အခန်း (၅၇)
Vol. 6 Ch. 57
စားသောက်ပြီးချိန်မှာ နှစ်ယောက်စလုံး ဘာပြောရမှန်းမသိဖြစ်နေကြသဖြင့် ရှန်းချူးချူး စားပွဲပေါ်မှလက်ဖက် ရည်ကို ယူသောက်လိုက်သည်။ ဒီတစ်ခေါင်အပြင်ထွက်လာခြသ်းသည် ဟန်ရှင်းယန်နှင့်ရှင်းရှင်းလင်းလင်းပြောချင်လို့ဆိုသော်ငြား ဘာပြောရမှန်းမသိဖြစ်နေခဲ့သည်။ သူ့အတွေးတွေ ရှုပ်ထွေးနေချိန်မှာ ဟန်ရှင်းယန်ကစကားစပြောလိုက်သည်။
ဟန်ရှင်းယန်က တစ်ခုခုကိုနားလည်သွားပုံရပြီး ရှန်းချူးချူး ကိုကြည့်ကာ " မစ္စရှန်းကို တစ်ခုလောက် မေးပါရစေ၊ မက်ဆေ့မှာပြောထားတဲ့ နားလည်မှုလွဲတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ?" ဟု မေးလိုက်သည်။
ရှန်းချူးချူး ထိုသို့မေးလာသဖြင့် ပိုပြီးရှက်သွားခဲ့သည်။ ဟန်ရှင်းယန်က တိုက်ရိုက်မေးလာလိမ့်မယ်လို့ မထင်ထားပေ။ တစ်ဖက်လူက သူ့စိတ်ကိုဖတ်သွားနိုင်ပုံရသည်။ နောက်ထပ်လက်ဖက်ရည်တစ်ငုံသောက်ပြီး တစ် ဖက်မှာထိုင်နေတဲ့ သူကို မော့ကြည့်လိုက်သည်။ အခုချိန်မှာ သူ့ကို စူးရှတဲ့အကြည့်နဲ့ ကြည့်နေပြီး သူ့ရဲ့အဖြေကို နားထောင်ချင်နေပုံရသည်။
ရှန်းချူးချူး ခဏလောက်တွေးနေပြီးနောက် လက်ဖက် ရည်ခွက်ကိုချလိုက်ကာ "ဘာမှ မဟုတ်ပါဘူး။ ကျွန်မပြောခဲ့သလိုပါပဲ။ CEO ဟန်ရဲ့အပြုအမူတချို့ကို နား လည်မှု လွဲသွားတယ်လို့ထင်ပါတယ်။ ဥပမာ CEO ဟန်မှာ ရည်းစားရှိနေပြီး တခြားအမျိုးသမီးအနုပညာရှင်တွေနဲ့ ပတ်သတ်နေတာကိုသိသွားရင် စိတ်မကောင်းဖြစ်မှာသေချာတယ်။ CEO ဟန်ကို နှစ်ခါထမင်းကျွေးဖို့ကျန်နေသေးတယ်။ ဒါပေမယ့် နောက်တစ်ခါကျ CEO ဟန်ရဲ့ချစ်သူကိုပါခေါ်လာလို့ရပါတယ်" ဟုပြောလိုက်သည်။
နောက်ဆုံးမှာတော့ ရှန်းချူးချူးသည် သူ့စိတ်ထဲပြောချင်နေသည်ကိုထုတ်ပြောလိုက်ပြီး ထိုစကားပြောပြီးနောက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု အားချလိုက်ရသလိုခံစားရမယ်လို့ထင်ထားပေမယ့် ဘာကြောင့်မှန်းမသိပိုစိတ် ဓာတ်ကျသွားသည်။ ဒီလိုခံစားချက်က ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို သူ တကယ်မသိပေ။ သူမရဲ့စိတ်ထဲမှာ နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်နေပြီး စားပွဲပေါ်က အေးစက်နေတဲ့ လက်ဖက်ရည်သောက်ပြီး စိတ်တည်ငြိမ်အောင်လုပ်နေမိသည်။
ဒါပေမယ့်ခွက်ကိုချပြီး တစ်ဖက်လူရဲ့မျက်နှာကိုကြည့်လိုက်ရာ ခုနကပြောခဲ့တဲ့စကားတွေက နည်းနည်းလေး လွန်သွားပြီဟုခံစားလိုက်ရသည်။ ဟန်ရှင်းယန်က သူ့ကို ကူညီခဲ့တာကိုပြန်စဉ်းစားပြီး သူတို့နှစ်ယောက်ရဲ့ အသေး စိတ်အချက်အလက်တွေကိုပြန်စဉ်းစားပြီးနောက် သူမကိုယ် သူမ ကျေးဇူးမသိတတ်တဲ့ လူဆိုးတစ်ယောက်ဖြစ်နေသလိုခံစားလိုက်ရသည်။
"CEO ဟန်၊ နားလည်မှုမလွဲနဲ့နော်၊ ကျွန်မ ခုနကပြောတဲ့စကားတွေမှာ တခြားအဓိပ္ပာယ်မရှိပါဘူး။ နောင်ကျ အကူအညီလိုရင်ပြောလို့ရပါတယ်။ ကျွန်မတို့ရဲ့ဆက်ဆံရေးကို ဖြတ်တောက်ဖို့မဟုတ်ပါဘူး....." ဟု ရှန်းချူးချူး အလျင်အမြန်ရှင်းပြလိုက်သည်။
ဟန်ရှင်းယန်က "ရည်းစား ? ကျွန်တော့်ရဲ့ ?"
ရှန်းချူးချူးက ဟန်ရှင်းယန်ရဲ့ စကားတွေကိုနားထောင်နေပေမယ့် တစ်ဖက်လူက သူ့ကို ကျေးဇူးမသိတတ်တဲ့ မကောင်းတဲ့လူတစ်ယောက်ဟု နားလည်မှုလွဲသွားပြီလို့သာ ထင်နေခဲ့သည်။
ဒါကြောင့် ခေါင်းညိတ်ပြီး "ဟုတ်၊ ချင်ယင်ရန်က CEO ဟန်ရဲ့ ရည်းစားမဟုတ်ဘူးလား ? CEO ဟန် သူ့ခံစားချက်ကိုလည်းထည့်စဉ်းစားသင့်တယ်လို့ထင်တယ်"
ဟန်ရှင်းယန် သူ့ကိုယ်သူ ဖောက်ပြန်သူတစ်ယောက်လို ခံစားလိုက်ရသည်။ အရင်က ချင်ယင်ရန်ရဲ့ နာမည်ကို ကြားလိုက်ရတိုင်း စိတ်ပျက်တဲ့ခံစားချက်မျိုးသာဖြစ်ခဲ့သည်။ ဒါပေမယ့် ခုနက တစ်ဖက်မိန်းကလေးက နာမည်ကိုထုတ်ပြောလိုက်ချိန်မှာ သူ့ရင်ထဲပျော်ရွှင်မှုလေးခံစားလိုက်ရသည်။
ဒါဆို တစ်ဖက်လူက သူ့နဲ့ ချင်ယင်ရန်ရဲ့ ဆက်ဆံရေးကို တကယ် နားလည်မှုလွဲသွားတာလား ? သူ့အတွင်းရေးမှူး ပြောတာမှန်တာပဲ။ ဒါပေမယ့် ရှင်းပြစရာရှိတာကို ရှင်းပြရမည်ဟုထင်မိသည်။
စကားပြောဖို့ ပြင်နေချိန်မှာ ဟန်ရှင်းယန်က ရုတ်တရက် အခွင့်အရေးတစ်ခုရသွားသည်။
"မစ်ရှန်း ကျွန်ေတာ်ကို ခွင့်ပြုပါ၊ ချင်ယင်ရန်နဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးကို မစ်ရှန်းက ဂရုစိုက်နေတာလား ?"
ဒါက ဘယ်လိုမေးခွန်းမျိုးလဲ ? ဒီစကားကိုကြားပြီးနောက် ရှန်းချူးချူး အလျင်အမြန်ရှင်းပြလိုက်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ ? CEO ဟန်နဲ့ ချင်ယင်ရန်ရဲ့ ဆက် ဆံရေးက CEO ဟန်တို့ရဲ့ကိစ္စပါ။ ကျွန်မ ဘာလို့ ဂရုစိုက် ရမှာလဲ ? CEO ဟန်က အထင်လွဲနေပြီ"
ဟန်ရှင်းယန် ရှန်းချူးချူးရဲ့မျက်နှာကိုကြည့်ပြီး ဘယ်နေရာ မှားသွားလဲမသိပေ။ သူ ရှင်းပြလိုက်တာကို တစ် ဖက်လူကပိုပြီးစိတ်မပျော်မရွှင်ဖြစ်သွားခဲ့သည်။
"မစ်ရှန်း ကျွန်တော့် စိတ်ထင် မစ်ရှန်းတစ်ခုခုကိုနားလည် မှုလွဲနေတဲ့ပုံပဲ၊ ကျွန်တော် အခု Single ပါ။ ရည်းစားဆိုတာမျိုးမရှိဘူး။ ဒါကြောင့် ချင်ယင်ရန်က ကျွန်တော့်ရဲ့ ရည်းစားမဟုတ်ဘူး"
ရှန်းချူးချူး ထိုစကားကိုကြားပြီးနောက် စိတ်သက်သာရာမရတဲ့အပြင် သူ့ရဲ့ရင်ထဲအေးစက်သည့် ခံစားချက်တွေဖြစ်ပေါ်လာသည်။
'ဒီလို အဆင့်အတန်းကလူတွေက အမျိုးသမီးအနုပညာရှင်တစ်ယောက်ကို သူ့ရဲ့ရည်းစားဆိုပြီး ဘယ်လိုလုပ်အလွယ်တကူဝန်ခံနိုင်မှာလဲ။ ဒါမှမဟုတ် မိန်းကလေးသူငယ်ချင်းလို့ ပြောသင့်လား ?'
ဟန်ရှင်းယန် ရှန်းချူးချူးရဲ့မျက်နှာကိုကြည့်ပြီး ဘယ်နေရာမှာ မှားသွားလဲမသိပါချေ။ သူရှင်းပြလိုက်တာကို တစ်ဖက်လူကပိုပြီးစိတ်မပျော်ဖြစ်သွားသည်။ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ ?
တစ်မိနစ်လောက်ကြာတော့ ရှန်းချူးချူးက ပြန်ပြောလိုက်သည်: "အို၊ ချင်ယင်ရန်က CEO ဟန်ရဲ့ရည်းစားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကျွန်မတို့နှစ်ယောက် အမြဲသီးသန့်တွေ့နေတာကမကောင်းဘူး။"
ဟန်ရှင်းယန် ရှန်းချူးချူးရဲ့စကားကိုနားထောင်ပြီး သူ့ရဲ့ မျက်ခုံးတွေ ပိုပြီးတွန့်သွားသည်။ သူ ခုနကရှင်းပြပြီးပြီ မဟုတ်ဘူးလား ? ဘာလို့ တစ်ဖက်လူက နားလည်မှုလွဲနေရတာလဲ။
"မစ္စရှန်း ခုနက ကျွန်တော်ပြောတာကိုနားမလည်ဘူးလား ?၊ ကျွန်တော် ထပ်ရှင်းပြရမလား?"
ရှန်းချူးချူးက ဟန်ရှင်းယန် ရဲ့စကားကို နားထောင်ပြီး သူ့ရဲ့ စိတ်ထဲဒုက္ခရောက်သလိုဖြစ်နေသည်။ နည်းနည်းလေးသရော်သလိုနဲ့
"နားလည်တယ်လို့ ပြောရမှာပေါ့။ CEO ဟန်နဲ့က ရည်း စားမဟုတ်ဘူး၊ ဒါပေမယ့် သူငယ်ချင်းလည်းဖြစ်နိုင် မဟုတ်ဘူးလား ? သူကလည်း CEO ဟန်ရဲ့ မိန်းကလေးသူငယ်ချင်းပဲလေ မဟုတ်ဘူးလား ?"
ဒီစကားကို ပြောလိုက်ချိန်မှာ ရှန်းချူးချူးရဲ့အသံက အနည်းငယ် ပြတ်ပြတ်သားသားပုံစံဖြစ်သွားစေသည်။ ဒါပေမယ့် အရင်က လူနှစ်ယောက်ကြားက အဖြစ်အ ပျက်ကို ပြန်စဉ်းစားမိပြီး ချင်ယင်ရန်နဲ့ ပျော်ရွှင်မှုကိုပြန်စဉ်းစားမိတော့ သူမ ပြောတာမှန်တယ်ဟုခံစားလိုက်ရသည်။
CEO ဟန်က မိန်းကလေးသူငယ်ချင်းဆိုတဲ့ စကားကို ကြားချိန် မျက်မှောင်ကြုတ်သွားကာ သူ့ထံ "မိန်းကလေးသူငယ်ချင်း" ဆိုတာမျိုးမရှိခဲ့ဖူးပေမယ့် သူ့ ပတ်ဝန်း ကျင်က သူငယ်ချင်းတွေမှာ မရှိဘူးလို့မဆိုလိုပါ။ သူတို့ အသိုင်းအဝိုင်းမှာ ဒီလိုမျိုးတွေရှိတာကိုလည်းတွေးမိ သည်။ တချို့လူမျညးသည် ရည်းစားရှိတာ ဒါမှမဟုတ် အိမ်ထောင်ကျပြီးပင်လျှင် "မိန်းကလေးသူငယ်ချင်း" ဆိုတာမျိုးရှိနေတတ်ကြသည်။
ဒါပေမယ့် CEO ဟန်က အဲ့လိုလူမျိုးမဟုတ်ချေ။
ဝမ်းနည်းစရာကောင်းတာက သူက အဲ့လိုလူမျိုး မဟုတ်ပေမယ့် အဲ့လိုလူမျိုးလို့အထင်လွဲခံနေရတာပဲ။ ဒါကြောင့် သူက ရည်းစားမဟုတ်ဘူးလို့ အလေးအနက်ပြောလိုက်တာက တစ်ဖက်လူကို ပိုပြီးစိတ်ဆိုးသွားစေတာလား။
"မစ်ရှန်း၊ ကျွန်တော်တော့ မစ်ရှန်းနားလည်မှုလွဲနေတာလို့ပဲထင်တယ်။ ကျွန်တော် အဲ့လိုလူမျိုးမဟုတ်ပါဘူး။ ကျွန် တော် ရည်းစားမရှိဘူးလို့ပြောလိုက်တာက တကယ်ကို ရည်းစား မရှိလို့ပါ။ မိန်းကလေး သူငယ်ချင်းဆိုတာမျိုးလည်း မရှိဘူး။" ဒီစကားကို ပြောပြီးနောက် ဟန်ရှင်းယန်က ခဏရပ်ပြီး နောက်ထပ် တစ်ခွန်းထပ်ပြောလိုက်သည်။
"ကျွန်တော် ဒီလိုရှင်းပြတာကို မစ်ရှန်း နားလည်ရဲ့လား"
ရှန်းချူးချူး ဟန်ရှင်းယန်၏အလေးအနက်ထားသည် မျက်လုံးများနဲ့ စိုက်ကြည့်ခံလိုက်ရသဖြင့် သူ့ရဲ့ နှလုံးခုန်နှုန်းတွေ မြန်လာခဲ့သည်။ နှုတ်ခမ်းတွေ ခြောက်လာပြီး လည်ချောင်းတွေ တင်းလာတယ်လို့ ခံစားလိုက်ရသည်။ "နားလည်ပါတယ်"ဟု ပြန်ဖြေလိုက်သည်။
ဟန်ရှင်းယန် စိတ်ထဲသက်ပြင်းချလိုက်ပြီး နည်းနည်းလေး ကိုယ့်ကိုယ်ကိုပြန်လှောင်ပြုံးလိုက်ပြီး
"မစ်ရှန်း ဒီလိုနားလည်မှုလွဲတာက အမှားမဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါ ကျွန်တော်တို့အသိုင်း အဝိုင်းက လူတွေရဲ့ပုံစံကြောင့် မစ်ရှန်း ဒီလိုထင်သွားတာလည်း အံ့ဩစရာမရှိပါဘူး"
ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ရင်းနှီးသည့် ရှင်းပြ ချက်ကိုနားထောင်ပြီး သူ့မျက်နှာနည်းနည်းလေးပြန်ရဲသွားသည်။
ရှန်းချူးချူး ချင်ယင်ရန်အား အရမ်းစိတ်ပူနေသည်ကို သတိရပြီး ဟန်ရှင်းယန်သည် လူနှစ်ယောက်ကြားက နားလည်မှုလွဲတာတွေကို အားလုံးရှင်းပြလိုက်တာပိုကောင်းသည်ဟုခံစားလိုက်ရသည်။
"မစ်ရှန်း တကယ်တော့ ကျွန်တော် နောက်ဆုံး Weibo မှာ သတင်းတတ်ကတည်းက ရှင်းပြချင်ခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီအချိန်က မစ်ရှန်းမရှိတော့ ကျွန်တော် ပြောဖို့အခွင့်မသာခဲ့ဘူး။ အဲ့ဒီနေ့က ချင်ယင်ရန်ကို အိမ်ပြန်ပို့ပေးရတဲ့ အကြောင်းရင်းက ချင်ယင်ရန်ရဲ့ခြေထောက် ဒဏ်ရာရသွားလို့ပါ၊ သူက တံခါးဝမှာကျွန်တော့်ကားကိုရပ်ခိုင်း လိုက်တာကြောင့် သူ့ကို လမ်းကြုံပြန်ပို့ပေးလိုက်တာ၊ ဒီနေ့ မစ်ရှန်းကို ကားထဲမှာစောင့်နေတုန်း ကားတစ်စီးနောက်ကလိုက်နေတယ်လို့ခံစားနေရတာ နောက်တော့ ကျွန်တော်ထင်တာမှန်တဲ့ပုံပဲ ချင်ယင်ရန်ကိုနောက်တစ်ခါ ထပ်တွေ့လိုက်ရတယ်။ အရင်တစ်ခါ hot search ကိစ္စလဲ ကျနော် သူ့ကို ဂရုမစိုက်လိုက်မိဘူး။"
ဟန်ရှင်းယန် ၏စကားကို နားထောင်ပြီးနောက် ရှန်းချူးချူးအကြောင်းအရင်းကို သဘောပေါက်သွားသည်။ နောက်ဆုံး Hot Search က ချနးရှီလီထင်ထားသလိုပင်။ ချင်ယင်ရန် တမင် hot Search ဝယ်ထားပုံရပြီး နောက် ပိုင်း ဟန်ရှင်းယန်ဘက်ကပြန်ရုပ်သိမ်းသွားခြင်းပင်။ ဒီတစ်ခါလည်း ချင်ယင်ရန်နဲ့ ဟန်ရှင်းယန်တို့ တိုက်တိုက်ဆိုင်ဆိုင်ဆုံတွေ့ခဲ့ကြခြင်းပင်။ ဟန်ရှင်းယန်ရဲ့ တကယ့် ရည်ရွယ်ချက်က တကယ်တော့...
ဒီအကြောင်းကို စဉ်းစားပြီး ရှန်းချူးချူး ဟန်ရှင်းယန်ကို မော့ကြည့်လိုက်ရာ တစ်ဖက်လူ မျက်နှာမကြည်မသာဖြစ်နေသည်ကို တွေ့လိုက်ရသည်။
တစ်ဖက်လူ ရှင်းပြခဲ့တဲ့စကားတွေကိုစဉ်းစားပြီး ရှန်းချူးချူးက သူ့ကိုယ်သူ ပိုပြီးပူလာတယ်လို့ခံစားလိုက်ရပြီး သူ့ရဲ့ မျက်နှာကပိုရဲလာခဲ့သည်။ ဒါဆို ဘာလို့ သူ့ကို အများကြီး လာရှင်းပြနေတာလဲ ?
တိတ်ဆိတ်နေချိန်မှာ စားပွဲထိုးက စားစရာတွေလာချပေးခဲ့သည်။ ရှန်းချူးချူးက တိုးတိုးလေး "အိုး၊ သိပြီ" ဟု ပြောလိုက်သည်။
ဟန်ရှင်းယန် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အကြည့်နဲ့ ရှန်းချူးချူးကိုကြည့်လိုက်သည်။ စားစရာတွေကို အလေးအနက်ထားတဲ့ပုံစံကိုကြည့်နေရင်း ဒီအကြောင်းကို ဆက်မပြောလာတော့ပေ။
အဘယ့်ကြောင့်ဆိုသော် စားပွဲထိုးလာပို့ပေးသည့် စားစ ရာတွေကို သူမ အလေးအနက်ထားပြီးကြည့်နေခဲ့ခြင်းကြောင့်ပင်။
အမှန်မှာ အာရုံပြောင်းဖို့အတွက် ဒီစားစရာတွေကိုကြည့်နေရုံသက်သက်သာ။ ဒါပေမယ့် ကြည့်ရင်းနဲ့ နည်းနည်း စိတ်ပျက်သွားခဲ့သည်။ ဒီစားစရာတွေက နည်းနည်းစပ်ပုံရပြီး သူ့အတွက် စားစရာသိပ်မရှိပေ။
စားနေချိန်မှာ ဟန်ရှင်းယန်သည် ရှန်းချူးချူး၏အစား စားချင်စိတ် အရမ်းနည်းသွားပုံရသည်ကို ရုတ်တရက် တွေ့လိုက်ပြီး ဒါကိုမြင်တော့ သူ့က စဉ်းစားပြီး မေးလိုက်သည်။
"ဘာလို့လဲ၊ စားစရာတွေက အဆင်မပြေဘူးလား ?"
ဒါမှမဟုတ် တစ်ဖက်လူက အခုထိပြဿနာကို ဂရုစိုက်နေတုန်းလား ? သူ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ခဲ့လို့လား ?
ဟန်ရှင်းယန်စိတ်ထဲ အတွေးအမျိုးမျိုး ဝင်လာချိန် ရှန်းချူးချူးက ခေါင်းခါပြီး
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ နားလည်မှုမလွဲပါနဲ့ ကျွန်မ အစားစားချင်စိတ်နည်းနည်းပဲရှိလို့ပါ"
ဒီစကားကိုနားထောင်ပြီးနောက် ဟန်ရှင်းယန်က သူ့လက်ထဲကတူကို ချပြီး စိုးရိမ်တကြီးမေးလိုက်သည်။
"မစ်ရှန်း နေမကောင်းလို့လား ? ဒီရက်ပိုင်းမှာ ရာသီဥတအေးတော့ ခန္ဓာကိုယ်ကိုဂရုစိုက်ဦးနော်၊ ရိုက်ကူးရေး ကြန့်ကြာနေလိမ့်မယ်။"
ရှန်းချူးချူး တိတ်တဆိတ်ခေါင်းခါပြီး သက်ပြင်းချရင်း တိုးတိုးလေး "မဟုတ်ပါဘူး၊ ဒါရိုက်တာက ကိုယ်အလေး ချိန်ထိန်းခိုင်းထားလို့၊ အရမ်းဝလာရင် ဇာတ်ကောင်နဲ့ မကိုက်ညီတော့ဘူးလို့ပြောလို့လေ"
အဲဒီနောက် ရှန်းချူးချူး သူ့ရဲ့မျက်နှာက အရမ်းရဲသွားသလို့ခံစားလိုက်ရသည်။
"ဟုတ်လား ? မစ်ရှန်းရဲ့ အလုပ်က တကယ်ခက်တဲ့ပုံပဲ အစားတောင် ကောင်းကောင်းမစားနိုင်ဘူး" လ
စားသောက်ပြီးနောက်မှာ ဟန်ရှင်းယန်က ရှန်းချူးချူး ကိုကားနှင့်ပြန်ပို့ပေးခဲ့သည်။ လမ်းတစ်လျှောက်လုံး ဘယ်သူမှစကားမပြောကြဘဲ ကားအား နောက်တံခါးမှာ ရပ်ပြီးစောင့်နေချိန် ရှန်းချူးချူး ကားထဲက မဆင်းလာခဲ့ချေ။ ဟန်ရှင်းယန် သူ့ကို တစ်မိနစ်လောက်စိုက်ကြည့်နေချိန် ရှန်းချူးချူး ဟန်ရှင်းယန်အားလှည့်ကြည့်လာပြီး
"CEO ဟန် ဘယ်လိုလုပ် ဟန်တျန်းကိုရောက်နေတာလဲ ? အလုပ်ရှိလို့လား ?"