အခန်း (၇၆)
Vol. 8 Ch. 76
ဒီတစ်ခေါက် ဟန်ရှင်းယန်က တစ်ရက်သာကျန်တော့ သည်။ သူထွက်သွားပြီး ရက်အနည်းငယ်အကြာတွင် ရှန်းချူးချူးသည်လည်း အဖွဲ့မှထွက်ခွာလာခဲ့သည်။ အကြောင်းမှာ "Xiao Yi" ဇာတ်ကားဆန်ကာတင်စာရင်း ဝင်သွားခြင်းကြောင့်ပင်။
"Xiao Yi" ရုပ်ရှင်သည် ရုပ်ရှင်ရုံတွင် နှစ်လကြာရုံတင်ပြသခဲ့ပြီး Box Office သည် 1.5 ဘီလီယံအထိအောင် မြင်ခဲ့သည်။ Review လည်း အလွန်ကောင်းသလို တစ်ချိန်တည်းမှာပင် ၎င်းသည် ဆန်ခါတင်စာရင်းများစွာရရှိခဲ့သည်။
ယခုတစ်ကြိမ်တွင် ရှန်းချူးချူးသည် အမည်စာရင်းတင်သွင်းခံရလောက်သည်အထိ ကံကောင်းခဲ့သည်။
ချူးချူးအမည်စာရင်းတင်သွင်းခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ အရာအားလုံး သူမအတွက်အတော်လေး အသစ်အဆန်းဖြစ်နေသည်။ ချန်းရှီလီသည် သူမအား ဆုရနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေ ပါဝင်ရမည် ဟုပြောခဲ့သည်။ ဒါ လူထုရှေ့ထွက်ပေါ်လာဖို့ အခွင့်အ ရေးကောင်းပင်။ နှစ်တိုင်း ရုပ်ရှင်တွေအများကြီးထွက်ပြီး လူသစ်တွေအများကြီးရှိသော်လည်း ဆန်ခါတင်စာ ရင်းဝင်နိုင်တဲ့သူ အလွန်နည်းဟည်။ ထို့ကြောင့် အမည်စာရင်းတင်သွင်းနိုင်ခြင်းသည် ရှန်းချူးချူးအတွက် ပျော်ရွှင်စရာကောင်းသောပွဲတစ်ခုဖြစ်သည်။
"Xiao Yi" အဖွဲ့သားများ ဆန်ခါတင်စာရင်းတွင်အများအပြားတင်သွင်းခံခဲ့ကြသဖြင့် ဒါရိုက်တာနှင့် ပရိုဂျူဆာ လည်းလာခဲ့သော်လည်း ရှန်းချူးချူးအား မီဒီယာနှင့် ကောင်းကောင်းထိတွေ့ခွင့်ရစေဖို့အတွက် အဖွဲ့သားများနောက်လိုက်ပါခွင့်မပြုခဲ့ပေ။ သူမအား ကော်ဇောနီထက် တစ်ယောက်တည်း လမ်းလျှောက်စေခဲ့သည်။
ယနေ့တွင် ရှန်းချူးချူး အဝါရောင်ဂါဝန်ရှည်၀တ်ဆင်ထားပြီး အသားအရေပိုဖြူသည်ဟုထင်ရသည်။ လူတစ်ကိုယ်လုံး ပန်းရောင်သန်းနေပုံရသည်။ စောင့်ဆိုင်းနေစဉ်တွင် သူမ လက်ထောက်ကို ထပ်ခါတလဲလဲမေးမိသည်။
"ချမ့်ချမ့်၊ ငါ့ စကတ်ဘာပြဿနာမှမရှိပါဘူးနော်၊ နောက်ဇစ် ဆွဲထားလား၊ ငါ့မျက်နှာ အဆင်ပြေလား၊ ဆံပင်တွေ ရှုပ်နေပြီလား ?"
ဝမ်ချမ့်သည် ပထမအဖြေလိုကဲ့သို့ပင်၊ သူက ရှန်းချူးချူးကိုအားပေးလိုက်သည်။
"မရှုပ်ဘူး၊ ဘော့စ် ဒီနေ့ အရမ်းလှတယ်၊ ဒီဝတ်စုံနဲ့ အရမ်းလိုက်ဖက်တယ်။"
ရှန်းချူးချူး မကြာခဏ သက်ပြင်းချကာ "ဒါဆို ငါသတိထားရမှာက စကတ်ကိုမချိုးမိစေဖို့ပဲ၊ ဒါသာ အ ရမ်းစျေးကြီးရင် ငါ သေလိမ့်မယ်"
နောက်ဆုံးတွင် ရှန်းချူးချူးသည် ကော်ဇောနီထက်လမ်း လျှောက်ရန် အချိန်တန်ပြီဖြစ်သည်။ အသက်ပြင်းပြင်းရှူပြီး ကားထဲမှ ဂရုတစိုက်ဆင်းလိုက်သည်။
ကော်ဇောနီနှစ်ဖက်ရှိ မရေမတွက်နိုင်သော ပရိသတ်များကိုကြည့်လိုက်လျှင် ရှန်းချူးချူးသည် အတွင်းတွင် သူမပရိသတ်များ ရှိ၊ မရှိ မသိပေ။ ကုမ္ပဏီမှ သူမအတွက် ပရိသတ်အချို့စီစဉ်ပေးရမည်ကို သူမ သိသော်လည်း သူမသည် လူကြိုက်များလောက်အောင် လူသိများခြင်းမရှိသည့်အပြင် လူများစွာက သူမကိုသိမည်မဟုတ်သဖြင့် မလွှဲမရှောင်သာကြောက်ရွံ့နေမိသည်။
ကံကောင်းထောက်မစွာပင် သူမ ကော်ဇောနီပေါ်တက်ပြီး သာ်နှင့် ပရိသတ်တွေရဲ့အသံကို ကြားလိုက်ရသည်။
"အားးး ရှန်းချူးချူး မင်း ဒီနေ့အရမ်းလှတယ်!"
ရှန်းချူးချူး အသံလာရာကိုကြည့်လိုက်ရာ ဒီပရိတ်သတ်သည်ရင်းနှီးနေပုံရသည်။ ကုမ္ပဏီက အနည်းဆုံးလူအချို့ထည့်ရန် မစီစဉ်ထားသော်လည်း အချို့က သူမကို နှစ်သက်ကြသည်မှာအမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ရှန်းချူးချူး သူမကိုပြုံးပြပြီး ရှေ့သို့ ဆက်သွားခဲ့သည်။
အန်းဟိုင်ကျန်းသည် ရှန်းချူးချူး သူမအားရယ်ပြသွားသည်ကို မြင်လိုက်ရပြီး တစ်ကိုယ်လုံးစိတ်လှုပ်ရှားသွားသည်။
"အားး ချူးချူး ငါ့ကို ပြုံးပြသွားတယ်၊ သူ ငါ့ကို ပြုံးပြတယ်။"
ရှန်းချူးချူးကို ပထမဆုံးအကြိမ်တွေ့ဖူးပြီးနောက် ဒါ ဒုတိယအကြိမ်ပင်။ ပထမအကြိမ်က လေဆိပ်မှာ၊ တိုက် ဆိုင်မှုတစ်ခုလည်းဖြစ်သည်၊ သူမသည် ကြယ်ပွင့်နောက်လိုက်သည့် ဖန်မဟုတ်သော်လည်း တိုက်ဆိုင်စွာပင်၊ သူမသည် ရှန်းချူးချူးကိုနှစ်ကြိမ်တွေ့ဖူးသည်။
တော်ဝင်မြို့တော်လေဆိပ်မှ ချူးချူးလေယာဉ်ပေါ်ကဆင်းချိန် သူမ တွေ့ဖူးသည်။ ဒီတစ်ခါတော့ သူမဟာ ရုပ်ရှင်ဆုပေးပွဲ အခမ်းအနားကျင်းပတော့မယ်ဆိုတာကို မြင်လိုက်ရပြီး အတန်းဖော်တွေနဲ့လိုက်လာခဲ့ခြင်းပင်။ ရှန်းချူးချူးဝင်လာသည်ကိုတွေ့ဖို့ မမျှော်လင့်ထားပေ။
သို့ဖြစ်ရာ သူမ အလွန်ပျော်နေမိသည်။
ရှန်းချူးချူး အနည်းငယ်လှမ်းပြီးနောက် MC ၏အသံကိုကြားလိုက်ရသည်။
"Xiao Yi ဇာတ်ကားမှာ Xiao Yi ရဲ့ညီမအဖြစ် သရုပ် ဆောင်ထားတဲ့ ရှန်းချူးချူးကို ကြိုဆိုပါတယ်၊ ချူးချူးပွဲဦးထွက်ကတည်းက ဇာတ်ကားနှစ်ကား ရိုက်ကူးထားခဲ့ပြီးပါပြီ။ ဇာတ်ကားတိုင်းက Box Office မှာ ဘီလျံနဲ့ချီပြီးအောင်မြင်ခဲ့ပါတယ်။ တကယ်ထိုက်တန်ပြီး တကယ်ကံကောင်းတဲ့ မိန်းကလေးပါ......"
လူများစွာ သူမ၏နာမည်အော်ဟစ်သည်ကို နားထောင်ရင်း သူမ မျက်နှာကိုရိုက်ယူနေသည့်ကင်မရာများစွာကိုကြည့်ကာ၊ ရှန်းချူးချူးသည် ပထမဆုံးအကြိမ်အဖြစ် ကြယ်ပွင့်အနေနှင့်ခံစားခဲ့ရပြီး မီးမောင်းထိုးပြနေသည့် ကြယ်တစ်ပွင့်ဖြစ်နေဆဲပင်။
ဓာတ်ပုံရိုက်အင်တာဗျူးပြီးနောက် ရှန်းချူးချူးသည် နောက်သို့သွားခဲ့သည်။ ဆုပေးပွဲကျင်းပသည့်အချိန်တွင် သူမ၏ထိုင်ခုံမှာ "Xiao Yi" အဖွဲ့သားများနှင့်အတူရှိနေခဲ့သည်။
ချန်းတုသည် ရှန်းချူးချူး၏ကြောက်ရွံ့သောသွင်ပြင်ကို ကြည့်ပြီး ပြုံးကာ "စိတ်လှုပ်ရှားနေလား ?"
ရှန်းချူးချူး ခေါင်းညိတ်ပြီး "စိတ်မလှုပ်ရှားပါဘူး၊ ဒီလိုပွဲမျိုး ပထမဆုံးအကြိမ်ပါဝင်ခဲ့တာဆိုတော့ နဲနဲလန့်နေမိတာ"
ကျိုးဖန်ကြားပြီးနောက် သူက "ငါရဲ့ ပထမဆုံးအကြိမ် တုန်းကဆို လွေ့ဝေရဲ့ Grand View Garden ထဲကိုဝင်သွားရသလိုမျိုးခံစားလိုက်ရတယ်၊ ဒါပေမယ့် မင်းတကယ်စင်ပေါ်မှာမတ်တပ်ရပ်လိုက်တာနဲ့ မင်းအကောင်းဆုံးကြိုးစားသွားနိုင်တယ်။ အောက်ကိုငုံ့ကြည့်လိုက်၊ အားလုံးက မင်းကိုဖော်ရွေတဲ့အကြည့်တွေနဲ့ ကောင်းချီးပေးနေကြတာကို တွေ့ရလိမ့်မယ်။"
ပရိုဂျုဆာက ခေါင်းညိတ်လိုက်ပြီး "ရှောင်ဖန်က ဉာဏ် ကောင်းတယ်၊ လန့်မနေနဲ့၊ စိတ်လျှော့ထားလိုက်၊ မင်း ဆုမရလည်း နာမည်စာရင်းတင်သွင်းခံရတာနဲ့တင် အသိ အမှတ်ပြုခံရလိမ့်မယ်။"
ရှန်းချူးချူး ခေါင်းညိတ်ပြီး "ဟုတ်ကဲ့"
တကယ်တော့ ရှန်းချူးချူး ထိတ်လန့်မိခြင်းသည် ဆုရဖို့မျှော်လင့်ချက်ကြောင့်မဟုတ်ဘဲ လူဦးရေကျဲပါးသည့် ရုပ်ရှင်ရိုက်ကူးရာနေရာမှ ဆိုင်းမဆင့်ဘုံမဆင့်ရုတ်တ ရက်ရောက်ရှိလာခြင်းကြောင့်ပင်။ အထူးသဖြင့် မရေမတွက်နိုင်သောကင်မရာများသည် သင့်အား မျက်နှာမူထားပြီး မရေမတွက်နိုင်သောလူများက သင့်ကိုစောင့်ကြည့်နေကြသည်။ ဒီခံစားချက်က လူတွေကိုစိတ်မသက်မသာဖြစ်စေပြီး တစ်ခုခုအမှားလုပ်မိမည်ကိုကြောက်ရွံရုံသာ...
ဆုကိစ္စနဲ့ ပတ်သက်ပြီး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ရှန်းချူးချူး အတွက်အရေးမကြီးချေ။ အဘယ့်ကြောင့် ဆိုသော် သူမ စိတ်ထဲဆုရလိမ့်မယ်ဟု ဘယ်တုန်းကမှမခံစားခဲ့မိလို့ပင်။ အမှန်မှာ သူမ ထိုဇာတ်လမ်းတွဲအား ပထမဆုံးရိုက်ကူးစဉ် သူမ၏သရုပ်ဆောင်မှုသည် စနစ်ထဲ အမှတ် 60 ထက်နည်းပြီး ဖြတ်သန်းရမှတ်ပင်မလုံ လောက်ချေ။ သူမ စိုးရိမ်ရမည့် တစ်ခုတည်းသောအရာမှာ သူမထံ ကင်မရာချိန်လာချိန်တွင် တည်ငြိမ်စွာပြုံးနိုင်ရန်ဖြစ်သည်။
အကောင်းဆုံးလူသစ်ဆုအားကြေငြာရန် အချိန်တန်သောအခါ ရှန်းချူးချူးရွှင်ရွှင်ပျပျပြုံးရန် စတင်ခဲ့သည်။ ကင်မရာ သူမဆီလှမ်းချိန်လိုက်စဉ် သူမအပြုံးသည် တောင့်တင်းနေပြီး သူ့ ပါးပြင်ထက်အပြုံးကိုပြန်မသိမ်းနိုင်တော့ဘူးလားဟုပင် သံသယဖြစ်မိသည်။
ဘာဖြစ်သွားမှန်းမသိပေ၊ ကင်မရာသည် သူ့မျက်နှာပေါ်အချိန်နည်းငယ်ကြာကြာတည်ရှိနေသည်ဟု သူမ ခံစားမိသည်။ သူမ အရမ်းစိတ်လှုပ်ရှားနေပြီး အချိန်ကနှေးလွန်းတယ်ဟုပင် ခံစားလာရသည်။
"ချူးချူး၊ ချူးချူး၊ MC က မင်းကို ဆုလက်ခံဖို့ပြောနေပြီ"
ချန်းတုသည် ရှန်းချူးချူးအား ကြောင်တက်တက်ဖြင့် မြင်လိုက်ရသဖြင့် မထိန်းနိုင်ဘဲသတိပေးလိုက်ရသည်။
ရှန်းချူးချူးအံ့အားသင့်သွားပြီး စင်မြင့်ထက် သူ့မ၏ပုံရိပ်များပြသထားသည်ကိုကြည့်လိုက်ရာ ကင်မရာသည် သူမနှင့်မျက်နှာချင်းဆိုင်နေသည်။ အချိန်အနည်းငယ်ကြာမှ သတိဝင်လာပြီး နောက်ဆုံး သူမ သဘောပေါက်သွားသည်။ ဒီအချိန် သူမ နှလုံးတွေအခုန်လွန်နေပြီး မေ့လဲသွားမည်ကိုပင်စိုးရိမ်နေမိသည်။ ဆုရသည့် အခေါက်မှတကယ်ရှက်ဖို့ကောင်းလွန်းသည်။
သူ ထလာသောအခါ အားလုံးကြင်ကြင်နာနာပြုံးပြလာကြသည်။ ထိုင်ခုံမှစင်မြင့်အထိ ရှည်လျားလှသော ခရီးတွင် ရှန်းချူးချူးသည် စိတ်လှုပ်ရှားမှုကြားမှတည် ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။
စင်ပေါ်တက်ပြီးနောက် MC ၏ အသံကိုကြားလိုက်ရသည်။ ရှန်းချူးချူးက ပြုံးပြီးပြောလိုက်တယ်။
"တောင်းပန်ပါတယ် ပထမဆုံးအကြိမ်ဆုရတာဆိုတော့ အရမ်းစိတ်လှုပ်ရှားလွန်းလို့ အားလုံးကိုရယ်စေမိပြီ။"
လူသစ်တွေအတွက်၊ လူတိုင်းလိုလိုသဘောထားကြီးကြစမြဲပင်။ အထူးသဖြင့် ဒီလူသစ်သည် နောက်ခံရှိသူဖြစ် သည်။ ထို့ကြောင့် သူမ ပြောသည်ကိုနားထောင်ပြီးနောက် ပရိသတ်က ချက်ချင်းပင် အော်ဟစ်ဝမ်းသာသွားကြသည်။
ဆုပေးပွဲအပြီးတွင်၊ ရှန်းချူးချူးသည် သူမျောလွင့်နေနေသည်ဟု ခံစားလိုက်ရသည်။
အိမ်ပြန်ရောက်ချိန်အထိ ဟန်ရှင်းယန်ကိုကြည့်ပြီး ရှန်းချူးချူး ရယ်စရာမလိုတော့ပေ။ ဟန်ရှင်းယန်၏ရင်ခွင်ထဲနေကာ သူမ မော့မကြည့်ဝံ့ပေ။
"ဒီနေ့ အရမ်းရှက်ဖို့ကောင်းလားဟင် ?"
ရှန်းချူးချူး၏စင်မြင့်ပေါ်၌ ဖျော်ဖြေမှုအား ဗီဒီယိုအတိုများ အွန်လိုင်းထက်နေရာယူထားသောကြောင့် သိပြီးဖြစ်သည်။ သူ ပြုံးပြီး ရှန်းချူးချူးရဲ့ဆံပင်ကို ဖွဖွဖွရင်း ရှန်းချူးချူးရဲ့နားနားကပ်ကာ "ဟင့်အင်း၊ အရမ်းချစ် ဖို့ကောင်းတယ်၊ ဒီနေ့ အရမ်းလှတယ်။"
ဟန်ရှင်းယန်က သူမအားနှစ်သိမ့်နေသည်ကို ရှန်းချူးချူးသိသော်လည်း ချိုမြိန်သည်ါခံစားချက်ကို မခံစားနိုင်သေးပေ။
"တကယ်လား ? ရှင် ကျွန်မကို စကားလုံးတွေနဲ့လိမ်နေတာမဟုတ်ပါဘူးနော်"
ဟန်ရှင်းယန် သူမကို နမ်းလိုက်ပြီး "မလိမ်ပါဘူး"
"ဟေး၊ Online ပေါ်မှာ ကျွန်မဘယ်လိုပြောကြမလဲမသိဘူး၊ အခုတောင် ပြောနေလောက်ပြီထင်တယ်"
ရှန်းချူးချူးသည် သူမ မျက်နှာကိုအုပ်ထားလိုက်ပြီး ယနေ့ သူမ စိတ်လွတ်သွားသည်ဟု သူမ တကယ်ခံစားရသည်။ မီဒီယာတွေ ဘယ်လိုရေးကြမလဲ မသိသေးဘူး။
ဟန်ရှင်းယန်သည် သူ့ကောင်မလေးကိုတစ်ချက်ကြည့်လိုက်ပြီး ဖုန်းကိုထုတ်ကာ သူမအားပြလိုက်သည်။
"မပြောပါဘူး၊ လူတိုင်းက မင်းကိုအရမ်းချစ်စရာကောင်းတယ်လို့ ထင်နေကြတာ။"
ရှန်းချူးချူးသည် လက်ကိုင်ဖုန်းကိုတစ်ချက်ကြည့်လိုက်သော်လည်း အတွင်းမှအကြောင်းအရာများကိုမကြည့်ဝံ့သဖြင့် “တကယ်လား”
ဟန်ရှင်းယန် ခေါင်းညိတ်ပြီး "ချူးချူး၊ စိတ်ချ ကိုယ့်ကို ယုံကြည့်စမ်းပါ။"
ရှန်းချူးချူးသည် သူ့လက်ကို သူ့မျက်နှာမှဖယ်ကာ ဖုန်းထဲမှ အကြောင်းအရာများကိုတစ်ချက်ကြည့်လိုက်သည်။
"ပြုံးပြီး ငိုတာလေးက ချစ်စရာကောင်းလွန်းတယ်။ [ရယ်ရင်း ငို]"
"မျက်နှာမှာ တည်ငြိမ်တဲ့ပုံနဲ့တူပေမယ့် ငါ့နှလုံးသားထဲ တုန်လှုပ်နေပြီ၊ ငါ မလုပ်နိုင်ဘူး၊ မဟုတ်ဘူး၊ အဲဒါကို ထပ်ခါထပ်ခါ ကြည့်နေတယ်။ [ဟားဟား]"
"လူတိုင်းက ဆုတွေ အများကြီးပြောကြတယ်။ တကယ်တော့၊ ကြယ်ပွင့်တွေက ဆုရမယ်ဆိုတာ သိထားပြီးသားကြီးပါ၊ အံ့သြစရာတွေကတော့ အစုံပဲ။ ဒါပေမယ့်... ရှန်းချူးချူးကတော့ သေချာပေါက်မသိထားဘူး။ ဘယ်သူမှ အဲ့လိုတုံးတုံးလေးဖြစ်အောင်ဟန်ဆောင်မှာ မဟုတ်ဘူး။ [ရယ်သေ]
......
ရှန်းချူးချူး မှတ်ချက်များကိုဖတ်ပြီးနောက် သူ့ ဗီဒီယိုဖိုင်အားကြည့်ရှုခဲ့သည်။ ပထမတော့ သူမ သာမန်ဟု ခံစားမိပေမယ့် MC က သူ့နာမည်ကိုခေါ်လိုက်တဲ့အချိန်ထိ သူမက နဂိုအတိုင်းပင်... တုံးလိုက်တာ။
"အရမ်းချစ်စရာကောင်းတယ်"
ဟန်ရှင်းယန်က တိုးတိုးလေးပြောသည်။ အသံတွင် နူးညံ့သောအပြုံးတစ်ခုရှိသည်။
ရှန်းချူးချူးက ခေါင်းညိတ်ပြီး "အင်း၊ တုံးနေတာက အရမ်းချစ်စရာကောင်းတယ်။"
ထိုနေ့ညနေခင်းတွင် တစ်ခုခုလုပ်ချင်သော CEO ဟန်သည် မအောင်မြင်ခဲ့ပေ။ ပထမအချက်မှာ ရှန်းချူးချူးသည် နံနက် 5 AM flight အတွက် မနက်ငါးနာရီတွင် အိပ်ရာထရသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ရှန်းချူးချူး၏အန်တီပြန်လာခြင်းဖြစ်သည်။
ဟန်ရှင်းယန် မျက်နှာသည်မည်းမှောင်နေပြီး အန်တီဟူ သောသတ္တဝါသည် အမှန်တကယ်ပင် ယောက်ျားများအတွက် ဂြိုလ်ဆိုးဖြစ်သည်။
ရှန်းချူးချူးသည် ဟန်ရှင်းယန်ကိုကြည့်ကာတသော သောရယ်မောလိုက်သည်။
နောက်တစ်နေ့မနက်တွင် ရှန်းချူးချူး အစောဆုံးလေ ယာဉ်ဖြင့် ရိုက်ကူးရေးအဖွဲ့သို့အမြန်ပြန်ခဲ့သည်။ တစ်ရင်တာရိုက်ကူးရေးပြီးနောက် အန်တီကြောင့်အနားယူချင် နေသော်လည်း ဒါရိုက်တာမှ ထိုလူအားပြီဖြစ်ရာ အားလုံးအတူတူထမင်းစားဖို့ဖိတ်ချင်သည်ဟုဆိုလာသည်။
ရှန်းချူးချူးသည် နားထောင်ပြီးနောက်မျက်မှောင် ကြုတ်ကာ နာမည်ကြီးကြယ်ပွင့်သည်အတော်နာမည်ကြီးပုံပင်။ ရုပ်ရှင်ရိုက်နေတာကြာပြီဖြစ်သော်လည်း သူမနှင့် တွဲရိုက်ရမည့် ယောက်ျားအား တစ်ခါမှမတွေ့ဖူးသေးသလို တဖက်လူက ဘယ်သူမှန်းမသိသေးချေ။ သူမ ဒါရိုက်တာထံ ခွင့်တောင်းပြီး အနားယူချင်သော်လည်း လူတိုင်း ထိုလူနှင့်တွေ့ချင်နေကြသဖြင့် လူအုပ်နောက် လိုက်ရုံသာတတ်နိုင်ခဲ့သည်။
သို့သော် သူ စားတဲ့နေရာကိုရောက်သွားတော့ နောက်ကျတဲ့လူကိုကြည့်ပြီး ရှန်းချူးချူး စိတ်ဝင်တစားရှိခဲ့သည်။ ထိုလူသည် Traffic Star ဖြစ်သည်မှာ အံ့သြစရာမရှိပေ။
သူမ စိတ်ဝင်စားသောအရာသည် ထုံးစံအတိုင်း သူ့မျက် နှာမဟုတ်ဘဲ အခြားတစ်ဖက်မှမသိရသောအိမ်ထောင် ရေးစနစ်ပင်။