အခန်း (၅၉)
Vol. 6 Ch. 59
"မျိုးရိုးက သုန်" ဝမ်ကျင်းသည် ချူးချူးအဘယ်ကြောင့်မေးလာလဲ နားမလည်သော်လည်း ဖြေလိုက်ဆဲပင်။
ရှန်းချူးချူးသည် သုန်ဟူသော မျိုးရိုးနာမည်ကိုကြား လိုက်ရသောအခါ... ထိုအမျိုးသမီး မည်သူဆိုသည်ကို ရုတ်တရက်သတိရသွားသည်။ သူ(မ)၏ ခန့်မှန်းချက်ကို အတည်ပြုရန်အတွက် ထိုအမျိုးသမီး၏ ဖူးစာရေးစနစ်ကိုတစ်ချက်ကြည့်လိုက်သည်။ ထိုထဲ လက်တွဲဖော်၏ နေရာတွင် သူ(မ)ယခင်က အခမ်းအနားတစ်ခုတွင် တွေ့ဆုံခဲ့ဖူးသည့် မစ္စတာသုန်၏နာမည်ကိုမြင်လိုက်ရသည်။
သူ(မ)သာအထင်မမှားလျှင် ၎င်း၏ဘေးတွင် ထိုင်နေသည့် လူငယ်သည် ၎င်း၏သားဖြစ်ပုံရသည်။ သူ(မ) သည် ထိုသို့သော ကိစ္စအား ထပ်မံကယ်တင်ရမည်လား? မကယ်တင်ရမည်လားဝေခွဲမရချေ။ အထူးသဖြင့် သူ(မ) သည် ၎င်း၏သားနှင့် သိကျွမ်းသည်။ ထို့ပြင် ထိုလူသည် သူမကို ကူညီခဲ့ဖူးသည်။
ဝမ်ကျင်းသည် ရှန်းချူးချူး၏ မျက်နှာမှာ သိပ်အဆင်မပြေသည်ကိုမြင်သောကြောင့် စိုးရိမ်စွာမေးလိုက်သည်။ "ချူးချူး... ဘာဖြစ်လို့လဲ၊ နေရတာအဆင်မပြေလို့လား"
ရှန်းချူးချူးသည် အသိပြန်၀င်လာပြီး အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်ကာ "ဘာမှမဖြစ်ပါဘူး၊ ကျွန်မ တစ်ခုခုစဉ်းစားနေလို့ပါ၊ အခုတလော စတော့ဈေးကွက်တွေက နည်းနည်းလေးကျနေတယ်ထင်လို့"
ရှန်းချူးချူးသည် အခြားသူများရှေ့တွင် ထိုကိစ္စကို မပြောနိုင်သောကြောင့် စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။
သူ(မ)၏စကားလမ်းကြောင်းသည်လည်း မှန်ကန်သွားပုံရသည်။ စီးပွားရေးလုပ်နေသည့် လူတစ်ယောက်အတွက် ထိုသို့သော မေးခွန်းမျိုးသည် အလွန်စိတ်၀င်စားစရာကောင်းသည်။
"ဟုတ်တယ်၊ ဒီရက်ပိုင်းတော့ ဈေးကွက်ကမငြိမ်မသက်ဖြစ်နေပေမဲ့ အချိန်ကြာလာရင် ထပ်ပြီးကျသွားလိမ့်မယ်လို့ ငါ ထင်တယ်၊ ဒါကြောင့် နင်သာ စတော့ဝယ်ချင်ရင် နောက်ဆို ၀ယ်ထားလို့ရတယ်"
"အင်း ငါ နှစ်ခုလောက်တော့ဝယ်ထားတယ်၊ နင် ဒီလိုပြောလာမှတော့ နောက်တစ်အပတ် တနင်္လာနေ့လောက်ဆို ငါ ရောင်းလိုက်မယ်"
ဝမ်ကျင်းသည် ခေါင်းခါလိုက်ပြီး "အဲ့လိုအရေးတကြီးမဆုံးဖြတ်နဲ့လေ၊ မင်းအရင်ဆုံး ဈေးနှုန်းအတက်အကျကို အရင်ဆုံး ကြည့်လိုက်၊ ပြီးရင် နောက်ထပ်ရက်အနည်း ငယ်အတွင်း ဈေးနှုန်းအတက်အကျရှိလာရင် ဈေးမြင့်တာနဲ့ တစ်ခါတည်းရောင်းလိုက်သင့်တယ်"
"ကောင်းပြီ" ရှန်းချူးချူးသည် ၎င်းမှာစတော့ရှယ်ယာဈေးကွက်တွင် ကျွမ်းကျွင်မှန်းသိသောကြောင့် အလွယ် တကူသဘောတူလိုက်သည်။
ကော်ဖီသောက်ပြီးနောက် အခြားလူနှစ်ယောက်သည် ထွက်ခွာသွားကြသော်လည်း သုန်မိသားစုသည်တော့ ထိုင်မြဲအတိုင်းဖြစ်သည်။ ရှန်းချူးချူးသည် သုန်မိသားစုကို အနည်းငယ်ခေါင်းညိတ်ပြပြီးနောက် ဝမ်ကျင်းနှင့်အတူ ထွက်လာခဲ့သည်။ သို့သော်လည်း ဝမ်ကျင်းနှင့် နှုတ်ဆက်ပြီးနောက် ရှန်းချူးချူးသည် ကော်ဖီဆိုင်သို့ တစ်ဖန်ပြန်သွားခဲ့သည်။
သူ(မ)ရပ်ကြည့်နေဖို့ မဖြစ်နိုင်ချေ။ သူ(မ)သည် ထိုလူငယ်နှင့် အနည်းနှင့်အများ သိကျွမ်းနေသောကြောင့် မျက်နှာမလွှဲလိုက်နိုင်ပေ။ ထိုသည်မှာ လေယာဉ်ပေါ်တွင် တင်ခဲ့သော ကျေးဇူးကြွေးအား ပြန်ဆပ်ခြင်းဟုသာ သူ(မ)ကိုယ်သူ(မ) နှိမ့်သိမ့်မိလိုက်သည်။
သူ(မ) ကော်ဖီဆိုင်သို့ ရောက်သွားသည့်အခါ ထိုလူနှစ်ယောက်သည် ထွက်ခွာသွားပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ(မ) အနည်းငယ် စိတ်ပူသွားမိပြီး ၎င်းတို့ကိုအမြန်ရှာလိုက်သည်။ ကံကောင်းထောက်မစွာ ထိုလူနှစ်ယောက်သည် ထွက်သွားသော်လည်း ၎င်းတို့၏နောက် ကျောကို သူ(မ)မြင်နေရဆဲပင်။
"မစ္စတာသုန်!"
ရှန်းချူးချူး၏ခေါ်သံကြောင့် သုန်ကျီယွမ်နှင့် ၎င်း၏အမေသည် ရပ်တန့်သွားသည်။ သူတို့ကို လှမ်းခေါ်သည့်လူမှာ ရှန်းချူးချူးဖြစ်သည်ကိုတွေ့လိုက်ရချိန် သုန်ကျီယွမ်သည် အနည်းငယ်အံ့သြသွားသည်။
"မစ္စသုန်" ရှန်းချူးချူးသည် အနားသို့လျှောက်လာပြီး နူးညံ့သိမ်မွေ့သည့် မစ္စသုန်ဘက်သို့ အနည်းငယ်လှဲ့စောင်းငုံ့ကြည့်လိုက်သည်။
မစ္စသုန်သည် ထိုအရာများကို ကျင့်သားရနေပုံသည်။ သူ(မ)သည် ရှန်းချူးချူးကို ခေါင်းညိတ်ပြပြီး သူ(မ) သားကို လှည့်ကြည့်လိုက်ကာ "ကျီယွမ်.. အမေ မင်းကိုစောင့်နေမယ်"
သုန်ကျီယွမ်သည် သူ့မိခင်၏လေးနက်သော မျက်လုံးများကို မြင်လိုက်ရသော်လည်း ကူကယ်ရာမဲ့စွာခေါင်း ညိတ်လိုက်သည်။
သုန်ကျီယွမ်သည် အမေဖြစ်သူထွက်သွားပြီးနောက် သူ့ရှေ့တွင် လှပသော မိန်းကလေးကို လှမ်းကြည့်သည်။ အထူးသဖြင့် လေယာဉ်ပေါ်တွင် သူထိုမိန်းကလေးအပေါ် စတွေ့ထဲက လေးနက်သော ထင်မြင်ချက်များ ကျန်ရစ်ခဲ့သည်။ သူသည်အစတုန်းပိုင်းတွင် သူ(မ)အကြောင်းကို တွေးမိသော်လည်း မည်သို့ဆက်သွယ်ရမည်မှန်းမသိသောကြောင့် နောက်ဆုတ်ခဲ့သည်။ ယခုလိုနေရာမျိုးတွင် သူ(မ)နှင့် ထပ်မံတွေ့ဆုံခွင့်ရဖို့ မမျှော်လင့်ထားချေ။ သူသည် သူ့ကိုယ်ပိုင် အစီအစဉ်ကို ဆက်လက်အကောင် အထည်ဖော်သင့်လားမသိတော့ချေ။
"မိန်းကလေး.. ငါ့ ကိုရှာနေတာလား ?"
သုန်ကျီယွမ်သည် သူ့ဂျာကင်အိတ်ကပ်ထဲမှ စီးပွားရေးကတ်ကိုထုတ်လိုက်ကာ "ဒါက ကိုယ့်ရဲ့ စီးပွားရေးကတ်ပဲ၊ တကယ်လို့ မင်းသာအကူအညီလိုရင် ကိုယ် အရိုက်ခံနေရင်တောင် ဒီဖုန်းကအဆင်ပြေနေလိမ့်မယ်"
သုန်ကျီယွမ်သည် ရှန်းချူးချူး၏အဆင်မပြေသော အမူအရာကို မြင်လိုက်ရသဖြင့် ရှန်းချူးချူး၏လက်ကို ဆွဲကိုင်လိုက်ကာ လုပ်ငန်းကတ်ကို သူ(မ)လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျထည့်ပေးရန်ပြင်လိုက်သည်။
သူသည် ရှန်းချူးချူး၏လက်ကိုထိလိုက်သောအခါ ရှန်းချူးချူးသည်လည်း အဆုံးတွင်တုံ့ပြန်လာခဲ့ပြီး ငြင်းဆိုခဲ့သည်။
"မစ္စတာသုန်... ရှင်နားလည်မှုလွဲနေပြီလို့ ကျွန်မထင်တယ်၊ ကျွန်မ ရှင့် အကူအညီမလိုပါဘူး"
သုန်ကျီယွမ်သည် ထိုစကားကို နားထောင်ပြီးနောက် မျက်ခုံးကိုပင့်ပးလိုက်ကာ "အိုး ? မင်းက ငါ့အကူအညီကိုမလိုဘူးလား ? ငါ သိသမျှလူတိုင်း ငါ့အကူအညီမလိုဘူးလို့ ငြင်းတဲ့သူ တစ်ယောက်မှမရှိဖူးဘူး"
ရှန်းချူးချူးသည် သုန်ကျီယွမ်၏ ပြောင်းလဲသွားသော သဘောထားကို မြင်လိုက်ရသဖြင့် သူ(မ)သည် အနည်း ငယ်ရိုင်းသွားသဖြင့် ပြန်ရှင်းပြလိုက်သည်။
"တောင်းပန်ပါတယ် မစ္စတာသုန်၊ ရှင်က ကောင်းစေချင်လို့ အခုလိုလုပ်မှန်း ကျွန်မ သိပေမဲ့ ရှင့်ကိုယ်ရှင် ဘယ်သူလဲဆိုတာ ရှင်က ပိုသိမှာပါ၊ စီးပွားရေးလောကမှာဆို ရှင့်အဖေက မကြာခဏသတင်းထဲပါလာတက်တယ်လေ"
ရှန်းချူးချူးသည် သုန်ကျီယွမ်၏ယခင်ကနှင့်မတူပဲ အနည်းငယ်ပြောင်းလဲနေသော မျက်လုံးများကိုကြည့်လိုက်ကာ "နောက်ပြီး ရှင်က စတားတွေနဲ့ အတင်းအဖျင်းတွေထွက်ဖူးလို့လေ"
ထိုအကြောင်းကို ဝမ်ကျင်းက သူ(မ)အားပြောပြခြင်းဖြစ်သည်။ သူ(မ)သည် အနုပညာအဝန်းအဝိုင်းတွင်ဖြစ်သော်လည်း ထိုအသိုင်းအဝိုင်းထဲသို့ ရောက်လာသည်မှ နောက်ကျလွန်းသောကြောင့် လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က သတင်းများကိုမကြားခဲ့ဖူးပေ။
သုန်ကျီယွမ်သည် အပြုံးတစ်ခုဖြင့် "မင်း ငါ့ကိုလာပြီးအမိန့်ပေးနေတာလား"
ရှန်းချူးချူးသည် သူ(မ)စိတ်ကိုယ်သူ(မ) ထိန်းချုပ်ရန်သာ တွေးမိလိုက်သည်။ သေခြင်းရှင်ခြင်းနှင့် ပတ်သက်လာလျှင် ယခုလို သေးငယ်သည့်ကိစ္စများသည် အရေးမပါချေ။ တစ်ဖက်လူသည် သူ(မ)စကားကိုနားမထောင်လျှင်တောင် သူ(မ)မရရအောင် ပြောရမည်။
"ရှင် ကျွန်မပြောတာ မယုံလောက်ပေမဲ့ ကျွန်မတို့ မိသားစုမှာရှေ့ဖြစ်ဟောနိုင်တဲ့ အဖိုးကြီးတစ်ယောက်ရှိတယ်၊ ကျွန်မ သူ့ဆီက နည်းနည်းသင်ဖူးတော့ ရှင့်အမေ ရဲ့မျက်နှာကိုကျွန်မကြည့်တုန်းက သိပ်မဝေးတော့တဲ့အနာဂတ်မှာ အသတ်ကိုထိခိုက်နိုင်တဲ့ မတော်တဆမှုမျိုးနဲ့ကြုံရလိမ်၊ ဒါကြောင့် သူ့ကိုပိုပြီးတော့ ဂရုစိုက်သင့်တယ်"
သုန်ကျီယွမ်သည် ရှန်းချူးချူပြောလာမည့် မရေမတွက်နိုင်သော ဖြစ်နိုင်ချေများကို စဉ်းစားမိသော်လည်း ဤကဲ့သို့ ပြောလာမည်ဖြစ်ကြောင့် မထင်ထားခဲ့ပေ။
"မင်း ဘာတွေလာပြောနေတာလဲ ?"
သူသည် ရှန်းချူးချူး၏လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးများသည်လည်း အေးစက်မှုများရစ်သန်းနေသည်။
"ဒါ မင်း ငါ့အာရုံကိုဆွဲဆောင်ဖို့အတွက် နည်းလမ်းတစ်ခုမဟုတ်လား ?"
ရှန်းချူးချူးသည် သူ(မ)၏ လက်မှာအတင်းအကြပ်ဆုတ်ကိုင်ခံလိုက်ရသောကြောင့် သူ(မ)ခန္ဓာကိုယ်သည် ရှေ့သို့ယိမ်းယိုင်သွားပြီး သူ(မ) လက်ကောက်ဝတ်ကို ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။
"ကျွန်မကိုလွှတ်! ရှင် မယုံရင်လည်း မယုံနဲ့လေ၊ ဘာလို့ ကျွန်မကို အခုလိုလာလုပ်နေတာလဲ"
သုန်ကျီယွမ်သည် ရှန်းချူးချူး၏လက်ကို ဖြေလျော့မည့်အစား ပိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး "မင်းက တကယ် နာမည်မရှိတဲ့ စတားလေးရော ဟုတ်ရဲ့လား ? ငါ အမေနဲ့ တစ်ခါတလေ ရုပ်ရှင်သွားကြည့်ဖြစ်တယ်၊ ငါအချိန်ရရင် မင်းရဲ့ဇာတ်ကားကိုပါကြည့်လိုက်မယ်"
ရှန်းချူးချူးသည် သုန်ကျီယွမ်၏မထီမဲ့မြင်ပြုသော လေသံကို နားထောင်လျက် သူ(မ)လက်ကို ဆွဲထုတ်ရန် ပိုရုန်းကန်နေသည်။ ကံကောင်းထောက်မစွာ သုန်ကျီယွမ်သည် ထိုနီရဲနေသော လက်ကောက်၀တ်ကိုမြင်သောအခါ ခွန်အားအချို့ ဖြေလျှော့ပေးလိုက်သည်။ ရှန်းချူးချူးသည်လည်း ထိုအခြေအနေကို အခွင့်ကောင်းယူပြီး လက်ကိုဆွဲထုတ်ကာ မော့ကြည့်လိုက်ပြီး
"ကျွန်မဘာသာ စတားဖြစ်ဖြစ် မဖြစ်ဖြစ် ရှင်နဲ့မဆိုင်ဘူး"
"မင်းက ဒီအတိုင်း ချမ်းသာတဲ့သူတွေကို ကပ်တွယ်ရတာကြိုက်တဲ့ ကြယ်ပွင့်လေးမဟုတ်လား၊ ငါမင်းလိုလူကို ခဏခဏတွေ့ဖူးတယ်၊ မင်းငါ့ကို စွဲဆောင်ချင်ရင် အခုကနောက်ဆုံးအခွင့်အရေးပဲ၊ ဘယ်လောက်လဲ? ငါမင်းကိုမှတ်ထားမယ်၊ အခုနည်းလမ်းက ငါ့ရဲ့သည်းခံနိုင်စွမ်းကို မင်းက လာထိပါးလိုက်တာပဲ"
သုန်ကျီယွမ်တွင်လည်း သည်းခံနိုင်စွမ်းဆိုသည်မှာ အကန့်အသတ်ရှိသည်။ သူ့အမေကို လာရောက်ထိပါးဝံလျှင် သူလည်း ယဉ်ကျေးနေနိုင်မည်မဟုတ်ချေ။
ထိုစဉ် ရှန်းချူးချူးသည် သုန်ကျီယွမ်၏စကားကို နားထောင်ပြီး သူ(မ)ပြန်လှည့်လာမိခဲ့သဖြင့်ပင် နောင်တ ရသွားသည်။ သူ(မ)သည် စနစ်ကိုသုံးသည့်အချိန်တွင်း အဆင်ပြေသောကြောင့် ထိုသို့သော အန္တရာယ်ကို အမှန်ပင် မေ့လျှော့သွားခဲ့သည်။ သူ(မ)သည် အသက်ပြင်းပြင်းရှူပြီး
"ကျွန်မ ရှင့်ကို စိတ်အနှောင့်အယှက်ပေးသလိုဖြစ်ခဲ့ရင် တောင်းပန်ပါတယ်"
ရှန်းချူးချူး လှည့်ထွက်သွားလိုက်သည်။
"ခဏနေဦး! ငါမင်းကို သွားခွင့်ပြုလို့လား!"
ရှန်းချူးချူးသည် ၎င်း၏အသံကြောင့် နောက်သို့ပြန်လှည့်ကြည့်ကာ သူ(မ)သည် ထိုလူကို ကြည့်ကာ အနည်း ငယ်ဒေါသဖြစ်မိသည်။ သူက ဘာဖြစ်ချင်နေသေးတာလဲ!?
"ငါ့အမေ မတော်တဆဖြစ်လိမ့်မယ်လို့ပြောတာ တကယ်အမှန်လား ?"
သုန်ကျီယွမ်သည် ထိုအရာမှာမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ထိုအရာနှင့်ပတ်သက်၍ အလွန်စိုးရိမ်နေမိသည်။
ရှန်းချူးချူးသည် သူ၏စကားကို နားထောင်ပြီးနောက် သူ(မ)မျက်နှာ အနည်းငယ် ပိုကောင်းလာသည်။ သူသည် မည်သည့်ပြဿနာများကို ကြုံလာပါစေ ပြောဖို့ကိုလိုပေသည်။
"ရှင်သာ ယုံကြည်ရင် ဒါက အမှန်ပဲ"
"ဖြစ်မဲ့နေ့က ဘယ်နေ့လဲ"
ရှန်းချူးချူးသည် ဘယ်နေ့လဲဆိုသည်အား သဘာဝကျကျ သိပေသည်။ သို့သော် သူ(မ)ရှေ့ရှိလူကို အတိအကျ မပြောနိုင်ချေ။ သူ(မ)သည် အနည်းငယ်တွေးတောကာ
"ဆယ်ရက်အတွင်းပေါ့"
ရှန်းချူးချူးသည် မည်သို့ပင်ရှိစေကာမူ သူ့ကိုသတိပေးလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုး သမီးသည် သေအံဆဲဆဲအချိန် ကျရောက်တော့မည့်အချိန် သူ(မ)နှင့် တွေ့ခွင့်ရခြင်းမှာ ကောင်းကင်ဘုံ၏ လှည့်ကွက်တစ်ခုဖြစ်ပုံရသည်။ ထို့ကြောင့်လည်း ၎င်းကို သူ(မ) ကယ်တင်ချင်သည်။
"အိုး ? အခု ဗေဒင်ဆရာက သေတဲ့ကာလကိုတောင် အတိအကျ သိနေတာလား? တကယ် အံ့သြစရာပဲ!"
သုန်ကျီယွမ် ထေ့ငေါ့လိုက်သည်။
ရှန်းချူးချူးသည် အစစ်အမှန် ဗေဒင်ဆရာ မဟုတ်ချေ။ သူ(မ)သည် သုန်ကျီယွမ်အား ထိုအမျိုးသမီးဖြစ်သူကို ကယ်တင်စေလိုသောကြောင့် ထိုသို့ပြောခြင်းဖြစ်သည်။ သူ(မ)သည် အကြမ်းဖျင်းသာပြောလိုက်သော်လည်း တစ်ဖက်လူသည် အလွန်တိကျသည်ဟု ထင်နေလေသည်။ သူ(မ)သည် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး
"ဒါက ကျွန်မရဲ့ထင်မြင်ချက်ပဲ"
"ဒီမှာမိန်းကလေး မင်းရဲ့မျက်နှာကအလကားပဲ၊ မင်း ဒီလူ့ကို ဆွဲဆောင်ဖို့လုပ်တယ်ဆိုရင်တောင် ဒီလိုနည်းလမ်းက အရမ်းဆိုးရွားတယ်"
သုန်ကျီယွမ်သည် ပြောပြီးလှည့်ထွက်သွားသည်။
ရှန်းချူးချူး အနည်းငယ် ထိတ်လန့်သွားသော်လည်း တစ်ဖက်လူသည် မိခင်ဖြစ်သူကို မည်မျှ ဂရုစိုက်ကြောင့် ခံစားမိသဖြင့် သူ(မ)ပါးစပ်သည်ဦးနှောက်ထက်မြန်ဆန် စွာထွက်သွားမိသည်။- "ချောက်ကမ်းပါးလိုမျိုး၊ တောင် ထိပ်လိုမျိုး အမြင့်တွေကို သတိထားပေးပါ၊ ဥပမာ.. လှေကားလိုမျိုး"
သုန်ကျီယွမ်သည် မည်သို့မှ မတုံ့ပြန်ပဲ လျင်မြန်စွာထွက်သွားသည်။ ရှန်းချူးချူးသည် သူ(မ)အား အသည်းအ သန်ငြင်းဆန်နေသော ထိုအမျိုးသား၏မျက်နှာသည် လေးနက်သော မျက်လုံးများကိုတော့ သဘာ၀ကျစွာမမြင်လိုက်ရချေ။