← Chapters

အခန်း (၈၈)

Vol. 9 Ch. 88

အခန်း (၈၈)

Vol. 9 Ch. 88

ဤညနေခင်းတွင် ရှန်းချူးချူးရှားရှားပါးပါးစိတ်အားထက်သန်နေကာ သူမ၏ထိုအပြောင်းအလဲအတွက် ဟန်ရှင်းယန် အရမ်းပျော်ရွှင်နေခဲ့သည်။ ထို့ပြင် ၎င်း၏လက် တွေ့လုပ်ဆောင်မှုများကြောင့်လည်း ပျော်ရွှင်ကြောင်း ဖော်ပြခဲ့သည်။

Position အသစ်နဲ့ ဘယ်လိုကြိုးစားရမှန်းမသိတဲ့ ဟန်က ဒီနေ့ညက အရမ်းပျော်ဖို့ကောင်းတယ်ဟု ဆိုလာသည်။ အေးဆေးတည်ငြိမ်ဖို့ ခက်သဖြင့် သူ့မျက်နှာနီရဲနေ သည်။

ပြီးသွားတော့ လူနှစ်ယောက် အတူတူစကားစမြည်ပြောကြသည်။

"ဝမ်ကျင်းမှာ ကိုယ်ဝန်နှစ်လကျော်ရှိနေပြီ။ သူမက ကျွန်မတို့အတန်းထဲက ပထမဆုံးအိမ်ထောင်သည်ပဲ ပြီး တော့ ပထမဆုံးကလေးတောင်မွေးတော့မယ်"

ဟန်ရှင်းယန် မျက်မှောင်ကြုတ်ကာ မသိစိတ်မှသက်ပြင်း ချလိုက်သည်။

ရှန်းချူးချူးက ထူးဆန်းသလိုခံစားရပြီး "ဘာဖြစ်လို့လဲ၊ ပြဿနာရှိလို့လား ?"

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟန်ရှင်းယန်က "ရင်ရှင်းမုန့်လည်း ကိုယ်ဝန်ရှိနေပြီ"

အိပ်ငိုက်နေရင်း ထိုစာကြောင်းကိုကြားပြီးနောက် ရှန်းချူးချူး ချက်ချင်း မျက်လုံးဖွင့်ကာ ဟန်ရှင်းယန်ကိုကြည့်လိုက်ပြီး "ရှင် ဘာပြောလိုက်တာ"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ထိတ်လန့်တုန်လှုပ်သော သွင်ပြင်ကိုမြင်ပြီး သူမကျောကိုထိလာသည်။

"အင်း ဒီနေ့ ကျန်းထန့်နဲ့ စကားပြောခဲ့တယ်၊ နောက်ဆုံးတော့ သူ အမှန်အတိုင်းပြောခဲ့တယ်။ ရင်ရှင်းမုန့်ကိုယ် ဝန်ရှိနေပြီဆိုတြော သူတို့လက်ထပ်ကြတော့မှာ။"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ ရှင်းပြချက်ကိုနား ထောင်ပြီး မျက်ခုံးအနည်းငယ် ရှုံ့သွားခဲ့သည်။ဟန်ရှင်း ယန်သည် ရှန်းချူးချူး၏အမူအရာကိုမြင်ပြီး

"မင်းလည်း ရယ်စရာကောင်းတယ်လို ခံစားရတယ် မဟုတ်လား။ ဒါ ကိုယ်မမျှော်လင့်ထားဘူး။ ကျန်းထန့်က စိတ်ဆန္ဒရှိပေမယ့် တကယ်တော့ ဒီအကြောင်းပြချက်ကြောင့်လို့ပြောလို့ရတယ်။ မိန်းကလေး ကိုယ်ဝန်ရှိသွား တော့ သူ့မှာ တာဝန်ရှိတယ်လေ"

သို့သော် ရှန်းချူးချူးသည် ဟန်ရှင်းယန်၏သံသယများကြောင့်မဟုတ်ပေ။ ကျန်းထန့်စနစ်အားကြည့်ရှုသော အခါတွင် ကလေးများနှင့်ပတ်သက်သော အချက်အ လက်များ မရှိသည်ကို ရှင်းရှင်းလင်းလင်းမှတ်မိသော ကြောင့် သူမ အံ့ဩမိခြင်းပင်။ ရင်ရှင်းမုန့်က ရုတ်တရက်ကိုယ်ဝန်ရတာလဲ ?

ကလေးမမွေးဘူးမှတ်လား ? ဒါမှမဟုတ်... ကိုယ်ဝန်လုံးဝမရှိတာများလား ?

ဤဖြစ်နိုင်ခြေကို တွေးတောရင်း....

ရှန်းချူးချူး စကားမပြောသဖြင့် မောပန်းနေပြီဟု ဟန်ရှင်းယန်ကထင်လိုက်ကာ ဆံပင်ကိုတို့ထိကာ နဖူးကိုနမ်းလိုက်ပြီး "အိပ်တော့" ဟု ပြောလိုက်သည်။

နောက်နေ့မနက် 7:30 တွင် ဟန်ရှင်းယန်အိပ်ရာထသည်။ အရင်တုန်းက ရှန်းချူးချူးက သူအရမ်းစောထနေပြီလို့ အမြဲတွေးပြီး သူ့ကိုလွှတ်လိုက်ပြီးနောက် ပြန်အိပ်တော့မယ်ဟုအမြဲတွေးခဲ့သည်။ ဒါပေမယ့် ဒီနေ့တော့ ပုံမှန်မဟုတ်ဘဲ ထိုင်နေခဲ့တယ်။ မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ပြီးသည်နှင့်ဖုန်းကိုကိုင်ပြီး ခဏလောက်ကြည့်လိုက်သည်။

ဟန်ရှင်းယန် ရေချိုးခန်းမှ ထွက်လာသောအခါ ရှန်းချူးချူးသည် နိုးလာပြီး ဖုန်းချလိုက်သည်ကိုတွေ့လိုက်ရသည်။

"ဒီနေ့ ကျမ အားတယ် ၊ ရှင်နဲ့ ကုမ္ပဏီလိုက်ခဲ့မယ်"

ဟန်ရှင်းယန် မျက်ခုံးပင့်ကာ မသိစိတ်ဖြင့်ပါးစပ်ဟလိုက်သည်။ သူက "ကောင်းပြီ"

ရှန်းချူးချူး ဘာ့ကြောင့် သူကုမ္ပဏီကို လိုက်ချင်တာလဲသူ မသိပေမယ့် ချစ်သူနဲ့ တစ်နေ့လုံးအတူရှိနေနိုင်ရင် သူ အရမ်းပျော်မိသည်မှာသဘာဝပင်။

"ဒါဆို ရေချိုးလိုက်ဦးမယ်နော် ခဏစောင့်"

ရှန်းချူးချူး အမြန်ထကာ ရေချိုးခန်းထဲဝင်သွားသည်။

ရှန်းချူးချူးသည် ဟန်ရှင်းယန် ကုမ္ပဏီသို့လိုက်လိုသည့် အကြောင်းရင်းမှာ တစ်ချက်အတည်ပြုရန်ဖြစ်သည်။ အမှားများကိုရှောင်ရှားရန်အတွက် ရှန်းချူးချူးသည် ကျန်းထန့်၏စနစ်အားတစ်ချက်ကြည့်လိုက်သည်။ အမှန်တော့ပထမအိမ်ထောင်မှာ ကျန်းထန့်နဲ့ ရင်ရှင်းမုန့်ထံ သားသမီးမရှိခဲ့ပေ။

ဝမ်ကျင်း၏နှစ်လကြာသော ကလေးကဲ့သို့စနစ်တွင် ပြ သလာမည်ဖြစ်သည်။ ရှန်းချူးချူးသည် ရင်ရှင်းမုန့်ထံ ကလေးမရှိဟု သံသယရှိရန်အကြောင်းပြချက်ရှိသည်။ သူမ၏မှန်းဆချက်သည် မှန်လား ဆုံးဖြတ်ရန် ရင်ရှင်းမုန့်ကိုကြည့်ရမည်ဖြစ်သည်။

ကုမ္ပဏီကို လူနှစ်ယောက်ရောက်လာပြီးနောက် အလုပ်မလုက်ဘဲမနေနိုင်ချေ။

ရှန်းချူးချူးသည် ဟန်ရှင်းယန်ကိုပိုသဘောကျလာမိ သည်။ ကုမ္ပဏီတစ်ခုရဲ့ဥက္ကဌအနေနဲ့ သာမာန်ဝန်ထမ်းတွေထက် အလုပ်ပိုကြိုးစားသည်။

"ဒီမှာ မဂ္ဂဇင်းတွေ ဝတ္ထုတွေရှိတယ်ဆိုတော့ ပျင်းရင် ဖတ်နေလို့ရတယ်။"

ရှန်းချူးချူး ပြင်ဆင်ထားသည့် မဂ္ဂဇင်းများနှင့် ဝတ္ထုများကို ငုံ့ကြည့်ကာ ယခင်တစ်ကြိမ်တွေ့ဖူးသည့်အရာနှင့် မတူပေ။ နောက်ဆုံးအကြိမ် ရောက်တုန်းကတော့ ငွေကြေးမဂ္ဂဇင်းတွေ၊ ဘောလုံးသတင်းတွေ ရှိနေသေးသော်လည်း အခုချိန်မှာတော့ အမျိုးသမီးမဂ္ဂဇင်းတွေ ဖြစ်နေခဲ့သည်။ မိတ်ကပ်ဘယ်လိုလိမ်းရမလဲ။ ဝတ္ထုစကားလုံးများသည် မြို့ပြအချစ်ဝတ္ထုအချို့လည်းပါဝင်သည်။

ထိုအရာများကိုမြင်တော့ သူမ မျက်ခုံးပင့်ပြုံးကာ ဟန်ရှင်းယန်ကိုကြည့်လိုက်သည်။

ဟန်ရှင်းယန် ချောင်းဟန့်လိုက်ပြီး "အဲ့ဒါ အတွင်းရေးမှုးဝမ် ပြင်ထားတာ" ဟုပြောလိုက်သည်။

ရှန်းချူးချူးက ခေါင်းညိတ်ပြပြီးဟန်ရှင်းယန်ရှေ့ မှာပင် "The Overbearing President Loves Me" စာအုပ်ကို ထုတ်ယူလိုက်သည်။

ဟန်ရှင်းယန်မျက်နှာသည်မည်းနက်နေပြီး အတွင်းရေးမှုးဝမ်အား ထိုအရှုပ်ကိုထားရမလားဟု စိတ်ထဲကြိမ်း‌မောင်းနေခဲ့သည်။ သူ စာအုပ်ကိုလှမ်းယူကာ အဝေးသို့ပစ်ထုတ်လိုက်ချင်သော်လည်း သူ့နောက်တွင်ဖွက်လိုက်သည်။

"ဘာဖြစ်လို့လဲ ? ကြည့်ရတာစိတ်ဝင်စားစရာကောင်းမယ့် ယပုံပဲ၊ ဖတ်ချင်တယ်"

ထို့နောက် ရှန်းချူးချူးက " အတွင်းရေးမှုးဝမ်ကို အပြစ်မတင်ပါနဲ့"

ဟန်ရှင်းယန်သည် အတွင်းရေးမှုးဝမ်ထံသို့ စာတစ်စောင်ပို့ထားပြီးဖြစ်သည်။ ရှန်းချူးချူး၏တောင်းဆိုမှုကို ကြားပြီးနောက် ၎င်းကိုထုတ်ပြရန်မှတပါး ရွေးချယ်စရာမရှိပေ။

ဟန်ရှင်းယန်အလုပ်စလုပ်သောအခါ ရှန်းချူးချူးသည် "The Overbearing President me love in me" စာအုပ်ကိုယူခဲ့သည်။ မူလက အဲဒါကိုဖတ်ကြည့်မယ်။ ပိုဖတ်ကြည့်လေ၊ ပိုနစ်ဝင်‌လေလေပင်။ သူမနား ဟန်ရှင်းယန် အကြိမ်ကြိမ်လာသည်ကိုလည်း သူမ သတိမထားမိခဲ့ချေ။

"ချူးချူး ?"

ဟန်ရှင်းယန် မနေနိုင်ဘဲ အသံမြင့်မြင့်အော်ယူလိုက်ရသည်။

ရှန်းချူးချူး မသိစိတ်က "ဟမ် ?" ထို့နောက် ခေါင်းမမော့ဘဲ ဆက်လက်ငုံ့ဖတ်နေပြန်သည်။

ဟန်ရှင်းယန် မနေနိုင်တော့ဘဲ ရှန်းချူးချူးလက်ထဲမှ စာအုပ်ကို ဆွဲထုတ်လိုက်သည်။

ရှန်းချူးချူးသည် စာအုပ်ကို တစ်စုံတစ်ယောက်က ဆွဲယူသွားသည်ကိုမြင်လိုက်ရပြီး ဒေါသတကြီး မျက်မှောင် ကြုတ်ကာ သူ့ရှေ့မှလူကိုကြည့်လိုက်သည်။ ရလဒ်မှာ ဟန်ရှင်းယန်ဖြစ်နေသည်။ သူမ မျက်နှာချက်ချင်းပြောင်းသွားပြီး သူမကပြုံးကာ "ကျမဆီ ရောက်နေတာလား ? ကျမ အံ့သြစရာကောင်းတဲ့နေရာတစ်ခုကိုရှာတွေ့နေလို့"

ဟန်ရှင်းယန်က မပျော်ဘူးဆို‌ေသာမျက်နှာထားဖြင့် - "ဒီစာအုပ်က ကိုယ့်ထက် ပိုကောင်းလား"

ရှန်းချူးချူး ခေါင်းညိတ်ပြီး "နှိုင်းယှဉ်စရာမလိုပါဘူး။ ဒီCEOက တကယ့်ချောပြီး သည်းခံတတ်လွန်းတဲ့ချစ်သူလေ၊ ကျမကို ပြန်ပေးဦး"

ဟန်ရှင်းယန် ရုတ်တရက်ခေါင်းငုံ့ကာ ချူးချူးကိုနမ်းလိုက်ပြီး "ဒါပဲလား ?"

ရှန်းချူးချူး အံ့အားသင့်သွားပြီး "Ah ?"

"သည်းခံတတ်တဲ့ CEO လား၊ ဒါ သည်းခံတာလား ?" ဟန်ရှင်းယန် သူမကို ထပ်ပြီးနမ်းလိုက်သည်။

ရှန်းချူးချူးသည် မူလက လှဲတစ်ဝက် ထိုင်တစ်ဝက်ဖြစ်နေရာ ယခုမူ တစ်ကိုယ်လုံး ဟန်ရှင်းယန်ဖိထားသည်။

"အခု ကုမ္ပဏီမှာနော်၊ ရှင် နဲနဲဂစိုက်ပါဦး။" ရှန်းချူးချူးတိုးတိုးလေးပြောလိုက်သည်။

ဟန်ရှင်းယန်က "ဒါ ကိုယ့်ရုံးခန်းပဲ၊ ဘယ်သူမှဝင်ရဲတဲ့သတ္တိမရှိဘူး"

ရှန်းချူးချူး ထိုစကားကြားသောအခါ တုန်တုန်ယင်ယင်ဖြစ်ကာ “မလုပ်နဲ့၊ မလုပ်နဲ့၊ ဒီ... ဒီ…ရှင်”

ဟန်ရှင်းယန် ဘာမှလုပ်ရန်မရည်ရွယ်ဘဲ ရှန်းချူးချူး၏ အတွေးများကိုမြင်လိုက်သော်လည်း အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ သူ စိတ်ပျက်ဟန်ဆောင်မှုမှာ ရှန်းချူးချူး၏အရိပ်အမြွက်များကိုနားမလည်ဘဲ ရှန်းချူးချူး၏ခါးကိုထိကာ "အင်း ? ဒီတော့ ဘာဖြစ်လဲ ?"

ပြောပြီး ဦးညွှတ်ကာ နှုတ်ခမ်းဆက်နမ်းလိုက်သည်။

ရှန်းချူးချူး ရွှေ့ရမည်ကိုပင်ကြောက်နေသည်။ ဒီနေရာ သည် ဟန်ရှင်းယန်၏ရုံးခန်းပင်၊ ထိုအိပ်ယာအသေးလေး ကြောင့် သူမ၏အာရုံများသည် ပုံမှန်ထက်အနည်းငယ် သိမ်မွေ့ကာ တုန်လှုပ်ချောက်ချားစေခြင်းသာ။

"မလုပ်နဲ့ ……"

ရှန်းချူးချူး နောက်တစ်ခုတစ်ခုခုဖြစ်မည်ဟု တွေးလိုက်သောအခါတွင် အပြင်ဘက်မှရုတ်တရက် အသံထွက်လာပြီး တံခါးခေါက်လိုက်သည်။ ရှန်းချူးချူး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဟန်ရှင်းယန် ခေါင်းငုံ့ပြီးပြောတယ် "ညထိစောင့်..."

သူပြောပြီးသည်နှင့် အဝတ်အစားလဲပြီး အပြင်ထွက်သွားလိုက်သည်။

ရှန်းချူးချူး ဟန်ရှင်းယန်ထွက်သွားသည်ကိုမြင်ပြီး ခေါင်းငုံချလိုက်သည်။ စိတ်ထဲဘာကြောင့် ဆုံးရှုံးသွားသလိုခံစားရမှန်းမသိဘူး... ဒီမှာတွေးပြီး မျက်နှာနီရဲလာကာ ဘေးရှိစာအုပ်ဖြင့် မျက်နှာကိုဖုံးလိုက်သည်။

ထမင်းစားချိန်အထိ ရှန်းချူးချူး ဝတ္ထုကိုအပြီးသတ် ဖတ်လိုက်သည်။ သူမသည် ဟန်ရှင်းယန်အားရှက်ရွံ့စွာကြည့်ကာ "ဇာတ်သိမ်းနား သိပ်အဓိပ္ပါယ်မရှိပေမယ့် အဆုံးသတ်ကတော့ ကောင်းပါတယ်။"

ဟန်ရှင်းယန် မျက်မှောင်ကြုတ်ပြီး သူ့စိတ်ထဲအတွင်း ရေးမှုးဝမ်ကိုအပြစ်တင်လိုက်သည်။ "ကောင်းပြီ၊ ကိုယ်တို့ ဒီအမှိုက်စာအုပ်ကို နောက်ဘယ်တော့မှမကြည့်တော့ဘူး။"

ရှန်းချူးချူး ဟန်ရှင်းယန်၏အဝတ်အစားများကိုဆွဲယူလိုက်ပြီး "မဟုတ်ပါဘူး၊ နောက်မှ ကျမ အတွင်းရေးမှူးဝမ်ကို တခြားစာအုပ်မေးလိုက်"

ဟန်ရှင်းယန်: "..."

ထိုစဉ် အတွင်းရေးမှူးဝမ်နှာချေနေသည်။

ဟန်ရှင်းယန် ရှန်းချူးချူးကို ဒီနေ့ ဘာစားရမလဲ မမေးမချင်း ရှန်းချူးချူး ဒီနေ့ လာရသည့်ရည်ရွယ်ချက်ကို မေ့သွားကြောင်း ရုတ်တရက်သဘောပေါက်သွားသည်။ သူမက ဟန်ရှင်းယန်ကို စိုက်ကြည့်ပြီးနောက်

"ရှင့် ကုမ္ပဏီဝန်ထမ်းတွေ ဘယ်မှာစားရတာကြိုက်လဲ ?"

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟန်ရှင်းယန်က သိပ်နားမလည်သဖြင့် အတွင်းရေးမှုးဝမ်ကိုခေါ်ခိုင်းလိုက်သည်။

အတွင်းရေးမှူးဝမ် ဝင်လာသောအခါတွင် သူ့သူဌေးက ကြည့်ရသည်မှာကျေမနပ်ဖြစ်နေပုံရပြီး ယနေ့တွင် အနည်းငယ် စိတ်မသက်မသာဖြစ်နေပုံရသည်။ သူ့ဦး နှောက်က မြန်မြန်ဆန်ဆန်လှည့်ပြီး မကြာသေးခင်ကမပြီးပြည့်စုံတဲ့တစ်ခုခုများ လုပ်ခဲ့မိသလားဟုပင်တွေးနေမိသည်။

ရှန်းချူးချူး စကားကိုကြားပြီးသည်အထိ သူ့အတွေးကိုပြန်တွေးကာ ပြုံးပြီး "ဝန်ထမ်းတချို့က အပြင်ထွက်စားကြပေမယ့် ဝန်ထမ်းအများစုက Canteen မှာစားရတာကြိုက်ကြပါတယ်။ ဝန်ထမ်းစားသောက်ဆိုင်က အဆင့်ပေါင်းများစွာခွဲခြားထားတာကြောင့် ကွဲပြားတဲ့လူတွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်"

ရှန်းချူးချူး ထိုသည်ကိုကြားတော့ သူ ဟန်ရှင်းယန်ကိုကြည့်ပြီး "ဒီနေ့ ကန်တင်းမှာ သွားစားကြရင်ကော"

"မှတ်မိသွားမှာကို မကြောက်ဘူးလား ?"

ရှန်းချူးချူး ရင်ရှင်းမုန့်ကိုတွေ့ဆုံရန် စားသောက်ဆိုင်သို့သွားရန် စဉ်းစားခဲ့သော်လည်း ဟန်ရှင်းယန်၏စကားကိုကြားသောအခါတုန်လှုပ်သွားပြီး "အခန်း ရှိလား ?" ဟုမေးလိုက်သည်။

သြဇာကြီးမားသောအတွင်းရေးမှူးဝမ်က ချက်ချင်းပြောလာသည်။ "ဒါပေါ့ ဒါပေါ့"

ရှန်းချူးချူး ပြုံးပြီး "အင်း ဒါဆို ကန်တင်းပဲသွားကြရအောင်"

ဒီနေ့ ရှန်းချူးချူးရဲ့ကံအရမ်းကောင်းတယ်ဟုဆိုရမည်။ သူတို့သည် သေးငယ်သောအခန်းအား ရှာဖွေလိုကြပြီး၊ ကျန်းထန့်နှင့် ရင်ရှင်းမုန့်တို့သည် ရှေ့ခန်းထဲသို့၀င်လာသည်ကိုတွေ့လိုက်ရသည်။

ရှန်းချူးချူးနှင့် ဟန်ရှင်းယန်တို့က ညှိနှိုင်းခဲ့ကြသည်- "ကျန်းထန့်ကိုနှုတ်ရင် ကောင်းမလား ?"

ဟန်ရှင်းယန်သည် ထိုကိစ္စအတွက် အလွန်စိတ်ညစ်‌နေပြီး ထိုလူနှစ်ယောက်ကိုမြင်သောအခါ စိတ်ညစ်ညူးသွားရသည်။ ရှန်းချူးချူး သွားချင်သဖြင့် သူ တားမည်မဟုတ်ပေ။

"ကျန်းထန့်" ရှန်းချူးချူး ပြုံးပြလိုက်သည်။

"ပြောင်ကော၊ ချူးချူး"

"ဟယ် သူဌေးက ဒီမှာ... ရှန်းချူးချူး ?"

ရင်ရှင်းမုန့် ရှန်းချူးချူးကိုတအံ့တသြကြည့်လာသည်။

"မင်္ဂလာပါ၊ ငါက ရှန်းချူးချူးပါ"

"မင်းတို့……?"

ရှန်းချူးချူး "အိုး၊ ငါက ဟန်ရဲ့နဲနဲဝေးတဲ့ ဝမ်းကွဲပါ"

ကျန့်ထန်: "..."

ဟန်ရှင်းယန်: "..."

"အဲဒီနေ့က အတွင်းရေးမှူးဝမ်ခေါ်လာတဲ့လူကို ရင်းနှီးတယ်လို့ခံစားနေရတာက ရှင်ပဲလား ?"

ရှန်းချူးချူး အံ့သြသွားသည်။ ရင်ရှင်းမုန့်သည် ထိုနေ့တွင် သူမကို သတိထားမိမည်ဟုမျှော်လင့်ခဲ့ပေ။

"သြော်၊ ဟုတ်တယ်၊ ပြောင်ကော (ဝမ်းကွဲ)ဆီလာတာ ဟုတ်တယ်နော် ပြောင်ကော (ဝမ်းကွဲ)"

ပြောင်ကော (ဝမ်းကွဲ)ဖြစ်သွားသူ ဟန် : "အင်း... အမ်း"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ဆွေမျိုးတစ်ဦးဖြစ် ကြောင်း ရင်ရှင်းမုန့်ကြားဖူးသည်။ သူ့မျက်နှာပြုံးရွှင်ကာ အားတတ်သရောဖြင့် "အတူထိုင်ပြီး နေ့လည်စာစားချင်လား" ဟုမေးလိုက်သည်။

ရှန်းချူးချူးက ဘာမှပြန်မပြောဘဲ ဝမ်းကွဲဖြစ်သွားသူ ဟန်က "ဟင့်အင်း၊ မင်းတို့ ဖြည်းဖြည်းစားကြပါ၊ ပြောင်မေ့ (ဝမ်းကွဲ)၊ သွားရအောင်"

ရှန်းချူးချူး သက်ပြင်းချလိုက်ပြီး

"အို့၊ OK ပြောင်ကော (ဝမ်းကွဲ)"

ရှန်းချူးချူးနှင့် ဟန်ရှင်းယန်သည် အခြားသီးသန့်ခန်းထဲသို့ဝင်သွားသောအခါ ဟန်ရှင်းယန်၏မျက်နှာသည် အလွန်နက်မှောင်ပြီး အေးစက်အေးစက်နေဆဲဖြစ်သည်။

"ပြောင်ကော (ဝမ်းကွဲ) ?"

ရှန်းချူးချူးက သူ့အတွင်းစိတ်ကို ဖုံးကွယ်ဖို့ပြုံးပြီး

"ဒါ သူ သိသွားမှာကြောက်လို့မဟုတ်ပါဘူး၊ ကျမ ဒီတိုင်းပြောထံက်သွားတာ စိတ်မဆိုးပါနဲ့" ဟု ပြောလိုက်သည်။

ဟန်ရှင်းယန်က သူ စိတ်မဆိုးပါဘူးဟုတွေးလိုက်သော် လည်း... သူ အရမ်းဒေါသထွက်နေမိသည်။

ထိုအချိန်မှာပင် ဟန်ရှင်းယန်၏ဖုန်းဝင်လာမှုက ရှန်းချူးချူးကိုကယ်တင်နိုင်ခဲ့သည်။ ထမင်းစားချိန်မှာ အရမ်းအလုပ်များနေရင်တောင် မစ္စတာဟန်က သူ့လုပ်ဖော် ကိုင်ဖက်နဲ့ စီးပွားရေးအကြောင်းပြောဖြစ်ဆဲပင်။

ရှန်းချူးချူး ယခုအချိန်တွင် ကိစ္စအချို့ကိုစဉ်းစားနေလိုက်သည်။

သူမသည် ရင်ရှင်းမုန့်၏စနစ်အားကြည့်ရန် အခွင့်အရေး ယူခဲ့သည်။ သူမအား အံ့သြမိစေသည်မှာရင်ရှင်းမုန့် အမှန်တကယ် ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး သုံးလရှိပြီဖြစ် သည်။ သို့သော် ရင်ရှင်းမုန့်သည် သူ့ကိုယ်ပိုင်စနစ်တွင်ကိုယ်ဝန်ရှိနေသော်လည်း ကလေး၏ဖခင်ဖြစ်သူ ကျန်းထန့်၏စနစ်တွင်မှု ကလေးပါဝင်ခြင်းမရှိပေ။

ဟန်ရှင်းယန်ဖုန်းချလိုက်ပြီး သူမနှင့်စကားပြောလာသည့်တိုင် သူမ ထိုကိစ္စကိုတွေးမိနေဆဲပင်။

All Chapters