← Chapters

အခန်း (၆၄)

Vol. 7 Ch. 64

အခန်း (၆၄)

Vol. 7 Ch. 64

ထို့နောက် ရှန်းချူးချူးသည် သူမပြောလိုက်သည်မှာအရမ်းမြန်သွားသည်ဟု ခံစားလိုက်ရသည်။ နှာခေါင်းတစ်ဝိုက်တွင် အသားကင်နံ့ရနေသောကြောင့် သူမ၏ပထမဆုံးအနမ်းသည် အသားကင်အနံ့နှင့်တူသည်ဟုမပြောနိုင်ပေ။ ဒါ ပထမဆုံးအနမ်းပဲ!

ဟန်ရှင်းယန်သည် ထိုစကားကိုကြားသောအခါ သူ့လုပ်ဆောင်ချက်ရပ်တန့်သွားသည်။

"မဟုတ်ပါဘူး၊ မင်း နှာခေါင်းထဲဟော့ပေါ့အနံ့စွဲနေလို့ပါ"

"အို့" ရှန်းချူးချူး တွေးလိုက်မိသည်။ အသားကင်အရသာလို့ မပြောခဲ့မိတာတော်သေးတယ်။

ဟန်ရှင်းယန်၏စိတ်အခြေအနေသည် အလွန်ကောင်းမွန် နေသည်။ သူသည် သူမ၏ဆံပင်ကိုထိလိုက်ပြီး “စောစော အနားယူလိုက်ဦး” ဟုပြောလိုက်သည်။

ရှန်းချူးချူးသည် အစောပိုင်းကိစ္စကိုတွေးမိလိုက်ပြီး မျက်နှာရဲသွားကာ အိမ်ထဲသို့ပြန်ဝင်သွားသည်။တံခါးပိတ်ပြီးနောက် အခန်းတစ်ခုလုံးတွင် လူတစ်ယောက် တည်းကျန်ရှိတော့သောအခါ နှလုံးခုန်သံပိုမြန်လာသည်။ ရှန်းချူးချူးသည် သူ့နှလုံးခုန်သံ ယခုလိုမြန်လာသည်ကိုသံသယရှိခဲ့သည်။

ရှန်းချူးချူး တည်ငြိမ်သွားပြီးနောက် တံခါးနားရှိ Screen ကိုကြည့်နေခဲ့သည်။ ဟန်ရှင်းယန် ထိုနေရာတွင် ရှိနေဆဲဖြစ်သည်ကိုတွေ့သောအခါ သူမ၏စိတ်အခြေ အနေသည်ပိုကောင်းသွားပြီး မျက်နှာပေါ်ရှိအပြုံးသည် ပင်နက်ရှိုင်းသွားရသည်။

သို့သော် ရေချိုးခန်းသွားသောအခါ ရှန်းချူးချူး ရုတ်တ ရက် မေးခွန်းတစ်ခုကိုတွေးလိုက်မိသည်– “အရင်တုန်းက အတိုင်းပဲ…” ဆိုတဲ့စကားရဲ့အဓိပ္ပါယ်က ဘာလဲ၊ သူတို့ဟိုတယ်မှာများ ??? ဒါဆို သူတို့ အနမ်းပေးတာ ဒါနဲ့ဆိုနှစ်ခါရှိပြီလို့ဆိုလိုတာလား ??

ဒါဆို အဲဒီတုန်းက ဘာဖြစ်ခဲ့တာလဲ ??

ရှန်းချူးချူးသည် တစ်ညလုံးတွေးမိနေခဲ့ပြီး ဝမ်ချမ့်ရောက်လာသည်အထိ နားမလည်နိုင်ခဲ့ပေ။ သူမသည် တစ်ဖက်သို့သွား၍ တံခါးခေါက်ပြီး “နောက်ဆုံးတခေါက် ဟိုတယ်မှာ ကျွန်မကိုနမ်းခဲ့တာလား ?” ဟု မေး၍ မရချေ။ ဘယ်လိုမေးရမလဲ ? မမေးကြည့်ဘဲနေရအောင်လဲ ငှက်မွှေးနှင့်တို့ထိနေသကဲ့သို့ခံစားရပြီး နှလုံးသားကို ယားယံစေသည်။

“ဘော့စ်၊ ဒါ လိုချင်လား ? ဘော့စ်…”

“အာ.. ? ယူမယ်”

ရှန်းချူးချူးသည် ဝမ်ချမ့် ဘက်လှည့်ကာ သူ့လက်ထဲဘာရှိနေသည်ကို သိရန်ပြန်လှည့်ကြည့်လိုက်ရသည်။

ဝမ်ချမ့်သည် ရှန်းချူးချူးအားကြည့်ပြီး သူမသည် ယနေ့ အနည်းငယ်ထူးခြားနေသည်ဟု ခံစားနေရသည်။ သူမသည် အချိန်အတော်ကြာ နှုတ်ခမ်းကိုထိလိုက်၊ မျက်နှာကိုထိလိုက်လုပ်နေသည်။ ပုံစံကနည်းနည်းတော့ ကြောင်တောင်တောင်နိုင်သည်။

လူနှစ်ယောက်အလုပ်ရှုပ်နေချိန်တွင် တံခါးခေါင်းလောင်း ရုတ်တရက်မြည်လာသည်။ ဝမ်ချမ့် Screen မှတစ်ဆင့် ကြည့်လိုက်ပြီး “ဘော့စ် မနက်စာမှာထားသေးလား”

မေးပြီးနောက် အနည်းငယ်စိတ်ရှုပ်သွားသည်။ ခုနက ဘော့စ်က သူ့အား မနက်စာမယူလာဖို့ပြောထားသည်။ ညက အရမ်းစားထားသောကြောင့် ဝလာမှာကြောက်၍ မနက်မစားဘူးဟုပြောခဲ့သည်။ သူ လာတဲ့လမ်းမှာ Boss ကစိတ်ပြောင်းသွားတာလား ?

“အမ် ? မနက်စာမှာထားတာလား၊ မမှာပါဘူး၊ မနက်ပိုင်း မစားဘူး ”

ဝမ်ကျန်းက ဒါကို နားထောင်ပြီးနောက် “ဒါပေမယ့် အပြင်မှာ ဆူဂျီက deli ပို့တဲ့ ဝန်ထမ်းရှိနေတယ်”

ရှန်းချူးချူး မျက်မှောင်ကြုတ်ပြီး “အရင်မေးကြည့်လိုက်ဦး" ဟု ပြောလိုက်ရာ ဝမ်ချမ့်က

“ဆောရီး၊ မှားပို့တာလား၊ ငါတို့ ဘာမှမမှာထားဘူး”

အပြင်မှ ဝန်ထမ်းကပြုံးပြီး “မင်္ဂလာပါ၊ မစ္စရှန်းလား ? ဒါက မစ္စတာဟန် ပေးတဲ့ချစ်ခြင်းအပြည့်နဲ့မနက်စာပါ”

"မစ္စတာဟန် ?" သူမ ရှန်းချူးချူးကိုလှည့်ကြည့်ပြီး “Boss မစ္စတာဟန် ပို့လိုက်တာလို့ပြောတယ်”

မနက်စာကိုယူပြီး စားပွဲပေါ်တင်လိုက်သောအခါ ရှန်းချူးချူးသည် စိတ်ညစ်ရာမှရွှင်ပျလာသည်။ ဟန်ရှင်းယန်ရဲ့စိတ်ထဲမှာ သူက အဲ့လောက်ထိစားနိုင်သောက်နိုင်တဲ့သူ ဖြစ်နေတာလား ? ဖက်ထုပ်ပါင်းနှစ်ခု၊ ဖက်ထုပ်ကြော်တစ်ပွဲ၊ အကြော်လေးခု၊ ကြက်ဥဟင်းချိုတစ်ခွက်…

ရှန်းချူးချူး နည်းနည်းစိတ်ညစ်ညူးနေသော်လည်း မွှေးကြိုင်သည့်ရနံ့ကို ရလိုက်သဖြင့် ဝမ်ချမ့်၏ မျက်လုံးများကိုလျစ်လျူကာ မနေနိုင်ဘဲ လက်ဆန့်ကာဖက်ထုပ်အသေးလေးတစ်ခုကိုယူလိုက်သည်။

ထိုချိန်မှာ ဟန်ရှင်းယန်ထံမှဖုန်းဝင်လာခဲ့သည်။

“ချူးချူး၊ မနက်က ကုမ္ပဏီမှာ ကိစ္စရှိလို့ စောစောထွက်လာခဲ့ရတယ်။ မနက်စာပို့ပေးထားတာ ရောက်ပြီလား၊ စားဖို့ လောက်ရဲ့လား ?”

ရှန်းချူးချူး အစက ဟန်ရှင်းယန် ဂရုမစိုက်လောက်ဟုထင်ခဲ့သည်။ ရလဒ်အနေနဲ့ နောက်ဆုံးစကားအနည်းငယ်ကိုနားထောင်ပြီးနောက် သူ့မျက်နှာကမည်းသွားသည်။

"စားဖို့ လာက်ရဲ့လား!"

"ကျွန်မ တစ်ရက်လုံးစားဖို့ထိလုံလောက်တယ်။"

"ဒါဆို နည်းနည်းပဲစား၊ နေ့လည်ကြ အတူစားရအောင်၊ ဟွိုင်ဟိုင်လမ်းက စားသောက်ဆိုင်မှာဘိုကင်ကြိုတင်ထားတယ်" ဟု ဟန်ရှင်းယန်က ပြုံးပြီးပြောလိုက်သည်။ သူ့၏သာယာသည့်စိတ်အခြေအနေအား ဖုန်းထဲမှတဆင့် သိနိုင်သည်။

“ခဏနေ ဟန်တျန်းကိုရုပ်ရှင်ရိုက်ဖို့ ပြန်သွားရမယ်”

ထို့နောက်တွင် ရှန်းချူးချူးသည် တစ်ဖက်လူ၏ရင်းနှီးကျွမ်းဝင်သော အသံနေအသံထားမှာ သူမအား အဆင်မပြေဖြစ်စေသလိုခံစားလိုက်ရပြီး ယောကျားလေးနှင့် မိန်းကလေး သူငယ်ချင်းများဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမက သူ့ကို ဘယ်တုန်းက ကတိပေးခဲ့မိလို့လဲ၊ မနေ့က… မနေ့က သူ့ကိုကတိမပေးခဲ့မိပါဘူး။ သူမ အသေးအဖွဲကိစ္စတစ်ခုအတွက်စိတ်ညစ်နေဆဲဖြစ်သည်။

ဟန်ရှင်းယန်သည် ထိုကဲ့သို့အဖြေမျိုးရလိမ့်မည်ဟုမမျှော်လင့်ထားပေ။ ခဏတာတိတ်ဆိတ်သွားပြီးနောက် “ကောင်းပြီ ဂရုစိုက်ဦး၊ ဒီကြားထဲ ကိုယ်အဆင်ပြေကြောင်း သတင်းပို့ပါ့မယ်”

အတွင်းရေးမှူးဝမ်သည် စာရွက်စာတမ်းများ ပို့ရန် ဝင်လာသောအခါ ဟန်ရှင်းယန်ဖုန်းမချရသေးပေ။ အတွင်း ရေးမှူးဝမ်သည် အကြောင်းရင်းမသိသော်လည်းစိတ်ထဲတစ်မျိုးခံစားလိုက်ရသဖြင့် ဖိုင်ချကာအလျင်အမြန်ထွက်ခွာသွားခဲ့သည်။

ရှန်းချူးချူးသည် ယမန်နေ့ညအနမ်းကိုတွေးရင်း “ရှင်နဲ့ ကျွန်မရဲ့ ဆက်ဆံရေးကဘာလဲ ? ဘာကြောင့် ရှင်က သတင်းပို့မှာလဲ ?”ဟု မေးချင်ခဲ့သည်။ သို့သော် သူမ တုံဆိုင်းသွားပြီးမမေးဖြစ်ခဲ့ဘဲ “ကောင်းပြီ၊ ” ဟုသာပြောလိုက်သည်။

"အဲ့တာ ဘယ်လောက်ကြာမှာလဲ ?"

"တစ်လခွဲလောက်တော့ ကြာလိမ့်မယ်။"

"ကောင်းပြီ‌လေ၊ အဲဒီအချိန်ကျရင် ကိုယ် မင်းကိုလာခေါ်မယ်။"

ရှန်းချူးချူး ဖုန်းချပြီးနောက် သူ့ကိုယ်သူ ပုံမှန်မဟုတ်ဟု ခံစားလိုက်ရသော်လည်း ဟန်ရှင်းယန်နှင့် စကားပြောနေခဲ့သည်။ ခဏလေးအတွင်း လူတစ်ကိုယ်လုံးတုန်ရီနေပြီး အနည်းငယ် မထိန်းနိုင်ဖြစ်နေခဲ့သည်။

ဝမ်ချမ့် သူမအား သိချင်စိတ်ဖြင့်လှမ်းကြည့်နေသာအခါ ရှန်းချူးချူး သူမကိုတစ်ချက်သာကြည့်ပြီး “ဘာဖြစ်လို့လဲ၊ ဘာကိစ္စရှိလို့လဲ” ဟု မေးလိုက်သည်။

ဝမ်ချမ့် ခေါင်းခါလိုက်သည်။ မနက်စာနှင့် အစောပိုင်း ကြားလိုက်ရသည့် ဖုန်းအကြောင်းကိုတွေးနေမိသည်။

ဒီအချိန်မှာ ဘော့စ်၏အသွင်အပြင်ကိုကြည့်လိုက်ရာ အချစ်ကလွဲ့လို့ တခြားအရာကို သူ တကယ်မတွေးနိုင်တော့ပေ။

ရှန်းချူးချူး ဖက်ထုပ်နှစ်လုံးကုန်သွားသည်ကို သဘော ပေါက်သောအခါ ငိုကြွေးပြီး သူ့လက်ထဲတစ်ဝက်တစ် ကျန်နေသောပေါက်စီကိုကြည့်လိုက်သည်။ ဝမ်းနည်းသောမျက်နှာဖြင့် “ဘယ်လိုလုပ်ရမလဲ ? အရမ်းစားလိုက်မိပြီ”

ဝမ်ချမ့် Boss အားသတိပေးချင်သော်လည်း အရမ်းစားကောင်းနေပုံရသဖြင့် မပြောရက်ခဲ့ချေ။

ရှန်းချူးချူး စက္ကန့်ပိုင်းအနည်းငယ်ထိ စိတ်ညစ်နေပြီး ကျန်ဖက်ထုပ်တစ်ဝက်ကို ပါးစပ်ထဲထည့်လိုက်ပြီး ပေါင်ချိန်ပြေးချိန်ကြည့်လိုက်ရာ တစ်ပေါင်တက်သွားသည်။

"မနက်ခင်း Weight ပိုများပြီး ညဘက်မှာ weight ကျတာနော် ? ဟုတ်လား ?"

ရှန်းချူးချူး မသေချာမရေရာဖြင့် မေးလိုက်သည်။ ဒီည သူ ကပြရမှာဖြစ်သဖြင့် ညပိုင်းတွင် weight ကျသွားနိုင်သည်။

ဝမ်ကျန်းသည် ရှန်းချူးချူး၏ မျှော်လင့်နေသောသွင် ပြင်ကို တစ်ချက်ကြည့်လိုက်ပြီး “မနက်ချိန်ပိုင်းမှာ လူရဲ့ အလေးချိန်ကအပေါ့ဆုံးဖြစ်ပြီး ညပိုင်းမှာလေးလံတယ်လို့ပဲ ကြားဖူးတာပါ” ဟု ရိုးရိုးသားသားဖြေလိုက်သည်။

ရှန်းချူးချူးရဲ့မျက်နှာကို ကြည့်ပြီး ဝမ်ချမ့်သည် နောက် ဆက်တွဲစကားလုံးတွေကို မပြောမိတာကံကောင်းတယ်ဟု တွေးလိုက်သည်။ အလေးချိန်က အဓိကမဟုတ်ဘူး၊ အရေးကြီးတာက ဝနေလား၊ မဝနေလားဆိုတာပဲလို့ပြောလိုက်ချင်သည်။ တချို့က လူဝပေမယ့် မျက်နှာမဝကြပေ။ ဒါပေမယ့် သူတို့ဘော့စ်က အဲ့လိုလူမျိုးမဟုတ်ဘူးတာထင်ရှားသည်။ မနက်က သူမ ဝင်လာတော့ ဘော့စ်မျက်နှာဖောင်းကား‌နေသည်ကိုတွေ့လိုက်ရပြီး ညက အများကြီးစားထားပုံရသည်။

ရှန်းချူးချူး အသက်ကိုပြင်းပြင်းရှူလိုက်ပြီး “နေ့လည်စာရော ညစာရော မစား‌တော့ဘူး” ဟု ပြောလိုက်သည်။

အပြင်ထွက်တဲ့အခါ ရှန်းချူးချူးသည် သူ့ရဲ့ဖောင်းကားနေတဲ့မျက်နှာကို ဖုံးကွယ်ဖို့နေကာမျက်မှန်ကိုရွေးချယ်ခဲ့သည်။ လေဆိပ်ရောက်ချိန် သူ့အား မှတ်မိကြသူများသည် ဒီတစ်ခါတကယ်ကိုပိုများလာပြီး အရင်ကထက် နည်းနည်း ပိုနာမည်ကြီးလာသည်ဟုခံစားလိုက်ရသည်။

ရှန်းချူးချူးသည် Ponytail နှင့် အရမ်းချစ်စရာကောင်း သော မိန်းကလေးကိုကြည့်ပြီးပြုံးကာ သူ့နှင့်အတူဓာတ် ပုံတွဲရိုက်လိုက်သည်။

"ချူးချူး ရုပ်ရှင်သွားရိုက်မလို့လား" ဟု မိန်းကလေးက မေးလာသည်။

ရှန်းချူးချူးက ပြုံးပြီးခေါင်းညိတ်ကာ “ဟုတ်တယ်၊ ဟန်တျန်းမှာ ရုပ်ရှင်သွားရိုက်မလို့လေ”

ပရိသတ်အချို့နှင့် လက်မှတ်ရေးထိုးပြီး ဓာတ်ပုံရိုက်ပြီးနောက် ရှန်းချူးချူးသည် ဝမ်ချမ့်နှင့်အတူ လေယာဉ်ပေါ်တက်သွားခဲ့သည်။

နေ့လည်ပိုင်းတွင် ရှန်းချူးချူးသည် စတူဒီယိုသို့သွားခဲ့သည်။ ရလဒ်အနေနဲ့ ဒါရိုက်တာက သူမကို ပထမဆုံးတစ်ချက်ကြည့်ပြီး "ချူးချူး ဒီလထဲ ဘာတွေစားထားတာလဲ၊ ဘာလို့ ဒီလောက်ဝလာတာလဲ” ဟု မေးလာသည်။

ရှန်းချူးချူး ဘေးပတ်ဝန်းကျင်ရှိ ဝန်ထမ်းများ၏မျက် လုံးများကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ “ အလေးချိန်တက်လို့ရတယ်လို့ပြောခဲ့တာ မဟုတ်ဘူးလား” ဟု တီးတိုးပြောလိုက်သည်။

ဒါရိုက်တာက ဒီအဖြေကိုကြားတော့ ရယ်ချင်နေပြီး “မင်းကို သင့်တင့်တဲ့အလေးချိန်တက်လို့ရတယ်လို့ ပြောခဲ့တာ၊ ဒါပေမယ့် စားချင်သမျှ စားခိုင်းတာမဟုတ်ဘူး။ ဒီနေ့ည မင်း မကရဘူး၊ ကိုယ်အလေးချိန်ချဖို့ Gym ခန်းကိုသွားလိုက်၊ အဲ့လိုမျက်နှာနဲ့ ကစားလို့မဖြစ်ဘူး။ မနက်ဖြန်မနက် ငါ လာကြည့်မယ်”

ရှန်းချူးချူး၏ခေါင်းသညိ ငှက်ကုလားအုတ်လိုမြန်နေခဲ့သည်။ မနေ့ညက အရမ်းစားထားသဖြင့် မျက်နှာဖောင်းနေခဲ့သည်။ Weight သိပ်မတက်ဘူးဟု ပြောချင်သော် လည်း မနေ့ညက သူ့အားအသားကင်စားဖို့ခေါ်သွားသည့် တရားခံကိုတွေးလိုက်မိချိန် ရှန်းချူးချူး သူ့အား မတရားဘူးဟု စိတ်ထဲပြောနေမိသည်။

ဟန်ရှင်းယန် စာရွက်စာတမ်းများကြည့်နေစဉ် ရုတ်တ ရက် နှာချေလိုက်သည်။ အတွင်းရေးမှူးဝမ်က မေးလိုက်သည်– “ဘော့စ် ၊ လေအေးပေးစက် အပူချိန်ညှိပေးရမလား မြှင့်ပေးရမလား ?”

ဟန်ရှင်းယန်က “မလိုဘူး”

အတွင်းရေးမှူးဝမ်သည် ဘော့စ် ခံစားချက်တွေအရမ်းကောင်းနေသည်ကို တွေ့သဖြင့် “Boss၊ တစ်ယောက် ယောက်က Boss ကို တွေးနေတာဖြစ်လိမ့်မယ်။ ငယ်ငယ်တုန်းက အမေပြောဖူးတာတော့ နှာချေရင် တစ်ယောက် ယောက်ကတွေးနေတာလို့ မကြာခဏပြောတာကြားဖူးတယ်” ဟု ပြောလိုက်သည်။

ဟန်ရှင်းယန်သည် ဤစကားကိုနားထောင်ပြီးအတွင်းရေး မှူးဝမ်ကို မော့ကြည့်လိုက်သည်။ သဘောတူသော အ ကြည့်ဖြင့် “ကောင်းပြီ၊ နည်းနည်းတော့ကျိုးကြောင်းဆီလျော်တဲ့ပုံပဲ”

သူ တွေးနေတာ ရှန်းချူးချူး သူ့အကြောင်းတွေးနေတာလား ? ဒီလိုနဲ့ ဟန်ရှင်းယန်၏စိတ်အခြေအနေက ယနေ့ နေ့လည်ပိုင်းမှာအရမ်းကောင်းနေခဲ့သည်။ သို့သော် အဝေးတွင်ရှိသော ရှန်းချူးချူး၏စိတ်အခြေအနေမှာမူ ကောင်းမနေပေ။

တစ်နေကုန်ပင်ပန်းစွာ နေပူထဲလှုပ်ရှားထားရသဖြင့် ညဘက်ရေချိုးပြီးနောက် အိပ်ရာပေါ်လှဲကာ ဖုန်းထုတ်ပြီး Weibo ကိုကြည့်နေသည်။

"ချင်မုန့် တတိယလူ"

ရှန်းချူးချူးသည် hot search ကို တွေ့သောအခါ ချင် မုန့် "တတိယလူ" ဟုခေါ်သော ရုပ်ရှင်ကိုရိုက်ကူးထား သည်ဟုထင်သောကြောင့် စိတ်ဝင်တကြီးဝင်ကြည့်ခဲ့သည်။ မမျှော်လင့်ဘဲ ၎င်းသည် ရုပ်ရှင်မဟုတ်ဘဲအပြင်လောကတွင် အမှန်တကယ်ဖြစ်ပျက်နေသောကိစ္စတစ်ခုဖြစ်ကြောင်းသိလိုက်ရသည်။ အဆိုပါဇာတ်လမ်းတွင် အမျိုးသားဇာတ်ဆောင်မှာ တစ်ယောက်ထက်ပိုများလို့နေသည်။

All Chapters