အခန်း (၇၇)
Vol. 8 Ch. 77
ရှန်းချူးချူးနှင့် အခြားသူများသည် သီးသန့်ခန်းထဲတွင် အချိန်အတော်ကြာအောင်ရှိနေကြသော်လည်း အမျိုး သားတွဲဖက်သရုပ်ဆောင်မှုမူမရောက်လာသေးပေ။ အချိန်အတော်ကြာအောင်စောင့်ပြီး နောက်ဆုံးမှ ထိုလူသည် လူတိုင်း၏မျက်စိရှေ့မှောက်ရောက်ရှိလာသည်။
ရှန်းချူးချူးသည် တံခါးပွင့်လာပြီး အသားဖြူဖျော့ဖျော့၊ နှုတ်ခမ်းနီရဲရဲနှင့် မျက်နှာပေါ်နေကာမျက်မှန်တပ်ထားသည့် လူငယ်တစ်ဦးကိုတွေ့လိုက်ရသည်။ သို့သော် တစ်ဖက်လူမှာ ယောက်ျားလေးမှန်းကြိုမသိခဲ့ပါက၊ ရှန်းချူးချူးသည် ယောက်ျားလေးလို၀တ်စားထားသည့် မိန်းမတစ်ယောက်ဟုသာ ရှန်းချူးချူးထင်မိလိမ့်ည်။
"တောင်းပန်ပါတယ်၊ လေဆိပ်မှာပရိသတ်တွေက အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ကျွန်တော်တို့မထွက်လာခင် တစ်နာရီအလိုမှာယာဉ်ကြောပိတ်ဆို့နေခဲ့လို့ပါ။"
ချီယုဖေး သူ့မျက်နှာမှ နေကာမျက်မှန်ကိုဖယ်ရှားလိုက်သည်။
ဒါရိုက်တာက ပြုံးပြီး “စိတ်မပူပါနဲ့၊ အခုခေတ် ပရိသတ်တွေက အရမ်းစိတ်အားထက်သန်ကြတယ်ဆိုတာ ငါတို့ နားလည်ပါတယ်။ အားလုံးပဲ သူ့ကိုကြိုဆိုလိုက်ကြရ အောင်။"
"မင်္ဂလာပါ၊ အားလုံးပဲ ကျွန်တော်ကချီယုဖေးပါ၊ လူတိုင်းနဲ့တွေ့ခွင့်ရလို့ အရမ်းဝမ်းသာပါတယ် ရှေ့လျှောက် သင်ကြားပြသပေးကြပါဦး ကျေးဇူးတင်ပါတယ်။"
ထို့နောက် ချီယုဖေးသည် လူတိုင်းကိုလက်ဆွဲနုတ်ဆက်လိုက်သည်။ ရှန်းချူးချူးသည် သူမ၏အမြင်မှားယွင်းနေခြင်းပေလော ? သူမ နားမလည်သော်လည်း ချီယုဖေး သူမကို အထူးဂရုစိုက်နေသည်ဟု ခံစားရလေသည်။ ဥပမာအားဖြင့်၊ သူသည် သူမဘေး လွတ်နေသောထိုင်ခုံတွင် ခပ်မြန်မြန်ဝင်ထိုင်သည်။
ရှန်းချူးချူးသည် လက်ထောက်ဒါရိုက်တာ အိမ်သာမှပြန်လာသောအခါ ဤထိုင်ခုံတွင် တစ်စုံတစ်ယောက်ရှိနေကြောင်း သူ့ကိုသတိပေးတော့မည်အပြု လက်ထောက်ဒါရိုက်တာမှ
"ဒါ ဘာမှမဟုတ်ဘူး၊ မင်းတို့လူငယ်တွေ အတူတူထိုင်ကြ ငါ မင်းဘေးကထိုင်ခုံလွတ်ကို ယူလိုက်မယ်"
ချီယုဖေးက "တောင်းပန်ပါတယ်၊ ကျနော် သတိမထားမိလိုက်ဘူး။ ဒါအားလုံး ကျွန်တော့် အပြစ်ပဲ"
ရှန်းချူးချူးသည် ၎င်းကို တောင်းပန်နေစဉ်တွင် သူတွင် လုံးဝနေရာပြောင်းရန် ရည်ရွယ်ချက်မရှိကြောင်းသိလိုက် သည်။
ယခုလူစုံရောက်လာကြပြီဖြစ်ရာ စားပွဲထိုးသည် ညစာလာချတော့သည်။ ချီယုဖေးကပြုံးပြီး ထမင်းစားနေစဉ် ရှန်းချူးချူးအား "ချူးချူး၊ မင်း ရုပ်ရှင်တွေကို ငါ အရင်ကကြည့်ဖူးတယ်။ ကြည့်ရတာ အရမ်းပျော်ဖို့ကောင်းတယ်”
ရှန်းချူးချူးက "ကျေးဇူပါ၊ ရှင့်ရဲ့ဒရာမာတွေလည်း အရမ်းကောင်းပါတယ်"
“ကျွန်တော့်ရဲ့သရုပ်ဆောင်ချက်တွေက ယှဉ်လို့မရပါဘူး။ ဒါရိုက်တာချန်ဆို မင်းရဲ့သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးနေကြ၊ ငါက idol ဒရာမာတွေပဲ လုပ်နိုင်တာ"
ရှန်းချူးချူး အဆင်မပြေဖြစ်နေပြီဖြစ်သည်။ ဒီစကားတွေကိုကြားပြီး ချီယုဖေး၏သရုပ်ဆောင်စွမ်းရည်ကို တွေးရင်း သူမ မဆိုင်းမတွပြန်ဖြေလိုက်သည်။
"ရှင်က အရမ်းနှိမ့်ချလွန်းတယ်။ ရှင့်ရဲ့သရုပ်ဆောင်စွမ်းရည်တွေကလည်း အထင်ကြီးလောက်စရာပဲကို”
"တကယ် ? မင်း ငါ့ကို လိမ်နေတာတော့မဟုတ်ဘူးမှတ်လား ? ကျွန်တော် အမြဲတမ်းရုပ်ရှင်ရိုက်ချင်နေခဲ့တာ ဒါရိုက်တာချန်ကိုလည်း အရမ်းလေးစားတာ၊ ဒါရိုက်တာချန်နဲ့သာ ပရောဂျက်တစ်ခုခုမှာ အလုပ်တွဲလုပ်နိုင်ရင် အရမ်းကောင်းမှာပဲ။”
ရှန်းချူးချူးသည် ချီယုဖေး၏မှတ်ချက်တွင် တစ်ခုခုကို ခံစားမိသော်လည်း ထိုမေးခွန်းအတွက် သူမ မည်သို့တုံ့ပြန်ရမည် မသိသောကြောင့် သူမက “ဟုတ်တယ်၊ ရှင်လည်း အခွင့်အရေးရမှာပါ” ဟုသာ ပြန်ဖြေလိုက်သည်။
စားသောက်နေစဉ်တွင် ချီယုဖေးသည် သူမနှင့်လက် လှမ်းမမှီသော အစားအသောက်များယူပေးခြင်း လက် ထောက်ဒါရိုက်တာအား ဟင်းများဂရုတစိုက်ထည့်ပေးခဲ့သည်။ သူအတော်လေး ဂရုတစိုက်ရှိသဖြင့် လူတိုင်းသည် သူ၏လုံ့လဝီရိယကိုမြင်ပြီးနောက် သူ့အပေါ် အမြင်ကောင်းတွေရှိလာခဲ့ကြသည်။ ရှန်းချူးချူးသည် သူမမှလွဲ၍ အခန်းထဲရှိလူတိုင်း သူ့ကိုသဘောကျနေလိမ့်မည်ဟုတွေးမိသည်။ သူ Traffic Star ဖြစ်လာခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ သူ့၏ရုပ်ရည်ချောမောသည့် မျက်နှာလေးနှင့်ပင် လူတိုင်း သူ့အားစွဲလန်းစေနိုင်သည်။
သို့သော် ရှန်းချူးချူးသည် ထိုကဲ့သို့သောလူများကို အလွန်ဖော်ရွေလွန်းသည်ဟုထင်သောကြောင့် သူ(မ)မကြိုက်ပေ။
ချီယုဖေးသည် ရှန်းချူးချူးအား ဟိုတယ်သို့ပြန်မောင်းပို့ ပေးရန်ကမ်းလှမ်းခဲ့သည်။ ရှန်းချူးချူးသည် သူမဘေးတွင်ရပ်ထားသည့် Nanny ကားကို တစ်ချက်ကြည့်လိုက်ကာ ပြုံးပြီး “ငါ့ကားက ဒီမှာလေ၊ မနက်ဖြန်မှ ရိုက်ကွင်းမှာတွေ့မယ်"
ချီယုဖေး ပခုံးတွန့်လိုက်ပြီး "ရှက်သွားပြီ၊ မင်္ဂလာညချမ်းပါ အိပ်မက်လှလှမက်ပါစေ။"
ရှန်းချူးချူးသည် ကြက်သီးမွှေးညင်းများထလာသဖြင့် သူ့အားပြုံးပြလိုက်သည်။
ကားပေါ်ရောက်သည်နှင့်တပြိုင်နက် ရှန်းချူးချူး၏ မျက်နှာသည် မောပန်းနွမ်းနယ်နေသောနေ့တစ်နေ့ကို ပြုံးပြပြီးနောက် အဆုံးတွင်ပြေလျော့သွားသည်။
နောက်တစ်နေ့ သတ်မှတ်နေရာကိုရောက်ပြီးနောက် နံနက် ခင်းတွင် ရှန်းချူးချူးနှင့်ချီယုဖေးကြားရှိဇာတ်ဝင်ခန်းများကို ရိုက်ကူးရန်ရည်ရွယ်ခဲ့သော်လည်း အချိန်ကုန်သွားသည့်တိုင် ချီယုဖေးမှာပေါ်မလာခဲ့ပေ။ ဒါရိုက်တာသည် မန်နေဂျာအားအမြန်လုပ်လာရန် ညွှန်ကြားခဲ့သော် လည်း နာရီဝက်ကြာအောင်စောင့်ပြီးနောက် ချီယုဖေး သည် လက်ထောက်နှစ်ဦးနှင့်အတူ နောက်ဆုံးရောက်ရှိလာခဲ့သည်။
ဒါရိုက်တာ ဒါကိုမြင်တော့ မျက်မှောင်ကြုတ်သွားသည်။
"တောင်းပန်ပါတယ် ဒါရိုက်တာကြီး၊ ချူးချူးတောင်းပန်ပါတယ်။ မနေ့ညက ညဥ့်နက်တဲ့ထိဇာတ်ညွှန်းဖတ်နေမိလို့ အိပ်ယာထနောက်ကျသွားတယ်။ တကယ်တောင်းပန်ပါတယ်။ ကျနော် အားလုံးကို ကော်ဖီတိုက်ပါမယ်။"
ရှန်းချူးချူးသည် နံနက်အစောပိုင်း Weibo တွင် သူရေးတင်ခဲ့သည့်စာကို သတိရသောအခါတွင် သူမ၏နှလုံး ခုန်ရပ်မတပ်ပင်။ သူတကယ်ပဲ တမင်မလာခဲ့တာလား ဒါမှမဟုတ် ဒါ လုပ်ရပ်တစ်ခုပဲလားဟုတွေးနေမိသည်။
ရှန်းချူးချူးသည် အမှန်တရားကိုအမြန်ရှာဖွေတွေ့ရှိခဲ့သည်။
ဒါရိုက်တာမှ ချီယုဖေးသည်စိတ်ထားကောင်းပြီး ပထမဆုံးအကြိမ်မတော်တဆဟုထင်သည့်အတွက် သက် ပြင်းချပြီး “အခုချိန်ကစပြီး သတိထားတော့”
"ဟုတ်ကဲ့ပါ ဒါရိုက်တာကြီး၊ မနက်ဖြန် နောက်မကျစေရဘူးလို့ ကတိပေးတယ်။"
အားလုံး ချီယုဖေးရောက်ရှိလာသည်ကိုစောင့်မျှော်နေကြသဖြင့် သူရောက်လာသည်နဲ့ ရိုက်ကူးရေးစတင်ပြီဖြစ် သည်။
"ချူးချူး၊ ငါ့ကို ခွင့်လွှတ်ပါ"
ချီယုဖေးက အလွန်ချောမောစွာပြုံးလိုက်သည်။ ဘေးနားကဝန်ထမ်းများပင် တိတ်တဆိတ်နဲ့ သူ့အားချစ်ခင်ကြောင်းပြသကြသည်။ ဖျော်ဖြေရေးကဏ္ဍအနှံ့မှာ ပရိသတ်တွေရှိတယ်ဟုပင်ပြောနိုင်သည်။
ရှန်းချူးချူးသည် မည်သည့်အရာမှသက်ရောက်ခြင်းမရှိသဖြင့် ပြုံးပြီး "စိတ်မပူနဲ့၊ စလိုက်ကြရအောင်"
ရလဒ်အနေနဲ့ ရှန်းချူးချူးသည် ရုပ်ရှင်စရိုက်သည်နှင့် အတော်လေးစိတ်ပျက်သွားရသည်။ ချီယုဖေး၏ ညံ့ ဖျင်းသော သရုပ်ဆောင်စွမ်းရည်ကို သူမ သတိပြုမိ လိုက်သည်။ အရင် သူ ပါဝင်သရုပ်ဆောင်ထားသည့် idol ဒရာမာတွေကို သူ မြင်ဖူးပေမယ့် နှစ်အနည်းငယ်ကြာပြီးနောက် သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေ တိုးတက်မလာဘူးဖို့ သူ မမျှော်လင့်ထားပေ။ ရုပ်မြင်သံကြားကနေရှင်းရှင်းလင်းလင်းကြည့်နေရသလိုပင် သိသာလှသည်။
"သတိထားပါ မင်းသမီး၊ နန်းတော်အပြင်ဘက်က အရမ်းအန္တရာယ်များတဲ့အတွက် တစ်ယောက်တည်းသွားဖို့မသင့်တော်ပါဘူး။”
ရှန်းချူးချူး ချီယုဖေး၏ချဲ့ကားသောအမူအရာကို စိုက်ကြည့်ရင်း၊ 'နင် သရုပ်ဆောင်နေတာ မြို့စားလေးနော် မိန်းမစိုးမဟုတ်ဘူး၊ ဒီ့ထက် အသက်ဝင်အောင်မလုပ်နိုင် တော့ဘူးလား ?'
"ကဒ် !"
ရှန်းချူးချူးသည် ဒါရိုက်တာ၏ "ကဒ်" မှာ မည်မျှကြည် နူးဖွယ်ကောင်းသည်ကို ပထမဆုံးအကြိမ်ခံစားခဲ့ရသည်။
ဒါရိုက်တာသည် ချီယုဖေးကိုစိုက်ကြည့်ရင်း သူ့အဆင့်အ တန်းနဲ့ သူ့ Fandom ကိုသတိရပြီး လိမ္မာပါးနပ်စွာပြောလိုက်သည်။
"ယုဖေး၊ ခန္ဓာကိုယ်လှုပ်ရှားမှုနည်းရမယ် အလွန်အကျွံလှုပ်ရှားမှုတာကိုရှောင်၊ ဒါ့အပြင် မင်းသမီးလေးကို နူးနူးညံ့ညံ့ဆက်ဆံရမှာဆိုကေမယ့် ငယ်ရွယ်နုပျိုတဲ့ မြို့စားဆိုတဲ့ မင်းရဲ့ဂုဏ်ပုဒ်ကိုလည်း သတိရထားရမယ်။”
ချီယုဖေး နာခံစွာခေါင်းညိတ်ပြီး “ကောင်းပြီ ဒါရိုက်တာကြီး၊ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ နောက်တစ်ကြိမ်ကျ ပိုအာရုံစိုက်ပါ့မယ်။"
ဒါရိုက်တာနှင့်စကားပြောပြီးနောက် သူသည် ရှန်းချူးချူးဘက် မျက်နှာလှည့်ကာ "ချူးချူး၊ မင်း ငါနဲ့ ထပ်လုပ်ရတော့မှာပဲ တောင်းပန်ပါတယ်။ ဇာတ်ကားရဲ့ သရုပ် ဆောင်မှုစံနှုန်းတွေက ဒီလောက်တင်းကျပ်မယ်လို့မထင်ထားဘူး၊ နဲနဲပေါ့လျော့မိသွားတယ် နောက်တစ်ကြိမ်ကျ သေချာဂရုစိုက်ပါ့မယ်။"
ရှန်းချူးချူးက "စိတ်ပူစရာမလိုပါဘူး"
ဆယ်မိနစ်လောက်ကြာတော့ ထိုဇာတ်ဝင်ခန်းကိုပြန်ရိုက်ကြရသည်။
ယခုတစ်ကြိမ်မှာ ပိုကောင်းလာသော်လည်း ဒါရိုက်တာခမျာကင်မရာကိုစိုက်ကြည့်ရင်း ပြုံးပင်မပြနိုင်ခဲ့ချေ။ ယခုလို သရုပ်ဆောင်စွမ်းရည်သည် ဖျော်ဖြေရေးနယ် ပယ်ထဲ သုံးလေးနှစ်ကြာရိုက်ကူးလာခဲ့ သူတစ်ယောက်ပုံစံမျိုးတော့မဟုတ်ပေ။ ရုပ်ရှင်ကျောင်းမှ မကြာသေးမီကဘွဲ့ရရှိခဲ့သော ကလေးများသည်ပင် ၎င်းထက်သာလွန်အောင် သရုပ်ဆောင်လုပ်ဆောင်နိုင်ကြသည်။
သို့သော်လည်း ဇာတ်ကား၏အရည်အသွေးကိုထောက် ကာ ဒါရိုက်တာ “ကဒ်” ဟု ဆက်လက်အော်လာသည်။
ဒီတစ်ခါမှာတော့ ဒါရိုက်တာသည် ရှေ့သို့ရောက်လာပြီး စကားလုံးများနှင့် ကိုယ်နေဟန်ထားနဲ့ ဘယ်လိုပြောဆိုရမလဲဆိုသည်ကို သရုပ်ပြပေးခဲ့သည်။ ထိုစဉ် ချီယုဖေးနည်းနည်းအရှက်ရသလို ခံစားလိုက်ရသည်။ ထိုသို့သော အခြေခံဇာတ်ကွက်တစ်ခုကိုရိုက်ကူးရန် အချိန်အကြာကြီးယူရမည်ဟု သူ မသိခဲ့ပေ။ သူ Idol Drama ရိုက်စဉ် NG အများအပြားရှိသော်လည်း ၎င်းသည် စာသားမှားနေခြင်း၊ မှားယွင်းသောနေရာတွင် ရပ်နေမိခြင်း သို့မဟုတ် ကင်မရာအားပိတ်ဆို့မိခြင်းကြောင့်သာဖြစ်သည်။ ယခု ကဲ့သို့သောအသေးစိတ်အချက်အလက်များ သိရှိခဲ့ရခြင်း
မရှိချေ။
ချီယုဖေးသည် ခံစားချက်များရှုပ်ထွေးနေသော်လည်း ဒါရိုက်တာ၏ညွှန်ကြားချက်ကိုလက်ခံပြီး သရုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် တတိယအကြိမ်သည် ပထမအကြိမ်ထက်များစွာပိုကောင်းလာခဲ့သည်။ သို့သော် လိုချင်သည့် ရလဒ် မရသေးသဖြင့် သူတို့ ပြန်ရိုက်ကြရသည်။
ချီယုဖေးသည် စတုတ္ထမြောက်ရိုက်ချက်ပြီးဆုံးသွားသော အခါတွင် သူ၏စာသားများကို တကယ်မေ့သွားသဖြင့် နောက်တစ်ကြိမ် ထပ်ရိုက်လိုက်ရပြန်သည်။
ရှန်းချူးချူးသည် ယမန်နေ့ညက သူ မည်သည့်ဇာတ် ညွှန်းကိုဖတ်ခဲ့သလဲဆိုသည်ကို စဉ်းစားနေခဲ့သည်။ သူတို့ယခုမှစ အသံသွင်းနေခြင်းဖြစ်သော်လည်း ၎င်းကမူ စာသားတွေကို မေ့နေခဲ့ပြီဖြစ်သည်။
ချီယုဖေး၏သရုပ်ဆောင်စွမ်းရည်များ ညံ့ဖျင်းသော် လည်း သင်ယူမှုစွမ်းရည်မှာပါ ညံ့ဖျင်းသည့်အတွက် ရှန်းချူးချူးအံ့သြသွားခဲ့သည်။ အကယ်၍ အခြေအနေများ တူညီနေပါက ထို Drama သည်နှစ်နှစ်အတွင်းပြီးမြောက် မည်မဟုတ်ပေ။ ချီယုဖေးတွင် ဇာတ်ကွက်အနည်းငယ်သာရှိသော်လည်း အဆိုပါဇာတ်ဝင်ခန်းတိုင်းလိုလို သူမပါဝင်သည်။ သူမ ဘဝအလွန်ခက်ခဲနေချိန်တွင် ဤအရာက သူမကိုသေချာပေါက်သတ်ပစ်ပေလိမ့်မည်။
ရှန်းချူချူ၏ပင်ကိုယ်သိစိတ် ထင်ရှားလာသည်။နေ့ခင်း ဘက်တွင်ပင် ချီယုဖေးအကြိမ်ပေါင်းများစွာကျရှုံးခဲ့သည်။
ယနေ့ ရှန်းချူးချူးထံ ဇာတ်ကွက်အများကြီးမရှိသော် လည်း ပင်ပန်းနေခဲ့သည်။ ရုပ်ရှင်ရိုက်ကူးသူများလည်း ထပ်တူထပ်မျှပင်ပန်းခဲ့ကြသည်။ ယနေ့ လုပ်ဆောင်ရမည့်တာဝန်များမပြီးဆုံးခဲ့ချေ။
စကားသိပ်မပြောတတ်သော ဝမ်ချမ့်လို မိန်းကလေးငယ်လေးတောင်မှ ဒုတိယနေ့မှာ Nanny ကားဆီ ပြန်သွားတဲ့အခါ ရှန်းချူးချူးအား “သူ့ သရုပ်ဆောင်စွမ်းရည်က တကယ်စုတ်ပြတ်နေတာပဲ” ဟု ညည်းညူခဲ့သည်။
"မင်း စကားလုံး မှားသုံးခဲ့တယ်" ဟု ရှန်းချူးချူး ပြတ် ပြတ်သားသားပြန်ဖြေလိုက်သည်။ "တကယ်" ဆိုသည့်စကားလုံးတစ်လုံးတည်းနှင့် သူ့၏သရုပ်ဆောင်စွမ်းရည်ကို မည်သို့ကိုယ်စားပြုနိုင်မည်နည်း။ အနည်းဆုံး သုံးခုထည့်ရမည်။ သူ့ထံ Drama ရိုက်ကူးဖို့ ယုံကြည်မှုဘယ်ကရသလဲ သူ မသိပေ။”
“ပရိသတ်တွေ သူ့ကိုကြိုက်တာကြောင့်ဖြစ်နိုင်တယ်” ဟု ဝမ်ချမ့်က ပြန်လည်ဖြေကြားခဲ့သည်။
"အဖွဲ့ထဲကမိန်းကလေးတော်တော်များများ သူ့ကိုသဘော ကျကြတယ်၊ အပြင်မှာလည်း ပရိသတ်တွေအများကြီးရှိတာတွေ့ရတယ်။"
ရှန်းချူးချူး ခေါင်းညိတ်လိုက်ပြီး "ဒါ အဓိပ္ပာယ်ရှိတယ်"
ဒါရိုက်တာသည် ချီယုဖေး၏သရုပ်ဆောင်စွမ်းရည်နှင့်ပတ်သက်၍ အလွန်ရှင်းလင်းပြတ်သားစွာ စိတ်ကူးထားပြီးဖြစ်နိုင်သောကြောင့် NG အရေအတွက်သည် သုံးရက်မြောက်နေ့တွင် အမှန်တကယ်နည်းပါးသွားပြီး ရုပ်ရှင်ရိုက်ကူးမှုသည် အနည်းငယ်ပိုမြန်ဆန်လာသည်။
သို့သော်၊ ရှန်းချူးချူးသည် ဖြတ်တောက်ထားသော scene များသည် ဇာတ်လမ်းတစ်ခုလုံးအပေါ်အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုရှိမည်ဟု ခံစားမိသည်။ သူမသည် ဒါရိုက်တာနှင့် အမှန်တကယ် စကားပြောချင်သော်လည်း ချီယုဖေး၏သရုပ်ဆောင်မှုစွမ်းရည်ကို ထည့်သွင်းစဉ်းစားခြင်းက အဓိပ္ပာယ်မရှိဟု သူမ တွေးမိသော်လည်း ဒါရိုက်တာအား နားမလည်နိုင်ပေ။ အခြားတစ်ဖက်တွင် ချီယုဖေးသည် အနာဂတ်တွင် 'အလားအလာရှိသော Box Office' ဖြစ်လာမည့် အသွား အလာကိုကိုယ်စားပြုပြီး ၎င်းအား ရင်းနှီးမြှုပ်နှံသူများမှ ခေါ်ယူထားကြောင်းကြားသိရသောကြောင့် ၎င်းကိုသည်း ခံရမည်ဖြစ်သည်။
အံ့သြစရာကောင်းသည်မှာ ဒါရိုက်တာ၏ချဉ်းကပ်မှု သည် ချီယုဖေးအားယုံကြည်မှုတိုးစေသည်။
ရိုက်ကူးပြီးနောက်၊ ချီယုဖေးသည် ရှန်းချူးချူးနှင့် သီးသန့်စကားပြောဆိုရန် အဆိုပြုခဲ့သည်။
ရှန်းချူးချူးသည် ချစ်စရာကောင်းသော်လည်း မာန ထောင်လွှားနေသည့် ချီယုဖေးအား အပြုံးတစ်ဝက်ဖြင့် တုံ့ပြန်ခဲ့သဖြင့် ချီယုဖေးက
"ကျမတော့ သင့်တော်တယ်လို့ မထင်ဘူး ? အဖွဲ့လိုက်လုပ်ရတာ တစ်ခုခုအဆင်မပြေတာရှိရင် ကျမ မန်နေဂျာနဲ့ စကားပြောလို့ရပါတယ်။”
ချီယုဖေးသည် ရှန်းချူးချူးငြင်းပယ်ရန် မမျှော်လင့်ခဲ့ပေ။ သူ့လက်ရှိအနေအထားအရတော့ လုပ်ငန်းနယ်ပယ် အမျိုးသမီးတွဲဖက်သရုပ်ဆောင်တွေရှေ့ ရပ်တန့်လုနီးပါးဖြစ်နေပြီဖြစ်သည်။ အမျိုးသမီးအနုပညာရှင်များသည် သူ၏ကျော်ကြားမှုကိုအမြတ်ထုတ်ရန် ကြိုးပမ်းနေကြပြီး သူနှင့်ဆက်စပ်မိသူတိုင်းနီးပါး Hot Search တွင်ပေါ်လာ မည်ဖြစ်သည်။
“အလုပ်နဲ့ မဆိုင်ပါဘူး၊ လွန်ခဲ့တဲ့ရက်ပိုင်းအတွက်အားနာ လို့ပါ၊ အဲ့အတွက် ညစားဖိတ်ခေါ်ချင်တာပါ။ နားလည် ပေးခဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်။"
ရှန်းချူးချူး ပြုံးပြီး “မလိုပါဘူး၊ ဒါ ပုံမှန်ပါပဲ၊ အရင်ကလည်း ဒီလိုပဲ စီနီယာတွေကိုအကြွေးတင်ခဲ့တယ်။ စိတ်ထဲထားစရာမလိုပါဘူး။”
ရှန်းချချူး၏ ပြတ်သားသောအမူအရာကိုမြင်လိုက်ရ သောအခါ ချီယုဖေး မပြုံးဘဲမနေနိုင်ချေ။
"ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ကျေးဇူးတင်တြ့အေနနြ့ ကျွေးချင်တာမို့လို့၊ ဒီနေ့မအားရင် နောက်တစ်ခေါက်မှပေါ့"
ရှန်းချူးချူး သူ့အားကြည့်ကာ ခဏလောက်စဉ်းစားပြီး "မင်းမှာ ငါနဲ့စကားပြောချင်တဲ့ တခြားအကြောင်းပြချက်ရှိလား ?" ဟုမေးလိုက်သည်။
ချီယုဖေး ပါးစပ်ထောင့်မှာ ကွေးတတ်သွားပြီး "အဲ့ဒါက ကိစ္စကြီး မဟုတ်ပါဘူး။ ဒါရိုက်တာချန် နေကောင်းလားလို့မေးချင်ရုံပါ”
"အိုး..သူ နေကောင်းပါတယ်"
"အိုခေ ချူးချူး၊ မင်းလည်း မကြာသေးခင်က ငါ့ရဲ့တိုး တက်မှုတွေကို မင်း မြင်ပြီးလောက်ပါပြီ။ ငါ့ကိုယ်စား ဒါရိုက်တာချန်နဲ့ စကားပြောပေးလို့ရမလား" ဟု ချီယုဖေးစိတ်ချလက်ချမေးလိုက်သည်။
ရှန်းချူးချူး ချီယုဖေးကိုထိတ်လန့်စွာကြည့်လိုက်သည်။ ချီယုဖေးတွင် ထိုသို့သောအကြံအစည်ရှိမညဟု သူမ မသိခဲ့ပေ။ ထို့ပြင် မည်သူက သူ့အား ယခုလိုယုံကြည်မှု ပေးခဲ့သနည်း ?
သူမ၏ထိတ်လန့်တုန်လှုပ်ရာကနေ ပြန်လည်မကောင်း မွန်လာခင် ချီယုဖေးရဲ့ လက်ထောက်ကထပ်ပြောလာသည်။
"တကယ်တော့ တခြားဘာမှ ပြောစရာမလိုပါဘူး။ ထေးကောရဲ့နာမည်နဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ဒါရိုက် တာချန်ရဲ့ရုပ်ရှင်မှာ ပါဝင်ခွင့်ရမှာသေချာပါတယ်။”
ရှန်းချူးချူး ချီယုဖေး၏လက်ထောက်ကိုတစ်ချက်ကြည့်ကာ ဒီလက်ထောက်က ကွန်ဖီးဒန့်လယ်ပယ်ဆိုးဟိုက်နေရော ဟုတွေးလိုက်မိသည်။