← Chapters

အခန်း (၆၅)

Vol. 7 Ch. 65

အခန်း (၆၅)

Vol. 7 Ch. 65

Hot search ထဲရှိ ထိုအကြောင်းအရာကို ရှန်းချူးချူးအလေးအနက်ထားကြည့်နေခဲ့သည်။ Vlogger ရေးသားထားပုံမှာ တကယ်ကောင်းမွန်ပြီး ဇာတ်လမ်း၏ရှင်းလင်းပြတ်သားမှုကြောင့် အာရုံစူးစိုက်နေမိသည်။ ထိုဇာတ် လမ်းအပြည့်အစုံသည် ချင်မုန့်၏အပြုအမူများဖြစ်ပြီး ချင်မုန့်ကျောင်းတက်ချိန်မှစ၍ လုပ်ငန်းခွင်ထဲဝင်ရောက်ပြီးနောက် သူမ နာမည်ကျော်လာပုံအထိဖြစ်သည်။ တစ် ဆင့်ပြီးတစ်ဆင့် ရုန်းကန်ရသည့်လမ်းကြောင်းမှာ ကွဲပြားသော်လည်းတူညီသောအချက်မှာ သူမပါဝင်သည့်အခန်းကဏ္ဍသည် တတိယလူဖြစ်သည်။

ရှန်းချူးချူး ထိုသတင်းသည် အရမ်း Hot သည်ဟုခံစားလိုက်ရသည်။ သူမသည် အချိန်အတော်ကြာအောင်ဖတ်ပြီးနောက် အနုပညာအသိုင်းအဝိုင်းအပေါ် အချက်တစ်ခုကိုနားလည်လိုက်သည်၊ ဆိုလိုသည်မှာ- ချင်မုန်၏အနု ပညာလမ်း‌ကြောင်းပြီးဆုံးသွားခြင်းပင်။

လူတိုင်းက အနုပညာလောကထဲဖြစ်ရာ ဘယ်သူ့မှာ ဘာနောက်ခံရှိလဲ၊ ဘယ်သူ့မှာ နောက်ခံမရှိဘူးလဲဆိုသည်ကိုသာ အများစုကစိတ်ဝင်စားကြသည်။ ချန်မင်သည် ပြည် တွင်း ထိပ်တန်းအမျိုးသမီးအနုပညာရှင်တစ်ဉီးဖြစ် သည်။ သူမသည် အရည်အချင်းမရှိသောသရုပ်ဆောင်ဖြစ်သည်။ ဤအချက်ကို အနုပညာအသိုင်းအဝန်းအ တွင်းရှိလူများသာ ရှင်းလင်းစွာသိကြသည်။ မဟုတ်ပါက သရုပ်ဆောင်စွမ်းရည်ရှိသည့် အခြား‌သောအနုပညာရှင်များထိပ်တန်းမရောက်ဘဲ အဘယ့်ကြောင့် သူမ ထိပ် တန်းဖြစ်နေရသနည်း။

ချင်မုန့်သည် ဒါ သူ့ကိုယ်ပိုင်ကျော်ကြားမှုကြောင့်ဟုပြောသော်လည်း အသိုင်းအဝိုင်းထဲရှိလူတိုင်းသည် နောက် ကွယ်၌အကြောင်းအရာတချို့ရှိသည်ကိုသိကြသည်။

ရှန်းချူးချူးသည် ချင်မုန့်၏အနုပညာပြီးဆုံးသွားပြီဟု ခံစားရသည့်အကြောင်းရင်းမှာ ယခုတစ်ကြိမ်တွင် ချင် မုန့်၏နောက်ခံအကြောင်းအရာများချပြခံရသောကြောင့်ဖြစ်သည်။ ထိုသူသည် အခြားသူမဟုတ်ပေ။ ရှန်းချူးချူးရိုက်ကူးနေသည့်ရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံသူများထဲမှတစ်ဦးဖြစ်သည့် သုန်ကျီယွမ်၏ဖခင်ပင်။

ဒီအသိုင်းအဝိုင်းထဲ နောက်ကွယ်ရှိလူကိုထုတ်ဖော်ရဲပြီး နောက်ကွယ်မှာတစ်ယောက်ယောက် ရှိသည်ဟုပြောရဲပါက ဤသည်မှာထူးခြားသောကိစ္စဖြစ်သည်။ မဟုတ်ပါက ထိုအတင်းအဖျင်းကို သိချင်မည်မဟုတ်ပေ။

စဉ်းစားရင်း ရှန်းချူးချူးအတွေးထဲ ပုံရိပ်တစ်ခုရုတ်တ ရက်ပေါ်လာခဲ့သည်။ လွန်ခဲ့သောတစ်နေ့က သူ့အဖေကို ဖုန်းခေါ်တုန်းက သူပြောခဲ့တာကိုတွေရင်း ရှန်ချူးချူး သူ့အ‌တွေးမှန်သည်ဟုခံစားလိုက်ရသည်။

သုန်ကျီယွမ် လက်ချက်ဟုခန့်မှန်းရသည်။

သုန်ကျီယွမ်ကိုတွေးမိသဖြင့် ရှန်ချူးချူးအေးစက်လာပြီးဒေါသထွက်ကာ ချင်မုန့်ပျော်ရွှင်ဖို့သာဆုတောင်းလို့ရမည်ဟု ခံစားလိုက်ရသည်။

ညနေပိုင်းတွင် ရှန်ချူးချူး weibo ၌ အိမ်ထောင်ရေးဖောက်သည်များကိုကြည့်နေရင်း Red Feather ဆီမှ စာတစ်စောင်လက်ရသည်။

#1 Entertainment Reporter-Red Feather-နတ်ဘုရားရေ၊ ချင်မုန့် ကိစ္စကအမှန်ပဲလား ?

ငါက ယွဲ့လောင် - ဒီကိစ္စကိုသေချာမသိဘူး။ ဒီနတ်ဘုရားက အိမ်ထောင်ရေးကိစ္စကလွဲပြီး တခြားကိစ္စတွေ စိတ်မဝင်စားဘူး။

#1 Entertainment Reporter-Red Feather - နတ်ဘုရားရေ ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါဆို နောက်ကျ အိမ်ထောင်ရေးနဲ့ပတ်သက်တာပဲမေးပါ့မယ်။

နောက်တစ်နေ့မနက်တွင် ချင်မုန့်အကြောင်း Weibo ၌ပိုပြင်းထန်လာသည်။ အရင်ကစောင့်ကြည့်နေကြသည့် မီဒီယာအများအပြားကလည်း ဖော်ပြဖို့ရာစိတ်ဝင်စားလျက်ရှိသည်။

ဇာတ်လမ်းသည် မူလလမ်းကြောင်းကနေ သွေဖည်သွားခဲ့သည်။ ကောင်းရှင်းနှင့်စွင်းဟွေ့လည်း Hot Search ထဲပါလာကြသည်။ ယခင်က Weibo ထက်ကောင်းရှင်းနှင့် စွင်းဟွေ့ တို့ကိစ္စဖော်ထုတ်ခံရသည့် နောက်ကွယ်ကလက်သည်ကိုလည်းတွေ့ရှိခဲ့သည်။ ထိုကိစ္စကို ချင်မုန့်လုပ်ခဲ့သဖြင့် တစ်ယောက်ယောက်ထုတ်ပြောခဲ့ရာမှ တစ် ယောက်ယောက်က သဲလွန်စရလာခဲ့ခြင်းဖြစ်သည်။ ချင်မုန့်သည် အင်တာနက်ပေါ်ရှိသတင်းများကိုကြည့်ပြီး တုန်လှုပ်သွားကာဖုန်းခေါ်လိုက်သည်- "လောင်သုန်၊ ရှင် ကျမကို တစ်ယောက်တည်းထားမသွားရဘူး"

တစ်ဖက်လူမှာ တိတ်ဆိတ်သွားပြီး "ငါ မင်းကို ဒီနှစ်တွေထဲ မျက်နှာမငယ်စေခဲ့ဘူး၊ ဒါကေမယ့် မင်း လွန်သွားပြီ"

ချင်မုန့် တစ်ယောက်နားထောင်ပြီး အလျင်အမြန်ရှင်းပြလာသည်- "ကျမ မဟုတ်ဘူး၊ လောင်သုန်၊ အဲ့ကိစ္စက ကျမမလုပ်ခဲ့တာ အမှန်ပါ၊…..."

တစ်ဖက်လူသည် သူမ၏ရှင်းပြချက်ကို နားမထောင်ဘဲ "မင်း မလုပ်ခဲ့ရင်တောင် အဲဒါကို ကြိုသိထားတယ်မလား"

ချင်မုန့် ထိုစကားကိုနားထောင်ပြီး တစ်ခွန်းမျှမပြောနိုင်ခဲ့ပေ။ တစ်ဖက်လူပြောသလို သူမသည် အကြောင်းအရင်းကိုကြိုသိထားခဲ့သည်။

"စည်းမရှိတဲ့လူတွေကို မုန်းတယ်။ မင်း ဒါကို ရှင်းရှင်း လင်းလင်းသိသင့်တယ်။ ပြီးတော့ မင်း ရည်းစားဟောင်းအကြောင်းကို စဉ်းစားနေသေးတယ်ပေါ့။"

"မဟုတ်ပါဘူး၊ စွင်းဟွေ့အကြောင်း မစဉ်းစားပါဘူး ကောင်းရှင်းကို လက်စားချေချင်လို့ပါ။ လောင်သုန်၊ ရှင် ကျမကို ယုံကြည်ပေးရမယ်။"

"ငါဘာမှ မပြောတော့ဘူး။ မင်း ငါနဲ့ အချိန်အတော်ကြာအောင်အတူရှိခဲ့တာကိုထောက်ပြီး အနောက်ပိုင်းကဗီလာကို မင်းနာမည်နဲ့ပေးမယ်။ နောင် မင်းဘာသာ မင်း နေတော့။"

"လောင်သုန်၊ ရှင် အဲ့လိုမလုပ်ရဘူး..."

ချင်မုန့်သည် တစ်ဖက်လူ၏စကားကို နားထောင်ပြီး တကယ်ကြောက်သွားသည်။ ကံမကောင်းစွာဖြင့် တစ်ဖက်လူသည် သူမ ရှင်းပြချက်ကိုနားမထောင်ဘဲ ဖုန်းချလိုက်သည်။

ဖုန်းကိုကြည့်ရင်း ချင်မုန့် မြေပြင်ပေါ်ထိုင်နေလိုက်သည်။

ရက်တိုအတွင်း သူမဘဝ၏အမည်းစက်များသည် အင်တာနက်တခွင်ပျံနှံ့သွားခဲ့သည်။ ချင်မုန့်ကို မသိတဲ့လူဆိုပါက ဒီလူဟာ အပြစ်ကြီးလုပ်ထားသူဟုမြင်နိုင်သည်။

မိသားစုကိုဖျက်ဆီး၊ မယားကြီးကိုသတ်ဖို့ကြိုးစား၊ တပါးသူရဲ့ဂုဏ်သတင်းကိုညိုးနွမ်းစေပြီး သူ့ထက် အရည် အချင်းရှိတဲ့ အမျိုးသမီးအနုပညာရှင်တွေကို ချနင်းကာ တခြားသူရဲ့အရင်းအမြစ်တွေကို လုယူသူဖြစ်သည်။အင် တာနက်သုံးစွဲသူအများစုကလည်း သူမအားအွန်လိုင်း ပ်ါ်တွင် တိုက်ခိုက်လာကြသည်။

"ချင်မုန့်က ဒီလိုလူမျိုးဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ ငါတို့က သူ့ကို အနုပညာအသိုင်းအဝိုင်းထဲက ပုံမှန်တစ်ယောက်လို့ထင်ခဲ့တာ။ မထင်ထားဘူး ဟုတ်တယ်မှတ်လား။ [အပြုံး]"

"အတိတ်က နာမည်ကြီးခဲ့တဲ့ကျန်ဟွေ့ ရုတ်တရက် ပျောက်သွားတာ အံ့သြစရာမရှိတော့ဘူး။ ချင်မုန့်ကြောင့် ဖြစ်နေတာကိုး။ သူ့လောက်ဆိုးတဲ့လူ ဘယ်လိုလုပ်ရှိမှာလဲ။

"မိသားစုကို ဖျက်ဆီးတဲ့လူတွေကို တကယ်သည်းမခံနိုင်ဘူး၊ သူတို့အားလုံး Block List ပဲ ဒီလိုအောက်တန်းကျတဲ့အနုပညာရှင်ကို ပိတ်ပင်ဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနကိုတောင်းဆိုပါတယ်။"

"ကောင်းရှင်းရဲ့ကိစ္စကလည်း သူလုပ်တာပဲ၊ တကယ်ရှက်ဖို့ကောင်းလိုက်တာ!"

......

ဝန်ထမ်းများကလည်း ထိုကိစ္စကိုတီးတိုးဆွေးနွေးနေကြသည်။ ဒါရိုက်တာသည် ဒီနေ့ ရှန်ချူးချူး၏ အခြေအနေကိုမြင်တော့ ကျေနပ်စွာခေါင်းညိတ်ပြီး

"ကောင်းပြီ၊ မနေ့က လေ့ကျင့်ခန်းလုပ်ခဲ့တဲ့ပုံပဲ၊ ဒီနေ့တော့ အခြေအနေ ကောင်းတယ်။"

ရှန်ချူးချူး ဒီစကားကိုကြားပြီး နောက်ဆုံးစိတ်သက်သာရာရသွားသည်။

ရှန်ချူးချူး ထိုင်ပြီးကစားနေရင်း ချင်မုန့်အကြောင်းနား ထောင်နေသည်။ ရုတ်တရက် အဝေးမှာ ရင်းနှီးတဲ့ ပုံရိပ်တစ်ခုကိုတွေ့လိုက်ရသည်။ ခဏအတွင်း လူနှစ်ယောက်က သူတို့ရှေ့မှာခိုးထွက်သွားကြသည်။

နာရီဝက်အကြာမှာ ကျန်းရန်သည် အနားယူသည့်နေရာသို့ပြန်ရောက်လာကာ မျက်နှာရဲနေခဲ့သည်။

ရှန်ချူးချူး ကျန်းရန်၏သွင်ပြင်ကိုကြည့်လိုက်သည်။ ဒီအခြေအနေက အချစ်ထဲ‌ပျော်ဝင်နေသလိုပင်။

ကျန်းရန်သည် ရှန်ချူးချူး၏မျက်လုံးကိုကြည့်ပြီး ချောင်းဟန့်လိုက်သည်။ သူ့အမူအရာကို ပြန်ထိန်းကာ

"ချူးချူး၊ ငါ့မျက်နှာမှာဘာပေနေလို့ အဲ့လိုကြည့်နေတာလဲ"

ရှန်ချူးချူးက ပြုံးပြီး "ဟင့်အင်း ဘာမှမပေပါဘူး၊ ချိုမြိန်မှုလေးတွေရှိ‌နေလို့လေ။"

ကျန်းရန်သည် ရှန်ချူးချူး၏အဓိပ္ပါယ်ကို ချက်ချင်းနား လည်ကာ ရှက်သွားပြီး တီးတိုးပြောလာသည်။

"အဲ့လိုဆိုမှ နင်လည်း ငါနဲ့အတူတူပါပဲနော်၊ နင် အချစ်နဲ့တွေ့နေပြီမှတ်လား၊ ဒီတစ်ခါ နင့်ကိုကြည့်လိုက်ရင် ဖုန်းကြည့်တာက ခပ်များများရယ်"

ရှန်ချူးချူး မြှားဦး သူ့ဘက်ပြန်လှည့်လာမည်ဟု မထင်ထားပေ။ သူမ အဆင်မပြေစွာဖြင့် ရှင်းပြလိုက်သည်- "ဘယ်မှာကြည့်လို့လဲ၊ ငါ သတင်းကလွဲ တခြားမကြည့်ပါဘူး၊ အနုပညာအသိုင်းအဝိုင်းထဲ ဒီလောက်ကြီးတဲ့အတင်းအဖျင်းရှိ‌နေတာကို ဂရုမစိုက်မိပဲနေမလား။"

"အာ~ ဟုတ်ပါ့၊ လူတိုင်း Weibo က သတင်းဖတ်နေကြတာ ငါမြင်တယ်၊ ဒါပေမယ့် နင်က We Chat ပဲကြည့်နေတာပါ၊ ပြီးတော့ အနုပညာသတင်းကလည်း အလိုအ လျောက်အကြောင်းပြန်ပါတယ်ဟယ်၊ နင့် ဖုန်းရဲ့လုပ် ဆောင်ချက်က အံ့သြစရာပဲနော်" ဟုပြောရင်း ရှန်ချူးချူးဖုန်း၏ We Chat မှာအသံမြည်လာသည်။

We Chat ကိုကြည့်လိုက်ရာ ရှန်ချူးချူးမျက်နှာရဲသွားသည်။ ကျန်းရန်၏မျက်လုံးများကိုကြည့်မိရာ အရမ်းအဆင်မပြေဖြစ်မိသည်။ ကျန်းရန်က "ဟမ် wechat က နိုတီက Public No ကြီးပါလား ဖူးးး ဟဟားးး"

"ဟမ် Public No၊ Public No က ဇာတ်လမ်းရှိမယ့်ပုံပဲ"

ကျန်းရန် ရယ်ကာထွက်သွားပြီးနောက် ရှန်ချူးချူး ဖုန်းယူပြီး ဟန်ရှင်းယန်ပို့လိုက်သည့် မက်ဆေ့စ်ကိုကြည့်လိုက်သည်။

ဟန်ရှင်းယန်: မင်းအတွက် နေ့လည်စာမှာပေးထား‌တယ်။ နေ့လည်စာကို ထမင်းဘူးမစားစေချင်ဘူး။

ရှန်ချူးချူးရဲ့မသိစိတ်က နုတ်ခမ်းထောင့်များကော့တက်သွားသော်လည်း ဒါရိုက်တာကိုစဉ်းစားမိပြီး...

"မင်း ကိုယ့်ကို နာကျင်အောင်လုပ်မှာတော့မဟုတ်ပါဘူးနော်! ! !" ဟု ထပ်ပို့လာသည်။

ဟန်ရှင်းယန်၏ထိုမက်ဆေ့စ်ကိုမြင်သဖြင့် ချက်ချင်းပြန်ပို့လိုက်သည်။

ရှန်ချူးချူး: ကျမအတွက် ထပ်မမှာနဲ့တော့၊ မကြာသေးခင်က ဝိတ်ချနေလို့လေ။

ဟန်ရှင်းယန် တစ်ခုခုမှားသွားပြီဟုထင်ကာ ရှန်ချူးချူး၏အကြောင်းပြန်ချက်ကို ကြည့်လိုက်ပြီးနောက် စိတ်ချသွားသည်။

"ကိုယ်အလေးချိန်ချစရာ မလိုပါဘူး၊ မင်းက မဝပါဘူး၊ ပိုတောင်စားရဦးမယ်။"

ရှန်ချူးချူး ဟန်ရှင်းယန်ပို့လိုက်တဲ့ မက်ဆေ့စ်ကို ကြည့်ပြီး သူ့စိတ်ထဲညီးတွားလိုက်ကာ "ဒါရိုက်တာက ကျမကို ဝလွန်းတယ်လို့ပြောနေတာ၊ ရှင် ကျမကို အဲ့လိုမလိမ်သင့်ဘူး"

ဟန်ရှင်းယန် ဖုန်းကိုကြည့်ပြီးမျက်မှောင်ကြုတ်လိုက်ကာ ရှန်ချူးချူးပိန်သွားပြီလို့ သူထင်လိုက်သည်၊။ ပိုမစားရင် လေတောင်လျှင် ပါသွားနိုင်သည်။ ဒါရိုက်တာက ဘယ် လိုလုပ်ပြီး သရုပ်ဆောင်တွေကို ဒီလောက်ရက်စက်ရတာလဲ။ မိသားစုဝင်တစ်ယောက်အနေနဲ့ ဒါရိုက်တာနှင့်ဆက်သွယ်သင့်သည်ဟု ခံစားလိုက်ရသည်။

ဟန်ရှင်းယန်: မင်းရဲ့ ဒါရိုက်တာက ဘယ်သူလဲ ?

ရှန်ချူးချူးက ဟန်ရှင်းယန်၏စကားထဲမှ ဒေါသကို ခံစားမိပြီး "ဒါက တကယ်တော့ ဒါရိုက်တာရဲ့အပြစ်မဟုတ်ပါဘူး။ ဝသွားရင် Camera ထဲ ကြည့်ရတာ မကောင်းတော့ဘူး။ အိုကေ၊ ကျမ ရိုက်ကူးရေးသွားလုပ်လိုက်ဦးမယ်၊ နောက်မှ အချိန်ရရင်ပြောကြတာပေါ့" ဟု အမြန်ပြောလိုက်သည်။

ဟန်ရှင်းယန် ဖုန်းကို ခဏလောက်စိုက်ကြည့်ပြီး အတွင်းရေးမှူးဝမ်ကိုခေါ်လိုက်သည်။

"မစ္စရှန်းရဲ့ ဒါရိုက်တာ ဘယ်သူလဲဆိုတာစစ်ကြည့်လိုက်"

အတွင်းရေးမှူးဝမ်က မျက်မှန်ကိုတွန်းတင်ပြီး "တျန်းသောင်" ပါဟုပြောလိုက်သည်။ ဘော့စ်အနေနှင့် ရှန်ချူးချူးအား အရမ်းစိတ်ဝင်စားသည့်အတွက် ရှန်ချူးချူးကို အာရုံစိုက်ထားတာကြာပြီဖြစ်သည်။ ထို့ကြောင့် ဘောစ့်က အခါအားလျော်စွာမေးမြန်းလေ့ရှိသည်။

ဟန်တျန်းမှာရှိသည့် တျန်းသောင်တစ်ယောက် သတင်းတွေလက်ခံရရှိချိန်မှာစိတ်ရှုပ်သွားရသည်။ သူ ဘယ်တုန်းက သရုပ်ဆောင်မင်းသမီးတွေအ‌ပေါ် အရမ်းရက်စက်ခဲ့မိတာလဲ ? ဒီဇာတ်ကားရဲ့အမျိုးသမီးဇာတ်ဆောင်တွေကို ဆက်ဆံခဲ့သည်အား သေချာစဉ်းစားကြည့်ရာအရမ်းရက်စက်တာမျိုးမလုပ်မိချေ။ သို့သော် တခြားအမျိုး သမီးသရုပ်‌ဆောင်တစ်ယောက်၏ တခြားရှုထောင့်ကနေ စဉ်းစားပါက ချင်ယင်ရန်သာရှိသည်။ နောက်ဆုံးမှာ သူသည် သူမအားရှောင်တိအဖြစ် သရုပ်ဆောင်ရန်ပြင်းပြင်းထန်ကန့်ကွက်ခဲ့သည်။ အခု သူမက ဘယ်ဇာတ်‌ ရုပ်မှာသရုပ်ဆောင်တာပါလိမ့် ??

ဒီအကြောင်းကိုတွေးမိတော့ တျန်း‌သောင်က ချင်ယင်ရန်ကိုမတွေ့ချင်တော့ချေ။ ချင်ယင်ရန်သည် ရိုက်ကူးရေးပြီးသွားပြီဆိုသော်လည်း တည်းဖြတ်ဟည်မှာမပြီးသေးဘူး မဟုတ်ပါလား ? ရိုက်ချက်အနည်းငယ်သာရှိပြီး ဘယ်သူမှ ဘာမှမပြောကြပေ။

သူ့နောက်ကလူက... သူ့အကြောင်းက ဘာအရေးလဲ! ဒီအကြောင်းကို သူ သိရင် ချင်ယင်ရန်ကို အဓိကအမျိုးသ မီးဇာတ်ဆောင်အဖြစ် ခန့်အပ်ပြီးသားဖြစ်လိမ့်မည် !!

All Chapters