← Chapters

အခန်း (၇၅)

Vol. 8 Ch. 75

အခန်း (၇၅)

Vol. 8 Ch. 75

ရှန်းချူးချူး ချိုက်ကျဲကိုပြန်တွေ့သောအခါ တစ်လခွဲခန့်ကြာပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် ချိုက်ကျဲသည် ရှန်းချူးချူးကိုမြင်သောအခါ၊ လျစ်လျူရှုခြင်း သို့မဟုတ် ငြင်းဆိုခြင်းမျိုးသည် မိုင်ထောင်ချီဝေးကွာသောအမူ အရာမဟုတ်တော့ပေ။ အလွန်စိတ်အားထက်သန်နေကာ

"ချူးချူး ကျေးဇူးတင်ပါတယ်"

ရှန်းချူးချူးကိုတွေ့တွေ့ခြင်း ချိုက်ကျဲပြောလာသည့်ပထမဆုံးစကားက ထိုသို့ပင်။

ရှန်းချူးချူးသည် သူ့မျက်နှာထက် သံသယမျက်နှာ ထားဖြင့် ဘေးတွင်ရပ်နေသော ချန်းရှန့်ကန်းကိုတစ်ချက်ကြည့်လိုက်သည်။ သူက ချိုက်ကျဲကို "ရပါတယ်၊ ကူညီပေးနိုင်လိုက်တာတော်သေးတာပေါ့"

"မင်းတို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ"

ချန်းရှန့်ကန်းက မနေနိုင်ဘဲမေးလိုက်သည်။ မစ်ချိုက်သည် ရှန်းချူးချူးအားရန်လိုမှု တစ်စုံတစ်ရာမရှိမိ အထူးသဖြင့် နောက်ကွယ်သို့ရောက်သောအခါတွင် မျက်နှာ‌ထားပြောင်းလဲသွားသည်ကို သတိရမိသည်။ မတွေ့ရတာခဏပဲသာရှိသေးသော်လည်း လူနှစ်ယောက်ကြားနားလည်မှုရှိနေပုံရသည်။

မစ်ချိုက်က ဘာမှမပြောပေမယ့် သူ့မျက်နှာထက်အား ကိုးရာမဲ့ အပြုံးတစ်ခုရှိနေသည်။

ရှန်းချူးချူးသည် မစ်ချိုက်၏အသွင်အပြင်ကိုမြင်ပြီး ချန်းရှန့်ကန်းအား "ငါ ချိုက်ကျဲကို အရင်ကနည်းနည်းကူညီခဲ့တာ"

ချန်းရှန့်ကန်း၏ရှုပ်ယှက်ခတ်နေသော မျက်လုံးများသည် ရှန်းချူးချူးနှင့် ချိုက်ကျဲတို့ကို ကြိမ်ဖန်များစွာကြည့်ပြီး ဘာမှမပြောဘဲနေလိုက်သည်။ ထိုအချိန်မှာပင် ရုပ်ရှင်ရိုက်ဖို့ဝန်ထမ်းများမှ သတိပေးလာသဖြင့် ဝန်ထမ်းနောက်အမြန်လိုက်သွားခဲ့သည်။

"နင့် သတိပေးထားလို့ပေါ့၊ မဟုတ်ရင် ငါ လူနှစ်ယောက်စလုံးကိုဆုံးရှုံးရလိမ့်မယ်။ လောကကြီးမှာ ဒီလိုရွံရှာစရာကောင်းတဲ့လူတစ်ယောက်ရှိတယ်ဆိုတာ ငါ ပထမဆုံးအကြိမ်သိလိုက်ရခြင်းပဲ။"

ချိုက်ကျဲသည် အနီးနားဘယ်သူမှမတွေ့သဖြင့်တိုးတိုးလေးပြောလာသည်။

ရှန်းချူးချူး ပြောခဲ့သောစကားများကို သူမ မယုံခဲ့‌ပေ။ ရှန်းချူးချူးကြောင့် ဝမ်ကောအား အနည်းငယ်သံသယရှိသော်သဖြင့် သူမ စုံစမ်းကြည့်လိုက်သည်။ သူမကို တကယ်ဖမ်းစားစေခဲ့တာက သူ့ သူငယ်ချင်း၏စကားပင်။

ဝမ်ကောကို ငွေ 200,000 ပေးသောအခါတွင် သူ့ သူငယ်ချင်းက သူမအားမေးခွန်းထုတ်လာသည်။

"ရှောင်ကျဲ၊ နင် သူ့မိသားစုကို တကယ်သိထားတာ‌ကောဟုတ်ရဲ့လား ? နင် ပြောတာကိုနားထောင်ပြီး ဘာကြောင့် တစ်ခုခုမှားနေတယ်လို့ ခံစားနေရတာပါလိမ့် ? သူ နင့်ပိုက်ဆံတွေလိမ်ချင်တာရော မဖြစ်နိုင်ဘူးလား ?"

မစ်ချိုက်က ဒီစကားကိုနားထောင်ပြီး သူ့မျက်နှာကနည်းနည်းသဘာဝမကျသော်ငြား ပြန်ဖြေလိုက်သည်။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? နင် နိုင်ငံခြားပြန်လာပြီးတည်းက မတွေ့ရသေးဘူးလေ။ နင် သူနဲ့တွေ့တဲ့အခါကြသိပါလိမ့်မယ်၊ သူက ငါတို့နဲ့မတူမဟုတ်ဘူး အရမ်းရိုး တယ်။"

သူငယ်ချင်းမလေးက "ဟုတ်လား ? သူ့မှာ ပြဿနာတစ် ခုခုရှိနေတယ်လို့ ငါ ဘာလို့ခံစားနေရတာပါလိမ့် ? သူ့ကို တစ်ခါမှမတွေ့ဖူးလို့ သံသယစိတ်ဖြစ်နေတာဖြစ်မယ်။ နင်ကြ သူ့ကိုမြင်‌နေကြဆိုတော့ သူ့သွင်ပြင်ကြောင့်စိတ် ရှုပ်ထွေးနိုင်တယ်။ ဘာပဲဖြစ်ဖြစ် သေချာကြည့်ရမယ်။ နင် လက်ထပ်တော့မှာ‌လေ အဲ့ဒါ ခုထိ သူ့ကိုမစစ်ဆေးရသေးဘူးပေါ့၊ သူက **** ယောက်ျားဖြစ်နေရင်‌ နင် သူကိုလက်ထပ်ဖို့စောင့်နေတာထက်တော့ ပိုကောင်းပါသေးတယ်ဟယ်"

ထိုအချိန် ချိုက်ကျဲ မျက်နှာပေါ်ရှိအပြုံးသည် တဖြည်း ဖြည်းပျောက်ကွယ်သွားသည်။ သူမစိတ်ထဲမှာ ချူးချူးပြောခဲ့တာသည့်စကားလုံးများကို မမျှော်လင့်ဘဲကြားယောင်လာမိသည်။

ခဏလောက်စဉ်းစားပြီးနောက် ချိုက်ကျဲက "တကယ်တော့တချို့က ငါ့ကို သတိပေးခဲ့သေးတယ်"

ကောင်မလေးက မျက်ခုံးပင့်လိုက်ပြီး "ဒါဆို ငါ သံသယရှိတာမမှားလောက်ဘူး၊ နင် သေချာစစ်‌ဆေးဖို့လိုတယ်။ ဒါပေမယ့် နင် စိတ်မထိန်းနိုင်ရင် ငါ နင့်အစားစစ်ဆေးကြည့်ပေးလို့ရတယ်"

ချိုက်ကျဲက မျက်မှောင်ကြုတ်ကာ ခေါင်းကိုဖြည်းညှင်းစွာခါလိုက်ပြီး "ဟင့်အင်း၊ ဒီဟာကို ငါ ကိုယ်တိုင်စစ်ဆေးမယ်" ဟုပြောလိုက်တယ်။

သးငယ်ချင်းမလေးက စိတ်သက်သာရာရစွာနဲ့ “ကောင်းပြီလေ နင် ရှင်းရှင်းလင်းလင်းတွေးနိုင်တာကောင်းတယ်”

သုံးရက်အကြာတွင် မစ်ချိုက်သည် စုံစမ်းစစ်ဆေးမှုမှ အချက်အလက်များကို ကြည့်ရှုခဲ့ရာ အံ့အားသင့်သွားခဲ့ရသည်။ သူမသည် ဖျော်ဖြေရေးလောကတွင် ဆယ်နှစ်ကျော်ကြာရှိခဲ့ပြီး မရေမတွက်နိုင်သောလူများကို မြင်တွေ့ခဲ့ရသည်ဟု သူမ ထင်မြင်သည်။ ရလဒ်ကတော့ ရိုးစင်းသည့်လူဟု မျက်စိမှောက်သွားခြင်းပင်။ ဒါ ရိုးရှင်း သည့်လိမ်လည်မှုတစ်ခုပင်။ အကယ်၍ ရှန်းချူးချူးနှင့် သူငယ်ချင်းဖြစ်သူသာ သတိမပေးပါက သူမ လုံးဝရှာတွေ့လိမ့်မည်မဟုတ်ပေ။

ဇနီးနဲ့ ကလေးလည်းမရှိဆိုတာက အတော်လေးအကျိုးကြောင်းမညီတာပဲ၊ သူ့ကို လှည့်စားခဲ့သည်။ အကြွေးများရှိလျက်နှင့်ပင် သူမနှင့်ကြွေးမြီးကြား ကစားနေခဲ့ သေးသည်။ သူ့ဇနီးနှင့်ကလေးအား ပြုစုပျိုးထောင်ဖို့ သူ့ (မ)ပိုက်ဆံကိုတကယ်ယူခဲ့ခြင်းပင်တာ။ ထိုသို့သောလူသည် အလွန်ရွံရှာဖွယ်ကောင်းသည်။ ထို့ပြင် သူမသည် လည်း ကမ္ဘာပေါ်အတုံးဆုံးအမျိုးသမီးဖြစ်လာခဲ့ပြီဖြစ် သည်။

ချိုက်ကျဲသည် ဖျော်ဖြေရေးလောကထဲ နှစ်ပေါင်းများစွာ ဝင်ရောက်လာခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် သိတဲ့သူတွေလည်းအများကြီးရှိသည်။ နောက်ဆုံးတော့ ပိုက်ဆံတွေ အများကြီးပြန်ရရှိခဲ့သော်လည်း ဝမ်ကောကြောင့် သင်ခန်းစာတစ်ခုရရှိခဲ့သည်။

ရှန်းချူးချူးသည် မစ်ချိုက်၏အတွေးကိုမြင်ပြီး တိုးတိုးလေးပြောလာသည်။

"တကယ်တော့ ကျမ တွန့်ဆုတ်နေတာကြာပြီ။ ဝမ်ကောက အဲဒီလူနဲ့မတူဘူး။ ကျမ မှားမှာကြောက်မိတယ်။ ကျမစကားကြောင့် တစ်ခုခုဖြစ်သွားမှာကြောက်တယ်။ ရှင်တို့ကြား ဆက်ဆံရေးပျက်စီးသွားတာမျိုး‌ပေါ့"

ချူးချူးပြောတာကိုကြားတော့ ချိုက်ကျဲ သူ့လက်ကို လှမ်းဆွဲလိုက်ပြီး "ချူးချူး၊ အဲ့တုန်းကအပြုအမူအတွက် တောင်းပန်ပါတယ်။ မင်းလို တခြားသူအတွက်တွေးတဲ့ မိန်းကလေးက အများကြီးမရှိဘူး။ အများစုက ဘေးနားမှာရပ်နေကြတာလောက်ပဲ ဒါမှမဟုတ် ကောလာဟလတွေဖြန့်နေတာ၊ ငါ ဒီအရှုံးကိုရှောင်နိုင်ခဲ့တယ်။ နင် အကူ အညီလိုရင်ပြော ငါ ကူညီပေးမယ်"

ရှန်းချူးချူးပြုံးပြီး ခေါင်းခါလိုက်ပြီး "ဟင့်အင်း၊ ရှင့်ဆီက အကူအညီလိုချင်လို့ ပြန်ကူညီတာမှမဟုတ်တာ၊ ရပါတယ်"

ချိုက်ကျဲ ရယ်မောပြီး သူမရဲ့လက်ရှိအခြေအနေကိုတွေးကာ စိတ်ခံစားချက်နှင့်ပြောလိုက်သည်။

"ဒီလောကမှာ လူကောင်းဆိုတာသိပ်မရှိဘူး။ လှည့်စားခံရတာထက် တစ်ယောက်တည်းနေတာပိုကောင်းတယ်။"

ရှန်းချူးချူးသည် မစ်ချိုက်၏အတွေးအမြင်များကို အရည်အချင်းပြည့်မီသော ကြိုးနီထွန်စက်တစ်ခုအဖြစ် ကောင်းစွာနားလည် သော်လည်း "လူက သက်တောင့်သက်သာရှိပြီး အသက်ကြီးလာတဲ့အခါ ကျမကို ဘယ်သူကစောင့်ရှောက်မှာလဲ"

မစ်ချိုက်ခဏလောက်စဉ်းစားပြီး "ရှင် အသက်ကြီးရင် ဘိုးဘွားရိပ်သာသွားလို့ရတယ်၊ အဲ့တာ အဆင်မပြေလို့ရှိရင် နောက်နှစ်နည်းနည်းကြာရင် ကလေးမွေးစားပြီး တစ်သက်လုံးနေလို့ရတယ်"

ရှန်းချူးချူးသည် ယခင်မြင်ဖူးခဲ့သော ချိုက်ကျဲ၏ ဒုတိယအိမ်ထောင်ကို တွေးတောနေခဲ့သည်။ ခိုင်မာတဲ့ ချစ်ခြင်းမေတ္တာ မဟုတ်ပေမယ့်လည်း US မှသည် US မှာ ဆုံးခန်းတိုင်ခဲ့သည်။ ဤအခိုက်အတန့်တွင် သူမနောက်တစ်ကြိမ်တစ်ချက်ကြည့်လိုက်ပြီးနောက် "ချိုက်ကျဲ၊ ဝမ်းမနည်းပါနဲ့၊ ရှင့်ရဲ့ပျော်ရွှင်မှုက မကြာခင်ပေါ်လာတော့မှာပါ၊ ရှင် ဘိုးဘွားရိပ်သာသွားစရာမလိုသလို ကလေးမွေး စားစရာလည်းမလိုပါဘူး ရှင့်မှာ သားသမီးတွေရှိလာလိမ့်မယ်"

"ရှင်ပြောတာကို နားထောင်ပြီးတော့၊ ကျွန်မ ဘယ်လိုခံစားရမှန်းမသိ‌တော့အောင်ကိုပဲ"

ရှန်းချူးချူး လေးလေးနက်နက်ခေါင်းညိတ်ပြီး "ကျမတကယ်ပြောတာ၊ နည်းနည်းကြာရင်နားလည်ပါလိမ့်မယ်"

ရှန်းချူးချူးသည် ၎င်းကို အချိန်အတော်ကြာတွေးတောခဲ့ပြီး တစ်စုံတစ်ဦးနှင့် ရုတ်တရက်တွေ့ရှိခဲ့ခြင်း (သို့) သံသယဖြစ်စရာပင်။ ပုံမှန်အချိန်တွေမှာ တခြားလူများနှင့်စကားပြောရသည်ကပိုကောင်းသည်။ ထိုနည်းဖြင့်ဆိုပါက ပြဿနာအများကြီးသက်သာစေနိုင်သည်။

ချိုက်ကျဲ ရှန်းချူးချူးကိုဂရုတစိုက်ကြည့်ကာ "ရှင့်ရဲ့ ကောင်းချီးပေးမှုအတွက် ကျေးဇူးပါ"

တစ်လခွဲကြာပြီးနောက်၊ ရှန်းချူးချူးသည် မီးဟုအော် ဟစ်နေပြီး ပတ်ဝန်းကျင်ကို အမှတ်မထင်လှမ်းကြည့်လိုက်ရာ ရင်းနှီးသောရုပ်သဏ္ဍာန်ကိုတွေ့လိုက်ပြီးနောက် သူမ၏လှုပ်ရှားမှုမှာ ရပ်တန့်သွားသည်။

"ကဒ်! ချူးချူး၊ မင်း နှေးတယ်၊ ပြန်လာ၊ နောက်တစ်ခေါက်ပြန်လုပ်"

ရှန်းချူးချူး အလွန်အရှက်ရသွားပြီး ဒါရိုက်တာနှင့် ချန်းရှန့်ကန်းကိုတောင်းပန်စကားဆိုခဲ့သည်။ ချန်းရှန့်ကန်းက ရယ်ကာ အရွှန်းဖောက်ပြီး "ဘာမှမဖြစ်ပါဘူး၊ နောက်တစ်ခါ ငါ NG ဖြစ်ရင် ငါ့ကို စိတ်ထဲကြိမ်ပြီးအပြစ်တင် မနေနဲ့"

ရှန်းချူးချူး ပြုံးပြီးပြောလိုက်သည်။

"စိတ်ချ၊ ငါ အဲ့လိုလုပ်မှာ မဟုတ်ဘူး၊ နင့် မျက်နှာကိုကြည့်ပြီးပဲပြောမှာ"

ဝန်ထမ်းတွေ ရယ်ပွဲကြသွားပြီး အဆိုပါမြင်ကွင်းကိုဆက်လက်ရိုက်ကူးခဲ့သည်။ ငါးမိနစ်အကြာမှာတော့ ဒီရိုးရှင်းတဲ့ လမ်းလျှောက်ပုံကိုရိုက်ကူးပြီးခဲ့သည်။ ဒါရိုက် တာသည် ရှန်းချူးချူးနှင့် ချန်းရှန့်ကန်းအားခေါ်လိုက်သည်။

ရှန်းချူးချူးသည် ဒါရိုက်တာဘေးတွင် ရပ်နေသော ရင်းနှီးသည့် လူကိုကြည့်ပြီး မသိချင်ယောင်ဆောင်နေလိုက်သည်။

"ချူးချူး၊ ရှန့်ကန်း၊ ဒါ ငါတို့ရဲ့ရင်းနှီးမြှုပ်နှံသူ CEO ဟန်"

ချန်းရှန့်ကန်းက "CEO ဟန်" ဟုဆိုကာ ခေါင်းငြိမ့်ပြလိုက်သည်။

ရှန်းချူးချူး မျက်ခုံးပင့်လိုက်ပြီး ထိုယောက်ျားသည် သူမတို့ရဲ့ စတူဒီယိုကိုလာဖို့အကြောင်းပြချက်ပေးခြင်းဟုသာ တွေးလိုက်သည်။ ဒါရိုက်တာ၏စကားကိုကြား လိုက်သည်နှင့် သူတို့ရုပ်ရှင်ထဲ ရင်းနှီးမြုပ်နှံသည်ကိုမကြားမိဘူးဟုတွေးလိုက်မိသည်။ ဒါ့ပြင် ဒီလူသည် သူ့အား ကွင်းဆင်းကြည့်ရှုရန် အလုပ်ကိစ္စနှင့်ခရီးထွက်စရာရှိသည်ဟု မနက်ကပြောခဲ့သော်လည်း ယခု ရုတ်တရက် ဒီနေရာကိုရောက်လာခဲ့သည်။

"CEO ဟန်" ဟုဆိုကာ ခေါင်းငြိမ့်ပြလိုက်ပြီး သူဘာပဲတွေးနေပါစေ ရှန်းချူးချူးရဲ့မျက်နှာထက်ပေါ်မလာပေ။

ဟန်ရှင်းယန်ရောက်ရှိလာခြင်းသည် ရှန်းချူးချူးအား ဖိအားဖြစ်စေသည်။ တခြားဇာတ်ဝင်ခန်းတွေ သိပ်မသိ သာပေမယ့် နမ်းရသည်ါဇာတ်ကွက်တွေရှိသည်။ ဟန်ရှင်းယန်သာ အဲဒီမှာမရှိရင် သူမ စိတ်ဖိစီးမှုနည်းသေးသည်။ သို့သော်၊ ဟန်ရှင်းယန်သည် သူမအား ဖိအားများစွာကိုမလွှဲမရှောင်သာ သက်ရောက်စေသည့် ဤနေရာတွင်ရှိနေခဲ့သည်။

နေ့လည်ခင်း ဒုတိယမြောက်ရိုက်ကူးမှုအပြီး ရှန်းချူးချူးသည် အချိန်အတော်ကြာရှုပ်ယှက်ခတ်နေကာ ဒါရိုက်တာ အနားသို့သွားခဲ့သည်။

"ဒါရိုက်တာကြီး၊ အနမ်းဇာတ်ကွက်ကို အစားထိုးနဲ့ရိုက်မယ်လို့ထင်နေတာ"

တကယ်တော့ ဒီကိစ္စကို မနေ့က ဒါရိုက်တာကိုပြောခဲ့ပြီး ဒါရိုက်တာက စဉ်းစားမယ်ဟုပြောခဲ့ပေမယ့် ဒီနေ့မနက်မှာတော့ ဒါရိုက်တာက လူစားမလဲတာပိုကောင်းတယ်လို့ ထင်တဲ့အတွက် သူမရဲ့အဆိုပြုချက်ကိုပယ်ချခဲ့သည်။

ဒါရိုက်တာသည် ရှန်းချူးချူးစကားကိုမျက်မှောင် ကြုတ်ကာ ရှန်းချူးချူး ဤကိစ္စကိုထပ်မံပြောလာမည်ဟုမမျှော်လင့်ခဲ့ပေ။

"ဒါ မင်းရဲ့ ပထမဆုံးအကြိမ်အနမ်းဇာတ်ဝင်ခန်းလား ? မိန်းကလေးအနေနြ့ကြည့်ရင် နားလည်နိုင်ပါတယ်၊ ဒါပေမယ့် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒါတွေအကုန်လုံး မင်း စိတ်ဓာတ်ရေးရာအရ ဖိအားတွေမရှိရဘူး။ မင်းကြိုက်တဲ့လူပဲလို့ တွေးလိုက်၊ ရှန်းကန်းကလည်းမဆိုးပါဘူး၊ အရမ်းမတွေးနဲ့..."

ဒါရိုက်တာသည် ဘလာဘလာဆိုပြီး ရှန်းချူးချူးနှင့် စကားထိုင်ပြောနေသော်လည်း ဘေးမှာထိုင်နေသည့် CEO ဟန်ကိုမကြည့်မိချေ။ ရင်းနှီးမြှုပ်နှံသူ၏ မျက်နှာမှာမည်းနေပြီဖြစ်သည်။

'သရုပ်ဆောင်ရဲ့ အကြိုက်ဆုံးလူဆိုတာဘာလဲ ? အခု သူ ဒီမှာရှိနေတယ်လေ သူ မသေသေးဘူး ? မင်းကြိုက်တဲ့လူက မင်းရှေ့မှာလေ၊ အဲ့လူမှ မဟုတ်တာ။'

ရှန်းချူးချူးသည် ဒါရိုက်တာကိုကြည့်ကာ ဟန်ရှင်းယန်ကိုကြည့်လိုက်သည်။

ဟန်ရှင်းယန်သည် အနည်းငယ်ချောင်းဆိုးပြီးဝင်ပြောလိုက်ကာ ဒါရိုက်တာ၏ စကားများကိုရပ်တန့်လိုက်သည်။

"ဒါရိုက်တာ၊ မစ်ရှန်းပြောတာ အဓိပ္ပာယ်ရှိတယ်လို့ထင်တယ်။ ဒါ သရုပ်ဆောင်တွေရဲ့အခွင့်အရေးလည်းဖြစ်တယ်။ မစ်ရှန်းက လဲချင်တယ်ဆိုမှတော့ သရုပ်ဆောင်ရဲ့ အတွေးကို လေးစားကြရအောင်"

ဒါရိုက်တာ ဒါကိုကြားပြီး ဟန်ရှင်းယန်ကိုထူးထူးခြားခြားကြည့်လာသည်။ ထိုအချိန်မှစ၍ နှုတ်ဆိတ်နေသော CEO သည် ဤကိစ္စကို ရုတ်တရက် မည်သို့ဝင်‌ရောက်ကိုင်တွယ်ခဲ့သည်ကို သူ အမှန်တကယ် နားမလည်ခဲ့ပေ။ သို့သော်လည်း ရင်းနှီးမြှုပ်နှံသူဘက်မှပြောလာခြင်းဖြစ်ပြီး၊ ဒါဟာ ကိစ္စကြီးမဟုတ်တဲ့အတွက် သူ ခေါင်းညိတ်ကာ ဒီကိစ္စကိုသဘောတူပေးလိုက်သည်။

အလုပ်ပြီးနောက် ရှန်းချူးချူးနှင့် ဟန်ရှင်းယန်တို့သည် ဟိုတယ်သို့ တစ်ယောက်ပြီးတစ်ယောက်ရောက်ပြန်လာကြသည်။ ရှန်းချူးချူး အခန်းထဲပြန်လည်ရောက်ရှိလာပြီး သုံးမိနစ်အကြာ ဟန်ရှင်းယန်တံခါးလာခေါက်သည်။

တံခါးပိတ်ပြီးနောက် သူတို့နှစ်ဦး အသံတိတ်ကာနက်နက်ရှိုင်းရှိုင်းဆက်သွယ်ခဲ့ကြသည်။ လူခြင်းခွဲလိုက်ချိန်မှာတော့ နှစ်ယောက်လုံးမောဟိုက်လာကြသည်။ အထူး သဖြင့် ရှန်းချူးချူးသည် သူ့နုတ်ခမ်းမှာ ငရုတ်သီးစားထားသလိုမျိုးဖြစ်ပြီး တချို့မှာအနည်းငယ်ရောင်ရမ်းနေခဲ့သည်။

"ရှင် ဘာလို့ ဒီလိုလုပ်တာလဲ၊ မနက်ဖြန် ဘယ်လိုရုပ်ရှင်ရိုက်ကြမလဲ ?"

ဟန်ရှင်းယန်က "နေ့လည်ကြရင်လည်း နမ်းချင်တယ်"

နေ့လည်ခင်းကိုတွေးရင်း ရှန်းချူးချူးက "အားလုံးရှင့်ကြောင့်ပဲ၊ ဒါရိုက်တာက ကျွန်မ မလုပ်ချင်ဘူးလို့ထင်နေတာ"

ဟန်ရှင်းယန်သည် ထိုသည်ကိုကြားရချိန် မျက်နှာမည်းသွားပြီးခေါင်းငုံကာ ရှန်းချူးချူးနှုတ်ခမ်းကိုက်လိုက်ပြီး အန္တရာယ်ရှိသော အသံဖြင့် "ဘာလဲ ? မင်းက တခြားယောက်ျားတွေနဲ့ နမ်းချင်လို့လား ? မင်း သူနဲ့နမ်းနေတာကို ငါ ကြည့်နေရမှာလေ"

(T/N: အန္တရာယ်ရှိတဲ့အသံလေး ကြားဖူးချင်မိ)

"မင်း ပြောတာအဓိပ္ပာယ်မရှိဘူး၊ ကျွန်မက သရုပ်ဆောင်တစ်ယောက်လေ၊ အဲ့ဒါ ကျွန်မလုပ်ရမယ့်တာဝန်ပဲ"

"ကိုယ် အဓိပ္ပါယ်မရှိတာပြောနေတာမဟုတ်ဘူး၊ ဥပဒေနဲ့ပြောနေတာ၊ သရုပ်ဆောင်တိုင်း နမ်းရမယ်လို့ပြဌာန်းထားတဲ့ ဥပဒေ ဒီတိုင်းပြည်မှာမရှိဘူး"

ဟန်ရှင်းယန်၏မနာလိုကာအဓိပ္ပာယ်မရှိသောသွင်ပြင်ကို ကြည့်ရင်း ရှန်းချူးချူး ဟန်ရှင်းယန်ကိုနမ်းလိုက်ပြီး "ကျွန်မလည်း ပရိသတ်ကိုဆွဲဆောင်ဖို့အဲ့အပိုင်းထည့်သုံးတာ မကြိုက်ပါဘူး"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ပါးနပ်သောသွင်ပြင်ကိုမြင်ပြီး သူမ၏ဆံပင်ကိုချစ်ခင်စွာဖြင့် တို့ထိလိုက်သည်။

သို့သော် ရှန်းချူးချူး၏ အနီရောင်အစက်အပြောက်များနှင့် ရောင်ရမ်းနေသောနှုတ်ခမ်းများကို အစုံလိုက်လူတိုင်းတွေ့ချိန်တွင်၊ ရှန်းချူးချူးသည် မရှိသောခြင်များဆီသို့တွန်းပို့လိုက်သည်။

ဒါရိုက်တာသည် ရှန်းချူးချူး၏သွင်ပြင်ကိုစက္ကန့်အနည်း ငယ်ကြာကြည့်ကာ တစ်ခုခုပြောချင်ဟန်ရှိသဖြင့် ဟန်ရှင်းယန်မှပြောလာခဲ့သည်။

"ဟိုတယ်မှာ ခြင်တွေအရမ်းများနေတာတော့ အမှန်ပဲ၊ သရုပ်ဆောင်တွေအတွက်လည်း မလွယ်ဘူး"

ဒါရိုက်တာ- 'ဒီလိုအေးတဲ့နေ့မျိုးမှာ ခြင်တွေ‌ပေါလို့လား ??'

ဒါပေမယ့် သူ့စိတ်ထဲ ဘယ်လိုပဲတွေးနေပါစေ ပါးစပ်ကတော့

"အင်း၊ CEO ဟန် ပြောတာမှန်တယ်"

All Chapters