← Chapters

အခန်း (၈၅)

Vol. 9 Ch. 85

အခန်း (၈၅)

Vol. 9 Ch. 85

"အာ့! ကျေးဇူးတင်ပါတယ် ချူးချူး"

အန်းဟိုင်ကျန်းမော့ကြည့်လိုက်ချိန် ရှန်းချူးချူးအား မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ကင်မရာများသည်လည်း အဆက်မပြတ်တဖျက်ဖျက်ရိုက်နေဆဲပင်။

ရှန်းချူးချူးသည်လည်း အသိပြန်၀င်လာကာ ၎င်း၏ အိမ်ထောင်ရေးစနစ်ဆီမှအကြည့်လွှဲပြီး အပြုံးတစ်ပွင့် ဖြင့် "ကိစ္စမရှိပါဘူး နောက်တစ်ကြိမ်ဆိုသတိထားနော်"

"ဟုတ်..ဟုတ်ကဲ့"

အန်းဟိုင်ကျန်းသည် သူ(မ)၏လှုပ်ရှားနေသောစိတ်အားဖိနှိပ်ကာ အတက်နိုင်ဆုံးတည်ငြိမ်အောင်ပြောလိုက်သည်။

ရှန်းချူးချူးသည် ကားပေါ် ရောက်သွားသည့်တိုင်‌အောင် ၎င်း၏အိမ်ထောင်ရေးစနစ်ကိုစိတ်၀င်စားနေဆဲပင်။ သူ(မ)ဖန်၏ အနာဂတ်ဖူးစာရှင်သည် မထင်မှတ်စွာပင် သူ(မ) သိကျွမ်းသည့်လူ ဖြစ်နေခဲ့သည်။

မကြာမှီတွင် ရှန်းချူးချူး၏လေဆိပ်ပေါ်ရှိအကြောင်းများသည် hot search ပေါ်သို့ရောက်ရှိသွားသည်။ ရှန်းချူးချူးသည် ထိုကိစ္စအားအရေးမစိုက်ပဲ အန်းဟိုင်ကျန်း ၏အိမ်ထောင်ရေးစနစ်ကို‌သာ စိတ်ရောက်လျက်ရှိသည်။

ညပိုင်းတွင် ရှန်းချူးချူးသည် ဟန်ရှင်းယန်ကိုတွေ့သည်နှင့် လေဆိပ်တွငမ ဖြစ်ပျက်ခဲ့သည်များကို ရုတ်တရက် သတိရသွားပြီး "‌ဒါနဲ့ ကျန်းထန့်မှာ အခုရည်းစားရှိလား"

ဟန်ရှင်းယန်သည် မကြာသေးမီကပင် ထိုကိစ္စအတွက် ခေါင်းကိုက်နေခဲ့ရသလို ကျန်းမိသားစု တစ်ခုလုံးသည်လည်း ထိုကိစ္စအတွက် စိတ်ပူနေခဲ့ရသည်။ သို့ဖြစ်ရာ ဟန်ရှင်းယန်က "ရှိတယ် သူ မကြာခင် လက်ထပ်တော့မှာ"

ရှန်းချူးချူးသည် ထိုစကားကိုကြားလိုက်ရချိန် သူ(မ)၏ လှုပ်ရှားနေသော လက်များရပ်တန့်သွားပြီး "ကျန်းထန့်က လက်ထပ်တော့မှာလား ?! ဘယ်သူနဲ့လဲ ?"

ကျန်းထန့်၏အနာဂတ်ဇနီးသည် သူ(မ)နေ့ခင်းဘက်တွင် တွေ့ခဲ့သည့် ဖန်လေးဖြစ်ကြောင်းသေချာသည်။ ၎င်းတို့နှစ်ယောက်သည် နောက်၂နှစ်ကြာမှတွဲဖြစ်ကြမှာ ဖြစ်သည့်အတွက် သူ့အဖြေကိုကြားလိုက်ရချိန် သူ(မ)အလွန်အံဩမှင်သက်သွားခြင်းဖြစ်သည်။

ဟန်ရှင်းယန်သည်မျက်ခုံးကိုပင့်လိုက်ကာ "ကုမ္ပဏီက အမျိုးသမီးဝန်ထမ်းတစ်ယောက်နဲ့"

ထိုသည်မှာ ဟန်ရှင်းယန်စိုးရိမ်နေသည့်အကြောင်းပင်။ ကောင်မလေးသည် ကိုယ့်ခြေထောက်ကိုယ်ပေါ် ရပ်တည်နိုင်သော မိန်းကလေးဖြစ်သော်လည်း ကုမ္ပဏီရှိ သူ(မ) ၏ဂုဏ်သတင်းများမှာ သိပ်မကောင်းလှချေ။ ၎င်းသည် အမျိုးသားဝန်ထမ်း အများအပြားနှင့် ကောလဟာလများထွက်ဖူးပြီး ကုမ္ပဏီ၏နာမည်ကြီးမှုအပေါ်ကိုလည်း မှီခိုလွန်းသည်။ ၎င်းသည် ဘေးတံခါးမှ၀င်လာသည့်ပုံပေါ်သဖြင့် သူစုံစမ်းကြည့်လိုက်သည့်အချိန် ထိုမိန်းက လေးသည် ၀မ်းကွဲဖြစ်သူနှင့် မည်သို့မှမလိုက်ဖက်ကြောင်းတွေ့လိုက်ရသည်။

အဲ့ကောင်ရဲ့ခေါင်းက အရိုးတွေပဲရှိတာလား ? ဒီလိုမိန်း ကလေးကို ကြိုက်တယ်ပေါ့ ? သူ အဲ့လိုမိန်းကလေးကို ခယ်မလို့ ဘယ်လိုလုပ်ခေါ်ထွက်ပါ့မလဲ...

"ဟင် ? သူက လက်တောင်ထပ်တော့မှာလား ?" ရှန်းချူးချူး တအံတဩ မေးလိုက်သည်။

ဟန်ရှင်းယန်သည် ကျန်းထန့်၏ခေါင်းမာသော စရိုက်ကို ပြန်တွေးကာ ခေါင်းညိတ်လိုက်ပြီး "အင်း လက်ထပ်ဖြစ်ဖို့များတယ်"

"အော် အဲ့လိုကိုး"

ရှန်းချူးချူး မျက်နှာပျက်သွားသည်။ သူ(မ)ရဲ့ ပရိသတ်က ကျန်းထန့်ရဲ့ အနာဂတ်ဇနီးမဟုတ်ဖူးလား ? ဘယ်လိုလုပ် ဒီလိုကြားဖြတ်အိမ်ထောင်ရေးက ၀င်လာတာလ ? ကျန်းထန်နဲ့ အဲ့မိန်းကလေးက တကယ်ချစ်ကြိုက်ခဲ့ပေမဲ့ လက်မထပ်ဖြစ်တာများလား ? သူ(မ) ဝေခွဲမရဖြစ်နေသဖြင့် ကျန်းထန့်၏စနစ်ကိုကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

"ဟမ် ?" ဟန်ရှင်းယန်သည် ရှန်းချူးချူး၏အမူအယာမှာ ခါတိုင်းနှင့်မတူသဖြင့် သံသယ၀င်စွာကြည့်နေခဲ့သည်။

ရှန်းချူးချူးသည်လည်း "ဘာမှမဟုတ်ပါဘူး၊ ကျွန်မမှာ အရမ်းချစ်စရာကောင်းတဲ့ မိန်းကလေးအသိတစ်ယောက်ရှိတယ်၊ ကျွန်မ သူ့ကို ကျန်းထန့်နဲ့ မိတ်ဆက်ပေးချင်တာ၊ အခု သူက လက်ထပ်တော့မှာဆိုတော့ စိတ်မကောင်းစရာပဲ"

ရှန်းချူးချူးသည် သူ(မ)၏စကားကို ဟန်ရှင်းယန် ထွေ ထွေထူးထူး မတုံ့ပြန်ဟုထင်ခဲ့သော်လည်း သူ ခေါင်း ညိတ်လာကာ "စိတ်မကောင်းစရာပဲ၊ သူ(မ)ကသာ မိန်းမကောင်းလေးဖြစ်ရင် ကျန်းထန့်တော့ နစ်နာတာပဲ"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ စကားကိုကြားလိုက်ရသည်နှင့် သူအားထူးဆန်းစွာကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ၊ အဲ့ဒီမိန်းကလေးမှာ ပြဿနာရှိလို့လား ?"

ဟန်ရှင်းယန်သည် အတင်းပြောတက်သူမဟုတ်သလို ပုံမှန်အားဖြင့် ခပ်အေးအေးနေတက်သူမို့ အခြားသူများ၏ အကြောင်းကို အရေးစိုက်ခြင်းမရှိချေ။ သို့‌သော် ယနေ့တွင် မျက်မှောင်ကိုကြုတ်လျက် ကူကယ်ရာမဲ့သောလေ သံဖြင့် တိုတုတ်တုတ်ပြောလာသည်။

"သိပ်မကောင်းရုံပါ"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ စကားကြောင့် ပို၍ပင် စူးစမ်းချင်လာသည်။ အဲ့မိန်းကလေး မည်သူဆိုလဲကိုပင် သူ(မ) မြင်ချင်လှပြီ၊ သူ(မ) ခဏတာ စဉ်းစားကာ We Chat ကိုဖွင့်လိုက်ပြီး ရှာလိုက်သည်။

သူ(မ) ကျန်းထန့်၏ အသိများကိုအနည်းငယ်မေးလိုက်သည်နှင့် သိရမည်ဖြစ်သော်လည်း သူ(မ)သည် တစ်ချိန်လုံးရိုက်ကူးရေးများဖြင့်သာ အလုပ်ရှုပ်နေသဖြင့် အသိ မိတ်ဆွေများစွာမရှိချေ။ ထို့ကြောင့် ကျန်းထန့်အကောင့်ထဲသို့၀င်ကာ သူ့ပုံကိုအမြန်ရှာလိုက်ပြီး အိမ်ထောင်ရေးစနစ်ကိုဖွင့်ကြည့်လိုက်သည်။

စနစ်ထဲသို့ရောက်သည်နှင့် သူ(မ)၏သံသယများအ တွက် အဖြေလည်းရှာတွေ့လိုက်သည်။ ကျန်းထန့်သည် အိမ်ထောင်နှစ်ဆက်ဖြစ်ခဲ့သည်။ ပထမအိမ်ထောင်သည် နောက်လတွင်ဖြစ်ပြီး ဒုတိယအိမ်ထောင်သည် နောင်သုံးနှစ်အကြာတွင်ဖြစ်သည်။ ထိုအချိန်တွင် သတိုးသမီးလောင်းသည် သူ(မ) ယနေ့တွေ့ခဲ့သည့် ပရိတ်သတ်ပင်။

ရှန်းချူးချူးသည် သူ(မ)ဖန်လေးအတွက် ခံပြင်းမိ သည်။ ကျန်းထန့်သာ ထိုအမျိုးသမီးနှင့် မတွေ့ဆုံရသေး ပါက သူ(မ) မတွေ့ဖြစ်အောင် တားနိုင်သော်လည်း ယခုအခါနှစ်ယောက်သားသည် မကြာခင်လက်ထပ်တော့မည်ဖြစ်သည်။ သူ(မ)ဘာပဲလုပ်လုပ် အသုံးမ၀င်တော့ချေ။

သူ(မ)သည် လေဆိပ်တွင် အလောတကြီးဖြစ်နေသဖြင့် ၎င်းတို့အား အိမ်ထောင်တစ်ဆက်တည်းဟုသာ ထင်မိခဲ့သည်။ ထိုစဥ် ကျန်းထန့်နှင့် သူ(မ)၏ဖန်ဖြစ်သူ အန်းဟိုင်ကျန်းတို့သည် လွန်ခဲ့သည််တစ်နှစ်လောက်တည်းက သိ ကျွမ်းခဲ့သည်ကို တွေ့လိုက်ရသည်။ ရှန်းချူးချူး၏ စိတ်ထဲတွင် ကြေကွဲ၀မ်းနည်းဖွယ် ဒရမ်မာကြီးတစ်ခုလုံးအနှေးကွက်ပြကဲ့သို့ တရိပ်ရိပ်ပေါ်လာခဲ့သည်။ ကျွန်မ ရှင့်ကိုသိပ်ချစ်ပေမဲ့... ရှင့်မှာ ဇနီးရှိပြီးသားမို့လို့ ရှင်တို့ ကွာ ရှင်းတဲ့အထိ ကျွန်မက ဒီနေရာမှာပဲ တိတ်တဆိတ်စောင့်နေဦးမှာ...

ရှန်းချူးချူးသည် သူ(မ)၏ မဟုတ်တယုတ်အတွေးများ လွင့်စင်သွားအောင် ခေါင်းကို ခပ်ပြင်းပြင်ခါထုတ်လိုက်ရသည်။

ဟန်ရှင်းယန်သည် သူ့ကောင်မလေးမှာ ကျန်းထန့်၏ ဓာတ်ပုံကို အချိန်အကြာကြီးကြည့်နေသည်ကို မြင်သဖြင့် သူ့လက်ထဲရှိ လုပ်စရာအလုပ်များကို ချထားလိုက်ပြီး သူ(မ)လေး၏အနားသို့ တိုးကပ်သွားကာ ခပ်တိုးတိုးလေးပြောလိုက်သည်။

"ချူးချူး ဘာတွေကြည့်နေတာလဲ"

ရှန်းချူးချူးသည် ငယ်ထိတ်မွှေးများပင် ထောင်ထလာသလိုခံစားလိုက်ရသည်။ "ဟင့်.. ဟင့်အင်း ဘာမှမ ဟုတ်"

"ကြည့်ကောင်းလား ?"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ ဖုန်းအား ငုံ့ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။ သူ့လက်သည်တော့ တရွေ့ရွေ့လှုပ်ရှားလာပြီး ရှန်းချူးချူးခါးပေါ်သို့ တင်ထားလိုက်သည်။ သူ(မ) ပိန်သွားတာပဲ၊ ‌ယခင်ကသကဲ့သို့ ၎င်းခပ်ပြည့်ပြည့်ဖြစ်အောင် ကျွေးမွေးရမည်။ ၎င်းသည် ယခင်ကကဲ့သို့ ခပ်ပြည့်ပြည့်လေးပြန်ဖြစ်လာရလိမ့် မည်။

ရှန်းချူးချူးသည် သူ(မ)ခါးပေါ်ရှိ အထိအတွေ့ကို ခံစာလိုက်ရသည်။ သူ(မ)သည် ထိုလက်ကြားထဲမှ လွတ် မြောက်အောင် ရုန်းကန်နေသည်။

ထို့နောက် ဟန်ရှင်းယန်ကြောင့် ပိတ်သွားသည့် မှောင် မည်းနေသော ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ကာ

"အွန်း.တော်တော်ကောင်းပါတယ်"

သူ(မ) ပြောနေသည်မှာ အမှန်ပင်။ ကျန်းထန့်သည် အ လွန် ကြည့်ကောင်းသည့်အပြင် ဘေးအိမ်မှရုပ်ချောချော အစ်ကိုကြီးတစ်ယောက်ပမာ တောက်ပပြီးချောမော သည်။

"သူက ချောလား ဒါမှမဟုတ် ကိုယ်က ချောလား"

ဟန်ရှင်းယန်သည် ဖြည်းညှင်းစွာမေးလိုက်သည်။ ထို့ပြင် ရှန်းချူးချူး၏ခါးပေါ်တွင်ရှိနေသော သူ၏ လက်သည်လည်း တင်းကြပ်လာကာ အပေါ်သို့ ခပ်ဖြည်းဖြည်းတက်လာတော့မည့်အတိုင်းပင်။

ရှန်းချူးချူးသည် ဖုန်းအားတစ်ချက် ဟန်ရှင်းယန်အား တစ်ချက်နှင့် အပြန်ပြန်အလှန်လှန်ကြည့်ကာမျက်တောင် ပုတ်ခတ်ခတ်သာလုပ်နိုင်သည်။ သူက သ၀န်လာတိုနေတာလား ? သ၀န်တိုတာတောင် ဘာလို့ ဒီလောက်တောင် ချစ်ဖို့ကောင်းနေရလား…

သူ(မ)သည် ဖုန်းချလိုက်ပြီးပြုံးကာ "... ရှင် ပို‌ချောတာ အသိသာကြီးကို"

"ဒါဆို ဘာလို့ ကိုယ့်ကိုယ်မကြည့်တာလဲ"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ နှုတ်ခမ်းကိုနမ်းရှိုက်လိုက်သည်။

ရှန်းချူးချူးသည် သူ့မေးခွန်းအာ ဖြေချင်သော်လည်း သူ(မ)ပါးစပ်ဖွင့်မိသည်နှင့် ခပ်နွေးနွေးအရာတစ်ခုသည် သူ(မ)ပါးစပ်ထဲသို့ ချဉ်းနှင်း၀င်ရောက်လာသည်။ ၎င်း၏ လျှာဖျားသည် သူ(မ)ပါးစပ်ထဲသို့ တစ်ဆတစ်ဆ ၀င်လာသည်နှင့် သူ(မ)ပြောမည့် အကြောင်းများပျောက်ရှသွားသည်။

သူ(မ)သည် အရှေ့ကလူနှင့်ဆက်လက်ကာနမ်းရှိုက်နေ လိုက်သည်။

၎င်းတို့နှုတ်ခမ်းများ အနည်းငယ်ခွာသွားသော်လည်း ဟန်ရှင်းယန်၏ ခေါင်းသည် ထပ်မံနိမ့်ဆင်းလာကာ ဆက်လက်နမ်းချင်နေပုံရသဖြင့် ရှန်းချူးချူးသည် အသက်ကိုအရ လုရှုနေရပြီး မျက်နှာတစ်ခုလုံးသည်လည်း နီမြန်းနေပြီ "ရှင်... ရှင် သိပ်မလုပ်နဲ့၊ နောက်ဆုံးအကြိမ်တုန်းကဆို... ကျွန်..ကျွန်မ ရုပ်ရှင်တောင် မရိုက်နိုင်ဘဲနေလိမ့်မယ်"

ထိုနေ့တုန်းက ရှန်းချူးချူး ရိုက်ကွင်းသို့သည့်အချိန် မိတ်ကပ်ဆရာသည် သူ(မ) လည်ပင်းကိုကြည့်ကာ "ချူးချူး... နင့်လည်ပင်းက ခြင်ကိုက်ထားတာလား ?"

ရှန်းချူးချူးသည် သူ(မ)လည်ပင်းပေါ်ရှိ အနီစက်အား မှန်ထဲမှ တစ်ဆင့်မြင်လိုက်ရသည်နှင့် သူ(မ)မျက်နှာသည် ရုတ်တရက် နီရဲလာသည်။ ထိုသည်ကို မိတ်ကပ်ဆရာသည် သတိမထားမိဘဲ လည်ပင်းကိုသာ လက်ညှိုး ထိုးလျက် "ကြည့်စမ်း.. ဒီမှာခြင်တွေ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ၊ မနေ့ညက နင် ကောင်းကောင်းကော အိပ်လို့ရရဲ့လား"

ရှန်းချူးချူးသည် ထိုဖြူစင်သော မိတ်ကပ်ဆရာ၏ အပြောကြောင့် စိတ်အေးသွားရသည်။ "ဟုတ်တယ်၊ အရမ်းဆိုးတဲ့ ခြင်အကြီးကြီးကိုက်သွားတာ၊ ကျွန်မ မနေ့ညက အိပ်လို့တောင်မပျော်ဘူး"

နံဘေးတွင်ထိုင်နေသော ဝမ်ချမ့်သည် မိတ်ကပ်ဆရာ၏ စကားကို ဦးစွာကြားလိုက်ရသောအခါ ထိတ်လန့်မှုကြောင့် သူ(မ) မျက်နှာတစ်ခုလုံးဖြူဖျော့နေခဲ့သော် လည်း ဘော့စ်၏စကားကြောင့် သူ(မ)၏မျက်နှာနီရဲသွားရသည်။ ဘော့စ်ကတော့ ဘော့စ်ပါပဲ... သူ မပြောရဲတာ ဘာမှမရှိဘူး။

"ဟုတ်လား ?"

အချိန်အများစုမှာ ဟန်ရှင်းယန် မေးခွန်းမေးနေခဲ့သော် လည်း သူ၏လှုပ်ရှားမှုများ ရပ်တန့်မသွားချေ။ သူထိတွေ့သည့်နေရာတိုင်း ရှန်းချူးချူးတစ်ယောက်မီးလောင် သည့်ပမာပူလောင်လာရသည်။ သူ့အား သူ(မ) နောက် ဆုံးအချိန်တည်းက မကျေမနပ်ဖြစ်နေရသည်။ ဤတစ်ခေါက်တော့ သူ(မ) တက်နိုင်သလောက် တားကိုတားရမည်။

"ဟုတ်တယ်၊ မနက်ဖြန်ကျရင် ကျွန်မ ရိုက်ကွင်းရှိသေးတယ်" ရှန်းချူးချူး၏လေသံထဲတွင် မသိသာတောင်းဆိုမှုများရောယှက်ပါ၀င်နေသည်။

"အင်း..."ဟန်ရှင်းယန်သည် အင်းတစ်လုံးတည်းသာ တုန့်ပြန်လာကာ သူ၏ လှုပ်ရှားမှုများသည်တော့ မရပ်တန့်သွားချေ။ သူက ခွေးမှ မဟုတ်တာ ဘယ်လိုလုပ် အဲ့လောက် သိသာအောင် ကိုက်မှာလဲ ? နောက်ဆုံးအခေါက်တုန်းက သူ စိတ်လွတ်သွား၍သာ ကိုယ့်ကိုယ်ကိုမထိန်းလိုက်နိုင်ခြင်းဖြစ်သည်။

ရှန်းချူးချူးသည် ကျန်းထန့်၏ ပုံကို ခဏတာသာ ကြည့်မိသော်လည်း ပြန်ပေးဆပ်ရသည်မှာ ပြင်းထန်သော လေ့ကျင့်ခန်းကိုလုပ်ရခြင်းပင်။ လေ့ကျင်ခန်းပြီးဆုံးပြီးနောက် သူ(မ) မလှုပ်ချင်လောက်အောင် ပင်ပန်းသွားခဲ့သည်။ သူ(မ) ရေတောင်ထမချိုးချင်တော့သဖြင့် ဟန်ရှင်းယန် ပွေ့ချီမှုကြားတွင် အလိုက်သင့်သာလိုက်ပါသွားသည်။

ရေချိုးခန်းထဲသို့ စရောက်ချင်း သူ(မ) သတိရှိသေးသော် လည်း ရေချိုးပြီးချိန်ကိုတော့ လုံးလုံးလျားလျား မမှတ်မိတော့ချေ။

နောက်တစ်နေ့ နေ့လည်ခင်းတွင် သူ(မ) ရိုက်ကွင်းများနှင့် အလုပ်ရှုပ်နေသဖြင့် ကားပေါ်ရောက်သည့်အချိန်မှသာ ဖုန်းကြည့်ရန် အချိန်ရ‌တော့သည်။ ကျန်းထန့်သည် ပထမဇနီးဖြစ်သူနှင့်ဦးစွာတွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့သော်လည်း ၎င်းတို့ကြာကလေးမရခဲ့ချေ။

ရှန်းချူးချူး စနစ်ကိုအဆင့်မြှင့်ပြီးနောက် ကလေးရှိ၊ မရှိကိုပါမြင်တွေ့နိုင်သည်။ ၎င်းတို့နှစ်ဦးသားသည် ကလေးမမွေးရသေးလျှင်တောင် အနာဂတ်တွင် ရလာနိုင်ချေရှိမရှိကို သူ(မ) စနစ်သည်ပြနိုင်သည်။ ဥပမာအားဖြင့် ကလေးသာရှိပါက အနက်ရောင်ဇယားဖြင့် ဖော်ပြထားပြီး မမွေးရသေးသောကလေး သို့မဟုတ် သေဆုံးသွားသောကလေးဖြစ်ပါက မီးခိုရောင်ဖြင့်ဖော်ပြသည်။

ကလေးမရှိသဖြင့် သူ(မ)ဖန် ကျန်းထန့်အားလက်ထပ်လည်းကိစ္စမရှိချေ။

ရှန်းချူးချူးသည် ကွာရှင်းရသည့် အကြောင်းရင်းကို တွေ့လိုက်ရသောအခါ ရှုပ်ထွေးသွားသည်။

[ကွာရှင်းရခြင်းအကြောင်းရင်း- ဇနီးသည်မှ ဖောက်ပြန်ခြင်း]

ထို့ကြောင့်သာ ဟန်ရှင်းယန် ထိုမိန်းကလေးအကြောင်းကိုပြောချိန် မနှစ်မြို့ဟန်ပေါ်နေခြင်းဖြစ်ပေမည်။ ရှန်းချူးချူးသည် ထိုအမျိုးသမီးကိုပိုသိချင်လာသည်။ ဒါ ဘယ် လိုမိန်းမမျိုးပါလိမ့်...

ရှန်းချူးချူး အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျန်းထန့်၏ အကောင့်ထဲသို့သွားကာ ထိုအမျိုးသမီး၏ ဓာတ်ပုံကိုရှာလိုက်သည်။ ၎င်းတို့သည် လက်ထက်တော့မည်ဖြစ်သဖြင့် ပုံတစ်ပုံ၊ နှစ်ပုံလောက်တော့ ရှိလိမ့်မည်မဟုတ်လား? သို့သော် သူ(မ) အချိန်အတော်ကြာရှာပြီးသည့်တိုင် တစ်ပုံမှမတွေ့ခဲ့ချေ။

စိတ်ဝင်စားစရာပဲ !!

ရှန်းချူးချူးသည် သူ(မ) သိချင်စိတ်များကိုပိုလို့ပင်မထိန်းချုပ်နိုင်တော့ချေ။

သူ(မ) ချက်ချင်းပင် ဖုန်းထုတ်ကာ ဟန်ရှင်းယန်ကို ဖုန်းခေါ်လိုက်သည်။

"အလုပ်ပြီးပြီလား ?" ဖုန်း၀င်သည်နှင့် ဟန်ရှင်းယန်၏ အသံသည် အခြားတစ်ဖက်မှ ထွက်လာသည်။

"ပြီးပြီ၊ အခု ကျွန်မအိမ်ပြန်တဲ့လမ်းမှာ၊ ရှင် အချိန်ပိုဆင်းပြန်ပြီလား"

ဟန်ရှင်းယန်သည် ရှန်ချူးချူး၏ စိုးရိမ်မှုများ ရစ်သန်းနေသော အသံကိုကြားသဖြင့်ပြုံးလျက် "ဒီနေ့ ကိုယ် အချိန်ပိုမဆင်းဘူး၊ ပုံမှန်အချိန်ပဲ အလုပ်ဆင်းမှာ၊ ကိုယ်တို့ ဒီနေ့ အပြင်မှာ ညစာထွက်စားကြမလား၊ ကိုယ် အတွင်းရေးမှူး၀မ်ကို booking ကြိုတင်ခိုင်းထားလိုက်မယ်၊ ကိုယ်အလုပ်ပြီးတာနဲ့ မင်းကိုလာခေါ်မယ်နော်"

သူ မည်မျှအလုပ်များပါစေ သူ့ကောင်မလေးကိုတော့ အချိန်ဖဲ့ပေးရမည်မဟုတ်ပါလား?

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏စကားကိုကြားသော အခါ ခဏတာ တုံ့ဆိုင်းသွားပြီး "အင်း ကျွန်မ ရှင်တို့ ကုမ္ပဏီအနားကိုရောက်နေပြီ ရှင် အလုပ်မရှုပ်အောင် ကျွန်မပဲ ကုမ္ပဏီကိုလာလိုက်ရင်ရော ?"

ဟန်ရှင်းယန်သည် ထိုစကားကို အမှန်ပင်မမျှော်လင့်ထားသဖြင့် အံဩမှင်သက်သွားသည်။ သူသည် ချူးချူး၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း သူ(မ) လာသည်မှာပိုကောင်းပေသည်။

"ကောင်းပြီ၊ မင်းရောက်ရင်ပြော ကိုယ် မင်းကိုလာကြိုမယ်"

"အွန်း"

All Chapters