အခန်း (၈၂)
Vol. 9 Ch. 82
#1 Entertainment Reporter-Red Feather သည် တစ်ဖက်လူ၏လေသံကို ကြည့်လိုက်သည်နှင့် အမှန်အတိုင်းပြောနေကြောင်း သိသွားခဲ့သည်။ သူ ဒီမေးခွန်းကိုမေးသင့်လား၊ မမေးသင့်လား ဝေခွဲမရဖြစ်နေမိသည်။ ဤအခြေအနေသည် တကယ့်ကိုခွေးသွေးအပြည့်ပင်။
#1 Entertainment Reporter-Red Feather- ဒီကောလဟာလက အနုပညာလောကမှာမဖြေရှင်းနိုင်တဲ့ ထိတ်တန်းလျှို့ဝှက်ချက်တစ်ခုလို့တောင် ပြောလို့ရတယ်၊ ရေရေရာရာ သက်သေလည်းမရှိတော့ ဘယ်သူကမှအထုတ်မဖြည်ရဲကြဘူး၊ ကျွန်တော်လည်း သတင်းတွေစုံစမ်းကြည့်ပေမဲ့ သေသေချာချာလက်ဆုတ်လက်ကိုင်မရဘူး၊ နတ်ဘုရားရေ ဒီသတင်းက တကယ်အမှန်ပြလား ?
ရှန်းချူးချူး မျက်နှာပေါ် အပြုံးတစ်ခုပေါ်လာခဲ့သည်။ ဤလောကတွင် လျှို့ဝှက်ချက်ဟု၍မရှိပေ။ 'မင်း မသိရင် ဒါက မင်း သေချာမရှာရသေးလို့ပဲ' ရှန်းချူးချူး၏ ယခင် စိုးရိမ်ပူပန်စိတ်များသည် ချက်ချင်းဆိုသလိုပျောက်ကွယ်သွားသည်။
ငါက ယွဲ့လောင်- ဒီအကြောင်း ပြောပြချင်နေတာကြာပြီ ငါ ပြောမယ်လုပ်တိုင်း မေ့မေ့သွားတာ၊ အဲ့ဒီ အမျိုးသားက သူ့ဇနီးကိုကျတော့ ကလေးကိုစောင့်ရှောက်ရအောင် အိမ်မှာနေခိုင်းပြီး သူကိုယ်တိုင်ကတော့ အပြင်မှာအမျိုး သမီးစတားတစ်ယောက်နဲ့ အပျော်ရှာနေတယ်လေ၊ တ ကယ့် ဆန်ကုန်မြေလေးပဲ
#1 Entertainment Reporter-Red Feather သည် ပြိုလဲကျမတက်ပင်။ နတ်ဘုရားရဲ့စိတ်ထဲမှာ ယောင်္ကျားလေးတွေ အိမ်မှာနေပြီး ကလေးစောင့်ရှောက်ရမယ်လို့ထင်နေတာများလား ?
#1 Entertainment Reporter-Red Feather- ... နတ်ဘုရားရဲ့ လိင်(gender)အမျိုးအစားက ဘာလဲဟင် ?
ငါက ယွဲ့လောင်- ညီငယ်လေး မင်း အရေးမပါတာတွေ လာမေးနေတာပဲ၊ ငါက နတ်ဘုရားပါဆိုမှ လိင်အမျိုးအစားရှိပါ့မလား ?
#1 Entertainment Reporter-Red Feather- ... အမှန်အတိုင်းပြောလိုက်စမ်းပါ နတ်ဘုရားရာ၊ အာ.. ဒါနဲ့ ချီယုဖေးက လက်ထပ်ပြီးပြီလား ? ကလေးတောင်ရှိတယ်ပေါ့ ?
ငါက ယွဲ့လောင်- ကလေးက အသက်ငါးနှစ်တောင်ရှိပြီ၊ ကလေးအမေက အနုပညာအသိုင်းအဝိုင်းကမဟုတ်ဘူး၊ တစ်ခြားသက်သေတွေကိုတော့ ငါ ညီငယ်လေးကိုပဲ အား ကိုးရတော့မယ်၊ ဒီအရှင်က အခုအလုပ်များနေလို့
#1 Entertainment Reporter-Red Feather - ဟုတ်ပြီ ကျေးဇူးအထူးပါ ကြီးမြတ်လှတဲ့နတ်ဘုရားရေ
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ပျော်မြူးနေသော မျက်နှာကိုမြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်၍ မကြည်မသာမေးလာသည်။
"မင်းဘယ်သူနဲ့ စကားပြောလို့ ဒီလောက်ထိပျော်နေရတာလဲ ?"
ရှန်းချူးချူး သူ့အား မော့ကြည့်လိုက်ပြီး ဖုန်းကိုတိတ်တ ဆိတ်ပိတ်လိုက်ကာ "ဟင့်အင်း... ကျွန်မဆီကို အကူအညီလာတောင်းလို့ပါ"
ဟန်ရှင်းယန်သည် မည်သည့်စကားမှပြန်မပြောတော့ပဲ ရှန်းချူးချူးအနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားကာ သူ(မ) ဆံပင်ကိုဖြည်ညှင်းစွာ ပွတ်သပ်၍မေးခွန်းပြောင်းလိုက်သည်။
"ချူးချူး မင်း သုန်ကျီယွမ်ကို ဘယ်လိုသိတာလဲ ?"
ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ စကားများကြားမှ ရှာလကာရှည်အနံကိုပင် ရနေမိသည်။
"ကျွန်မ လေယာဉ်ပေါ်မှာ သူနဲ့တွေ့ဖူးတာ၊ နောက်တော့ ကျွန်မ သူ့ကို အများကြီးကူညီခဲ့တယ်၊ ပြီးတော့ သူက ဒီဇာတ်ကားမှာရင်းနှီးမြှုပ်နှံထားလို့လာတာလေ"
ဟန်ရှင်းယန် ခေါင်းငုံ့ဆင်းပြီး "ကောင်းပြီ၊ နောက်ဆို မင်း တခြားယောက်ျားတွေနဲ့ အပြင်မှာ ထမင်းထွက်စားတာမျိုး ကိုယ် မကြိုက်ဘူး"
ရှန်းချူးချူး တခဏလောက်တွေးတောကာ ဤတစ်ကြိမ်သည် သူ(မ)၏ပေါ့လျော့မှုဖြစ်သောကြောင့် နီရဲသောမျက်နှာဖြင့် "အင်းပါ ကျွန်မ နောက်ဆိုသတိထားလိုက်ပါ့မယ်၊ အဓိကကတော့ ဒီတစ်ခေါက် သူ ကျွန်မကိုနည်းနည်းကူညီပေးခဲ့လို့ပါ"
ဟန်ရှင်းယန်သည် ရှန်းချူးချူးကို မလွှတ်ပေးဘဲ သူ(မ) ၏ထိရှလွယ်သောနေရာဖြစ်သည့် နားရွက်အား ဆက် လက်တတိတိနမ်းရှိုက်ကာ ရှန်းချူးချူး အကြိုက်ဆုံးအသံဖြစ်သည့် sexy ကျကျဩရှရှလေသံဖြင့်
"ဒါဆို အဲ့ဒီ ဘဏ်ကဒ်ကရော ဘာသဘောလဲ ?"
ရှန်းချူးချူး အနည်းငယ်တုန်ရီသွားကာ ဟန်ရှင်းယန်ဆီမှ ပုန်းရှောင်လိုဟန်ဖြင့် အနည်းငယ်ရုန်းလိုက်ကာ နှုတ်မှလည်းတားမြစ်လိုက်သည်။
"ဟင့်..ဟင့်အင်း... ရှင် ထပ်မလုပ်နဲ့တော့၊ အဲ့ဒီဘဏ်ကဒ်ကလည်း ကျွန်မ သူ့ကိုကူညီပေးလို့ သူ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေးတာ"
"သူ့ကို ပြန်ပေးလိုက်"
"..."
သူ(မ)သာ ပြန်ပေးလိုက်ရင် သုန်ကျီယွမ် အဲ့တာကို သူ(မ)ဆီ ပြန်ပေးဖို့ အကြိမ်ကြိမ်အခါခါလာနေရင် ဘယ်လိုလုပ်မလဲ ??
"ဟုတ်ပြီလား ?"
ထိုစကားစုသည် အနည်းငယ်မျှသာဖြစ်သော်လည်း အန္တရာယ်အငွေ့အသက်များထုံလွှမ်းနေသည်။
"ဒါ... သိပ်မကောင်းဘူးထင်တယ်... ဒီပိုက်ဆံက ရှင်ထင်သလိုမဟုတ်ဘူး"
"သူ့ကို မင်း ဘာကူညီပေးခဲ့လို့လဲ ?" ဟန်ရှင်းယန် ချူးချူးကိုမလွှတ်ပေးသေးသည့်အပြင် သူ(မ)၏လည်ပင်းကိုပါတတိတိနမ်းရှိုက်လာလိုက်သည်။
ရှန်းချူးချူး မြန်မြန်မရှင်းပြပါက သူ(မ)လည်ပင်းလည်း နောက်ထပ်အကြိမ်ကြိမ်အခါခါ အကိုက်ခံရမည်ကိုကြောက်ရွံမိသည်။
"ဒါ..."
ရှန်းချူးချူး စကားပြောတော့မည့်အချိန် ဖုန်းမြည်လာသည်။ ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ဖက်သွယ်မှုကြားမှ ရှောင်ထွက်သွားပြီး ဖုန်းကိုအမြန်ထုတ်ကာ ကိုင်လိုက်သည်။
"ဟယ်လို"
"မစ္စရှန်း"
"မစ္စတာသုန် ?"
ရှန်းချူးချူး တစ်ဖက်လူ၏ အသံကိုကြားသည်နှင့် ထိုသူမှာ ဤပြဿနာ၏တရားခံဖြစ်ကြောင်း နားလည်လိုက်သည်။
သူ(မ)ထိုစကားကိုမပြောလိုက်လျှင် တော်သေးသော် လည်း ယခုအခါ ဟန်ရှင်းယန်သည် မည်းမှောင်နေသော မျက်နှာထားဖြင့် သူ(မ)အနားရောက်ရှိလာသည်။
ရှန်းချူးချူး ဟန်ရှင်းယန်၏အမူအရာကိုမြင်သည်နှင့် ခြေလှမ်းအနည်းငယ် အလိုလိုဆုတ်မိသော်လည်း ကံမကောင်းစွာ သူ(မ)နောက်ကျောသည် နံရံနှင့်ကပ်လျက်သားဖြစ်နေပြီးပင်။ သို့ဖြစ်ရာ ဟန်ရှင်းယန်လျှောက်လာသည်ကို ငြိမ်သက်စွာကြည့်နေလိုက်ရသည်။
သူ(မ)သည် ဖုန်းအတွင်းမှ အသံကိုနားထောင်ရင်း ခေါင်းကိုငုံ့ဆင်းလာသည့် ဟန်ရှင်းယန်ကို ထိတ်လန့်စွာကြည့်နေမိသည်။
"မစ္စရှန်း မင်း နားထောင်နေရဲ့လား ?"
"ကျွန်မ နားထောင်နေပါတယ်"
ရှန်းချူးချူး ပြောပြီးသည်နှင့် ဟန်ရှင်းယန်သည်လည်း တစ်ပြိုင်နက်တည်း လှုပ်ရှားလာကာ ရှန်းချူးချူး၏ နားရွက်ကို ညင်သာစွာနမ်းလိုက်သည်။
"အိုခေပါ၊ မစ်ရှန်း မင်း အဆင်ပြေရဲ့လား၊ ဘာဖြစ်လို့လဲ ?"
သုန်ကျီယွမ်သည် ရှန်းချူးချူး၏လေသံကို အကဲဖြတ်ရင်း စိုးရိမ်စိတ်ကြီးစွာမေးလိုက်သည်။
"အင်း ကျွန်မ အဆင်ပြေပါတယ်၊ မစ္စတာသုန် ကိစ္စရှိလို့လား"
ရှန်းချူးချူးသည် မနေ့ညက ဟန်ရှင်းယန်ကြောင့် အလွန်ပင်ပန်းခဲ့သဖြင့် ယခုအခါ သူ(မ)တွင် ရုန်းကန်ရန် အားအင်များပင်ပျောက်ရှနေရသည်။ သူ(မ)သည် လွတ်ရာလွတ်ကြောင်း အနည်းငယ်တွန်းမိကာ ထိုသူ၏ လက်များကို အနည်းငယ်ဖယ်ခွာလိုက်သည်။ သို့သော် ရလဒ်မှာ သူ(မ)ကိုယ် သူ(မ) လဲမကျအောင်သာ ပြန်ထိန်းလိုက်ရသည်။
"... မစ်ရှန်း ကျွန်တော် အခုမှအင်တာနက်ပေါ်ကဟာကိုသိရတယ်၊ ဒီကိစ္စအတွက် ကျွန်တော့်မှာတာဝန်ရှိတယ်၊ ဒီသတင်းတွေ သိပ်မကြာခင် ပျောက်သွားပါလိမ့်မယ်၊ ဒီကိစ္စက ချီယုဖေးနဲ့ ကောချင်ကြောင့် ဖြစ်လာတာဆိုတော့ နောက်ဆို သူတို့ကို မင်းကို လာမနှောက်ယှက်ဖို့ ကျနော် သတိပေးလိုက်ပါ့မယ်..."
ရှန်းချူးချူး ဖုန်းထဲမှအသံကို နားထောင်ရင်း သူ(မ)အ သံမထွက်စေရန် နှုတ်ခမ်းကိုလည်း တက်နိုင်သလောက် ဖိကိုက်ကာထိန်းထားရသည်။
"အင်း..ရပါ..တယ်.. ကျေးဇူးတင်ပါတယ်"
ရှန်းချူးချူးသည် တစ်ဖက်လူမှာ စကားဆက်ပြောချင်နေသည်ကို သိသောကြောင့် ချက်ချင်းပင် စကားစဖြတ်လိုက်သည်။
"ကျွန်မ လုပ်စရာရှိသေးလို့ နောက်မှပြန်ဆက်ပါ့မယ်"
သုန်ကျီယွမ် တိတ်ဆိတ်သွားပြီး "ကောင်းပါပြီ"
ရှန်းချူးချူးသည် ဖုန်းကိုချ၍ ထိုလူခေါင်းမည်းမည်းကို တွန်းထုတ်လိုက်ကာ "မလုပ်နဲ့တော့ နာတယ်"
ဟန်ရှင်းယန်သည် ခေါင်းကိုမော့ကြည့်လာပြီး ရှန်းချူးချူး၏ သနားစရာအသွင်အပြင်ကိုမြင်ချိန် နှုတ်ခမ်းကိုတစ်ချက်သပ်လိုက်ကာ "ဘာကိစ္စရှိလို့လဲ ဟမ် ?"
ရှန်းချူးချူးသည် နီမြန်းသောနှုတ်ခမ်းအစုံဖြင့်ဆိုးသွမ်း နေသူအားကြည့်လိုက်သည်။ ထိုလူသည် အနည်းငယ် ဒေါသထွက်နေပုံရသည်။ ရှန်းချူးချူး ခြေဖျားထောက်ကာ ထိုသူ၏လည်တိုင်တွင် လက်ကိုချိတ်တွယ်လျက် ထိုလူ၏လည်ပင်းအား အနမ်းတစ်ပွင့်ခြွေကာ ခပ်ဖွဖွကိုက်လိုက်သည်။ "ဘာ ကိစ္စမှမရှိဘူး"
သူ၏ မျက်လုံးများသည် မထင်မှတ်စွာ ပြူးကျယ်သွားကာ နဂို ကြည်လင်နေသောမျက်လုံးအစုံသည် အရောင်ခပ်ဆွေးဆွေးများရောယှက်လာပြီး "မင်းခန္ဓာကိုယ် အခုထိ မနာဘူးလား ဟမ်?"
ရှန်းချူးချူးသည် သူ့ရှေ့ရှိလူ၏ စိတ်အတက်အကျကို ခံစားမိသဖြင့် သူ(မ)တို့ မနေ့ညက လုပ်ခဲ့သည့်အရာကို အတွေးရောက်ချိန် သူ(မ)၏ စိတ်မြန်လက်မြန် လုပ်မှုကိုပင် နောင်တရသွားမိသည်။ သို့သော်လည်း သူ(မ)သည် အံကိုတင်းတင်းကြိတ်လျက် ထိုအမျိုးသား၏လည်ပင်းကို ထပ်မံနမ်းရှိုက်ကာ "ဘယ်လိုလုပ်မနာပဲ နေမှာလဲ"
ဟန်ရှင်းယန်သည် ယုန်တစ်ကောင်လိုပြုမှုနေသော ရှန်းချူးချူးကိုကြည့်ကာ သူ(မ)ကို နမ်းလိုက်ပြီး "မင်း တမင်သက်သက်လုပ်နေတာမလား ?"
"မဟုတ်ဘူး..မဟုတ်ဘူး" ရှန်းချူးချူး၏ မျက်လုံးများ သည် ကယောင်ခြောက်ချားဖြင့် သူ(မ) အမှားကိုဝန်ခံရန် ငြင်းဆန်ဆဲပင်။
"မင်းလေးကတော့" ဟန်ရှင်းယန်သည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။ "တစ်ခုခုစားဖို့ အပြင်ထွက်ကြရအောင်"
ရှန်ချူးချူးသည် ဟန်ရှင်းယန် ထွက်မလာသည်ကို မြင်လိုက်ရသည်။ ထိုလူသည် အ၀တ်အစားများကိုသာ ထုတ်နေသဖြင့် သူ(မ)လည်း မေးလိုက်သည်။
"ရှင်ရော မလာဘူးလား"
ဟန်ရှင်းယန်သည် သူ့ခန္ဓာကိုယ်ကို တစ်ချက်ငုံ့ကြည့်ကာ သက်ပြင်းချလိုက်ပြီး "ကိုယ် ရေချိုးပြီးရင်လာခဲ့မယ်"
ရှန်းချူးချူးသည် ရှက်ကိုးရှက်ကန်းဖြင့် သူ့ကိုကြည့်ကာ "ကောင်းပြီ၊ ကျွန်မ အပြင်မှာစောင့်နေမယ်"
မကြာမီ ဟန်ရှင်းယန်သည် အခန်းထဲမှ ထွက်လာပြီး ရှန်းချူးချူးနှင့်အတူ ထမင်းစားရန် ထိုင်လိုက်သည်။
ရှန်းချူးချူးသည် စားသောက်နေစဉ် ဟန်ရှင်းယန်၏ ယခင်က မေးခွန်းများကို တွေးမိကာ အမှတ်မဲ့စားနေရင်း ဟန်ရှင်းယန်ကို တစ်ချက်တစ်ချက်လှည့်ကြည့်မိသည်။
ဟန်ရှင်းယန်သည် သူ့ပါးစပ်ထဲမှ အစားအစာများကို ဖြည်းညှင်းစွာ ဝါးလိုက်ပြီး ရှန်းချူးချူးကို စူးစိုက်ကြည့်လာကာ "ချူးချူး ကိုယ်အခုလို အစားအသောက်တွေထပ်မစားချင်တော့ဘူး"
သူသည် အစားအသောက်ဆိုသည့်နေရာကို တမင်တကာ အလေးထားပြီးပြောလိုက်သည်။
"ဟင်..ဒါဆို ရှင် ဘာစားမလို့လဲ ?"
ဟန်ရှင်းယန်သည် ကြက်ဥစွပ်ပြုတ်ကိုခပ်လိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
"မင်းကို”
ရှန်းချူးချူး၏ မျက်နှာသည် ချက်ချင်းပင် နီရဲလာကာ သူ(မ)မျက်လုံးများပင် မဝံ့မရဲ ဖြစ်နေသည်။ သူ(မ) မမျှော်လင့်ထားသည်မှာ ထို တိုတောင်းသောတစ်ညတာထဲနှင့် ဟန်ရှင်းယန်၏ စရိုက်၊အပြုအမူများပင် အခြားသူတစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။
မကြာမှီတွင် ရှန်းချူးချူးသည် ချီယုဖေး၏သတင်းကို တွေ့ရှိလိုက်သည်။
ပရော်ဖက်ရှင်နယ် ဖရဲစေ့စားသူ- ရှောင်ပြန့်က ယုံကြည်စိတ်ချရတဲ့သတင်းတစ်ခုရခဲ့လို့၊ လူတိုင်းကို မျှဝေဖို့ ချက်ချင်းလာခဲ့လိုက်တာ၊ ငါ မင်းတို့ကို ပြောပြဖို့မစောင့်နိုင်တော့ဘူး၊ မင်းတို့ ကြိတ်ရယ်မနေကြနဲ့နော်၊ ဒဲ့ပြောရရင် ချီယုဖေးက အိမ်ထောင်ကျပြီး 5 နှစ်အရွယ်ကလေးတစ်ယောက်တောင်ရှိတယ်တဲ့၊ သူ့ လေယာဉ်ပျံတွေတော့ မကြာခင် ရှင်းလင်းခံရပြီး အိပ်စက်သွားရတော့မှာပဲ 【^_^】
[Fandom name- လေယာဉ်ပျံ]
Entertainment event- ချီယုဖေး အိမ်ထောင်ကျတယ်ဆိုတာနဲ့တင် သူ့ လေယာဉ်လေးတွေ ငိုလို့ရပြီ 【^_^】
အတင်းအဖျင်းတွေက သေးငယ်တဲ့အရာမဟုတ်ဘူး- ချီယုဖေး အိမ်ထောင်ရှိတာကို ဒီလိုဖုန်းကွယ်ထားတာက တင် လေယာဉ်လေးတွေ သေနိုင်ပြီ【^_^】
.....
အကောင့်များစွာသည်လည်း လုပ်ရှားလာကာ comment များစတင်ပေးပို့လာကြသည်။ သက်သေအထောက်အ ထား လက်ဆုပ်လက်ကိုင်ပြစရာမရှိသော်လည်း လူတိုင်းသည် သတင်းကိုယုံကြည်နေကြသည်။
သို့သော် ချီယုဖေးဖန်များဖြစ်သည့် လေယာဉ်ပျံများကတော့ လွယ်လွယ်နှင့်လက်မခံကြချေ။ ၎င်းတို့သည် သက်သေမရှိသ၍ ထိုသို့သော အခြေအနေကြီးကို ၀န်မခံလိုပေ။
"ဒီအကာင့်တွေက တကယ်စိတ်အနှောက်အယှက်ဖြစ်စရာပဲ၊ ငါတို့မိသားစုဝင်ကိုတောင် ဒီလောက်အပုတ်ချနေတာ ရေတပ်တွေပဲဖြစ်ရမယ် အရမ်းမုန်းဖို့ကောင်းတာပဲ [ತ_ತ] "
"ငါ တစ်ခါမှ ဒီလောက်မျက်နှာပြောင်တိုက်တဲ့သူတွေကို မတွေ့ဖူးသေးဘူး၊ သူအကောင့်တွေကို ဘယ်လိုတောင် ရှင်းပစ်လိုက်တာလဲ ?"
"ကောလဟာလလွှင့်တာ ဥပဒေကိုချိုးဖောက်တာပဲ၊ မင်းအဖမ်းခံရဖို့ စောင့်နေလိုက်တော့ [^_^]"
......
ချီယုဖေး၏ ကုမ္ပဏီသည် ထုံးစံအတိုင်းအပြစ်ပုံချခံရသည်။ ၎င်းတို့သည် ထို့သို့ blacklist တင်ခံထားရသည့် အနုပညာရှင်ကို လူများအား ကြိုက်နှစ်သက်ခွင့်မပြုနိုင်ချေ။ ထို့အပြင် ဤသတင်းသည် တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်ပေ။ ၎င်းတို့နှင့်ရင်းနှီးသည်မှာ ကြာပြီဖြစ်သည်။
ချီယုဖေးအေးဂျင့်- မင်း ဘယ်လောက်တောင် ပျင်းနေလို့ ငါ့အနုပညာရှင်အပေါ်ကို အပုတ်ရေလာလောင်းရလား၊ တစ်ဖက်က မင်းကို ပိုက်ဆံဘယ်လောက်ပေးလို့လဲ ငါတို့ ဘက်က နှစ်ဆပေးမယ်ဆိုရင်ရော [(눈‸눈)]
Zhang Geweiwu 87_ မင်း သူတို့ကို တစ်ခါတည်းအပြတ်ရှင်းသင့်တယ်၊ ငှက်တွေဆိုတာ တစ်နေ့အရွယ် ရောက်လာရင်ပျံသန်းမှာပဲ၊ အဲ့လိုပဲ လူဆိုတာတစ်နေ့ကျရင် အိမ်ထောင်ပြုပြီး သားသမီးတွေမွေးမှာ၊ အခု သူ လက်ထပ်ရမဲ့အရွယ်မရောက်သေးလို့ မင်းတို့ ဖြစ်ပျက်နေကြတာလား ဟမ်[(ノ ̄皿 ̄)ノ ⌒== ┫]"
"ကျန့်ကောကို ထောက်ခံတယ်၊ ကျန့်ကောက အံ့သြစရာပဲ [(☆▽☆)] [♡(> ਊ