အခန်း (၇၈)
Vol. 8 Ch. 78
"အင်း ငါ သေချာရွေးနိုင်တဲ့အတွက် ငါ့အဖေကို ဘာမှထပ်ပြောစရာမလိုတော့ဘူး"
ရှန်းချူးချူးသည် ချီယုဖေး၏ လက်ထောက်စကား၏မရေရာသော အဓိပ္ပါယ်ကို ဖမ်းဆုပ်လိုက်ပြီး အခွင့်အရေးကိုအရယူလိုက်သည်။
ချီယုဖေး သူ့ဘေးနားက လက်ထောက်ကိုတစ်ချက်ကြည့်လိုက်ပြီးပြုံးပြီးပြောလာသည်။
"ငါ ရွေးချယ်ခံရနိုင်တယ်လို့ ယုံကြည်ပေမယ့် ချူးချူးကသာ ဒါရိုက်တာချန်ရှေ့ စကားနည်းနည်းပြောပေးနိုင်ရင် ဒါက အာမခံချက်မရှိတာမျိုးမဟုတ်ဘူးလေ။"
ရှန်းချူးချူး ဒီလိုမျိုး တစ်ခါမှမလုပ်ဖူးသလို နောင်လည်း ဒီလိုလုပ်ဖို့ရည်ရွယ်ချက်မရှိဘူး။ တစ်ဖက်လူက သရုပ်ဆောင်ကောင်းပြီး ပုလဲက ဖုန်တွေတက်နေတယ်ဆိုရင်တော့၊ ဒါပေမယ့် အရည်အချင်းမရှိသလို အလုပ်မကြိုးစားတဲ့ ချီယုဖေးလိုလူကိုတော့ မေ့လိုက်ပါ။
"တောင်းပန်ပါတယ်၊ ငါတို့အားလုံးသိထားတဲ့အတိုင်းပဲ၊ ဒါရိုက်တာချန်က မှန်ကန်တဲ့လူပါ၊ သူ အဲ့လိုဟာမျိုးဘယ် တော့မှလက်ခံမှာမဟုတ်ဘူး။ ငါ အဲ့လိုလုပ်ရင် ငါ သူ့ကို ဆန့်ကျင်သလိုဖြစ်သွားနိုင်တယ်။"
ရှန်းချူးချူးက မျက်မှောင်ကြုတ်ကာ ဖြောင့်မတ်စွာ ပြောလိုက်သည်။
ချီယုဖေးသည် ရှန်းချူးချူးထံမှအကြိမ်ကြိမ်ငြင်းဆိုခံခဲ့ရသဖြင့် သူ့စိတ်က သိပ်အဆင်မပြေလှပေ။ ရိုးရိုးသားသားပြောရလျှင် ရှန်းချူးချူး၏ဂုဏ်သတင်းသည် သူ့နိမ့်ချမှုနှင့်ပင် မထိုက်တန်ပေ။ ရှန်းချူးချူးနှင့်ချန်းသောင်တို့၏ဆက်ဆံရေးကြောင့်သာမဟုတ်ပါက သူမအပေါ် ယခုလောက်ကြာအောင် သည်းခံနိုင်မည်မဟုတ်ချေ။
"ဒါပေါ့ ချူးချူး၊ ငါတို့အနုပညာအသိုင်းအဝိုင်းမှာ ဘယ် လိုအခြေအနေတွေရှိလဲဆိုတာ လူတိုင်းသိပါတယ်။ မင်းက အဓိကလူမဟုတ်ဘူး... ဟေး၊ မင်း လိုအပ်ချက်တွေရှိရင် မင်း ငါ့ကိုပြောလို့ရတယ်၊ ငါတို့လိုချင်တာကို ယူကြတာပေါ့" ချီယုဖေး ခဏလောက်စဉ်းစားပြီး အရမ်းဖြောင့်မတ်သယောင်ပြောလိုက်သည်။
ရှန်းချူးချူးသည် ချီယုဖေး၏ဆိုလိုရင်းကို ကြားလိုက်ရပြီးနောက် သူ့မျက်နှာအေးစက်သွားသည်။ ဟန်ရှင်းယန်၊ ချန်းသောင်နှင့် အခြားသူများ၏အကူအညီအပါအဝင် ဤခြေလှမ်းသည် သူမ၏ကိုယ်ပိုင်ကြိုးစားအားထုတ်မှု၏ရလဒ်မဟုတ်ကြောင်း သူမ ဝန်ခံပါသည်။ သို့သော်၊ ချီယုဖေးသည် သာမန်လမ်းညွှန်မှုအပေါ်အခြေခံထား သည်ဟု ယူဆသော်လည်း အတိအကျမဟုတ်ပေ။ သူတို့ နှစ်ယောက်မှာ အရေးကြီးတဲ့ကွဲပြားခြားနားမှုတွေရှိနေသေးဆဲပင်။
"တောင်းပန်ပါတယ် ရှင့်ကို ကူညီဖို့နေရာမရှိဘူး ကျေးဇူး ပါ"
ထို့နောက် ရှန်းချူးချူးသည် ပြန်မလှည့်ဘဲထွက်သွားလိုက်သည်။ သူပြောတာကိုကြားပြီးနောက် အရုပ်ဆိုးလွန်းသဖြင့် သူမ အတွက်ဆက်နားထောင်ဖို့ရာအဓိပ္ပါယ်မရှိချေ။
ချီယုဖေးသည် ရှန်းချူးချူးနောက်ကျောကိုကြည့်လိုက်ရာ သူ့မျက်နှာအလွန်ကြည့်ကောင်းနေပုံမရပေ။
နောက်တနေ့မနက်မှာတော့ ချီယုဖေးသည်လူတွေကိုဆန့် ကျင်တိုင်းကစားချင်နေသည်ဟုတွေးမိသည်။ ရှန်းချူးချူး နံနက်စောစောထပြီးနောက်တွင် စိတ်အခြေအနေမကောင်းဖြစ်နေသည်။ ရလဒ်အနေနဲ့ သူမ စတူဒီယိုကိုရောက်ပြီးတဲ့နောက်မှာတော့ ချီယုဖေးသည်အခမ်းအနားမှာပါဝင်ဖို့ အဖွဲ့သားတွေရှိရာထွက်ခွာသွားကြောင်းသိရှိခဲ့ရသည်။ ရှန်းချူးချူးတွေးလိုက်ကတော့ သူ အခုထိဇာတ်ကားမရိုက်ရသေးဘူးမဟုတ်လား သွားလိုက်ပြီလား ??
အမှန်ပဲ ဒါရိုက်တာ၏မျက်နှာက သိပ်ကြည့်ကောင်းနေတာမဟုတ်ပေ။ ချူးချူးရောက်လာသည်ကိုမြင်လျှင် ချီယုဖေး၏နေရာရှိ တခြားယောင်္ကျားတစ်ဦးအားလက် ညှိုးထိုးပြပြီး
"ချူးချူး၊ မင်း ဒီနေ့ သူ့နဲ့ရိုက်ရမယ်"
ရှန်းချူးချူးက ခေါင်းကိုလှည့်ပြီး သူ့ရှေ့ကလူကိုကြည့်လိုက်သည်။ ပထမအကြည့်တစ်ချက်မှာတင် သူသည် ချီယုဖေးနဲ့ တကယ်တူတယ် ဒီလူကို ချီယုဖေးရဲ့နေရာမှာ အစားထိုးတော့မှာလား ? ဒီဇာတ်ကားကို အချိန်အတော်ကြာရိုက်ကူးခဲ့ပြီးနောက် ပထမဆုံးအကြိမ် အစားထိုး သရုပ်ဆောင်တစ်ဦးကို မြင်တွေ့ခဲ့ရခြင်းပင်။
ရိုက်ကွက်များအပြင် အချို့သောခက်ခဲသည့် အက်ရှင်သရုပ်ဆောင်များသည် ပြီးပြည့်စုံအောင် မလုပ်ဆောင်နိုင်ဘဲ အစားထိုးများအသုံးပြုရမည်ဖြစ်ပြီး အများအား ဖြင့် အမှန်တကယ်အသုံးပြုမည်မဟုတ်ပေ။ ပိုက်ဆံယူ ထားပါက တစ်ခုခုတော့လုပ်ရမည်။
စိတ်ထဲတွေးစရာအများကြီးရှိသော်လည်း ဒါရိုက်တာက သူနှင့် ဓာတ်ပုံတွဲရိုက်ရရမည်ဟုပြောလာသည်။
တစ်ရက်ကြာပြီးနောက်၊ ရှန်းချူးချူးသည် ချီယုဖေးနှင့် ဓာတ်ပုံရိုက်ခြင်းထက် ပိုမိုလွယ်ကူကြောင်းခံစားခဲ့ရသည်။ အနည်းဆုံးတော့ ဒီလူသည် မေးခွန်းတွေရံဖန်ရံခါ မေးဖို့လာမှာ မဟုတ်သလို အပြုံးနဲ့ သူ့အား "အလွှတ်" ပေးမည်မဟုတ်ပေ။ ဒါ့ပြင် ဒီသရုပ်ဆောင်ချက်များ သည် ချီယုဖေးထက် ပိုကောင်းသည်ဟုဝန်ခံရမည်။
ထို့အပြင် ချိုက်ကျဲ၏အိမ်ထောင်ရေးပြဿနာပြေလည်သွားပြီးနောက်၊ အိမ်ထောင်ရေးစနစ်၏အိမ်ထောင်ရေးတန်ဖိုးသည် နောက်ဆုံးတွင်ယနေ့ညနေတွင်ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် ယနေ့ ရှန်းချူးချူး၏စိတ်အခြေ အနေအထူးကောင်းမွန်နေခဲ့သည်။
ညနေပိုင်းတွင် ချန်းရှီလီသည် ရှန်းချူးချူးထံသို့ဖုန်းခေါ်ခဲ့သည်။
"ချူးချူး၊ N&W ရဲ့အဓိကကာဗာ ခြောက်ခုထဲက တစ်ခုက မင်းအတွက်ပဲ၊ ဂုဏ်ယူပါတယ် မင်း ဖက်ရှင်စက်ဝိုင်းထဲ ဝင်သွားပြီ။"
ရှန်းချူးချူး အံ့အားသင့်စွာဖြင့် "N&W က ကျမကို တကယ်ဖိတ်လာတာလား ? ချန်းကျဲ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
ချန်းရှီလီသည် ရှန်းချူးချူး၏စကားကို နားထောင်လိုက်သော်လည်း သူမသည် အနည်းငယ်ပဟေဠိဖြစ်နေသည်။
"မင်းကို ဘယ်သူ ညွှန်းပေးလိုက်မှန်း ငါ မသိပါဘူး၊ မင်း နဲ့ပြောပြီးသားလို့ထင်နေတာ"
"အာ ဒါဆို ဘယ်သူပါလိမ့် ?"
ရှန်းချူးချူး အံဩသဖြင့်မေးလိုက်မိသည်၊ မကြာသေးမီ သူမအား မျက်နှာဖုံးအတွက် ကူညီပေးမည်ဟု မည်သူမှမပြောခဲ့ပေ။ ဟန်ရှင်းယန်လား ? မဖြစ်နိုင်ဘူး၊ သူလုပ် နေကြပုံစံနဲ့ မတူဘူး။
မကြာခင်မှာပဲ ချန်းရှီလီက "ချန်းရှန့်ကန်းရဲ့ အေးဂျင့်ချိုက်ကျဲက မင်းကိုအကြံပြုလိုက်တာတဲ့၊ အဖွဲ့သားတွေနဲ့ ဆက်ဆံရေးကောင်းတဲ့ပုံပဲ၊ အရင်းအမြစ်ကောင်းတွေ့တာနဲ့ မင်းကို စဉ်းစားမိကြတယ်။ ပြီးတော့ မင်းရဲ့ကာဗာကရှန့်ကန်းနဲ့လည်း အတူတူပဲ၊ အတူတူရိုက်ရမှာ"
ချိုက်ကျဲ သူ့ကိုကူညီပေးကြောင်း ရှန်းချူးချူးကြားသောအခါတွင် ချိုက်ကျဲ သူမကိုကျေးဇူးတုံ့ပြန်သည့်သဘောနှင့်လုပ်ပေးမှန်း နားလည်သွားသည်။ သူမ၏ ယခင်အကူအညီကြောင့် သူမအား ဤနည်းဖြင့်ပြန်ပေးဆပ်ခဲ့သည်။ ဤနည်းအားဖြင့် ရှန်းချူးချူးသည် အခြားသူများ၏အိမ်ထောင်ရေးပြဿနာကို ကူညီဖြေရှင်းပေးခြင်းသည် အလွန်အဓိပ္ပာယ်ရှိသည်ဟုခံစားလိုက်ရသည်။
"အင်း၊ သူတို့နဲ့ အချိန်အကြာကြီးအတူရှိခဲ့လို့ဖြစ်ပါလိမ့်မယ်။"
ချန်းရှီလီက "ကောင်းပြီ၊ သရုပ်ဆောင်ကောင်းဖို့ အရင်း အမြစ်လည်းအဓိကပဲ၊ အဲ့ကိစ္စကိုအနုပညာအသိုင်းအ ဝိုင်းထဲ အသံထွက်နေတယ်။ ဒါပေမယ့် အတိုင်းအတာတစ်ခုထိအာရုံစိုက်ကြည့်တာတော့ ကောလာဟလတွေ တော့မရှိဘူး။"
ရှန်းချူးချူးသည် ချန်းရှီလီ၏စကားကိုကြားပြီး သူမနားလည်မှုလွဲသွားသည်ကိုသိလိုက်သည်။ ချန်းရှီလီသည် သူမ၏အရင်းအမြစ်များကို ချန်းရှန့်ကန်းထံမှရယူခဲ့သည်ဟု ထင်ကောင်းထင်နိုင်သည်။ သို့သော်လည်း ချန်းရှန့်ကန်းကို အားမကိုးဘဲ ချန်းရှန့်ကန်း၏အေးဂျင့်ကို အားကိုးသည်။ သို့သော် ချိုက်ကျဲ၏ကိုယ်ရေးကိုယ်တာကိစ္စများအတွက် သူမ အခြားသူများကိုရှင်းပြချင်မည်မဟုတ်ပေ။
နောက်နေ့ ချိုက်ကျဲကိုတွေ့တော့ ရှန်းချူးချူးပြုံးပြီး "ချိုက်ကျဲ ကျေးဇူးတင်ပါတယ်၊ N&W က ဖိတ်စာရထားတယ်"
မစ္စချိုက်က ပြုံးပြီးပြောလာသည်။ "အဲဒါက မင်းရဲ့သွင်ပြင်က မဂ္ဂဇင်းနဲ့ပိုလိုက်လျောညီထွေဖြစ်လို့လေ မဂ္ဂဇင်းက မင်းကိုကြည့်ပါလိမ့်မယ်။ သူတို့ မဂ္ဂဇင်းနဲ့မလိုက်ရင် ငါ အကြံပေးရင်တောင် အသုံးမဝင်ဘူး"
ချိုက်ကျဲ ထိုသို့လိုပြောပေမယ့် ရှန်းချူးချူး အရမ်းကျေးဇူးတင်နေတုန်းပင်။ ချိုက်ကျဲ အကြံပြုချက်မရှိပါက သူမ ဘယ်သူဆိုတာ မဂ္ဂဇင်းတိုက်ကမည်သို့သိနိုင်မည်နည်း။
နှစ်ရက်အကြာ ချီယုဖေးပြန်ရောက်လာသည်။ ရှန်းချူးချူးသည် ချီယုဖေးချက်ခြင်းရုပ်ရှင်ရိုက်လိမ့်မည်ဟုတွေးထားပြီး သူမ အသင့်ဖြစ်နေပြီဖြစ်သည်။ ရလဒ်အ နေနဲ့ သူစတူဒီယိုကိုရောက်ပြီးနောက်မှာ သူသိပ်အဆင်မပြေဘူးဟု ဒါရိုက်တာကိုပြောပြီး နောက်ထပ်ရက်အနည်း ငယ်ကြာသွားခဲ့သည်။ ဒါရိုက်တာ၏လေသံကိုကြားပြီး ကိုယ်ချင်းစာမိသည်။
"ဒီကိုယ်စားက အရမ်းကောင်းတယ်လို့ထင်တယ်၊ ဒါက မင်းအတွက် အလုပ်တာဝန်ကိုလျှော့ချလိုက်တာနဲ့ ပိုမြန်လာနိုင်တယ်"
ဒါရိုက်တာသည် ချီယုဖေး၏အကြည့်ကိုကြည့်ပြီး ကျိန် ဆဲချင်နေသော်လည်း ပြောမထွက်ချေ။ မင်း သရုပ် ဆောင်ဖို့ကိုယ်စားကိုသုံးမယ်ဆိုတော့ သရုပ်ဆောင်တစ် ယောက်အနေနဲ့ မင်းကဘာလုပ်မှာလဲ ? မင်းကိုယ် မင်းအစားထိုးသရုပ်ဆောင်အဖြစ်အစားထိုးတော့မလို့လား ?
သို့သော် ချီယုဖေးအားကိုယ်စားပြုသော ရန်ပုံငွေများကို သူ စဉ်းစားမိသောကြောင့် သူ သည်းခံခဲ့သည်။ သို့သော်၊ ထိုကဲ့သို့သော "ထူးခြားသော" အသွားအလာကြယ်ပွင့်များကို သူ၏အဖွဲ့သားများထဲ ဘယ်သောအခါမှပေါ်လာခွင့်မပြုဟု သူ့ကိုယ်သူ သူ့စိတ်ထဲပြောနေခဲ့သည်။ သူသည် နုံအလွန်းပြီး ရုပ်ရှင်ရိုက်သည့်အတွေ့အကြုံလည်း နည်းလွန်းသည်။ ဒီလောက်ကြီးကျယ်တဲ့ Traffic Star မျိုး တစ်ခါမှမကြုံဖူးဘူး။
ရှန်းချူးချူးသည် ချီယုဖေး ရိုက်ကူးရေးအာရုံစိုက်လိမ့်မည်ဟု တွေးထင်ခဲ့သည်။
မမျှော်လင့်ထားတဲ့အရာကတော့ သူမရဲ့ကိုယ်ပိုင်ဇာတ်ဝင်ခန်းရိုက်ကူးပြီး ထွက်ခွာခါနီးမှာ ချီယုဖေး၏ရပ်တန့်ခြင်းကိုခံခဲ့ရသည်။
"ချူးချူး၊ အရင်ကကိစ္စတွေအတွက် မင်းကို တောင်းပန်ပါတယ်။ ငါ မင်းကို အရမ်းကြိုက်ခဲ့တာကြောင့်ဖြစ်နိုင်တယ်၊ ဒါကြောင့် ငါ မင်းနဲ့တွေ့ရင် စိတ်လှုပ်ရှားနေတာကို ငါ မထိန်းနိုင်ခဲ့ဘူး"
သူ့ကိုကြိုက်တာ ? လွန်ခဲ့သည့်ရက်ပိုင်းအနည်းငယ်က သူမအား မျက်လုံးထဲမထည့်ဘဲ ရုတ်တရတ် ယနေ့တွင် သဘောကျကြောင်းပြောလာခဲ့သည်။ သူ့(မ)ကို အရူးလို့ ထင်နေတာလား ??
ရှန်းချူးချူးသည် ရှက်ရွံ့နေသောချီယုဖေးကိုကြည့်ကာ သူ့ သရုပ်ဆောင်စွမ်းရည် များစွာတိုးတက်လာသည်ဟု ခံစားမိသည်။ ဒီအတွေးတွေကို ရိုက်ကူးရေးမှာထားနိုင်ရင် လူတိုင်းပြောခဲ့သလို စုတ်ပြတ်နေတဲ့သရုပ်ဆောင်ချက်နဲ့ကြယ်ပွင့်ဖြစ်လာမည် မဟုတ်ဘူးဟုယုံကြည်မိ သည်။
ချီယုဖေး၏မျှော်လင့်နေသော အမူအရာကိုကြည့်ရင်း၊ ရှန်းချူးချူး အချိန်အတော်ကြာ အံ့အားသင့်သွားပြီး "တောင်းပန်စရာမလိုပါဘူး။"
ချီယုဖေးက ပြုံးပြီး "ညဘက်အတူတူ ထမင်းစားကြတာပေါ့၊ ပြီးခဲ့တဲ့ရက်ပိုင်းက အစားထိုးနဲ့ရုပ်ရှင်တစ်ကားရိုက်ဖို့ အရမ်းခက်ခဲခဲ့မှာပဲ၊ အခု အတူတူသွားဖို့အချိန်ရောက်ပြီ"
工具: ချူး "ကျမ မသွားပါဘူး၊ ဇာတ်ညွှန်းသွားဖတ်ရမယ်"
ချီယုဖေး ရှန်းချူးချူး၏သဘောထားကိုမြင်ပြီး "ချူးချူး၊ မင်း ပွဲဦးထွက်တုန်းက မင်းကို ငါတကယ် အာရုံ စိုက်ခဲ့တာ၊ Han Group အတွက် မင်းရိုက်ထားတဲ့ နားကပ်တွေက အရမ်းကြည့်ကောင်းတယ်၊ ငါ မင်းအတွက်ဝယ်လာခဲ့သေးတယ်။ လှပတဲ့လက်ဝတ်ရတနာတွေက လှပတဲ့သူတစ်ယောက်နဲ့ပဲ ထိုက်တန်တယ်။"
အိတ်ကပ်ထဲမှ သေတ္တာတစ်ဘူးထုတ်ယူလိုက်သည်။
ရှန်းချူးချူး ငုံ့ကြည့်ပြီး "ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီပုံစံက Han Group က ကျမကိုနည်းနည်းပါးပါးပို့ထားပေးပြီးသားပါ၊ ရှင် ပိုက်ဆံပေးခဲ့ရမှာပေါ့"
"ကြည့်ရတာ မင်း မကြိုက်ဘူးထင်တယ်၊ မင်းကြိုက်တာရှိရင် ငါ့ကို တိုက်ရိုက်ပြောလေ"
ရှန်းချူးချူး မျက်မှောင်ကြုတ်ကာ ခေါင်းထက်အနီရောင်အသဲပုံရှိသော ချီယုဖေးကိုကြည့်လိုက်သည်။
"ဒီလှည့်ကွက်က ကျမအတွက် အသုံးမဝင်ဘူး။ ရှင့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကိုမြှင့်တင်မှရမယ်။ ဒါရိုက်တာကိုရှာတာပိုကောင်းတယ်။ ကျမကိုရှာတာက အသုံးမဝင်ဘူး။ ကျမ အရင်ပြန်နှင့်မယ်။"
ချီယုဖေး သူ့စိတ်အချဉ်ပေါက်သွားပြီး ရပ်တန့်လိုက်သည်။
"ချူးချူး၊ မင်း ဘာကိုဆိုလိုတာလဲ၊ ဟုတ်တယ် ငါက ဒီလိုလူပဲ၊ တကယ်တော့ မင်းမစဉ်းစားမိဘူးလား ငါတို့က ရုပ်ရှင်ထဲမှာဆို လူသစ်တွေပဲလေ၊ Traffic ဖြစ်လာပြီးအတင်းအဖျင်းပြောတာကတဆင့် ငါတို့ကို ပိုအာရုံစိုက်လာကြလိမ့်မယ်။ မင်း အဲ့ဒါ မတွေးကြည့်မိဘူးလား။"
သူ၏စိတ်ရှည် သည်းခ့နိုင်မှုကုန်ဆုံးခါနီးဖြစ်ကြောင်း သတိပေးသည်ဟု ရှန်းချူးချူးခံစားလိုက်ရသည်။ ချီယုဖေးကို လှည့်ကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး၊ တွက်ချက်ဖို့လူရှာချင်ရင်တောင် အိမ်ထောင်ရှိတဲ့ယောက်ျားကိုတော့ နိုးပါ"
"ချူးချူး၊ မင်း..."
ချီယုဖေး မျက်နှာမှာပြုံးနေသော်လည်း ရျန်းချူးချူးပြောသည်ကိုကြားပြီးနောက် သူ့အပြုံးများအေးခဲသွားသည်။ သူ ဘေးပတ်ပတ်လည်ကိုလှမ်းကြည့်ကာ
"ရှန်းချူးချူး၊ မင်းက ဘာလဲ ? မင်း နာမည်မကြီးချင်ရင်တောင် အဲ့လိုမှန်းဆပြီး ခုလိုပြောစရာမလိုဘူး။ ဒီနှစ် ထဲမှ ငါ့အသက်က ၂၃ နှစ်ပဲရှိသေးတယ်၊ ငါ့မှာ ဘယ်လိုလုပ်မိန်းမရှိမှာလဲ။ နောက်ထပ်နှစ်အနည်းငယ်ကြာအောင် အချစ်အကြောင်းတွေပြောပြီးအေးဆေးနေချင်သေးတယ်။”
"ဒါဆို၊ ရှင့်ရဲ့ ငါးနှစ်အရွယ်သားက ဘယ်ကရောက်လာတာလဲ ?"
အစကမူ ကြက်ကန်းဆန်အိုးတိုးသည်ဆိုသော်ငြား ယခုမူ သေချာနေပြီဖြစ်ပြီး ရှန်းချူးချူးသည် သူ့ရဲ့အတွင်းဇာတ်လမ်းကိုသိထားခြင်းပင်။ ရှန်းချူးချူး ဘယ်က သတင်းရထားမှန်းမသိသော်လည်း ရှန်းချူးချူး၏ အမူ အရာမှတဆင့် သူမ အားလုံးကိုသိသည်ဟုဆိုနိုင်သည်။
ချီယုဖေး ထိုသည်ကိုတွေးရင်း အေးစက်သောချွေးတစ်လွှာထွက်ပေါ်လာရသည်။ သူ ရှန်းချူးချူးထံလျင်မြန်စွာ ချဉ်းကပ်ကာ သူမအား မှုန်ကုပ်ကုပ်ဖြင့်ကြည့်ကာ သူမလက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်ပြီး "ရှန်းချူးချူး၊ မင်း အဲ့တာ ဘယ်ကကြားလာတာလဲ ?"
ရှန်းချူးချူး ခြံနောက်ဘက်တွင် ချီယုဖေးနှင့် စကားရပ်ပြောမိသည့်အတွက်နောင်တရမိသည်။ ယခုအခါဝမ်ချမ့် အနားတွင်မရှိသည်ဖြစ်ရာ သူ(မ)သည် ထိုမျှလောက်မဆင်မခြင် မဖြစ်သင့်ပေ။
"ဘယ်က ကြားလာတယ်ထင်လဲ ? ဘာလဲ ရှာတွေ့သွားမှာအရမ်းကြောက်နေတာလား ?"
"မင်း..." ချီယုဖေးက ထိုစာကြောင်းကိုပြောပြီးသည်နှင့် နှောင့်ယှက်ခံလိုက်ရသည်။
"မင်း ဘာလုပ်နေတာလဲ ?!"
အနည်းငယ် ဒေါသထွက်နေသောအသံဖြင့်မေးလာပြီးနောက် ချီယုဖေး မျက်နှာကိုလက်သီးနှင့်မိတ်ဆက်ပေး လိုက်သည်။