အခန်း (၆၈)
Vol. 7 Ch. 68
သူ(မ) တစ်ချိန်လုံး နားလည်မှုလွဲနေပုံရသည်။ သူ(မ) ကိုယ်တိုင်၏ အိမ်ထောင်ရေးကို မမြင်နိုင်သော်လည်း ဟန်ရှင်းယန်၏အိမ်ထောင်ရေးကို မမြင်နိုင်ဟုမဆိုလိုချေ။ သူ(မ) ဟန်ရှင်းယန်၏အိမ်ထောင်ရေးကို မြင်နိုင်သဖြင့် ၎င်း၏အနာဂတ်ဇနီးမှာ သူ(မ)ဟုတ်မဟုတ်သိနိုင်သည်။
ရှန်းချူးချူးသည် ထိုသည်ကိုတွေးရင်း သူ(မ)အလွန်တုံးအခဲ့သည်ဟု ခံစားလိုက်ရသည်။ အမျိုးသမီးအများစုသည် အချစ်ရေးအချစ်ရာများနှင့် ပတ်သက်လာလျှင် IQ နိမ့်သွားတက်ကြသည်။
သူ(မ)သည် အိမ်ထောင်ရေးများစွာကိုတွက်ချက်ဖူးသော် လည်း ဟန်ရှင်းယန်၏အိမ်ထောင်ရေးကိုကြည့်ရန်တစ် ခါမှ မစဉ်းစားခဲ့ပေ။
ဟန်ရှင်းယန် ဓာတ်ပုံထိပ်ရှိပန်းရောင်နအသဲလေးသည် တောက်ပလျက်ရှိသည်။ သူ(မ)သည် ၎င်း၏အိမ်ထောင် ရေးစနစ်ကိုကြည့်ရန် စိတ်ကူးထားသော်လည်း တကယ် တမ်းကြည့်ရမည်မှာ အနည်းငယ်ရှက်စရာကောင်းသည်။
သူ(မ)လက်ကိုင်ဖုန်းကိုချပြီး အိမ်ထဲအကြိမ်ပေါင်းများစွာ ဟိုဟိုဒီဒီ လမ်းပတ်လျှောက်နေသည်။ သူ(မ)သည် ထိုင်လည်းမနေနိုင် ထလည်းမနေနိုင်နှင့် ရေအနည်းငယ်သောက်ပြီးနောက် အိမ်သာဘက်သို့ ဦးတည်လိုက်သည်။ သူ(မ)သည် အိမ်သာခွက်ပေါ်တွင် ၁၀မိနစ်လောက် အချိန်ဖြုန်းပြီး ဖုန်းကိုယူကြည့်လိုက်ချိန် သူ(မ)ဖုန်းထဲသို့ မက်ဆေ့တစ်ခု၀င်လာသည်ကို တွေ့လိုက်ရသည်။
လရောင်မိန်းကလေး- နောက်ဆုံးတစ်ခေါက်က နားလည် မှုလွဲတာပါ၊ ရှင် ကျွန်မကို တစ်ခေါက်လောက်တွက်ကြည့်ပေးဖို့တောင်းဆိုပါတယ်၊ တွက်ကြည့်ပေးပါလား ?
ငါက ယွဲ့လောင် - သူက နာမည်ကြီးစတားတစ်ယောက် မဟုတ်တာတောင် မင်း ဘာလို့ အဲ့လောက်စွဲလမ်းနေရတာလဲ ?
လရောင်မိန်းကလေးသည် တစ်မိနစ်အကြာတွင် စာပြန်လာသည်- ဟေး.. ကျွန်မ ဒါကိုမပြောချင်ပေမဲ့ ရှင်ကဒီလိုပြောလာပြီဆိုတော့ ကျွန်မ တည့်ပြောရရင်၊ သူက ကျွန်မရဲ့ရင်ထဲက စတားတစ်ယောက်မဟုတ်ဘူး၊ သူက ကျွန်မရဲ့ရည်းစားပဲ!
ရှန်းချူးချူးသည် စိတ်ထဲတွင်: ... မင်း နောက်ဆုံးတခေါက်က ချင်ယင်ရန်လို့ပြောခဲ့တာမဟုတ်ဘူးလား ?
ဟန်ရှင်းယန်၏ချစ်သူသည် သူ(မ) မဟုတ်ပါလား ? ထိုဆိုလျှင် ဤလူမှာ... ဟန်ရှင်းယန်၏ အွန်လိုင်းပေါ်ရှိ girlfriend ဖန်များထဲမှ တစ်ယောက်ပေလား ? ဟန်ရှင်းယန်သည် အင်တာနက်ပေါ်တွင် အနည်းငယ်နာမည်ကြီးကြောင်း သူ(မ)သိသည်။ ထို့အပြင် ထိုလူသည် အလွန် အမင်း ချောမောခန့်ညားနေသဖြင့် သူ(မ)ကောင်လေးအားလိုချင်တက်မက်ကြသူများမှာ မှိုလိုပေါက်နေသည်။
ငါက ယွဲ့လောင်- ငါက ယွဲ့လောင်မှန်း မင်း သိပါတယ်၊ ဒါကြောင့် မင်းသာ သူ့ရည်းစားဆိုရင် ငါ တစ်ချက်ကြည့်လိုက်တာနဲ့သိတယ်၊ အဲ့ဒီအမျိုးသားမှာ ရည်းစားရှိနေပြီဆိုပေမယ့် အဲဒီလူက မင်း မဟုတ်ဘူး။
မားမားဟန်သည် ရှန်းချူးချူး၏စာကိုမြင်ပြီး သူ(မ) မျက်နှာသည် အလွန်အမင်းအံ့သြမှင်သက်သွားသည်။
"လောင်ဟန်.. ကျွန်မ ဒီနေ့ နတ်ဘုရားတွေနဲ့ တွေ့ရတော့မှာလား ?"
ပါးပါဟန်သည် မျက်မှန်ကို ပင့်တင်ကာ သူ့မျက်နှာသည် တစ်ချက်မှမပြောင်းလဲဘဲ "ဒါ Taobaoပေါ်က ဖူးစာရေး အိမ်ထောင်တစ်ခုပဲမဟုတ်လား ကံဇာတာက ဘယ်မှာလဲ၊ သိပ်ပြီးအလေးအနက်မထားနဲ့၊ သူတို့မှာ လှည့်စားတဲ့ နည်းလမ်းတွေက မျိုးစုံပဲ"
မားမားဟန်သည် ပါးပါးဟန်၏စကားကိုသဘောမတူချေ။
"ဒါပေမယ့် ဒီဆိုင်ရှင်က ငါတို့သားမှာ ရည်းစားရှိနေပြီးသားလို့ပြောတယ်၊ ဒါ ထူးဆန်းတယ်လို့ ရှင် မထင်ဘူးလား ? သူ့မားမားဖြစ်တဲ့ ကျွန်မတောင် မသိတာ အဲ့ဆိုင်ရှင်က ဘာလိုလုပ်သိနေတာလဲ ? ကျွန်မလည်း မကြာခင် သိရလိမ့်မယ်နဲ့တူတယ်"
ပါးပါးဟန်သည် မားမားဟန်စကားကိုကြားသောအခါ မော့ကြည့်လာပြီး "မင်းရဲ့သားက မကြာသေးခင်က အမျိုးသမီးစတားတစ်ယောက်နဲ့ အတူဓာတ်ပုံတွဲရိုက်မိခဲ့သလို့ သတင်းထဲမှာ ဒီလောက်နာမည်ကြီးနေတာလေ၊ ငါတော့ အဲ့လိုကောင်မလေးမျိုးနဲ့ သားကို မတွဲစေချင်ဘူး၊ ကောင်မလေးရဲ့အသိုင်းအဝိုင်းက တကယ်ရှုပ်ထွေးလွန်းတယ်"
မားမားဟန်သည် ပါးပါးဟန်ကိုကြည့်ကာ"ဒီတစ်ခါက အရင်တစ်ခေါက်နဲ့မတူဘူးလေ ရှင်ကလည်း...၊ ဟိုတစ်ခေါက်ကနားလည်မှုလွဲသွားတာပေမဲ့ ဒီတစ်ခေါက်က အတည်ဖြစ်နိုင်တာပဲ၊ ရှင် ကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်မဂရုမစိုက်ဘူး၊ သားမှာ ချစ်သူရှိတာ ကောင်းတဲ့ကိစ္စပဲလေ၊ အဲ့ကလေးက အရင်ထဲက ရည်းစားရှိတာကို ကျွန်မတို့ကို မရှိဘူးလို့ လိမ်နေတာလည်းဖြစ်နိုင်တာပဲ၊ သူ ငယ်ငယ်လေးကတည်းက အခုအချိန်ထိ သူ့အတွေးတွေကို ရှင်တောင် ဖတ်လို့ရရဲ့လား၊ မဖြစ်သေးပါဘူး... ကျွန်မ ဆိုင်ရှင်ကို အစ်အောက်မေးကြည့်လိုက်ဦးမယ်"
ပါးပါးဟန်သည် မားမားဟန်စကားကြောင့် မျက်မှောင် ကြုတ်လိုက်မိသည်။ သားက သူတို့ကို လိမ်နေတာများလား ? မဟုတ်နိုင်ချေ။ ပါးပါးဟန်သည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် "သားက ငါတို့ကို လိမ်တာမဖြစ်နိုင်ဘူး၊ မင်း သားကို တစ်ခါမှသံသယမ၀င်ဖူးပါဘူး၊ ဘာလို့အခုမှ အဲ့လိုထင်နေရတာလဲ ?"
သူလှည့်ကြည့်လိုက်သောအခါ သူ့ဇနီး သည် ဖုန်းဆီကို ခေါင်းပြန်စိုက်နေသည်အား တွေ့လိုက်ရသည်။ ပါးပါးဟန်သည် ခေါင်းကို အသာအယာယမ်းကာ ချထားသော စာအုပ်ကို ဆက်ဖတ်နေတော့သည်။
ရှန်းချူးချူးသည် တစ်ဖက်ဆီမှ ပြန်စာမလာသောအခါ ထိုမိန်းကလေး လက်လျော့သွားပြီးဟု ထင်ခဲ့သည်။ သူ(မ)ဘာလုပ်သင့်ပါသလဲ? သူ(မ)သည် ဟန်ရှင်းယန်၏ အိမ်ထောင်ဖက်ကို သိချင်သော်လည်း သူ(မ)မဟုတ်မှာ ဆိုးသည်။ သူ(မ) ချောင်းကြည့်လိုက်ရန်ပင် ချီတုံချတုံ ဖြစ်နေမိသည်။ အချိန်အနည်းငယ်ကြာမှ သူ(မ) တစ်ချက်လောက်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
သူ(မ)၀င်ကြည့်တော့မည့်အချိန် ထိုမိန်းကလေးမှ မက်ဆေ့ခ်ျပို့လာသည်။
လရောင်မိန်းကလေး - သူ့မှာရည်းစားရှိတယ်ဆိုတာ သူ့ သတင်းတွေကြည့်ပြီးပြောတာလား?
ရှန်းချူးချူးသည် ထိုစာကိုမြင်ပြီးထိတ်လန့်သွားသည်။ သူ(မ) ဘယ်တုန်းက ဟန်ရှင်းယန်နှင့် သတင်းထွက်သွားတာပါလိမ့် ? သူ(မ)လည်း ချက်ချင်းပင် Weibo သို့ အမြန်သွားရှာလိုက်ရာ သူ(မ)နှင့် ဟန်ရှင်းယန်တို့ ပတ်သက်သည့် သတင်းမရှိကြောင်းသိလိုက်ရသဖြင့် ယခုမှပင် စိတ်အေးသွားသည်။
ငါက ယွဲ့လောင်- ငါ အပေါ်ယံတွက်ချက်ကြည့်ရင်တောင် တစ်ခုခုတော့မြင်ရသေးတယ်၊ ပြီးတော့ သူ့ရည်းစားက လွန်ခဲ့တဲ့ ရက်အနည်းငယ်က သတင်းတွေမှာပါတဲ့သူ မဟုတ်ဘူး၊ ဘယ်သူလဲဆိုတာ ငါ သိပေမဲ့ ဒါက လျှို့ဝှက်ချက်တစ်ခုမို့ ဘယ်သူ့ကိုမှပြောလို့မရဘူး။
ရှန်းချူးချူးသည် တစ်ဖက်လူမှာ ဟန်ရှင်းယန်အား အလွန်စွဲလမ်းနေသော girlfriend fanဖြစ်ကြောင်းသိလိုက်ရသဖြင့် အကြံအဉာဏ်တစ်ချို့ပေးရန်တွေးလိုက်မိသည်။
ငါက ယွဲ့လောင်- ဒီမှာ ကလေးမ.. မင်းရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အတွေးတွေကနေ ရုန်းထွက်လိုက်တော့၊ အဲ့လူက နာမည်ကျော်ကြားတဲ့သူတစ်ယောက်လေ...
မားမားဟန် : ...
(ငါက ကလေးမ မဟုတ်ဘူးဟ! ဆိုင်ရှင်ရဲ့ စကားတွေက ဘာလို့ သူ(မ)ကို ရန်ငြိုးထားသလိုခံစားရပါလိမ့် ? သူ့စကားတွေက အချိန်ကြာလေလေ ထူးဆန်းပြီး ထူးဆန်းလာရင်း ခန့်မှန်းဖို့တောင်ခက်လာလေပြီ)
လရောင်မိန်းကလေး - သူ့ချစ်သူနဲ့ အဆုံးမှာလက်ထပ်နိုင်မလား၊ ကွဲကွာမလား ? ကျွန်မကိုပြောပြ၊ သူ့အနာဂတ် ဇနီးက ဘယ်သူလဲ၊ စျေးကို သာပြော... ဆယ်ဆ ဒါမှမဟုတ် အဆတစ်သောင်းဆိုရင်တောင် ကျွန်မ တက်နိုင်တယ်
ဒါ ဟန်ရှင်းယန်ရဲ့သေသေကြေကြေ သစ္စာစောင့်သိတဲ့ အမာခံဖန်များလား ? ရှန်းချူးချူးမှာ တစ်ဖက်မိန်းက လေးအား မည်သို့ပြန်ဖြေရမလဲ စဉ်းစားနေဆဲဖြစ်သော် လည်း တစ်ဖက်မိန်းကလေးသည် သူ(မ)အား စာထပ်ပို့လာသည်။
လရောင်မိန်းကလေး - အဆနှစ်ဆယ်..
ရှန်းချူးချူး - .....
ငါးမိနစ်အကြာ
လရောင်မိန်းကလေး - အဆငါးဆယ်
ဆယ်မိနစ်အကြာ
လရောင်မိန်းကလေး - အဆတစ်ရာ
မားမားဟန်သည် ရှန်းချူးချူး ဘာမှပြန်မဖြေသည်ကိုမြင်သဖြင့် စိတ်ပျက်လက်ပျက်နှင့်
"လောင်ဟန်... ဒီလူက ဘယ်လိုကြီးလဲ၊ သူ ပိုက်ဆံရှာဖို့ ဆိုင်ဖွင့်တာမဟုတ်ဖူးလား ? ကျွန်မ အဆတစ်ရာတောင် ဈေးတိုးပြီးသွားပြီကို သူ့ဘက်က ဘာမှမတုံ့ပြန်သေးဘူး၊ ဒါ တကယ်ချီးကျူးစရာပဲ"
သူ့ဇနီးမှာ သားဖြစ်သူ၏အိမ်ထောင်ရေးအတွက် ယွမ် 100,000 ကို နှစ်ခါမစဉ်းစားပဲ အွန်လိုင်းပေါ်ရှိ ဗေဒင်ဆရာတစ်ဦးအပေါ် ယုံယုံကြည်ကြည်အသုံးပြုနေသည်။ ပါးပါးဟန်သည် စာအုပ်ကိုပိတ်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"နိုင်ငံက ဥပဒေအသစ်ထုတ်လိုက်တာများလား၊ malicious brush တောင် အများဆုံး နှစ်သန်းအထိပဲ ထိုက်တန်လောက်တယ်၊ မင်း အဲ့ဒါကိုပဲ သွားပြီးလေလံ ဆွဲသင့်တယ်"
မားမားဟန်သည် ပါးပါးဟန်၏စကားကို မကြားရတော့ဘဲ သူ(မ)အတွေးထဲသာနစ်မြုပ်နေသည်။ သူ(မ)သည် ရုတ်တရက် တစ်ခုခုကိုတွေးမိသွားပြီး ပါးပါးဟန်၏ လက်ကို လှုပ်ကိုင်ကာ "လောင်ဟန် ကျွန်မတို့သားမှာ ဇနီးမရှိနိုင်လို့ ဆိုင်ရှင်က အဲ့လောက်ငြင်းနေတာလား"
ပါးပါးဟန်သည် မျက်မှောင်ကြုတ်ကာ “မင်းကို ငါပြောပါတယ် အဲ့လိုအရာတွေမယုံပါနဲ့ဆို၊ အပျော်ပဲမေး အရမ်းအတည်မယူနဲ့"
မားမားဟန်သည် "ဟင့်အင်း.. သူဟောတာတွေက အရမ်းတိကျတယ်၊ ဒီဆိုင်ရှင်က အစစ်အမှန်ဆိုတာသေချာတယ်၊ ကျွန်မ ထပ်မေးကြည့်ရမယ်"
မားမားဟန်နှင့် ပါးပါးဟန်တို့ စကားပြောနေချိန် ရှန်းချူးချူးသည် ဟန်ရှင်းယန်၏အိမ်ထောင်ရေးစနစ်ကို ဖွင့်ရန် ချီတုံချတုံဖြစ်နေမိသည်။ သူ(မ)ကိုယ်သူ(မ)တွန်းအားပေးကာ၊ တစ်ချက်ပဲ.. တစ်ချက်ပဲကြည့်ပြီး ပြန်ပိတ်လိုက်မယ်လေ၊ သို့သော် သူ(မ)စိတ်ထဲတွင်တော့ : တခြားသူရဲ့ လျှို့ဝှက်ချက်ကို မကြည့်သင့်ဘူးလေ
သူ(မ) မဖွင့်ခင် အတွေးနယ်ချဲ့နေမိသည်။ ဟန်ရှင်းယန် ၏ အနာဂတ်ဇနီးအမည်သည် သူ(မ) မဟုတ်ပါက ၎င်း ၏ဇနီးဖြစ်သူပေါ်လာသည့်အခါ သူ(မ)လည်း ထွက်ခွာသွားမည်။ အဆုံးတွင် ချစ်တိုင်းလည်း အိမ်ထောက်ဖက်ဖြစ်နိုင်ချေ နည်းပါးလွန်းလှသည်။ ထိုသို့သောအတွေးများသည် အနည်းငယ်နာကျင်ဖွယ်ကောင်းပြီး သူ(မ)၏ နှလုံးသားသည် လေးလံနေခဲ့သော်လည်း စပ်စုချင်စိတ် သည် အရာအားလုံးကို ဖြတ်ကျော်သွားသည်။
ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ အိမ်ထောင်ရေး စနစ်ကို ဖွင့်လိုက်သောအခါ သူ(မ)၏ အာရုံကြောများပင် တင်းမာသွားပြီး ထိုအခိုက်အတန့်တွင် သူ(မ)မျက်လုံးများကို မှိတ်ထားမိလိုက်သည်။ ထို့နောက် သူ(မ)မျက် လုံးများကို ဖြည်းညှင်းစွာ အနည်းငယ်ဖွင့်ဟကြည့်ပြီး မျက်နှာပြင်သည်လည်း တဖြည်းဖြည်းကြည်လင်ပြတ် သားလာကာ အိမ်ထောင်ဖက်နာမည်နေရာအား မြင်လိုက်ရချိန် သူ(မ)၏ပါးစပ်တစ်ခုလုံးပွင့်ဟလျက် စိတ်လှုပ် ရှားမှုကြောင့် ကုတင်ပေါ်သို့လဲကျသွားသည်။
ဟန်ရှင်းယန်၏အိမ်ထောင်ဖက်ကား သူ(မ)ပင်!
သူ(မ)စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားပြီးနောက်တွေး ခေါ်နိုင်စွမ်းများပြန်လည်ရရှိလာပြီး ဤကမ္ဘာကြီးသည် အလွန်အမင်းကျယ်ပြောသောကြောင့် နာမည်တူလူသူမရှားနိုင်ချေ။ ထိုသို့တွေးရာ သူ(မ)လည်း ဖုန်းကိုကောက်ကိုင်လိုက်ပြီး ဟန်ရှင်းယန်၏ဓာတ်ပုံကိုကြည့်ကာ ပန်းရောင်အသဲလေးကို ညင်သာစွာနှိပ်လိုက်သည်။ ထိုစဉ် သူ(မ)နာမည်ဘေးရှိ ဓာတ်ပုံကိုထောက်ကြည့်လိုက် ကာမှ စိတ်အေးသွားရသည်။
သူ(မ)သည် အဆုံးတွင် သူ(မ)အိမ်ထောင်ရေးကို မြင်နိုင်ခဲ့သည်။ ရှန်းချူးချူးသည် ထိုသည်ကိုကြည့်ပြီးနောက် အခြားအရာများကိုလည်းစစ်ဆေးလိုက်သည်။ ကံကောင်းထောက်မစွာ ဟန်ရှင်းယန်နှင့် သူ(မ)တို့လက် ထပ်နိုင်ခဲ့သလို သူ(မ)လည်း မတော်တဆမသေခဲ့ချေ။
သူ(မ)စိတ်များငြိမ်သက်ပြီးနောက် လရောင်မိန်းကလေး ပေးပို့လာသော မက်ဆေ့ချ်ကိုတွေ့လိုက်ရသည်။
လရောင်မိန်းကလေး: ကောင်းပြီ... သူ့အိမ်ထောင်ဖက်က ဘယ်သူလဲဆိုတာ မမေးတော့ဘူး၊ ဒါပေမဲ့ ရှင် ကျွန်မရဲ့ နောက်ထပ်မေးခွန်းတွေကိုတော့ ဖြေပေးရမယ်။
လရောင်မိန်းကလေး: သူ့ ချစ်သူက အသက်ကြီးလား?
လရောင်မိန်းကလေး: ယွဲ့လောင် ?
ရှန်းချူးချူးသည် စိတ်အခြေအနေကောင်းနေသဖြင့် ပြန်ဖြေရန်ဆုံးဖြတ်လိုက်သည်: ပြောပါ
လရောင်မိန်းကလေး - သူ တကယ်လက်ထပ်ဖြစ်မှာလား ? သူက တကယ်ကြီး လူတစ်ယောက်နဲ့ လက်ထပ်နိုင်မှာလား ?
ရှန်းချူးချူး: ... (ငါက လူမဟုတ်ဘူးလား ?)
ငါက ယွဲ့လောင်: လက်ထပ်ရလိမ့်မယ်
မားမားဟန်သည် ထိုစာကိုမြင်သောအခါ သူ့လက်ကိုင်ဖုန်းကို ယုံကြည်မှုအပြည့်နှင့်ချလိုက်သည်။
ပါးပါးဟန်သည် ဇနီးဖြစ်သူမှာ ဖုန်းကို ချလိုက်သည်ကို မြင်သောအခါ “တစ်ဖက်က ဘာပြန်ပြောလို့ မင်း အဲ့လောက်ပျော်နေတာလဲ”
မူလတွင် သူ့မိန်းမမှာ ထိုဆိုင်ရှင်ထံမှ ပြန်စာမရမချင်း အိပ်ရန်အစီအစဉ်မရှိသလိုပင်။
မားမားဟန်သည် ဂုဏ်ယူစွာဖြင့်- "ကျွန်မ သားက အ ဆုံးမှာလက်ထပ်နိုင်လိမ့်မယ်တဲ့ ဒါကြောင့် ကျွန်မပျော်နေတာပေါ့"
ပါးပါးဟန်သည် သူ့ဇနီး၏စကားကိုနားထောင်ပြီးသော အခါ သူ(မ)အလိမ်ခံလိုက်ရပြီဟုသာ တွေးမိလိုက်သည်။ သူ(မ)သည် သားဖြစ်သူ၏ အိမ်ထောင်ရေးကိုတွက်ချက်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းနေသော်လည်း အဆုံးတွင် ပြန်ရလိုက်သည်မှာ ရိုးရှင်းသည့်အဖြေသာဖြစ်သည်။ သူတို့အသိုင်းအဝိုင်းတွင် အိမ်ထောင်မရှိသည့်လူမှာ အလွန်နည်းပါးလှသည်။ ၎င်းမှာတစ်ချိန်ချိန် အိမ်ထောင်ပြုမည်ကို သူ မျှော်လင့်ပြီးသားပင်။
ပါးပါးဟန်သည် အချိန်အတော်ကြာတုံ့ဆိုင်းသွားပြီးနောက် “ဒါဆို မင်းက ယွမ် 100,000 ကို လူတိုင်းသိတဲ့မေးခွန်း မေးဖို့ သုံးလိုက်တယ်ပေါ့"
မားမားဟန်သည် အံ့ဩတကြီးဖြင့် မျက်မှောင်ကြုတ်လျက် “ဘာကို လူတိုင်းသိတဲ့ မေးခွန်းလည်း ? အခု ကျွန်မသား အိမ်ထောင်ပြုနိုင်တော့မယ်ဆိုတာ ရှင်သိရဲ့လား ? အဲ့ကလေး ကျောင်းတက်ကတည်းက ကောင်မ လေးတွေ သူ့အင်္ကျီကိုထိတာနဲ့ အဲ့အင်္ကျီကို ချက်ချင်းလွှတ်ပစ်တာလေ!၊ အဲ့ကောင်စုတ်လေးက အမြဲတိုင်း ကောင်မလေးတွေဆီကနေ ပုန်းနေတာလေ၊ ကျွန်မ မေးတဲ့မေးခွန်းက ဘာမှားလို့လဲ!? ပြီးတော့ အဲ့ဆိုင်ရှင်က ကျွန်မ ပိုက်ဆံကိုလည်းမယူဘူး"
ပါးပါးဟန်: မင်း အရင်ကဆို မင်း သားကိုအရမ်းအမွှန်းတင် ချီးကျူးနေတာကို ဘာလို့အခုမှ အပြစ်တင်နေရတာလဲ ?
မားမားဟန်သည် ပါးပါးဟန်၏စကားကိုငြင်းဆန်ပြီးနောက် ထောင်ပေါင်းကိုထပ်မံကြည့်ကာ ဇွဲမလျှော့တမ်း ပြန်မေးပြန်သည်။
လရောင်မိန်းကလေး- ဒါဆို သူ့ရဲ့အနာဂတ်အိမ်ထောင် ဖက်က ဘယ်သူလဲ ?
ရှန်းချူးချူးသည် တစ်ဖက်လူမှာ သေသွားပြီဟုတောင် ထင်မိပြီး ထပ်မေးလာဖို့မမျှော်လင့်ထားချေ။ သို့သော် ယခုအခါ သူ(မ)ပြန်ဖြေဖို့ မရည်ရွယ်ထားပေ။ အဘယ့်ကြောင့်ဆို ဟန်ရှင်းယန်၏အိမ်ထောင်ဖက်သည် သူ(မ) ဖြစ်သောကြောင့် အခြားသူများအား ပြောပြရန်မဖြစ်နိုင်ချေ။
ငါက ယွဲ့လောင်- မင်း စတားတွေနောက်ကို လိုက်တာရပ်တန့်သင့်ပြီ
လရောင်မိန်းကလေး : ...
(ဒီဆိုင်ပိုင်ရှင်ရဲ့ မျက်နှာက စာအုပ်လှန်တာထက်တောင် ပိုအပြောင်းအလဲ မြန်သေးတယ်)
နောက်တစ်နေ့နံနံခင်းတွင် ရှန်းချူးချူးသည် ဟန်ရှင်းယန်ကိုပြန်တွေ့လိုက်ရချိန် သူ(မ)အကြည့်များသည် ယခင်ကနှင့်မတူတော့ချေ။