အခန်း (၇၀)
Vol. 7 Ch. 70
"မ...မဟုတ်ဘူး၊ ရှင်တို့ နားလည်မှုလွဲနေတာပါ၊ သူက ကျွန်မနဲ့ တစ်ထပ်တည်းမှာနေတော့ ရံဖန်ရံခါ တွေ့မိနေတာပါ"
ရှန်းချူးချူးသည် အိမ်နီးနားချင်းများကို စိတ်လှုပ်ရှားစွာ ရှင်းပြပြီးနောက် အချိန်အတော်ကြာရပ်တန့်နေခဲ့သော ဓာတ်လှေကားဆီသို့ အပြေးအလွှားတက်သွားခဲ့သည်။
အိမ်နီးနားချင်းများသည်လည်း ရှန်းချူးချူး၏ နောက် ကျောကို ကြည့်ကာ သူတို့အမြင်မှာသွားသလားဟုတွေးနေခဲ့မိသည်။ ထိုနေ့တွင် ၎င်းတို့နှစ်ယောက်လက်တွဲလျက်ရှိနေကြောင်း သူတို့တွေ့လိုက်ရသည်။ မေ့လိုက်တော့.. ဒါ သူတို့နဲ့လည်း ဘာမှမဆိုင်ချေ။ အိမ်နီးနားချင်းများသည် ဆက်လက်မစဉ်းစားတော့ပဲ ရင်ပြင်တွင်က ခုန်ရန်သာ အမြန်ထွက်လာကြသည်။
ထိုသည်မှာ သေးငယ်သော သတိပေးချက်ဖြစ်သော် လည်း ရှန်းချူးချူးအတွက်တော့ သတိပေးချက်လိုဖြစ်သဖြင့် သတိများနိုးကြားသွားခဲ့သည်။
ထို့ကြောင့် ဟန်ရှင်းယန် ညဘက်အချိန်တွင် တံခါးခေါက်လာသောအခါတွင်တောင် ရှန်းချူးချူးသည် တံခါးကို ဂရုတစိုက်ဖွင့်ပြီး ဟန်ရှင်းယန်အယး အထဲမခေါ်ခင်ဘယ်ပြန် ညာပြန်စစ်ဆေးကြည့်သည်။
ဟန်ရှင်းယန်သည်လည်း ထိုသည်ကိုသတိထားမိသဖြင့်
" ဘာဖြစ်လို့လဲ "
ရှန်းချူးချူးသည် အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလာသည်။ - "ကျွန်မတို့ရဲ့ ဆက်ဆံရေးကို အိမ်နီးနားချင်းတွေက ရှာတွေ့သွားတဲ့ပုံပဲ၊ အဲ့တာကြောင့် ပါပါရာဇီတွေဆီ မိမှာစိုးနေတာ"
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ ဆံပင်များကို ပွတ်သပ်လျက် အပြုံးတစ်ပွင့်ဖြင့် " စိတ်မပူပါနဲ့၊ သူတို့ ဘာမှပေါ့ပေါ့တန်တန် မပြောပါဘူး"
ဤနေရာသည် အဆင့်မြင့်လူနေရပ်ကွက်ဖြစ်သည့်အပြင် အခြားစတားများနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း နေထိုင်သောကြောင့် ဤနေရာသည် အထက်တန်းစားလူနေမှုအဆင့်အတန်းကို ပိုင်ဆိုင်သည်။
ရှန်းချူးချူးသည် မျက်မှောင်ကြုတ်လျက် "ဒါဆို ရှင်နဲ့ ချင်ယင်ရန်တို့ရဲ့ ပုံက ဘယ်လိုထွက်လာတာလဲ"
ထိုသည်ကိုကြားချိန် ဟန်ရှင်းယန်သည် တခဏရပ်တန့်လျက် "အဲ့သတင်းထောင်တွေဆီကနေ သူပြန်၀ယ်ထားတာ မဟုတ်ရင် သူ့လူတွေကို လွှတ်ထားတာပဲဖြစ်မှာ"
ရှန်းချူးချူး၏ မျက်လုံးများသည် အနည်းငယ်ပြူးသည်။ သူ(မ)သည် ဤအသိုင်းအဝိုင်းတွင် ကျဉ်လည်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ထိုသို့ အခြေအနေမျိူးကို ပထမဆုံးအကြိမ် မျက်မြင်ကြုံဖူးခြင်းဖြစ်သည်။ စတား တော်တော်များများသည် ၎င်းတို့နာမည်ကြီးဖို့အတွက် ထိုသို့သတင်းများကို ၀ယ်ယူတက်ကြမှန်း သူ(မ)သိသော်လည်း သိထားသည်နှင့် အစစ်အမှန်ကြုံဖူးသည်မှာ လားလားမှမဆိုင်ချေ။
"ဒါဆို ချင်ယင်ရန်က အဲ့လိုမျိုး ထပ်မလုပ်နိုင်ဘူးလား"
ရှန်းချူးချူးသည် စိတ်ဝင်တစားမေးလိုက်သည်။ ထို့ နောက် သူ(မ)အနည်းငယ် တွေးကာ စိုးရိမ်လာစွာဖြင့် "သူ ကျွန်မတို့ကို ပစ်မှတ်ထားဖို့ သတင်းထောက်အချို့ ၀ယ်ရင်ရော ?"
ဟန်ရှင်းယန်သည် သူ(မ)နဖူးကိုနမ်းလိုက်ပြီး "စိတ်မပူနဲ့၊ သူတိုင်ကြားခံရလို့ ဒီအိမ်ရာကနေပြောင်းသွားပြီ"
ရှန်းချူးချူးသည် ရှုပ်ထွေးစွာဖြင့် "ရှင်က ဘယ်လိုလုပ်ဒါကို သိနေတာလဲ"
သေချာတာပေါ့... တိုင်ကြားသည့်သူမှာ သူဖြစ်နေသဖြင့် သိနေသည်မှာ သဘာ၀ကျသည်။
"အင်း.. မင်း မေ့နေတာလား၊ ကိုယ်က ဒီအိမ်ရာရဲ့ developer နဲ့ သူငယ်ချင်းကောင်းတွေလေ"
ရှန်းချူးချူးသည် သူ(မ)ကောင်လေးမှာ အာဏာရှင်တစ်ဦးဆိုတာမေ့လုနီးပါးပင်။
နောက်တစ်နေ့တွင် ရှန်းချူးချူးသည် ရုပ်ရှင်ရိုက်ရန် သွားခဲ့သည်။ ချန်းရှီလီ ယခင်ကရွေးချယ်ခဲ့သည့် ဇာတ် ညွှန်းကို စတင်ရိုက်ကူးခြင်းဖြစ်သည်။ ဇာတ်ညွှန်းတွင် ရှန်းချူးချူးသည် အဓိကဇာတ်လိုက်မင်းသမီးဖြစ် သည်။ ထိုသည်မှာ သူ(မ)၏ ပထမဆုံးဇာတ်လိုက်မင်းသမီးနေရာတွင် သရုပ်ဆောင်ရမည်ဖြစ်သောကြောင့် စိုးရိမ်မှုနှင့်အတူ စိတ်လှုပ်ရှားနေမိသည်။
ရှန်းချူးချူးရိုက်ကူးသော ဇာတ်ကားသည် "မင်းသမီး ကျားလင်း" ဟုခေါ်သော ဧကရာဇ်မင်းမြတ်၏အငယ်ဆုံးမင်းသမီးလေးသည် နန်းတော်ထဲမှ ခိုးထွက်လာကာ တောတောင်မြစ်ချောင်းများဆီ ခရီးနှင်သောဇာတ်ညွှန်းဖြစ်သည်။ အဓိကအမျိုးသားဇာတ်လိုက်သည် ယောက်ျားပီသလွန်းသည့် လူတစ်ယောက်ဖြစ်သည်။ ထိုသူ့ကိုမြင်လိုက်သည်နှင့် လူများသည် 'သြဇာလွှမ်းမိုးသူ' ဟုသမုတ်လောက်အောင် အလွန်ခန့်ညားသူဖြစ်သည်။ ထို့အပြင် သူ့နာမည်သည်လည် ချန်းရှန့်ကန်းဖြစ်ပြီး သူနှင့်အလွန်လိုက်ဖက်လှသည်။
မိတ်ဆက်ပွဲကျင်းပသည့်နေ့တွင် ပရိသတ်များစွာမရှိကြဘဲ အထူးသဖြင့် ရှန်းချူးချူးဖြစ်သည်။ ချန်းရှန့်ကန်း၏ သရုပ်ဆောင်မှုနှင့် အသွင်အပြင်သည် အမျိုးသမီးပရိသတ်အများအပြားကိုဖမ်းစားနိုင်စေသည်ဟု ကျိုးကြောင်းဆီလျော်စွာ ပြောနိုင်သည်။ သို့သော် ချန်းရှန့်ကန်း၏အလုပ်သည် ရုပ်ရှင်လောကကို အခြေခံခြင်းမဟုတ်ပဲ သူသည် မော်ဒယ်လောကတွင် နာမည်ကြီးသူဖြစ်သည်။ သူသည် နိုင်ငံတကာတွင် နာမည်ရကျော်ကြားသည့် စူပါမော်ဒယ်တစ်ယောက်ဖြစ်ပြီး မဂ္ဂဇင်းမျက်နှာ ဖုံးကြီးများအား လွှမ်းမိုးထားနိုင်သူဖြစ်သဖြင့် သာမာန်မော်ဒယ်ထက်များစွာမြင့်မားသည်။
ချန်းရှန့်ကန်း၏အဆင့်အတန်းသည် အလွန်မြင့်မားသော် လည်း လူသိမများလှချေ။ အဆုံးတွင် လူအများစုသည် ရုပ်ရှင်များ၊ တီဗီစီးရီးများနှင့် အဆိုတော်များကိုသာ အာရုံစိုက်ကြသဖြင့် အခြားလုပ်ငန်းများကို သတိမမှုမိကြချေ။
ရှန်းချူးချူးသည် ချန်းရှန့်ကန်းကို ပထမဆုံးမြင်သည့်အချိန် သူ၏ ချောမောမှုကို မျက်မြင်ကြုံလိုက်ရသည်။ ထိုသို့သော လူချောလေးသာ သရုပ်ဆောင်တစ်ယောက် မဟုတ်ပါက ဖျော်ဖြေရေးလောကအတွက် နစ်နာမှုကြီးဖြစ်လာလိမ့်မည်။
ရှန်းချူးချူးသည် ဖူးစာရေးတွက်ချက်မှုများကို များစွာလုပ်ပေးခဲ့သည့်အပြင် အစွမ်းကုန်အားစိုက်ထုတ်မှုကြောင့် သူ(မ) သရုပ်ဆောင် တန်ဖိုးသည် 70သို့ရောက်ရှိသွားခဲ့သည်။ ထိုသည်မှာ 60တုန်းကထက် NG အရေအ တွက် လျော့နည်းလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး ရိုက်ကူးရေးသည်လည်း တဖြည်းဖြည်း ချောမွေ့လယသည်။ထို့အပြင် ရိုက်ကူးရေးအပေါ် သူ(မ) သဘောထားသည်လည်း ပိုလေးနက်လာသည်။
ထိုနေ့တွင် ရှန်းချူးချူးသည် သူ(မ)အား စိတ်အေးလက်အေးနှင့် အလွန်လည်းတက်ကြွနေခဲ့သည်။
ချန်းရှန့်ကန်း၏ ရှန်းချူးချူးအပေါ် အမြင်သည် အလွန်ကောင်းမွန်သည်။ အေးဂျင့်ဖြစ်သူ ချိုက်ကျဲသည် တည် ငြိမ်သောမျက်နှာထားနှင့် ပြောလာသည်။ သူ့မျက်နှာကို တည်တည်ငြိမ်ငြိမ် မျက်နှာထားနဲ့ မြင်ပြီး "ဒီ မင်းသမီးက ဘယ်သူပါလိမ့်၊ ငါတို့ အားချန်းရဲ့ အကြည့်ကိုတောင် ဖမ်းစားထားနိုင်တယ်ဆိုတော့ ကြည့်ရတာ တကယ့်ဆွဲဆောင်မှုရှိလွန်းနေသလိုပဲ"
ချန်းရှန့်ကန်းသည် ရှန်းချူးချူးကို တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး ခေါင်းယမ်းလျက် "အဲ့ကလေးမလေးက သရုပ်ဆောင်တာ တော်တော်လေးကောင်းတယ်၊ သူက သာမန်လူသစ်တွေထက် အများကြီးပိုသာတယ်၊ ဒီလို Entertainment ကနေလာမှာတော့ သရုပ်ဆောင်ကောင်းတာကလည်း မထူးဆန်းပါဘူး၊ ပြီးတော့ ကျွန်တော် ဆွဲဆောင်ခံလိုက်ရမှာ စိတ်ပူစရာမလိုဘူး၊ ဒါ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး"
ချိုက်ကျဲသည် ထိုသည်ကိုကြားချိန် သူ့ကိုပြုံးလျက်ကြည့်လာသည်။
"မင်းတို့နှစ်ယောက်က အသက်တောင်သိပ်မကွာတာ ကို ကလေးမလေးလို့တောင်ခေါ်နေပြီလား၊ ဒါကပဲ မင်း သူ(မ)ကို တစ်ခြားသူတွေနဲ့ တန်းတူမထားဘူးဆိုတာပြနေတာပဲ"
ချန်းရှန့်ကန်းသည် ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောချေ။
သို့သော်လည်း ချိုက်ကျဲသည် ထပ်မံအသိပေးမိပြန် သည်။
"ငါ ထပ်သတိပေးမယ်၊ မော်ဒယ်လောကမှာ မင်းရဲ့နေရာက သိပ်မတည်ငြိမ်ဘူး၊ အဲ့တာကြောင့် အခုလောလော ဆယ် တစ်ယောက်ယောက်ကို ချစ်မိဖို့ကမဖြစ်နိုင်ဘူး၊ မင်းအနာဂတ်ကို မင်းကိုယ်တိုင် မဖျက်စီးမိစေနဲ့၊ ငါတို့ရဲ့ မော်ဒယ်အသိုင်းအဝိုင်းက ဖျော်ဖြေရေး အသိုင်းအ၀ိုင်းလောက် ထိလွယ်ရှလွယ်မဟုတ်ပေမယ့် ချစ်မိသွားတာက မင်းရဲ့အသက်မွေးဝမ်းကြောင်းကို နှောင့်နှေးစေတယ်၊ မင်းနေရာတောင် တည်ငြိမ်သွားရင် မင်း ဘယ်သူနဲ့ပဲ စကားပြောပြောကိစ္စမရှိဘူး"
ချန်းရှန့်ကန်းသည် ချိုက်ကျဲ၏ စကားကို နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။
ဤနေ့သည် ရိုက်ကူးရေး၏ ပထမဆုံးနေ့ဖြစ်ပြီး လူသိ ရှင်ကြားကျော်ကြာရန် အများကြီး လိုအပ်နေသေးသည်။ ဓာတ်ပုံဆရာသည် ရှန်းချူးချူးနှင့် ချန်းရှန့်ကန်းတို့၏ စုံတွဲပုံကို ဓာတ်ပုံရိုက်ခဲ့သည်။ ရှန်းချူးချူး၏ 165 cm အရပ်သည် ချန်းရှန့်ကန်း၏ 190 cm အရပ်ရှေ့တွင် နှိုင်းယှဉ်နိုင်စရာပင်မရှိချေ။
The Princess of Jialing Drama V- ချစ်စရာအကောင်းဆုံး အရပ်ကွာခြားချက်... 【ပုံ】
ရှန်းချူးချူးသည် ထို Weibo Post ကို forward လုပ်လိုက်သည်။
ရှန်းချူးချူးV: ငါ ပထမဆုံးအကြိမ် ငါ အရမ်းအရပ်ပုပါလားလို့ တွေးမိတာပဲ [ಥ‿ಥ] // The Princess of Jialing Drama V: ချစ်စရာအကောင်းဆုံး အရပ်ကွာခြားချက် [ရုပ်ပုံ]
ချိုက်ကျဲသည် ချန်းရှန့်ကန်းကို ချစ်ခြင်းနှင့်ပတ်သတ်၍ ကောလဟာလမထွက်အောင် သတိပေးခဲ့သော်လည်း ရိုက်ကူးရေးအဖွင့်က ထိုသို့တင်လာခဲ့သဖြင့် ချန်းရှန့်ကန်းလည်း ရှန်းချူးချူး၏ Weibo post ကို forward ထပ်လုပ်လိုက်သည်။
ချန်းရှန့်ကန်းV - ငါ အခုမှသိသွားတာ 190 cm ရဲ့လေထုက အရမ်းသန့်တယ်ဆိုတာပဲ [] // ရှန်းချူးချူး V:
ဟန်ရှင်းယန်သည် ရှန်းချူးချူးအား စဉ်ဆက်မပြတ်စောင့်ကြည့်နေသောကြောင့် သူ(မ)နှင့် သက်ဆိုင်သည့်အကြောင်းပါသည်နှင့် ချက်ချင်း၀င်ကြည့်လိုက်သည်။ ထိုတွင် သူ့ကောင်မလေး၏ ပြုံးရွှင်နေသော မျက်နှာနှင့် အခြားအမျိုးသားတစ်ယောက်၏ ဓာတ်ပုံကိုမြင်ချိန် သူ့မျက်ခုံးများရှုံ့တွသွားသည်။
အတွင်းရေးမှုးဝမ် ဝင်လာသောအခါ ရုံးခန်းတွင်းရှိလေထုသည် အနည်းငယ်ကျဆင်းနေသည်ကို ခံစားလိုက်ရသည်။ ဘော့စ်သည် အဘယ်ကြောင့် ဒေါသဖြစ်နေသည်ကို သူမသိသော်လည်း အရည်အချင်းပြည့်မှီသည့် အတွင်းရေးမှုးလေးမှာ မြှားဦးသူ့ဘက်လှည့်လာမည်ကို စိုးသဖြင့် ဘော့စ်၏စားပွဲပေါ်သို့ အစီရင်ခံစာကို ညင်သာစွာချထားလိုက်ပြီး ထွက်သွားတော့မည့်အချိန်တွင် ဘော့စ်၏မျက်လုံးများသည် ဖုန်းထံမှ သူ့ဆီရောက် လာပြီး တုံ့ဆိုင်းစွာမေးလိုက်သည်။
"ငါ အရပ်ပုလား ?"
အတွင်းရေးမှုးဝမ်သည် ဘော့စ်ဖြစ်သူ၏မေးခွန်းမှာထူး ဆန်းနေသော်လည်း အဖြေပေါင်းတစ်သောင်းသည် သူ့စိတ်ထဲအလိုလိုပေါ်လာသည်။
"ဘယ်ဟုတ်ပါ့မလည်း၊ 183 cm ဆိုတာ အမျိုးသမီးတွေကြား တော်တော်လေးလူကြိုက်များတဲ့ အရပ်အမောင်းလေ"
ဟန်ရှင်းယန်၏မျက်နှာသည် အနည်းငယ် သက်သာရာရသွားပြီး ခေါင်းညိတ်ကာ "ကောင်းပြီ၊ အဲ့လိုပြောထားတဲ့ လင့်ကို ငါ့ဆီ ပို့ပေး"
အတွင်းရေးမှုးဝမ်၏ မျက်နှာသည်ပျက်ပြားသွားသော် လည်း အမြန်ပင် ဟန်ဖို့ကာ "ကောင်းပါပြီ ဘော့စ်၊ ကျွန် တော် အဲ့ဒါကို သွားရှာလိုက်ပါ့မယ်"
ဟန်ရှင်းယန်သည် ကျေနပ်စွာ ခေါင်းညိတ်ပြီး "မင်း ထွက်သွားလို့ရပြီ"
အတွင်းရေးမှုးဝမ်သည် ပါးစပ်ထဲရှိရာလျှောက်ပြောမိလိုက်သဖြင့် ယခုအခါ အကျပ်ရိုက်နေတော့သည်။ သူသည် များပြားစွာသော သတင်းများကိုဖတ်ဖူးသော် လည်း ယခုလိုသတင်းမျိုးရှိ၊ မရှိ မမှတ်မိချေ။ သူသည် တက်နိုင်သမျှ ထိုအကြောင်းကိုရှာဖွေရန်လိုအပ်သည်။ အကယ်၍ ထိုသို့ပို့စ်မျိုးတောင်မရှိပါက သူကိုယ်တိုင် ဖန်တီးရပေမည်။ သို့သော် ကံကောင်းထောက်မစွာ သူရှာတွေ့ခဲ့သည်။
ဟန်ရှင်းယန်သည် အတွင်းရေးမှုးဝမ်ပေးပို့လာသော လင့်ခ်ကိုကြည့်ရှုပြီးနောက် ရှန်းချူးချူးထံသို့ ပေးပို့လိုက်သည်။ ရှန်းချူးချူးသည် ၎င်းမှာ ထိုလင့်ခ်ကို အဘယ် ကြောင့်ပေးပို့လာမှန်း နားမလည်သော်လည်း ဖွင့်ဖတ်ဆဲပင်။ သို့သော် သူ(မ)ဖတ်ပြီးတာတောင်မှ နားမလည်ဆဲပင်။ သူသည် ၎င်းကို စိတ်ရှုပ်ထွေးနေသည့် emoji တစ်ခု ပြန်ပို့လိုက်သည်။
ဟန်ရှင်းယန် ခဏလောက်စဉ်းစားပြီး: အရပ် 183 cm ကို မင်း ဘယ်လိုထင်လဲ ?
ရှန်းချူးချူးသည် ထိုမျှအရပ်သည် အလွန်ကောင်းမွန်သည်ဟု ထင်မိသဖြင့်: ယောင်္ကျားလေးတစ်ယောက်က အရပ် 180 cm ၀န်းကျင်ဆိုရင်အရမ်းကြည့်ကောင်းနေပြီ
ဟန်ရှင်းယန်: ဒါဆို 200 cm လောက်ကရော အဆင်ပြေလား ?
ရှန်းချူးချူးသည် ထိုအကြောင်းကို အလေးအနက်စဉ်းစားပြီး ပြန်ဖြေလိုက်သည်- 200 cm က သိပ်မကောင်းဘူး၊ 185 အထက်ဆိုရင်တောင် အရမ်းမြင့်လွန်းနေပြီ၊ မိန်းကလေးတော်တော်များများကတော့ 180 cm ၀န်းကျင်ဆို ကြိုက်ကြတယ်
ဟန်ရှင်းယန်သည် ရှန်းချူးချူးပေးပို့လာသည့် စာများကို မြင်ပြီး ကျေနပ်စွာပြုံးကာဖုန်းချလိုက်သည်။
သို့သော် ရှန်းချူးချူးသည်တော့ ဟန်ရှင်းယန်ကြောင့် ခေါင်းခြောက်နေရသည်။ နေပါဦး.. သူ့အရပ်က 183 cm လောက်လား ? သူ(မ)သည် ၎င်းကိုတိုက်ရိုက်မမေးပဲ Baidu ပေါ်တွင်ရိုက်ရှာကြည့်လိုက်သောအခါ အဖြေသည် ရှင်းရှင်းကြီးပေါ်သွားသည်။ ထို့နောက် သူ(မ) ယနေ့ forward လုပ်ခဲ့သော အကြောင်းအရာများကို ပြန်သတိရပြီး အကြောင်းစုံကိုနားလည်သွားရသည်။
သူ(မ)သည် စိတ်ထဲ ကလေးဆန်လိုက်တာဟုသာ တွေးနိုင်တော့သည်။
ရှန်းချူးချူးနှင့် ချန်းရှန့်ကန်းတို့သည် ရက်အနည်းငယ်ကြာ ဇာတ်၀င်ခန်းများရိုက်ကူးခဲ့သဖြင့် ရင်းနှီးလာခဲ့ကြသည်။ သူ(မ)တို့သည် သရုပ်ဆောင်ရမည့် ဇာတ်၀င်ခန်း မရောက်သေးခင် တစ်နေရာရာတွင်ထိုင်ကာ ဇာတ်ညွှန်းအကြောင်းကို စကားစမြည်ပြောလေ့ရှိလာသည်။
ထို့နေ့တွင် ချန်းရှန့်ကန်းသည် ရိုက်ကူးနေပြီး ရှန်းချူးချူးသည်တော့ သူ(မ)အလှည့်ကိုထိုင်စောင့်လျက် ဇာတ်ညွှန်းဖတ်နေသည်။
ချိုက်ကျဲသည် ရှန်းချူးချူး တစ်ယောက်တည်း ထိုင်နေသည်ကို မြင်သောအခါ "ချူးချူး မနေ့ညကကောင်း ကောင်း အိပ်ပျော်ရဲ့လား"
ရှန်းချူးချူးလည်း ချန်းရှန့်ကန်း၏ အေးဂျင့်မှာ သူ(မ) ဆီလာသည်ကို မြင်သောအခါ ခပ်ပြုံးပြုံး ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ ကျွန်မ ကောင်းကောင်းအိပ်ပျော်ပါတယ်၊ ဒီနေရာက မြို့ကြီးတွေထက် ပိုပြီးနေလို့ကောင်းတယ်"
ချိုက်ကျဲသည် ပြုံးကာ"ဟုတ်တယ်၊ လေကအစ အရမ်းလတ်ဆက်လွန်းတာပဲ၊ ဒါနဲ့ မင်း အားချန်းကို ဘယ်လိုထင်လဲ"
ရှန်းချူးချူးသည် သိပ်ပြီးစဉ်းစားမနေဘဲ "ရှောင်ကန်းကောက သရုပ်ဆောင်တာပါ အရမ်းကောင်းတယ်၊ ဒါရိုက်တာတောင် သူ့ကို မကြာခဏ ချီးမွမ်းနေတာ ပြီးတော့ NG ဆိုတာ မရှိသလောက်ပဲ"
ချိုက်ကျဲသည် ရှန်းချူးချူး၏ မျက်လုံးများကို ရှင်းရှင်း လင်းလင်းမြင်ရသဖြင့် ၎င်း အမှန်အတိုင်းပြောနေသည်ကို အတည်ပြုနိုင်မှ သူ(မ)လည်း စိတ်အေးသွားသည်။
"အင်း.. ဒါရိုက်တာက မင်းကိုလည်း ခဏခဏချီးမွန်းနေတာ၊ မင်းက ဒီလောက်ငယ်ရွယ်တာတောင် သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းနေပြီဆိုတော့ အနာဂတ်ကျရင် တကယ့်ကို မျှော်မှန်းလို့မရအောင်ပဲ"
ရှန်းချူးချူးသည် နှိမ့်ချစွာသာ ပြန်ပြောလိုက်သည်။ "ချိုက်ကျဲက အရမ်းချီးကျူးလွန်းနေပါပြီ"
သိပ်မကြာခင်တွင် သရုပ်ဆောင်ရန် ရှန်းချူးချူးအလှည့်ရောက်လာခဲ့သည်။ ယနေ့သည် တိုက်ခိုက်ရမည့် ဇာတ် ၀င်ခန်းဖြစ်သောကြောင့် NGများစွာကို ဖြတ်ကျော်ပြီး အဆုံးတွင် အောင်မြင်သွားခဲ့သည်။
ရှန်းချူးချူး သရုပ်ဆောင်ပြီးသောအခါ အလွန်မောပန်းနေသဖြငိ့ စကားပင်ပြောနိုင်စွမ်းမရှိတော့ချေ။
သူ(မ)သည် ထိုင်ခုံနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ ခြေပစ်လက်ပစ် လှဲချလိုက်သည်။ ဂိမ်းဆော့နေသော ချန်းရှန့်ကန်းသည် သူ(မ)ကိုလှည့်ကြည့်လာပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလာခဲ့သည်။
"မင်း ဒီလိုမျိုး ဇာတ်၀င်ခန်းတွေ မရိုက်ဖူးဘူးမလား ? ကိစ္စမရှိဘူး နောက်ထပ် အကြိမ်နည်းနည်းလောက်ထပ်ရိုက်လိုက်တာနဲ့ ကျင့်သားရသွားလိမ့်မယ်"
ရှန်းချူးချူးသည် ထိုစကားကိုနားထောင်ပြီး များပြားလှသော တိုက်ခိုက်ရေးဇာတ်၀င်ခန်းများကို မြင်ယောင်လာကာ သူ(မ) အနာဂတ်ကြီးမှောင်မိုက်သွားသလိုခံစားလိုက်ရသည်။
"ရှင့်ရဲ့နှစ်သိမ့်မှုအတွက် ကျေးဇူးပါ၊ ကျွန်မ ပိုပြီးပင်ပန်းလာသလိုပဲ"
ချန်းရှန့်ကန်း အကြိမ်အနည်းငယ် ရယ်မောလိုက်သည်။
ရှန်ချူးချူးသည် ဝမ်ချမ့်ကမ်းပေးသော ရေကိုယူလိုက်ပြီး ဘေးပတ်လည်ကို အမှတ်တမဲ့ ကြည့်လိုက်မိသည်။ ထိုစဉ် မနီးမဝေးတွင် ချိုက်ကျဲနှင့် ရယ်ရယ်မောမော စကားပြောနေသော လူတစ်ယောက်ကိုမြင်လိုက်ရသည်။ ထိုလူသည် ၀န်ထမ်းနှင့်လည်း မတူသဖြင့် သူ(မ)၏ စူးစမ်းလိုစိတ်များကို နှိုးဆသွားသည်။
ချန်းရှန့်ကန်းသည် ဆော့နေသော ဂိမ်းပြီးသွားသဖြင့် ရှန်းချူးချူး ကြည့်နေသော နေရာကိုမြင်သည့်အချိန် ရှင်းပြလာသည်။ "အဲ့ဒါက ဝမ်ကောလေ၊ ချိုက်ကျဲရဲ့ ချစ်သူပေါ့၊ သူတို့နှစ်ယောက် မကြာခင်လက်ထပ်တော့မှာ"
ရှန်းချူးချူးသည် ထိုစကားကို ကြားလိုက်ရသောအခါ သူ(မ) မျက်လုံးများ ပြူးကျယ်သွားပြီး ချန်းရှန့်ကန်း ကို မယုံနိုင်စွာကြည့်ကာ ထူးဆန်းသောလေသံနှင့် မေးလိုက်သည်။
"အဲ့လူ ချိုက်ကျဲနဲ့ လက်ထပ်တော့မှာဆိုတာ သေချာလို့လား ?"
ချန်းရှန့်ကန်းသည် ရျန်းချူးချူးအဘယ်ကြောင့် ထိုသို့ ထူးဆန်းလှသည့် လေသံနှင့် မေးလာမှန်း နားမလည်သော်လည်း ခေါင်းညိတ်ကာ ပြောလိုက်ဆဲဖြစ်သည်။
"ဟုတ်တယ်၊ သူတို့နှစ်ယောက် တွေ့တာ တစ်နှစ်ခွဲကျော်လောက်ပြီ၊ အခုက မင်္ဂလာဆောင်ဖို့ ရက်ချိန်းနေတာလေ၊ ဒါက လျှို့ဝှက်ချက်မဟုတ်ပေမဲ့ မင်းဘယ်သူ့ကိုမှ ပြန်မပြောရဘူးနော်"
ရှန်းချူးချူးသည် ချန်းရှန့်ကန်းကို ကြည့်နေသော်လည်း အတွေးများကြား နစ်မြုပ်နေဆဲဖြစ်ပြီး ရယ်ရယ်မောမော စကားပြောနေသော လူနှစ်ယောက်ကို ကြည့်လိုက်ပြီး ထိုအမျိုးသားကို ခဏလောက် စူးစိုက်ကြည့်လိုက်သည်။ စနစ်သည် အဆင့်မြှင့်တင်လာသည်နှင့်အမျှ သူ(မ) ကြည့်နိုင်သော အကွာအဝေးသည် ပိုမို ကျယ်ပြန့်လာလေဖြစ်သဖြင့် သုံးမီတာအကွာအဝေးမှ နေ၍ပင်ကြည့် ရှုနေနိုင်ပြီဖြစ်သည်။
သုံးစက္ကန့်ကြာသောအခါ ထိုလူခေါင်းပေါ်တွင် အသဲတစ်ခုပေါ်လာသည်ကို မြင်လိုက်ရသည်။ ရှန်းချူးချူး အမြင်မမှားပါက ထိုလူ၏ခေါင်းပေါ်ရှိအသဲသည် နီရဲနေသဖြင့် တစ်နည်းဆိုရသော် ချိုက်ကျဲနှင့်လက်ထပ်မည့်သူဖြစ် သည်မှာသေချာသည်။