← Chapters

အခန်း (၈၃)

Vol. 9 Ch. 83

အခန်း (၈၃)

Vol. 9 Ch. 83

ရှန်းချူးချူး တွေးမိသည်မှာ #1 Entertainment Reporter-Red Feather မဟုတ်သည့်အတွက် ဘယ်သူလဲဆိုတာပင်။ ဒါ... သုန်ကျီယွမ်လား ? ဖုန်းထဲ သုန်ကျီယွမ်ပြောခဲ့သည်ကို စဉ်းစားမိတော့ သူဟာဖြစ်သင့်သည်ဟုခံစားရသည်။

ထို့နောက် ရှန်းချူးချူးသည် အလွန်အားကောင်းသောချီယုဖေးပရိသတ်များ တဖြည်းဖြည်းမမော်ကြွားနိုင်တော့ ကြောင်းတွေ့ရှိခဲ့သည်။ မေးခွန်းထုတ်သံတွေ အနည်းနှင့် အများဆိုသလိုကြားနေရပြီဖြစ်သည်။

"ချီယုဖေးဖန် မဟုတ်ပေမယ့် ဒီသတင်းကို အစကအမှန်လို့မထင်မိဘူး။ ဒါပေမယ့် ချီယုဖေးပရိသတ်တွေ အော် ဟစ်နေတာကြောင့် ရုတ်တရက်ကြီး မှန်တယ်လို့ခံစားလာရတယ် မင်းတို့ကော ဘယ်လိုထင်ကြလဲ ?[သံသယ]"

"မားကက်တင်းအကောင့်တွေ နည်းနည်းခွန်အားပေးနိုင်မယ်လို့မျှော်လင့်ရတာပဲ၊ မြန်မြန်သက်သေပြပြီး မျက်နှာဖြတ်ရိုက်ပစ်လိုက် [ဆီဖြည့်ခြင်း]"

"နောက်တစ်ခုက ဒါသာ ကောလာဟလဆိုရင် ချီယုဖေးဘက်က ရှေ့နေစာထုတ်ရမှာလေ၊ အခုထိ သူတို့ Agent ဘက်က စာထုတ်ပြန်လာတာမျိုး ဘာကြောင့်မရှိရတာလဲ ? ဘာ့ကြောင့်လဲ ? [မရိုးရှင်းဘူး]"

တစ်စုံတစ်ယောက်က ပြန်ဖြေလာသည် - "အပေါ်ထပ်ကတစ်ယောက်ရဲ့မေးခွန်းကိုမြင်ပြီး ကြောက်သလိုခံစားလိုက်ရတယ်။ [ကြောက်စရာကောင်းတယ်]"

ချီယုဖေးသတင်းများကြောင့် ရှန်းချူးချူးသတင်းသည် ဒယ်အိုးထဲမှ မီးရောင်တစ်ခုလိုပျောက်ကွယ်သွားခဲ့သည်။ ရှန်းချူးချူး ဒါကို ရှင်းပြချင်ပေမယ့် ချန်းရှီလီက သူမကို ဒီအချိန်မှာ ဘာမှမလုပ်ဖို့အကြံပေးခဲ့သည်။

"ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲက သတင်းတော်တော်များများက တကယ်တော့အတုတွေ၊ တော်တော်များများက အဲဒါကိုမေ့နေကြတယ်၊ အင်တာနက်သုံးစွဲသူတွေကို မိုက်မဲတယ်လို့မထင်ကြဘူး။ တချို့ဟာတွေကမှန်သလို တစ်ချို့ဟာတွေက အတုတွေ နေ့တိုင်းလိုလိုသတင်းတွေတတ်လာမှာပဲ၊ အကောင်းဆုံးနည်းလမ်းကတော့ မေ့ထားလိုက်၊ ဘာမှသွားပြောမနေနဲ့ ပိုရှင်းပြလေ၊ အမှန်လို့ လူတွေပိုထင်လေလေပဲ။"

ရှန်းချူးချူးသည် ၎င်းကိုနားထောင်ပြီးနောက် စိတ်ထဲဘဝမကျသေးသော်လည်း ချန်းရှီလီ၏စကားများ အလွန်မှန်ကြောင်း သူ ဝန်ခံရမည်ဖြစ်သည်။

မမျှော်လင့်ဘဲ ထိုညတွင် ရှန်းချူးချူး နောက်ထပ်မနှစ်မြို့ဖွယ်အရာတစ်ခုကိုထပ်မံကြုံတွေ့ခဲ့ရသည်။

ချန်ရွှင်းခေါ်လာချိန် ရှန်းချူးချူးရိုက်ကူးရေးလုပ်နေဆဲဖြစ်သည်။ ညဘက်အလုပ်ပြီးသွားတော့ ပြန်ခေါ်လာပြန် သည်။

"ရှန်းချူးချူး၊ မင်း ပြောင်းလဲသွားပြီ"

ရှန်းချူးချူးသည် ချန်းချွေ့၏ Deja vu ကဲ့သို့သော စကားကိုနားထောင်ပြီး ကျယ်လောင်စွာမရယ်မောဘဲမနေနိုင်ပေ။

"အရင်လိုပါပဲလား ? ကျောင်းတတ်တုန်းက ကျမ မှတ်မိသလောက်တော့ အဲဒါ ရိုးရိုးကျောင်းတစ်ခုပဲ။ ရှင် ဘာလို့ ထပ်ခါထပ်ခါ over လုပ်နေတာလဲ ? အခုပြောလိုက်တဲ့ စကားကရော ဘာကိုဆိုချင်တာလဲ ?"

"ရှန်းချူးချူး၊ ငါ မင်းကိုအလေးနက်ထားပြောနေတာ၊ မင်း ငါ့ကို အပိုလုပ်တယ်လို့မထင်နဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေက မင်းအပေါ်ကစားရုံပဲ အတည်မဟုတ်ဘူး၊ မင်းရဲ့ခံစားချက်တွေကိုကစားသွားမှာ"

"သူတို့က ငါ့ကို တကယ်ကြိုက်လား ? မကြိုက်လား ဘယ်လိုသိလဲ ? ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ရှင်မမြင်သေးဖူးလား။"

"ဟုတ်သား၊ အဲ့လိုအရှုပ်တော်ပုံကြီးကို မမြင်မိဖို့ဆိုတာ တော်တော်ခက်တာပဲ"

ရှန်းချူးချူး ဒါကို နားထောင်ပြီးရယ်လိုက်သည်။

"ရှင့် IQ မြင့်မယ်လို့မမျှော်လင့်ထားဘူး ၊ အဲ့တော့ ရျင် တော်တော်ဒုက္ခရောက်မှာပဲနော်၊ ကျမ ဘယ်သူနဲ့တွဲတွဲရှင် လာထိန်းချုပ်လို့မရဘူး "

"ရှန်းချူးချူး၊ မင်း..."

ချန်ရွှင်း စကားဆက်မပြောဘဲ အသံတိတ်သွားသည်။

ဝမ်ချမ့် ရှန်းချူးချူး၏မျက်နှာ သိပ်ကြည့်ကောင်းတာကိုမြင်တော့ "သူဌေး၊ နို့လက်ဖက်ရည်သောက်ချင်သေးလား"

"မသောက်ရဘူး၊ ပြန်အိပ်တော့"

ခုနကပြောခဲ့တဲ့စကားကို စဉ်းစားလိုက်ပြီး ရှန်းချူးချူးသူ့ကို တိုက်ရိုက်ဘ‌လော့လိုက်သည်။ သူမ သတင်းတွေ ပလူပျံ့နေချိန်မှာ သူမရဲ့မိဘများသည် နှစ်သိမ့်သည့် လေသံဖြင့်အားပေးခဲ့ကြပြီး ဝမ်ချမ့် ဖုန်းခေါ်လာချိန်မှာ တစ်စုံတစ်ယောက်က သူမအား အွန်လိုင်းပေါ်တမင်အပုတ်ချခဲ့သည်ဟုသံသယရှိခဲ့သည်။ ဟန်ရှင်းယန်သည် ပြဿနာဖြေရှင်းရန် သူမကို ကူညီချင်နေသည်။

သူမထံခံစားချက်ကောင်းတွေရှိခဲ့ချိန်မှာ ဒီအတန်းဖော်ဟောင်းပြောလာတဲ့ စကားက နှစ်သိမ့်မှုမဟုတ်သလို၊ စိုးရိမ်မှုမဟုတ်ဘဲ မေးခွန်းတစ်ခုပင်။ ဒါပေါ့ ဆက်ဆံရေးကိုတစ်ချက်ကြည့်တာနဲ့သိနိုင်တာပဲလေ။

ချန်းရှီလီ၏ချဉ်းကပ်ပုံသည် အလွန်မှန်ကန်ပုံရသည်။ အားလုံးက မင်းကိုယုံကြည်မယ်လို့ ငါယုံတယ်၊ ပြီးတော့ မင်းကိုမယုံတဲ့ သူတွေကို မင်းထပ်မရှင်းပြနဲ့တော့၊ အဲ့အကြောင်းတွေးပြီးနောက် ရှန်းချူးချူး စိတ်တည်ငြိမ်စွာဖြင့် အိပ်ပျော်သွားခဲ့သည်။

**********

ချီယုဖေး၏ကုမ္ပဏီထံ ချန်းရှီလီကဲ့သို့တူညီသောအတွေး အမြင်များရှိပြီး အရာများတဖြည်းဖြည်း ကွယ်ပျောက်သွားရန်စောင့်ဆိုင်းနေခဲ့သည်။ အွန်လိုင်းစျေးကွက်ရှာ ဖွေရေးအကောင့်များ၏ အလေ့အကျင့်ကိုကြည့်ပါ၊ ထိုစျေးကွက်ရှာဖွေရေးအကောင့်များနှင့် ပတ်သက်ပြီးအမှန်တကယ်မရှိသည်ကို သူတို့သိသည်။ ၎င်းတို့၏ စျေးကွက်ရှာဖွေရေးအကောင့်များသည် တိကျသော အချက်အလက်များရရှိထားသည်ဟု ခန့်မှန်းထားသော် လည်း ၎င်းကိုအဘယ်ကြောင့် မဖော်ပြနိုင်သည်ကို ၎င်းတို့ မသိပေ။

အကြောင်းပြချက်က အချက်နှစ်ချက်ထက်မပိုဘူး။ ပထမအချက်မှာ သက်သေအထောက်အထားမရှိခြင်း၊ ဒုတိယအချက်မှာ သက်သေအထောက်အထားရပြီးနောက် သတင်းလွင့်ရန်ကြောက်ရွံ့ခြင်းသာ။

ချီယုဖေးအဖွဲ့သည် မားကတ်တင်းအကောင့်များမှ တိတိ ပပချပြလာခြင်းမရှိသောကြောင့်၊ ၎င်းတို့ ကြောက်ရွံ့ခြင်းအလျင်းမရှိချေ။

သို့သော် ချီယုဖေး၏ ပြည်တွင်းခေါင်းလျှော်ရည် ကြော် ငြာထောက်ခံသည့်စာချုပ် ရပ်စဲကြောင်း ရုတ်တရက် ကြေညာလိုက်ချိန်မှာတော့ သူတို့တုန်လှုပ်နေဆဲပင်။

"ဘာကြောင့် စာချုပ်က ရပ်စဲရမှာလဲ၊ သက်တမ်းကတစ်နှစ်ခွဲမှ ကုန်မှာမဟုတ်ဘူးလား ?"

အဲဒီမှာ တာဝန်ခံက "မကြာသေးခင် အွန်လိုင်းပေါ်ကသတင်းတွေကြောင့်၊ အပျက်သဘောဆောင်တဲ့ အချက် အလက်တွေအများကြီးရှိလာလို့၊ ငါတို့ကုမ္ပဏီက မင်းနဲ့စာချုပ်မချုပ်နိုင်တော့ဘူး။ ပျက်စီးသွားတဲ့ဆုံးရှုံးမှုတွေအတွက် မင်းတို့ဘက်ကပေးဆောင်ရမယ်။"

ကျန့်ကော ထိုစကားကိုနားထောင်ပြီး မီးတောက်လာခဲ့သည်။

"အင်တာနက်ပေါ်ကသတင်းတွေအားလုံးသည် အတုတွေပဲ၊ ဘာသက်သေအထောက်အထားမှမရှိဘူး။ ပြီးတော့ ဒဏ်ကြေးပေးရမယ့်အပြင် ပျက်ဆီးဆုံးရှုံးမှုကိုပါပေးစေချင်တာလား ? ဆန်းကြယ်လွန်းတယ်၊ အဲ့ဒါ မင်းတို့အပေါ် မူတည်တာလေ၊ ငါထင်တာတော့ ပိုက်ဆံဆုံးရှုံးတာ မင်းတို့ပဲဖြစ်ရမယ်"

"ငါတို့ကို ပိုက်ဆံဆုံးရှုံးစေချင်တာလား ? ကောင်းပြီလေ စောင့်ကြည့်ကြတာပေါ့!"

ပြီးနောက် ဖုန်းချသွားသည်။ ရုံးခန်းရှိ အခြားလူများကို ကြည့်လိုက်ပြီး ထိုလူက လှောင်ပြောင်လိုက်သည်။

"ဟိုဘက်ခြမ်းအဖွဲ့က ဘယ်လိုထင်လဲမသိဘူး၊ ငါ စော် ကားလိုက်တဲ့လူတော့ သိနိုင်မှာမဟုတ်ဘူး။ ငါတို့ကိုများ အော်ငေါက်ဝံ့သေးတယ်။ Han Group နဲ့ဆို ငါတို့ သူ့ကို လျော်ကြေးပေးစရာမလိုဘူး။ အခု ဒီပိုက်ဆံတွေ၊ ချီယုဖေးကို လာခွင့်ပေးလိုက်တာပေါ့၊ ငါဘယ်လိုလုပ် Han Group ကို ရှေ့ထွက်ခွင့်ပြုနိုင်မှာလဲ ?"

ကျန့်ကောသည် တဖက်ကကိစ္စများကိုမသိပေ။ တဖက်က ချသွားသည့် ဖုန်းကိုနားထောင်ရင်း ဒေါသတကြီးနဲ့ ဖုန်းကိုစားပွဲပေါ်ပစ်ချပြီး ကြိုးဖြုတ်လိုက်သည်။

"ဒီလို Brand မျိုး တစ်ခါမှမတွေ့ဖူးဘူး။ စာချုပ်ဖျက်တဲ့ အပြင် ပျက်စီးဆုံးရှုံးမှုပြီး ငါတို့ကို ပေးစေချင်နေသေးတယ်။ ငါတို့ ကုမ္ပဏီကိုသေးသေးဆိုပြီး အနိုင်ကျင့်နေတာ၊ ဒီတစ်ခေါက် သူတို့ကိုသွေးအန်ထုတ်ခိုင်းရမယ်!"

ချီယုဖေးနားထောင်ပြီးနောက် သူကပြုံးပြီး ကျန့်ကောရဲ့ ပုခုံးကိုပုတ်ကာ "ကျန့်ကော ဒေါသထွက်မနေနဲ့ ကျနော့် တို့နောက်မှာ ကျ‌နော့်မိန်းမရဲ့ကောမိသားစုရှိတယ်။ အဲ့ဒီမျက်လုံးမပါတဲ့ လူတွေကိုကြည့်ခိုင်းထားလိုက်။"

ချီယုဖေးအဖွဲ့၏ မည်သည့်လုပ်ဆောင်မှုတစ်ခုပြုလုပ် သည်ကိုမစောင့်ခဲ့ကြပေ။ နောက်တစ်နေ့တွင် သူသည် နိုင်ငံတကာမျက်နှာသစ်ကြော်ငြာတစ်ခုမှ စာချုပ်ပယ် ဖျက်ကြောင်းကြေညာခဲ့သည်။ အကြောင်းအရင်းမှာ Idol Image နှင့် Brand ပုံရိပ်မလိုက်တော့သောကြောင့်ပင်။ ပေြာရမည်ဆိုလျှင် ပျက်ဆီးသွားသော ပျက်စီးဆုံးရှုံးမှုများအတွက် ၎င်းတို့ပေးဆောင်ရမည်မှာရိုးရှင်းသည်။

ထိုအချိန်တွင် ကျန့်ကော တစ်ခုခုမှားနေပြီဟုယောင်ဝါး ဝါးခံစားမိလာသည်။ သူ PR ဌာနကိုဖုန်းဆက်ပြီး အင်တာနက်ရှိ အခြေအနေတွေလှမ်းမေးလိုက်သည်။ အွန်လိုင်းရှိသတင်းအတုများကို မနှိမ်နင်းရုံသာမကပိုမိုပြင်း ထန်လာကြောင်းတွေ့ရှိခဲ့သည်။

"ရှောင်ဖေး၊ မင်း မကြာသေးခင်က တစ်ယောက်ယောက်ကို စော်ကားခဲ့သေးလား"

ချီယုဖေးသည် ကျန့်ကော၏မေးခွန်းကိုကြားပြီးမျက် မှောင်ကြုတ်လိုက်သည်။

"Mr.သုန်ပဲ တခြား‌သူတွေကဘာပြန်လုပ်နိုင်မှာလဲ ? ဒါပေမယ့် သုန်နဲ့ ကောတို့ရဲ့ ဆက်ဆံရေးကတော်တော်ကောင်းတယ်။ သူတို့အဲ့လို လုပ်မှာမဟုတ်ဘူး။"

ကျန့်ကောက မျက်မှောင်ကြုတ်ပြီး ဒီဖြစ်နိုင်ခြေကို နားထောင်လိုက်သည်။ အချိန်အတော်ကြာပြီးနောက်

"ဒါမှမဟုတ် မင်း ကောချင်ဘက်ကိုဖုန်းဆက်ပြီးမေး ကြည့်လိုက်ဦး၊ မေးပြီးရင်တော့ စိတ်ချလို့ရပြီ"

ကောချင် ကလေးကို ယခင်နေ့ညက ကောမိသားစုအိမ်ဟောင်းသို့ပြန်ခေါ်သွားသောကြောင့် သူ သိပ်မသိပေ။ ကျန့်ကောစကားကိုကြားချိန် ချက်ချင်းဖုန်းဆက်လိုက်သည်။

ကောချင်မှ ကုမ္ပဏီမှာတစ်ခုခုမှားနေပြီဟု သူ့ကိုပြောလာဖို့မမျှော်လင့်ထားချေ။ သူ့အဖေမှာ ကုမ္ပဏီနှင့်အလုပ်ရှုပ်နေသလို သုန်မိသားစုသည် ၎င်းတို့အားစီးပွားရေးတွင် ကူညီပေးခဲ့သောကြောင့် ထိုသို့သောပြဿနာမျိုးမပြု လုပ်သင့်ပေ။

ချီယုဖေးသည် ကောချင်၏စကားတွေကို ကျန့်ကောကို ပြောပြပြီး ကျန့်ကော၏စိတ်သည်အနည်းငယ်ပြေလျော့သွားသည်။ သို့သော် သူ့စိတ်ထဲ စနိုးစနောင့်ခံစားနေရသေးသည်။

ညနေပိုင်းတွင် ရှန်းချူးချူး၏ Weibo အကောင့်တွင် #1 Entertainment Reporter-Red Feather ထံမှ မက်ဆေ့ချ်တစ်ခုလက်ခံရရှိခဲ့သည်။

#1 Entertainment Reporter-Red Feather- နတ်ဘုရား၊ အထောက်အထားတွေ့ခဲ့တယ်၊ အတန်းဖော်တွေနဲ့ ဆရာတွေအများကြီးဆီ ငါ မသွားချင်ခဲ့ဘူး။ မင်း ပြောတာမှန်တယ်! ငါ အရမ်းတုန်လှုပ်စရာကောင်းတဲ့ သတင်းကိုသွားတင်လိုက်ဦးမယ်။

ငါက ယွဲ့လောင် : ... ကြိုးစား၊ ဘေးကင်းဖို့ အာရုံစိုက်ပါ။

#1 Entertainment Reporter-Red Feather- မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ အတင်းအဖျင်း တွေအတွက်ကတော့ သွားသေလိုက်!

ငါက ယွဲ့လောင် : ...

ရှန်းချူးချူးသည် #1 Entertainment Reporter-Red Feather ၏မိုက်ခရိုဘလော့ဂ်ကိုတွေ့ရန် အချိန်အတော်ကြာခဲ့သည်။

#1 Entertainment Reporter-Red Feather- စိတ်အားထက်သန်တဲ့ အင်တာနက်အသုံးပြုသူတွေဆီက စာကိုလက်ခံရရှိကတည်းက ရှောင်ပြန့်ရဲ့အတင်းအဖျင်းသိချင်တဲ့ စိတ်ကမခံမရပ်နိုင်ဖြစ်ခဲ့ရတယ်။ အတိတ်က အကြောင်း သိတဲ့သူတွေဆီ မရေမတွက်နိုင်အောင် လည် ပတ်ပြီးတဲ့အခါ ဇာတ်လမ်းရဲ့ဇစ်မြစ်ကိုပြောပြနိုင်ခဲ့ပြီ။ ငါတို့က အတင်းအဖျင်းမဆိုချင်ပေမယ့် လူအချို့ရဲ့မျက်နှာအစစ်ကို လူတိုင်းသိသွားကြအောင်လို့ပါ။

ပထမဆုံးအနေနဲ့ Q မျိုးရိုးအမည်ရှိတဲ့ အမျိုးသားက အိမ်ထောင်ပြုထားတယ်ဆိုတဲ့အချက်ပါ။ ဒါပေမယ့် အမျိုးသမီးက အပြင်လူတစ်ယောက်ဖြစ်ပြီး privacy ကိုလေးစားဖို့အတွက် သူ ဘယ်သူလဲဆိုတာတော့ မပြော တော့ပါဘူး။ ငါ့လက်ထဲမှာ ဓာတ်ပုံတွေရှိတယ်။ လှိုက် လှိုက်လှဲလှဲပြောချင်တယ်။ 【အပြုံး】

နောက်တစ်ချက်ကတော့ အိမ်ထောင်ရှင်အမျိုးသားကြယ်ပွင့်က ပြင်ပကမ္ဘာမှာ တော်တဲ့လူမဟုတ်ပါဘူး။ အလယ်တန်းကျောင်းတက်တုန်းက ဆေးလိပ်တွေသောက်ပြီး အချစ်ထဲမွေ့လျော်ခဲ့တယ်။ ကောင်မလေး က ဗိုက်ကြီးခဲ့တယ်လို့တောင် သတင်းရထားပါတယ်။ ငါ့မှာ အထောက်အထားရှိတယ်၊ ပို့စ်တင်ပြဖို့ အဆင်မပြေပေမယ့် ကြိုဆိုပါတယ်။ 【အပြုံး】

တတိယအချက်ကတော့ ဒီအမျိုးသားကြယ်ပွင့်ကစိတ်ကူးယဉ်ဇာတ်လမ်းရဲ့ အမျိုးသမီးသရုပ်ဆောင်နဲ့ သိပ်မရင်းနှီးပါဘူး။ မင်းရဲ့ပရိသတ်တွေအထင်အမြင်လွဲမှားအောင် ကြာပန်းဖြူလိုဟန်ဆောင်ပြီး ကြယ်တစ်ပွင့်ကိုပြည့်တန်ဆာတစ်ယောက်လို အပုတ်ချခွင့်ပြုပြီး အရမ်းမောက်မာမနေသင့်ဘူး။

နောက်ဆုံး ဒါကိုတော့ သက်သေမပြဘဲမနေနိုင်ဘူး။ ဒါ အမျိုးသားကြယ်ပွင့်ရဲ့ ပလတ်စတစ်ဆာဂျရီမလုပ်ခင် ဆေးလိပ်၊အရက်သောက်နေတဲ့ ဓာတ်ပုံတချို့ပဲ။ သူ့မိဘ တောင် သူ့ကိုအသိအမှတ်ပြုနိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းရတယ်။ [ပုံ] [ပုံ] [ပုံ]

#1 Entertainment Reporter-Red Feather ၏အဆိုပါ သတင်းပျံ့သွားခဲ့ပြီး ပရိသတ်တွေသန်းနဲ့ချီ ရှိနေပြီဖြစ် သည်။

ရှန်းချူးချူး ဖတ်ပြီးသည့်နောက် #1 Entertainment Reporter-Red Feather ၏ကိုယ်ရည်ကိုယ်သွေးတစ်ခုဟု ခံစားမိသည်။ အတင်းအဖျင်းပြောနိုင်ဖို့ ဒီလိုလုပ်ရတာ တကယ်မလွယ်ဘူး။ သေချာတာပေါ့၊ လုပ်ငန်းတိုင်းမှာ လေးစားဖို့ကောင်းတဲ့လူတွေရှိတယ်။ ဒါ့ပြင် နောက် ဆုံးဓာတ်ပုံသုံးပုံထဲက လူကို သူမ တကယ်မမှတ်မိပေ။ အဲ့တာ ချီယုဖေးပေါ့။

All Chapters