အခန်း (၅၃)
Vol. 6 Ch. 53
အမှန်မှာ ထိုနေ့ရက်များသည် ချင်ရင်ရန် ၏ပုံတိုပတ်စထွက်ပေါ်လာသည့်နေ့ရက်များပင်။ ဟန်ရှင်းယန်သည် ညတိုင်းပြန်လာ ပြီးနောက် ရှန်းချူးချူး၏အိမ်တံခါးဝတွင်ရပ်ကာတစ်ချက်ကြည့်လိုက်သည်။ လက်ပတ်နာရီကိုကြည့်လိုက်ချိန်မှာ မနက်ခင်းအစောပိုင်း သို့မဟုတ် နှစ်နာရီလောက်ဖြစ်နေသဖြင့် ပြန်လှည့်ထွက်လာခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် သူ တံခါးခေါက်ကာတုံ့ဆိုင်းသွားခဲ့သည်။ ပြောစရာတွေအများကြီးရှိပုံရသော်ငြား ပြောစရာမရှိဘူး ဟုခံစားနေသေည်။
ရက်အတော်ကြာ အရှုပ်အထွေးများတွေ့ကြုံလာပြီးနောက် ကုမ္ပဏီ၏ရှုပ်ထွေးပွေလီသောအလုပ်များသည် နောက်ဆုံးပြီးဆုံးသွားခဲ့ သည်။ ထို့နောက် တံခါးခေါက်ရန်သတ္တိရှိလာခဲ့သည်။ ရလဒ်မှာမူ မည်သည့်တုံ့ပြန်မှုမှမရခြင်းပင်။
အချိန်အတော်ကြာအောင်ခေါက်ပြီးနောက်ထိ တံခါးဖွင့်မည့်အသံမကြားရသဖြင့် ဟန်ရှင်းယန်မျက်မှောင်ကြုတ်ပြီးစိတ်မရွှင်မပျဖြင့် ခဏလောက်စဉ်းစားပြီးလှည့်ထွက်သွားခဲ့ပြန်သည်။
ဟန်ရှင်းရန် သူ့အိမ်ပြန်ရောက်ပြီးနောက် ဖိနပ်လဲလိုက်ပြီး ကုတ်အင်္ကျီချွတ်ကာ လည်စည်းဖြည့်လိုက်ပြီးနောက် အင်္ကျီထိပ်ဆုံးကျယ်သီးကိုဖြုတ်လိုက်သည်။ ခန္ဓာကိုယ်တခုလုံးဆိုဖာပေါ် မှီကာ သူဘာတွေးနေမှန်းမသိချေ။
ဖုန်းထုတ်ပြီး အချိန်အတော်ကြာအောင် Contacts ထဲမှ လူတစ်ဦး၏ နာမည်ကိုရှာပြီးနောက် နာမည်ဘေးရှိစာအိတ်ပုံသဏ္ဌာန်လေးကိုနှိပ်ကာ စာတိုတစ်စောင်ပေးပို့ခဲ့သည်။
ဟန်ရှင်းယန် : မစ်ရှန်း ကျွန်တော် မင်းကိုနောက်ဆုံးတစ်ကြိမ်က ပြန်ပေးဖို့မေ့သွားတယ်။ ဘယ်တော့ပြန်ရောက်မလဲမသိဘူး ??
ရှန်းချူးချူး ရုပ်ရှင်ကြည့်ပြီးနောက် ဟန်ရှင်းယန်ထံမှ Message ကိုတွေ့လိုက်ရသည်။ ရင်းနှီးကျွမ်းဝင်နေသောနာမည်ကိုကြည့်ပြီး ရှန်းချူးချူးထံ လှုံ့ဆော်မှုအခိုက်တန့်တစ်ခုဖြစ်ပေါ်သွားရသည်။ သို့သော် Message အကြောင်းအရာကိုမြင်ပြီးနောက် ချက်ချင်းဆိုသလိုပဲငြိမ်သက်သွားသည်။
ရှန်းချူးချူး : ပြန်ပေးစရာမလိုပါဘူး။ကျွန်မ အပြင်ရောက်နေတာ ပြန်ရောက်ဖို့တစ်လနှစ်လလောက်ကြာလိမ့်မယ်။
ထိုစာကိုမြင်ပြီးနောက် ဟန်ရှင်းယန်၏နှလုံးသားသည်ပြုတ်ကျသွားရသည်။ သူ တုံ့ဆိုင်နေပြီး အခြားသောစာတိုတစ်စောင်ထပ်ပို့လိုက်သည်။ဟန်ရှင်းရန် သူ့အိမ်ပြန်ရောက်ပြီးနောက် ဖိနပ်လဲလိုက်ပြီး ကုတ်အင်္ကျီချွတ်ကာ လည်စည်းဖြည့်လိုက်ပြီးနောက် အင်္ကျီထိပ်ဆုံးကျယ်သီးကိုဖြုတ်လိုက်သည်။ ခန္ဓာကိုယ်တခုလုံးဆိုဖာပေါ် မှီကာ သူဘာတွေးနေမှန်းမသိချေ။
ဖုန်းထုတ်ပြီး အချိန်အတော်ကြာအောင် Contacts ထဲမှ လူတစ်ဦး၏ နာမည်ကိုရှာပြီးနောက် နာမည်ဘေးရှိစာအိတ်ပုံသဏ္ဌာန်လေးကိုနှိပ်ကာ စာတိုတစ်စောင်ပေးပို့ခဲ့သည်။
ဟန်ရှင်းယန် : မစ်ရှန်း ကျွန်တော် မင်းကိုနောက်ဆုံးတစ်ကြိမ်က ပြန်ပေးဖို့မေ့သွားတယ်။ ဘယ်တော့ပြန်ရောက်မလဲမသိဘူး ??
ရှန်းချူးချူး ရုပ်ရှင်ကြည့်ပြီးနောက် ဟန်ရှင်းယန်ထံမှ Message ကိုတွေ့လိုက်ရသည်။ ရင်းနှီးကျွမ်းဝင်နေသောနာမည်ကိုကြည့်ပြီး ရှန်းချူးချူးထံလှုံ့ဆော်မှုအခိုက်တန့်တစ်ခုဖြစ်ပေါ်သွားရသည်။ သို့သော် Message အကြောင်းအရာကိုမြင်ပြီးနောက် ချက်ချင်းဆို သလိုငြိမ်သက်သွားသည်။
ရှန်းချူးချူး : ပြန်ပေးစရာမလိုပါဘူး။ကျွန်မ အပြင်ရောက်နေတာ ပြန်ရောက်ဖို့တစ်လနှစ်လလောက်ကြာလိမ့်မယ်။
ထိုစာကိုမြင်ပြီးနောက် ဟန်ရှင်းယန်၏နှလုံးသားသည်ပြုတ်ကျသွားရသည်။ သူ တုံ့ဆိုင်းနေပြီး အခြားသောစာတိုတစ်စောင်ထပ်ပို့ လိုက်သည်။
ဟန်ရှင်းယန် - မစ်ရှန်း အပြင်မှာရိုက်ကူးရေးလုပ်နေတာလား ?
ရှန်းချူးချူး ရိုးရှင်းပြီး တိုတိုတုတ်တုတ်စကားလုံးနှင့်သာပြန်ဖြေလိုက်သည် - ဟုတ်တယ်။
ဟန်ရှင်းယန်သည် နောက်ဆုံးရိုက်ကူးမှုတွင် ရှန်းချူးချူး ကြုံတွေ့ခဲ့ရသော အန္တရာယ်များကိုတွေးမိပြီး ဘေးကင်းရေးကိုဂရုစိုက် ပါဟုသတိပေးခဲ့သည်။
ရှန်းချူးချူး: ကျေးဇူးတင်ပါတယ် CEO ဟန်။
ဟန်ရှင်းယန်သည် ရှန်းချူးချူးပေးပို့သောအချက်အလက်မှတဆင့် သူမ၏လျစ်လျူရှုမှုကိုပြင်းပြင်းထန်ထန်သတိပြုမိခဲ့သည်။ အချိန်အတော်ကြာသည်အထိ ယခုလိုအရာများကိုမည်သို့ကိုင်တွယ်ရမှန်း သူ မသိချေ။
ခဏအကြာ ရှန်းချူးချူး Weibo ကိုဖွင့်လိုက်သည်။ ထို့နောက် သူမ Hot Search သို့ရောက်နေသည်ကိုတွေ့လိုက်ရသဖြင့် အံ့သြသွားသည်။
"#电影天下# ဒီအမျိုးသမီးကြယ်ပွင့်ရဲ့နာမည်က ဘာလဲ ? အရမ်းလှတယ်နော် [Flower crazy]"
"#电影天下# ဒီအမျိုးသမီးကြယ်ပွင့်က စိတ်ရင်းကောင်းတယ်၊ ငါ အရမ်းကြိုက်တယ်။ ဒါအလှလေးလား ? အရမ်းလှတာပဲ [တံတွေးမြိုချနေသည့်ပုံ]"
"အပေါ်ထပ်ရဲ့ မျက်လုံးကဘာဖြစ်နေတာလဲ ? ဒါကဘယ်လိုလုပ် ရိုးရှင်းနေမှာလဲ မိတ်ကပ်လိမ်းထားတာလေ၊ ငါတို့မိသားစု ရဲ့ ချင်ရှောင်းပေါင်နဲ့များ တခြားဆီ၊ အဲ့လောက်ကြီးကြည့်ကောင်းနေတာလဲ မဟုတ်ပါဘူး"
.....
အောက်ကမှတ်ချက်များကိုကြည့်လေလေ ရှန်းချူးချူးကသဘောကျလေလေပင်။ နေ့စဉ်နှင့်အမျှ လူများစွာသည် သူ့အားချီးကျူး လာကြပြီး လူအများသည် သူမအားလက်ထပ်ရန်ဆန္ဒရှိကြသည်။ ထိုသည်ကိုကြည့်လိုက်ရင် မည်သည့်ခံစားချက်မှမဖြစ်မိချေ။
နောက်ဆုံးအကြိမ်မှစပြီး ချင်ရင်ရန်၏ပရိသတ်များသည် သူမအားစွဲလန်းလာကြသည်။ ချင်ရင်ရန်နှင့်ပတ်သက်၍ သူမထံ မည်သည့်မှတ်သဘောထားမှမရှိသည့်အတွက် ယခုအချိန်တွင်နက်နက်ရှိုင်းရှိုင်းခါးသီးသည့်ခံစားချက်သာရှိနေသည်။ မည်သူမဆို
အချိန်ကြာမြင့်စွာ နားလည်ရခက်သည့်အခြေအနေမျိုးတွင် ကောင်းမွန်သောစိတ်အခြေအနေရှိမည်မဟုတ်ပေ။
ဆိုတော့ ဦးနှောက်ထဲအတွေးတစ်စကြွင်းကျန်ရစ်ခြင်းသည် ရေဒီယိုလှိုင်းများ၏အင်အားနှင့် ညီမျှသလော ??
ရှန်းချူးချူး၏ အသံတိတ်ရှိနေပုံအရ၊ ထိုစာကြောင်းသည် အတုမဟုတ်ပေ။
ရုပ်ရှင်အကဲဖြတ်မှုကိုနာရီဝက်ခန့်ကြာကြည့်ရှုပြီးနောက် ရှန်းချူးချူးသည် သူမ၏ Client များကိုရေတွက်ရန် Taobao သို့သွားခဲ့ သည်။ အခုအချိန်မှာ ဒါ သူ့အတွက်အရေးကြီးဆုံးပင်။ ရိုက်ကူးရေးနှင့်ပတ်ပြီး ပိုက်ဆံအများကြီးမရှာနိုင်သေးသဖြင့် ငွေအများကြီး မစုနိုင်တော့ချေ။ Taobao တွင် နေ့စဉ်ဟောပြောပေးသည့်အလုပ်သည်တည်ငြိမ်မှုရှိသည်။
နောက်ဆုံး Client သို့ရောက်သောအခါ ရှန်းချူးချူးသည် client ၏ dialog box ကိုဖွင့်ပြီး ရင်းနှီးသူတစ်ဦး၏ဓာတ်ပုံကိုပြသလာ သည်။ ရှန်းချူးချူးသည် သူမအား မက်ဆေ့ခ်ျပို့လာသည် ဓာတ်ပုံကိုကြည့်ပြီး စက္ကန့်အနည်းငယ်လောက်ခေတ္တရပ်တန့်လိုက်ကာ
"တောင်းပန်ပါတယ်၊ နာမည်ကျော်တွေကိုမကြည့်ပေးပါဘူး" ဟုပြန်ဖြေလိုက်သည်။ နေ့တိုင်း တစ်စုံတစ်ယောက်သည် ကြယ်ပွင့်၏ လက်ထပ်မှုအား မမောမပန်းနိုင်မရေတွက်နိုင်အောင်မေးလာသော်လည်း ခြွင်းချက်မရှိငြင်းပယ်ခဲ့သည်။
အချိန်အတော်ကြာပြီးနောက် လရောင်မိန်းကလေးဟုအမည်ပေးထားသည့် အမျိုးသားက "သူက နာမည်ကျော်တစ်ယောက်ဆိုပေမယ့် သာမန်လူပါပဲ" ဟု ပြန်ဖြေလာခဲ့သည်။
ရှန်းချူးချူးသည် ထိုသူကအဘယ်ကြောင့်နာမည်ကျော်မဟုတ်ရသနည်းဟုတွေးကာ လွန်ခဲ့သည့်တစ်ချိန်ကယာဉ်ကြောပိတ်ဆို့မှုကိုတွေးမိသွားသည်။ ထို့ပြင် ၎င်းသည်နာမည်ကျော် Han Group ၏ဥက္ကဋ္ဌလည်း ဖြစ် နေသေးသည်။ လုံးဝကိုပေါ့သေးသေးဟုတ်မနေဘူး။
ထိုလူသည် ဟန်ရှင်းယန်ကိုမသိ သို့မဟုတ် တမင်သက် သက်ဟုပြောနိုင်သည်။ ရှန်းချူးချူး နောက်ပိုင်းတွင် ဖြစ်နိုင်ခြေပိုများသည်ဟုယုံကြည်သည်။ ထိုလူ၏ စကားများအရ Paparazzi ဖြစ်နိုင်သည်ဟု ကောက် ချက်ချလိုက်သည်။
CEO ဟန်၏အိမ်ထောင်ရေးကို သူမကြည့်ကာ CEO ဟန်၏အနာဂတ်အိမ်ထောင်ရေးတွင် ချင်ယင်ရန်အားတွေ့ရှိပြီးနောက် ထိုလူထံပေးပို့လိုက်ပါက၊ ထိုလူသည် နောက်တနေ့တွင် CEO ဟန်နှင့် ချင်ယင်ရန်တို့၏မက်ဆေ့ချ်အား Weibo တွင်သေချာပေါက်တင်မည်ဖြစ် သည်။
အိမ်ထောင်ဖက်သည် ချင်ယင်ရန်မဟုတ်ကြောင်းတဖက်လူအားပြောပါက၊ ဤလူသည် ချင်ယင်ရန်၏အိပ်မက်မှာပျက်စီးသွားပြီဟူသည့် ခေါင်းစီးအားအကောင်အ ထည်ဖော်လာနိုင်သည်။
တကယ်ကြီး သူ့(မ)ကို သုံးနှစ်သားကလေးလို့ထင်ေနတာလား ?
ငါက ယွဲ့လောင် - နာမည်ကျော်မဟုတ်ဘူးဆိုတဲ့ စကားအတွက် ဆောရီးပါ။
တစ်မိနစ်အကြာတွင် လရောင်မိန်းကလေးက - မင်း အဲ့လိုမလုပ်ရဘူး၊ ဒီလူက ငါပဲ၊ ငါ့အိမ်ထောင်ရေးကို သိချင်တယ်။ ကျေးဇူးပြုပြီး မြန်မြန်လုပ်ပေးပါ။
ရှန်းချူးချူး ရယ်လိုက်သည်။ သူက CEO ဟန်ပေါ့။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? ဤပုဂ္ဂိုလ်သည် တတိယလူ အနေမှ ယခု “သူ” ကိုယ်သူအဖြစ် ပြောင်းလဲမည်လား ?
ဒါ့ပြင် CEO ဟန်အား ကြည့်ပေးရမလားဟုပြောဖူး သော်ငြား နှစ်ကြိမ်တိုင်တိုင်ငြင်းဆိုခဲ့သည်။ ထို့ပြင် ၎င်းတို့ သည် သတင်းအချက်အလက်များကိုပေးပို့လာခဲ့သည်။ သူမ ဟန်ရှင်းယန်ကိုလည်း အနည်းငယ်သတိပြုမိသည်။ သူမ၏ သူ့အပေါ်နားလည်မှုအရ ဤစကားများသည် ဟန်ရှင်းယန်ပြောမည့်စကားမဟုတ်သည်မှာ သေချာသည်။
ငါက ယွဲ့လောင်: မဖြစ်နိုင်ဘူး! နောက်တကြိမ် အဆင်မပြေဘူးလို့ပဲပြောရလိမ့်မယ်။
လရောင်မိန်းကလေး : ငါက သူမဟုတ်မှန်း ဘယ်လိုလုပ်သိလဲ၊ ငါကိုယ်တိုင် ဟုတ်တယ်လို့ပြောနေတာလေ။
ငါက ယွဲ့လောင် - Han Group ဥက္ကဌရဲ့နာမည်က "လရောင်မိန်းကလေး" လို့ခေါ်တာလား။ တကယ်ချစ်ဖို့ကောင်းတာပဲ
ရှန်းချူးချူး ထိုသို့ပြောလိုက်ချိန်မှာ တစ်ဖက်သားရဲ့ တိတ်ဆိတ်မှုကအနည်းငယ်ကြာသွားသညိ။ ချူးချူးသည် အနည်းငယ်ရေငတ်သဖြင့် သောက်ရန်ရေတစ်ဖန်ခွက်လောင်းချလိုက်သည်။ ပြန်လာတော့ စားပွဲပေါ်က လက်ကိုင်ဖုန်း၏ ဖန်သားပြင်ကိုမြင်လိုက်ရသည်။ အ ထက်ဖော်ပြပါစကားလုံးများကိုဖတ်ပြီးနောက် ရှန်းချူးချူးသည် ခွက်ထဲမှရေကိုမတော်တဆထွေးထုတ်လိုက်မိသည်။
လရောင်မိန်းကလေး - နင် ပြောတာမှန်တယ်၊ ငါက ဟန်ရှင်းယန်မဟုတ်ဘူး။ တကယ်တော့ ငါက ချင်ယင်ရန်ပါ။ ငါ နင့်ကို တွက်ကြည့်ပေးစေချင်တယ် ငါ ဟန်ရှင်းယန်နဲ့လက်ထပ်လို့ရနိုင်မှာလား ?
ဤအဖြေကိုမြင်သောအခါ ရှန်းချူချူသည် တဖက်လူ ၏အထောက်အထားကိုသံသယဝင်လာခဲ့သည်။ ဒီလို တုံးအတဲ့ paparazzi တကယ်ရှိတာလား။ ရှင်းရှင်းပြောစမ်းပါ၊ တကယ်ကောအဆင်ပြေရဲ့လား။
ငါက ယွဲ့လောင်: တောင်းပန်ပါတယ်၊ မတွက်ပေးနိုင်ပါဘူး။ ပြန်အမ်းပါမယ်၊ ကျေးဇူးတင်ပါတယ်။
လရောင်မိန်းကလေး ဘာပဲပြောပါစေ ရှန်းချူးချူးဟည် သူမအားမတုံ့ပြန်တော့ပေ။
လရောင်မိန်းကလေးသည် မားမားဟန်ဖြစ်ပြီး ရှန်းချူးချူး သူ့မအား Reply မပြန်တော့သည့် Chat Box အားကြည့်ကာ Taobao မှထွက်ရန်စိတ်ပျက်နေမိသည်။ ခင်ပွန်းသည်က သတင်းစာဖတ်ရင်းအိပ်ယာပေါ်လဲလျောင်းနေသည်ကိုမြင်လိုက်ရသဖြင့်
“အခုတလော လူလိမ်တွေပိုများလာတာပဲ၊ ဘယ်လိုအဖိုးကြီးလဲ မသိဘူး၊ ငါ့သား အိမ်ထောင်ရေးကိုကြည့် ပေးပါဆို ကြည့်ပေးလိုက်ပေါ့၊ အဲ့မှာတင် လူလိမ်မှန်းအရမ်းသိသာတယ်"
ပါးပါးဟန်သည် ကိုရီးယားမိခင်အား စိုက်ကြည့်ကာ "သားသမီးတွေနဲ့ မြေးတွေမှာ သူတို့ကလေးရှိတယ်တဲ့၊ စွင်းဖု မင်းအဲ့ဒါကို စိတ်ပူမနေစမ်းပါနဲ့"
"ရှင် ဘာတွေပြောနေတာလဲ၊ ကျွန်မသားကို ကောင်မ လေးတွေနဲ့မိတ်ဆက်ပေးမယ်လုပ်တော့ ရှင်ပဲသူ့ဘာသာခေါ်လာပါစေဆို ရှင် အဲ့လိုမပြောခဲ့ရင် ကျွန်မ အခုလိုတွေလုပ်နေစရာလိုမလား ?? အခုတလော ရှင် အိမ်ပြန်လာတိုင်း ရှင့်သားကိုတွေ့ရလို့လား ?"
ပါးပါးဟန်သည် မားမားဟန်၏ညာလက်ရုံးဟုဆိုရမည်ပင် နောက်ဆုံး "ကျွန်မက အလျင်လိုနေပြီ" ဟုပြောခဲ့သည်။
"မင်းပြောတော့ အဲ့လောက်ကကိစ္စကြီးမဟုတ်ဘူးဆို" ဟုဆိုကာ လှဲအိပ်သွားလေသည်။
**********
"The World" ဇာတ်ကားသည် ချန်းဟောင်ကြောင့် အ ပြောင်းအလဲအချို့ရှိသော်လည်း ဇာတ်လမ်းကိုယ်တိုင်က ပိုမိုဆွဲဆောင်မှုရှိပြီး ပိုမိုခေတ်မီဆန်းသစ်သော ထုတ်လုပ်မှုများနှင့်အတူ သရုပ်ဆောင်များသည် အွန်လိုင်းသရုပ်ဆောင်များဖြစ်သည့်အပြင် လမ်းမထက်ကြော်ငြာခွင့်သည်လည်း ဖိနှိပ်ခံထားရသဖြင့် မျှော်မှန်းထားသည့် Box Office မပြည့်မှီခဲ့ချေ။
ရှန်းချူးချူးသည် ဒုတိယအကြိမ်မြောက် ရုပ်ရှင်ပရိုမိုးရှင်းသည် တောင်ပိုင်းရှိမြို့တစ်မြို့၌ ရှိနေသောကြောင့် ပရိုမိုးရှင်းပြီးဆုံးပြီးနောက် သူမ ဟန်တျန်းသို့တိုက်ရိုက်ပြန်လိုက်သည်။
ရှန်းချူးချူး လေဆိပ်ကိုသွားတဲ့အချိန်မှာကြည့်ရှုသူတွေထံမှအကြည့်ခံရသည့် ခံစားချက်ကို ဦးစွာသဘော ပေါက်ခဲ့ပါသည်။
"အာ့ဒါ အခုတလောမြင်နေတဲ့ ချူးလား ? အရမ်းလှတယ်!"
"အင်း၊ ဟုတ်မယ်ထင်တယ်။"
"နင် လူမှားတာကို ဝန်ခံလိုက်စမ်းပါ"
.....
ရှန်းချူးချူးသည် ထိုစကားဝိုင်းများကိုကြားပြီး ပြုံးကာ ကောင်မလေးများစွာကိုနှုတ်ဆက်လိုက်သည်။ မိန်းက လေးများသည် ရှန်းချူးချူးနှုတ်ဆက်သည်ကိုမြင်ပြီး နောက် ရှန်းချူချူအား စိတ်ပါလက်ပါတုံ့ပြန်ကြသည်။ သူမနှင့်လက်မှတ်ထိုးပြီး ဓာတ်ပုံရိုက်ရန်အပြေးလာကြသည်။
"အဲ့တာ နာမည်ကြီးတယ်ဆိုတာများလား ??"
လေယာဉ်ပေါ်တက်ပြီးနောက်၊ ရှန်းချူးချူး ဝမ်ချမ့်အားတိုးတိုးလိုက်ပြောသည်။
ဝမ်ချမ့်ကပြုံးကာ ခေါင်းညိတ်ပြီး "အင်း Boss မကြာခင် နာမည်ကြီးလာတော့မှာပါ"
ဝမ်ချမ့်ပြောတာနားထောင်ပြီးနောက် ရှန်းချူးချူး အရမ်းပျော်သွားသည်။
"အင်း ငါလည်း အဲ့လိုပဲထင်တယ်"
ခဏကြာတော့ ရှန်းချူးချူးသည် Toilet ထဲဝင်သွားလိုက်သည်။ ရလဒ်အနေနှင့် Toilet ထဲရောက်ပြီးပြီးချင်းမှာတင် လေယာဉ်သည် အနည်းငယ်ယိုင်ထိုးကာမငြိမ်ဘူးဟုခံစားလိုက်ရသည်။ ထို့နောက် အသံထုတ်လွှင့်မှုကို စတင်ထုတ်လွှင့်ခဲ့ပြီး ခရီးသည်များအားဘေးကင်းစေဖို့ ဂရုစိုက်ရန်နှင့် ထိုင်ခုံခါးပတ်ပတ်ထားရန်၊ ယခုအချိန်တွင် လမ်းလျှောက်ခြင်းမပြုရန်သတိပေးလာသည်။
လေယာဉ်ပျံသန်းစဉ် သေးငယ်သောယိမ်းယိုင်မှုတစ်ခု ကြုံတွေ့ရလေ့ရှိသည်။ တစ်မိနစ်ခန့်အကြာ လေယာဉ် အနည်းငယ်ချောမွေ့လာသောအခါ ရှန်းချူးချူးတံခါးကိုဖွင့်လိုက်သည်။
ရလဒ်ကတော့ထွက်လာပြီးပြီးချင်းမှာတင် လေယာဉ်သည် ထပ်ကာယိမ်းထိုးပြန်သည်။ သို့ဖြစ်ရာ ရှန်းချူးချူး ငြိမ်ငြိမ်မနေနိုင်ဘဲ စင်္ကြံအနီးထိုင်နေသော ခရီး သည်တစ်ဦးပေါ် ရုတ်တရက်လဲကျသွားသည်။ ထိုခရီး သည်သည် မတ်တတ်ထရန်အပြု ရလဒ်အနေနှင့်ထိုင်ခုံပေါ် ထိုင်လျက်သားပြန်ကျသွားခဲ့သည်။
ရှန်းချူးချူးသည် သူမ တစ်ခုခုလုပ်လိုက်မိကြောင်းသိလိုက်သောအခါ လက်ရှိအခြေအနေကြောင့် သူ ကြောက် ရွံ့နေပြီဖြစ်သည်။ သူ(မ)လက်ကို ကမ်းပေးလိုက်သင့်လား ??
သူမ ထဖို့ရုန်းကန်ရင်း လေယာဉ်သည်ပြင်းထန်စွာယိုင်သွားသည်။
ထိုအချိန်တွင် နားထဲမှအလွန်နားထောင်ကောင်းသောယောက်ျားအသံတစ်ခုက “မလှုပ်နဲ့”