← Chapters

အခန်း (၆၁)

Vol. 7 Ch. 61

အခန်း (၆၁)

Vol. 7 Ch. 61

ရှန်းချူးချူးအနေဖြင့် ကြော်ငြာရိုက်ကူးမှုအား မနေ့က အပြီးသတ်ခဲ့ပြီဖြစ်ရာ ကုမ္ပဏီသို့ လာရန် မလိုသော်လည်း ချန်းရှီလီသည် သူ(မ)အတွက်  ဇာတ်ညွှန်းကောင်းများရှိသည်ဟု ပြောလာကာ လှမ်းခေါ်ခဲ့သည်။ သူ(မ)သည် လက်တလောတွင် အလုပ်လည်းနည်းပါးသလို ကျော်ကြားမှုလည်း ထင်သလောက် မရှိသေးချေ။ သူ(မ)သည် ဆယ်လီဟု ဆို၍ရသော်လည်း တကယ်တမ်းမှာ ဆယ်လီမဟုတ်ခဲ့ပဲ အလုပ်များစွာမရှိသော သရုပ်ဆောင်တစ်ဦးသာဖြစ်နေသည်။

သို့သော် ဆယ်လီဖြစ်စေ သရုပ်ဆောင်ဖြစ်စေ အလုပ်တစ်ခုလိုအပ်သည် မဟုတ်ပါလား..?

သူ(မ)၏အိပ်မက်သည် ဆယ်လီမဟုတ်သောကြောင့် အလုပ်အား သေချာရွေးချယ်ဖို့လိုသည်။

ရှန်းချူးချူး ရုံးခန်းသို့ရောက်ပြီးနောက် ချန်းရှီလီသည် သူ(မ)အား ဇာတ်ညွှန်းအထပ်လိုက်ကြီး ပေးလာသည်။

ရှန်းချူးချူးသည် ထိုဇာတ်ညွှန်းများကို အလွန်အံဩမှင်သက်စွာ ကြည့်နေမိသည်။ ကုမ္ပဏီသည် သူ(မ)အတွက် ထိုမျှ ရင်းနှီးပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့‌ချေ။ သူ(မ)သည် စိတ်လှုပ်ရှားစွာဖြင့် ချန်းရှီလီလက်ထဲမှ ဇာတ်ညွှန်းကို လက်နှစ်ဘက်နှင့်ယူလိုက်သည်။

ချန်းရှီလီသည် ရှန်းချူးချူးမျက်နှာပေါ်ရှိ  ခံစားချက်များကို သဘာဝအတိုင်းမြင်သော်လည်း မည်သည့်စကားမှမဆိုပဲ ဇာတ်ညွှန်းကို ညွှန်ပြကာ- "နင် ဒီဇာတ်ညွှန်းသေချာကြည့်သင့်တယ်"

"ဟုတ်ကဲ့" ရှန်းချူးချူးခေါင်းညိတ်လိုက်သည်။

ရှန်းချူးချူးသည် ပထမဆုံးမြင်ရသည့် နှစ်ခုကိုကြည့်လိုက်သည့်အချိန် သူ(မ)၏ မျက်နှာသည် ပျော်နေရင်းမှ စိတ်ပျက်မှုများ ဖြတ်သန်းသွားပြီးနောက် သူ(မ)စိတ်ကို ပြန်လည်တည်ငြိမ်အောင်ထိန်းလိုက်သည်။ ရိုးသားစွာပြောရပါက တချို့ဇာတ်ညွှန်းနေရာများအား သူ(မ)နားမလည်ချေ။ ထိုအရာသည် တစ်စုံတစ်ယောက်မှာ သူ(မ)ဆီသို့ ပျော်ရွှင်မှုဆိုသည့် မီးတောက်အား မွှေးပေးခဲ့သဖြင့် မဟာပျော်ရွှင်မှုကို မျှော်လင့်မိသလိုပင်။ သို့သော် ထိုဇာတ်ညွှန်းသည် ရိုးရှင်းလွန်းပြီး စိတ်၀င်စားစရာရော ရှိပါရဲ့လား?

"ဘယ်လိုသဘောရလဲ?"

ချန်းရှီလီသည် ရှန်းချူးချူး နောက်ဆုံးဇာတ်ညွှန်းကို ပိတ်လိုက်သည်ကိုမြင်သဖြင့် မေးလိုက်သည်။

ရှန်းချူးချူးသည် ခဏတွေးတောလိုက်ရင်း "သိပ်မဆိုးပါဘူး"

"အိုး? ဘယ်တစ်ခုလဲ?" ချန်းရှီလီသည် သူ(မ)အဖြေကို စိတ်ဝင်စားနေပုံရသည်။

ချန်းရှီလီသည် သူ(မ)ကို စမ်းသပ်နေခြင်းဖြစ်ကြောင်း ရှန်းချူးချူးခံစားမိသည်။ သူ(မ) ချန်းရှီလီကို မော့ကြည့်လိုက်ပြီး နောက် သူ(မ)လက်ထဲရှိ ဇာတ်ညွှန်းကို ငုံ့ကြည့်လိုက်ကာ အတွင်းထဲရှိ ဇာတ်ညွှန်းနှစ်ခုကို ကောက်ယူပြီး “ဒီနှစ်ခုကတော့ အရမ်းကောင်းတယ်”

ရှန်းချူးချူးသည် ချန်းရှီလီ၏ မျက်နှာကို နောက်တစ်ကြိမ် ကြည့်လိုက်သည့်အချိန် ချန်းရှီလီ၏ မျက်နှာသည် မထူးမခြားနား တုံ့ပြန်မှုမရှိချေ။ ရှန်းချူးချူးသည် သူ(မ)ညာဘက်လက်တွင် ကိုင်ထားသော ၀တ္ထုကို ချလိုက်ပြီး "ချန်းကျဲ ဒီတစ်ခုကို ရွေးတာပိုကောင်းမယ်"

ချန်းရှီလီသည် ရှန်းချူးချူး၏စကားကိုနားထောင်ပြီးနောက် သူ(မ)၏မျက်နှာသည် ကျေနပ်အားရမှုများရစ်သန်းနေပြီး "မင်း အခုအချိန် idolဒရာမာတွေကို ရိုက်လို့ရတာမှန်ပေမဲ့ အရမ်းစောသေးတယ်၊ မင်းသရုပ်ဆောင် လမ်းကြောင်းကို လျှောက်ဖို့ဆုံးဖြတ်လိုက်ရင် ဒီလိုဇာတ်ညွှန်းမျိုးကို လက်လျှော့သင့်တယ်၊ ဒါက သပ်သပ်အချိန်ဖြုန်းတာပဲ၊ ဒီဇာတ်ညွန်းက အရမ်းကောင်းတယ်ထင်ရင် မင်းလမ်းတစ်၀က်နဲ့ ပြန်လှဲ့လာဖို့မစဉ်းစားနဲ့တော့၊ ဘာလို့ဆို idol drama တစ်ခါရိုက်လိုက်တာနဲ့ ပြန်လာဖို့ခက်တယ်" ချန်းရှီလီသည် ထိုစာလုံးများကို ရှန်းချူးချူး၏ မျက်လုံးများအား တည့်တည့်စိုက်ကြည့်ကာပြောလိုက်သည်။

ရှန်းချူးချူးသည် ၎င်း၏အတွေးကြောင့် အနည်းငယ်ရှက်သွားသည်။ သူ(မ) idol ဒရာမာကိုရွေးရခြင်းအကြောင်းမှာ ထိုဒရမ်မာသည် နာမည်ကြီး Jinjiang Literature City ဝက်ဘ်ဆိုက်မှ ဆင်းသက်လာသည့် ၀တ္ထုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးမည်ကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ သရုပ်ဆောင်ခအများအပြား ရနိုင်သောကြောင့်ဖြစ်သည်။ သူ(မ) စစတွေ့ချင်း အတော်လေး အံသြသွားသည်။ ထိုသို့ ကောင်းမွန်သော ဇာတ်ညွှန်းသည် အဘယ့်ကြောင့် သူ(မ)ဆီသို့ရောက်လာရသနည်း။ ထိုထဲတွင် မမြင်နိုင်သည့် ထောင်ချောက်များ ရှိနေလေမလား?

"ဟုတ်ကဲ့ ချန်းကျဲ ကျွန်မနားလည်ပါတယ်၊ ဒီဇာတ်ညွှန်းက တကယ်ကောင်းလို့ ကျွန်မ ရှုပ်ထွေးသွားတာပါ"

ချန်းရှီလီသည် ပြုံးလျက် ဇာတ်ညွှန်းကို ကြည့်ကာ "ကိစ္စမရှိပါဘူး၊ ဒီဒါရိုက်တာက  အကောင်းဆုံး ဒါရိုက်တာဆုရထားတဲ့သူတစ်ယောက်လေ၊ ငါနင့်ကို ဒီကားရိုက်ဖို့သဘောမတူတာက ဒီဇာတ်လမ်းက မကောင်းလို့မဟုတ်ဘူး၊ မင်းက အဲ့ဒီလမ်းကြောင်းဘက်သွားဖို့အဆင်မပြေလို့ပဲ၊ ဒီအသိုင်းအဝိုင်းထဲမှာ ကြောက်စရာအကောင်းဆုံးအရာက ကိုယ်နဲ့ကိုက်ညီတဲ့နေရာကို ရှာ‌မတွေ့တာပဲ၊ အဲ့လိုမျိုး  သရုပ်ဆောင်တွေကို ငါအများကြီးတွေ့ဖူးတယ်၊ သူတို့က သရုပ်ဆောင်ကောင်းပေမဲ့ ၀င်ငွေပိုများတဲ့ ရုပ်ရှင်တွေပဲရိုက်ကြလို့ နောက်မှ နောက်ပြန်ဆုတ်ဖို့က အရမ်းနောက်ကျသွားပြီ"

ရှန်းချူးချူးသည် ချန်းရှီလီ၏ စကားကို နားထောင်ပြီး သူ(မ)စိတ်ထဲတွင် ထိုသို့ဖြစ်သွားသော စတားတစ်ချို့ကို ပြန်တွေးမိလိုက်သည်။ သူ(မ)သည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး- "ဟုတ်ကဲ့ ကျွန်မကိုသတိပေးလို့ ကျေးဇူးတင်ပါတယ်ချန်းကျဲ"

ချန်းရှီလီသည် ဇာတ်ညွှန်းကို သူ(မ)လက်ထဲမှ ချလိုက်ပြီး "ဒါပေမယ့် နင်ရဲ့ပုံရိပ် တည်ငြိမ်လာတဲ့အချိန်ရောက်ရင်တော့ အခု‌လို idolဒရာမာတချို့ကိုရိုက်လို့ရတယ်၊ ဒါပေမယ့် အခု တော့မဟုတ်သေးဘူး၊ နင်အဲ့အတွက် နှမျောနေစရာလည်း မလိုပါဘူး၊ အဲ့အချိန်ကျရင် ဒီထက် ပိုကောင်းတဲ့ ဇာတ်လမ်းတွေဆိုတာ ရှိနေလိမ့်မယ်၊ ပြောရမယ်ဆိုရင် Ma Daoက ထုတ်လုပ်မှုကြီးက တန်ဖိုးမဖြတ်နိုင်ဘူးမဟုတ်လား၊ နင်အရင်က ဒါကို ကောင်းကောင်းလုပ်နိုင်ခဲ့တာ ငါမှတ်မိတယ်"

ရှန်းချူးချူးသည် ချန်းရှီလီ၏ မျက်လုံးများကို စိုက်ကြည့်ပြီး ဇာတ်ညွှန်းကို ကြည့်ကာ "ချန်းကျဲ ဒီဇာတ်လမ်းကို ကျွန်မ မ‌ရွေးရတာက ကျွန်မအရင်ကရိုက်ခဲ့တဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲက ဇာတ်ပို့နေရာနဲ့ နည်းနည်းလေး ဆင်တူနေလို့"

ချန်းရှီလီသည် ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ ငါလည်းအဲ့လိုတွေးနေတာ၊ ထုတ်လုပ်ရေးအကြီးစားတွေက ကောင်းပေမယ့် အနာဂတ်မှာ ငါတို့ရဲ့ ရည်မှန်းချက်က ဇာတ်လိုက်မင်းသမီးနေရာမဟုတ်လား၊ နင် ငါ့ကို ဒေါသထွက်မယ်ဆိုရင်တောင် နင့်ကို အခုလို တူညီတဲ့ဇာတ်ကောင်နေရာမျိုးပေးမှာမဟုတ်ဘူး၊ အခု နင့်လက်ထဲက ဇာတ်ညွှန်းက ငါရွေးပေးချင်တဲ့ဟာပဲ ပြန်သွားပြီး ဖတ်ကြည့်လိုက် "

ရှန်းချူးချူးသည် ချန်းရှီလီ၏စကားကြောင့်အံ့သြသွားခဲ့သည်။ ချန်းရှီလီသည် သူ(မ)အား ထိုမျှ ခပ်မြင့်မြင့်မျှော်လင့်ထားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ 

"ငါဘာလို့ နင့်ကိုအခုလိုနေရာမျိုးရွေးပေးနေတယ်ထင်လဲ? ပုံမှန်ဆို လူသစ်တွေအတွက် ငါက ဇာတ်ပို့နေရာပဲပေးပေမဲ့၊ ဒီတစ်ခါတော့ မင်းကို အဓိကဇာတ်လိုက်နေရာကို ပေးလိုက်လို့လေ"

ထို့နောက် ချန်းရှီလီသည် ခေတ်တရပ်လိုက်ပြီး သူ့မျက်လုံးများသည် ရှန်းချူးချူးအား ထူးဆန်းစွာစိုက်ကြည့်ရင်း "နင်ကို ဒီတစ်ခေါက် အဓိကဇာတ်လိုက်နေရာမှာ သရုပ်မဆောင်ခိုင်းရင်၊ CEOဟန်က စိတ်ကြည်မှာမဟုတ်ဘူး၊အဲ့လိုဆို သူဌေးက ငါ့ကို အပြစ်တင်တော့မှာ"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏အမည်ကိုကြားလိုက်ရသောအခါ သူ(မ)၏မျက်နှာသည် ပူလောင်လာသည်။

"ချန်းကျဲ ကျွန်မနဲ့ CEOဟန်က..."

"ကောင်းပြီ မင်းပြန်သွားပြီး အဆင်သင့်လုပ်ထားလိုက်တော့ ဒါရိုက်တာက မင်းကို  ဇာတ်လိုက်နေရာအတွက် ဆုံးဖြတ်ထားပြီးပေမဲ့ မင်းသရုပ်ဆောင်တာ အရမ်းဆိုး၀ါးနေရင် ဘာဖြစ်မလဲပြောလို့မရဘူး"

ရှန်းချူးချူးသည် ချန်းရှီလီထံမှ ထွက်လာပြီးသောအခါ သူ(မ)၏မျက်နှာပေါ်ရှိ ပူလောင်မှုသည် လျော့မသွားဘဲ သူ(မ)၏စိတ်သည်လည်း အနည်းငယ် ရှုပ်ထွေးနေသည်။ ထိုအချိန် ဖုန်းမြည်သံတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာသည်။ ရှန်းချူးချူးသည် ထိုထူးဆန်းသော နံပါတ်ကိုကြည့်လိုက်ကာ အနည်းငယ်မျက်မှောင်ကြုတ်ပြီး ဖုန်းချလိုက်သည်။ မထင်မှတ်စွာ သူ(မ) ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ဖုန်းသည်တစ်ဖန်ပြန်မည်လာသည်။ ရှန်းချူးချူးသည် တုံ့ဆိုင်းသွားပြီးနောက် ဖုန်းကို ထပ်ချလိုက်ပြန်သည်။ ထိုစဉ်ဖုန်းမြည်သံသည် တတိယအကြိမ် ထပ်မြည်လာသောအခါ ရှန်းချူးချူး မကျေမနပ်ဖြင့် ကောက်ကိုင်လိုက်သည်။

"မစ်ရှန်းရဲ့ဖုန်းက တကယ်ခေါ်ရခက်တာပဲ"

ရှန်းချူးချူးသည် တဖက်ဖုန်းမှထွက်လာသော အသံကို နားထောင်လျက် ဖုန်း၏ မျက်နှာပြင်ကိုလည်း ငုံ့ကြည့်လိုက်သည်။ ထိုလူသည် သူ(မ) ဖုန်းနံပါတ်ကိုသိထားသလို သူ(မ)ကိုလည်း သိနေ သူဖြစ်လိမ့်မည်။ သို့ရာတွင် အသံမှာ အနည်းငယ်စိမ်းနေသလိုခံစားရသဖြင့် တစ်ဖက်လူကို သူ(မ)မှန်းလို့မရချေ။

"ရှင် ဘယ်သူလဲဆိုတာ ကျွန်မ မေးလို့ရမလား……"

သုန်ကျီယွမ်သည် ရှန်းချူးချူး၏ စကားကိုကြားသောအခါ သူ့မျက်နှာသည်  မည်းမှောင်သွားပြီး သူ့လေသံသည်လည်း မာကျောလာကာ "မစ်ရှန်းက တကယ့်ကို ဂန္တ၀င်ပုဂ္ဂိုလ်ဆိုတော့ ကျွန်တော်ဘယ်သူလည်းဆိုတာ မင်းကို ပြန်သတိပေးရမယ်နဲ့တူတယ်၊ ကျွန်တော်တို့ ပထမဆုံးတွေ့တာ လေယာဉ်ပေါ်မှာလေ မစ်ရှန်းတောင် ကျွန်တော့်ကို လက်ဆောင်ပေးသေးတယ်၊ ကျွန်တော်တို့ ဒုတိယအကြိမ်တွေ့ဆုံမှုက ကော်ဖီဆိုင်မှာတုန်းကပေါ့၊ အဲ့တုန်းက မစ်ရှန်းက ကျွန်တော့်အဆက်အသွယ်ရဖို့ အတင်းလိုက်ကပ်နေတာ..."

ရှန်းချူးချူးသည် ပထမစာကြောင်းကြားသည်နှင့် ထိုလူ မည်သူဖြစ်ကြောင်းမှန်းဆပြီးဖြစ်သည်။ သို့သော် သူ(မ)က သူ့ အဆက်အသွယ်ရဖို့ အတင်းလိုက်ကပ်နေသည်တဲ့လား? သူကပဲ သူ(မ)ကို ပေးချင်နေတာမဟုတ်လား? သူ့ကို  မှတ်မိအောင် အသိပေးသင့်လား?

"မစ္စတာသုန်ကိုး၊ ကျွန်မနဲ့ ရှင့်ကြားမှာ တစ်ခုခု ပြောစရာရှိလို့လား မေးချင်ပါတယ်" ရှန်းချူးချူးသည် သုန်ကျီယွမ်၏ စကားများကို ရပ်တန့်လိုက်သည်။

ထိုစာကြောင်းကိုကြားသောအခါ သုန်ကျီယွမ်သည် နှုတ်ဆိတ်သွားပြီး "မစ်ရှန်းကို ကျွန်တော် တွေ့ချင်လို့ မစ်ရှန်း အချိန်ပေးနိုင်လားဆိုတာ ကျွန်တော်သိချင်ပါတယ်"

ရှန်းချူးချူးသည် ၎င်းနှင့်တွေ့စရာ အကြောင်းရှိလေသလားဟုတွေးလိုက်မိသည်။ သူ(မ) မနေ့ညက ၎င်းအမေ၏ ဖူးစာရေးစနစ်ကိုကြည့်လိုက်သောအခါ သေဘေးမှ လွတ်မြောက်သွားသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ(မ) ဆက်သွယ်ရန် အကြောင်းမရှိတော့သည်မဟုတ်လား? ကျေးဇူးတင်ဖို့လား? တစ်ဖက်လူ၏ လေသံကို နားထောင်ရုံနှင့် သူမကို ကျေးဇူးတင်နေမှာ မဟုတ်ဘူးဆိုတာ သိသာသည်။

ထို့ကြောင့် သူ(မ)တို့နှစ်ဦး တွေ့ဆုံရန်မလိုအပ်တော့သည့်အပြင် တစ်ဖက်လူ၏  မထီမဲ့မြင်ပြုမှုနှင့် မုန်းတီးမှုကို သူ(မ) ခံစားနိုင်သည်။

"ဆောရီး ကျွန်မမှာ လုပ်စရာတွေအများကြီးရှိနေလို့ ရှင်နဲ့‌တွေ့ဖို့ အချိန်မရှိဘူး"

သုန်ကျီယွမ်သည် ရှန်းချူးချူးမှ ထိုသို့ မြန်မြန်ဆန်ဆန်ပင် ငြင်းဆိုလာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့်

"မစ်ရှန်းက ကျွန်တော့်ကို အခွင့်အရေးတောင် မပေးချင်တော့သလိုပဲ၊ အပြင်ထွက်စားဖို့တောင် အချိန်မရှိဘူးလား”

ရှန်းချူးချူးသည် ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။

“အဲ့လို မဟုတ်ပါဘူး၊ ကျွန်မ ဟန်တျန်းမှာ ရုပ်ရှင်သွား ရိုက်ရတော့မှာမို့ မြို့တော်မှာ မရှိလောက်ဘူး…”

ရှန်းချူးချူးသည် ထိုမျှနှင့် သုန်ကျီယွမ်၏တောင်းဆိုမှုကို ဟန့်တားနိုင်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း သူမ မယုံနိုင်လောက်အောင်ပင် ဆက်ပြောနေခဲ့သည်။

"မစ်ရှန်းက ထျန်းတိမီဒီယာကနော်၊ကျွန်တော် မင်းကို အဲ့အောက်ထပ်မှာ လာစောင့်နေရမလား...?မင်း ဒီနေ့ ကုမ္ပဏီကို သွားမှာ မဟုတ်လား...?"

ရှန်းချူချူသည် နောက်ဆုံးစကားကိုကြားလိုက်သောအခါ သူမ၏တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရသည်။ ထိုစကားကြောင့် သူ(မ)၏  Privacy သည် မလုံခြုံသလို ခံစားလိုက်ရပြီး သူမ၏ လှုပ်ရှားမှုတိုင်းကို တစ်စုံတစ်ယောက်မှ စောင့်ကြည့် နေသလို ခံစားလိုက်ရသည်။

"ဒါမှမဟုတ် ကျွန်တော် မစ္စတာယွမ်ကို မေးလိုက်ရမလား…?"

ထိုစကားသည် ရှန်းချူးချူး၏ ဆုံးဖြတ်ချက်ကို ဖြိုခွဲခဲ့သော နောက်ဆုံးကောက်ရိုးမျှင် ပင်ဖြစ်လေသည်။ သူမ မျက်တောင်ခတ်ပြီး “အချိန်၊ နေရာ” ဟုသာ ပြန်မေးလိုက် တော့သည်။

" Bass Restaurant…ဒုတိယ အထပ် အခန်း 2102 "

ရှန်းချူးချူးသည် အခန်းနံပါတ်ကိုကြားသောအခါ ဆိုးရွားသောအမှတ်တရအချို့ကို ချက်ချင်းပြန် အမှတ်ရသွားပြီး 

"သီးသန့်အခန်းမလိုပါဘူး၊ စားသောက်ဆိုင် ပထမထပ်ဆိုရပြီ" ဟု သူမ အခိုင်အမာပြန်ပြောခဲ့သည်။

သုန်ကျီယွမ်သည် ရှန်းချူးချူး၏တောင်းဆိုမှုအား လက်ခံပြီး “ကောင်းပြီ” ဟု ပြန်ဖြေလာသည်။

ရှန်းချူးချူးသည် ချိန်းဆိုထားသော စားသောက်ဆိုင်သို့ ရောက်သောအခါ အဝေးမှ ထိုင်ခုံတွင် ထိုင်နေသော သုန်ကျီယွမ်ကို လှမ်းတွေ့လိုက်ရသည်။ စိတ်ပျက်လက်ပျက်ဖြစ်နေသော သူ၏မျက်နှာအသွင်အပြင်မှာ ဖုန်းထဲကလေသံလို ထူးထူးခြားခြား ရက်စက်ကြမ်းကြုတ်တဲ့အနိုင်ကျင့်မှုမျိုး လုံးဝမတွေ့ရချေ။ သူ(မ)သည် ထိုလူနှင့် တွေ့ဆုံချိန်တိုင်းတွင် သူထံ မတူညီတဲ့အသွင်အပြင်မျိုးစုံ ရှိသကဲ့သို့ ထူးဆန်းသည့်ခံစားချက်မျိုး ရနေသည်။

ရှန်းချူးချူးသည် ရှေ့သို့လျှောက်သွားပြီး တိတ်တဆိတ်ဝင်ထိုင်လိုက်သည်။

ရှန်းချူးချူး ထိုင်လိုက်သောအခါ၊ သုန်ကျီယွမ်၏ မှောင်မှိုင်းနေသည့်မျက်လုံးများမှာ အနည်းငယ် လှုပ်ရှားလို့သွားသည်။ အချိန်အတော်ကြာပြီးမှ သူသည် ခေါင်းကိုမော့ကာ စူးရှသောမျက်လုံးများဖြင့် သူ့ရှေ့ရှိ ရှန်းချူးချူးကို စိုက်ကြည့်လိုက်သည်။

"ကျွန်မ ရှင့်ကို ဘာကူညီပေးရမလဲ မစ္စတာသုန်"

သုန်ကျီယွမ်က မေးခွန်းကို မဖြေဘဲ

“ကျွန်တော်တို့အိမ်စေက ကျွန်တော့်အမေကို လှေကားထစ်ကနေ တွန်းချချင်နေတာ မင်း ဘယ်လိုသိတာလဲ...?”

All Chapters