← Chapters

အခန်း (၆၃)

Vol. 7 Ch. 63

အခန်း (၆၃)

Vol. 7 Ch. 63

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ကားပေါ်သို့ရောက်သည့်တိုင်  အခြေအနေကို နားမလည်သေးချေ။ သူ(မ)သည် ဟန်ရှင်းယန်အား ကြည့်လိုက်ရာ မည်သည့်စကားမှမပြောဘဲ ကားကိုသာ စတင် မောင်းနေသည်ကို တွေ့လိုက်ရသည်။

အနေအထားကိုကြည့်ပြီး ရှန်းချူးချူး စိတ်ထဲမှ ဒီလူ ဒီနေ့  စိတ်အခြေအနေသိပ်ကောင်းပုံမပေါ်ဟု တွေးလိုက်မိသည်။ သူ(မ) ဒီနေ့ အပြင်မထွက်လာခင် ကံကြမ္မာလေးဘာလေးစစ်လာခဲ့ရမှာ၊ အခုတော့ စိတ်မကြည်‌သည့် လူနှစ်ယောက်အား တစ်နေ့ထဲတွင် တွေ့နေသည်။ ၎င်းတို့ကြားရှိလေထုသည် တိတ်ဆိတ်နေခဲ့သည်။ ခဏအကြာတွင် ရှန်းချူးချူး၏ဗိုက်ထဲမှ ဂွီခနဲမည်သွားလေသည်။

ထိုမှသာ ဟန်ရှင်းယန်သည် ကားကိုအရှိန်လျှော့ကာ သူ(မ)ဘက်သို့ လှည့်ကြည့်လာသည်။

ရှန်းချူးချူးသည် သူ(မ)ဗိုက်ပေါ်တွင် လက်လေးအုပ်လျက် ထိုင်နေသော်လည်း  ဟန်ရှင်းယန်၏ အကြည့်ကိုမြင်ကာ မနေနိုင်ပဲ မေးလိုက်သည်။

“ကားလမ်းကြောင်းက ဘာလို့အိမ်ဘက်ကို မဟုတ်တာလဲ...?”

ဟန်ရှင်းယန်၏ဒေါသသည် လျော့ပါးသွားပုံရပြီး ပြန်မေးလာသည်။

"မင်း ဘာစားချင်လဲ...?"

ရှန်းချူးချူးသည် ဟန်ရှင်းယန် လေးနက်စွာမေးလာသည်ကိုမြင်သောအခါ သူ(မ)လည်း ပြန်ဖြေလိုက် သည်။

"ဟော့ပေါ့"

ထိုစကားဆုံးသည်နှင့် သူ(မ)ပါးစပ်ထဲမှ သွားရည်များပြည့်လျှံလာရုံသာမက သူ(မ)ဗိုက်သည်လည်း နောက်တစ်ကြိမ် မြည်ဟီးသွားပြန်သည်။ ရှန်းချူးချူးသည် ဟန်ရှင်းယန်ကို တစ်ချက်လှမ်းကြည့် လိုက် ရာ ဟန်ရှင်းယန်သည် သူ(မ)အား မကြည့်ဘဲ ကားကိုသာ ဆက်မောင်းနေသည်။ သို့သော် ရှန်းချူးချူးမမြင်ကွယ်ရာတွင်  ဟန်ရှင်းယန်၏ နှုတ်ခမ်းများ ဖြည်ညှင်းစွာတွန့်ကွေးသွားသည်။

ဆယ်မိနစ်အကြာတွင် ၎င်းတို့နှစ်ယောက်သည် ဟော့ပေါ့ဆိုင်တံခါးဆီသို့ ရောက်လာခဲ့ကြသည်။

ရှန်းချူးချူးသည် လူစည်ကားနေသော ဟော့ပေါ့ဆိုင်ကို ကြည့်လိုက်ရင်း ဤနေရာတွင် စားသင့် မသင့် ချင့်ချိန်လို့နေသည်။ အကယ်၍ သူ(မ)သာ ဟန်ရှင်းယန်နှင့်အတူရှိနေသည့်မြင်ကွင်းအား ဓာတ်ပုံအရိုက်ခံရပါက မနက်ဖြန်တွင် ချန်းရှီလီထံမှ အသတ်ခံရနိုင်သည်။

ရိုးရိုးသားသားပြောရမည်ဆိုလျှင် ယခုချိန်တွင် သူ(မ)သည် နွားတစ်ကောင်လုံး မျိုချနိုင်လောက်သည် အထိ ဆာလောင်နေသဖြင့် သူ(မ) တစ်ယောက်တည်းသာဆိုပါက မဆိုင်းမတွ စားသောက်လိုက်မည် ဖြစ်သည်။ ဓာတ်ပုံရိုက်ခံရရင်...? စတားတွေရော အစားမစားရတော့ဘူးလား?

ရှန်းချူးချူးသည် စဉ်းစားရင်း ဟန်ရှင်းယန်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။

ရှန်းချူးချူးသည် ထိုမျှဆာလောင်နေသော်လည်း  အဘယ့်ကြောင့် ယခုလိုတွေဝေနေရသနည်းဟု ဟန်ရှင်းယန် စဉ်းစားနေမိသည်။ ထိုအခိုက်အတန့်တွင် ရှန်းချူးချူးအားကြည့်နေသော ဟန်ရှင်းယန်၏ အေးစက်စက်မျက်လုံးများသည် သူ(မ)၏ ခံစားချက်များကို နားလည်သွားဟန်တူသည်။ သူသည် ထိုင်ခုံခါးပတ်ကို ပြန်ပတ်ပြီး ကားကို ပြန်မောင်းလိုက်သည်။

ရှန်းချူးချူးသည် သူ(မ)နှာခေါင်းထဲသို့ လာရောက်ကြည်စယ်နေသော ဟော့ပေါ့နံ့လေးကို တရှုံ့ရှုံ့ အနံခံနေမိသည်။

ထိုအနံ့သည် သူ(မ)တို့ အနီးတဝိုက်မှ လာနေသည့်ဟန်ပင်။

"ဒီနေရာလား?" ရှန်းချူးချူးသည် စိတ်ဝင်တစား မေးလိုက်သော်လည်း ဤနေရာသည် စားသောက်ဆိုင်နှင့်လည်းမတူချေ။

ဟန်ရှင်းယန်သည် တိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်သည်။

"ဒါက ဟော့ပေါ့ဆိုင်ရဲ့ နောက်ဖေးတံခါး"

ရှန်းချူးချူးသည် ဟန်ရှင်းယန်ကို စိတ်ရှုပ်ထွေးစွာကြည့်ကာ "ဒီမှာ နောက်ထပ် တံခါးတစ်ခုရှိတယ် ဆိုတာ ရှင်ဘယ်လိုသိတာလဲ"

"ကိုယ်အရင်က ဒီကိုရောက်ဖူးတယ်လေ"

ကားကိုရပ်လိုက်ပြီးနောက် ရှန်းချူးချူးသည် ဟော့ပေါ့ဆိုင်၏ နောက်ဖေးတံခါးမှ  ဟန်ရှင်းယန် ခေါ်ဆောင်ရာ ဒုတိယထပ်သို့ လိုက်သွားခဲ့သည်။  ရှန်းချူးချူးသည် မီနူးရသည်နှင့် အမျိုးအစား ပေါင်းများစွာကို ဆက်တိုက်ဆိုသလို မှာနေလိုက်ပြီး အတော်ကြာမှ ရေကိုသာ တောက်လျှောက် သောက်နေပြီး တစ်ခုမှမမှာရသေးသော ဟန်ရှင်းယန်ကိုကြည့်ကာ

"ရှင်ဘာစားချင်လဲ...?ကျွန်မ ရှင့်ကိုကူညီပြီးမှာပေးရမလား...?"

ဟန်ရှင်းယန်သည် ရှန်းချူးချူးကိုကြည့်လျက်

"ရတယ်လေ...မင်းအဆင်ပြေတာမှာလိုက်ပါ"

မကြာခင် ပန်းကန်များ စားပွဲပေါ်သို့ ရောက်လာပြီး အလွန်ဆာလောင်နေပြီဖြစ်သော ရှန်းချူးချူးသည် ဟန်ရှင်းယန်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။ သူ(မ)သည် သုန်ကျီယွမ်ကို ကိုင်တွယ်ရန် သူ(မ)၏ ဦးနှောက်ဆဲများစွာကို အသုံးပြုခဲ့ရပြီး ယခုအချိန်တွင် ဟန်ရှင်းယန်ကို ကိုင်တွယ်ရန် သူ(မ)တွင် အမှန်တကယ်ပင် ခွန်အားမကျန်တော့ချေ။ ဗိုက်ပြည့်အောင်လုပ်ပြီးမှ ကျန်တာတွေ စဉ်းစားတော့မယ်...

ဟန်ရှင်းယန်သည် မူလတွင် ဗိုက်မဆာသော်လည်း ရှန်းချူးချူးစားနေသည်ကိုကြည့်ကာ သူလည်း ဖြည်းဖြည်းချင်းနှင့် တော်တော်များများ စားလိုက်မိသည်။

ရှန်းချူးချူးသည် သိုးသားအလိပ်အနည်းငယ်ကို ထပ်မံကောက်ယူလိုက်ချိန် ဟန်ရှင်းယန်လည်း မနေနိုင်ပဲမေးမိသွားသည်။

"မင်းရဲ့ရိုက်ကူးမှုက ပြီးသွားပြီလား?"

သူနောက်ဆုံးတစ်ခေါက် သူ(မ)နှင့်အပြင်ထွက်စားစဉ်  ဒါရိုက်တာမှ သူ(မ)အား အစားများစွာမစားရန် တားမြစ်ထားသည်ကို ကြားဖူးသည်။

ရှန်းချူးချူးသည် တူကိုအမြန်ညှပ်ကာ ဟင်းရည်အိုးထဲသို့ ထည့်လိုက်ပြီး ကျေနပ်စွာပြန်ဖြေလာသည်။

"ဟင့်အင်း၊ ကျွန်မက ချစ်သူရသွားပြီဆိုတော့ ဒါရိုက်တာက သုံးပေါင်ကနေ ငါးပေါင်ထိ ဝိတ်တက်ဖို့ခွင့်ပြုလိုက်ပြီ"

ဟန်ရှင်းယန်၏ မျက်နှာသည် မည်းမှောင်သွားပြီး တူများကို စားပွဲပေါ်သို့ ချလိုက်ကာ  အေးစက်စွာမေးလာသည်။

"ချစ်သူ? ဘယ်သူနဲ့လဲ"

°°°°

ဟော့ပေါ့အိုးထဲမှ သိုးသားအား ပါးစပ်ထဲသို့ ထည့်တော့မည့်ဆဲဆဲ ရှန်းချူးချူး၏လက်များသည် စားပွဲပေါ်သို့ ပြန်ရောက်သွားပြီး အေးစက်သောအခိုးအငွေ့များ ထုတ်လွှင့်နေသော ဆန့်ကျင်ဘက်မှ အမျိုးသားအား ကြည့်လိုက်ရင်း...

"အော်...ရှင် နားလည်မှုမလွဲပါနဲ့၊ ဒရာမာထဲမှာပါ...စာရေးဆရာရဲ့ ဖန်တီးမှုအတိုင်း သဘာဝကျကျပါပဲ..."

ထိုစကားကိုကြားမှသာ ဟန်ရှင်းယန်သည် စိတ်သက်သာရာရသွားပြီး သူ့မျက်နှာက ပုံမှန်အနေအထားသို့ ပြန်ဖြစ်သွားသည်။  ရှန်းချူးချူးသည် ထိုအပြောင်းအလဲကို မြင်ပြီး ရင်မောမိသည်။ ယခုခေတ် ယောကျာ်းလေးများသည် မိန်းကလေးများထပ်ပင် အဘယ်ကြောင့် အပြောင်းအလဲမြန်ရသနည်း...?

စားသောက်ပြီးမှ ရှန်းချူးချူးသည် သတိရသွားပြီး

"မစ္စတာဟန်၊ အဲ့အမျိုးသမီးက ရှင့်ရဲ့ Partnerလား...? ရှင့်ကို ကြည့်ရတာ Blind Date အမြဲ လုပ်နေတဲ့ပုံပဲနော်... "

သို့သော် မူလက အတင်းအဖျင်း နှလုံးသားဖြင့် မေးသည်။  ရလဒ်အနေနဲ့ မေးတဲ့အခါ တချို့က စိတ်ဆိုးတယ်။  ငါခံစားလိုက်ရတဲ့ Flammulina velutipes တွေတောင်မှ တချို့က ကွဲသွားပြီး စားချင်စိတ်တောင် ပေါက်သွားတယ်လို့ ခံစားရတယ်။

ဟန်ရှင်းယန်သည် ဟင်းရည်ထဲ မှိုကို စိမ်နေသည့် အမျိုးသမီးကို ကြည့်ပြီး

"မဟုတ်ဘူး၊ မင်းနောက်ဆုံးတွေ့ခဲ့တုန်းက တစ်ခါပဲ... ဒီနေ့တွေ့တာ အလယ်တန်းကျောင်းတုန်းက သူငယ်ချင်းပါ... ဒီနေ့ စားသောက်ဆိုင်ကိုလိုက်လာတာ မင်းကိုရှာဖို့ "

ရှန်းချူးချူးသည် မှိုကို ပါးစပ်ထဲထည့်လိုက်ပြီး မျက်လုံးများ မှိတ်ကာ အရသာကို ခံစားနေရင်း မျက်လုံးဖွင့်လိုက်သည်နှင့် ဟန်ရှင်းယန်၏ နောက်ဆုံးစာကြောင်းကို ကြားလိုက်ရသည်။

"ကျွန်မကို ရှာတယ်...ဘာလို့လဲ...?"  ရှန်းချူးချူး မယုံနိုင်စွာ မေးလိုက်သည်။

ဟန်ရှင်းယန်အနေဖြင့် Secretary မှ စားသောက်ဆိုင်တွင် ရှန်းချူးချူးနှင့် အခြားအမျိုးသား တစ်ယောက် စားသောက်နေကြောင်း အကြောင်းကြားလာ၍ လိုက်လာကြောင်း ပြောလို့ မဖြစ်သဖြင့် သူ   ခဏစဉ်းစားကာ စကားစီလိုက်သည်။

“မင်းကိုအိမ်ပြန်လိုက်ပို့မလို့...”

ထိုစကားမှာ ရှန်းချူးချူးအား အံဩသွားစေသည်။ ဟော့ပေါ့စားသောက်ဆိုင်၏ မီးအိမ်အတွင်းမှ  အလင်းရောင်သည် အနည်းငယ် မှိန်ဖျော့နေပြီး ၎င်းတို့ကြားထဲရှိ လေထုမှာလည်း အနည်းငယ် ရှက်စရာကောင်းနေသည်။

ရိုးရိုးသားသားပြောရလျှင် ထိုစကားကြောင့် ဟန်ရှင်းယန် အနည်းငယ်တော့ ရှက်သွားမိလည်း ယနေ့ ညီဖြစ်သူမှ သူ့ခံစားချက်များကို သတိထားမိပုံပြီး မိန်းကလေးတစ်ယောက်အား မည်သည့် မည်ပုံ ပိုးပန်းရမည့် နည်းလမ်းများကို အကြံပေးလာခဲ့ရာ သူအနေဖြင့် ဒီထက်ပိုပြီး ရှက်နေလို့မဖြစ်ပေ။ ဟန်ရှင်းယန် မကြာခင်မှာပဲ အသိစိတ်ဝင်လာပြီး ရှန်းချူးချူး၏အမူအရာကိုကြည့်ကာ စားပွဲပေါ်ရှိ ဟင်းရည်အိုးကို ငုံ့ကြည့်လိုက်ရင်း

"စားပွဲထိုးကို ဟင်းရည် ထပ်ဖြည့်ခိုင်းလိုက်ရမလား?"

ရှန်းချူးချူးသည်လည်း သတိပြန်ဝင်လာပြီး ဟင်းရည်သိပ်မရှိတော့သည့် အိုးကို ငုံ့ကြည့်ကာ ခေါင်းကို ခါယမ်းလိုက်သည်။

"ဟင့်အင်း၊ ကျွန်မ ဗိုက်ပြည့်နေပြီ"

"အင်း၊ အချိန်မစောတော့ဘူး... ဗိုက်ပြည့်ပြီဆို ပြန်ကြရအောင်"

အပြန်လမ်းတွင် ၎င်းတို့ကြားလေထုသည် ပို၍ပင် ဆိုးရွားလာကြောင်း ရှန်းချူးချူးခံစားလိုက်ရသည်။  စိတ်မသက်သာဖြစ်မှုမှာ နေ့လည်ခင်းက သုန်ကျီယွမ်ထက်ပင် ပိုဆိုးနေသည်။

နှစ်ယောက်သား  တိတ်တိတ်ဆိတ်ဆိတ်ပင် တိုက်ခန်းထဲ ဝင်လာကြပြီး ဓာတ်လှေကားထဲ ရောက်သည့်အထိ မည်သည့်စကားမှ မပြောဖြစ်ကြပေ။

ဓာတ်လှေကားတံခါးဖွင့်ခါနီးမှ ဟန်ရှင်းယန်က

"မစ်ရှန်း...ကိုယ် မင်းအဖြေ ဘာလဲဆိုတာ မသိရသေးဘူး"

အဖြေ... ဘာအဖြေလဲ...? ရှန်းချူးချူး ခေါင်းကိုလှည့်ကာ ဟန်ရှင်းယန်ကို ကြည့်လိုက်ပြီး ပြန်စဉ်းစားလိုက်သည်။

‘သူ ငါ့ကို ဘာမေးထားလို့လဲ...?’

ဟန်ရှင်းယန်သည် ရှန်းချူချူ၏ ဇဝေဇဝါဖြစ်နေသော အမူအရာကို လှမ်းကြည့်နေသည်။

"ဘာကိုလဲ...ဘာအဖြေလဲ?"  ရှန်းချူးချူး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူး ရှေ့တွင် ရပ်လိုက်ပြီး

"မစ်ရှန်း ...ကိုယ် မင်းကို အချိန်တိုင်း လိုက်ရှာနေတာ ဘာကြောင့်လဲ မင်း မရိပ်မိဘူးလား?"

ဟန်ရှင်းယန်သည် ယခုအသက်ရွယ်ထိ မိန်းကလေးတစ်ယောက်နောက်ကို လိုက်ရှာခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ပြီး မိန်းကလေးတစ်ယောက်ကို လိုက်ဖို့ ယောင်လို့ပင် မစဉ်းစားဖူးချေ။ သို့သော် မနေ့က ကျန့်ထန့်စကားကြောင့် သူ ပြန်စဉ်းလိုက်သည်။  သူ့ နည်းလမ်းက မှားနေတာလား...? အကယ်၍ တစ်ဖက်မိန်းကလေးက သူ့အပေါ် စိတ်မဝင်စားဘဲ လက်မခံဘူးဆိုရင်ရော...?

ရှန်းချူးချူးမျက်လုံးများပြူးကျယ်သွားပြီး  ဟန်ရှင်းယန်အား မယုံနိုင်လောက်အောင် ကြည့်လိုက် သည်။ သူ ငါ့ကို လိုက်နေတယ်...? ဘယ်တုန်းကလဲ...? သူ(မ) သိထားသော ဟန်ရှင်းယန်သည် အမြဲ မာနကြီးကာ ဟိတ်ဟန်ကြီးသည့်ပုံပေါ်သောကြောင့် သူ လိုက်နေခြင်းမှာ ထင်သာမြင်သာမရှိပေ...?

သူမ တကယ်မသိတာကို မသိဘူးလို့ပဲ ပြန်ဖြေရမှာလား...?

"အင်း ဒီဟာ..."

ဟန်ရှင်းယန်သည် ရှန်းချူချူ၏အမူအရာကိုကြည့်ကာ သူ့မျက်နှာ လုံးဝမကောင်းပေ။ နှစ်ဝက်လုံး သူ စိတ်ဝင်စားနေသည်ကို သူ(မ)ဘက်မှ မရိပ်မိသည်မှာ အံ့သြစရာတော့မရှိပေ။ အဖြေအနေနဲ့ သူ့နည်းလမ်းမှာ မှားယွင်းနေပြီး သိမ်မွေ့လွန်းနေသည် မဟုတ်ပါလား...?  ကျန့်ထန့်ပြောတဲ့ နည်းလမ်း ကို တွေးရင်း သူ ရှေ့သို့ ခြေလှမ်းတိုးလိုက်သည်။

ရှန်းချူးချူး ခန္ဓာကိုယ်သည် နံရံနှင့်ထိကပ်နေသည်။ ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ မျက်လုံးများကို ငုံ့ကြည့်ကာ

"ချူးချူး...မင်း ကိုယ့်ကိုဘယ်လိုထင်လဲ?"

ရှန်းချူးချူးသည် သူ၏တိုးလျသောစကားသံကိုနားထောင်ရင်း မျက်စိရှေ့မှ ချောမောခန့်ညားသော အမျိုးသား၏မျက်နှာကို ကြည့်ကာ နှလုံးခုန်မြန်လာလေသည်။ လေပူများသည် သူ(မ)နောက်ကျော မှတဆင့် ဦးခေါင်းဆီသို့ တည့်တည့်တိုးဝင်သွားသည်။ သူ(မ) မည်သို့ တုံ့ပြန်ရမှန်း မသိဖြစ်နေပြီး နှုတ်ခမ်းကို သွားဖြင့်ဖိကိုက်ထားသည်။သူ(မ)နှလုံးသားသည် ဒုန်းဆိုင်းလို့နေပြီး လည်ချောင်းထဲ ခုန်ပေါက်နေသလို ခံစားနေရသည်။သူ(မ) မည်သည့်စကားမှ ပြန်မပြောနိုင်ချေ။

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏အမူအရာကိုကြည့်ပြီး မည်သည့်စကားမှ ထပ်မပြောတော့ပဲ သူ(မ)၏ နှုတ်ခမ်းဆီသို့ ချဉ်းကပ်ကာ နမ်းလိုက်သည်။ ဒါပထမဆုံးအကြိမ်မဟုတ်တဲ့အတွက်  ဟန်ရှင်းယန် သိပ်တွန့်ဆုတ်မနေတော့ပေ။ သူ ညင်သာစွာထိတွေ့ပြီးနောက် အကြိမ်အနည်းငယ် ထပ်စုတ်လိုက် သည်။ ရှန်းချူးချူးသည် သူ(မ)၏ အောက်နှုတ်ခမ်းအား ညင်သာစွာ စုတ်ယူနေသည်ကို သိသော်လည်း ပြစ်ဒဏ်ပေးခံနေရကဲ့သို့ မည်သည့်တုံ့ပြန်မှုမှ မလုပ်နိုင်ပေ။

ဟန်ရှင်းယန်သည် နမ်းရှုံနေသည်ကလွဲပြီး ဘာမှမလုပ်ရသေးသော်လည်း ရှန်းချူးချူးသည် သူမခန္ဓာကိုယ် တစ်ခုလုံး လျှပ်စစ်ရှော့တိုက်နေသလို ခံစားနေရပြီး တစ်ကိုယ်လုံး တောင့်တင်းလာကာ ဦးရေပြားတစ်ခုလုံး ထုံကျင်နေပြီဖြစ်သည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏မိုက်မဲသော အကြည့်ကို ကြည့်လိုက်ပြီး အလွန်ပျော်ရွှင်သွားကာ နစ်မြုပ်နေသော ဆံပင်များကို တို့ထိရင်း "အရင်လို အရသာရှိနေတုန်းပဲ" ပဲ တိုးတိုးလေးပြောလိုက်သည်။

ရှန်းချူးချူးသည်  ဟန်ရှင်းယန်ကိုစိုက်ကြည့်ပြီး "ဘာအရသာလဲ...ဟော့ပေါ့အရသာလား?"

All Chapters