← Chapters

အခန်း (၇၂)

Vol. 8 Ch. 72

အခန်း (၇၂)

Vol. 8 Ch. 72

၎င်းတို့နှစ်ယောက်သည် ကို့ရိုးကားယားဖြင့် ဆိုဖာပေါ်သြို လဲကျသွားပြီး ရှန်းချူးချူးသည် နာကျင်စွာအော်လိုက်သည်။

"အာ့!"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ နာကျင်နေဟန် မျက် နှာကိုမြင်သွားကာ ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်သည်

"ဘာဖြစ်လို့လဲ? ကိုယ် မင်းကို ဖိမိလို့လား"

ရှန်းချူးချူးသည် အလွန်နာကျင်နေပုံရပြီး မျက်မှောင် ကြုတ်ကာ "ဟင့်အင်း... ဟိုနေ့က ကျွန်မ သရုပ်ဆောင်တုန်းက မတော်တဆ ခါးကိုထိခိုက်မိသွားတာ"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ခါးကိုထိလိုက်ပြီး သူ့မျက်နှာသည် မည်းမှောင်လျက်- "ဘယ်သူလုပ်တာလဲ?"

ရှန်းချူးချူးသည် သူ့အား ကြည့်ကာ "တစ်ဖက်က လူတွေကများလွန်းလို့ မတော်တဆ ထိမိတာပါ၊ ကျွန်မ ရှင့်ကို အလကားနေ ဒေါသမထွက်စေချင်လို့မပြောတာ"

ဟန်ရှင်းယန်သည် နှုတ်ခမ်းကို တစ်ချက်သပ်လိုက်ပြီး ရှန်းချူးချူး၏ ခါးနှင့် ဝမ်းဗိုက်နေရာကို ငုံ့ကြည့်ပြီး ရှန်းချူးချူးကို ကြည့်ကာ - "ကိုယ်ဆရာဝန်ခေါ်လိုက်ရမလား?"

ရှန်းချူးချူး ထထိုင်ကာ ခေါင်းယမ်းလိုက်မိသည်။ "ဟင့်အင်း အဲ့လောက်ထိမလိုပါဘူး၊ ဒီနေ့သိပ်မနာပါဘူး၊ ကျွန်မ မနေ့တုန်းက Weiyaကိုလှမ်းဆွဲလိုက်လို့ နာတာ အာ့" ရှန်းချူးချူးသည် တစ်ချက်လှုပ်လိုက်သည့်အတွက် ထပ်မံနာကျင်သွားပြန်သည်။

ဟန်ရှင်းယန်သည် သူ(မ)ခန္ဓာကိုယ်ကို ထိန်းကိုင်ကာ "မလှုပ်နဲ့၊ မင်းငြိမ်ငြိမ်ထိုင်နေ၊ ကိုယ်ပေးတဲ့ ဆေးအဆီရော ဘယ်မှာလဲ"

ရှန်းချူးချူးသည် သူ(မ)အိတ်ကို လက်ညှိုးထိုးပြပြီး "အိတ်ထဲမှာ ထားထားတယ်"

ဟန်ရှင်းယန်သည် ဆေးဖက်ဝင်အဆီကိုရှာရန် သွားလိုက်ပြီး "အင်း.. ဒါက အဖွား Chenရဲ့ မွေးရပ်ဇာတိကလုပ်ထားတဲ့ လျှို့ဝှက် ဆေးအဆီလေ၊ ကိုယ့်ပါးပါး အဟမ်း... ကိုယ်အရင်က သုံးကြည့်ဖူးတာ တော်တော်လေး အဆင်ပြေတယ်"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ ချန်လှစ်ထားသော စာကြောင်းကို ထပ်မံဆက်ကာ "ရှင့်ဦးလေးဆီက အရိုက်ခံရဖူးလို့လား ?"

ဟန်ရှင်းယန်သည် နှုတ်ခမ်းများကို တစ်ချက်သပ်လိုက်ပြီး ရှန်းချူးချူး၏ မေးခွန်းကိုမဖြေပဲ "နာနေသေးလား"

ရှန်းချူးချူးသည် တမင်သက်သက်ပြောလိုက်သည်။ "နာလိုက်တာ အရမ်းနာတာပဲ၊ ကျွန်မ တစ်ကိုယ်လုံး အရမ်းနာနေလို့ ရှင်အရိုက်ခံရတဲ့အကြောင်းကို ရှင်ပြောပြပြ မပြောပြပြ နားထောင်ချင်တယ်"

ဟန်ရှင်းယန်သည် ဆေးဖက်ဝင်အဆီကို လက်ထဲ၌ ကိုင်လျက် "သိပ်ထွေထွေထူးထူးမဟုတ်ပါဘူး၊ ကိုယ် ငယ်ငယ်က တစ်စုံတစ်ယောက်နဲ့ ရန်ဖြစ်တိုင်း ပါးပါးဆီက ရိုက်နှက်ဆုံးမခံရတယ်"

ရှန်းချူးချူးသည် ဟန်ရှင်းယန်ကို အံဩတကြီးကြည့်ကာ "ရှင့်ကိုကြည့်ရတာ အဲ့လိုမျိုးဆိုးသွမ်းတဲ့ သူနဲ့လည်းမတူပါဘူး"

ဟန်ရှင်းယန်သည် "အင်း.. လူတွေက ပြောင်းလဲတက်တာပဲလေ"

ထို့နောက် သူသည် သူ(မ) ခါးကို ငုံ့ကြည့်ကာ နှုတ်ခမ်းကို တစ်ချက်သပ်လိုက်ပြီး “ကိုယ် မင်းကို ဆေးလိမ်းပေးရမလား”

ရှန်းချူးချူးသည် သူ(မ)၏ နာကျင်သော နေရာကို သတိရစွာ အထိတ်တလန့်ငြင်းလိုက်သည်။ "ဟင့်အင်း! ကျွန်..ကျွန်မ ဘာသာပဲ လိမ်းလိုက်မယ်"

သူ(မ)သည် ဝမ်ချမ့်ကိုတောင် ဆေးမလိမ်းခိုင်းခဲ့သဖြင့် ဟန်ရှင်းယန်ဆိုသည်တော့ ပြောစရာကိုမလိုချေ။ သူ(မ) ရှက်လွန်းလို့ သေသွားလိမ့်မည်။

သူ(မ)သည် ဟန်ရှင်းယန်၏လက်ထဲရှိ ဆေးဖက်ဝင်အဆီကို လှမ်းယူလိုက်သည်။

ဟန်ရှင်းယန်သည် ဆေးအဆီကို ခပ်ဝေးဝေး၌ မြှောက်ထားလိုက်ပြီး ငြင်းဆန်လိုက်သည်။ "ကိုယ်လုပ်ပေးမယ်၊ မင်းက မင်းနောက်ကျောကို ဘယ်လိုလုပ်မြင်ရမှာလဲ"

ရှန်းချူးချူးသည်လည်း ခပ်မြန်မြန် ပြန်ပြောလာသည်။ "ဟင့်အင်း ဟင့်အင်း... ဒါမှမဟုတ် ကျွန်မ လက်ထောက်ကို ခေါ်လိုက်ပါလား"

ထိုသည်ကိုကြားချိန် ဟန်ရှင်းယန်သည် ပိုမကြည်မသာဖြစ်လာသည်။ "မင်း လက်ထောက်က မိန်းကလေးလေ၊ သူက ဘယ်လိုလုပ် သေချာနှိပ်ပေးနိုင်မှာလည်း၊ ကိုယ် လုပ်မယ်"

ထို့နောက် သူသည် ရှန်းချူးချူး၏ ငြင်းဆန်ချင်သေးသည့် မျက်နှာကိုမြင်သွားပြီး "ချူးချူး မင်း ရှက်နေတာလား.. တကယ်တော့... ကိုယ်ဟိုတယ်မှာထဲက မြင်ဖူးပြီးသား"

ဟန်ရှင်းယန်သည် သူ(မ)၏ အံ့အားသင့်မှုကို အခွင့် ကောင်းယူကာ သူ(မ)၏အဝတ်အစားများကို လှန်တင်လိုက်ပြီး ဆေးဖက်ဝင်အဆီကို လက်ပေါ်သို့လောင်းချကာစတင်နှိပ်နယ်လိုက်သည်။

"အာ့! မကောင်းတဲ့ကောင်ကြီး!"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ခါးရှိ ဒဏ်ရာများကိုမြင်သောအခါ သူ့မျက်လုံးများသည် ဒေါသများရစ် သန်းလာပြီး စကားတစ်ခွန်းမှပြန်မပြောချေ။

ရှန်းချူးချူးသည် ထရန်ရုန်းကန်သော်လည်း ဟန်ရှင်းယန်၏အားသည် အလွန်များပြားလှသည်။

"အာ့.. အဲ့လိုမနှိပ်နဲ့၊ နာတယ်လို့! အား.. အာ့ ရှင် ‌အာ့လျှော့ဦး"

ဟန်ရှင်းယန်သည် သူ့လက်အောက်ရှိ နီရဲနေသည့်အသား အရေကို ကြည့်ကာ သူ(မ)၏ အော်သံနှင့်ပါ ပေါင်းစပ်လိုက်လျှင် သူ့လေသံသည်လည်းဩရှလာသည်။

"နည်းနည်းလောက်သည်းခံလိုက်၊ ခဏကောင်းသွားလိမ့်မယ်"

ရှန်းချူးချူးသည်လည်း ငြိမ်သက်စွာသာ လဲလှောင်းလိုက်ပြီး - "အာ့ နာတယ်လို့.. ရှင် အားလျှော့နှိပ်ပါဆို၊ နာတယ်၊ နာတယ်လို့ အာ... ဖြည်းဖြည်း.. ဟန်ရှင်းယန် ရှင့်ကို ဖြည်းဖြည်းလို့ ပြောနေတယ်လေ"

ဟန်ရှင်းယန်၏ မျက်လုံးများထဲတွင် ခံစားချက်များ တရိပ်ရိပ်တက်လာပြီး ဩရှသောအသံဖြင့် "အင်းပါ"

ဟန်ရှင်းယန်သည် အရှိန်တစ်ချက်မှ မလျှော့သွားချေ။ သူသည် ပါးစပ်မှ သဘောတူလိုက်သော်လည်း ၎င်း၏ လက်များသည် နှေးမည့်ဟန်မပေါ်ပေ။

ရှန်းချူးချူးသည် နာကျင်စွာအော်ဟစ်ဆဲဖြစ်သည်။

ထို့နောက် တဖြည်းဖြည်းနာကျင်မှုသည် လျှော့ပါးသွားကာ သက်တောင့်သက်သာဖြစ်လာသည်။

"အင်း ဟုတ်တယ်.. အပေါ်နည်းနည်းတက်.."

"အင်း အဲ့နေရာ အင်း..."

ရှန်းချူးချူးသည် အစပိုင်းတွင် ဟန်ရှင်းယန်အား စကား ပြောဆိုနိုင်ဆဲ ဖြစ်သော်လည်း အဆုံးတွင် သူ(မ)၏ မျက်ခွံများသည် ပိုပိုလေးလာခဲ့သည်။ ထို့နောက် တစ် ယောက်ယောက် သူ(မ)အား အိပ်ရာပေါ်သို့ ချီခေါ်ဆောင်သွားသည်ကိုခံစားလိုက်ရသည်။ သူ(မ) မျက်လုံး ဖွင့်ကြည့်ချင်သော်လည်း ဟန်ရှင်းယန် အနားတွင်ရှိနေမှန်းခံစားမိသဖြင့် အလွန် သက်တောင့်သက်သာဖြစ်နေကာ မျက်လုံးကိုပြန်မဖွင့်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။

ဟန်ရှင်းယန်သည် အိပ်ပျော်နေသော ချစ်သူကောင်မ လေးကိုကြည့်လိုက်ကာ ကူကယ်ရာမဲ့စွာ ခေါင်းကိုခါယမ်းလိုက်ပြီး သူ့ကောင်မလေး၏ နဖူးကိုနမ်းကာ သူ့အခန်းထဲသို့ ပြန်လာခဲ့သည်။

အတွင်းရေးမှုးဝမ်သည် ဘော့စ်ဖြစ်သူ ဖုန်းဆက်လာသဖြင့် သူ့ခန့်မှန်းချက်များ လွဲမှားသွားပုံရသည်။ သူသည် ဤညတွင် ဘော့စ် ဖုန်းဆက်လာမည်ကို အမှန်ပင် မမျှော်လင့်ထားချေ။ တစ်ခုခု လွဲသွားတာလား? အတွင်းမှူးဝမ်သည် ဘော့စ်အတွင် အနည်းငယ်စိတ်မကောင်းဖြစ်မိသွားသည်။ သူသည် သေတ္တာတစ်လုံးကိုပင် ဂရုတစိုက်နှင့် ဝယ်ထားခဲ့သည်။

သို့သော် သူ ဘော့စ်၏အခန်းကို ရောက်ချိန် ဆေးအဆီအနံနှင့်အတူ ဘော့စ်၏ ကို့ရိုးယားကား အဝတ်များကို မြင်ချိန် သူအံဩသင့်သွားခဲ့သည်။ ဘော့စ်သည် ထိုသို့သော အချိန်ပြီးတာတောင် သူ့ကိုဖုန်းဆက်လာသည်အထိ အရှက်မရှိမည်သု မမျှော်လင့်ထာခဲ့ချေ။ ထိုဆေးအဆီအနံသည် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘော့စ် မှာယူထားသည့် ဆေးအဆီဖြစ်ကြောင်း သိလိုက်ချိန် သူ အရာအားလုံးကို အခုမှပဲ နားလည်သွားသည်။ အချစ်က တကယ့်ကို ထူးခြားဆန်းကြယ်တာပဲ

"တဘက်ခါအထိ လုပ်ရမဲ့ အချိန်ဇယားတွေ ဖျက်သိမ်းလိုက်၊ ပြီးရင် မနက်ဖြန်ကျ ငါ့အခန်းထဲကိုလာပို့ပေး"

အတွင်းဝန်ဝမ်၏ မျက်လုံးများသည် အံ့သြစွာ ပြူးကျယ်သွားသည်။ သူသည် ဘော့စ်နောက်ကို နှစ်အတော်ကြာအောင် လိုက်ခဲ့သဖြင့် ဘော့စ်သည် ကိုယ်ရေးကိုယ် တာကိစ္စကြောင့် အလုပ်ဖြတ်သည်မှာမြင်ခဲလှသည်။ သူသည် ဘော့စ်အား ခံစားချက်မရှိသည့် စက်ရုပ်တစ်ရုပ်ဟု ထင်ခဲ့သော်လည်း ထိုစက်ရုပ်သည် အချစ်ကြောင့် အလုပ်များဖြတ်သိမ်းလိမ့်မည်ဟု မမျှော်လင့်ထားချေ။

"ဟုတ်ကဲ့ နားလည်ပါပြီ"

နောက်တစ်နေ့နံနက်တွင် ရှန်းချူးချူးနိုးလာသောအခါတွင် အနည်းငယ်ရှက်ရွံမိသွားသည်။ သူ(မ)သည် အိပ်ရာထဲသို့ ဘယ်လိုရောက်လာမှန်း မမှတ်မိချေ။ သူ(မ)ရင်း နှီးသော ဆေးအဆီ အနံ့ကိုအနံ့ခံမိသောအခါ ရုတ်တရက် နိုးလာသည်။ သူ(မ)သည် ဘေးပတ်ပတ်လည်ကို အမြန်ကြည့်လိုက်ပြီး စောင်ကိုလှန်လိုက်ကြည့်လိုက်ချိန် သူ(မ) ကိုယ်ပေါ်ရှိ အဝတ်အစားများကိုမြင်မှ စိတ်သက်သာရာရသွားသည်။ သူ(မ)ဖုန်းထဲမှ အချိန်ကိုကြည့်လိုက်ပြီး ရေချိုးခန်းထဲသို့ အမြန်ပြေး၀င်လိုက်သည်။

သူ(မ)ရေချိုးပြီးနောက် တစ်ဖန် အသက်ပြန်ရှင်လာသလို လန်းဆန်းတက်ကြွနေပြီး သူ(မ) ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုသည်လည်း ယခင်ကထက် အများကြီး လျော့ပါးသွားသည်။

ဝမ်ချမ့် ဘော့စ်အခန်းထဲ၀င်လာချိန် ဘော့စ်တစ်ယောက် တည်းသာရှိ‌နေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။

ရှန်းချူးချူးက "ဘာကြည့်နေတာလဲ.. အဟွတ်.. CEO ဟန် ဒီမှာမရှိဘူး"

ဝမ်ချမ့် ပြုံးကာ"ဟုတ်ကဲ့ သွားကြရအောင်"

ရိုက်ကွင်းမှုစချိန် ရှင်းချူးချူး၏ ခန္ဓာကိုယ်သည် တောင့်တင်းနေမှုမရှိတော့ဘဲ ပိုမိုပျော့ပျောင်းလာသဖြင့် NGအရေအတွက်လည်း အလွန်နည်းပါးလာသည်။ ဒါရိုက်တာတောင်မှ ချီးကျူးခဲ့သည်။

"မဆိုးဘူး၊ မင်းပိုပြီးကောင်းလာတယ်"

"ကျေးဇူးတင်ပါတယ် ဒါရိုက်တာ"

ရှန်းချူးချူးသည် ရိုက်စရာများပြီးသည်နှင့် ချိုက်ကျဲဖုန်းပြောနေသည်ကို မြင်ချိန် သူ(မ)အနားသို့ မသိမသာ ကပ်ထိုင်လိုက်သည်။

"ကောင်းပြီ မင်္ဂလာဆောင် ဖိတ်စာကို ရတက်နိုင်သ လောက် မြန်မြန်လုပ်ပေးပါ၊ ကျွန်မ လူတွေကိုလည်း ပေးရမှာမို့လို့... ကျေးဇူးတင်ပါတယ်... နောက်မှတွေ့ကြတာပေါ့"

ချိုက်ကျဲ ဖုန်းချပြီးနောက် သူ(မ)မျက်နှာပေါ်သည် ပျော်ရွှင်စွာ ပြုံးနေခဲ့ပြီး ရှန်းချူးချူးကိုမြင်ချိန် ပြုံးလျက် "မင်း ဒီနေ့ပိုကောင်းလာတာပဲ"

"ချိုက်ကျဲလည်း ကြည့်ရတာ စိတ်ပျော်နေတယ်နဲ့တူတယ်" ရှန်းချူးချူးက ပေါ့ပါးစွာ မေးလိုက်သည်။

ချိုက်ကျဲ ပြုံးကာခေါင်းညိတ်ပြီး "အင်း.. မင်းသိလားတော့မသိပေမဲ့၊ ငါ မကြာခင်လက်ထပ်တော့မှာလေ၊ ဘယ်လိုလုပ်ပျော်နိုင်ပါ့မလည်း နေ့တိုင်းအလုပ်ရှုပ်နေတာကို"

သူ(မ)သည် ပျော်ဖို့အချိန်မရှိဟုဆိုသော်လည်း သူ(မ) မျက်နှာပေါ်ရှိ အပြုံးသည်သစ္စာဖောက်နေသည်။

ရှန်းချူးချူးသည်လည်း အလိုက်သင့်ပြောလိုက်သည်။ "အင်း ဝမ်ကောကြည့်ရတာ တစ်သီးတစ်သန့်နေတက်တဲ့ပုံပဲ"

ချိုက်ကျဲသည် ပြုံးကာ "ဟုတ်တယ် သူက ထောက်ထားညှာတာ တက်သေးတယ်၊ မင်းလည်း လုပ်စရာရှိတာလုပ်ပါ ကျဲ မနှောင့်ယှက်တော့ဘူး"

ရှန်းချူးချူးသည် မေးခွန်းအချို့ကို မေးချင်သော်လည်း ချိုက်ကျဲ၏ ထပ်မံမပြောလိုသော ပုံကိုမြင်ကာ ခေါင်းသာညိတ်လိုက်ပြီး တိတ်တဆိတ်သာထိုင်နေလိုက်သည်။

ခဏအကြာတွင် သူ(မ)သည် မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိခဲ့သည်။

ဟန်ရှင်းယန်: ချူးချူး... ညစာစားဖို့ ဟိုတယ်ကို ပြန်လာနော်၊ ကိုယ် မင်းစားချင်တာ စားလို့ရအောင် သီးသန့်မီးဖိုချောင် ဘိုကင်တင်ထားတယ်

ရှန်းချူးချူးသည် ဝမ်းသာအားရတုံ့ပြန်ခဲ့သည်- အင်း

သူ(မ) ပြန်ရောက်သောအခါ ဟန်ရှင်းယန်သည် ကွန်ပျူ တာဖြင့် စာရိုက်လိုက် ဖုန်းပြောလိုက်လုပ်နေသည်ကို တိတ်တဆိတ်ကြည့်လျက် "အလုပ်များနေလို့လား ? ရှင်အလုပ်များရင် ကျွန်မနဲ့ အဖော်မပြုပေးလည်း ကိစ္စမရှိဘူးနော်"

"ဟင့်အင်း ကိစ္စသေးသေးလေးတွေပါ"

ဟန်ရှင်းယန်သည် သူ့ကောင်မလေး၏ အားနာနေဟန် မျက်လုံးများကို မြင်လိုက်ရချိန် "မင်းက ကိုယ့်အတွက် အရေးကြီးဆုံးလေ"

ရှန်းချူးချူးသည် သူ့စကားကြောင့် ရှက်ရွံ့စိတ်များဖုံးလွှမ်းသွားသည်။

ဟန်ရှင်းယန်သည် စားသောက်ပြီးနောက် "ဒီနေ့ ဘယ်လိုနေသေးလဲ၊ ခါးနာနေတုန်းပဲလား"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ ပခုံးတွင်မှီလျက် "ရပါတယ်၊ အရင်ကထက်တော့ အများကြီး ပိုကောင်းလာပြီ၊ ကျေးဇူးတင်ပါတယ် ဟန်"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ဆံပင်များကို ပွတ်သပ်လျက် "ဒီ‌နည်းက ထိရောက်တဲ့ပုံပဲ၊ ကိုယ်မင်းကို နောက်တစ်ခါ ထပ်နှိပ်ပေးမယ်။"

ရှန်းချူးချူးသည် မနေ့ညက နာကျင်မှုကို ပြန်တွေးမိပြီး "ဟင့်အင်း ကျွန်မနာတော့ဘူး"

ဟန်ရှင်းယန်သည် မျက်မှောင်ကြုတ်လျက် "ကိုယ်သိသလောက်ဆို ဒါက သုံးရက်ဆက်တိုင်လောက် ထပ်နှိပ်ပေးဖို့လိုတယ်"

"သုံး... သုံးရက်တောင်! ဟင့်အင်း ကျွန်မတစ်ရက်တည်းနဲ့တင်..."

"နောက်ကျရင် ဒီလိုမျိုး ဇာတ်၀င်ခန်းတွေရှိသေးတယ်မလား

"ဒါက...အမ်းး"

ရှန်းချူးချူးသည် အဆုံးတွင် အလျှော့ပေးလိုက်ရသည်။

သို့သော် မနေ့တုန်းကနှိပ်ထားပြီးသည်ဖြစ်သဖြင့် ယနေ့သည် စစချင်းတွင် သိပ်မနာကျင်ချေ။

"ရှင် အားလျှော့နှိပ်လို့မရဘူးလား၊ ဒီလောက်ဆို အဆင် ပြေပြီ... အာ့!"

ဟန်ရှင်းယန်သည် ရုတ်တရက် အားထည့်နှိပ်လိုက်သဖြင့် ရှန်းချူးချူးလည်း အော်လိုက်မိသည်။ ထို့နောက် သူ(မ) သည် ဟန်ရှင်းယန်ကို ပြန်လှည့်ကြည့်လိုက်သည်။

ဟန်ရှင်းယန်သည် ချောင်းတစ်ချက်ဟန့်ပြီး "မအော်နဲ့"

ရှန်းချူးချူးသည် ဘာလို့လဲ မေးတော့မည့်အချိန် ဟန်ရှင်းယန်၏တဖြည်းဖြည်း နီရဲလာသော နားရွက်များကို ကြည့်ရင်း သူ(မ)အော်ဟစ်ခဲ့သည်များကို သတိရလာကာ သူ(မ) မျက်နှာသည်လည်း တဖြည်းဖြည်းနီရဲလာသည်။

တခဏတိတ်ဆိတ်သွားပြီးနောက် ရှန်းချူးချူး စကားလမ်းကြောင်းလွှဲလိုက်သည်။

"ရှင် ဘယ်လိုလုပ် ဒီလောက်‌ ကျွမ်းကျွမ်းကျင်ကျင် နှိပ်တက်နေတာလဲ ? အရင်က လူတစ်ယောက်ကို နှိပ်ပေးဖူးလို့လား"

ဟန်ရှင်းယန် ကိုယ်တိုင်နှိပ်ပေးဖို့လား? နှိပ်ပေးတာကိုမပြောနဲ့ဦး သူ့လက်နဲ့ ထိဖူးတဲ့လူတောင် အရမ်းနည်းတာကို..

"ဟင့်အင်း မင်းက ပထမဆုံးပဲ"

"တကယ် ?"

ရှန်းချူးချူးသည် မယုံနိုင်စွာပြန်မေးလိုက်သည်။

"အင်း၊ မင်းကိုတွေ့တာနဲ့ တစ်ချို့အရာတွေက မသင်ပေးပဲနဲ့ကို တက်နေတာ"

ဟန်ရှင်းယန်သည် သူ့လက်ကို ပြန်ဆုတ်ကာ ရှန်းချူးချူး၏ ခန္ဓာကိုယ်ကို တစ်ဖက်သို့ ဆွဲလှည့်လိုက်ပြီး သူ့ခေါင်းကိုငုံ့မှာဆင်းလို့သွားသည်။

သူ့ကောင်မလေး၏ခါးသည် အလွန်ဆွဲဆောင်မှုရှိသည်။ သူ နှစ်ညဆက်တိုက် သည်းခံကြည့်သော်လည်း မည်သို့မှသည်းမခံနိုင်ချေ။ သူသည် သာမာန်လူတစ်ယောက်သာဖြစ်ပြီး သူတော်စင်တစ်ပါးမဟုတ်ပေ။

All Chapters