အခန်း (၆၆)
Vol. 7 Ch. 66
ချင်ယင်ရန်သည် သူမထံ အမည်းစက်တစ်ခုရှိနေခြင်းကို မသိခဲ့ပေ။ ဟန်ရှင်းယန်သည် အနုပညာလောကနှင့် ပတ်သက်သူဖြစ်ပြီး ဟန်ရှင်းယန်နှင့် တွေ့ဆုံနိုင်ရန်မျှော် လင့်နေခဲ့သည်။ သူမ ဟန်ရှင်းယန်အားထပ်မတွေ့ရသေးပေ။
ဟန်ရှင်းယန် မလာဖြစ်သည့်အကြောင်းရင်းမှာ ရှန်ချူးချူး ဟန်တျန်းတွင် ရုပ်ရှင်ရိုက်ကူးနေပြီး ရက်အနည်း ငယ်အကြာ နေအိမ်သို့ပြန်သွားခဲ့ခြင်းကြောင့်ဖြစ်သည်။
"ဟန်ရှင်းယန်၊ မြေးလေး မင်းလည်း ငယ်တော့တဲ့အရွယ် မဟုတ်ဘူး၊ မင်း ဘဝအတွက် စဉ်းစားသင့်ပြီ။ မင်းဘဝအတွက် လုပ်စရာရှိတာတွေမြန်မြန်လုပ်၊ မဟုတ်ရင် အဘိုးနဲ့အဘွားကို နောက်ကျတွေ့ရဖို့ မသေချာဘူး" ဟု ဟန်ရှင်းယန်၏အဘိုးက မြေးဖြစ်သူကိုပြောလိုက်သည်။
"အဘိုး နှစ်တစ်ရာအထိအသက်ရှည်မှာပါ၊ ဆရာဝန်က အဘိုးသာ ကျန်းမာရေးဂရုစိုက်ရင် နောင် ဘာရောဂါမှထွေထွေထူးထူးမရှိနိုင်ဘူးတဲ့"
ဟန်ရှင်းယန်၏ အဘိုးကပြုံးပြီး "အသက်ရှစ်ဆယ်နဲ့ အသက်တစ်ရာကြားဆိုတဲ့အချိန်က ဘာမှသိပ်မကြာပါဘူး။ ငါ အကုန်ဖြတ်သန်းခဲ့ပြီးပြီ၊ ဘဝမှာ နောင်တဆိုတာမရှိဘူး။ မင်း မိန်းမ မရသေးတာကိုပဲ စိတ်ထဲစနိုးစ နောင့်ဖြစ်နေတာ။"
ဟန်ရှင်းယန် အဘိုးဖြစ်သူကိုကြည့်ပြီး "တကယ်တော့ ကျွန်တော့်မှာ ရည်ရွယ်ထားတဲ့သူရှိတယ် အဘိုး"
ဟန်ရှင်းယန်၏ အဘိုးသည် ထိုစကားကြားသောအခါ ရပ်တန့်သွားပြီးသံသယဖြင့် "မင်း ခုနက ဘာပြောလိုက်တာ၊ မိန်းကလေးရှိတယ်၊ ဘယ်အချိန်ကလဲ ? ဘာလို့ ငါက မသိရတာလဲ ? လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကထိ မင်းအမေ မင်းကို ရည်းစားရှာဖို့ပြောနေတာပါ"
"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှပါ" ဟု ဟန်ရှင်းယန် အဘိုးအိုအား ပြန်ဖြေလိုက်သည်။
"ရည်းစားရှိတာ ကောင်းတာပေါ့၊ မင်း ဒီတစ်သက် မိန်းမ မရမှာကိုပဲ ငါ စိုးရိမ်နေတာ၊ ဒါဆို သူမကို ဒီအတော အတွင်း ခေါ်လာခဲ့ချည်၊ အဘိုးကို လာတွေ့ခိုင်းလိုက်"
"အရမ်းစောသေးတယ် အဘိုး၊ ကျွန်တော် နောက်မှခေါ်လာခဲ့ပါ့မယ်"
ဟန်ရှင်းယန်၏အဘိုး မျက်နှာပျက်သွားပြီး "ဘာလို့လဲ၊ မခေါ်လာချင်ဘူးလား ?"
ဟန်ရှင်းယန် စိတ်ထဲများစွာအတွေးနယ်ကျွံမိသည်။ သူမအား ရုတ်တရက် မိဘတွေဆီ ခေါ်သွားမည်ဟုပြောလိုက်လျှင် သူမ သဘောတူနိုင်ပါ့မလား ဟုတွေးနေမိသည်။
ဟန်ရှင်းယန်က "မခေါ်လာချင်တာ မဟုတ်ပါဘူး၊ နောက်ရက်ကျ သူ့ကို မေးကြည့်လိုက်ပါ့မယ်"
ထိုစကားကိုကြားရမှ အဘိုးမျက်နှာ ပြုံးသွားရသည်။
"ကောင်းပြီ၊ ယောက်ျားတစ်ယောက်အနေနဲ့ တာဝန်ယူရမယ်။ ဒီနေ့ ရည်စားထား၊ မနက်ဖြန် နောက်တစ်ယောက်ပြောင်းတာမျိုး မလုပ်နဲ့”
ဟန်ရှင်းယန်သည် အဘိုး၏ဆုံးမစကားကို နားထောင်နေခဲ့သည်။ နောက်တစ်နေ့တွင် ဟန်ရှင်းယန် ကုမ္ပဏီသို့ ရောက်သောအခါ သူ့တွင် ရည်းစာရှိကြောင်း လူတိုင်းလိုလိုသိနေကြသည်။ ပထမဆုံး ဖုန်းဆက်လာသူမှာ
"သားလေး၊ မင်း ရည်းစားရှိပြီဆို မစ္စရှန်း လား ?"
"ကျန်းထန့် မားကို ဘာတွေပြောလိုက်လို့လဲ" ဟု ကျန်းထန့်အား တစ်ချက်ကြည့်ကာ မေးလိုက်သည်။
ဟန်ရှင်းယန်အမေက " ကျန်းထန့်ပြောမှ သိရမှာလား ? မင်း မစ္စရှန်းအပေါ်မေတ္တာရှိနေတာ၊ မျက်လုံးပါတဲ့သူတိုင်း သိတယ်၊ မား မထင်ထားဘူး၊ မင်း ဒါတွေဘာမှမသိသေးဘူးလို့နေခဲ့တာ"
ဖုန်းချပြီးနောက် ဟန်ရှင်းယန်သည် ကျန်းထန့်ကိုစိုကိကြည့်ကာ " မင်းပြောလိုက်တာ မဟုတ်လား ?"
ကျန်းထန့်က လက်ကိုမြှောက်ပြီး "ကော၊ ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုတယ်၊ ဒီကိစ္စကို ကျွန်တော်မပြောရပါဘူးဗျာ"
ထို့နောက် ကျန်းထန့်သည် ဟန်ရှင်းယန်နားကပ်လာပြီး "ဝိုး၊ နောက်ဆုံး ကျွန်တော်တို့ရဲ့အစ်ကိုကြီးဟန်က ပန်းတွေပွင့်လာပြီပဲ၊ ရေခဲနဲ့ ကျောက်စိမ်းလို ချည်းကပ်ရခက်တဲ့ ဒဏ္ဍရီလာထန်းစန်းကိုတောင် ဈာန်လျှောစေတယ်ဆိုတော့ ဘယ်လိုနတ်သမီးလေးများလဲ "
ဟန်ရှင်းယန်:"...."
‘ရှန်ချူးချူးက နတ်သမီးလေးနဲ့တူတယ်’
ရှန်ချူးချူးနောက်တစ်ရက်တွင် ပြန်လာမည်ဟုသိရပြီးနောက် ဟန်ရှင်းယန် ကုမ္ပဏီကထွက်လာပြီး ညတွင်း ချင်း လီယွမ်တိုက်ခန်းသို့ပြန်သွားခဲ့သည်။ ရပ်ကွက်ထဲ ပိတ်ဆို့နေသည်ကိုတွေ့လိုက်ရပြီး ကားပိုင်ရှင်သည်ကားရှေ့ တခြားသူများနှင့်စကားပြောနေပုံရသည်။ ခဏစောင့်ပြီးသည်အထိ ကားပိုင်ရှင်ဘက်ကတုံ့ပြန်မှုမရှိသေးချေ။
ဟန်ရှင်းယန် ကားပေါ်မှဆင်းလာခဲ့ပြီး ကားပိုင်ရှင်သည် ရပ်ကွက်ထဲရှိ ခွေးတစ်ကောင်ကို မတော်တဆတိုက်မိသွားကြောင်းသိလိုက်ရသည်။
"ဒီခွေးက မင်းခွေးမဟုတ်ဘူး။"
"လမ်းဘေးခွေး ဖြစ်နေပါစေ၊ ဒီလိုလုပ်တာ မမှန်ဘူးလေ မင်းမှာ မေတ္တာတရားမရှိဘူးလား ?"
"ငါ့မှာ မေတ္တာတရားမရှိဘူးလို့ ဘယ်သူပြောလဲ၊ မင်းနဲ့ မဆိုင်ဘူး။ ငါ အိမ်ပြန်ထမင်းစားဖို့ အလောတကြီးသွားရမှာ၊ မြန်မြန်ဖယ်ပေး"
လူနှစ်ယောက်ရန်ဖြစ်နေပြီး ပတ်ဝန်းကျင်ကလူတွေလည်းများသထက်များလာသည်။ ဟန်ရှင်းယန်သည် မြေပြင်ပေါ် ဒဏ်ရာရနေသည့်ခွေးကိုကြည့်ပြီး ထိခိုက်အောင်လုပ်ခဲ့သည့်ကားပိုင်ရှင်ကိုကြည့်ကာ မျက်မှောင် ကြုတ်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ခွေးကို တိရစ္ဆာန်ဆေခန်းကိုခေါ်ပြီး ပြသသင့်တယ်" ဟု ဟန်ရှင်းယန်ဝင်ပြောလိုက်သည်။
ရန်ဖြစ်နေတဲ့လူနှစ်ယောက်သည် ဟန်ရှင်းယန်ကိုလှည့်ကြည့်လာပြီး ဟန်ရှင်းယန်၏ပုံစံကိုမြင်သဖြင့် ဟန်ရှင်းယန်၏ကားကိုတစ်ချက်ကြည့်ကာ ဘာမှမပြောရဲတော့ချေ။ ကားပိုင်ရှင်နှင့် ပြဿနာဖြစ်နေသည့် ကောင်မလေးသည် ဟန်ရှင်းယန်ကိုမြင်ပြီး တစ်ခုခုပြောချင်နေခဲ့သည်။ ထို့နောက် လူတစ်ယောက်ရောက်လာခဲ့သည်။
"ဟုတ်တယ်၊ ဟန်ရှင်းယန်ပြောတဲ့အတိုင်း ခွေးကိုဆေး ခန်းမြန်မြန်သွားပြလိုက်ကြပါ။ ဘယ်လောက်သနားစရာကောင်းတဲ့ ခွေးလေးလဲ" ဟု ချင်ယင်ရန်ကပြောလိုက်သည်။
"အာ…..၊ ချင်ယင်ရန်!"
"ချင်ယင်ရန်ပဲ၊ သူ့ကို ဒီရပ်ကွက်ထဲ ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ"
"အပြင်မှာ အရမ်းလှတာပဲ"
ဟန်ရှင်းယန်သည် ချင်ယင်ရန်ကိုမြင်ချိန် သူ့မျက်နှာထား ပိုဆိုးသွားသည်။
"ကိစ္စတွေအဆင်ပြေသွားပြီဆိုတော့ လူတွေအားလုံးပြန်လို့ရပါပြီ " ဟန်ရှင်းယန် ချင်ယင်ရန်ကိုတစ်ချက်ကြည့်ပြီးပြောလိုက်သည်။ ထို့နောက် ကားဆီကိုလှည့်သွားခဲ့သည်။
ကားပိုင်ရှင်က “ဒီပြဿနာကို ဖြေရှင်းပေးလို့ ကျေးဇူး တင်ပါတယ် မစ္စချင်" ဟုပြောပြီး တံခါးဖွင့်ကာကားပေါ်တက်သွားခဲ့သည်။
ချင်ယင်ရန်သည် ဟန်ရှင်းယန်နှင့် ဒဏ်ရာရနေသည့်ခွေးပိုင်ရှင်အား သူမ ဘယ်တုန်းက ဒဏ်ရာရနေသည့်ခွေးအား တိရစ္ဆာန်ဆေးခန်းပို့ပေးမယ်လို့ပြောခဲ့မိလို့လဲ ?
သို့သော် အနီးပတ်ဝန်းကျင်ကလူများက
"ချင်ယင်ရန်က အရမ်းစိတ်ထားကောင်းတာပဲ၊ ဓာတ်ပုံရိုက်ပြီး Weibo ပေါ်တင်ချင်တယ်"
"ဒီကောင်မလေးက တော်လိုက်တာ၊ ခွေးညစ်ပတ်နေတာကိုတောင် ဂရုမစိုက်ဘူး"
.....
ချင်ယင်ရန် ထိုစကားတွေကြားပြီး သူ့မျက်နှာနည်းနည်းပြုံးသွားသည်။ နောက်ဆုံး မျက်လုံးမှိတ်ပြီး ခွေးလေးကို ကောက်ချီလိုက်ကာ"ခွေးလေးက အရမ်းသနားဖို့ကောင်းတယ်"
ဟန်ရှင်းယန်သည် သူမကိုဂရုမစိုက်ဘဲ ထွက်သွားဖို့ ပြင်နေသည်ကိုကြည့်နေလိုက်သည်။ သူမ ကားအိတ်ဇောနံ့နှင့် လမ်းဘေးခွေး၏အနံ့ဆိုးအား မခံစားနိုင်ပေ။
သူမတကယ်တမ်း ခွေးကိုလွှတ်ပစ်ချင်နေသော်လည်း လူအများဝိုင်းကြည့်နေခြင်းကြောင့် သူမ ပြုံးပြီးဆက်ချီထားရသည်။ မည်သူမှမရှိတော့ချိန်တွင် ဓာတ်ပုံရိုက်ရန် တာဝန်ယူထားသည့် မန်နေဂျာသည် ရှေ့ထွက်လာခဲ့သည်။
"ရန် ဘယ်သူမှမရှိတော့ဘူး"
ချင်ယင်ရန်သည် ထိုစကားကိုကြားပြီး ခွေးကိုမြေပြင်ပေါ်သို့ပစ်ချလိုက်သည်။ "ဓာတ်ပုံရိုက်ပြီးပြီလား ?" ဟု တီးတိုးမေးလိုက်သည်။
သူမ၏ မန်နေဂျာက "ရိုက်ထားတာပေါ့၊ ခွေးကိုပွေ့ထားတဲ့ပုံလည်း ရိုက်ထားတယ်"
ချင်ယင်ရန် ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး မြေပြင်ပေါ်ကခွေးကိုကြည့်ကာ "ကောင်းတယ်၊ ဒီနေ့ အလကားမဖြစ်ခဲ့ဘူးပဲ" ဟု ပြောလိုက်သည်။
နောက်တစ်နေ့ နေ့လယ် လေယာဉ်ပေါ်တက်ဖို့ပြင်ဆင်နေသည့် ရှန်ချူးချူးသည် Weibo hot search ထက် သူမနှင့် ရင်းနှီးနေသည့် လူနှစ်ယောက်၏နာမည်ကိုတွေ့လိုက်ရသဖြင့် ဂုတ်တရက်ဆိုသလို စိတ်အခြေအနေသိပ်မကောင်းတော့ပေ။
ဟန်ရှင်းယန် ထိုသို့သောလူမျိုးမဟုတ်သော်လည်း သတင်းတွေထဲ မြင်တွေ့လာရသည်ကို ရှောင်လွှဲလို့မရပေ။ အထူးသဖြင့် လူနှစ်ယောက် ခွေးလေးကိုကြည့်ပြီး အတူတူရပ်နေသည့်ပုံမှာ အရမ်းလှနေခဲ့သည်။
သူမ ဟန်ရှင်းယန်ကိုဖုန်းခေါ်ပြီး မေးခွန်းထုတ်ချင်မိ သည်။ ‘ဘာအတွက် တခြားမိန်းကလေးကိုသွားခေါ်ရတာလဲ ? သူ နေ့တိုင်း WeChat မှာ သူမနဲ့စကားပြောနေပြီး ဘာလုပ်ရမည်ကိုစဉ်းစားနေခဲ့သည်။
သူမသည် သူတို့နှစ်ဦးကြား တစ်ခုခုရှိနေပြီး ဝေးကွာသည့်ခံစားချက်မျိုး အမြဲလိုလိုခံစားနေရသည်။
လေယာဉ်တက်ရန် အချက်ပြသည့်အသံကိုနားထောင်ရင်း ရှန်ချူးချူး မန်နေဂျာနဲ့အတူ လေယာဉ်ပေါ်တက်ခဲ့သည်။ လေယာဉ်ကဆင်းပြီးနောက် သူမ စဉ်းစားနေရင်း သူမဘက်ကပဲ အရင်ဖုန်းခေါ်လိုက်သည်။
ဝမ်ချမ့်သည် ရှန်ချူးချူး တက္ကစီငှားဖို့လုပ်နေသည်ကိုကြည့်ပြီးအံ့သြသွားသည်။ ‘ရှန်းချူးချူးက ဟန်ရှင်ယန်းသူ့ကိုလာကြိုချင်လို့ Company ကစီစဉ်ပေးတဲ့ ကားကို ငြင်းလိုက်တာမဟုတ်ဘူးလား ? ဘာလို့ တက္ကစီငှားနေတာလဲ။ ဟန်တျန်းကထွက်လာတဲ့အထိ အဆင်ပြေနေကြတာလေ ဘယ်လိုလုပ် လေယာဉ်ပေါ်ရောက်မှရုတ်တရက်ပြောင်းလဲသွားရတာလဲ။’
ရှန်းချူးချူး၏အတွေးကို ခန့်မှန်းနေသည့် ဝမ်ချမ့်သည် ရှန်းချူးချူးနောက်မှလိုက်ပါသွားခဲ့သည်။