← Chapters

အခန်း (၅၈)

Vol. 6 Ch. 58

အခန်း (၅၈)

Vol. 6 Ch. 58

ရှန်းချူးချူး ဒါ တကယ်ထူးဆန်းတယ်ဟု တွေးမိခဲ့သည်။ သူမက အချစ်အကြောင်းကို ဘယ်တုန်းကမှ မပြောဖူးပေ။ သူမရဲ့ ခံစားချက်တွေက ရပ်တန့်စေပြီး တစ်ခုခု မှားနေသည်ကို သတိထားမိခဲ့သည်။

ဒီတစ်ခေါက်က ဟန်ရှင်းယန်နဲ့တွေ့ပြီးကတည်းက သိခဲ့ရတဲ့အရာတွေကိုစဉ်းစားနေမိခဲ့သည်။ ပထမဆုံးတွေ့တဲ့ အချိန်ကစပြီး အခုချိန်အထိ တစ်ဖက်လူက သူမအပေါ် အရမ်းစိတ်အားထက်သန်နေပုံရသည်။ ဒါပေမယ့် သူ့ရဲ့ ရုပ်ရည်နဲ့ ကြားခဲ့ရတဲ့ ကောလာဟလတွေကိုတွေးကြည့်ရင် သူသည် စိတ်အားထက်သန်တဲ့သူ မဟုတ်ပေ။ ဒါဆို သူ့ရဲ့ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ.....

သူ အခုလေးတင် သူမကို အကြောင်းအရာတွေအများကြီးရှင်းပြခဲ့ပေမယ့် စဉ်းစားကြည့်ရင် နည်းနည်းလွန် သွားသလိုပဲ......

ဟန်ရှင်းယန်က ခေါင်းကိုခါယမ်းပြီး ကားစတီယာတိုင်ကိုကိုင်ကိုင်ပြီး ရှေ့ကိုကြည့်လိုက်သည်။

"မဟုတ်ပါဘူး၊ အလုပ်က နောက်မြို့တစ်ခုမှာပါ၊ ကျွန် တော် ဟန်တျန်းကို အထူးအနေနဲ့လာခဲ့တာ"

"ဒါဆို ဘာလို့ အထူးအနေနဲ့လာတာလဲ ? ကိစ္စတစ်ခုခုရှိလို့လား ? ဒါမှမဟုတ် ရှင် တစ်ယောက်ယောက်နဲ့ တွေ့ဖို့ရှိလို့လား ?"

"မစ္စရှန်း ဘာပြောလိုက်တာ ?"

"ကျွန်မ... ကျွန်မ မသိဘူး" ရှန်းချူးချူး ခေါင်းကိုခါယမ်းပြီး ကြောက်လန့်တကြားပြောလိုက်သည်။

ဟန်ရှင်းယန် ဒီအဖြေကိုကြားတော့ သက်ပြင်းချလိုက် ကာ "မစ္စရှန်း.... မင်း..."

ဟန်ရှင်းယန် တစ်ခုခုပြောဖို့ လုပ်နေတုန်းဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ သူ့အမေရဲ့ ဖုန်းဖြစ်နေသည်။ သူ ရှန်းချူးချူးကို တိုးတိုးလို့ပြောပြီး ဖုန်းကိုင်လိုက်သည်။

"ရှင်းယန် ဘယ်မှာလဲ ? ဒီည ပြန်လာနိုင်မလား ? မင်းအဖိုး ရုတ်တရက်နေမကောင်းဖြစ်သွားလို့ ဆေးရုံသွားနေရတယ်။ မင်း အရမ်းအလုပ်မရှုပ်ဘူးဆိုရင် မြန်မြန်ပြန်လာခဲ့။"

ဟန်ရှင်းယန် ဒါကို ကြားတော့ သူ့ရဲ့ ရင်ဘတ်ထဲတင်း ကြပ်သွားပြီး "ကျွန်တော် အခုပြန်လာခဲ့မယ်" ဟုပြောလိုက်သည်။

ဖုန်းချပြီး ဟန်ရှင်းယန် ရှန်းချူးချူးကိုစက္ကန့်အနည်းငယ် ကြည့်ပြီး တစ်ခုခုပြောချင်ပေမယ့် ဘာမှမပြောခဲ့ပေ။

"ဆောရီးပါ မစ္စရှန်း အိမ်မှာ နည်းနည်းအရေးကြီးကိစ္စလေးရှိလို့ ကျွန်တော် ပြန်သွားရမယ်။"

ရှန်းချူးချူးက စကားအနည်းငယ် ကြားလိုက်ရသဖြင့်

"ရပါတယ်၊ အရေးကြီးကိစ္စပေါ်လာပဲကို ဒါပေမယ့် အရမ်းစိတ်မပူပါနဲ့၊ အဆင်ပြေသွားမှာပါ။" ဟုအမြန်ပြောလိုက်သည်။

ဟန်ရှင်းယန် အနည်းငယ်ပြုံးပြီး "ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်"

ရှန်းချူးချူး ဟိုတယ်ကိုပြန်ရောက်တော့ ညဘက်မှာ အိပ်မပျော်တဲ့ အဖြစ်မျိုးကြုံခဲ့ရသည်။ ကံကောင်းစွာနဲ့ နောက်နေ့မှာ သူ့ရဲ့ရိုက်ကွင်းမရှိတာကြောင့် မဟုတ်ရင် ဒါရိုက်တာထျန်းထံမှ အအော်ခံရလိမ့်မည်။

နောက်ထပ်တစ်ပတ်ရိုက်ကူးပြီးနောက် ရှန်းချူးချူးရဲ့ ရိုက်ကွင်းပြီးဆုံးသွားခဲ့သည်။ ကျန်တဲ့ အခန်းတွေကို တစ်လအကြာမှပြန်ရိုက်ကူးရမည်။

ကုမ္ပဏီက သူမအားကြော်ငြာတစ်ခုပေးထားသဖြင့် သူမက အခွင့်ကောင်းယူပြီး ရိုက်ကူးခဲ့သည်။

လေယာဉ်ပေါ်ဆင်းလာတော့ သူမ တကယ် နာမည်ကြီးသွားပြီလို့ခံစားလိုက်ရသည်။ လူအုပ်ထဲ တစ်ခါတစ်ရံ သူမနာမည်ကိုပြောဆိုနေကြပြီး တချို့က ဘေးနားမှာ ဓာတ်ပုံရိုက်နေကြသည်။ ဒီခံစားချက်က သူမအတွက် အရမ်းထူးဆန်းနေသည်။

သွားတဲ့လမ်းတစ်လျှောက်လုံးပြုံးနေခဲ့သည်။ ဒီတစ်ခါ ရှန်းချူးချူးမမေးဘဲ ဝမ်းချမ့်တိုက်ရိုက်ပြောလာသည်။

"ဘောစ့်က တကယ်နာမည်ကြီးနေတဲ့ပုံပဲ၊ ပရိသတ်တွေတောင်ရှိနေပြီ။"

လေယာဉ်ကွင်းထိလာကြိုတဲ့ မိန်းကလေးအနည်းငယ်ကို တွေးမိလိုက်သဖြင့် ရှန်းချူးချူးစိတ်ထဲဂုဏ်ယူမှုတစ်ခု ဖြစ်ပေါ်လာသည်။ ဒါက မင်းသား/မင်းသမီး ဖြစ်ရခြင်းရဲ့ဆွဲဆောင်မှုလားဟုမဆီမဆိုင်တွေးမိပြန်သည်။

ရှန်းချူးချူး ဟန်တျန်းက ပြန်လာတာကို သိလိုက်ရတော့ ဝမ်ကျင်းက ရှန်းချူးချူးနှင့်ချိန်းဆိုခဲ့သည်။ ဒီတစ်ခါ သူမက ရှန်းချူးချူးကိုပြောပြစရာ သတင်းကောင်းတစ်ခုရှိနေခဲ့သည်။ မကြာသေးခင်က သူမကိုလိုက်နေတဲ့ ယောက်ျားတစ်ယောက်ကို ကြည့်ထားပေမယ့် ဘာလုပ်ရမလဲမသေချာသေးချေ။ ဒီကိစ္စကို ရှန်းချူးချူးနဲ့ ဆွေး နွေးချင်နေပြီး သူ့အမြင်ကိုနားထောင်ချင်သည်။

ရှန်းချူးချူး ဝမ်ကျင်းနဲ့ တိုင်ပင်ရတာကိုအရမ်းပျော်ရွင်သလိုဖြစ်မိသည်။

ရလဒ်အနေနဲ့ ယောက်ျားလေးရဲ့ ဓာတ်ပုံကိုမြင်ပြီးနောက် ရှန်းချူးချူး က တစ်ဖက်လူက ဝမ်ချင်းရဲ့အနာဂတ် ခင်ပွန်း မဟုတ်သည်ကိုတွေ့ရှိလိုက်ရသည်။ ဒါက သူမအတွက်တကယ်ခက်ခဲတဲ့ပြဿနာတစ်ခုပင်။ ပထမဆုံးအကြိမ် သူမ ဒီလိုခက်ခဲတဲ့ပြဿနာမျိုးနဲ့ ကြုံတွေ့ခဲ့ရသည်။

ရှန်းချူးချူး ဖုန်းထဲက ပုံကိုမျက်မှောင်ကြုတ်ကာ ကြည့်နေတာကို ကြည့်ပြီး ဝမ်ကျင်းကစိုးရိမ်တကြီး မေးလိုက်သည်။

"ချူးချူး၊ သူ့မှာ တစ်ခုခုပြဿနာရှိနေတာလား ? ငါ့ရဲ့ အရင်လူလောက် မကောင်းဘူးလား။"

ရှန်းချူးချူးမော့ကြည့်လိုက်ရာ ဝမ်ကျင်း စိုးရိမ်တကြီး ကြည့်နေတာကိုမြင်တော့ ရုတ်တရက် သဘောပေါက်သွားသည်။ သူမက ပြုံးပြီး "မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ယောက်လုံးက အိမ်ထောင်ဖက်ပုံစံလိုမခံစားရဘူး။ ဒါပေမယ့် ရည်းစား ဒါမှမဟုတ် သူငယ်ချင်းပုံစံနဲ့တော့ မေးခွန်းထုတ်စရာမရှိဘူး"

ဝမ်ကျင်းက ရှန်းချူးချူးရဲ့စကားကို နားထောင်ပြီး ရုတ်တရက် သက်ပြင်းချ၍ပြုံးကာ

"ကံကောင်းလို့ ငါ လူလိမ်နဲ့တွေ့တယ်လို့ ထင်နေတာ။ ဒါပေမယ့် အိမ်ထောင်ဖက် မဖြစ်လည်းရပါတယ်။ ဒီနေ့ခေတ်မှာ လူအနည်းငယ်ပဲ အချစ်အကြောင်းပြောနေကြတာ အနာဂတ်ခင်ပွန်းကိုဘယ်လိုလုပ်တွေ့နိုင်မှာလဲ။ ဒီအခွင့်အရေးက အရမ်းနည်းတယ်"

"ဟုတ်တယ်။ နှစ်ခါသုံးခါစကားပြောပြီးမှ ဘယ်လိုလူမျိုးက နင်နဲ့ ပိုသင့်တော်လဲဆိုတာ သိနိုင်မှာ"

"ဒီလိုပါပဲ၊ ဒါနဲ့ ချူးချူး နင့်ကြည့်ရတာ အချစ်ကိုလို ချင်ပုံ မပေါ်ဘူး။ အနုပညာလောကက အရမ်းဆွဲဆောင်မှုရှိတာ နင့်စိတ်ထဲ ဘယ်သူမှမရှိဘူးလား"

ဒီစကားကိုနားထောင်ပြီး ရှန်းချူးချူးပြန်ချေပချင်ပေမယ့် နောက်ဆုံးမှာ သူ့စိတ်ထဲမှာ လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုလူနှင့် အဆက်အသွယ်မရှိသည်မှာ တစ်လကျော်ရှိပြီဟုတွေးမိပြီး ခေါင်းကိုခါယမ်းကာ

"လောလောဆယ်တော့ ငါ့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကိုပဲအာရုံစိုက်ချင်တယ်။ တည်ငြိမ်သွားတဲ့အခါမှ အချစ်ကိုစဉ်းစားမယ်"

ဝမ်ကျင်းက ရှန်းချူးချူးရဲ့ ပခုံးကိုပုတ်ပြီး "ကိုယ့်ကိုယ်ကို ခက်ခက်တွေမတွေးနဲ့၊ အေးအေးဆေးဆေး းနေပြီး မှန်ကန်တဲ့လူကို ရဲရဲဝံ့ဝံ့ရှာပစ်"

ရှန်းချူးချူး ပြုံးလိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ မှန်ကန်တဲ့ လူနဲ့တွေ့ဖို့ မဖြစ်နိုင်ဘူးဟုတွေးနေမိသည်။ ဘာလို့လဲဆိုတော့ တခြားသူရဲ့ အိမ်ထောင်ရေးစနစ်ကို ဖွင့်တိုင်း သူ့ဇနီး မဟုတ်တာကြောင့် ဘယ်လိုလိုက်ရှာရမလဲ....

နောက်ပြီး ဆွဲဆောင်မှုရှိပြီး ချောမောတဲ့အမျိုးသားအနု ပညာရှင်နဲ့တွေ့တဲ့အခါ သူတို့ရဲ့အိမ်ထောင်ရေးစနစ်ကိုကြည့်ရအောင်လည်း တခြားခံစားချက်ရှိမနေပေ။

ရှန်းချူးချူးပြုံးပြီး "ဒါတွေ မပြောနဲ့တော့၊ နားနေစရာ နေရာရှာရအောင်"

ရှန်းချူးချူးပြောတာကို ဝမ်ကျင်း အလွယ်တကူလက်ခံလိုက်သည်။

Central Department Store ၏ပထမထပ် ကော်ဖီဆိုင်မှာ ထိုင်ပြီး သာယာနာပျော်ဖွယ် တေးဂီတကို နားထောင်လိုက်ရတာဟာ တစ်ကိုယ်လုံး အရမ်းသက်တောင့်သက်သာခံစားရပြီး နေ့လယ်ခင်းတစ်ခုလုံး လမ်း လျှောက်လာရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေ တဖြည်းဖြည်း သက်သာသွားခဲ့သည်။

လူနှစ်ယောက်စကားပြောနေကြရင်း ရှန်းချူးချူး ရုတ် တရက် မျက်နှာချင်းဆိုင်က ဖြတ်သွားတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ကို ရင်းနှီးနေသလိုခံစားလိုက်ရသည်။ ဒါပေမယ့် နှစ်ခါ သုံးခါကြည့်ပြီးနောက် ဒီလူကို ဘယ်မှာ မြင်ဖူးလဲဆိုတာ မမှတ်မိတော့ချေ။ သူမက တစ်ဖက်လူကို မကြာသေးခင်ကတွေ့ဖူးသည်ဟု ထင်နေမိသော်လည်း ဒါပေမယ့် ဘယ်မှာတွေ့ဖူးလဲဆိုတာ ဘယ် လိုမှမမှတ်မိပေ။

မကြာသေးခင်က သွားခဲ့တဲ့နေရာကို စဉ်းစားကြည့်တော့ ဟန်တျန်းလား ....

ဒါမှမဟုတ် အရင်က အိမ်ထောင်သည်စုံတွဲလား ? ဒါပေမယ့် မကြာသေးခင်က အသက်ကြီးတဲ့သူတွေကို အိမ် ထောင်ရေးစနစ်ကြည့်ပေးမိပုံလည်းမပေါ်ပေ...

ဒါကြောင့် တစ်ဖက်လူ သူ့ရှေ့မှာထိုင်တဲ့အချိန်အထိ သူမက ဒီလူကို ဘယ်မှာမြင်ဖူးလဲဆိုတာ မစဉ်းစားမိပေ.....

"ဘာတွေကြည့်နေတာလဲ ချူးချူး ?"...

ဝမ်းကျင်းက ပြောပြီး ရှန်းချူးချူး ရဲ့အကြည့်ကို သိချင်စိတ်နဲ့ လှည့်ကြည့်လိုက်တော့ ရုတ်တရက်မျက်လုံးတွေ တောက်ပကုန်သည်။

ရှန်းချူးချူးက ဘာမှမဟုတ်ဘူးလို့ဖြေချင်ရုံပဲ ရှိသေးသည်။ ရလဒ်အနေနဲ့ မျက်နှာချင်းဆိုင်က ဝမ်ကျင်းက စိတ်လှုပ်ရှားစွာနဲ့ "ချူးချူး၊ နင့်မျက်လုံးကကောင်းလိုက်တာ၊ ဟိုလူကို ကြည့်ရတာ အရည်အသွေးမြင့်အထက် တန်းလွှာပဲ၊ သူ့ကို မြင်ဖူးတယ်၊ ဘယ်မှာမြင်ဖူးပါလိမ့်"

ဝမ်ကျင်းရဲ့စကားကိုနားထောင်ပြီး ရှန်းချူးချူး နည်းနည်းကြောင်သွားခဲ့သည်။ အရည်အသွေးမြင့်အထက် တန်းလွှာ ? ဒါပေမယ့် သူမ ခုလေးတင် သက်လတ်ပိုင်းအန်တီတစ်ယောက်ပဲမြင်လိုက်တာပါ ပြီး‌နောက် နောက်တစ်ခါပြန်ကြည့်လိုက်သည်။ ရလဒ်အနေနဲ့ ဒီတစ်ခါမှာ သက်လတ်ပိုင်းအမျိုးသမီးရဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့လူငယ်လေးက သူမကို ပြုံးပြနေသည်ကိုတွေ့လိုက်ရသည်။

ရှန်းချူးချူး သေချာစိုက်ကြည့်လိုက်တော့ ဒီလူကိုမှတ် မိသွားခဲ့သည်။ ဟန်တျန်းကိုသွားတဲ့ လေယာဉ်ပေါ်မှာ တွေ့ခဲ့တဲ့ လူ မဟုတ်ဘူးလား ? တစ်ဖက်လူက သူ့ကို မှတ်မိလိမ့်မယ်လို့မထင်ခဲ့ပေ။ အဲဒီနေ့က အရှက်ရစရာကောင်းတဲ့အခြေအနေကိုတွေးမိတော့ ရှန်းချူးချူး တစ်ဖက်လူ သူ့ကိုမေ့သွားရင် တကယ်ကောင်းမှာဟု မျှော်လင့်ခဲ့သည်။ သူမရဲ့မျှော်လင့်ချက်က အလုပ်မဖြစ်မှန်းသိလိုက်ရသည်။

တစ်ဖက်လူက သူ့ကိုကြင်နာတဲ့အပြုံးနဲ့ ပြုံးပြသဖြင့် ရှန်းချူးချူးလည်း ပြန်ပြုံးပြလိုက်သည်။

ဝမ်ကျင်းက ထူးဆန်းတဲ့ အရာတစ်ခုကိုမြင်လိုက်ရသလို ရှန်းချူးချူးကိုလှည့်ကြည့်လိုက်သည်။ ခေါင်းကို လှည့်လိုက်ပြီး တိုးတိုးလေးပြောလာသည်။

"မထူးဆန်းဘူး နင် သူ့ကို ကြာကြာစိုက်ကြည့်နေတာ၊ တကယ်တော့ သိနေကိုး"

ရှန်းချူးချူးက ဝမ်ကျင်းရဲ့အထင်လွဲမှုကို ရှင်းပြလိုက်သည်။ "ငါ မသိပါဘူး၊ လေယာဉ်ပေါ်မှာတွေ့ဖူးတာ ခဏပဲ တွေ့ဖူးလိုက်တာ"

ဝမ်ကျင်းကခေါင်းညိတ်ပြပြီး သူ့မျက်နှာကတော့ စိတ်လှုပ်ရှားနေကာ "အဲ့ဒါ ရိုမန်တစ်ဆန်တဲ့တွေ့ဆုံမှုပေါ့ ချူးချူး၊ ဒါက တကယ်တိုက်ဆိုင်မှုလို့ပြောလို့ရတယ်။ ငါတို့ ဒီကိစ္စကိုဆွေးနွေးနေတုန်းမှာ ကံကြမ္မာက ဒီလိုရောက် လာတယ်။ ဒီတစ်ခါမဆုပ်ကိုင်နိုင်ရင် နှမြောစရာပဲ"

ရှန်းချူးချူးက ဝမ်ကျင်းရဲ့စကားကို ဘယ်လိုပြန်ဖြေရမှန်းမသိတော့ဘဲ နောက်ဆုံး ဖြစ်ပျက်တဲ့ကိစ္စကိုလည်း ရှင်းပြလို့မရပေ။ ဒါပေမယ့် တစ်ဖက်လူက သူတို့နဲ့ ပိုနီးကပ်ပြီး ဝမ်ကျင်းကြောင့် သူ့ရဲ့အိမ်ထောင်ရေးစနစ်ကို အမြန်ဖွင့်ပြီး တခြားအိမ်ထောင်ဖက်နာမည်ကိုကြည့်လိုက်သည်။

သူမ နာမည်မဟုတ်တာကိုမြင်တော့ ချက်ချင်းသတိပြန်ဝင်လာသည်။ ကော်ဖီတစ်ခွက်သောက်ပြီး ရှန်းချူးချူးက "အဲ့လူက ငါ့ရဲ့အနာဂတ် ခင်ပွန်းမဟုတ်ဘူး၊ ငါ မကြိုးစားသေးဘူး။ ပြီးတော့ သူ့ကို ဘာမှမခံစားရဘူး"

ဝမ်ကျင်းက ရှန်းချူးချူး ဒီလိုပြောတာကို မြင်တော့ ဘာမှထပ်မပြောတော့ဘဲ နှစ်ယောက်သားလှည့်ပြီး တခြားအကြောင်းအရာတွေ အကြောင်းပြောကြသည်။ အလုပ်အကြောင်းပြောနေရင်း ဝမ်ကျင်းကရုတ်တရက် မသိစိတ်က "မှတ်မိပြီ !" ဟု ပြောလာသည်။

ရှန်းချူးချူးက သူ့ကို မော့ကြည့်ပြီးစောင့်နေလိုက်သည်။

တခြားလူတွေရဲ့ စူးစမ်းလိုတဲ့မျက်လုံးတွေကို မြင်တော့ ဝမ်ကျင်းက သူ့အသံက နည်းနည်းကျယ်သွားပုံရသည်ကိုသဘောပေါက်သွားသည်။ သူက မျက်လုံးအမူအရာနဲ့ တခြားသူတွေကိုတောင်းပန်ပြီး ရှန်းချူးချူးကို တိုးတိုးလေးပြောလိုက်သည်။

"ငါ မှတ်မိပြီ၊ မှတ်မိပြီ သူ ဘယ်သူလဲဆိုတာ ငါ သိပြီ၊ ဘယ်ဘက်နောက်က အဲ့လူက ဟုန် Group ရဲ့မင်းသားလေး၊ အဲ့လိုလူက ဒီလိုကော်ဖီဆိုင်ကိုလာလိမ့်မယ်လို့ မထင်ခဲ့ဘူး၊ တကယ် ထူးဆန်းတယ်"

ရှန်းချူးချူး ထိုစကားကိုကြားချိန် ရုတ်တရက်ရပ်တန့်သွားပြီး "သူ့ရဲ့မျိုးရိုးက ဘာလို့ နင် ပြောလိုက်တာ ?" ဟုမေးလိုက်သည်။

All Chapters