← Chapters

အခန်း (၈၁)

Vol. 9 Ch. 81

အခန်း (၈၁)

Vol. 9 Ch. 81

ရှန်းချူးချူးက "သူ လက်ချက်ဟုတ်လား မဟုတ်လား တော့ မသိဘူး။"

ချန်းရှီလီက "ကောင်းပြီ၊ သတင်းထောက်ရဲ့မေးခွန်းတွေကိုမဖြေနဲ့ စိတ်အေးအေးထား ကျန်တာ ကုမ္ပဏီကဖြေရှင်းပေးလိမ့်မယ်။"

"ကောင်းပါပြီ ချန်းကျဲ ကျေးဇူးပါ"

ရှန်းချူးချူးသည် မီဒီယာ၏အစွမ်းကိုယုံကြည်သလို ချန်းရှီလီကိုယုံကြည်သော်လည်း ယနေ့ သူမ ရိုက်ကူးရေးမှာထိခိုက်နေဆဲဖြစ်သည်။ ထို့ပြင် ဤကိစ္စကို လူတစ်ဦးအားမည်သို့ရှင်းပြရမည်နည်း။ ထို့အပြင် ညရောက်သည်အထိ တစ်ဖက်လူမှ ဖုန်းမဆက်လာသဖြင့် ရှန်းချူးချူး ပိုလို့ပင်စိတ်ရှုပ်နေခဲ့သည်။

အလုပ်ကပြန်လာပြီး ဆယ်မိနစ်လောက်ထိုင်နေချိန် အပြင်မှ တံခါးခေါက်လာသည်။ ကြောင်မျက်လုံးများဖြင့် လူကိုမြင်လိုက်ရသောအခါ ရှန်းချူးချူး၏စိတ်ထဲမှ အလုံးကြီးကျသွားခဲ့သည်။ သူမ တံခါးကိုအလျင်အမြန်ဖွင့်လိုက်သည်။

ထိုလူသည် ဖုန်တွေပေကြံနေသည့် အစေခံတစ်ယောက်ကဲ့သို့ မည်သည့်အမူအရာမှမပြဘဲတံခါးမှဝင်လာခဲ့ပြီး ရှန်းချူးချူးသည် အမှားတစ်ခုခုလုပ်ထားမိသော မယား ငယ်နှင့်တူနေခဲ့သည်။

တံခါးပိတ်ချိန် တစ်ဖက်လူသည် နံရံကိုဖိကပ်လာပြီး အေးစက်စက်အနမ်းများ ကျဲချလာသည်။

ဟန်ရှင်းယန်၏အနမ်းသည် ရေပန်းအလား ရွှဲရွှဲစိုနေကာ နက်နက်ရှိုင်းရှိုင်းနမ်းလာသဖြင့် ရှန်းချူးချူး အသက်ရှု မဝသလိုခံစားလိုက်ရသည်။ သူမ ခဏနားကာ အသက်ဝဝရှုချင်သော်လည်း ဟန်ရှင်းယန် သူမအားအလွှတ်မပေးလာပေ။

သူမ ဟန်ရှင်းယန်ကို အနည်းငယ်တွန်းထုတ်ရန် ကြိုးစားသော်လည်း သူ့အား ချုပ်နှောင်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ ရှန်းချူးချူးသည် သူမ အောက်စီဂျင်မရတော့ဟု ခံစားမိသည့်အချိန်မှသာ ဟန်ရှင်းယန် သူမကိုလွှတ်ပေးလာသည်။

"ချူးချူး ကိုယ် အရမ်းပျော်မနေဘူး" ဟု ဟန်ရှင်းယန်သည် မောဟိုက်သံဖြင့်ပြောလာသည်။

ရှန်းချူးချူးသည် ဗုံတစ်လုံးကဲ့သို့နှလုံးခုန်သံကိုနား ထောင်ပြီး လေကိုမှုတ်ထုတ်လိုက်သည်။ ထို့နောက် ဟန်ရှင်းယန်၏ပူလောင်နေသော မျက်လုံးများရှေ့မှောက်

"တောင်းပန်ပါတယ်၊ ကျမ သူတို့နဲ့ ဘာမှမဆိုင်ပါဘူး"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ဆံပင်ကိုထိလိုက်သည်။ သူ၏ပါးလွှာသောနှုတ်ခမ်းများကို ညင်သာစွာဖွင့်ကာ "ကိုယ် သိပါတယ်" ဟု ခပ်ပြင်းပြင်းအသံဖြင့် ပြောသည်။

"ရှင် သိတဲ့ဟာကို ဘာလို့မပျော်ရတာလဲ..." ဟု ရှန်းချူးချူးက ဖြည်းညှင်းစွာပြောသည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ဆံပင်ထဲသို့လက် ချောင်းများထိုးသွင်းလိုက်ပြီး မက်မွန်သီးကဲ့သို့ နီမြန်းနေသော သူမကိုကြည့်လိုက်သည်။ ထို့နောက် သူ တိုးတိုးလေးပြောလာသည်။

"လူတွေအများကြီး ငါ့ရည်းစားနဲ့လက်ထပ်ချင်နေကြတာ ငါ အရမ်းစိတ်မချမ်းဖြစ်ရတယ်။ ကိုယ် မင်းကို အနားမှာသာခေါ်ထားလိုက်ချင်တယ်"

ရှန်းချူးချူး ထိုစကားကိုကြားသောအခါ သူ့ပါးစပ်များ တွန့်လိမ်သွားရပြီး ဟန်ဟန်ယန်၏ပါးကိုနမ်းလိုက်သည်။

သူတို့နှစ်ဦး ခံစားချက်တွေဖြေလျှော့ပြီးနောက် ဟန်ရှင်းယန် ဆိုဖာပေါ်ထိုင်ပြီး

"**** ဘာဖြစ်နေတာလဲ ?"

ရှန်းချူးချူးသည် ပြဿနာကိုဆင်ခြင်ပြီး အကျိုးဆက်များကို ဟန်ရှင်းယန်အားပြောပြခဲ့သည်။ ဟန်ရှင်းယန် မျက်နှာပိုအေးစက်လာပြီး သူ့ကောင်မလေးကို စူးစူးစိုက်စိုက်ကြည့်နေသည် ။

"မင်း ကိုယ့်ကို ဘာလို့လာမပြောတာလဲ ? ကိုယ့် ကောင်မ လေးက တခြားယောက်ျားတွေ အကာအကွယ်ပေးဖို့လိုနေလို့လား။"

ရှန်းချူးချူ အေးစက်စက်မျက်နှာရှိသော ဟန်ရှင်းယန်ကိုကြည့်ကာ သူ့အဝတ်အစားများကိုဆွဲလိုက်ပြီး

"ဒါမျိုးက ဒီအသိုင်းအဝိုင်းမှာ ဖြစ်နေကြလေ ရုပ်ရှင်ရိုက်တဲ့အခါ ဘယ်သူမဆိုကြုံဖူးကြတာချည်းပဲ၊ ရှင်က အရမ်းအလုပ်များတာကို၊ ကျမ ရှင့်ကို မနှောက်ယှက်နိုင်ပါဘူးနော်"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏သတိထားနေသောအသွင်အပြင်ကိုကြည့်ကာ "မင်း နေ့တိုင်းနှောက်ယှက် နေတာကို ကိုယ်ကလိုချင်တာ"

ရှန်းချူးချူး ထိုစကားကိုကြားပြီး သူ့မျက်နှာထက် ချိုမြိန်သော အပြုံးတစ်ခုပေါ်လာရသည်။

"ဒီကိစ္စအတွက် မင်း စိတ်မပူနဲ့ ဖြေရှင်းဖို့လူ ကိုယ် ရှာလိုက်မယ်။"

ရှန်းချူးချူး နှုတ်ခမ်းကိုက်ကာ "ရှင် ဘာလုပ်မှာလဲ"

ဟန်ရှင်းယန် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ထုံးစံအတိုင်း တစ်ဖက်သားလူအကြောက်ဆုံးအရာပေါ့"

ရှန်ချူးချူးသည် ဟန်ရှင်းယန်၏သွင်ပြင်ကိုကြည့်ကာ အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသည်။ သို့သော် ထို ထူးဆန်းမှုက သူမအား အရမ်းနွေးထွေးစေသည်။ ရင်တွေတုန်လာပြီး မျက်ခမ်းစပ်‌တွေ တဖြည်းဖြည်းစိုလာတယ်။ ဤစက်ဝိုင်းထဲ သူမတစ်ယောက်တည်းရှိသည်ဟု အမြဲခံစားမိသည်။ သူမအား အကာအကွယ်ပေးနိုင်မည့်သူ ရှိလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ချေ။

ဟန်ရှင်းယန်သည် ရှန်းချူးချူးအားကြည့်ကာ သူ့လက်ကိုငုံ့နမ်းလိုက်ပြီး "ဘယ်လို ကျေးဇူးတင်မှာလဲ ?"

ရှန်းချူးချူး ပြောချင်သည်ကို ရုတ်တရက် တစ်ချက်စဉ်းစားလိုက်ပြီး ဖုန်းကိုထုတ်ကာအချိန်ကြည့်လိုက်သည်။ ထို့နောက် ကြီးကြီးမားမားဆုံးဖြတ်ချက်ချလိုက် သကဲ့သို့ ဟန်ရှင်းယန်၏လည်ပင်းကို သိုင်းဖက်ကာ

"CEO ဟန်ကို ဘယ်လိုကျေးဇူးတင်ရမလဲ ?" ဟု ပရော ပရည်သံဖြင့် ပြောလိုက်သည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏သွင်ပြင်ကိုကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ 'သူနားလည်တာသာမမှားရင် ဒါ သူလိုချင်တဲ့ အဓိပ္ပါယ်ပဲဖြစ်ရမယ်။'

သူ ခေါင်းငုံ့ပြီး နှုတ်ခမ်းကိုနမ်းလိုက်ကာ "အခုထိ CEO ဟန်လို့ ခေါ်တုန်းလား ?"

"ဒါဆို ဘယ်လိုခေါ်ရမလဲ ?"

"ကိုယ့် နာမည်ကိုခေါ်"

ရှန်းချူးချူး သူ့ရှေ့က လူကိုကြည့်လိုက်သည်။ မူလကထက်မြက်သောမျက်နှာသည် နူးညံ့ပျော့ပြောင်းသွားကာ အခြားလူကဲ့သို့ ပြောင်းလဲသွားသည်။ ထိုပြောင်းလဲမှုက ရှန်းချူးချူးအား စိတ်အားထက်သန်စေသည်။

"ဟန်ရှင်းယန်"

နာမည်ရေရွတ်ပြီးသည်နှင့် ဟန်ရှင်းယန်သည် နုတ်ခမ်းနီထွေး‌ထွေးအားး အနမ်းများဖြင့်သိမ်းပိုက်လိုက်သည်။

ယခုတစ်ကြိမ်အနမ်းသည် ရှန်းချူးချူးအား ဟန်ရှင်းယန်အမြဲပေးခဲ့သောခံစားချက်ကဲ့သို့ နွေးထွေးသော အထိအတွေ့ရှိသည်။ နူးညံ့သိမ်မွေ့‌ကာ ငှက်မွှေးကဲ့သို့သောအထိအတွေ့ကြောင့် ရှန်းချူးချူး၏နှလုံးသားမှာယိမ်းယိုင်သွားရသည်။ မကြာမီ လျှာဖျားသည် ကခုန်လာပြီး နှုတ်ခမ်းနှင့် သွားများကြား အပြန်အလှန်ကူးလူးယှက်နွယ်နေကြသည်။

တဖြည်းဖြည်းလက်ချောင်းများဆန့်ထုတ်ကာ ရှန်းချူးချူး၏အရေပြားတစ်လက်မချင်းစီတိုင်းထိတွေ့လာသည်။ လက်ဖဝါးရွေ့လျားလာသည်နှင့်အမျှ ပူနွေးစို စွတ်သောအနမ်းသည် တဖြည်းဖြည်းအောက်သို့ရွေ့ လျားလာခဲ့သည်။

ဟန်ရှင်းယန်သည် သူ့လက်အောက်မှလူမျာ၏ခံစားချက်နောက်ကိုလိုက်ကာ မြို့ကိုဆက်လက်တိုက်ခိုက်ခဲ့သည်။

ရှန်းချူးချူး အဝတ်များကွာကျသွားသည်နှင့် စိတ်ခံစားချက်ကိုထိန်းကာ ပါးနပ်သောအသံဖြင့်

"အိပ်ယာထဲသွားရအောင်။"

ဟန်ရှင်းယန်၏လုပ်ဆောင်ချက်များ ရပ်တန့်သွားပြီး လည်ပင်းကိုနမ်းကာ အိပ်ခန်းထဲသို့ဝင်သွားလိုက်သည်။

ခန္ဓာကိုယ်နှစ်ခုပေါင်းစည်းလိုက်ချိန်တွင် ရှန်းချူးချူးသည် မကြုံစဖူး နာကျင်မှုဝေဒနာကိုခံစားလိုက်ရသည်။ ဤဝေဒနာထဲ တစ်စုံတစ်ခုဆုံးရှုံးသွားပုံရသည်ဟု သူခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် သူ့နှလုံးသားသည် တစ်စုံတစ်ရာနှင့်ပြည့်နှက်နေသည်ဟုခံစားလိုက်ရသည်။ ထိုအဆုံးစွန်သောအတွေ့အကြုံသည် သူမတစ်ကိုယ်လုံးပူလောင်နေသကဲ့သို့ ခံစားစေခဲ့သည်။

အတွေ့အကြုံမရှိသူတစ်တစ်ယောက်ဖြစ်သည့် ဟန်ရှင်းယန်သည်လည်း ရှန်းချူးချူးထက်ပိုကောင်းမနေပေ။ ခန္ဓာကိုယ်မှရူးသွပ်စွာတတ်ကြွနေသော်လည်း သူ့နှလုံး သားက ထိုစိတ်အားထက်သန်သည့်အရာကို မလုပ်မိအောင်တားဆီးထားသည်။ ထိုထူးဆန်းကာလွန်ကဲသော ပျော်ရွှင်မှုသည် သူတစ်ကိုယ်လုံးတိမ်တိုက်ထဲသို့ လွင့် မျောသွားစေခဲ့သည်။

ထိုချစ်ချင်း၏လှုံ့ဆော်မှုအဆုံးတွင်၊ လူနှစ်ဦးစလုံးချွေး များရွှဲနေပြီဖြစ်သည်။

ဟန်ရှင်းယန် ရှန်းချူးချူး၏နဖူးအား နမ်းရသည်ကို နှစ်သက်သည်။ ရှန်းချူးချူး သူ့ခါးကိုတိတ်တဆိတ် ဆုပ်ကိုင်ထားသည်။

မနက်ပိုင်းမှာတော့ မည်သည့်မတော်တဆမှမရှိပေ။ ရှန်းချူးချူးနိုးလာချိန်မှာ မနက်ကိုးနာရီကျော်ပြီဖြစ်ကာ ကုတင်ပေါ်မှထရန် စိတ်လှုပ်ရှားနေသော်လည်း ရပ်တန့်သွားရသည်။

"နိုးပြီလား ?" (ခပ်တိုးတိုး $ရမ်း sexyကျသောအသံဖြင့်)

ရှန်းချူးချူး သူ့နံဘေး လဲလျောင်းနေသောလူအားကြည့်ပြီး မနေ့ညကအဖြစ်အပျက်ကိုပြန်မြင်ယောင်နေမိ သည်။ သူမမျက်နှာ လျင်မြန်စွာနီရဲလာပြီး နှုတ်ခမ်းကို ကိုက်ကာ "အင်း"

ဟန်ရှင်းယန်သည် ရှန်းချူးချူးအားကြည့်ကာ သူမကို ထပ်မနမ်းဘဲမနေနိုင်တော့ပေ။

"ခဏလောက် အိပ်ချင်သေးလား ? ဒါရိုက်တာ ဒီနေ့ အားလပ်ရက်ပေးထားတယ်လေ"

ရှန်းချူးချူး သူ့ဘေးမှလူအား အံ့ဩသောအကြည့်ဖြင့် ကြည့်လိုက်သည်။ မျက်ခုံးမွှေးများရှုံတွကာ "ဘာကြောင့်လဲ ? မနေ့က အဲ့အကြောင်းမကြားမိပါဘူး"

"မကြာသေးခင်က ရှုတင်ကိုလာတဲ့ သတင်းထောက်တွေ အရမ်းများလွန်းလို့လေ၊ ဒါရိုက်တာက ရည်ရွယ်ချက်ရှိရှိတစ်ရက်နားပြီး မုန်တိုင်းဖြတ်ဖို့စောင့်နေတာ။"

"အိုး၊ အဲဒါ ကျမကြောင့် ဖြစ်သွားတာ။ ဒါရိုက်တာကို တောင်းပန်ရမယ်၊ ရိုက်ကူးရေးနှောင့်နှေးကုန်ပြီ"

"ဒီကိစ္စက မင်းနဲ့မဆိုင်ပါဘူး။ ဒါ့ပြင် အခုလူတိုင်းက အကြောင်းတရားနဲ့ အကျိုးတရားကိုသိနေကြပြီ"

ရှန်းချူးချူးသည် သံသယမျက်ဝန်းများဖြင့်ကြည့်လာရာ ဟန်ရှင်းယန် ဖုန်းဖွင့်ပြီး ရှန်းချူးချူးကိုတစ်ချက်ပြလိုက်သည်။

ဒီဟာ ပုံမှန် microblogging တစ်ခုလို့ပဲ ငါ မြင်တယ်။

Normal Guide V - တစ်စုံတစ်ယောက်က ငါ့သမီးကိုရှာဖို့ကြိုးစားခဲ့ပြီး ငါ့သမီးကို မရှာနိုင်ခဲ့ဘူးလို့ ငါ ကြားတယ်။ စိတ်ချလိုက်တော့ ဒီတစ်သက် ရုပ်ရှင်ရိုက်ဖို့ ငါ မင်းကို ရှာမှာမဟုတ်ဘူး။

အင်တာနက်အသုံးပြုသူများသည် တစ်ဖက်လူ မည်သူဖြစ်သည်ကို မှန်းဆနေကြဆဲဖြစ်ပြီး ရလဒ်ကိုမားကတ်တင်းအကောင့်ဟု ထောက်ပြခဲ့သည်။

"အရင်က ချီယုဖေးရဲ့ ဒါရိုက်တာတစ်ယောက်ရဲ့ဇာတ် ကားတစ်ကားကို audition ဖြေခဲ့တယ် နောက်ဆုံးရွေး ချယ်ခံရတဲ့သူက သူ မဟုတ်ဘူးလို့ကြားတယ်"

"OMG၊ သဘောက တစ်စုံတစ်ယောက် ရှန်းချူးချူးကို တမင်ချောက်ချတာလို့ ဆိုလိုတာလား၊ အဲဒီလူက ချီယုဖေးလား ? မယုံနိုင်လောက်အောင်ပဲ [တုန်လှုပ်ခြောက်ခြား]"

"ဖျော်ဖြေရေးအသိုင်းအဝိုင်းက အြ့လောက်တောင်ပုတ်ပွနေတာလား ? [သံသယ]"

"စောက်ပို၊ ငါတို့မိသားစုဝင်ကို ကပ်ဖားရပ်ဖားလုပ်နေရတာကိုများ ရှန်းချူးချူးက အရှက်မရှိဘူးပဲ! [cursor]"

.....

Weibo မှထွက်ပြီးနောက်၊ ရှန်းချူးချူးသည် Hot Search ကိုသွားကြည့်ခဲ့သည်။ Hot Searchမှာ သူမ အကြောင်းပျောက်ကွယ်လုနီးပါးဖြစ်ခဲ့သည်။ ကုမ္ပဏီအနေနဲ့လည်း အင်အားအများကြီးထုတ်ထားရသည်ဟုယူဆရသည်။

ရှန်းချူးချူးသည် သူမ၏မျက်ခုံးများကြုံကာ ကြည့်နေသော်လည်း ဟန်ရှင်းယန်က "မလုံလောက်ဘူး!"

ရှန်းချူးချူးက ဖုန်းကို လက်နဲ့ကိုင်လိုက်ပြီး "ရှင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းချင်လဲ ?"

ဟန်ရှင်းယန် စကားလုံးနှစ်လုံးကို ဖြည်းညှင်းစွာပြောလာသည်။ "Block မယ်"

ရှန်းချူးချူး ပြုံးပြီး "ဘာလို့လဲ ? ကျမ ရှိနေတာပဲ ကျမကို အရင်ဖြေရှင်းခွင့်ပေး အကယ်၍ မရမှ ရှင် ကူညီလေ"

ဟန်ရှင်းယန် ရှန်းချူးချူးကိုကြည့်ကာ "ကောင်းပြီ"

'ငါ့ကောင်မလေးကို အရင်လုပ်ခွင့်ပေးလိုက်တာပေါ့ ပြီးမှ Block ပစ်မယ်'

ရှန်းချူးချူး အိပ်ယာမှထပြီးနောက် ဖုန်းထုတ်ကာ Weibo အကောင့်ပြောင်းလိုက်သည်။ ထို့နောက် Entertainment Reporter-Red Feather ထံမှ ကိုယ် ရေးကိုယ်တာ စာတိုလေးကိုတွေ့လိုက်ရသည်။

Entertainment Reporter-Red Feather- နတ်ဘုရားရေ၊ ရှန်းချူးချူး ဘာဖြစ်တာလဲ ??

ရှန်းချူးချူးသည် သူမ၏ကိုယ်ပိုင်ကိစ္စများကိုထပ်မပြောချင်ပေ။ သူမ ပြောချင်သည်မှာ ချီယုဖေး၏ကိစ္စသာ။

ငါက ယွဲ့လောင် : အိမ်ထောင်ရေးပြဿနာလား ? ငါ အဲ့လောက် မသိဘူး။

Entertainment Reporter-Red Feather- ဟေး၊ ငါ သူ့ကိုအရမ်းကြိုက်တာ၊ သူ့အပေါ် အမြင်ကောင်းရှိတယ်။ ဒီကိစ္စက တကယ်မဟုတ်ဖို့မျှော်လင့်တယ်။

ရှန်းချူးချူး တစ်ဖက်လူကိုကျေးဇူးတင်ကြောင်းပြောရုံမှတစ်ပါး မကူညီနိုင်လောက်အောင်ပင်။ သို့သော် ငြိမ်သက်သွားပြီးနောက် ချီယုဖေးအကြောင်းပြောရန်မည် သို့ စကားစရမည်းနည်း။ ရလဒ်အနေဖြင့် စက္ကန့်ပိုင်းအ တွင်း တစ်ဖက်လူမှ မက်ဆေ့ခ်ျတစ်စောင်ပြန်လာခဲ့သည်။

Entertainment Reporter-Red Feather- စကားမစပ်၊ ချီယုဖေးက ဘာလဲ ? ချီယုဖေး အထက်တန်းကျောင်းတုန်းက ကလေးတစ်ယောက်ရှိခဲ့တယ်ဆိုတဲ့သတင်းကို မကြာသေးခင်က ကျွန်တော်ရထားတယ်။ အဲ့ဒါ အမှန်ပဲလား ??

ရှန်းချူးချူး အံ့သြသွားသည်။ ဒီလိုကိစ္စမျိုးကို သူ ဘယ် လိုသိတာလဲ ? ချီယုဖေး ဖော်ထုတ်ခံလိုက်ရပြီးလား ??

ငါက ယွဲ့လောင်- ဒီလိုဟာမျိုး မင်း ဘယ်လိုသိလာတာလဲ ?

All Chapters