အခန်း (၈၀)
Vol. 8 Ch. 80
သူတို့နှစ်ဦး၏စကားဝိုင်းကိုနားထောင်ပြီးနောက် ရှန်းချူးချူး သုန်ကျီယွမ်အား ကျေးဇူးတင်စွာဖြင့်ကြည့်လိုက်သည်။ ချီယုဖေးထွက်သွားပြီးနောက် ရှန်းချူးချူးက "ကျေးဇူးတင်ပါတယ်"
သုန်ကျီယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "ကျေးဇူးတင်ဖို့မလိုဘူး၊ နောက်မှ မုန့်ပြန်ဝယ်ကျွေးရမယ်"
"ဟုတ်ပြီလေ"
တစ်ချိန်တည်းမှာပင် သရုပ်ဆောင်အသစ်အလောတကြီးရှာနေရသဖြင့် ဒါရိုက်တာသည် အချိန်ဇယားအသစ်ဆွဲပြီး နောက်ဆုံး ချီယုဖေး၏ဇာတ်ကွက်ကို ရွှေ့ဖို့ဆုံးဖြတ်ခဲ့သည်။
ထိုအပြောင်းအလဲသည် အခြားသောသရုပ်ဆောင်များကိုအလုပ်ရှုပ်စေသည်။ လူတိုင်းသိပ်မရင်းနှီးကြသည့် အတွက် ဇာတ်ညွှန်းအသစ်ကိုအလေးအနက်ထားခဲ့ကြသည်။
ကံကောင်းထောက်မစွာ၊ သုံးရက်အကြာတွင် ဇာတ်ပို့သရုပ်ဆောင်များနေရာယူလာခဲ့သည်။ ဝန်ထမ်းများထံသို့ရောက်လာသော သတင်းထောက်အချို့သည် သဲလွန်စများချက်ချင်းတွေ့ရှိခဲ့သည်။ ၎င်းတို့သည် ချီယုဖေးအား အင်တာဗျူးဖို့လာခဲ့ခြင်းဖြစ်ပြီး ရလဒ်ကတော့ အဖွဲ့သားထဲ ချီယုဖေးမရှိဘူးဟုဆိုသည်။ ဒါရိုက်တာကို မေးဖို့သွားတဲ့အခါ ဒါရိုက်တာကမရေမရာပြောလိုက်သည်။
"အချိန်ဇယားက မညီဘူးဆိုတော့ ငါ မရိုက်ဘူး"
အင်တာဗျူးအပြီးတွင် သတင်းထောက်အများအပြားက သတင်းအကြမ်းဖျင်းထုတ်ပြန်ခဲ့ကြသည်။
"အချိန်ဇယားကြောင့် ချီယုဖေးက "The Princess of Jialing" ကို ရိုက်ကူးရေးကထွက်သွားခဲ့ခြင်း။
"ချီယုဖေးဟာ အမျိုးမျိုးသောရှိုးတွေကို အာရုံစိုက်ပြီး ရိုက်ကူးရေးမှနှုတ်ထွက်ခဲ့ခြင်း။"
......
သတင်းသမားများသည် ဓာတ်ပုံများကိုကြည့်ရှုပြီး ဇာတ်လမ်းများဖန်တီးကြသည်။ ထို့ပြင် ၎င်းတို့သည် ဓာတ်ပုံများကိုကြည့်ရုံသာမက ဝန်ထမ်းများကိုလည်း တွေ့ဆုံမေးမြန်းခဲ့သေးသည်။ ထို့ကြောင့် ထုံးစံအတိုင်း အများစုမှာ ထွင်လုံးများသာဖြစ်သည်။ အတွင်းထဲမှာ ဘာတွေဖြစ်နေမှန်မသိသော်လည်း တစ်ချို့သောဇာတ် လမ်းတွေကို အမြဲဖန်တီးနိုင်ကြသည်။
မထင်မှတ်ပဲ၊ ဒီကြော်ငြာချက်တွေထုတ်ပြန်ပြီးသည်နှင့် ချီယုဖေး၏ ပရိသတ်များသည်းမခံနိုင်တော့ချေ။
"ငါတို့မိသားစုရဲ့ ဖေးကောကအလေးအနက်ထားပြီး ရိုက်ကူးနေတာပါ၊ ဒါ အချိန်ဇယားအကြောင်းပြချက်မဟုတ်ဘူး၊ အဲဒါ အဖွဲ့သားတွေရဲ့ အကြောင်းပြချက်ပဲ။ အိုး!! ငါတို့ မိသားစုဆီ အိုးကိုပြန်တွန်းထုတ်တယ်ဆိုတော့ အရှက်မရှိဘူးလား။ [အပြုံး]"
"ငါ အတန်းလေးခဏသွားတတ်ပါတယ်၊ ငါတို့ မိသားစုရဲ့ ဖေးကောက ဝန်ထမ်းတွေဆီနေ့တိုင်းသတင်းပို့တယ်။ သိပ်မကြာခင် ပြီးတော့မှာလေ ရလဒ်အနေနဲ့ အချိန် ဇယားကြောင့်ထွက်သတဲ့လား အရမ်းရယ်စရာကောင်းတယ်။ [cursor]"
"ဖြတ်သွားဖြတ်လာ ပရိတ်သတ်တစ်ယောက်က ဘာမှမသိဘူး။ သူ လေးလေးနက်နက်ရိုက်ကူးရေးလုပ်နေတယ်ပေါ့ ! ဒါ အစားထိုးမဟုတ်ဘူးလား ? ငါ အတန်းမတက် တော့ဖူး။ [呸]"
သိပ်မကြာခင်မှာပင် ဒီလူကို ချီယုဖေးပရိတ်သတ်တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။
"ဘာ အစားထိုးမှမလိုဘူး၊ အဲ့ဒါ ငါတို့ရဲ့ ပျံသန်းနေတဲ့ အစ်ကိုကြီးပဲ"
"ကိုက်ကွက်တွေမှအများကြီး၊ အစားထိုးစရာမလိုရင် ငါတို့မိသားစုရဲ့ဖေးကော ဒဏ်ရာရရင် ငါတို့ ဘာလုပ်သင့်လဲ ? မင်းလို အရေခွံထူတယ် ထင်နေလား !"
ထိုအချိန် အားလုံးက ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြင်းခုံနေကြသည်။ ချီယုဖေးသည်လည်း အဓိကစျေးကွက်ရှာဖွေရေး များမှ တိုက်ခိုက်ခံခဲ့ရသည်။
Q လို့အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ ရိုက်ကူးရေးကို မကြာခဏအစားထိုးအသုံးပြုခဲ့သဖြင့် ရိုက်ကွင်းမှာ နာမည်ကြီးခဲ့ပြီး ဒါရိုက်တာသည် သူ့၏လေ့ကျင့်မှုကိုမကျေနပ်တဲ့အတွက် ရိုက်ကူးပြီးသည်နှင့် အစားထိုးခဲ့သည်။
ရုပ်ရှင်အဖွဲ့သားများနှင့် ရင်းနှီးသူတစ်ဦး၏ပြောကြားချက်အရ Q ကြယ်ပွင့်အမျိုးသား၏သဘောထားမှာ အလွန်ကျေနပ်ဖွယ်မရှိပေ။ မနက်မိုးလင်းသည်နှင့် ဝန်ထမ်းမျအားလုံး သူ့ကိုစောင့်နေကြရသည်။ သူနဲ့ ဆန့် ကျင်ဘက် သရုပ်ဆောင်တဲ့သရုပ်ဆောင်တွေကို စိတ်ဆင်းရဲအောင် မကြာခဏဆိုသလို အစားထိုးအသုံးပြုခဲ့သည်။ တစ်ဖွဲ့တည်းမှ သရုပ်ဆောင်များ ဒီလောက် ညံ့ဖျင်းတဲ့ သရုပ်ဆောင်အတွက်ပြောပြပေးပါဦး။ [အပြုံး]
ချီယုဖေးသည် ဤမျှလောက် ဆိုးဆိုးရွားရွားအဖော်ခံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ TV စီးရီးတစ်ခု ရိုက်ကူးနေချိန် အများစုက သူသရုပ်ဆောင်တာ မကောင်းဘူးဟု လူတိုင်းလိုလိုပြောကြသည်။ ထိုဘက်မည်းနောက်တွင် တစ်စုံတစ်ယောက်ရှိပုံရသည်ဟု သူ အမြဲတမ်းခံစားခဲ့ရသည်။
ညဘက် အိမ်ပြန်ရောက်ပြီးနောက် သူ့ကို စောင့်မျှော်နေ သည်မှာ မုန်တိုင်းကြီးဖြစ်ဖို့ မမျှော်လင့်ထားပေ။
"ချီယုဖေး၊ ရှင် သည်းခံနိုင်တယ်ဆိုတော့ သုန်ကျီယွမ်တင်မကဘူး အဖွဲ့ထဲက အမျိုးသမီးအဖွဲ့ကိုလည်းစော်ကားခဲ့တယ်ပေါ့ ?"
ကောချင်သည် ချီယုဖေးအားကြည့်လိုက်သည်။
ချီယုဖေး သိပ်ကြည့်ကောင်းမနေပေ။ ကောချင်ပြောတာကို သူကြားပြီး အမြန်ထလိုက်သည်။
"ချင်ချင် နားလည်မှုမလွဲနဲ့၊ ငါ ဘယ်လိုလုပ်မှာလဲ မင်းသိပါတယ်၊ ငါ ဖျော်ဖြေရေးနယ်ပယ်ထဲရှိနေပြီလေ။ ငါ့ကို သွေးဆောင်ဖို့ အပြေးအလွှားလာနေကြတဲ့ အမျိုးသမီး ကြယ်ပွင့်တွေ ဘယ်လောက်များလိုက်သလဲ၊ ငါ သူတို့ကို ဂရုမစိုက်ဖူးဘူး။ ငါ ဘယ်လိုလူလဲဆိုတာ မင်း မသိသေးဘူးလား။"
ကောချင် ထိုသည်ကိုတွေးပြီး သူမ၏သဘောထားမမှန်ဘူးဟု ခံစားလိုက်ရသည်။ သူမနှင့်ချီယုဖေးတို့သည် အထက်တန်းကျောင်း၌ အတန်းဖော်များဖြစ်သည်။ ထိုအချိန်တွင် သူမ ချီယုဖေးကိုအလွန်နှစ်သက်ခဲ့သည်။ ချီယုဖေး သူမနှင့်အတူရှိပြီးနောက် အခြားအမျိုးသမီးများနှင့်မတွဲခဲ့ကြောင်းကိုလည်း သူသိသည်။ သို့သော် ဖျော် ဖြေရေးနယ်ပယ်မှာ သူသည် တခြားသောအမျိုးသမီးသရုပ်ဆောင်များနှင့်အမြဲတမ်း ဆက်ဆံရေးရှိနေခဲ့သည်။ သူ့ကိုယုံကြည်ပေမယ့်လည်း အနည်းနှင့်အများ စိတ်မချမ်းသာဖြစ်မိမည်သေချာသည်။ ဒီတစ်ခါ သူ နျင့်တခြားမင်းသမီးများ၏ ဇာတ်လမ်းအကြောင်းပြောနေသည်ကိုတွေ့သဖြင့် မနာလိုဖြစ်လွန်းကာအခုလိုပြောထွက်ခဲ့ခြင်းပင်။
"ရှင် ဘယ်လိုလူလဲ၊ ကျမ သိတာပေါ့ အဲဒီမင်းသမီးတွေအပြစ်ပဲ၊ သူတို့ ရှင့်အကြောင်းတွေးနေတာပဲဖြစ်ရမယ်။"
ချီယုဖေးသည် ကောချင်ယုံနေသည်ကိုတွေ့တော့ "ဟေး ချင်ချင် မင်း ငါ့ကိုသိတယ်၊ မင်းက ငါ့အတွက်အကောင်းဆုံးပဲ၊ မင်းတစ်ယောက်ထဲပဲ ငါ့ကိုယုံတယ်၊ အဲဒီသတင်း ထောက်တွေနဲ့ အင်တာနက်အသုံးပြုသူတွေက ငါ့ကို မနာလိုဖြစ်ကြတာ။"
ကောချင် ချီယုဖေးကိုမြင်ပြီး "ဘာမှမဟုတ်ဘူး ဘာမှမဖြစ်ပါဘူး။ သူတို့က ရေတပ်ပဲဖြစ်ရမယ်။ အဲ့ရေတပ်ကိုပြန်တိုက်ခိုက်ရအောင်"
ချီယုဖေး ပြုံးကာ "ချင်ချင် ကျေးဇူးပဲ" ဟု ကျေးဇူးတင်စကားဆိုခဲ့သည်။
ကောချင်သည် ချီယုဖေး၏လက်ရှိအခြေအနေကိုတွေးပြီး မပျော်မရွှင်ဖြင့် "သုန်ကျီယွမ်ကို အပြစ်တင်ရမယ်၊ မင်း အစားထိုးလိုက်လူကို အစားထိုးမယ်လို့တောင်ပြောလာသေးတယ်၊ ဒီလူက လူတွေကို ဘယ်လိုအနိုင်ကျင့်မလဲသိတာပဲ၊ မဟုတ်သေးဘူး၊ ကျမ သူ့အကြောင်းပြောဖို့ အဖေ့ကိုရှာရမယ်။"
ချီယုဖေးက သူ့မျက်လုံးကိုလှည့်ပြီး "ချင်ချင်၊ မသွားနဲ့၊ကိုယ် အဖေ့ကို စိတ်မပူစေချင်ဘူး။ ပြောရရင် အဲ့ကိစ္စကြောင့် သူ ကိုယ့်ကိုအပြစ်တင်ချင်နေတာ။"
"ဘာလို့လဲ၊ ဒါ ရှင့်အမှားလား ? ကျမ သုန်ကျီယွမ်ကိုပြောရမယ်။"
ချီယုဖေး သက်ပြင်းချလိုက်ပြီး "တကယ်တော့ မင်းမသိတဲ့အရာတွေရှိတယ်။ Mr. သုန် အဲ့လိုလုပ်ရတဲ့အကြောင်း ရင်းက သူ့မှာ ဆန်းကြယ်တဲ့ကြယ်ပွင့်ရှိလို့ပဲ။ ပြီးတော့ အဲဒီကြယ်ပွင့်က... အင်း၊ သူကလည်း ကိုယ့်ကို ဆန့်ကျင်နေတာ..."
ချီယုဖေး ဘာမှသိပ်မပြောလိုက်ပေမယ့် ကောချင်ရုတ် တရက် သဘောပေါက်သွားတယ်။ အရှက်မဲ့တဲ့မိန်းမ ရှိ သေးတယ်ပေါ့၊ အဲဒီမိန်းမက ဘယ်သူလဲ ?
"ချင်ချင်၊ မမေးနဲ့တော့ သုန်သခင်လေးအတွက်မကောင်းဘူး။ သုန်သခင်လေးက အဲ့ကြယ်ပွင့်ကို သဘောကျနေတယ် ထင်တယ်။"
ကောချင် ဒါကိုကြားပြီး မျက်လုံးများဘလင်းဘလင်းဖြစ်ပြီးပြောလာသည်။
"သုန်ကျီယွမ်က ကျမတို့ နယ်ပယ်နဲ့ အမြဲသဟဇာတဖြစ်ခဲ့တယ်။ သူ့ ပုံရိပ်ကအမြဲတမ်းမြင့်နေခဲ့တာ။ သူ ကြယ်ပွင့်တွေနဲ့ကစားမယ်လို့ မမျှော်လင့်ထားဘူး။ သူ အမျိုး သမီးကြယ်ပွင့်တွေကို မုန်းခဲ့ဖူးတယ်။ သူ့အဖေ အရမ်းသဘောကျလို့လေ။"
ချီယုဖေး ကောချင်ကိုကြည့်ပြီး "သုန်သခင်လေး သူ့ကို တကယ်ကြိုက်တယ် မထင်ဘူး ၊ ကစားချင်တာထင်ပါတယ်"
ကောချင် ခဏလောက်စဉ်းစားပြီး သူ့စိတ်ထဲတွက်ချက်လိုက်သည်။ သူ ပြောလာခဲ့သည်–
“ဒါက တကယ်ကို □ □ 贞贞牌…… . . . . . . . . . . . . . . . . .
..........."
ချီယုဖေးနားထောင်ပြီးနောက်၊ ချီတုံချတုံဖြင့် "ချင်ချင်၊ အဲ့လိုလုပ်တာ... သိပ်မကောင်းဘူးလားလို့ ?"
"ဘာကို မကောင်းရမှာလဲ ? သုန်ကျီယွမ်ဘက်ကတောင် ရှင့်ကို အဲ့လိုလုပ်ခဲ့သေးတာပဲ၊ ကြောက်မနေနဲ့... ကျမတို့မှန်း သူ သိမှာမဟုတ်ဘူး၊ သူ့ကို သင်ခန်းစာပေးရမယ်၊ သူ့ကို ဘယ်သူက ရှင့်နေရာကို အစားထိုးခွင့်ပေးလို့လဲ။"
ချီယုဖေး လက်တုံ့ပြန်ချင်တာကြာပေမယ့် သူ အကူအ ညီမဲ့နေခဲ့သည်။ ဒီအခိုက်အတန့် ကောချင်ပြောတာကြားပြီးနောက် ချက်ချင်းဆိုသလို ကောချင်နဲ့ဆွေးနွေးတော့ သည်။
**********
ချီယုဖေး ထွက်သွားပြီးနောက် ရှန်းချူးချူး၏နောက် ထပ်ရိုက်ချက်များသည် အလွန်ချောမွေ့ခဲ့သည်။ ထို့ နောက် ရုတ်ချည်း ကောင်းကင်ထက်မှ Hot Search တစ်ခုကျလာခဲ့သည်။
နံနက်ခင်း ရှန်းချူးချူး ရိုက်ကွင်းသို့ရောက်ချိန်အံ့သြ သွားရသည်။ သူမသည် သူ့ကိုယ်ပိုင်လှုပ်ရှားမှုတွေသရုပ်ဆောင်ချက်တွေအပေါ်ပူပန်နေခဲ့ပြီး မနေ့ညက Weibo ထက် ဝှေ့ဝဲကြည့်ခဲ့သည့်တိုင်မည်သည့်လှုပ်ရှား မှုမှမရှိခဲ့ချေ။ ပုံမှန်ညဘက်လှုပ်ရှားမှုမရှိလျှင် နံနက်စောစောသတင်းထောက်တစ်ဦးရှိရန်မှာ မဖြစ်နိုင်ပေ။
ဒီသတင်းထောက်တွေ တစ်ခုခုကြိုသိထားသည်ဟုခံစားလိုက်ရသည်...
"ရှန်းချူးချူး၊ သခင်လေးသုန်နဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုအခြေအနေလဲ၊ မင်းက သူ့ရည်းစားလား ?"
"ရှင်တို့ ဘယ်ဟာကိုပြောတာလဲ ? Mr. သုန်က လွန်ခဲ့တဲ့ ရက်ပိုင်း ရိုက်ကွင်းကိုအလည်လာတုန်းကလား"
"မင်း ပွဲဦးစထွက်ကတည်းက အရင်းအမြစ်တွေအရမ်းကောင်းနေတာ အဲ့ဒါ သခင်လေးသုန်ကူညီပေးနေလို့မဟုတ်ဘူးလား ?"
"မင်း သူနဲ့အဆက်အသွယ်ရှိလို့ ချီယုဖေး အဖွဲ့ထဲကထွက်သွားရတာလို့ တချို့ကပြောကြတယ်။ Mr. သုန် စိတ်ဆိုးနေလို့မဟုတ်လား ?"
"Mr.သုန် အပြင် မင်း နောက်ထပ်ချမ်းသာတဲ့ ဒုတိယမျိုးဆက် လူငယ်တစ်ယောက်နဲ့အတူ ရှိနေသေးတယ်လို့ ငါ ကြားတယ် အဲ့ဒါ အမှန်ပဲလား"
......
ပွဲဦးစထွက်ကတည်းက ရှန်းချူးချူးသည် ထိုသို့သောတိုက်ပွဲကို ပထမဆုံးအကြိမ်ကြုံတွေ့ခဲ့ရခြင်းပင်။ ချန်းဟောင်၏ ကွာရှင်းပြတ်စဲမှု မတိုင်ခင် သတင်းထောက်တွေ သိပ်အရေးတကြီးမလုပ်ခဲ့ကြပေ။ ဒါ သူ(မ)ကိစ္စဖြစ်သည့်အပြင် သတင်းထောက်များ၏ပြဿနာရှုမှုမှာ အလွန်ရိုးရှင်းပြီး ပြတ်သားလို့နေသည်။
"တောင်းပန်ပါတယ် ကျမ Mr. သုန်ရဲ့ ချစ်သူမဟုတ်ဘူး၊ ချီယုဖေး အဖွဲ့ထဲက ဘာကြောင့်ထွက်သွားရတာလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိထားပါဘူး။"
ဆက်လက်၍သတင်းထောက်များက မည်သို့သောမေး ခွန်းများ မေးလာသည်ဖြစ်စေ ရှန်းချူးချူးထပ်မံဖြေ ကြားခြင်းမရှိပေ။ မကြာမီ အဖွဲ့သားများ၏အကူအညီဖြင့် ရှန်းချူးချူးသည် ရုပ်ရှင်ရိုက်ကွင်းကိုချောမွေ့စွာရောက်ရှိလာခဲ့သည်။
ရှန်းချူးချူး သူမ လက်ကိုင်ဖုန်းကိုထုတ်ကာ အင်တာနက်ပေါ်ရှိ အချက်အလက်များကိုကြည့်ရှုလိုက်သည်။ အင်တာနက်ပေါ်ရှိ ဓာတ်ပုံများသည် လွန်ခဲ့သည့်ရက်အနည်းငယ်က သုန်ကျီယွမ်နှင့် သူမ ညစာစားခဲ့စဉ်က ဓာတ်ပုံများဖြစ်လောက်သည်ဟု ထင်ခဲ့သော်လည်း Imperial Capital တွင် စကားပြောနေသောလူနှစ်ဦး၏ ဓာတ်ပုံများကိုပင် ရိုက်ယူသွားသည်ဟု သူမ မထင်ခဲ့ပေ။ ဤလူသည် ရိုက်ကူးရေးစတင်ပြီးသည်နှင့် ချက်ချင်းမတင်ဘဲ ၎င်းအတွက် ကြိုတင်ပြင်ဆင်ထားသည်ဟုယူဆရသည်။
Entertainment Circle Chronicle - ဒုတိယမျိုးဆက် ကြောင့် ချမ်းသာကြွယ်ဝလာခဲ့တဲ့ နောက်ထပ်အမျိုး သမီးကြယ်ပွင့်ကို သင် သိပါသလား ? ဇိမ်ခံကား၊ ငွေ၊Line ၊ ကဒ်၊ အိုး ၊ မင်းမှာသာ မျက်နှာလှလှမရှိရင် ဘယ် ဒုတိယမျိုးဆက်က ချမ်းသာခွင့်ပြုမှာလဲ ? [အပြုံး] [ပုံ] [ပုံ] [ပုံ]
အချိန်အတော်ကြာမထုတ်ဝေရသေးသော ထိုဘလော့ဂ်ကာသည် ထောင်နှင့်ချီသောလူအုပ်ကြီးဆီသို့ လျင်မြန်စွာရောက်ရှိသွားခဲ့သည်။
"အိုး၊ အရင်က သူ့ကိုကြိုက်တယ်၊ သူက ဒီလိုလူလို့မထင်ခဲ့ဘူး။ [အော့အန်]"
"လက်မထပ်ရသေးတဲ့အမျိုးသားတွေက အိမ်ထောင်မပြုကြဘူး၊ ဘာကြောင့် ဒီလောက်ကြီးတဲ့ တုံ့ပြန်မှုဖြစ်ရတယ်ဆိုတာ မသိကြဘူးလား ?"
"ငွေ/Line/ကဒ်ပဲလား ? ဖျော်ဖြေရေးနယ်ပယ်ထဲက အမျိုးသမီးကြယ်ပွင့်တွေက အဲ့လောက်တောင်ရိုးရှင်းတာလား ?" [စိတ်ပျက်စရာ]
"ရှန်းချူးချူးက အဲ့လိုပဲ၊ သူ့လမ်းကအရမ်းဖြောင့်ဖြူးနေမှတော့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တစ်ခုရှိမှာပဲ။ [အိုး]"
......
တစချို့ညစ်ညမ်းတဲ့ မှတ်ချက်တွေကို မျက်လုံးနဲ့ မမြင်ရပေမယ့် ဖျော်ဖြေရေးနယ်ပယ်ထဲ ဒီလိုမျိုးအမြဲဖြစ်နေကြဖြစ်သဖြင့် သူသိသည်။ Netizens တွေကလည်း ဒီလိုမျိုးမြင်ရတာကိုသဘောကျကြသည်။
မကြာခင်မှာပင် ချန်းရှီလီဆီက ဖုန်းဝင်လာသည်။
"မေးခွန်းနှစ်ခုမေးမယ်၊ နင်ငါ့ကို ရိုးရိုးသားသားဖြေ၊ ပထမအချက် အဲ့သတင်းက နင် ကိုယ်တိုင်ထုတ်တာလား ? ဒုတိယ နင်နဲ့ Mr.သုန်ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ ?"
ရှန်းချူးချူး ဒုတိယမေးခွန်းကိုနားလည်သော်လည်း ပထမမေးခွန်းကို ပဟေဠိဖြစ်နေသည်။ ကိုယ့်ကိုကိုယ် အမည်းစက်လုပ်တဲ့လူရှိလို့လား ? မီဒီယာတွေရဲ့လေလှိုင်းတွေကိုမမြင်ရဘူးလား ? သူမသည် ခြေနင်းလှေပေါ် စီးနင်းနေသူတစ်ယောက်ဟုထင်ရသည်။
သို့သော် ချန်းရှီလီ၏မေးခွန်းအရ စဉ်းစားမိသည်။ ရှန်းချူးချူးသည် သူမသာ သုန်ကျီယွမ်၏သာလွန်ကောင်း မွန်သောဂုဏ်ကို အမှန်တကယ်အားကိုးလိုသူဖြစ်ပါက၊ ထိုသို့ပြုလုပ်ရန် အမှန်တကယ်ဖြစ်နိုင်သည်ဟု ရှန်းချူးချူးရုတ်တရက်တွေ့ရှိခဲ့သည်။
သုန်ကျီယွမ်သည် အလွန်ကောင်းနေသေးသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာသည်။ အဓိကအချက်မှာ အကဲ ဖြတ်မှုသည် အလွန်ကောင်းမွန်သောအချက်ပင်။ သူနှင့် ရင်းနှီးနိုင်ပါက မကြာခင်မှာ သူမ၏ကျော်ကြားမှုတစ် ဆင့်မြင့်တက်လာတော့မည်ပင်...
ခဏလောက်စဉ်းစားပြီးနောက် ရှန်းချူးချူးက "ပထမအချက် သတင်းကို ကျွန်မဘက်က မထုတ်ပြန်ခဲ့ဘူး။ ဒါ တခြားတစ်ယောက်က ရည်ရွယ်ချက်ရှိရှိလုပ်တာဖြစ်မတယ်။ ကျွန်မကို ပစ်မှတ်ထားတာလား ဒါမှမဟုတ် Mr. သုန်ကို ပစ်မှတ်ထားတာလား ကျွန်မ မသိဘူး။ ဒုတိယ၊ ကျွန်မ သခင်လေးသုန်ကိုကူညီပေးခဲ့တယ်။ အလုပ်ရှုပ်နေတော့ သူနဲ့တခြားဆက်ဆံရေးလည်း မရှိဘူး။ အြ့လောက်ပဲ"
ချန်းရှီလီ ခဏလောက်နှုတ်ဆိတ်သွားပြီးနောက် "အင်း ငါ သိပြီ"
ချန်းရှီလီ ဖုန်းမချခင် ရှန်းချူးချူးက "ဒါနဲ့ ချီယုဖေး အဖွဲ့ထဲကထွက်သွားတာက တကယ်ပဲ ငါနဲ့ ပတါသက်နေတယ်၊ သူ့ကို အစားထိုးလိုက်တဲ့သူက Mr. သုန်ပဲ"
ချန်းရှီလီ - "ဒါဆို ဒီဟာကို ချီယုဖေးလို့သံသယရှိတာလား ?"