးနှောက်မြန်မြန်လှည့်ပတ်ပြီးနောက် ဘယ်လိုဖြစ်သွားလဲဆိုတာကိုသိလိုက်ကြသည်။ ဒါဟာ အမျိုးသမီးအနုပညာရှင်တစ်ယောက်ရဲ့ နုံအနဲ့တဲ့လှည့်ကွက်တစ်ခုသာဖြစ်ပြီး လူတစ်ယောက်ကဖော်ထုတ်လိုက်တာဟု မြင်ကြသည်။ ထို့ကြောင့် hot search ကို ရုတ်သိမ်းလိုက်ခြင်းပင်။ ဦးနှောက်မရှိသူတချို့သည် ၎င်းတို့အနုပညာရှင်၏ hot search ကိုဖျက်ချပေးရန် platform ၌ဝိုင်းဝန်းတိုက်ခိုက်ပြီး မသမာမှုရှိသည်ဟုအခိုင်အမာပြောဆိုခဲ့ကြသည်။

အချုပ်ဆိုရသော် မည်သူမှထွက်လာပြီး တုံ့ပြန်ခြင်းမရှိပေ။ ထို့ပြင် ပရိသတ်များမှ ထိုအကြောင်းအရာကိုဆက်ပြီးပြောဆိုခြင်းမရှိတော့သလို ဒီလူနှစ်ယောက်အ ကြောင်း သတင်းအချက်အလက်တွေလည်းပျောက်ကွယ်သွားသည်။

ရှန်းချူးချူးသည် Weibo မှသတင်းတွေမဖတ်ဖြစ်‌ ချေ။ ပြဿနာ၏အရင်းအမြစ်သည် Weibo ဖြစ်နေသည့် အတွက် သူမက Weibo ကိုအကြိမ်အနည်းငယ်လောက်သာကြည့်တော့သည်။

ထိုညမှာပဲ ဟန်ရှင်းယန်သည် လီယွမ်တိုက်ခန်းသို့ပြန်ရမည်ဖြစ်သော်လည်း ပါးပါးဟန်ဆီမှ ဖုန်းခေါ်ဆိုမှုကြောင့် မိဘအိမ်ကိုသာပြန်လိုက်ရသည်။

ဒီရက်ပိုင်း ရှန်းချူးချူးသည် "The World" အတွက်ကြော်ငြာရန်ပြင်ဆင်နေခဲ့သည်။

Movie World : The World စတင်တဲ့ချိန်ကစပြီး နောက် ဆုံးထုတ်လုပ်မှုအထိ သုံးနှစ်တာကြာခဲ့တဲ့နောက်မှာတော့ "The World" က နောက်ဆုံးမှာ သင်တို့နဲ့တွေ့ဆုံတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ၊ မင်းတို့ကရော အဆင်သင့်ဖြစ်နေကြပြီလား ??

အဓိကသရုပ်ဆောင်များသည် ထို Weibo ပို့စ်ကိုပြန်လည်ဝေမျှပေးခဲ့ကြပြီး ရှန်းချူးချူလည်း ပြန်လည်ဝေမျှပေးခဲ့သည်။ သူ(မ)သည် သူမ၏ပရိတ်သတ်များကို ယခင်ကတည်းကအာရုံစိုက်ထားသည့်အတွက်  Weibo ပိုစ့်ကို တိုက်ရိုက်ပြန်မျှဝေပေးခဲ့သည်။ ထို့နောက် Fan ဆီမှ message တစ်စောင်လက်ခံရရှိခဲ့ဟည်။ သူသည် အခြားကြယ်ပွင့်များနှင့်အတော်လေးကွာခြားပြီး ကောလဟာလများဖြင့် မရိုက်ချနိုင်သည့် ကြယ်တစ်ပွင့်ဟုခံစားလိုက်ကြရသည်။ သူ့ရဲ့ပရိသတ်အများစုသည် ထို ပိုစ့်အောက်၌ကျေနပ်နေခဲ့ကြသည်။

"ရုတ်တရက် ကိုယ့်ကိုကိုယ် အရမ်းထူးခြားတယ်လို့ ခံစားလိုက်ရတယ်။ ငါက ဒီလိုကြယ်ပွင့်ကိုကြိုက်နေရတာပါလားလို့ !! လုပ်ထားတာ အရမ်းကောင်းတယ်၊ မေ့မေ့ကို အားပေးနေတယ်နော်!"

"ငါကတော့ ကျဲရဲ့ မျက်နှာကိုအရမ်းကြိုက်ပဲ"

......

မည်သို့ပင်ဆိုစေကာမူ Hot နေသည်သည့် အဓိကသရုပ် ဆောင်နေရာအား တစ်စုံတစ်ယောက်ကသိမ်းပိုက်သွားပါလိမ့်မည်။ နဂိုသရုပ်ဆောင်သည် မူလကအမျိုးသမီးနံပါတ် ၂ ဖြစ်ခဲ့သော်လည်း ယခု အမျိုးသမီးနံပါတ် ၃ နဲ့ အမျိုးသမီးနံပါတ် ၄  ချန်းဟောင်အထိဖြတ်ချခံလိုက်ရသည်။ Guan Bo Site တွင် သရုပ်ဆောင်ရာ၌ရှန်းချူးချူးကဲ့သို့သေးငယ်သည့်ဇာတ်ပို့အခန်းကဏ္ဍသည်ပင် Site ၌ဖော်ပြထားခြင်းခဲ့ရဟော်လည်း ချန်ဟောင်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ယခုလိုသတင်းမျိုးထွက်လာပြီးနောက် ဝန်ထမ်းများ သူမကိုအ‌ပေါ်ဘယ်လောက်အထိ တုံ့ပြန်ခဲ့သည်ကိုသိနိုင်သည်။

"Baidu က သရုပ်ဆောင်စာရင်းကိုကြည့်လိုက်တာ ချန်ဟောင်ပါနေတာလား ? ဘာလို့ သူ့ကို ထည့်ထားတာလဲ ? ငါ မကြည့်ချင်ဘူး!! 

"ဒါရိုက်တာရေ ချန်ဟောင်ရဲ့ဇာတ်ကွက်တွေ ဖြတ်တောက်ပေးဖို့ အပြင်းအထန်တောင်းဆိုပါတယ်!"

"အပေါ်ထပ်က မကြည့်ချင် မကြည့်နဲ့လေ။ ဘာပဲဖြစ်ဖြစ် ငါ့ကတော့ မနက်ခင်း အစ်ကို ရှိနေသရွေ့ ငါ သွားမှာပါ။ ချန်ဂေကို အားပေးပါတယ်! 

......

ခဏကြာအောင်ကြည့်ပြီးနောက် လူတိုင်း ချန်ဟောင်အရင်ကဘာတွေလုပ်ခဲ့လဲဆိုတာကို မမေ့ကြသေးချေ။ ရှန်းချူးချူးသည် ချိုးဖောက်ကြသည့်အရာတချို့တွေကို တကယ်မလုပ်သင့်ဟု နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရသည်။ လုပ်လိုက်ရင် တစ်သက်လုံးမှတ်မိသွားနိုင်တယ်။

မကြာခင်မှာ ရှန်းချူးချူးသည် လှုပ်ရှားမှုထဲပါဝင်ရတော့မည်ဖြစ်သည်။

ကြော်ငြာနေရာမှာ ရှန်းချူးချူးသည် ဟဲချန်ကိုတွေ့လိုက်ရသည်။ ဟဲချန်က ငါးကြိမ်မြောက်နဲ့ခြောက်ကြိမ်မြောက်  Station တွင်ကြော်ငြာပြီးဖြစ်သည်။ သူသည် "The World" ၏ဇာတ်လိုက်ဖြစ်သည့်အပြင် "Spring and Warm" ၏ဇာတ်လိုက်လည်းဖြစ်သည်။ ထို့ကြောင့် သူ့ထက် ပိုပင်ပန်းသူမရှိပေ။ ကံကောင်း‌ထောက်မစွာနှင့်  းကြော်ငြာမှုနည်းသွားသည့်အတွက် သူ ရှိုးအသစ်အား အေးအေးဆေးဆေးရိုက်ကူးနိုင်ပြီဖြစ်သည်။

"မနက်ခင်းကြီးတောင် အစ်ကိုကအရမ်းကြိုးစားနေတာပဲ" ဟု ရှန်းချူးချူသည် ဟဲချန် ပင်ပန်းနေသော်လည်း အလေးအနက်ထား ကြော်ငြာနေသဖြင့်ပြောလိုက်ခြင်းပင်။

ဟဲချန် ကူကယ်မဲ့စွာပြုံးပြီး "ဒါ ဘာမှမဟုတ်ပါဘူး၊ ပရိသတ်တွေကို ကျေနပ်အောင်လုပ်နိုင်သရွေ့ box office ပိုရနိုင်တယ်" 

"ဒါပေါ့၊ သေချာပေါက်ပဲ၊ ချန်‌ကော အဲ့ထဲမှာသေချာအားစိုက်ထားတာကို" 

ကောင်းမွန်သည့်သရုပ်ဆောင်မှုအကြောင်းပြောတော့ ဟဲချန်က ရှန်းချူးချူးအားကြည့်ကာ "မင်းလည်း သရုပ် ဆောင်တာ အရမ်း‌ကောင်းပါတယ်"

ရှန်းချူးချူးက ဟဲချန် သူ့ကို ချီးကျူးနေတယ်လို့ထင်ပြီး နှိမ့်ချစွာ "ကျွန်မက ဘယ်လိုလုပ် ချန်ကောနဲ့ယှဉ်နိုင်မှာလဲ၊ ကျွန်မ သရုပ်ဆောင်ထားတဲ့နေရာက ဇာတ်ပို့အခန်း‌ သေးသေးလေးပါ၊ ပြောရတဲ့စကားက အားလုံးပေါင်းမှ တစ်ကြောင်းလားပဲ" 

ဟဲချန်က ရှန်းချူးချူးကိုနက်နက်ရှိုင်းရှိုင်းကြည့်ပြီး "မင်း ရုပ်ရှင်ကိုမကြည့်ရသေးဘူးထင်တယ်။ ကြည့်ပြီးရင် သိလိမ့်မယ်။ မင်းရဲ့ အခန်းတွေတိုးလာတယ်။ ထပ်ကြိုးစား"

ရှန်းချူးချူး အံ့သြသွားပြီး "အာ ? အိုး" 

ရှန်းချူးချူး အံ့သြနေတုန်းမှာ ရုတ်တရက် ဟဲချန်က "ချူးချူး၊ မင်း စာရေးဆရာကျန်းယန်နဲ့ အရမ်းရင်းနှီးလား ?" လို့ မေးလိုက်တာကိုကြားလိုက်ရသည်။

ဒီစကားကိုကြားလိုက်ရသဖြင့် ရှန်းချူးချူး ချက်ချင်း ဆိုသလိုကြက်သီးးထသွားရပြီး အလေးအနက်ထားကာ "အင်း၊ ဘာဖြစ်လို့လဲ၊ ချန်ကော သူ့ကိုရှာနေတာလား" 

ဟဲချန်က နည်းနည်းတွေဝေသွားပြီး သက်ပြင်းချကာ "ထားလိုက်ပါတော့၊ ဘာမှမဟုတ်တော့ဘူး။ ဒါရိုက်တာက ငါတို့ကိုခေါ်နေတယ်၊ မြန်မြန်သွားကြရအောင်" 

ရှန်းချူးချူး ဟဲချန်ကို အံ့သြတဲ့အကြည့်နဲ့ကြည့်ပြီး

 "အိုး၊ ဟုတ်" 

ခဏအကြာ ရုပ်ရှင်စပြတော့ ရှန်းချူးချူသည် သူ့ရဲ့ မြင်ကွင်းကိုကြည့်ပြီး မျက်လုံးတွေပြူးသွားရသည်။ နောက်ပိုင်းမှာပြန်ရိုက်ထားတဲ့ သူ့ရဲ့ ဇာတ်ဝင်ခန်းတစ်ခုလုံးကိုထည့်သွင်းထားခြင်းပင်။ အဲ့လူနဲ့ အပြန်လမ်းမှာဆုံတဲ့အချိန်တုန်းက ဒီအခန်းတစ်ခုပဲရွေးစရာရှိတယ်ဆိုတာကိုနားလည်ခဲ့သည်။ ဇာတ်ညွှန်းမှာ ထည့်မရေးထားတဲ့အတွက် ဖျက်ပစ်ခံရမှာသေချာသလောက်ပင်။ နောက် ဆုံး အဲ့အခန်းတစ်ခုလုံးအထည့်ခံရလိမ့်မည်ဟုမထင် မှတ်ထားခဲ့ချေ။

သူမက ဒီလိုပြောလိုက်တော့ သူမရဲ့ဇာတ်ကောင်က ရုတ်တရက်ရှင်းလင်းသွားလိမ့်မည်။ မူလက လမ်းဘေး  ကလူနဲ့ဆင်တူတဲ့ အခန်းကဏ္ဍကနေ နည်းနည်းပိုအရေး ကြီးလာခဲ့သည်။

ကြည့်ပြီးနောက် ရှန်းချူးချူးသည် ချန်ယု၏အခန်းတွေအများကြီးဖြတ်တောက်ခံထားရပြီး တခြားသူများရဲ့ အခန်းတွေကို အနည်းနဲ့အများတိုးမြှင့်ထားသည်ကိုနားလည်လိုက်သည်။

အရင် မူရင်းကိုမဖတ်ထားဖူးတဲ့အတွက် အစပိုင်းမှာ ဇာတ်ညွှန်းဘယ်လိုရှိလဲ မသိတဲ့အတွက် ရှန်းချူးချူးသည် မူရင်းထက် ဘယ်ဟာကပိုကောင်းလဲဆိုတာကို မပြောနိုင်ပေ။ ဒါပေမယ့် သူမ ဖတ်ပြီးခံစားရတာကို ပြောရရင် ဒီရုပ်ရှင်ရဲ့အရည်အသွေးကိုအဆင်ပြေတယ်လို့ ခံစားရသည်။ အထူးသဖြင့် မနက်ခင်းဆိုတော့ Box Office ကသေချာ‌သလောက်ပင်။ ချန်ကောသည် ရုပ်ရှင်ထဲကထက် အပြင်မှာပိုဆွဲဆောင်မှုရှိ‌သည်။

ရှန်းချူးချူး ရုပ်ရှင်ကြည့်နေစဉ် မိုင်ထောင်ချီဝေးသည့်အင်ပါယာမြို့တော်၌ လအနည်းငယ်လောက်အလုပ်ရှုပ်နေခဲ့သည့် လူတစ်ယောက်သည် ရှစ်နာရီမတိုင်ခင် အိမ်ကိုအလျင်အမြန်ပြန်လာပြီး သူမ အိမ်ရှေ့မှာရပ်နေခဲ့သည်ကို သူမ မသိခဲ့ချေ။ 

All Chapters