အခန်း (၉၀)
Vol. 9 Ch. 90
ဟန်ရှင်းယန်သည် သူ့ချစ်သူကို မြင်ပြီးနောက် သူ့မျက်နှာသည် ချက်ချင်းပင်ပြောင်းလဲသွားသည်။ သူ အလျင်အ မြန်လျှောက်လာပြီး သူ့လက်ကိုကိုင်ကာ
"ဘာလို့ နောက်ကျမှပြန်လာတာလဲ၊ မနက် လေယာဉ်နဲ့ ပြန်လာမှာမဟုတ်ဖူးလား ?"
"အစက မနက်ဖြန် လက်မှတ်ဖြတ်ထားတာ၊ ဖြစ်ချင် တော့ ဒီနေ့ပြီးသွားလို့လေ၊ အဲ့ဒါကြောင့်ပြောင်းလိုက်တာ"
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ဆံပင်ကိုညင်သာစွာထိလိုက်သည်။
"အရမ်းနောက်ကျမှပြန်လာတာ ကိုယ့်ကိုလည်းဘာမှပြန်မပြောဘူး အန္တရာယ်များလွန်းတယ် နောက်အဲ့လိုမလုပ်နဲ့။"
ရှန်းချူးချူးသည် ကျန်းထန့်ဘေးတွင် ရပ်နေသေးသောကြောင့် ဟန်ရှင်းယန်အားပြုံးပြီး ကျန်းထန့်ကို လှည့်ကြည့်ကာ "မတွေ့ရတာ ကြာပြီ"
"မရီး နေကောင်းတယ်နော်"
ကျန်းထန့်က သူလက်ထပ်တော့မည်ဟုပြောပြီးကတည်း ကပထမဆုံးအကြိမ်အနေဖြင့် သူ့ဝမ်းကွဲပြုံးသည်ကို တွေ့လိုက်ရသည်။
ရှန်းချူးချူး နားထောင်လိုက်ပြီး မျက်နှာနီသွားကာ "အဲ့လို မခေါ်နဲ့"
ကျန်းထန့် သူ့ဝမ်းကွဲကိုကြည့်လိုက်ရာ သူ့ဝမ်းကွဲထံမည်သည့်တုံ့ပြန်မှုမှ မရှိတော့သည်ကိုတွေ့လိုက်ရသည်။ သူက ဆက်ပြောလိုက်သည်။
"အင်း၊ အခု မခေါ်လည်း နောက်ခေါ်ရမှာပဲလေ၊ ဟုတ်တယ်နော် ပြောင်ကော (ဝမ်းကွဲ)"
"မင်း စကားအရမ်းများတယ် အရင်ပြန်လိုက်တော့"
ဟန်ရှင်းယန်က စိတ်ကောင်းဝင်နေသော်လည်း သူ့ပြောင်တိ (ညီဝမ်းကွဲ)အား ရက်စက်စွာ အမိန့်ပေးနေတုန်းပင်။
"မဟုတ်ဘူး မရီးနဲ့ စကားကောင်းကောင်း မပြောဖြစ်တာကြာပြီ။ ခဏလောက်ဝင်ထိုင်ရင်လည်း မဆိုးပါဘူး။"
ရှန်းချူးချူးသည် ကျန်းထန့်၏စကားကို နားထောင်ပြီး ကျန်းထန့်ကလေးကိစ္စအား သူ့စိတ်ထဲသံသယအချို့ရှိနေသည်။ ထို့ကြောင့် ဟန်ရှင်းယန် စကားမပြောခင်
"ဟုတ်တယ်၊ ကျန်းထန့်နဲ့ စကားမပြောရတာကြာပြီ၊ အတူတူဝင်ကြလေ၊ အပြင်မှာ ရပ်မနေနဲ့"
ကျန်းထန့် ဒါကိုနားထောင်ပြီး ကျေးဇူးတင်စွာစိုက်ကြည့်လိုက်သည်။
ရှန်းချူးချူးအားစောင့်ဆိုင်းပြီးနောက် ဟန်ရှင်းယန်သည် အလုပ်နှင့်မအားမလပ်ဖြစ်နေသောကြောင့် စာကြည့်ခန်းထဲဝင်သွားခဲ့သည်။
ဧည့်ခန်းထဲ ချူးချူးနှင့် ကျန်းထန့်သာကျန်ရှိတော့သည်။ ရှန်းချူးချူးသည် ဤအချိန် တကယ်ကောင်းသည်ဟု ခံစားမိသည်။ အချို့သောမေးခွန်းများအား သူမ ဟန်ရှင်းယန်ကိုမေးမြန်းရန်မလိုတော့ပေ။
ကျန်းထန့်အား ရေတစ်ခွက်ထည့်ပေးပြီးနောက် ရှန်းချူးချူး သူနှင့် စကားအနည်းငယ်ပြောလိုက်သည်။
"မင်းလက်ထပ်တော့မယ်လို့ မင်း ဝမ်းကွဲပြောတာကြားတယ်၊ မင်္ဂလာဆောင်မယ့်ရက်က ဘယ်တော့လဲ"
ကျန်းထန့် ထိုအကြောင်းအရာကို နားထောင်လိုက်တဲ့အခါ သူ့မျက်နှာကတင်းမာနေပြီး ဝမ်းနည်းပုံပေါ်လာခဲ့သည်။
"ဟုတ်တယ်၊ မြန်မြန်လက်ထပ်မှာ ဒီလမဟုတ်ရင် နောက်လထဲပဲ"
ရှန်းချူးချူးသည် ကျန်းထန့်အားမျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ဘာကြောင့် အိမ်ထောင်ပြုမည့်သူက သူ့မျက်နှာသူ ဂရုမစိုက်နိုင်တာပါလိမ့် ? ဝမ်ကျင်းနှင့် သူ့ခင်ပွန်းလောင်းတို့နှစ်ယောက်၏မျက်နှာများသည် ရွှင် လန်းမှုများဖြင့်ဖုံးလွှမ်းနေသည်။ ထို့ပြင်ပတ်ဝန်းကျင်ကလူများထံပါ အပျော်များကူးစက်စေသည်။
"အိုး ? မြန်လိုက်တာ၊ ဘယ်လိုလုပ် ရုတ်တရက်လက် ထပ်ဖို့ စိတ်ကူးရသွားတာလဲ ?"
ကျန်းထန့်က ဘာမှမပြောချင်သော်လည်း သူ့ဝမ်းကွဲနှင့် ရှန်းချူးချူးအကြောင်းတွေးကာ သူ့အိမ်ထောင်ရေးကိစ္စ ပြောပြဖို့စဉ်းစားနေခဲ့သည်။ ရင်ရှင်းမုန့်၏ကိုယ်ဝန် ကြောင့်ဖြစ်သည်ဟုဆိုနိုင်သည်။ ထို့ပြင် သူတို့သည် အနာဂတ်တွင် မိသားစုတစ်ခုဖြစ်လာနိုင်သဖြင့် နောက် ပိုင်း တိုင်ပင်ရတာမျိုးရှိလာနိုင်သည်။
"ရှင်းမုန့်မှာ ကိုယ်ဝန်ရှိနေပြီ"
သူပြောပြီးနောက် ကျန်းထန့်သည် နောက်စကားလုံးများ အတွက် အလွန်ချောမွေ့သည်ဟုခံစားရသည်။
"ကျွန်တော်က ယောက်ျားတစ်ယောက်ဆိုတော့ ဘယ်လိုပြောရမလဲ ကျွန်တော် တာဝန်ယူရမှာပေါ့"
ထိုစာကြောင်းကိုကြားပြီးနောက် ရှန်းချူးချူးသည် ၎င်းကိုပထမဆုံးအကြိမ်ကြားယောင်လာသည်။
"အရမ်းကောင်းတယ်၊ မင်း အဖေဖြစ်တော့မှာပေ့ါ၊ မင်းချစ်သူနဲ့ မင်းတို့ကလေးပေါ့"
ဒါပေမယ့် ရှန်းချူးချူးပြောလာသောစကားကိုနား ထောင်ရင်း ကျန်းထန့်က ရင်ရှင်းမုန့်ဗိုက်ထဲက ကလေးက သူ့ကလေးလားဟုပြန်စဥ်းစားမိသွားသည်။ ထို့ ကြောင့် ရှန်းချူးချူး ထိုဝါကျကိုထပ်လောင်းအလေး ပေးပြောခဲ့ခြင်းပင်။
ကျန်းထန့် ရယ်ချင်ပေမယ့် သူ့မျက်နှာပေါ်ကတင်းမာတဲ့အမူအရာက သူ့အတွင်းစိတ်အစစ်အမှန်တွေကိုရောင်း စားလို့နေသည်။ သူ ခြောက်ကပ်စွာပြောလိုက်သည်။
"ဟုတ်တယ် ကျနော့်ကလေး"
ဒါကိုအတည်ပြုပြီးနောက် ရှန်းချူးချူး ငြိမ်သက်သွားပြီး "ကလေးက ဘယ်နှစ်လရှိပြီလဲ ?"
ကျန်းထန့်သည် ရှန်းချူးချူး၏အမေးမှာ စေ့စပ်လှသ ဖြင့်အံ့သြသောအကြည့်နှင့် သူမကိုမော့ကြည့်လိုက်သည်။
ရှန်းချူးချူး လန့်သွားကာ "အိုး၊ ငါ့အတန်းဖော်က ကိုယ် ဝန်နှစ်လရှိပြီလေ၊ သူ့ခင်ပွန်းက သန္ဓေသားမတည်ငြိမ်မှာစိုးလို့ နောက်သုံးလလောက်မှလက်ထပ်ဖို့လုပ်ထားကြတာလေ၊ လနုသေးတော့ တစ်ခုခုဖြစ်မှာကြောက်နေကြတာ၊ အဲ့တာကြောင့် မင်း ကောင်မလေး ကိုယ်ဝန်ဘယ် နှလရှိပြီလဲလို့မေးတာ လနုသေးရင် သတိထားရမယ်။"
ကျန်းထန့်သည် ထိုရှင်းပြချက်ကိုနားထောင်ပြီးတွေးလိုက်သည်။ ရင်ရှင်းမုန့်ထံ ကိုယ်ဝန်လအနည်းငယ်ရှိနေပြီ... အမှန်အတိုင်းပြောရလျှင် သူ မမှတ်မိပေ။ ဤကိစ္စသည် သူ့အတွက်ရုတ်တရက်ဆန်လွန်းပြီး ရိုက်ခတ်မှု အလွန်ကြီးသဖြင့် ၎င်းကိုလုံးဝဂရုမစိုက်မိပေ။
ထိုအချိန် သူတို့ဌာန ညစာစားရန်ထွက်သွားကြပြီး ထိုနေ့သည် ရင်ရှင်းမုန့်မွေးနေ့ဖြစ်သည်။ ရက်ကိုတွက်ချက်ကြည့်ရာ ယခုဆိုနှစ်လနီးပါးရှိပြီဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ကျန်းထန့်က "မရီးအတန်းဖော်ကိုယ်ဝန်ရှိတဲ့အချိန်နဲ့ အတူတူလောက်ပဲ၊ နှစ်လလောက်ရှိပြီ။ အဲ့လိုဆိုမှ မရီးပြောသလိုဆို ဒီလထဲ မင်္ဂလာဆောင်လို့မရဘူးပဲ။"
ထို့နောက် ကျန်းထန့်အနည်းငယ်ပြုံးကာ "ဒီလထဲမင်္ဂလာပွဲကျင်းပနိုင်ရင်တောင် အမေက ပြင်ဆင်ဖို့အရမ်းနောက် ကျနေပြီတဲ့"
တကယ်တော့ ပြဿနာက ပြင်ဆင်ဖို့နောက်ကျခြင်းမဟုတ်ဘဲ ဘယ်သူမှအဆင်သင့်မဖြစ်ခြင်းပင်။ သူ့အမေသည် ရင်ရှင်းမုန့်အကြောင်း ဘယ်ကသိလို့ သိမှန်းမသိရာကနေ ဒီကိစ္စကိုပြင်းပြင်းထန်ထန်ကန့်ကွက်လာခဲ့သည်။
သူလည်း ယခုလိုမဖြစ်စေချင်ပေ။ ရင်ရှင်းမုန့် ဘယ်လိုလူလဲဆိုတာ ဌာနတစ်ခုတည်းဖြစ်သဖြင့် အခြားသူများ ထက်ပိုရှင်းရှင်းလင်းလင်းသိသည်။ သို့သော် ရင်ရှင်းမုန့်အပေါ်တောင်းပန်စရာလုပ်မိခဲ့သည်။ သူ ကောင်မလေးအားကိုယ်ဝန်ရစေခဲ့သဖြင့် တာဝန်ယူပေးရမည်။
ကျန်းထန့်ပြောသည့် နှစ်လခန့်ဆိုသည်ကိုကြားပြီးနောက်
ရှန်းချူးချူး အခြားမကြားနိုင်တော့ပေ။
နှစ်လလောက်! ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ? ရင်ရှင်းမုန့်၏ အိမ်ထောင်ရေးစနစ်အား သူမ နောက်ဆုံးကြည့်ရှုခဲ့ချိန်တွင် သုံးလပင်ရှိနေပြီဖြစ်သည်။ အခုဆိုလေးလခန့်ရှိ လောက်ပြီ။
ကျန်းထန့် အဲဒါကို မှားပြီးမှတ်မိနေတာများလား ? ဤပြဿနာကို ရှင်းလင်းရန်လိုအပ်နေသေးသည်။
"သုံးလလား ? ဒါမှမဟုတ် သုံးလလောက်လား"
ကျန်းထန့် အတွေးများကြားရုန်းကန်ရင်း ရှန်းချူးချူး စကားကိုကြားချိန် မျက်မှောင်ကြုတ်လိုက်သည်။ တကယ်တော့ ဒီမေးခွန်းတွေ သူ ဆက်မဖြေချင်တော့ပေ။ တဖက်လူက သူ့ဝမ်းကွဲရဲ့ချစ်သူ ရှန်းချူးချူးဖြစ်နေသဖြင့် သူ စိတ်ရှည်ရှည်နဲ့ပြန်ဖြေနေရသည်။
"ဟင့်အင်း၊ အတိအကျပြောရရင်၊ အဲဒါ နှစ်လမပြည့်သေးဘူး၊ ရှင်းမုန့်မွေးနေ့က မတ်လ 17 အခုက မေလ 14 ၊ 15 ဆိုတော့"
ထို့နောက် သူ ဒီမှာဆက်နေဖို့စိတ်မရှိတော့ပေ။ သူ စိတ် ဓာတ်ကျသွားပြီး "ပြောင်ကောကို ပြောပေးပါဦး၊ ကျနော် အရင်ပြန်လိုက်မယ်"
ရှန်းချူးချူး မတ်တပ်ထရပ်ပြီး "ကျန်းထန့်၊ မင်း ရင်ရှင်းမုန့်ကိုကြိုက်လား ?"
ကျန်းထန့်က သူ့မျက်လုံးတွေကိုမှိတ်ပြီး ကူကယ်ရာမဲ့စွာ ဖြေလာသည်။
"ကြိုက်တယ် မကြိုက်တယ်ဆိုတာထက်၊ ယောက်ျားဆိုမှတော့ မိန်းကလေးအတွက် တာဝန်ရှိတယ်လေ"
"မကြိုက်တာက မကြည်ဖြူတာထက်တော့ပိုကောင်းပါတယ်။ ကလေးကြောင့် အတူရှိဖို့ကြိုးစားနေတာဆိုရင် ပျော်ရမှာမဟုတ်ဘူး။"
ရှန်းချူးချူး အကြံပေးလိုက်သည်။
ကျန်းထန့် ရှန်းချူးချူး၏စကားကိုနားထောင်လိုက်သော်လည်း ရင်ရှင်းမုန့်၏ငိုသံကိုတွေးကာပြောလာသည်။
"ကျနော်တို့ နှစ်ယောက်စလုံးတွန့်ဆုတ်နေကြတာ၊ အနည်းဆုံး သူက လက်ထပ်နိုင်ဖို့ပဲမျှော်လင့်တာပါ၊ တကယ်က ကျနော့်အပြစ်လေ၊ ကလေးကလည်း ကျနော် တို့ရဲ့ ကလေးလေ"
ကျန်းထန့်၏အသံမှာ အနည်းငယ်ဆို့နင့်လာသည်။
"ဒါပေမယ့်..."
ရှန်းချူးချူး ထပ်ပြောချင်သည်မှာ သူ့ဗိုက်ထဲကကလေးက နင့်ဟာ မဟုတ်ဘူး။ သို့သော် သည်းခံကာ ထိုသို့ပြောမထွက်လိုက်ချေ။
ထိုစဉ် ဟန်ရှင်းယန်ထွက်လာပြီး "ငါ့ အခန်းမှာသွားအိပ်လိုက်တော့ နောက်ကျနေပြီ ဒီအချိန်တစ်ယောက်တည်း ပြန်တာမလုံခြုံဘူး။ ငါ ခဏနေ အန်တီကိုဖုန်းဆက်လိုက်မယ်"
ကျန်းထန့် ခေါင်းညိတ်ပြီး"အင်း ကျေးဇူးပါ ပြောင်ကော"
ကျန်းထန့်အား တစ်ဖက်အိမ်သို့လွှတ်ပြီးနောက် ဟန်ရှင်းယန်ပြန်လာခဲ့သည်။ ဒီတစ်ခါ သူ့မျက်နှာထက် မည်သည့်စိုးရိမ်စရာမှမရှိပေမယ့် သူ့မျက်နှာမှာတစ်ခုခုတွေးနေပုံပင်။
ရှန်းချူးချူး ရေချိုးခန်းမှထွက်လာသောအခါ ဟန်ရှင်းယန်က "ချူးချူး ၊ မင်း တစ်ခုခုကြားထားလား"
ဒီစာကြောင်းကိုပြောလာတဲ့အခါ ဟန်ရှင်းယန် သတိမထားမိဘဲ မျှော်လင့်ချက်တစ်ချို့ရှိခဲ့သည်။
စာကြည့်ခန်းထဲရှိနေပေမယ့် အပြင်ကစကားပြောသံတွေကို သူ ကြားနေရသည်။
ရှန်းချူးချူး မျှော်လင့်ချက်အပြည့်ဖြင့်ဟန်ရှင်းယန်၏ မျက်လုံးများကိုကြည့်ကာ သက်ပြင်းချပြီးခေါင်းညိတ်လိုက်သည်။
"အင်း ကြားထားတယ်။"
"ဘာထူးလဲ ?"
ရှန်းချူးချူးက သူ့နှုတ်ခမ်းတွေကိုနမ်းလိုက်ပြီး "ဒါမှမဟုတ် ရင်ရှင်းမုန့်ရဲ့ဗိုက်ထဲက ကလေးက ကျန်းထန့်ဟုတ်၊ မဟုတ် ရှင် တစ်ချက်စစ်ကြည့်ပါဦး"
ရိုးရိုးသားသားပြောရရင် ကျန်းထန့်၏ဝမ်းနည်းနေသည့် အကြည့်ကိုကြည့်ပြီး သူမ အဆင်မပြေပေ။ ယခင်က သိထားသော ကျန်းထန့်သည် တတ်ကြွကာအကောင်းမြင်တတ်သူဖြစ်သည်။ သူ့ လုံးဝပြောင်းလဲသွားတာ မြင်ရသူအဖို့ တကယ်စိတ်ထိခိုက်စရာပင်။
ဟန်ရှင်းယန် သူ့ ခန့်မှန်းနိုင်ခြေကိုကြားပြီးနောက် မျက် ခုံးပင့်ကာ မေးလိုက်သည်။
"မင်း သံသယရှိနေတာလား...?"
ရှန်းချူးချူး ခေါင်းတညိတ်ညိတ်နဲ့အကြောင်းပြချက် ပေးလိုက်သည်။
"အင်း၊ အရင်က သန့်စင်ခန်းထဲ စကားစမြည်ပြောတာ ကျမ ကြားထားတယ်၊ အဲ့ဒါ နည်းနည်းသံသယဖြစ်မိလို့၊ သိပ်တော့မသေချာဘူး၊ ဒီတော့ စစ်ဆေးကြည့်တာအ ကောင်းဆုံးပဲ"
ရှန်းချူးချူး၏စကားများသည် လူများအား မယုံနိုင်လောက်အောင်ခံစားရစေသော်လည်း ဟန်ရှင်းယန်လည်း ထိုကိစ္စကိုသံသယရှိနေသောကြောင့် စစ်ဆေးရန်လိုအပ်သည်ဟုခံစားမိသည်။ ဒါနဲ့ သူက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ"
ညပိုင်းတွင် ဟန်ရှင်းယန် အတွင်းရေးမှုးဝမ်အားဖုန်းခေါ်ခဲ့သည်။ နောက်တစ်ဆင့်ကတော့ စုံစမ်းစစ်ဆေးမှုရလဒ်ကိုစောင့်ကြည့်ရန်ပင်။
နောက်တစ်နေ့မနက်တွင် ကျန်းထန့်သည် ရှန်းချူးချူး ၏တံခါးဝတွင်ပေါ်လာခဲ့သည်။
"ဒီနေ့ ကိုယ်နဲ့ ကုမ္ပဏီလိုက်ချင်လား ?"
ရှန်းချူးချူးသည် ဟန်ရှင်းယန်အားနမ်းလိုက်ပြီး သူ့အတွက် နက်ခ်တိုင်ချည်ပေးလိုက်သည်။
"ကျမ ဒီနေ့မလိုက်တော့ဘူး။ ကုမ္ပဏီကို သွားရမယ်၊ နောက်ရက်မှပေါ့ "
ဟန်ရှင်းယန် နားထောင်ပြီး နဖူးကိုနမ်းကာ "အင်း၊ လမ်းမှာဂရုစိုက်ဦး၊ တစ်ခုခုကို ကိုယ့်ဆီဖုန်းဆက်"
"ကောင်းပါပြီ"
ထို့နောက် ရှန်းချူးချူးက "မနေ့က ကိစ္စ ကျန်းထန့်ကို မပြောနဲ့ဦး၊ သူ ခဏလောက်တော့လက်ခံနိုင်မယ်မထင်ဘူး။ ဘာပဲဖြစ်ဖ်စ် ကျမတို့မှာအထောက်အထားမရှိသေးဘူးလေ"
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ဆံပင်ကိုထိလိုက်ပြီး "ကောင်းပြီ"
ဟန်ရှင်းယန် ထွက်သွားပြီးသိပ်မကြာခင်မှာပင် ရှန်းချူးချူး သူ့ကိုယ်ပိုင်နာနီကားမှာထိုင်ပြီး ကုမ္ပဏီရုံးချုပ်သို့သွားခဲ့သည်။
ရောက်သွားပြီးနောက် ရှန်းချူးချူးသည် အလုပ်ရှုပ်နေသော ကျိုးရှောင်ကိုကြည့်ပြီးမေးလိုက်သည်။
“ဘာတွေ ရှုပ် ?”
ကျိုးရှောင်ယာ ပြုံးပြီး "ချူးချူး၊ ငါ နုတ်ထွက်တော့မယ်"
"ဘာလို့ နုတ်ထွက်တာလဲ ?"
ကျိုးရှောင်ယာက တိုးတိုးလေး "ငါ ကိုယ်ဝန်ရှိနေပြီ"
"Ah ? ဂုဏ်ယူပါတယ် ဒါဆို ကလေးမွေးဖို့အလုပ်ထွက်မှာပေါ့"
ကျိုးရှောင်ယာ "အဲ့လိုပြောဖို့က ခက်တယ်။ ကလေးကြည့်ဖို့ ဘယ်သူမှမရှိဘူး၊ ငါ့ယောက္ခမက လယ်ကွင်းထဲမှာချည်းပဲ၊ ငါ့အမေကျတော့လည်း အစ်ကိုကြီးရဲ့ကလေးတွေထိန်းနေရတာနဲ့ အလုပ်လုပ်ချိန်တောင်မရှိဘူး၊ အင်း လောလောဆယ်တော့ ငါ အနားယူမလို့လေ"
ရှန်းချူးချူးနားထောင်ပြီး ခေါင်းညိတ်ကာ ကျိုးရှောင်ယာ၏အိမ်ထောင်ရေးစနစ်မှ ကြယ်လေးပွင့်ကိုကြည့်ရှုခွင့်ရခဲ့သည်။
"ကောင်းပါတယ်၊ နောင်ကျ နင် ပိုကြိုးစားရလိမ့်မယ်။"
"မခက်ပါဘူး၊ လနည်းနည်းကြာမှ ဗိုက်ထဲကကလေး လေးထွက်လာမှာကိုတွေးပြီး ခက်ခဲတယ်လို့မခံစားရပါဘူး"
ရှန်းချူးချူး ပြုံးပြီး "ကောင်းပြီ၊ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးတယ်"
ကျိုးရှောင်ယာ ထွက်သွားတာကို ကြည့်ပြီးနောက် ရှန်းချူးချူးက ချန်းရှီလီကိုရှာဖို့ ဓာတ်လှေကားမှတက်လာခဲ့သည်။
"ရသစာပေ ဇာတ်ကားတစ်ကားရှိတယ်၊ ဒါရိုက်တာက မကြာသေးခင်ကမှ စီစဉ်ပေးတာ။ ဂုဏ်ယူပါတယ် ဖိတ် စာရထားတယ်။"
ချန်းရှီလီ ရှန်းချူးချူးအားဇာတ်ညွှန်းတစ်ခုပေးလာသည်။
ရှန်းချူးချူး ဇာတ်ညွှန်းယူပြီး ပထမစာမျက်နှာကိုဖွင့်လိုက်သောအခါ။ အထက်ဖော်ပြပါ ဒါရိုက်တာအမည်ကို သူမ မြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး
"ဒါရိုက်တာကျိုး ? ကျွန်မကို audition လုပ်ဖို့ဖိတ်တာလား ?"
ကျိုးထျန်၏ဂုဏ်သတင်းသည် ပြည်တွင်းသာမက နိုင်ငံ တကာနယ်ပယ်ကျယ်ပြန့်သူဖြစ်သည်။ ဇာတ်ကားအ နည်းငယ်ရိုက်ကူးခဲ့သော်လည်း ခြွင်းချက်မရှိ ဆုရရှိခဲ့သည်။ အထူးသဖြင့် လွန်ခဲ့သည့်နှစ်နှစ်ခန့်က ရိုက်ကူးခဲ့သောရုပ်ရှင်သည် ရုပ်ရှင်နယ်ပယ်တွင် အမြင့်ဆုံးဆုနှင့် ကမ္ဘာ့အကောင်းဆုံး ဒါရိုက်တာဆုတို့ကိုပါရရှိခဲ့သည်။
'လုံးဝမထင်မှတ်ထားဘူး၊ ဒီလိုနာမည်ကြီးတဲ့ဒါရိုက်တာက သူ့မဆီ audition ဖိတ်စာပို့လာတယ် ???'
"ဟုတ်တယ်၊ ရိုးရိုးသားသားပြောရရင် ငါ အရမ်းအံ့သြမိတယ်၊ ဒါပေမယ့် တဖက်က ဖိတ်စာပို့တယ်ဆိုမှတော့ ဒါ သေချာပေါက် မင်းအတွက်ရည်ရွယ်ထားတာပဲ။ ပြန် သွားပြီး ဇာတ်ညွှန်းကောင်းကောင်းဖတ်ထား"
"အိုခေ၊ ကျေးဇူးပါ ချန်းကျဲ"