← Chapters

အခန်း (၇၃)

Vol. 8 Ch. 73

အခန်း (၇၃)

Vol. 8 Ch. 73

ရှန်းချူးချူး ရုတ်တရက် သူ(မ)အပေါ်အလွန်အမင်း လွှမ်းမိုးလာလိမ့်မည်ဟုမမျှော်လင့်ခဲ့ပေ။ သူ(မ)ကို နှိပ်နယ်ပေးနေသူသည် မျက်စိတစ်မှိတ်အတွင်း သူ့နား ကပ်လာခဲ့သည်။

တစ်ဖက်လူ၏အနမ်းသည် လေပြေသကဲ့သို့လန်းဆန်းသွားစေပြီး လေးလံသလိုလည်းခံစားလိုက်ရသည်။ သူ(မ)သည် ထိုအထိအတွေ့ကိုတဖြည်းဖြည်း ပိုလိုချင်လာပြီး တစ်ဖက်လူ၏လည်ပင်းကို ဆွဲခိုလိုက်သည်။ အနမ်းမှတစ်ဆင့် လျှာချင်းထိတွေ့သွားသည့်အခိုက်အတန့်တွင် နှစ်ဦးစလုံးတုန်လှုပ်သွားကြသည်။ ဤအံ့ဩဖွယ် ခံစားချက်သည် လျှာဖျားမှတဆင့် နှလုံးသားသို့ရောက်ရှိလာပြီး နှလုံးသားမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ရှန်းချူးချူး သူ(မ)၏လက်ကို မည်သို့ထားရမှန်းမသိပေ။ သူ(မ)သည် ဟန်ရှင်းယန်၏လည်ပင်းမှဆင်းပြီး သူ၏အင်္ကျီကိုဖြည်လိုက်ကာ ဟန်ရှင်းယန်၏အင်္ကျီကိုလည်း ဖြည်ရန်စိတ်အားထက်သန်နေသည်။ အချိန်အ တော်ကြာအောင် အင်္ကျီကိုမဖြည်နိုင်သဖြင့် ဒေါသအ နည်းငယ်ထွက်ကာ အသက်ရှူသံပြင်းပြင်းဖြင့် ညည်းညူလိုက်သည်။

"ရှင့်ကို လည်စည်းစည်းပေးတဲ့သူက အရမ်းနားလည်ရခက်တာပဲ။"

ရှန်းချူးချူး၏စည်းမထားဘဲ ယခုကဲ့သို့ပြောဆိုခြင်းသည် ဟန်ရှင်းယန်၏အပြုအမူများကိုရပ်တန့်သွားစေသည်။ ဟန်ရှင်းယန် ပြုံးလျက်

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုယ့် အပြစ်ပါ။ လာ၊ ကိုယ် သင်ပေးမယ်"

ဟန်ရှင်းယန်သည် ရှန်းချူးချူးလက်ကိုဆွဲပြီး သူ့လည် စည်းကို ဖြည်းဖြည်းချင်းဖြည်ဖို့သင်ပေးလာသဖြင့် ရှန်းချူးချူး၏စိတ်အားထက်သန်မှု ပျောက်ဆုံးနေသော သူ(မ)၏မျက်နှာသည်နီမြန်းလာခဲ့သည်။ နှုတ်ခမ်းဖြင့် ရှန်းချူးချူး၏နှုတ်ခမ်းတွေကို နောက်တစ်ကြိမ် နမ်းရှိုက်လိုက်ကာ ဟန်ရှင်းယန်သည် သူ၏လက်ဖြင့် ရှန်းချူးချူး၏ဆံပင်မှ ခါးဆီသို့လျှောကျသွားကာ လက်ကို အင်္ကျီအောက်ပိုင်းအထိ ဆန့်ထုတ်လိုက်သည်။ သူသည် အရင်ကတည်းက ယခုကဲ့သို့ သူမနှင့်အတူနေချင်နေပြီး ခင်နေ့ညကလည်း တစ်ညလုံးသည်းခံခဲ့ပြီးဖြစ်သည်။ ချောမွေ့သောကျောပြင်ကိုပွတ်သပ်ပြီး ရှေ့သို့ပြန်ရောက်လာခဲ့သည်။

ကျောင်းဝတ်စုံအသစ်ဝယ်ခဲ့စဉ် သူ့မား သူ့ကို မကြာခဏပြောခဲ့သောစကားများကို နားလည်သွားရသည်။

"မိန်းကလေးတွေရဲ့ခန္ဓာကိုယ်က ဘယ်လောက်နူးညံ့လိုက်သလဲ ? မင်းက ဘာလို့ ကသိကအောက်ဖြစ်နေရတာလဲ။"

‘မိန်းကလေးရဲ့ခန္ဓာကိုယ်က တကယ်ကိုနူးညံ့တယ်။’

ရှန်းချူးချူးသည် သူ(မ)စိတ်ရှုပ်ထွေးလာသည်ဟု ခံစားလိုက်ရသည်။ ဟန်ရှင်းယန်၏လက်သည် မီးကဲ့သို့ပူနေပြီး သူ(မ)၏ခန္ဓာကိုယ်တစ်ခုလုံး ပွက်ပွက်ဆူသလိုဖြစ်နေခဲ့သည်။ သို့သော် သူ(မ)သည် ရုတ်တရက်စဉ်းစားမိပြီးပြန်ငြိမ်သက်သွားသည်။

"ဒီနေ့ ဘာနေ့လဲ ?"

ဟန်ရှင်းယန် မျက်မှောင်ကြုတ်ကာ "ဟင်"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ခေါင်းပေါ်ရှိ ပန်းနု ရောင်နှလုံးသားကိုအမြန်ကြည့်လိုက်သည်။ ထို့နောက် သူ အချိန်အတော်ကြာအောင် တွန့်ဆုတ်နေပြီး

"မဟုတ်ဘူး၊ ဒီနေ့…..ဒီနေ့မဟုတ်ဘူး"

"ဘာလို့လဲ ?" ဟု ဟန်ရှင်းယန် စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်။

‘ဘာကြောင့်လဲ ?’ System မှာရေးထားသည့် ပထမညဆိုသည်မှာ ဒီနေ့မဟုတ်ပေ။ သို့သော် ဤစကားမျိုးကို ရှင်းပြလို့မရချေ။ System သည် အမြဲတမ်းတိကျသည်ဟု သူ(မ) ယုံကြည်နေဆဲဖြစ်သည်။

"ကျွန်မ ဘာမှမပြောနိုင်ဘူး၊ အဆင်မပြေဘူး၊ ပြန်ပါတော့။"

ဟန်ရှင်းယန်၏ မျက်နှာမည်းနက်သွားပြီး သူ့ခန္ဓာကိုယ်သည်လည်း အုပ်မိုးလာခဲ့သည်။ သူသည် အသံတိုးတိုး လေးဖြင့် "မင်း ကိုယ့်ကို ဒီအတိုင်းပြန်လွှတ်တော့မလို့လား၊ ဟမ် ?"

(T/N: အမလေး အထိမခံနိုင်ပေလို့ပဲ မားဟန်ရေ မားသားကိုလာကြည့်ပါဦး တော်တော်ဆိုးနေပြီ)

ရှန်းချူးချူးသည် သူ(မ)ကို ဖိထားသည်ဟု ခံစားလိုက်ရပြီး သူ(မ)မျက်နှာသည်ပိုနီမြန်းလာရသည်။ သူ(မ) ကလေးမဟုတ်သဖြင့် ဘာလဲဆိုတာသည်ကို သိလိုက်သည်။

"အင်း....အဲဒါ..."

ရှန်းချူးချူးသည် တစ်ခုခုပြောဖို့ မစောင့်နိုင်သေးခင်တွင် ရုတ်တရက် တစ်ခုခုထွက်လာသည်ကိုခံစားလိုက်ရသည်။ ရုတ်တရက် သူမ၏မျက်လုံးများပြူးသွားပြီး 'သေချာတာပေါ့၊ System က မလှည့်စားနိုင်ပါဘူး။'

“ကျွန်မ အန်တီလာနေပြီ။”

ဒီတစ်ခါ ဟန်ရှင်းယန် မျက်နှာပိုမည်းနက်သွားပြီး- “ချူးချူး၊ မင်း ကိုယ့်ကို တမင်ငြင်းနေတာမလား ? မင်း အန်တီ ဘယ်အချိန်ကရောက်လာလို့လဲ ?”

ရှန်းချူးချူး ရိုးသားစွာပြောလိုက်သည်- "အခု‌လေးတင် ရောက်လာတာပဲ၊ အဲ့ဒါ ရှင် လက်မထပ်မချင်းလုပ်လို့မရဘူး"

ဟန်ရှင်းယန်၏မျက်နှာသည် ငြိမ်သက်သွားပြီး ရှန်းချူးချူး၏ပုံစံကိုကြည့်လိုက်သည်။ သူ သူ(မ)ကိုနမ်းလိုက်ပြီး သူမ၏နှုတ်ခမ်းကိုကိုက်လိုက်သည်။ ထို့နောက် သူမကိုလွှတ်ပေးလိုက်သည်။

ရှန်းချူးချူးသည် သူ(မ)အန်တီအတွက် Pad နှင့် လျှော်ရမည့်အဝတ်အစားများကိုယူကာ အမြန်ဆုံးရေချိုးခန်းထဲ အမြန်ပြေးဝင်သွားခဲ့သည်။ သူမ ပြန်ထွက်လာသည်ထိတိုင်အောင် ဟန်ရှင်းယန် ထိုနေရာတွင်ထိုင်နေခဲ့သည်။ သူ ဖုန်းကိုငုံ့ကြည့်ပြီး မည်သည်ကိုရှာနေမှန်းမသိပေ။

"ရှင်၊ ရှင် မပြန်သေးဘူးလား ?" ဟု ရှန်းချူးချူးအပြစ်ရှိသလိုပြောလိုက်သည်။ ဟန်ရှင်းယန် ‘ဒီကိစ္စ သူ(မ)ကို အပြစ်မတင်ပေ၊ သူ(မ)အနေဖြင့် ခရီးဆက်ချင်သော် လည်း သူ(မ)ခန္ဓာကိုယ်က ခွင့်မပြုပေ။

ကောင်မလေး အနားကပ်လို့မရသည်ကိုကြည့်ပြီး ဟန်ရှင်းယန် သက်ပြင်းချကာတိုးတိုးလေးပြောလိုက်သည်။

"ဒီကို လာ"

ရှန်းချူးချူး ခပ်သွက်သွက်လျှောက်လာပြီး သူ့ဘေးဝင်ထိုင်လိုက်သည်။

ဟန်ရှင်းယန် ဖုန်းကိုချလိုက်ပြီး သူ(မ)လက်ကလေးကိုကိုင်လိုက်သည်။ သူ(မ)၏ဗိုက်ကိုကြည့်ကာ

“နာနေသေးလား ? အတွင်းရေးမှူးဝမ်ကို သကြားညို ဝယ်ခိုင်းထားတယ်၊ အဲ့တာက နာတာကျင်တာအတွက် သက်သာတယ်လို့ကြားတယ်”

ရှန်းချူးချူး မျက်တောင်လေးပုတ်ခက်ပုတ်ခတ်လုပ်လိုက်သည်။ အမှန်မှာ သူ(မ) အန်တီလာလျှင် သိပ်မနာကျင်ကြောင်း ပြောချင်စိတ်ပြင်းပြနေသည်။ ပထမရက်တွင် အနည်းငယ်နာကျင်ခဲ့ပြီး နောက်ပိုင်းမှာဘာမှမခံစားရတော့ပေ။ ဟန်ရှင်းယန်၏ စိုးရိမ်မှုကိုကြည့်ပြီး နာကျင်မှုမခံစားရသည့်တိုင်အောင် နာကျင်နေသည်ဟု ပြောသင့်ကြောင်းခံစားလိုက်ရသည်။

"နာတယ်"

"အင်း၊ မင်း ကိုယ့်ကို ဒီမှာအိပ်ခိုင်းလိုက်ရင် မနာတော့ဘူး"

"အာ ? ရှင် မပြန်တော့ဘူးလား ?" ဟုပြောရင်း ရှန်းချူးချူးသည် သူ့ရှေ့က လူကိုမော့ကြည့်လိုက်သည်။

ဟန်ရှင်းယန်သည် သူ့ချစ်သူ၏အူကြောင်ကြောင်ပုံစံကိုကြည့်ပြီး သူမ ဆံပင်ကိုပွတ်သပ်ကာ

"မင်းဘယ်လိုမှ စိတ်သက်သာရာရမှာလဲ၊ စိတ်မပူနဲ့၊ ခဏလောက် လှဲအိပ်လိုက်၊ အတွင်းရေးမှူးဝမ် လာရင် မင်းနိုးလိုက်မယ်"

"…ကျွန်မ အဆင်ပြေပါတယ်၊ အိမ်ပြန်ပြီး လုပ်စရာရှိတာသာလုပ်ပါ"

"ဟော ! ဒါ ခက်မှန်းသိပါတယ်။ အွန်လိုင်းမှာပြောကြသလို ကလေးမွေးသလိုနာမှန်း ကိုယ် သိပါတယ်၊ အောင့်ထားစရာမလိုဘူး ကိုယ် ဒီမှာရှိနေပေးမယ်"

ရှန်းချူးချူး ကလေးမမွေးဖူးသော်လည်း ကလေးမွေးရသည်မှာ နာကျင်ကြောင်းမသိပေ။ သို့သော် ဒီလိုနာကျင်မှုသည် ကလေးမွေးရသည်လောက် မနာကျင်ကြောင်း သူမ သိသည်။ သို့သော် ဟန်ရှင်းယန်သည် ငြင်းဆန်မှုအားမလိုလားသည်ကိုကြည့်ကာ ရေချိုးခန်းထဲ သွားဆေးကြောလိုက်ပြီး အိပ်ရာထဲ "နေမကောင်းတဲ့လူ" အဖြစ်လှဲနေလိုက်ရတော့သည်။

ခဏအကြာ အတွင်းရေးမှူးဝမ်သည် သကြားညိုဝယ်လာသည်။ ဘော့စ်ဖြစ်သူကို သနားစရာပုံစံနဲ့ တစ်ချက်ကြည့်ပြီးထွက်သွားသည်။ ရှန်းချူးချူး သကြားညိုရည်သောက်ပြီးလှဲနေလိုက်သည်။ ခဏအကြာတွင် ရေချိုးပြီးသော ဟန်ရှင်းယန်လည်းလာလှဲနေသည်။

ဟန်ရှင်းယန်က သူ့လက်ကိုပွတ်သပ်ပြီး "ကိုယ့် လက်က နည်းနည်းအေးနေတယ်၊ ခဏစောင့်"

ရှန်းချူးချူးသည်ဘာကြောင့်မှန်းမသိ မနာကျင်သည့်ဗိုက်သည် အရမ်းနာကျင်လာသည်။ ‘ဒါမှမဟုတ် တစ် ယောက်ယောက်က ဂရုစိုက်ပေးလို့ သူ့ မသိစိတ်ကနေ များ နားတယ်လို့ခံစားနေရတာလား ?’

"အင်း"

ဟန်ရှင်းယန်၏လက်ကို ရှန်းချူးချူး၏ဗိုက်ပေါ်တင်လိုက်သည့်အခါ ရှန်းချူးချူး၏ခန္ဓာကိုယ်သည် တစ်မျိူးတမည်ခံစားလိုက်ရသည်။ လက်ဖဝါးဖြင့် ဆက် တိုက်ပွတ်သပ်နေသည်ကို ရှန်းချူးချူးသည် သိုင်းဝတ္ထု များထဲကအတိုင်း တစ်ယောက်ယောက်သည် သူ(မ)အား အတွင်းအားတွေ ဆက်တိုက်‌ပေးပို့နေသည့်အလား ခံစားလိုက်ရသည်။

ရှန်းချူးချူး သက်ပြင်းချလိုက်သည်- "ဟူး..."

"ဘယ်လိုနေလဲ ? နာနေသေးလား ?"

ဟန်ရှင်းယန်၏ညင်သာသည့်အသံသည် နားထဲပဲ့တင် ထပ်ကာထွက်ပေါ်လာသည်။

ရှန်းချူးချူး ခေါင်းခါပြီး "မနာတော့ဘူး၊ မနာတော့ဘူး၊ မပင်ပန်းဘူးလား၊ ခဏနားပါဦး"

ဟန်ရှင်းယန် ပြုံးပြီး "အင်း၊ စကားမပြောနဲ့တော့၊ အိပ်တော့"

ပါးစပ်က အင်းဟုပြောခဲ့ပေမယ့် လက်က ဆက်တိုက်ပွတ်သပ်နေသည်ကို မရပ်တန့်ခဲ့ပေ။

ရှန်းချူးချူး မကြာခင် သက်တောင့်သက်သာဖြင့်အိပ် ပျော်သွားသည်။ မအိပ်ပျော်ခင် ချိုက်ကျဲ၏ကိစ္စကို ရုတ်တရက် သတိရသွားသည်။

ယခုတစ်ခါသည် အရင်တစ်ခေါက်နှင့်မတူပေ။ ဇာတ် လမ်း၏ ဇာတ်ကောင်နှစ်ယောက်သည် ဘယ်သူတွေဆိုတာ သူမ သေချာမသိပေ။ ပုံမှန်လမ်းညွှန်အတိုင်း ကယ် တင်ခဲ့သည့် ဇနီးသည်နှင့် သုန်ကျီယွမ့်အ‌မေကိုကယ်တင်‌ ပေးခဲ့သည်။ ထိုလူအားလုံးသည် အသက်ကယ်တင်ပေးထိုက်သည့်သူတွေဖြစ်သည်။ သူ လက်ထပ်ခွင့်တောင်းတဲ့အကြောင်းကိုလည်း တိုက်ရိုက်ပြောနိုင်သည်။ လူတိုင်းမှာ ဆက်သွယ်မှုတွေေရှိတာကြောင့် Customer တွေ ဘာတွေးနေလဲဆိုသည်ကို သူ(မ)သိသည်။

ဒါပေမယ့် မစ္စချိုက်ကမတူပေ။ သူတို့ကြားက ခံစားချက်တွေက ရင်းနှီးကြသလို မရင်းနှီးမှုတို့လည်းရှိနေသည်။ သူ(မ)ထင်သလို မဖြစ်နိုင်တဲ့ဖြစ်ရပ်တွေမှာ နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် အိမ်ထောင်ရေးအခြေ အနေကိုသိကြရဲ့လား ?

သူ(မ)အိပ်ပျော်တော့မည့်အချိန်တွင် ရှန်းချူးချူး ဤကိစ္စသည် အသက်အန္တရာယ်ကို မခြိမ်းခြောက်နိုင်ဟုတွေးလိုက်ပြီး သူ(မ) ဘာမှမလုပ်ရန်တွေးလိုက်သည်။

သို့သော် ရှန်းချူးချူး ညဘက်မှာ ယခုလိုတွေးပေမယ့် နောက်တစ်နေ့တွင် ချိုက်ကျဲနှင့် လက်ထောက်ဒါရိုက် တာတစ်ယောက်၏စကားပြောသံကိုကြားလိုက်ရတဲ့အခါ သူ စိတ်ပြောင်းသွားသည်။

နောက်တစ်နေ့မနက် အိပ်ရာထသည့်အခါ ဟန်ရှင်းယန်သည် ဘေးမှာမရှိတော့ချေ။ ရှန်းချူးချူး ထထိုင်လိုက်ပြီး ဟန်ရှင်းယန်သည် တံခါးကိုတွန်းဖွင့်ကာ "ဗိုက် အောင့်နေသေးလား ? ဒါရိုက်တာဆီမှာ ခွင့်ယူဖို့လိုသေးလား ?"

ရှန်းချူးချူး ခေါင်းခါပြီး "မနာတော့ဘူး၊ မနေ့ညက ရှင့်ကို ကျေးဇူးတင်ရမယ်"

"ကျေးဇူးတင်စရာမလိုပါဘူး၊ သွား…ဆေးကြောပြီးတော့ မနက်စာလာစား"

ဝမ်ချမ့်သည် ရှန်းချူးချူးဆီလာသည့်အခါ FA ညှင်းပန်းနှိပ်စက်မှုမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရသည်။ တစ်ညလုံးမတွေ့ရသည့် Boss ၏ခံစားချက်နှင့် CEO ဟန် တို့ ၏ခံစားချက်တို့သည် မီးစာထဲထင်းတစ်ချောင်းထပ်တိုးသွားလိုမျိုး‌တွေ့လိုက်ရသည်။

'မင်း စားတဲ့အခါ ငါ့ကိုကြည့်မယ်၊ ငါစားတဲ့အခါ မင်းကိုကြည့်မယ်၊ ရယ်မောကြမယ် ဒါ ချိုမြိန်ခြင်းပဲ။'

(T/N: မြင်ကွင်းကိုတွေးမိပြီး လက်ထောက်လေးကို သနားသွားတယ်)

ရှန်းချူးချူးထွက်သွားပြီးနောက် ဟန်ရှင်းယန်သည် အခန်းလွတ်ကိုကြည့်ပြီး ကမ္ဘာတစ်ခုလျော့သွားသလို ခံစားလိုက်ရသည်။ တကယ်တော့ သူ ရှန်းချူးချူးနောက် စတူဒီယိုအထိလိုက်သွားချင်သော်လည်း ရှန်းချူးချူးသည် အနုပညာရှင်တစ်ယောက်ဖြစ်ကြောင်းကို သူသိသည်။ သူတို့ကြားရှိခံစားချက်များသည် အခုအချိန်တွင် လူသိရှင်ကြားကြေညာဖို့မသင့်တော်ခြင်းကြောင့် သူသည် ဤအကြောင်းကိုမပြောခဲ့ချေ။

သို့သော် သူ့စိတ်ထဲ အနည်းနဲ့အများတော့ပျောက်ဆုံးသွားသလိုခံစားလိုက်ရသည်။

အတွင်းရေးမှူးဝမ်ရောက်လာသောအခါ ဟန်ရှင်းယန်က "ဒီရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံမှုတွေ နေရာတကျ ရှိ၊ မရှိ သွားကြည့်လိုက်ဦး" ဟု ပြောလိုက်သည်။

အတွင်းရေးမှူးဝမ် ဘော့စ်ကိုကြည့်ကာ သူ့အမူအရာကို ကြည့်လိုက်ပြီး သူ စိတ်ပါလက်ပါခေါင်းညိတ်လိုက်သည်။ နေရာတကျရှိရင်တောင် ဘယ်သူက ရင်းနှီးမြှုပ် နှံမှုတွေကို လက်ထဲမရောက်အောင်တွန်းမှာလဲ ? ဘောစ့် ချစ်သူတစ်ယောက်ရဖို့ တကယ်ခက်တာပဲ !!

ယနေ့တွင် ရှန်းချူးချူးသည် ရုပ်ပိုင်းဆိုင်ရာအကြောင်း ပြချက်များကြောင့် ရေချိုးခန်းသွားသည့် အကြိမ်အရေ အတွက်များနေခဲ့သည်။ ရေချိုးခန်းသည် ကောလဟာလအများအပြားထွက်နေသည့်နေရာဖြစ်ပြီး စိတ်ဝင်စားစရာကောလဟာလတွေ အများကြီးကိုနားထောင်ခွင့်ရခဲ့သည်။ ယခုပြောနေကြသည်မှာ လူအများ၏ကောလဟာလများဖြစ်သည်။

"လက်ထပ်ပွဲက ဘယ်တော့လဲ၊ မင်္ဂလာအရက်သောက်ဖို့လာခဲ့မယ်မယ်"

ရှန်းချူးချူးသည် ဒီအသံသည် လက်ထောက်ဒါရိုက်တာတစ်ယောက်၏အသံဖြစ်ကြောင်းသိလိုက်သည်။

"အင်း နောက်လကုန်လေ၊ လာခဲ့နော်" ဒါ ချိုက်ကျဲအသံပဲ။

"အင်း၊ ဘာပဲဖြစ်ဖြစ် နင့်အတွက်လည်းမလွယ်ပါဘူး။ သူ နင့်အပေါ်တော့ ကောင်းကောင်းဆက်ဆံပါတယ်။"

"ဒါနဲ့ သူ သူ့ဇနီးနဲ့ကွာရှင်းဖို့ လုပ်နေတုန်းလို့ နင်ပြောတယ်လေ၊ အဲ့ဒါဘယ်လိုဖြစ်သွားပြီလဲ အခုရှင်းရှင်း လင်းလင်းဖြစ်သွားပြီလား ?"

"ပြီးသွားပြီ၊ အရင်လကလေ"

"ဟုတ်သားပဲ၊ နင်တို့ လက်ထပ်ကြတော့မယ့်ဟာကို ငါ မေးတာလဲ ကြည့်"

တဖြည်းဖြည်းအသံသည် နည်းနည်းဝေးသွားသည်။

"...လက်ထပ်ထားတဲ့ လူနှစ်ယောက်..."

"...ကွာရှင်းထားတဲ့ အမျိုးသမီးတစ်ယောက်ကို တခြားသူတွေ ဘာပြောပြော ဂရုမစိုက်နဲ့၊ သူ နင့်အပေါ်ကောင်း ကောင်းဆက်ဆံရင်ပြီးတာပဲ"

"...တစ်ဖက်လူက ကလေးမရှိရင် ဒုတိယအိမ်ထောင်လည်း အတူတူပါပဲ..."

အချိန်အတော်ကြာပြီးနောက် ရှန်းချူးချူးသည် အိမ်သာတံခါးကိုဖွင့်လိုက်သည်။

All Chapters