← Chapters

အခန်း (၈၇)

Vol. 9 Ch. 87

အခန်း (၈၇)

Vol. 9 Ch. 87

ဝမ်ကျင်း: ချူးချူး၊ ငါ ကိုယ်ဝန်ရှိနေပြီ။

ရှန်းချူးချူးသည် အဆာပြေစားနေရင်း ရပ်တန့်ကာအံ့သြသွားသည်။ ဝမ်ကျင်း မကြာမီကိုယ်ဝန်ရှိမည်ဟု သူ တကယ်မမျှော်လင့်ခဲ့ပေ။ ဘွဲ့ရပြီးနှစ်နှစ်အကြာတွင် ဝမ်ကျင်းမှာကိုယ်ဝန်ရှိနေပြီဖြစ်သည်။ 'တကယ် မြန်လွန်းလှတယ်'

ရှန်းချူးချူး : အရှိန်က အရမ်းမြန်တယ်၊ ဂုဏ်ယူပါတယ် [Sacing]

ဝမ်ကျင်း: [ရှက်လိုက်တာ] ငါ သိလိုက်ရတော့ ကိုယ်ဝန်ကနှစ်လကျော်ပြီ။

ရှန်းချူးချူး ယခင်စနစ်ကိုကြည့်သည်ကိုသတိရမိသော အခါ ဝမ်ကျင်း အိမ်ထောင်ပြုမည့်ပုံမပေါ်ပေ။ ဒီနှစ်ထဲအိမ်ထောင်ပြုမည်ဟုထင်ရပေမယ့် အတိအကျမမှတ်မိတော့ချေ။

ရှန်းချူးချူး: နင် ဘယ်တော့ လက်ထပ်မှာလဲ ?

ဝမ်ကျင်း : ငါ နောက်တစ်ပတ် လက်ထပ်မှတ်ပုံသွားတင်မယ်။ မင်္ဂလာဆောင်ဖို့ နှစ်လလောက်ကြာမယ်။

ရှန်းချူးချူး: ဂုဏ်ယူပါတယ်။

စားပြီးနောက် ဝမ်ကျင်း၏ခေါင်းကိုနှိပ်ပြီး သူ့အိမ် ထောင်ရေးစနစ်ကို ဝင်ကြည့်လိုက်သည်။

သေချာတာကတော့ မင်္ဂလာပွဲရက်ပိုင်းပဲရှိသေးတာပင်။ ထိုစာကိုဖတ်ပြီးနောက် ရှန်းချူးချူး စိတ်သက်သာရာရသွားသည်။ သူမ ထွက်ရန်ပြင်သောအခါတွင် ဝမ်ကျင်း ၏စနစ်များ လင်းလာသည်ကိုတွေ့လိုက်ရသည်။

[ကလေးရှိ/မရှိ- ကလေးတစ်ယောက် (၂ လ)]

ရှန်းချူးချူးမှ သူမ ကိုယ်ဝန်ရှိနေသရွေ့တောက်ပနေနိုင်လောက်အောင် စမတ်ကျလိမ့်မည်ဟုတွေးခဲ့သည်။

ခဏအကြာတွင်၊ ဟန်ရှင်းယန် အလုပ်မှပြန်ရောက်ရန် အချိန်တန်ပြီဖြစ်သဖြင့် ရှန်းချူးချူးနှင့် ဝမ်ကျင်းတို့နှစ်ယောက်ကြားစကားစမြည်းကို အဆုံးသတ်လိုက်ကြသည်။

ရှန်းချူးချူးသည် ကောင်းမွန်သောအရာများကိုထုပ်ပိုးပြီး ဟန်ရှင်းယန်နှင့် ညစာစားရန်ပြင်ဆင်နေချိန် ရင်းနှီး ကျွမ်းဝင်သောလူတစ်ယောက်ဝင်လာခဲ့သည်။

ကျန်းထန့်သည် သူနောက်ဆုံးတွေ့ဆုံခဲ့သည့်အချိန်နှင့် လုံးဝမတူတော့ချေ။ ရှန်းချူးချူးစိတ်ထဲ သူသည်အမြဲတတ်ကြွနေသောကောင်လေးတစ်ယောက်သာ။ ရလဒ်အနေနဲ့ ယနေ့ပြန်ဆုံတွေ့ချိန် တစ်ဖက်က စွင်းနှင့်ထန့်တို့၏ခံစားချက်ကိုခံစားလိုက်ရသည်။ 'ငါ မကြာခင် လက်ထပ်တော့မယ်။ ဒါက ဘဝရဲ့ ပျော်ရွှင်စရာအဖြစ် အပျက်တစ်ခုပဲ ငါ မပျော်သင့်ဘူးလား ? ဆိုတာမျိုးကျန်းထန့် ဘာတွေလုပ်နေတာလဲ ??'

ကျန်းထန့်က ရှန်းချူးချူးကို သူ့ဝမ်းကွဲ ရုံးခန်းမှာတွေ့ဖို့ မမျှော်လင့်ထားခဲ့ချေ။ တုံ့ပြန်မှုအပြီးတွင် ရှန်းချူးချူးအားပြုံးပြကာနှုတ်ဆက်လိုက်သည်။

"ချူးချူး ဒီရောက်နေတာလား ?"

ရှန်းချူးချူး ခေါင်းညိတ်ပြီး "အင်း၊ ငါ မင်းကို မတွေ့ရတာကြာပြီ။"

ကျန်းထန့်ထောင်: "မတွေ့ရတာကြာပြီ။"

ဟန်ရှင်းယန်က ကျန်းထန့်ပြန်လာတာကိုမြင်ပြီး သူဘာပြောမယ်ဆိုတာသိသည်။

"ဒီကိစ္စ မင်း ဘာသာ အန်တီကို ကိုယ်တိုင်ရှင်းပြ၊ ငါ မင်းကို မကူညီနိုင်ဘူး"

သူ့စိတ်ထဲအရမ်းပင်ပန်းနေပြီး သူ့အဒေါ်ကိုအရမ်းသနားမိသည်။

ကျန်းထန့်သည် ရှန်းချူးချူးရှေ့မှောက်အဆူခံထားရသဖြင့် ဘာမှပြန်မပြောချင်သော်လည်း ဝမ်းကွဲဖြစ်သူမှ ဒဲ့ပြောလာရာ သူ့အနေနှင့်ဖုံးကွယ်ရန်မလိုအပ်ချေ။

"အင်း၊ ကော မပြောရင်မပြောနဲ့၊ အမေ ဘယ်လိုပဲကန့် ကွက်နေပါစေ ကျနော် ရှင်းမှုန့်ကိုလက်ထပ်မှာ"

ဟန်ရှင်းယန်သည် သူ့ဝမ်းကွဲကိုမျက်မှောင်ကြုတ်ကြည့်ကာ၊ သူ ထိုသို့ဇွဲရှိနေပုံကို အမှန်တကယ်နားမလည်နိုင်ခဲ့ပေ။ သူ့ ဒေါသကိုထိန်းကာမေးလိုက်သည်။

"မင်း ဘာလို့ သူ့ကိုလက်ထပ်ချင်တာလဲ၊ လောကမှာ မိန်းကလေးတွေမှအများကြီး၊ သူ ဘယ်လိုလူလဲ၊ မင်း မသိဘူးလို့မပြောနဲ့ မင်း ခေါင်းထဲ ဘာတွေရှိနေလဲ ? ငါတကယ်ကို နားမလည်တော့ဘူး"

ကျန်းထန့် ထိုစကားကိုနားထောင်ပြီး သူ့မျက်နှာရှုပ်ထွေးခတ်နေတယ်။ သို့သော် ခဏကြာပြီးနောက်ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။

"သူ ဘယ်မှာလဲ၊ သူ့အရင်လူက ဘယ်လိုလူမျိုးလဲ၊ ဘယ်သူ့မှာ အတိတ်မရှိလို့လဲ ? အရင်ကဆို ကောအမုန်းဆုံးကမိန်းကလေးတွေလေ အခုဆို ချူးချူးနဲ့ ကောတောင်မတူတော့ဘူးလေ။ ကော ကျနော့်ကို မကူညီနိုင်ပါဘူး"

ထို့နောက် ကျန်းထန့်ပြေးထွက်သွားသည်။

ဟန်ရှင်းယန်သည် ကျန်းထန့်ကြောင့် အံ့အားသင့်သွားပြီး ထိုင်ခုံတွင်ထိုင်ကာ နက်ခ်တိုင်ကြိုးဖြည်လိုက်သည်။

ရှန်းချူးချူး အာလူးကြော်များယူကာလက်ထဲထည့်ကာစားနေလိုက်သည်။ ဟန်ရှင်းယန် အချိန်အတော်ကြာမလှုပ်မယှက်ဖြစ်‌နေသဖြင့် အိတ်ထဲပြန်ထည့်လိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ Wet tissue ကောက်ယူလိုက်ပြီး လက်သုတ်ကာ ဟန်ရှင်းယန်နံဘေးသို့လျှောက်သွားလိုက်သည်။

ထိုအကြောင်းကိုတွေးပြီးနောက် သူ့လက်ဖြင့် ဟန်ရှင်းယန်ပခုံးကိုထိလိုက်သည်။

"စိတ်ဆိုးမနေနဲ့တော့ ကျန်းထန့်မှာ သူ့ကိုယ်ပိုင်အ ကြောင်းပြချက်ရှိပါလိမ့်မယ်။ ပြီးတော့ ရှင် မြင်တဲ့အတိုင်းပဲ သူ တစ်ခုခုဖုံးကွယ်ထားပုံရတယ်၊ နောက်နေ့ကျရင် သူ ရှင်နဲ့စကားပြောချင်မလားလို့ သူ့ကိုမေးကြည့် လိုက်လေ"

ရှန်းချူးချူး ဘာကြောင့်မှန်းမသိ ရိုးရှင်းပုံမပေါ်ဘူးဟု ခံစားနေရသည်။

ဟန်ရှင်းယန် ထိုစကားကိုနားထောင်ပြီး "သူ ဖုံးကွယ်ထားတာတစ်ခုခုရှိတယ် ဒါပေမယ့် အတွေ့အကြုံမရှိဘူး"

ရှန်းချူးချူး အံ့သြသွားပြီး မျက်ခုံးပင့်လိုက်သည်။ ဟန်ရှင်းယန်ရဲ့ပါးစပ်က ဒီလိုပြောလာမယ်လို့ တကယ်မမျှော်လင့်ခဲ့မိပေ။ သို့သော် ဟန်ရှင်းယန်သည် ယခုအချိန်ထိ ဒေါသထွက်နေဆဲဖြစ်သည်ကို သူမ သိသည်။

ထို့ကြောင့် ရှန်းချူးချူး ဟန်ရှင်းယန်၏ရှေ့တွင်ရပ်ကာသူ့ နှုတ်ခမ်းကိုနမ်းလိုက်ပြီး "ကျွန်မ လှလား ?"

ထိုမေးခွန်းပြီးနောက် ဟန်ရှင်းယန်၏အမူအရာကိုကြည့်ကာပြုံးလိုက်သည်။ ထို့နောက်မော့ကြည့်ကာ "ကျွန်မက လှတယ်၊ အတွေ့အကြုံတော့မရှိဘူး၊ ကျွန်မ စွဲမက်စရာကောင်းတယ်လေ huh ?"

ဟန်ရှင်းယန် ထိုစကားနားထောင်ပြီး စက္ကန့်အနည်းငယ်မျှတိတ်ဆိတ်သွားသည်။ ထို့နောက် ရုတ်တရတ်ဖမ်းဆွဲကာ သူမအား သူ့ကိုယ်ပေါ်သို့ဆွဲယူလိုက်သည်။

ရှန်းချူးချူး လှည့်ကြည့်လိုက်ပြီး ဟန်ရှင်းယန်၏ခြေ ထောက်ပေါ်ထိုင်လိုက်သည်။ သူ့ကိုယ်သူ လဲကျမသွားစေရန် အလျင်အမြန်လက်ဆွဲကာ လည်ပင်းကိုသိုင်းဖက်လိုက်သည်။

ပြင်းထန်သောအနမ်းတစ်ခုသည် ကျဆင်းလာပြီးလျှာ ဖျားသည် နှုတ်ခမ်းနှင့်သွားများကို အားမလိုအားမရဖွင့်ဟလိုက်သည်။ ရှန်းချူးချူး အသက်ရှုမဝခါနီးတွင် ဟန်ရှင်းယန် အနမ်းကိုအဆုံးသတ်လိုက်သည်။

ဟန်ရှင်းယန် ရှန်းချူးချူး၏နားနားကပ်ကာ "ဟုတ်တယ်၊ မင်းကို စွဲလန်းနေတာ"

ဤစာကြောင်းသည် ရှန်းချူးချူး၏နှလုံးသားကိုထိစေပြီး နှုတ်ခမ်းကိုကိုက်ရုံဖြင့် သူ့အားယာယီခွင့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် masochist ဖြစ်ရမည်ဟု ခံစားရပြီး ဤအနမ်းသည်ထူးခြားသည့်ခံစားချက် ဖြစ်သွားကြောင်းဝန်ခံရလိမ့်မည်။

"ဒါဆို ကျန်းထန့်မှာ သူကြိုက်တဲ့လူရှိတာကပုံမှန်ပါပဲ။ ဒါပေမယ့် သူ့အတွေးတွေကို နားလည်ဖို့ကြိုးစားရမှာပေါ့၊ သူတကယ် အခက်အခဲကြုံနေရလို့များလား။"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏အကြံပြုချက်ကိုနား ထောင်နေပုံရပြီး ခဏကြာစွေ့ခနဲ ချူးချူး၏နှုတ်ခမ်းများကိုနမ်းလိုက်ပြီး “ကောင်းပြီ”

သူတို့နှစ်ယောက် အတူတူထွက်သွားချိန် အတွင်းရေးမှူးနှင့် လက်ထောက်အတွင်းရေးမှုးက နှုတ်ခမ်းတွေကိုစိုက်ကြည့်လာသည်ကိုကြည့်ရင်း မျက်နှာရုတ်တရက်နီရဲလာပြီး ဦးထုတ်ကိုအမြန်ဖိချလိုက်သည်။ ထို့နောက် ဟန်ရှင်းယန်အား တိတ်တဆိတ်လှည့်ကြည့်လိုက်သည်။

ဟန်ရှင်းယန်၏အမူအရာကိုကြည့်ရင်း ရှန်းချူးချူး ယခုအချိန် ဘာမှပြန်မပြောဘဲ ဓာတ်လှေကားထဲဝင်ပြီးနောက် ရှန်းချူးချူး သူ့နုတ်ခမ်းကို လက်ညိုးထိုးကာ “အဲ့ဒါ ရှင့် အပြစ်ပဲ၊ သူတို့ နားလည်မှုလွဲကုန်ပြီ” ဟု ညည်းညူလိုက်တော့သည်။

ဟန်ရှင်းယန်သည် ထိုကိစ္စအတွက် အလွန်ပျော်ရွှင်နေခဲ့သည်။ ရှန်းချူးချူး၏စွပ်စွဲချက်ကို လျစ်လျူရှုပြီး ခေါင်းငုံ့ထားသည်။ ကံကောင်းထောက်မစွာ၊ ဤသည်မှာ CEO ၏ သီးသန့်ဓာတ်လှေကားဖြစ်ပြီး မည်သူမျှတက်မည်မဟုတ်ပေ။ မဟုတ်ပါက ထိုမြင်ကွင်းကိုမြင်ရလိမ့်မည်။

လူနှစ်ယောက် ညစာစားကာအိမ်ပြန်လာပြီးနောက် ဟန်ရှင်းယန် နောက်ထပ်ဖုန်းဆက်လာသည်။

"အင်း...ကျနော့် အပြစ်ပါ"

"တောင်းပန်ပါတယ်"

ဖုန်းချပြီးနောက် ဟန်ရှင်းယန်သက်ပြင်းရှည်ကြီးချလိုက်သည်။

ရှန်းချူးချူး အနည်းငယ်တွေးလိုက်သောအခါ သူ ဘာဖြစ်နေသည်ကိုနားလည်သွားသည်။

"ကျန်းထန့်အမေက ဒီအိမ်ထောင်ရေးကို သဘောမတူဘူးလား ?"

ဟန်ရှင်းယန် သူ့မျက်ခုံးတွေကိုညှစ်ပြီး "အင်း၊ သဘောမတူဘူး။ ရှောင်ရှဲ့က သူ့(မ)အကြောင်းမေးဖို့တစ်ယောက် ယောက်ကိုလွှတ်လိုက်တယ်၊ ပြီးတော့ သူ့အပေါ် အ‌မြင်လုံးဝမကောင်းဘူး"

ရှန်းချူးချူးသည် ရင်ရှင်းမုန့်၏ပုံစံကိုတွေးကာ ခေါင်း ညိတ်လိုက်သည်။ ရုတ်တရက် သူမသည် အနည်းငယ်စဉ်းစားပြီး “မိသားစုကြောင့်လား ?” ဟု မေးလိုက်သည်။

ဟန်ရှင်းယန် ခေါင်းယမ်းပြီး ရှန်းချူးချူးကို ပွေ့ချီလိုက်သည်။ "မဟုတ်ဘူး၊ အန်တီက ညာဘက်တံခါးကို ရှာရတာကြိုက်ပေမယ့် ရှာစရာမလိုဘူး။ ကျန်းထန့် ရှေ့မှာ ရည်းစားတွေအများကြီးထားဖူးတယ်။ အန်တီ့ဘက်က ကန့်ကွက်ခဲ့တာမရှိဘူး။"

ရှန်းချူးချူး ခေါင်းညိတ်ပြီးပြောလာသည်။

"ဒါဆို အခု ကျန်းထန့်က ရင်ရှင်းမုန့်ကို လက်ထပ်ချင်ပေမယ့် အန်တီက ကျန်းထန့်နဲ့ရင်ရှင်းမုန့်ကို သဘောမတူဘူး၊ ပြီးတော့ သူတို့ နှစ်ယောက်လုံးက ရှင့်ကို စည်းရုံးပေးဖို့‌ပြောနေကြတာပေါ့"

ဟန်ရှင်းယန် ပြုံးကာ "အင်း အမှန်ပဲ"

ဒီကိစ္စကိုပြောတဲ့အခါ ဟန်ရှင်းယန်စိတ်ရှုပ်သွားသည်။ ရှန်းချူးချူးသည် သူ့မျက်နှာသိပ်မကြည့်ကောင်းမှန်း သိလိုက်သည်နှင့် လှည့်ကြည့်ကာ အခြားအကြောင်းများပြောလိုက်သည်။

**********

ပိတ်ရက်တွင် ရှန်းချူးချူးနှင့် ဝမ်ကျင်းတို့ အတူတူဈေးဝယ်ထွက်ကြသည်။

သို့သော် ရှန်းချူးချူး၏ကျော်ကြားမှုနှင့်အတူ ၎င်းတို့ ယခင်ကကဲ့သို့ ဈေးဝယ်ထွက်ရန်မဖြစ်နိုင်ပေ။ ယခုရွေးချယ်ထားသော စျေးဝယ်စင်တာများမှာ ပိုမိုအဆင့်မြင့်ကာ လူနည်းသည်။ ထို့အပြင် အချိန်အများစုသည် ကော်ဖီသောက်ရင်း အတူတူထိုင်စားဖြစ်ကြသည်။

ဝမ်ကျင်းမှာ ကိုယ်ဝန်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် နှစ်ယောက်သား ကော်ဖီဆိုင်ကျော်ကာ စားသောက်ဆိုင်သို့ တိုက်ရိုက်သွားခဲ့ကြသည်။

ရှန်းချူးချူးသည် ဝမ်ကျင်း၏မျက်နှာကိုတောက်ပ သော အကြည့်ဖြင့်ကြည့်ကာ "ဂုဏ်ယူပါတယ်"

ဝမ်ကျင်းက ပြုံးပြီး "အင်း ကျေးဇူးပဲ၊ နင် ဂုဏ်ပြုတာအရမ်းစောလွန်းတယ်!"

သို့သော်လည်း စားသောက်ရင်း ဝမ်ကျင်း၏ဗိုက်ကအ နည်းငယ် အဆင်မပြေ။ ရှန်းချူးချူးက စိတ်လှုပ်ရှားစွာ မေးသည်။ "ဘာဖြစ်တာလဲ၊ အန်ချင်လို့လား ? ကူညီခိုင်းဖို့ စားပွဲထိုးကိုဖုန်းဆက်လိုက်မယ်"

ရလဒ်အနေနဲ့ ဝမ်ကျင်း သူ့ရင်ဘတ်ကိုပွတ်သပ်ပြီး ချောချောမွေ့မွေ့ဆင်းသွားခဲ့သည်။ ရေနွေးသောက်ပြီးနောက် သူက "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ရှာလကာရည် ကောင်းတယ်။"

ခဏကြာတော့ စားပွဲထိုးက ရှာလကာရည်ပန်းကန်သေးသေးလေးယူလာသည်။

ရှန်းချူးချူးသည် ဝမ်ကျင်း ဘာစားစား ရှာလကာရည် သုတ်ကာစားနေသည်ကို မြင်လိုက်ရသည် ။ ရှန်းချူးချူးသည် အချည်အလွန်နှစ်သက်သူတစ်ဦးဖြစ်သော်ငြား ၎င်းကိုကြည့်ပြီးနောက် သွားကြိမ်းနေမိသည်။

"နင် အရင်က အဲ့တာတွေသိပ်မစားတာ ငါ မှတ်မိတယ်"

ဝမ်ကျင်း : "ဟုတ်တယ်၊ ကလေးရှိပြီးကတည်းက အရ သာက အကြိုက်ပြောင်းသွားတယ်။ အခု ရှာလကာရည် နည်းနည်းမပါရင် မစားချင်တော့ဘူး။ အဆင်မပြေဘူး။ ယောက္ခမက ယောက်ျားလေးလို့ပြောတာပဲ ဒီကလေးက ယောက်ျားလေးလို့ခန့်မှန်းရပေမယ့် ငါတို့ မိသားစုက တော့ သမီးလေးလိုချင်တယ်"

ရှန်းချူးချူး သူ့စိတ်ထဲတုန်လှုပ်သွားပြီး "နင်ကော၊ ဘာလိုချင်လဲ"

ဝမ်ကျင်း က သူ့ဗိုက်ကို ကိုင်လိုက်ပြီး ဝမ်းသာတဲ့မျက်နှာနဲ့ "ငါ ဂရုမစိုက်ပါဘူး ငါ့ သားနဲ့သမီး ကျန်းကျန်းမာမာနဲ့ အေးအေးချမ်းချမ်းကြီးပြင်းလာသရွေ့အဆင်‌ပြေတယ်"

ရှန်းချူးချူးသည် ဝမ်ကျင်းခေါင်းပေါ်ရှိအနီရောင် နှလုံး သားကို တစ်ချက်နှိပ်ကာဝင်လိုက်သည်။ ကလေး၏ လိင်အမျိုးအစားကို အတည်ပြုပြီးနောက် စနစ်အား ပိတ်လိုက်ပြီး "နင့် ခင်ပွန်းသည် စိတ်ပျက်စရာဖြစ်ကောင်းဖြစ်နိုင်သည်။ နင့်ကလေးက သားဖြစ်မယ်ထင်တယ်"

ဝမ်ကျင်း သူ့ဗိုက်ကိုပွတ်သပ်ပြီး အံ့အားသင့်ကာမေးဘာသည်။ "တကယ်လား ? သေချာလား ?"

ရှန်းချူးချူးသည် ဝမ်ကျင်း၏ပျော်ရွှင်သောသွင်ပြင်ကိုမြင်ပြီး ပြုံးကာခေါင်းညိတ်သည်။

"ကောင်းပြီ၊ မျက်နှာဖတ်တာတော့ အဲ့လိုပဲ၊ ဒါပေမယ့် သိပ်တော့မသေချာဘူး။ ကလေးမွေးလာတဲ့အထိ အားလုံးစောင့်ကြည့်ရမှာပဲ"

အရင်က ဖြစ်ပျက်ခဲ့တဲ့အရာတွေကြောင့် ဝမ်ကျင်းဟာ ချူးချူးကိုယုံကြည်နေဆဲဖြစ်ပြီး၊ သူ့စိတ်ထဲ သား ယောက်ျားဟု ဆုံးဖြတ်ထားပြီးသားပင်။ သူမ သက်ပြင်း ချကာ "အမှန်တိုင်းပြောရရင် ငါ့သားနဲ့သမီးကို ဂရုမစိုက်ဘူးလို့ ခံစားမိပေမယ့် သည်းမခံနိုင်ဘူး။ အိမ်မှာရှိတဲ့ အဘိုးက အဲဒီလိုမထင်ထားဘူး။ ငါ့အမေနဲ့ယောက္ခမတို့က သဘောတူညီချက်လုပ်ထားကြတယ် သူတို့က သားတစ်ယောက်ရဖို့ အားလုံးမျှော်လင့်နေကြတာ။ သားဖြစ်ရင် အဘွားကြီးပွားတာလျှော့တာပေါ့ဟာ"

ရှန်းချူးချူးက ပြုံးပြီးပြောတယ် "မှန်တယ်၊ ဒီဝိုင်း ငါ ရှင်းလိုက်မယ်"

ထမင်းစားပြီးရင် ဘယ်အချိန်မိုးရွာလာမှန်းမသိပေ။ ရှန်းချူးချူး ဝမ်ကျင်းအားအိမ်ပြန်ပို့ပေးချင်သည်။ သို့သော် မစ္စတာဝမ်ကျင်းက သူ(မ)အားစောင့်နေပြီဖြစ်သည်။ ခင်ပွန်းဖြစ်သူ၏သတိထားနေသောအသွင်အပြင်ကိုကြည့်ရင်း ရှန်းချူးချူး သူ(မ)အတွက်ပျော်ရွှင်နေခဲ့သည်။

ရှန်းချူးချူး သူ့အတွက် ကားတံခါးဖွင့်ပြီးနောက် ဟန်ရှင်းယန်ထံမှဖုန်းဝင်လာသည်။

"ချူးချူး ၊ မင်း ဘယ်အချိန်စားပြီးမှာလဲ ကိုယ် လာကြိုလိုက်မယ်။ မိုးရွာတော့မယ်၊ မင်း တစ်ယောက်တည်း ကားပြန်စီးဖို့စိတ်မချဘူး"

ရှန်းချူးချူး စိတ်ထဲအားကျမှုများပျောက်သွားသည်။ သူမ၏မျက်လုံး အနည်းငယ်စိုစွတ်နေပြီး "စားပြီးသွားပြီ၊ မလိုပါဘူး၊ အခု မိုးသိပ်မကြီးတော့ဘူး၊ ကျမ ပြန်တော့မယ်"

ဟန်ရှင်းယန်က "ဒါဆို မင်း ကိုယ့်ကိုခဏစောင့်၊ ကိုယ် မင်းနဲ့အရမ်းနီးတဲ့ ကုမ္ပဏီမှာရှိနေတာ၊ မင်းကို အိမ်ပြန်ခေါ်သွားမယ်"

ထိုစာကြောင်းကိုကြားသောအခါ ရှန်းချူးချူး အနီးနားရှိ ကားကိုတစ်ချက်ကြည့်လိုက်ပြီး ဝမ်ကျင်းနှင့် သူမခင်ပွန်း၏သွင်ပြင်ကို တွေးကာ "ကောင်းပြီ"

ဟန်ရှင်းယန်ရောက်လာချိန် မိုးတွေကတအားကြီးလာပြီဖြစ်သည်။ ရှန်းချူးချူး စတိုးဆိုင်သို့မသွားဘဲ ဟန်ရှင်းယန်ကိုစောင့်နေခဲ့သည်။

ဟန်ရှင်းယန်သည် မိုးရေထဲမှ မောင်းထွက်လာပြီးအပြင်ဘက်တွင်ရပ်နေသော ရှန်းချူးချူးကို တွေ့လိုက်ရသည်။ သူ ချက်ချင်းဆိုသလို စိတ်မကောင်းဖြစ်သွားပြီး လက်ကိုထိကာ "အပြင်မှာ အရမ်းအေးတယ်လေ၊ ဘာလို့ အထဲဝင်မစောင့်တာလဲ"

ရှန်းချူးချူး ထိုစကားကိုနားထောင်ပြီး သူ့လည်ပင်းကို ကြည့်ကာ အနမ်းပေးလိုက်ပြီး "ရှင့်ကို စောင့်ချင်လို့" ဟုပြောလိုက်သည်။

ထိုသည်ကိုဟန်ရှင်းယန်ကြားလိုက်သည်နှင့် သူ့မျက်နှာတဖြည်းဖြည်းပြုံးသွားခဲ့သည်။

All Chapters