အခန်း (၅၆)
Vol. 6 Ch. 56
ရှန်းချူးချူး ကားမောင်းထွက်သွားသည်အထိ အတွင်း ရေးမှူးဝမ်ဘာဖြစ်နေမှန်း သေချာမသိသေးပေ။ သို့သော် ထိုကားနှင့် အမြင်ကွယ်သွားသည်နှင့်တစ်ပြိုင်တည်း အတွင်းရေးမှူး ဝမ် သည် သူဌေးထံ အခြေအနေကို အစီရင်ခံရန် အမြန်သွားခဲ့သည်။ အတွင်းရေးမှူး ဝမ်သည် အခက်ကြုံနေပြီး ဒီကိစ္စကို သူဌေးကြားပြီးနောက် မည်သို့တုံ့ပြန်မည်ကို မသိခဲ့။
"ဘော့စ်"
ဟန်ရှင်းယန် အပြင်တွင်ရပ်နေသည်ကို တွေ့ရှိသွားသော ကြောင့် ကားထဲတွင်ထိုင်နေရသည်။ သူသည် ကားအ ပြင်ဘက်တွင် တစ်ယောက်တည်းရပ်နေသော အတွင်း ရေးမှူးဝမ်ကိုကြည့်ပြီး အံ့အားသင့်စွာမေးလိုက်သည်။
"မစ်ရှန်း ဘယ်ရောက်သွားပြီလဲ ?"
အတွင်းရေးမှူးဝမ်က အမှန်အတိုင်းပဲ "မစ္စရှန်း ခုလေး တင်ထွက်သွားပါပြီ"
"ထွက်သွားပြီ ဟုတ်လား ? ဘာလို့လဲ မင်း သူ့ကိုရှင်းရှင်း လင်းလင်းမပြောဘူးလား"
'ရှင်းရှင်းလင်းလင်းမပြောတာမဟုတ်ဘူး၊ မစ္စရှန်းက သူ့ကိုရှင်းရှင်းလင်းလင်းပြောဖို့ အခွင့်အရေးမပေးခဲ့တာပါ။' လို့စိတ်ထဲမှာ ဘယ်လိုပဲပြောနေပါစေ ပါးစပ်က
"ကျွန်တော်ပြောဖို့ အချိန်မရလိုက်ဘူး။ မစ္စရှန်းက သူ့မှာ အချိန်မရှိဘူးလို့ပြောပြီး တန်းထွက်သွားတာ"
ဟန်ရှင်းယန်က အတွင်းရေးမှူးဝမ်၏စကားကိုနားထောင်ပြီး ဘာတုံ့ပြန်မှုမှမရှိဘဲ သူ့လက်ထဲက ဖုန်းကိုကြည့်နေ သည်။ ရုတ်တရက် သူ့ရင်ထဲမှာ ဘာဖြစ်လာမလဲမသိတဲ့ ခံစားချက်တစ်ခုပေါ်လာခဲ့သည်။
အတွင်းရေးမှူးဝမ် က သူ့သူဌေးရဲ့မျက်နှာကို ဂရုတစိုက်ကြည့်ပြီး "ကျွန်တော်ခုလေးတင်ကြည့်လိုက်တာ မစ်ရှန်း ရဲ့မျက်နှာက သိပ်မကောင်းဘူး၊ ပင်ပန်းနေတဲ့ပုံပဲ။ အဖွဲ့သားတွေက သူ တစ်နေ့လုံးရိုက်ကူးနေရတယ်လို့ပြောတယ်။ သူ့ရဲ့သရုပ်ဆောင်မှုမှာ အခက်အခဲတချို့တွေ့နေရပုံပဲ"
ဟန်ရှင်းယန်က အတွင်းရေးမှူးဝမ်ကိုမော့ကြည့်ပြီး ဘာကိုတွေးနေလဲမသိခဲ့ပေ။ ခဏကြာတော့ "သိပြီ၊ မောင်း"
တစ်ဖက်တွင် ရှန်းချူးချူးသည် ဟိုတယ်သို့ပြန်ရောက်ပြီးနောက် ဟန်ရှင်းယန်ပေးပို့လာသောသတင်းအချက် အလက်များကိုတွေ့ရှိခဲ့သည်။ အချိန်မှာ နေ့လည်နှစ်နာရီကျော်ဖြစ်သည်။
ဟန်ရှင်းယန်: "မစ္စရှန်း၊ ကျွန်တော် ဟန်တျန်းမှာအလုပ် ကိစ္စနဲ့ရောက်နေတယ်။ တစ်ခါလောက်တွေ့လို့ရမလား။ ကျွန်တော် အပြင်မှာ မင်းကို စောင့်နေတယ်။"
ရှန်းချူးချူးသည် မက်ဆေ့ခ်ျကိုဖတ်ပြီး မျက်မှောင် ကြုတ်လိုက်သည်။
"ဟန်ရှင်းယန်က ဘာကိုဆိုလိုတာလဲ။ ပလေးဘွိုင်းပုံစံနဲ့လည်းမတူပါဘူး။ ဘာလို့ ပလေးဘွိုင်းဆန်တဲ့အလုပ်မျိုးတွေလုပ်နေတာလဲ ?"
ချင်ယင်ရန်ကိုချိတ်နေချိန်မှာ သူမကိုပါချိတ်ဆက်နေတာလားဟု တွေးနေမိသည်။
ပြန်မဖြေချင်ပေမယ့် ဟန်ရှင်းယန်က သူ့ကိုအရင်ကူညီခဲ့ဖူးတာကိုတွေးမိတော့ ပြန်ဖြေလိုက်ရသည်။
ရှန်းချူးချူး: "CEO ဟန်၊ တောင်းပန်ပါတယ်၊ ကျွန်မ တစ်နေ့လုံးရိုက်ကူးနေရလို့ အပြင်မထွက်နိုင်တော့ဘူး။ CEO ဟန် ပြောစရာရှိရင် မက်ဆေ့ခ်ျပို့ပြီးပြောလို့ရပါတယ်။ မလိုအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေဖြစ်စေနိုင်တယ်လေ"
ဟန်ရှင်းယန်သည် ဟိုတယ်တွင် အလုပ်လုပ်နေစဉ် ရှန်းချူးချူးထံမှမက်ဆေ့ခ်ျကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ မလိုအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေဆိုတာ ဘာကိုဆိုတာလဲ ?
အတွင်းရေးမှူးဝမ်ဝင်လာပြီး ညစာပို့ပေးရင်း သူ့လက်ထဲကဖုန်းကိုင်ပြီး အံ့အားသင့်နေတဲ့ Boss ကိုကြည့်ပြီး ချောင်းဟန့်ကာ "Boss ညစာရောက်ပါပြီ" ဟု သတိပေးလိုက်သည်။
ဟန်ရှင်းယန် အတွင်းရေးမှူးဝမ်၏စကားကိုမကြားခဲ့ပေ။ အတွင်းရေးမှူးဝမ်က သူ့သူဌေးရဲ့ပုံစံတွေနဲ့ အသားကျနေပြီး ပစ္စည်းတွေကိုတိတ်တိတ်လေးချထားလိုက်သည်။
"Boss၊ ဖြည်းဖြည်းသုံးဆောင်ပါ၊ ကျွန်တော် ဘေးခန်းမှာရှိနေမှာပါ။ ဘာဖြစ်ဖြစ် ကျွန်တော့်ကို အချိန်မရွေးဖုန်းခေါ်လို့ရပါတယ်" ဟုပြောကာ အတွင်းရေးမှူးဝမ် ပြုံးပြီး လှည့်ထွက်သွားသည်။
မထင်မှတ်ဘဲ နောက်ကနေ စကားသံထွက်လာခဲ့သည်။
"မင်း ပြောတာလေ၊ မစ်ရှန်း ငါ့ကို တစ်ခုခုအထင်မြင်လွဲသွားနိုင်တယ်လို့ထင်လား ?"
အတွင်းရေးမှူးဝမ် ဒါကိုကြားတော့ ချက်ချင်းစိတ်ဓာတ်တက်ကြွလာကာ အံ့အားသင့်နေတဲ့ Boss ကိုတွေ့လိုက်ရပြီး သူ့ရဲ့စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ရင်း ချောင်းဟန့်ကာ
"Boss ကို မေးခွန်းတစ်ခုမေးပြီးမှ Boss ရဲ့မေးခွန်းကိုဖြေပါရစေ၊ မစ်ရှန်းကို မစ်ချင်ယင်ရန်နဲ့ နောက်ဆုံးဖြစ်ခဲ့တဲ့ ကောလဟာလကို ရှင်းပြပြီးပြီလား ?"
ဟန်ရှင်းယန် သူ တစ်ခါမှမတွေ့ဖူးတဲ့လူအကြောင်းတွေးပြီး "ရှင်းပြဖို့လိုသေးလို့လား ?"
အတွင်းရေးမှူးဝမ်က ပြုံးပြီး "တကယ်လိုတယ်။ ရှင်းမပြရင် မစ်ရှန်းက Bossနဲ့ ချင်ယင်ရန်တို့ကို အတွဲလို့ထင်သွားနိုင်တယ်"
ဟန်ရှင်းယန် ဒါကိုနားထောင်ပြီး နေ့လည်ကတွေ့ခဲ့တဲ့ အမျိုးသမီးကိုတွေးမိတော့ မျက်နှာကအေးစက်လာပြီး "မပြောရသေးဘူး"
အတွင်းရေးမှူးဝမ်က "အင်း၊ ဒါ ကောလဟာလဆိုပေမယ့် မစ်ရှန်းလည်း အစကတည်းက သတင်းကိုမြင်ပြီး လောက်ပြီ နောက်ပိုင်းမှာ ဒီနေ့ ချင်ယင်ရန်နဲ့တွေ့တာ မစ်ရှန်းလည်း သိသွားနိုင်တယ်၊ ဒါကြောင့်...... မစ်ရှန်းအထင်လွဲမှားသွားနိုင်တယ်"
မိန်းကလေးတွေရဲ့စိတ်ကို ဘယ်တုန်းကမှမလေ့လာဖူးတဲ့ ဟန်ရှင်းယန်အတွက်တော့ ပြဿနာကနည်းနည်းပိုရှုပ် ထွေးသည်။ သူ့မှာ စဉ်းစားဖို့အချိန်လိုနေပြီး ဒါပေမယ့် ကုမ္ပဏီတစ်ခုကိုတာဝန်ယူနိုင်တဲ့ သူ့အတွက်တော့ အဓိကအချက်တွေကို အမြန်နားလည်သွားသည်။
"မင်းပြောတာက မစ်ရှန်းက ငါနဲ့ မစ်ချင် အတူရှိနေတယ်လို့အထင်လွဲသွားလို့ ငါ့ကိုမတွေ့တာပေါ့"
Boss ဖြစ်သူရဲ့ မျှော်လင့်ချက်အနည်းငယ်ရှိတဲ့မျက်လုံးတွေကိုကြည့်ပြီး အတွင်းရေးမှူးဝမ်က တွေးတွေးဆဆဖြင့် "အဲ့လို ဖြစ်နိုင်ပါတယ်။"
Boss ရဲ့မျက်လုံးတွေရဲ့ပျော်ရွှင်မှုကိုမြင်တော့ မနေနိုင်ဘဲ "ဒါပေမယ့် မစ်ရှန်း တကယ်ပင်ပန်းနေတာလည်းဖြစ်နိုင်တယ်"
အမြဲတမ်းတည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ ဟန် က ဒီတစ်ခါ အတွင်းရေးမှူးရဲ့စကားကြောင့် စိတ်အားထက်သန်မှုကို မပျက်ပြားစေဘဲ ပျော်ရွှင်မှုကိုထိန်းထားပြီး "ကောင်းပြီ၊ ငါ သိပြီ၊ မင်း အရင်ထွက်သွားတော့"ဟု ဝမ်းသာအားရပြောလိုက်သည်။
အတွင်းရေးမှူးဝမ်က Boss ကိုအများကြီးမတွေးဖို့ တိုက်တွန်းချင်ပေမယ့် သူထွက်သွားခဲ့သည်။ အတွင်း ရေးမှူးဝမ် ထွက်သွားပြီးနောက် ဟန်ရှင်းယန်က သူ့ဆီကို ခုဏလေးတင် ရောက်လာတဲ့စာတိုကိုကြည့်ပြီး စဉ်းစားလိုက်သည်။ ထို့နောက် ချက်ချင်းစာမပြန်သေးဘဲ ဖုန်းခေါ်လိုက်သည်။
ရှန်းချူးချူး ဟန်ရှင်းယန်ရဲ့ ဖုန်းခေါ်တာကိုကြည့်ပြီး ဆယ်စက္ကန့်ကျော်လောက် စဉ်းစားနေပုံရသည်။ နောက် ဆုံးမှာဖုန်းကိုင်လိုက်သည်။
"မစ်ရှန်း၊ ကျွန်တော့်ကို နားလည်မှုလွဲနေတယ်လို့ထင်တယ်။ အပြင်ထွက်လာဖို့ အချိန်ရမလား ? ကျွန်တော် လာခေါ်ပါ့မယ်။"
ရှန်းချူးချူးသည် ဟန်ရှင်းယန် စကားစပြောချင်း ဒီပြဿနာကိုထုတ်ပြောလာလိမ့်မည်ဟုမထင်ထားချေ။ နားထောင်ပြီးတော့ နည်းနည်းရှက်သွားသဖြင့် ဘာပြန် ပြောရမှန်းမသိတော့ချေ။
အမြဲတမ်းစကားမပြောတတ်တဲ့ CEO ဟန်ရှင်းယန်က ဆက်ပြောလာသည်။
"မစ်ရှန်း ကျွန်တော့်ကို ထမင်းနှစ်ခါကျွေးဖို့ချိန်းထားတာကိုမေ့သွားပြီလား။ ကျွန်တော် ပိုက်ဆံရှင်းခိုင်းမှာကို ကြောက်နေတာလား။"
ရှန်းချူးချူး ဒီစကားကို ကြားတော့ ချက်ချင်း "မဟုတ်ပါဘူး။ ရှင် နားမလည်မှုလွဲနေတာ၊ ကျွန်မ အဲ့လိုမဆိုလိုပါဘူး"
ဟန်ရှင်းယန်က ရှန်းချူးချူးရဲ့စကားကိုနားထောင်ပြီး သူ့အသံမှာအပြုံးလေးနဲ့ "ကောင်းပြီ အဲ့လို မဆိုလိုဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါဆို ဒီနေ့ထက်ကောင်းတဲ့ နေ့ မရှိတော့ဘူး။ မစ်ရှန်း ဒီနေ့ ကျွန်တော့်ကိုထမင်းကျွေးပါ။ နာရီဝက်နေရင် VIP အဆောက်အဦးရဲ့နောက်ဘက် တံခါးမှာတွေ့ကြမယ်" ဟု ထပ်ပြောလိုက်သည်။
ဒီတစ်ခါတော့ ဟန်ရှင်းယန်က ရှန်ချူးချူးရဲ့အဖြေကို မစောင့်ဘဲဖုန်းချသွားခဲ့သည်။
"ဟုတ်..."
ရှန်းချူးချူးက စကားတစ်ခွန်းမှ မပြောလိုက်ရသေးခင် ဖုန်းလိုင်း ပြတ်သွားတာကိုကြားလိုက်ရသည်။
သူ့အခန်းထဲမှာ ထမင်းဘူးထုတ်ဖို့ ပြင်ဆင်နေတဲ့ သူဌေး ရဲ့ အတွင်းရေးမှူးက ရုတ်တရက် အတွင်းဘက်က တံခါးပွင့်သွားတဲ့ အသံကိုကြားလိုက်ရတယ်။ သူဌေးက သူ့ရှေ့တည့်တည့်ကိုလျှောက်လာပြီး ရေချိုးခန်းထဲကိုဝင်လာသည်။ သူဌေးက ခုနကဝင်သွားတုန်းကနဲ့ နည်းနည်းလေး ကွာခြားသွားသလိုခံစားခဲ့ရသည်။ ဒါပေမယ့် ခဏခဏ ကြည့်နေပေမယ့် ဘာကွာသွားလဲဆိုတာကို မပြောပြနိုင်ခဲ့ပေ။
သံသယဖြစ်နေတုန်းမှာ သူဌေးက သူ့ကိုလှမ်းကြည့်လာပြီး "ငါ့ကို ကားသော့ပေး၊ ငါ အပြင်သွားမလို့"
အတွင်းရေးမှူးဝမ်က ဒါကို နားထောင်ပြီး ကားသော့ကို အမြန်ရှာပေးလိုက်သည်။
ဟန်ရှင်းယန်က "အထဲက အစားအစာတွေ မစားရသေးဘူး။ မင်း ယူစားလို့ရတယ်"
သူဌေးက လူတွေကိုအရမ်းခင်မင်တဲ့ အပြုအမူကို အတွင်းရေးမှူးဝမ်က ချက်ချင်း တုံ့ပြန်နိုင်ခြင်းမရှိဘဲ "အိုး၊ ကောင်းပါပြီ" ဟု ပြောလိုက်သည်။
ရှန်ချူးချူး နာရီဝက်လောက်ကြာတော့ အပြင်ထွက်လာပြီး နောက်ဘက်တံခါးမှာ ဟိုတယ်ဝန်ထမ်းတွေကလွဲလို့ ဘယ်သူ့ကိုမှမတွေ့ခဲ့ပေ။ ဟန်ရှင်းယန်ရဲ့ကားက ဘယ်ကားလဲ သူမသိသဖြင့် တော်တော်ခက်ခက်ခဲခဲစဉ်းစားနေတုန်းမှာ သူမရဲ့ဖုန်းမြည်လာသည်။
ခေါ်ဆိုသူက ဟန်ရှင်းယန်ပင်။
ဟန်ရှင်းယန်ရဲ့ပြောတဲ့အတိုင်း ရှန်းချူးချူးက သူ့ကားကိုအမြန်ရှာတွေ့လိုက်သည်။ ကားပေါ်ကို တက်လိုက်တာနဲ့ ဟန်ရှင်းယန်က "Sorry ပါ။ ဒီမှာ paparazzi တွေ များတယ်လို့ကြားလိုက်လို့ပါ။ အတွင်းရေးမှူးဝမ်ကို မခေါ်လာဘူး။ မင်း အခက်အခဲဖြစ်မှာကြောက်လို့၊ ကျွန်တော် မဆင်းလတော့ဘူး" ဟု ပြောသည်ကိုကြားလိုက်ရသည်။
ဟန်ရှင်းယန်ရဲ့အပြုအမူအတွက် ရှန်ချူးချူးအတော်ကျေနပ်မိသည်။ သူမမှာ နာမည်ကြီးမှု သိပ်မရှိပေမယ့် အပြင်ထွက်လာတော့ မျက်နှာဖုံးတပ်ကာ ဦးထုပ်တောင် ဆောင်းထားသဖြင့် သူမ၏မိခင်ပင် မှတ်မိနိုင်မည်မဟုတ်ပေ။
ထိုအကြောင်းကိုတွေးရင်း ရုတ်တရက် ပြဿနာတစ်ခုကို သတိရသွားပြီး ဒါဆို ဟန်ရှင်းယန်က သူမကိုဘယ်လို လုပ်မှတ်မိသွားတာလဲ...
"အဲ့လူက ကျွန်မ မှန်းဘယ်လိုသိတာလဲ ?"
ဟန်ရှင်းယန်က ကားစက်နှိုးနေရင်း ရှန်ချူးချူးရဲ့ စကားကိုကြားလိုက်ရပြီး သူကမဆိုင်းမတွဘဲ "တစ်ချက်ကြည့်လိုက်ရုံနဲ့ သိတယ်" ဟုပြောလာသည်။
"အာ ? အရမ်းသိသာလို့လား။ စောနက သတင်းထောက်တွေရှိရင် ကျွန်မကိုရိုက်မိသွားနိုင်တယ် မဟုတ်ဘူးလား" ရှန်ချူးချူး စိုးရိမ်တကြီးမေးလိုက်သည်။
ဟန်ရှင်းယန်ကပြုံးပြီး "စိတ်ချပါ။ ကျွန်တော် အတော်ကြာကြာရှိနေခဲ့တာပါ။ paparazzi တွေကိုမတွေ့မိသေးပါဘူး။ ပြီးတော့ မသိတဲ့သူတွေက မင်းကို မှတ်မိနိုင်မှာမဟုတ်ဘူး" ဟု ပြန်ဖြေလိုက်သည်။
ရှန်ချူးချူးက ဒီစကားကို စဉ်းစားပြီး အလေးအနက် မောင်းနှင်နေတဲ့ ဟန်ရှင်းယန်ကို ကြည့်လိုက်ကာ ဒီမြင် ကွင်းကလည်း အရင်ကနဲ့တူနေသလို ခံစားရသည်။
ကြည့်နေရင်း ပြီးပြည့်စုံတဲ့ မျက်နှာဘေးပုံစံ ပိုင်ဆိုင်ထားတဲ့ သူက ရုတ်တရက် သူ့ခေါင်းကိုလှည့်ပြီး "ဘယ်မှာ စားချင်လဲ" ဟု မေးလိုက်သည်။
ရှန်ချူးချူး အံ့အားသင့်သွားပြီး သူ့မျက်လုံးတွေက ဟန်ရှင်းယန်ကို ဘယ်ညာကြည့်လိုက်သည်။ "ကျွန်မ ဒီကို သိပ်မရင်းနှီးဘူး။ ဘာစားလို့ကောင်းလဲ မသိဘူး"
ဟန်ရှင်းယန်က ခေါင်းညိတ်ပြီး "ကောင်းပြီ၊ ကောင်းပြီ" ဟုပြောလိုက်ကာ အဲဒီနောက် ဟန်ရှင်းယန်က အာရုံစိုက်ပြီး ကားမောင်းနေသည်။ မိနစ်နှစ်ဆယ်လောက်ကြာတော့ ကားကဘယ်ဘက်ကို ချိုးပြီး လမ်းကြားလေးထဲကို ဝင်သွားခဲ့သည်။ လမ်းကြားကိုကျော်သွားပြီး မကြာခင်မှာ ထူးခြားတဲ့ ကိုယ်ပိုင်စားသောက်ဆိုင်တစ်ခု တွေ့လိုက်ရသည်။
ကားရပ်ပြီး နှစ်ယောက်ဆင်းလာခဲ့သည်။
ရှန်းချူးချူးက "CEO ဟန် ဟန်တျန်းကို အမြဲလာနေကျလား။ ဒီနေရာနဲ့ ရင်းနှီးနေပုံရတယ်"
ဟန်ရှင်းယန်က ရှန်းချူးချူးကို ဘေးတိုက်ကြည့်ပြီး "မဟုတ်ပါဘူး၊ ဒါ ပထမဆုံးအကြိမ်ပါ"
"ဒီလောက်လျှို့ဝှက်တဲ့နေရာကို ဘယ်လိုသိလဲ"
ဟန်ရှင်းယန်က အနည်းငယ်ပြုံးပြီး "မစ္စရှန်းနဲ့ အတူစားဖို့ သေချာစုံစမ်းထားတာပါ" ဟုပြောလိုက်ပြီး ရှန်းချူးချူး ၏ပြုံးနေသောမျက်လုံးများကိုကြည့်ကာ ကောင်းကင်မှာရှိတဲ့ကြယ်တွေတောင် သူ့မျက်လုံးလောက်မတောက်ပဘူးဟု ခံစားလိုက်ရသည်။