အခန်း (၅၄)
Vol. 6 Ch. 54
နောက်ထပ်မိနစ်အနည်းငယ် သို့ 10 မိနစ်ကျော်ကြာပြီးနောက် ရှန်းချူးချူးအတွက် အချိန်တွေဟာအရမ်းကြာနေသလိုခံစားခဲ့ရသည်။ နောက်ဆုံး လေယာဉ်တည်ငြိမ်သွားသဖြင့် အဆင်ပြေသွားခဲ့သည်။
ရှန်းချူးချူး သူ့ရှေ့ကလူကို မျက်မှောင်ကြုတ်ကာလှမ်းကြည့်လိုက်သည်။ အနက်ရောင် ဆွယ်တာနှင့် ပေါ့ပေါ့ပါးပါးဖြစ်သည့် အပြာရောင်ဂျင်းဘောင်းဘီအားဝတ်ဆင်ထားသည်ကိုတွေ့လိုက်ရသည်။ သူမ ခေါင်းကိုအမြန်ငုံ့ပြီးတောင်းပန်စကားနှင့် ကျေးဇူးတင်စကားပြောလိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်မ တမင်လုပ်တာမဟုတ်ပါဘူး။ ကျေးဇူးလည်းတင်ပါတယ်။"
ထိုလူက ရှန်ချူးချူး၏ဝမ်းနည်းနေတဲ့ပုံစံကိုကြည့်ပြီး
"ရပါတယ်၊ ကိစ္စမရှိပါဘူး၊ လက်ကိုမြှောက်လိုက်ပါ။” ဟု ပြုံးပြီးပြောခဲ့သည်။
ရှန်ချူးချူးလည်းခေါင်းညိတ်ပြီး အလျင်အမြန်နှုတ် ဆက်ခဲ့သည်။
လေယာဉ်ပေါ်ကဆင်းလာပြီးနောက် ရှန်ချူးချူးက သူ့ရဲ့ ပရိသတ်များကိုလေဆိပ်တွင်တွေ့ရလိမ့်မည်ဟု ထင့်ခဲ့သည်။ သို့သော် ဒီတစ်ခါတော့ ဘယ်သူမှ သူ့ကိုမမှတ်မိခဲ့ပေ။ ချက်ချင်းဆိုသလို သူ့စိတ်တွေကျဆင်းသွားပြီး ကြော်ငြာရိုက်ကူးခဲ့ကာ သရုပ်ဆောင်ခဲ့သည်မှာလည်း အိပ်မက်ဆန်နေသလိုခံစားလိုက်ရသည်။
ဟန်တျန်းမှာနှစ်ရက်ကြာပြီးနောက် "Spring & Warm" ဇာတ်ကားရဲ့ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားမှာ ရှန်ချူးချူးအနေဖြင့် အမှန်တကယ်မှာ မုဆိုးဖိုဖြစ်သွားတဲ့သူကို နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရသည်။ ဒီတစ်ခါတော့ အသက်ထပ်ဝက်ကျော်ရှိတဲ့ အမျိုးသားတစ်ယောက်မှာဖြစ်နေခဲ့ခြင်းပင်။
ဖွင့်ပွဲအခမ်းအနားကလည်း အရမ်းပျင်းဖို့ကောင်းတာကြောင့် ရှန်ချူးချူး လူအုပ်ထဲကလူတစ်ယောက်ရဲ့အိမ် ထောင်ရေးစနစ်ကို ပေါ့ပေါ့ပါးပါးဖွင့်ပြီးကြည့်လိုက်မိသည်။ ရလဒ်က သူ့အား အံ့အားသင့်သွားစေသည်။
အဲ့အမျိုးသားရဲ့ပထမဇနီးသည်ထံ ထူးထူးခြားခြားဘာမှမရှိပေ။ သူ့ကိုတကယ်တုန်လှုပ်သွားစေတာက ဒုတိယဇနီးဖြစ်သည်။ အရင်က Hot Search မှာပါခဲ့ဖူးသည့် ချင်မုန့်ပင်။ ဒီနေ့ သူ့ရဲ့ကံကောင်းမှုကတကယ်ကို ကောင်းလွန်းခဲ့သည်။
သူမ သေချာကြည့်လိုက်ရာ အမျိုးသားသည်ပထမဇနီးနှင့်မကွာရှင်းရသေးဘဲ ချန်မုန့်နှင့် လက်ထပ်ထားသည်ကို တွေ့လိုက်ရသည်။ သို့သော် ဇနီးသေဆုံးသွားသဖြင့် တစ်နှစ်အကြာမှာ ချင်မုန့်နဲ့ လက်ထပ်ခဲ့သည်။
သေဆုံးရသည့်အကြောင်းအရင်းကို မြင်လိုက်ရသဖြင့် ရှန်ချူးချူးဟာ ချွေးပင်ထွက်သွားရသည်။
[သေဆုံးရတဲ့အကြောင်းအရင်း: လှေကားပေါ်ကတွန်းချခံရ]
'ဒါဆို သူမ ရဲကိုဖုန်းဆက်သင့်လား ?'
"ဘော့စ် ဘော့စ်"
ဝမ်ချမ့်က အကြိမ်အနည်းငယ်အော်ခေါ်ခဲ့သည်။ ရှန်းချူးချူး သူ့ရှေ့က အမျိုးသားတစ်ယောက်ကိုစိုက်ကြည့်နေသဖြင့် မည်သည့်တုံ့ပြန်မှုမှမရှိဘဲ သူ့အင်္ကျီလက်ကို အမြန်ဆွဲလိုက်သည်။
ရှန်ချူးချူး သတိပြန်ဝင်လာပြီး ဝမ်ချမ့်ကိုကြည့်ကာ "ဘာဖြစ်လို့လဲ" လို့မေးလိုက်သည်။ အသံက တုန်ရီနေသည်။
ဝမ်ချမ့် ရှန်ချူးချူးအားစိုးရိမ်တကြီးနဲ့ ကြည့်နေခဲ့သည်။ ဒါပေမယ့် ဒီအချိန်မှာ အများကြီးမမေးခဲ့ပေ။ ရှန်းချူးချူးရဲ့ ဘေးမှာရှိတဲ့ ချင်ယင်ရန်ကိုကြည့်ပြီး တိုးတိုးလေး "Boss ကို ခေါ်နေတယ်" ဟုပြောလိုက်သည်။
ရှန်ချူးချူး ဘေးကိုလှည့်ကြည့်လိုက်ရာ ချင်ယင်ရန်က ဘယ်အချိန်ကတည်းက သူ့ဘေးမှာ ရပ်နေမှန်းမသိပေ။
ချင်ယင်ရန်က ရှန်ချူးချူး ခုလေးတင်စိုက်ကြည့်နေတဲ့ အမျိုးသားကို ထပ်ခါထပ်ခါကြည့်နေသည်။ သူက ပြုံးကာ
"ရှန်းချူးချူး နင့်မှာ စိတ်ကူးရှိရင် သေချာစဉ်းစားသင့်တယ်။ သုန်ကျုံးကိုကြိုက်တဲ့သူတွေက အများကြီးရှိပဲ။ နင် ကြိုးစားမှရမယ်။"
ရှန်ချူးချူးက ချင်ယင်ရန်ရဲ့ စကားကိုနားထောင်ပြီး မျက်မှောင်ကြုတ်ကာ "နားလည်မှုလွဲနေပြီ၊ ငါ ပြဿနာတစ်ခုကိုစဉ်းစားနေမိတာ တောင်းပန်ပါတယ်၊ ခုလေး တင် ရှင် ခေါ်တာကိုမကြားလိုက်ဘူး။"
ချင်ယင်ရန် ပခုံးတွန့်ပြပြီး "အို့၊ ငါပြောတာ အရင်က မင်း ဒီလိုမဟုတ်ပါဘူး။ ပြီးတော့ မင်းကိုအမြဲတမ်းလမ်း ညွှန်ပေးမယ့်သူတွေရှိတယ်။ ကျောထောက်နောက်ခံမရှိတဲ့ ငါတို့လိုမဟုတ်ဘူး၊ ငါတို့ကတော့ ကိုယ့်အားကိုယ်ကိုးမှရမယ် ကြိုးစားမှရမယ်။"
ရှန်ချူးချူး ချင်ယင်ရန်၏မျက်နှာကိုကြည့်ပြီး သူ့ စကားကိုနားထောင်ရင်း မနေနိုင်ဘဲပြောလိုက်မိသည်။
"ရှင် အရင်က CEO ဟန်နဲ့ ဆက်ဆံရေးကောင်းတယ်လို့ မပြောခဲ့ဘူးလား ? CEO ဟန်လည်း ရှင့်ရဲ့ ကျောထောက် နောက်ခံဖြစ်နိုင်တာပဲလေ"
ချင်ယင်ရန် ဟန်ရှင်းယန်နာမည်ကိုကြားသဖြင့် မျက်နှာအနည်းငယ်ပြောင်းသွားခဲ့သည်။ ပြီးနောက် ရှက်ရွံ့တဲ့ အမူအရာကိုပြပြီး
"သူက အရမ်းအလုပ်များတယ်၊ ငါ့ကို ဂရုစိုက်ဖို့ဘယ်မှာအချိန်ရှိမှာလဲ။ ပြီးတော့ ငါ သူ့ကို အမြဲတမ်းအနှောင့် အယှက်ပေးသလိုဖြစ်နေမှာ အားနာတယ်။ တချို့ကိစ္စတွေက ကိုယ့်ကြိုးစားမှုပေါ်မှာမူတည်တယ်။ အဲ့ဒီလိုမှပဲ အဆင်ပြေမှာ။"
ရှန်ချူးချူးသည် ချင်ယင်ရန်၏စကားကိုကြားသဖြင့် ချက်ချင်းအံ့အားသင့်သွားသည်။
သူမ ခေါင်းထဲမှာ တစ်ခုခုတွေးမိသွားပြီး ချင်ယင်ရန်ကို သရော်ချင်စိတ်ပေါ်လာခဲ့သည်။ ဒါပေမယ့် ချင်ယင်ရန်ရဲ့ စကားကို နားထောင်ရင်း သူမကိုယ်တိုင်ကြမ်းတမ်းတဲ့ဇာတ်ကောင်လိုဖြစ်သွားပြီဟုခံစားလိုက်ရသည်။ မိသား စုရဲ့ယောက်ျားလေးနဲ့ မိန်းမလေးက အတူတူဖြစ်နေတာ ကြာပြီ၊ ဒါပေမယ့် သူ မိန်းကလေးကိုသရော်သည့်အနေနှင့် "ရှင်တို့ အတူတူနေတာကြာပြီလား ?" ဟု ရှန်းချူးချူးတီးတိုးပြောခဲ့သည်။
ချင်ယင်ရန်ရဲ့ ပုံစံကသိပ်အဆင်မပြေခဲ့ပေ။ ဒါပေမယ့် သူမက : "ဒီလိုကိစ္စမျိုးကို အပြင်မှာ ပြောဖို့မလွယ်ဘူး။ ငါ့မှာ အလုပ်ရှိသေးလို့ အရင်သွားလိုက်ဦးမယ်။"
ရှန်ချူးချူး ခေါင်းညိတ်ပြီး "အော်၊ ဟုတ်ကဲ့"
ချင်ယင်ရန် ထွက်သွားပြီးနောက် ရှန်းချူးချူး အချိန်အတော်ကြာအောင် အဲ့ဒီနေရာမှာရပ်နေပြီးမှ သတိပြန်ဝင်လာသည်။ ထို့နောက် နှာခေါင်းရှုံကာသက်ပြင်းရှည်ကြီးချလိုက်သည်။
"သွားကြစို့၊ သွားကြစို့။"
ရုတ်တရက် ရှန်းချူးချူးက ရိုက်ကွင်းနေရာကိုသွားခဲ့ပြီး ဝမ်ချမ့်က ရှန်ချူးချူးကိုစိုးရိမ်တကြီးကြည့်ပြီး သူ့နောက်ကလိုက်သွားခဲ့သည်။
စတူဒီယိုရဲ့ ဘေးမှာထိုင်စောင့်နေရင်း ရှန်ချူးချူးက ရိုက်ကွင်းကလူတွေကို ကြည့်ပြီး အကွာအဝေးကိုတွက် ချက်ပြီး တွန့်ဆုတ်သွားပြီးမှ ဝမ်ချမ့်ကိုတိုးတိုးလေး စကားအနည်းငယ်ပြောလိုက်သည်။
ရှန်းချူးချူးက ဘာကြောင့် ဒီအကြောင်းတွေကို စုံစမ်းချင်နေတာလဲဆိုတာက ဝမ်ချမ့်နားမလည်ပေမယ့် မည်သည့်ကန့်ကွက်စကားမှမဆိုခဲ့ပေ။
ခဏကြာတော့ ဝမ်ချမ့်ပြန်လာပြီး "ဘော့စ်၊ ဒီနေ့လာတဲ့သူတွေထဲမှာရင်းနှီးမြှုပ်နှံသူတွေ၊ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေချည်းပဲ။ ထုတ်လုပ်သူတွေကတော့ အဓိကပြောခွင့်ရှိတဲ့သူတွေပေါ့..."
ရှန်းချူးချူး ဝမ်ချမ့်ပြောတဲ့လူတွေကို နားထောင်ပြီး တစ်ယောက်ချင်းစီကို Weibo ပေါ်ရှာကြည့်လိုက်သည်။ နောက်ဆုံးမှာ လူသုံးယောက်ကိုရှာဖွေပြီးနောက် သူရှာနေတဲ့လူကိုတွေ့ခဲ့ရသည်။ မစ္စတာသုန်၊ မင်ဟွာကုမ္ပဏီရဲ့ ဥက္ကဋ္ဌ။
ဒီလူကိုတွေ့ပြီးနောက် ရှန်းချူးချူးက သူ့ရဲ့ဓာတ်ပုံကို စိုက်ကြည့်ပြီး ခုနက သူ့၏အကြောင်းအရာတွေကိုမမြင်ခဲ့ရပေ။ အခုချိန်မှာ ဓာတ်ပုံတွေကပ်နေတော့ပိုပြီးသေချာကြည့်လို့ရခဲ့သည်။
နောက်တစ်ခါပြန်ဖတ်ကြည့်တော့ ရှန်းချူးချူးက ဘာအရိပ်အယောင်မှမတွေ့ရသေးပေ။ သူ့ရဲ့ဇနီးရဲ့ ဓာတ်ပုံကိုသွားကြည့်ပြန်တော့လည်း အသုံးဝင်သည့်မည်သည့်အချက်အလက်မှမရခဲ့ချေ။ ဘယ်နေ့မှာတွန်းချခံတယ် ဆိုတာပဲသိရပြီး တွန်းချရတဲ့အကြောင်းရင်းကိုတော့ မသိခဲ့ရသဖြင့် အကြိမ်ကြိမ်အခါခါဖတ်ပြီး မည်သည့်အစအနမှမတွေ့ရတော့သောကြောင့် ရှန်းချူးချူး သက်ပြင်းရှည်ကြီးချလိုက်မိသည်။
သူမက ဒီလူရဲ့ဇနီးကိုကယ်တင်ဖို့ အရမ်းစိတ်အားထက် သန်ပေမယ့် ဘာသတင်းအစအနမှမတွေ့ရသဖြင့် လက် လျှော့လိုက်ရသည်။ နောက်ဆုံးမှာ သူမသည် ကယ်တင် ရှင်မဟုတ်သလို ထိုလူနဲ့၏ဇနီးနှင့်လည်း ဘာမှမသက် ဆိုင်ချေ။ ၎င်းတို့ထံမှ သံသယဝင်ခံရနိုင်သည်။ သူမက အလျင်အမြန်သတိသွားပေးလိုက်မိရင် ရှုပ်ထွေးသွားကြလိမ့်မည်။ ထို့ကြောင့် သူမက ရိုးသားပြီးပွင့်လင်းသည့်လူငယ်လေးဖြစ်နေသည်က ပိုကောင်းသည်။
ဒါပေမယ့် လူတစ်ချို့သေတော့မယ်ဆိုတာကိုသိရက်နဲ့ မတားဆီးနိုင်ခဲ့လို့ သူ့ရင်ထဲမှာ လေးလေးနက်နက်ခံစားနေရသည်။ မနက်ပိုင်းရိုက်ကူးရေးပြီးနောက် ရှန်ချူးချူး မစ္စတာသုန် ထွက်သွားသည်ကိုကြည့်နေလိုက်သည်။
နေ့လယ်ပိုင်းတွင် သူမ၏ဇာတ်ဝင်ခန်းကို ရိုက်ကူးခဲ့ပြီး ဒီအခန်းက သူမနှင့်ချင်ယင်ရန်တို့ ပေကျင်းကိုပထမဆုံးရောက်လာသည့်အခန်းပင်။ တကယ်တော့ ဇာတ်ညွှန်းထဲမှာ လမ်းမှာလူနှစ်ယောက်ပါသေးသည်။ ထို့ပြင် ယနေ့ အစိုးရရုံး၌ ရိုက်ကူးခဲ့သဖြင့် ဇာတ်ညွှန်းကိုပြောင်းလိုက်ရသည်။
"ကျွန်မ ငယ်ငယ်ကတည်းက အမေနဲ့ ဒီကိုလာဖူးတယ်။ ဒီမှာဘာတွေမြင်ခဲ့လဲဆိုတာကိုတော့ မေ့သွားပြီ" ဟု သခင်မကပြောလာသည်။
ရှောင်တိက သူ့ရဲ့သခင်မကိုပြုံးပြီး "အစေခံကတော့ ဒီမြို့ကို ပထမဆုံးရောက်ဖူးတာပဲ။ ဒီတံခါးမှာရှိတဲ့ ကျောက်ခြင်္သေ့တွေက ကျွန်မတို့ဆီကထက် အများကြီးပိုအစွမ်းထက်တယ်လို့မြင်မိတယ်။"
သခင်မက ဘေးကနေ "မဟုတ်ဘူး၊ ငါတို့မိသားစုထက် နည်းနည်းလေးပဲကြီးတာ၊ နောက် တစ်ခြားသူတွေနဲ့တွေ့ရင် အဲ့လိုသွားမပြောနဲ့နော်၊ အထင်သေးကြလိမ့်မယ်"
ရှန်ချူးချူး ချင်ယင်ရန်၏နေရာကိုကြည့်လိုက်ရာ သူ့၏ ရိုက်ချက်များကို ပိတ်ဆို့ထားသလိုဖြစ်နေခဲ့သည်။ ဒါရိုက်တာဘာမှမပြောသဖြင့် သူမ ဆက်ရိုက်နေရသည်။
အကျိုးဆက်အနေနဲ့ နောက်ပိုင်းမှာ အလားတူအခြေအ နေတွေ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။ ရှန်းချူးချူးက နောက်ဆုံး ချင်ယင်ရန်ကတမင်လုပ်နေတာကိုနားလည်သွားပြီး ရှန်ချူးချူး ဒေါသနဲနဲထွက်သွားသည်။ သူမက ချင်ယင်ရန်ကို အမြဲတမ်းလေးစာမှုရှိဖို့ပြောခဲ့ပြီး သူ့အားမစော်ကားခဲ့ချေ။ ဒါပေမယ့် တဖက်ကအဲဒီလိုမထင်ဟည့်ပုံပင်။ ရှောင်တိရဲ့အခန်းက သူမဖြစ်နေချိန်၊ ချင်ယင်ရန် ဟုတ်မနေတဲ့အချိန်မှာတောင် စော်ကားခံရပြီးပြီဟု ထင်ရပါသည်။
ရှောင်တိက သူမဖြစ်နေဆဲ့အပြင် ချင်ယင်ရန်ရဲ့အခန်းထက်ပိုအရေးပါတာကြောင့် ဘာလို့အလျှော့ပေးရမှာလဲ။ဒါကြောင့် အိမ်ထဲသွားရာလမ်းအလယ်တွင် ပိုးဟပ်ကိုတွေ့လိုက်ရသဖြင့် ရှန်းချူးချူးက ချင်ယင်ရန်အား အနည်းငယ်ကူညီပြီး "မမလေး သတိထား၊ မြေပြင်က ချော်နေတယ်" ဟု သတိပေးလိုက်သည်။
ချင်ယင်ရန်က ရှန်းချူးချူးက သူ့ဘာသာသူ စကားလုံးတွေထည့်ပြောလိမ့်မယ်ဟုမထင်ဘဲ ခဏလောက်ထိုင်နေလိုက်သည်။
ရိုက်ကူးပြီး ခဏရပ်တန့်တာ ကြာသွားတာကြောင့် တျန်တောင်က နောက်ဆုံးမှာအော်လိုက်တယ်: "ကဒ် !"
"ဆက်လုပ်လေ ၊ ဘာ ရပ်လုပ်နေတာလဲ ?"
တျန်တောင်ရဲ့အသံထက် အဝေးကနေ လွင့်လာတာနဲ့ ချင်ယင်ရန် ပိုပြီးအံ့သြသွားပြီး ရှန်းချူးချူးထံအဓိပ္ပာယ်ပါပါကြည့်လိုက်သည်။ သူက "ဇာတ်ညွှန်းထဲမှာ အဲ့တာမပါဘူးလေ အမှတ်မှားနေတာလား ?"
ရှန်ချူးချူးက မျက်တောင်ခတ်ပြီး "ဟုတ်လား ? ကိုယ့်ဘာသာ စကားလုံးတွေထပ်ထည့်လို့မရဘူးလား ? ချင်ကျဲဘာသာ အမူအရာအနည်းငယ်ထည့်လိုက်တာကို တွေ့လိုက်လို့ သဘောတူတယ်ထင်ခဲ့တာ" ဟု ပြောလိုက်သည်။
ချင်ယင်ရန်သည် အပြစ်မဲ့ဟန်ဆောင်သည့် ရှန်းချူးချူးအားကြည့်ပြီး နည်းနည်းမကျေနပ်ဖြစ်သွားခဲ့သည်။
တျန်တောင်က ဒီမှာရှိတဲ့ အခြေအနေကို မြင်သွားပုံရပြီး သူက အသံချဲ့စက်နဲ့ "ခုနက ထည့်လိုက်တဲ့ စကားလုံးက အရမ်းကောင်းတယ်။ ခဏနားမယ် မိတ်ကပ်ဆရာက မိတ်ကပ်ပြင်ပေးလိုက်။ ခဏနေမှဆက်ရိုက်မယ်" ဟုအော်ပြောလာသည်။
သူမရဲ့ နားနေတဲ့နေရာကို ပြန်ရောက်တော့ ဝမ်ချမ့်က ရှန်ချူးချူးကို စိုးရိမ်တကြီးကြည့်ပြီး "ဘော့စ်၊ ခုနက ဘာဖြစ်သွားတာလဲ?"
ရှန်ချူးချူးက ရေတစ်ငုံသောက်ပြီး မျက်လုံးကို ပွတ်လိုက်တယ်။ "ဘာမှ မဟုတ်ပါဘူး၊ ဒီမှာ အရမ်းစိတ် ဝင်စားစရာကောင်းတဲ့အရာတစ်ခု တွေ့လိုက်ရုံပါ။ တစ်ခါတလေ၊ မင်းက အဓိကဇာတ်ဆောင်ဖြစ်နေပါစေ၊ ကြိုးစားအားထုတ်မှုမရှိရင် ဇာတ်ပို့ထက်တောင် မကောင်းတာမျိုးဖြစ်သွားနိုင်တယ်။ ပရိသတ်ကိုဆွဲဆောင်နိုင်မှာ မဟုတ်ဘူး"
အဲ့လိုပြောပြီး ရှန်ချူးချူးက တျန်တောင်ကိုကြည့်လိုက်ပြီး တျန်တောင်က ချင်ယင်ရန်၏လှုပ်ရှားမှုကို မမြင်ဘူးဟု သူ မယုံကြည်ပေ။ တစ်ခါဆိုရင် တိုက်ဆိုင်မှုလို့ ပြောလို့ရပေမယ့် နှစ်ခါ သုံးခါဆိုရင် ကိုယ့်ကိုယ်ကို လိမ်လို့မရဘူး။ ဒါပေမယ့် တျန်တောင်က ဘာမှမပြောတာက ဒီလိုလုပ်ရပ်ကို သဘောတူညီရာရောက်တယ်လို့ထင်မြင်ရသည်။
ဒါရိုက်တာတောင် ချင်ယင်ရန်ရဲ့အလျင်စလိုလုပ်ရပ်ကို သဘောတူမှတော့ “သူကကော ဘာလို့အဲ့လိုမလုပ်နိုင်ရမှာလဲ ? တစ်ဖက်လူက သူ့ထက်နာမည်ကြီးလို့၊ အဆင့် အတန်းသူ့ထက်မြင့်လို့ သူ အမြဲတမ်းအနိုင်ကျင့်ခံလိုက်လို့မရဘူး ? တကယ်လို့ တခြားတစ်ယောက်ယောက်ဆီမှာသင်ယူစရာတစ်ခုခုရှိရင် သူကကော ဒီအခန်းကို ဆက်ရိုက်နေရဦးမှာလား ??
အနည်းငယ်ခုခံခြင်းက သူသည် အနိုင်ကျင့်ခံရလွယ်သူမဟုတ်ဆိုသည်ကို လူများကိုနားလည်စေနိုင်သလို ဒါမှမဟုတ် အရမ်းခုံခံမိပြန်ရင်လည်း လူတွေကို မင်းကအနိုင်ကျင့်နေတယ်လို့ ခံစားရသလိုလည်းဖြစ်သွားစေပြန်တယ် !