အခန်း (၈၄)
Vol. 9 Ch. 84
ချီယုဖေး၏စကားသည် ၎င်း၏မောက်မာသော ပရိသတ်များအား တဖြည်းဖြည်းလွှမ်းမိုးသွားပြီး ၎င်း၏အဖွဲ့သည်လည်း အကျိုးဆက်များကိုဂရုစိုက်နေပြီဖြစ်သည်။ ပထမဆုံးအချက်မှာ ကြော်ငြာအများအပြားဖျက်သိမ်းခံလိုက်ရပြီး ကျန်တစ်ချက်မှာ ကောချင်သည် အွန်လိုင်းပေါ်ရှိ သတင်းများကိုမြင်သွားသောကြောင့်ပင်။
"အင်တာနက်ပေါ်ကသတင်းက အမှန်ပဲလား"
ကောချင်သည် သူ(မ)ရှေ့ရှိလူအား အေးစက်စွာကြည့်၍ မေးလိုက်သည်။
ချီယုဖေးသည်တော့ ထိုမေးခွန်းများကို အကြိမ်မည်မျှ ကြားဖူးမှန်းတောင် မမှတ်မိတော့ချေ။ ကောချင်၏ အပြု အမူများသည် ယခင်ကနှင့် အနည်းငယ်မတူသည်ဟု ခံစားမိသော်လည်း ချီယုဖေးသည် အရေးမစိုက်တော့ပဲ ခါတိုင်းလိုငြင်းဆန်လိုက်ဆဲပင်။ သူသည် တစ်ကြိမ်၊ နှစ်ကြိမ်မက သုံးဖန်များသဖြင့် ကျင့်သားရတောင်ရနေပြီဖြစ်သည်။
ထို့ကြောင့် သူထွေထူးစွာမစဉ်းစားပဲ ကောချင်သည် ကုမ္ပဏီရှိပြဿနာများကြောင့် ဒေါသဖြစ်နေသည်ဟုသာ မှတ်ယူလိုက်သည်။
ချီယုဖေးသည် ဖန်တစ်ရာချီနေသည့် စကားအတိုင်း "ချင်ချင် မင်းကိုယ့်ကိုယုံရမယ်လေ၊ အဲ့တာတွေက အလိမ်အညာဆိုတာ အသိသာကြီးကို"
ကောချင်သည် အေးစက်စွာဖြင့် "အလိမ်အညာဟုတ် လား ? ရှင် ပြောတိုင်း ကျွန်မ ယုံမယ်ထင်နေတာလား"
ယခုလို အခြေအနေမျိုး မည်မျှဖြစ်ဖူးမှန်း ချီယုဖေးမမှတ်မိတော့သော်လည်း အကြိမ်တိုင်းလိုလို သူ ချောမွေ့စွာရှင်းပြနိုင်ခဲ့သည်။ ကောချင်သည် သူ အမျိုးသမီးစတားများနှင့် အတင်းအဖျင်းထွက်တိုင်းမေးလေ့ရှိသလို သူ(မ)သည် အဆုံးတွင် သူ့စကားများအားချွင်းချက်မရှိယုံကြည်လေသည်။
သို့သော် ဤတစ်ခါတွင် ကောချင် ယခုလိုမေးလာလိမ့် မည်ဟု သူ မမျှော်လင့်ထားချေ။ ကောချင်၏ယခင်ကနှင့် မတူညီသော အသွင်အပြင်ကိုကြည့်ကာ သူ ရင်တထိတ်ထိတ်ဖြင့်မေးလိုက်သည်။
"ချင်ချင် မင်း ဘာပြောချင်တာလဲ၊ ကိုယ့်ကို မယုံတာလား ?"
"ကျွန်မ ဘာပြောချင်တာလဲတဲ့လား? ရော့! ရှင့် မျက်လုံးပါရင် ကိုယ်တိုင်ကြည့်တော့!"
ကောချင်သည် စားပွဲပေါ်မှ စာအိတ်ကိုကောက်ယူကာ ချီယုဖေးမျက်နှာပေါ်သို့ ကောက်ပေါက်လိုက်သည်။ စာ အိတ်သည်လည်း ပွင့်ဟသွားပြီး စာအိတ်ထဲရှိပုံများမှာ အပြင်သို့ထွက်ကျလာခဲ့သည်။
ချီယုဖေး ဓာတ်ပုံတစ်ပုံကို ကောက်ကိုင်ကြည့်လိုက်သည်။ ထိုထဲတွင် လူနှစ်ယောက်ရှိနေပြီး တစ်ယောက်သည် သူ မချစ်ခဲ့သည့်မိန်းကလေးဖြစ်သည်။ သူသည် အလယ်တန်းကျောင်းဝတ်စုံကို ၀တ်ဆင်ထားကာ ထိုကောင်မလေးအားနမ်းနေခဲ့သည်။
"ချင်..ချင်ချင်..ဒါကို ကြည့်တာနဲ့ အတုဆိုတာ အသိသာကြီးကိုကွာ၊ အဲ့ကောင်ရုပ်ကိုလည်းကြည့်ပါဦး ဒီလောက်ရုပ်ဆိုးတာကို ကိုယ် ဖြစ်နိုင်မှာလား"
ချီယုဖေးသည် သူ မဟုတ်ကြောင်း ရိုးသားစွာပြောလာသည်။
"ရှင် မဟုတ်ဘူး ဟုတ်လား ? တခြားပုံတွေကို ထပ်ကြည့်ပါဦး"
ကောချင်၏အသံသည် မုန်တိုင်းမတိုက်မီ တိတ်ဆိတ်နေသကဲ့သို့ အလွန်တည်ငြိမ်နေသည်။
ချီယုဖေးသည် ကောချင်ကို တစ်ချက်ကြည့်ကာ အခြားဓာတ်ပုံများကို ငုံ့ကြည့်လိုက်သည်။
ပုံများကိုကြည့်လေလေ သူပိုထိတ်လန့်လာလေလေပင်။ ပုံထဲတွင် သူနှင့်အတူကိုယ်ဝန်ဖျက်ချရန် ဆေးခန်းသို့သွားနေသော မိန်းကလေးတစ်ဦး၏ ဓာတ်ပုံများနှင့် အခြားအမျိုးသမီးစတားများနှင့် ခိုးကြောင်ခိုးဝှက် နမ်းနေကြသောပုံများလည်းပါကာ သူ့မျက်နှာအားထင်ရှားရှင်းလင်းစွာမြင်နေရသည်။
သူ အမျိုးသမီးစတားများနှင့် နမ်းနေသောပုံများကို ပါပါရာဇီများထံမှယူလို့ရကြောင်း သူနားလည်သော်လည်း သူ့ယခင်ပုံများကိုမူ မည်သို့ရိုက်ယူထားကြသနည်း ? သူတို့က သူ အလယ်တန်းကျောင်းတက်တည်း တစ်နေ့ကျရင် ဒီလိုဖြစ်မယ်ဆိုတာ မှန်းဆမိကြလို့များလား ? မဟုတ်ပါကအဘယ့်ကြောင့်နည်း ? ထိုအတွေးများသည် ချီယုဖေး နောက်ကျောအား ချွေးအေးများပင်စို့တက်စေသည်။
"ချင်ချင် ကိုယ်..."
ကောချင်သည် ဆိုဖာပေါ်တွင်ထိုင်ကာ ဖြည်းညှင်းစွာပြောလိုက်သည်။
"ရှင် ဒီလိုလူတစ်ယောက်ဖြစ်မယ်လို့ ကျွန်မဘယ်တုန်းကမှ မထင်ခဲ့ဘူး၊ ကျွန်မက ရှင့်ရဲ့ပထမဆုံး မိန်းကလေးလို့ထင်ခဲ့တာ၊ ကျွန်မက ရှင့်ရဲ့အချစ်ဦး၊ ရှင့်မှာ ကျွန်မ တစ် ယောက်တည်းရှိမယ်လို့ထင်ထားတာ၊ ဒါပေမဲ့ တကယ် တမ်းတော့ ကျွန်မထက်တောင်ပိုစောတဲ့ မိန်းကလေးတွေ ရှင့်ဘ၀ထဲ နေရာယူထားတဲ့အပြင် ကျွန်မတို့လက်ထပ်ပြီးတာတောင် ရှင်က ပွေရှုပ်နေသေးတယ်"
ချီယုဖေးသည် ယခုအခြေအနေမှာ သူ့ထိန်းချုပ်မှုအောက်တွင်မရှိတော့ဟုခံစားနေရသည်။ သူသည် ကောချင်ရှေ့ ထိုင်ချလိုက်ပြီး အသည်းအသန်ပြောလာသည်။
"ချင်ချင်... မင်းကိုယ့် စကားကို နားထောင်ပါဦး... ကိုယ်ရှင်းပြမယ်"
ကောချင်သည် သူ့မျက်နှာကို တည့်တည့်စိုက်ကြည့်ကာ
"ကျွန်မမှာတော့ ရှင့်ကို ဘယ်လောက်တောင်ချစ်လိုက်ရလဲ ? ကျွန်မ အထက်တန်းကျောင်းတက်တုန်းက ရှင်နဲ့အိပ်ခဲ့မိပြီး ကလေးရသွားလို့ ကျွန်မ ပါးပါးစီစဉ်ထားတဲ့ နိုင်ငံခြားမှာကျောင်းတက်ရမဲ့ အစီအစဉ်တွေကို ဘယ်လို ငြင်းခဲ့လဲ? ကျွန်မ ရှင့်ကြောင့် ဘယ်လောက်တောင်စွန့် လွှတ်ခဲ့ရတယ်ထင်လဲ ? ဒါပေမဲ့ ရှင်ကျတော့ ကျွန်မကို အရူးတစ်ယောက်လိုဆက်ဆံတယ်၊ ဒီဟာမကြီးက ငတုံးငအကြီးပေါ့၊ ရှင် ကျွန်မကိုအမြဲလိမ်တယ်၊ အခုထိ ကျွန်မ ဒီအကြောင်းတွေမသိထားရင် ရှင် ကျွန်မကို တစ်ဘ၀လုံးလိမ်ဖို့များတွေးထားတာလား ချီယုဖေး!"
ချီယုဖေးသည် ကောချင်၏စကားများကြောင့် သူ၏ စိတ်များလည်း တုန်လှုပ်လာကာ ပါးစပ်ကြီးကိုဖွင်ဟလျက် ထစ်အစွာပြောလာသည်။
"ချင်.. ချင်ချင် ဒါ တကယ်အမှန်မဟုတ်ပါဘူးဆိုကွာ၊ ဒီ ဓာတ်ပုံထဲက သူက ကိုယ်မဟုတ်ဘူး၊ အဲ့တာက အဲ့..စတားတွေက ကိုယ့်ကိုယ်လာဖြားယောင်းလို့ပဲ ဟုတ်တယ်၊ ကိုယ် မင်းကိုပဲချစ်တာပါ၊ မင်း ကိုယ့်ကိုယုံရမယ်"
ကောချင်သည် မြေပြင်ပေါ်ရှိ ဓာတ်ပုံကို ငုံ့ကြည့်ပြီး ဖြည်းညှင်းစွာ ကောက်ကိုင်လိုက်သည်။ ထို့နောက် ခဏကြာကြည့်ပြီး ချီယုဖေးရှေ့သို့ကပ်ပေးလိုက်သည်။
"သူတို့က ရှင့်ကို ဖြားယောင်းတယ်ပေါ့ ? ကျွန်မကို အရူးများထင်နေလား? ရှင် ဘယ်လောက် ပျော်နေလဲဆိုတာ ကြည့်လိုက်စမ်းပါ!"
ချီယုဖေးကျောပြင်မှ ချွေးများတစ်စပြီး တစ်စ ထွက်လာသည်။ သူ မည်သို့ ရှင်းပြရမှန်း အဖြေရှာမရတော့ချိန် ကလေးငိုသံ ကြားလိုက်ရပြီး သူ့မျက်လုံးများထဲအလင်း တန်းများတောက်ပလာသည်။
"ချင်ချင် မင်း မေ့သွားပြီလား၊ ကိုယ်တို့မှာ ကလေးရှိသေးတယ်လေ၊ ကလေးက အဖေ မရှိရင် ဘယ်လိုလုပ်ဖြစ်မလဲ ? ဒီတစ်ခေါက် ကိုယ်မှားမှန်းသိပါပြီ၊ ကိုယ့်ကို အခွင့်အရေးတစ်ခါလောက်ပဲပေး.. ကိုယ် နောက်ထပ်မလုပ်တော့ပါဘူး၊ ကလေးမျက်နှာကိုထောက်ပြီးပဲဖြစ်ဖြစ် ကိုယ့်ကိုခွင့်လွှတ်ပေးပါ"
ကောချင်သည် ဒေါသထွက်ထွက်နှင့် ရယ်မောလိုက်ကာ "ချီယုဖေး ရှင် တကယ်အရှက်မရှိတာပဲ! ကလေးကိုတောင် အကြောင်းပြရဲတယ်ပေါ့ ? ဟုတ်တယ်... ကလေးကအဖေမရှိလို့မဖြစ်ဘူး၊ ဒါပေမဲ့ အဲ့ဒီအဖေက ရှင်ဖြစ်နေစရာမလိုဘူး၊ ကလေးရဲ့အဖေဖြစ်ချင်တဲ့သူတွေမှအများ ကြီး၊ အရင်က ရှင့်ကိုသိပ်ချစ်လှပါပြီဆိုတဲ့ ကောချင်က အခု ဒီမှာ မရှိတော့ဘူး"
ချီယုဖေးသည် ကောချင်၏စကားကိုနားထောင်ပြီး သူ့မျက်နှာ ဖြူဖျော့သွားသည်။ သူ့တစ်ကိုယ်လုံးသည် ရှက်ရွံ့မှုများထုံလွှမ်းနေပြီး ယခုအခါ သန်းနှင့်ချီသော ပရိသတ်များရှိသည့် စတားတစ်ယောက်လည်းမဟုတ်တော့ချေ။ သူသည် မည်သည့်စကားမှ ထပ်မံပြောစရာမလိုတော့မှန်းနားလည်သွားသည်။ သူ ကောချင် ဘယ်လိုလူလဲဆိုတာ ကောင်းကောင်းသိသည်။ သူ သူ(မ)အပြင် အခြားသူများနှင့် ပိုမိုပျော်ပါးလိုကြောင်း သူ သိသည်။
သို့သော် ၎င်းတို့ကြားတွင် ကလေးလည်းရှိနေသဖြင့် လွယ်လွယ်သဘောထားမလွဲနိုင်ဟု ထင်ခဲ့သည်။ သူ(မ) သည် သူ့အား အလွန်ချစ်သဖြင့် သူ ယုံကြည်မှုရှိနေတာလည်းပါမည်။ ကောချင် သူ့အပေါ် ဤမျှပြတ်သားနိုင်လိမ့်မည်ဟု သူ မထင်ခဲ့ချေ။
ထို့အပြင် သူသည် မာနကြီးသောလူတစ်ယောက်ဖြစ် သည်။ သူ အပြင်ကိုထွက်လိုက်သည်နှင့် သန်းနဲ့ချီသော ပရိသတ်များသည် သူ့အားဝန်းရံလိုက်လိမ့်မည်။ ထို့ ကြောင့် သူပိုမိုမောက်မာလာကာ အနည်းငယ်မျှပင်မနှိမ့်ချလိုပေ။ ထို့ကြောင့် သူသည် အရူးတစ်ယောက်လို တောင်းပန်တာမျိုးလုပ်စရာမလိုဟုထင်သည်။
ချီယွီဖေးသည် စကားတစ်ခွန်းမှမပြောတော့ဘဲ မတ်တပ်ထရပ်လိုက်ကာ သူ့ကိုယ်ပေါ်ရှိ ဖုန်မှုန့်များကိုပွတ်သပ် ဖယ်ရှားလိုက်သည်။ သူ့ကြည့်ရသည်မှာ အခြားလူတစ်ယောက်ပမာ ပြောင်းသွားသလိုမျိုးပင်။ သူသည် အရှေ့ရှိ ကောချင်ကိုကြည့်ကာ
"ချင်ချင်... မင်း အခု သွေးပူနေတုန်းမို့လို့ ဒီလိုပြောနေတာ ကိုယ် သိတယ်၊ မင်း စိတ်ငြိမ်အောင်အရင်လုပ်လိုက်ဦး၊ မင်း ကိုယ့်ကိုချစ်တယ်ဆိုတာ ကိုယ်သိတယ်၊ တကယ်လို့ မင်း ကိုယ်နဲ့ကွာရှင်းရဲ့ ကိုယ်နဲ့ လုံး၀အတူနေနိုင်မှာမဟုတ်တော့ဘူးနော်၊ ကိုယ်ကတော့ သိပ်စိတ်မ၀င်စားဘူး၊ ကွာရှင်းလိုက်ရင် ကိုယ့်ဘက်က ပိုလို့တောင်လွတ်လပ်သွားသေးတယ်"
ကောချင်သည် ဒေါသများစူဝေလျက် သူ(မ) ညာလက်ကိုဆန့်ထုတ်ကာ ချီယုဖေးမျက်နှာအား ဖြတ်ရိုက်ချလိုက်သည်။ "ရှင် ကျွန်မကို အဆုံးစွန်ထိတွန်းပို့လိုက်တာပဲ!"
ချီယုဖေးသည် သူ့ပါးကိုကိုင်လျက် တစ်ချက်ပြုံးလိုက်ပြီး "ကောချင်... မင်း ကိုယ့်ကို ဆက်သွယ်လာမှာကို စောင့်နေမယ်"
ကောချင်သည် ချီယုဖေး၏ ထွက်ခွာသွားသောနောက် ကျောကိုကြည့်ကာ "ရှင် တစ်ယောက်ယောက်ကို စော် ကားမိလိုက်လို့ အခုလိုဖြစ်နေတယ်ဆိုတာကို မသိသေးဘူးမလား၊ ရှင် မနေ့ကလို ထောင်နဲ့ချီတဲ့ ပရိတ်သတ်တွေရှိတဲ့ ဆယ်လီတစ်ယောက်ဖြစ်နိုင်ဦးမယ်လို့ ထင်နေသေးတာလား ? ဟားဟားဟား"
ချီယုဖေးက ကောချင်ကိုလှည့်ကြည့်လိုက်ပြီး မျက် မှောင်ကြုတ်ကာ "မင်း ဘာပြောတာလဲ ?"
"ကျွန်မ ဘာပြောတာလဲဆိုတာကို ရှင် မကြာခင်သိပါလိမ့်မယ်၊ ရှင် အဆုံးသတ်ရတော့မှာပါ"
နောက်တစ်နေ့တွင် ချီယုဖေးသည် ကုမ္ပဏီသို့သွားလိုက်ပြီး အွန်လိုင်းပေါ်ရှိ သတင်းများအား လွယ်ကူစွာရှင်းထုတ်နိုင်မည်ဟုထင်ခဲ့သည်။ သို့သော် "ရှောင်ဖေး၊ ဒါက သိပ်ပြီး မရိုးရှင်းဘူး၊ မင်းကိုတစ်ယောက်ယောက်က ပစ်မှတ်ထားနေတယ်၊ အဲ့လူက အနုပညာအသိုင်းအဝိုင်းထဲကတော့ မဟုတ်လောက်ဘူး၊ ဘာလို့ဆို အနုပညာအသိုင်းအဝိုင်းက ဒီလောက်အင်အားမရှိလို့ပဲ၊ အခု မင်းနဲ့ လက်တွဲထားတဲ့ ဘရန်းတွေအားလုံးဖျက်သိမ်းသွားပြီ၊ ငါတို့ ကောမိသားစုဆီသွားဖို့ နည်းလမ်းပဲရှိတော့တယ်၊ မင်း ဘယ်သူ့ကို စော်ကားမိလဲဆိုတာ စဉ်းစားပါဦး"
ချီယုဖေးသည် ကျန့်ကော၏စကားကိုကြားသည်နှင့် သူ့မျက်နှာသည်လည်းဖြူဖျော့လာရသည်။
"ကျန့်ကော ဒီပြဿနာကိုဖြေရှင်းဖို့က ဒီနည်းလမ်းတစ်ခုပဲ ရှိတာလား ? ဒါ အသေးအဖွဲကိစ္စလေးပဲ မဟုတ်ဘူးလား၊ ဘာယ်လိုလုပ် ဒီလောက်တောင်ဖြစ်သွားတာလဲ ?ပြီးတော့ သူတို့ သက်သေရေရေရာရာတောင်မရှိတာကို ဘရန်းကုမ္ပဏီတွေက ဘာလို့ စာချုပ်ဖြတ်သိမ်းသွားတာလဲ ? ဒါ သူတို့ဘက်က အမှားပဲလေ"
"ဟုတ်တယ်၊ ငါလည်း အဲ့ကုမ္ပဏီတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန်လို့ထင်ခဲ့တာ၊ ငါ ဖုန်းဆက်ပြီး ညှိနှိုင်းကြည့်ပေမဲ့ သူတို့က လုံး၀ကိုဆုံးဖြတ်ချက်ခိုင်မာနေကြတာ၊ သူတို့က သူတို့ဘာသာ စာချုပ်ကို အရင်လာဖျက်သိမ်းသွားကြတာ၊ ပြီးတော့ လိုင်းပေါ်ကသတင်းတွေကလည်း သိပ်မကောင်းလို့ တစ်ဖက်က မင်းကို တရားစွဲရင်တောင် မင်းမှာနိုင်ဖို့ အခွင့်အလမ်းနည်းတယ်၊ပြီးတော့ လိုင်းပေါ်က သတင်းတွေကလည်း...အမှန်တွေပဲဆိုတော့ မင်းသာ တစ်ခုခုမှားပြောမိသွားရင် ငါတို့အားလုံး သွားပြီပဲ၊ ဒါကြောင့် ငါတို့ အေးအေးဆေးဆေးစဉ်းစားဖို့လိုတယ်"
ချီယုဖေး စိတ်ထဲတွင် မနေ့က ကောချင်ပြောခဲ့သည့် စကားများတာကို ရုတ်တရက်တွေးမိလိုက်သည်။ သူတစ်ယောက်ယောက်ကို စော်ကားမိလိုက်တာလား ? သူ ကောချင် ဦးစွာဆက်သွယ်လာမည်ကို စောင့်ဆိုင်းချင်သော်လည်း စိတ်မရှည်တော့ချေ။ သူသည် အဆုံးအထိ ကောချင်ထံမှ ဖုန်းခေါ်ဆိုမှုကိုလက်ခံမရရှိပဲ ကွာရှင်းစာချုပ်ကိုသာ လက်ခံရရှိခဲ့သည်။
ကောချင်သည် ဤရက်ပိုင်းအတွင်း အဆင်မပြေချေ။ သူ(မ) မိသားစုကုမ္ပဏီတွင် ပြဿနာများဝိုင်းနေသည်။ ထို့အပြင် ချီယုဖေးဖောက်ပြန်သည့်သတင်းကိုပါ တွေ့လိုက်ရချိန် သူ(မ)စိတ်အခြေအနေသည် ပိုဆိုးသွားသည်။ သူ(မ)အား အမြဲတစေ အလိုလိုက်တက်သော အစ်ကိုကြီးသည်ပင် မျက်စိဒေါက်ထောက်ကြည့်လာသည်။ တစ်ချိန်တည်းမှာပင် သူ(မ)သည် အမည်မသိလူတစ်ဦးထံမှ ချီယုဖေး၏အကြောင်းအရာပေါင်းစုံကို လက်ခံရရှိခဲ့သဖြင့် သူ(မ) စိတ်ရောကိုယ်ပါထောင်း ထောင်းကြေလို့နေသည်။
ကွာရှင်းပြတ်စဲပြီးသည့်နောက်မှ သူ(မ) ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ဟုတ်သည် ချီယုဖေး သူ(မ) ကို မချစ်ပေ။ အစ်ကိုကြီးပြောသလို သူ(မ) ချီယုဖေးနှင့်ကွာရှင်းခဲ့သည်မှာ မှန်ကန်သည့်လုပ်ရပ်ဖြစ်သည်။ ယခုအခါ သူ(မ)လွတ်လပ်သွားပြီဖြစ်သည်။ သို့သော် သူ(မ) ၏ကြေကွဲနေသော နှလုံးသားလေးသည် မည်သည့်အချိန်မှပြန်ဆက်နိုင်မည်ကိုမသိချေ။
ချီယုဖေးတော့ ပြီးသွားပြီ...
ချီယုဖေး၏အပုတ်သတင်းများသည် ကောင်းကင်ဘုံထိနံဟောင်လို့နေသည်။
အဆုံးတွင် ချီယုဖေးသည် အနုပညာအသိုင်းအဝိုင်းမှ နုတ်ထွက်လိုက်ရသည်။
ချီယုဖေးပရိသတ်များသည် ဤနေ့များတွင် စိတ်အ တက်အကျများစွာရှိရသည်။ ချီယုဖေး၏သတင်းဆိုးကြီးထွက်လာသောအခါ သူတို့ အပြတ်အသတ်ငြင်းဆန်ဆဲပင်။ အဆုံးတွင် တရား၀င်သတင်းထွက်လာပြီးမှ ၎င်းတို့တိတ်ဆိတ်သွားကြသည်။
ချီယုဖေးသည် အမျိုးသမီးစတားများအားသွေးဆောင်ဖြားယောင်းပြီး ဒါရိုက်တာများဆီမှနောက်ထပ် ရိုက်ချက်နည်းနည်းခိုးယူကာ ကုမ္ပဏီ၏ထိပ်တန်းနေရာများရှိ လူများအားဆွဲဆောင်နိုင်ခဲ့သည်... သို့သော် တစ်ချိန်တည်းတွင် ပွဲဦးထွက် အနုပညာရှင်ကိုနင်းချ၍ တက်လှမ်းလာခြင်းဖြစ်သည်။ ထိုတွင် ရှန်းချူးချူးအား နှိမ်နေသော ဓာတ်ပုံများလည်းထွက်ပေါ်ထွက်လာသည်။
ထို့ကြောင့် ဖန်များမှာ ၎င်းတို့နှစ်ပေါင်းများစွာ ကြိုက် နှစ်သက်ခဲ့သော စတား၏အကြောင်းကိုတွေ့လိုက်ရချိန် မည်သို့လက်ခံနိုင်ပါမည်နည်း။
ထိုစဥ် ရှန်းချူးချူး၏ ပထမဆုံးအဓိကဇာတ်လိုက်မရုပ်ရှင်ဖြစ်သည့် "The Princess of Jialing"ကို အဆုံးတွင် ရိုက်ကူးခဲ့ပြီး ဝန်ထမ်းများ၏စကားကြောင့် Imperial Capitalသို့ ပြန်လာခဲ့သည်။ လေယာဉ်ပေါ်တက်ပြီးသည်နှင့် သူ(မ)အချိန်အတော်ကြာအောင် မခံ စားခဲ့ရသည့် စိတ်လှုပ်ရှားမှုများသည် တစ်ဖန်ပြန်ထုန်လွှမ်းလာသည်။
ထို့ကြောင့် ရှန်းချူးချူးသည် ဟန်ရှင်းယန်ကိုဖုန်းမဆက်တော့ပဲ အမြန်ပိတ်လိုက်ကာ စာသာပို့လိုက်သည်။
ရှန်းချူးချူး အင်တာဗျူးတွင် မျက်နှာထက်အလွန်ချစ် စရာကောင်းသော အပြုံးတစ်ခုချိတ်ဆွဲထားသည်။ ၎င်းတို့ မပြောသင့်သည်များလည်းရှိသောကြောင့် ပါးစပ်စည်းစောင့်ဖို့လည်းလိုသည်။ သို့သော် ချီယုဖေး၏အရှုပ်တော်ပုံ ပြီးသွားပြီးနောက် ရှန်းချူးချူးကို အင်တာဗျူးရသည်မှာ အဓိပ္ပာယ်မရှိဟုထင်သဖြင့် သတင်းထောက်များလက်လျှော့လိုက်ကြသည်။
သို့သော် သူ(မ)အလွန်ရင်းနှီးသော အမျိုးသမီးတစ်ဦးသည် ပရိသတ်များကြားချော်လဲခါနီးတွင် သူ(မ)အမြန်ကူညီဖေးမလိုက်ရင်း မတော်တဆ အိမ်ထောင်ရေးစနစ်ကိုဖွင့်ကြည့်မိလိုက်သည်။ သူ(မ) ချက်ခြင်းပြန်ပိတ်ဖို့ စဉ်းစားသော်လည်း ထိုထဲတွင် သူ(မ)အလွန်ရင်းနှီးသော ဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရသည်။