← Chapters

အခန်း (၈၉)

Vol. 9 Ch. 89

အခန်း (၈၉)

Vol. 9 Ch. 89

ရင်ရှင်းမုန့်၏စနစ်ကို မြင်လိုက်ခြင်းကြောင့် ရှန်းချူးချူးရဲ့ထမင်းစားချိန်တလျှောက်လုံး စိတ်တွေဝေဝါးနေခဲ့သည်။

ထမင်းစားပြီးနောက် ဟန်ရှင်းယန်သည် ရှန်းချူးချူးကိုကြည့်ကာ "ချူးချူး၊ ဘာဖြစ်တာလဲ ?"

ကျန်းထန့်နဲ့ ရင်ရှင်းမုန့်ကိုတွေ့လိုက်ကတည်းက သူ့ကောင်မလေး နည်းနည်းတော့မူမမှန်တာကို သူ သိလိုက်သည်။

ရှန်းချူးချူးက ခဏလောက်စဉ်းစားပြီး "ရှင်ပြောကြည့် မိန်းမတစ်ယောက်ကိုယ်ဝန်ရှိနေရင် ကလေးက သူ့တစ်ယောက်တည်းအပိုင်လား ?"

ဟန်ရှင်းယန် ထိုမေးခွန်းကိုကြားပြီး ထူးဆန်းသောအကြည့်ဖြင့်ကြည့်လိုက်သည်။ ဒါပေမဲ့ အဲ့ကိစ္စကိုလေးလေးနက်နက်တွေးပြီးတဲ့အခါ “တရားဥပဒေအရ၊ ကလေးရဲ့အဖေကလည်း အုပ်ထိန်းမှုတစ်ဝက်ရလောက်တယ်”

ဟန်ရှင်းယန်၏အဖြေကိုကြားပြီးနောက် ရှန်းချူးချူးအလွန်မိုက်မဲသောမေးခွန်းတစ်ခုကို မေးခဲ့ကြောင်းခံစားခဲ့ရသည်။ ဒါဆို ကလေးက အဖေနဲ့ အမေဆီမှာပေါ်ရမှာပေါ့ ထပ်မေးစရာရှိသော်လည်း သူမ နှလုံးသားထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုများရှိနေပြီး မည်သို့မေးရမည်ကိုမသိပေ။ အတိုချုပ်ပြောရရင် သူမ လိုချင်တဲ့အဖြေက ဒီတစ်ခုမဟုတ်ပါဘူး။

"ဒါဆို တခြားကလေးရဲ့တစ်ဝက်က သူ့အဖေနဲ့မဆိုင်ရင် ?"

ပြဿနာမှာ မိခင်၏အိမ်ထောင်ရေးစနစ်တွင် သားသမီးရှိသော်လည်း ဖခက်ဘက်တွင်မူမရှိချေ။

ဟန်ရှင်းယန်က ဒီပြဿနာက ခုနကထက်မေးခွန်းထပ်ပိုတုံးအတယ်ဟု ခံစားမိပေမယ့်၊ သူမေးတဲ့လူက သူ့ချစ်သူမို့ တုံးတယ်ဟုလုံးဝမခံစားရဘဲ ချစ်ဖို့ကောင်းနေသည်။ "ဒီတော့ ကလေးက ဖြစ်နိုင်ခြေတစ်ခုပဲရှိတယ်”

"ဘာဖြစ်နိုင်မှာလဲ ?"

"ကလေးက သူ့ကလေးမဟုတ်ဘူး၊ သူ့မှာ အဖေအရင်း သပ်သပ်ရှိနေတာ"

ရှန်းချူးချူး အမူအရာသည် ရုတ်တရက်အံ့အားသင့်သွားပြီး ကလေး၏ဖခင်တွင် အခြားလူတစ်ယောက်ရှိတာမျိုးလား ? ဟုတ်တယ်၊ ဒီပြဿနာကို သူ ဘာလို့မစဉ်းစားခဲ့မိတာလဲ ? ဟုတ်တယ်၊ ကလေးကကျန်းထန့်ဟာမဟုတ်ရင် ကျန်းထန့်စနစ်မှာ ကလေးရှိမှာမဟုတ်ဘူး။

"မင်းဆိုလိုတာ Next door to the old king လား ?"

ဟန်ရှင်းယန်မျက်နှာသည်မည်း‌မှောင်နေပြီး "အဲ့အမှိုက်တွေမဖတ်နဲ့တော့" ဟု ပြောခဲ့သည်။

ရှန်းချူးချူး ဟန်ရှင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး Next door to the old king မဟုတ်ဟု အမှန်တိုင်းမပြောဘဲနေလိုက်သည်။

"ခဏလောက် အနားယူဦးမလား"

"ကောင်းပြီ။"

ဟန်ရှင်းယန်နဲ့ ကုတင်သေးသေးလေးမှာ လဲလျောင်းနေချိန်မှာ ရှန်းချူးချူးရဲ့စိတ်ထဲကလေးအကြောင်းသာတွေးနေမိသည်။ သူမ အတွေးမမှားပါက ရင်ရှင်းမုန့်၏ ဗိုက်ထဲက ကလေးသည် ကျန်းထန့်ကလေးမဟုတ်ဘဲညအခြားလူ၏ကလေးဖြစ်ရမည်။

သို့သော် စနစ်နှင့်ပတ်သက်၍ သူမ ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ဥပမာအားဖြင့်၊ ကျန်းထန့်စနစ်တွင် မဖော် ပြရခြင်းအကြောင်းရင်းမှာ ၎င်းတို့နှစ်ဦး အိမ်ထောင်မပြုသေးခြင်းကြောင့်ဖြစ်ပါက ၎င်းတို့လက်ထပ်ပြီးချိန်တွင် ဖော်ပြမည်လော ?

သို့သော် မကြာမီတွင် သူမသည် ၎င်းကိုစဉ်းစားခဲ့သည်၊ ဤသို့ဆိုလျှင် ဝမ်ကျင်း၏ခင်ပွန်းဖြစ်သူ၏ အိမ်ထောင် ရေးစနစ်ကိုကြည့်ရှုနိုင်မည်ဖြစ်သည်။

ရှန်းချူးချူး ဦးနှောက်တွေကမောက်ကမ ဖြစ်နေပြီး အမှန်တရားနဲ့ နီးစပ်တော့မည်ဟု ခံစားမိသော်လည်း နားမလည်နိုင်လောက်အောင်ခံစားရသည်။

"ရှင်းယန် ? ဟန်ရှင်းယန် ?" ရှန်းချူးချူးသည် လက်တွင် ကပ်နေသော အိပ်ငိုက်နေသော မျက်လုံးများကို ကြည့်ပြီး

"မစ္စတာဟန် ?"

ဟန်ရှင်းယန်က မျက်လုံးမဖွင့်ဘဲ နဖူးကိုနမ်းလိုက်ပြီး "ဘာလို့ မအိပ်တာလဲ၊ မနေ့ညက နောက်ကျမှအိပ်တာ မနက်ကလည်းအစောကြီးထထားသေးတယ် မင်း မပင် ပန်းဘူးလား"

ရှန်းချူးချူးသည် ကြီးမားသောလျှို့ဝှက်ချက်ကို သိချင်သောကြောင့် သူမသည် ပင်ပန်းသည်ဟု လုံးဝမခံစားရဘဲ ပင်ပန်းလွန်းသောအကြည့်ဖြင့် ဟန်ရှင်းယန်၏ မျက် လုံးများကို မှုန်ဝါးဝါးကြည့်ကာ "မပင်ပန်းပါဘူး မနေ့ညက ပင်ပန်းလို့လား"

မနေ့ညက ရှင်းယန်၏အလုပ်ကြိုးစားမှုကြောင့် သူမ၏ သူ့ကိုယ်ပိုင် စိတ်ကူးတွေကိုပိုအတည်ပြုနိုင်ခဲ့သည်။

ဟန်ရှင်းယန်ဒီစကားကိုကြားတော့ လှည့်ကြည့်လိုက်ပြီး ရှန်းချူးချူးကို သူ့ခန္ဓာကိုယ်အောက်ကိုဖိလိုက်ပြီး မျက်လုံးတွေချက်ချင်းဖွင့်လိုက်သည်။ မျက်လုံးမှာ အိပ် ငိုက်ခြင်းအရိပ်အယောင်အလျင်းမရှိပေ။

"မပင်ပန်းပါဘူး၊ ကိုယ် ဒီ့ထက်ပိုပြီးလုပ်နိုင်တယ်။"

ရှန်းချူးချူးက ဒါကိုလုံးဝမလုပ်ချင်တာကြောင့် ဟန်ရှင်းယန်ကိုကြည့်ပြီး သူ အံ့သြသွားသည်။

"အိုး၊ အမ်း၊ ရှင် မပင်ပန်းဘူး၊ ကျမ... ပင်ပန်းတယ်။ ကျမ အိပ်ချင်တယ်"

ဟန်ရှင်းယန်က သူမကိုကြည့်ကာပြုံးပြီး လှည့်ကာစောင်ကိုဆွဲတင်ပေးလိုက်သည်။ မနက်ခင်းမှာ အနည်းငယ် စိတ်အားထက်သန်နေပေမယ့် ဘာမှမလုပ်ခဲ့ပေ။ အဆုံး မှာ မနေ့ညက စိတ်အားထက်သန်ခဲ့သည်မဟုတ်ပါလော။

မကြာခင်မှာ ရှန်းချူးချူး၏ အသက်ရှုသံကိုကြားလိုက်ရသည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူးမျက်လုံးအောက်မှအမဲရောင်စက်ဝိုင်းများကိုကြည့်ကာ သူသည် အလွန်အမင်း ရူးသွပ်သွားသည့်အတွက်နောင်တရသွားပြီး မျက်လုံးများကိုနမ်းလိုက်သည်။

ထိုနေ့မွန်းလွဲပိုင်းတွင် အလုပ်အစီရင်ခံရန် CEO ရုံးသို့ ရောက်ရှိလာသူများ တံခါးဝသို့ရောက်သောအခါ အတွင်းရေးမှုးဝမ်က “အသံတိုး၊ အရမ်းကျယ်ကျယ်မလုပ်နဲ့။"

ရှန်းချူးချူးသည် တစ်ညတာ ကောင်းစွာအိပ်ပျော်ခဲ့ပြီး သူနိုးလာသောအခါ ညနေလေးနာရီထိုးနေပြီဖြစ်သည်။ သူမ ဆေးကြောပြီး တံခါးကို တိတ်တဆိတ်ဖွင့်လိုက်သည်။

သူ့ရှေ့မှာ လေးလေးနက်နက်အလုပ်လုပ်နေသည်ကို ကြည့်ပြီး ထိုအမျိုးသာကပိုခန့်ညားလာသည်။

ညစာစားပြီးအိမ်ပြန်ရောက်ချိန် တီဗီကြည့်ရင်း ဆိုဖာပေါ်ထိုင်ပြီး ကျန်းထန့်ကိုမယုံကြည်ချင်သေးတဲ့အတွက် ဝမ်ကျင်းရဲ့ WeChat ကိုဖွင့်ပြီး သူ့ခင်ပွန်းဓာတ်ပုံကိုရှာတွေ့ခဲ့သည်။

ခဏကြာ သူ့ခေါင်းပေါ်မှာ ပန်းရောင်နှလုံးသားတစ်ခု ပေါ်လာသည်။

သူ၏အိမ်ထောင်ရေးစနစ်တွင်၊ ကလေး၏အကြောင်း အရာသည် ဝမ်ကျင်းနှင့်အတိအကျတူညီသည်။

[ကလေးရှိ/မရှိ- ကလေးတစ်ယောက် (၂ လ)]

ဤအထောက်အထားသည် ရှန်းချူးချူး၏ထင်မြင်ယူဆချက်ကိုထပ်မံအတည်ပြုလိုက်နိုင်သည်။ တစ်နည်းဆိုရသော် ရင်ရှင်းမုန့်၏ဗိုက်ထဲမှ ကလေးသည် ကျန်းထန့်ကလေးမဟုတ်ချေ။

ရင်ရှင်းမုန့်ရဲ့ဗိုက်ထဲကကလေးဟာ ကျန်းထန့်က‌လေးမဟုတ်ဘူးဆိုတာ သူမ သိခဲ့ရင်တောင် ဒါကိုအတည်ပြုဖို့ သက်သေမရှိပေ။ ထို့ပြင်၊ ကျန်းထန့်သည် ရင်ရှင်းမုန့်၏ ဗိုက်ထဲမှကလေးသည် သူ့ကလေးမဟုတ်ကြောင်း သိထားလား မသိထားလား အတိအကျမသိရပေ။

သူ့ ထင်မြင်ချက်မှားခဲ့ရင်...

ရှန်းချူးချူး သူ့အနေနဲ့ အတည်ပြုဖို့အပ်နေသေးပြီး အရမ်းအလျင်စလိုမလုပ်နိုင်ဟုခံစားရသည်။ ဒါကို သက်သေပြဖို့ သူမ သက်သေအချို့လိုအပ်နေသေးသည်။

နောက်နေ့တွင် သူမသည် N&W အတွက် မဂ္ဂဇင်းကာဗာရိုက်ကူးတော့မည်ဖြစ်ပြီး ပြန်လာရန်ရက်အနည်းငယ်ကြာမည်ဖြစ်သည်။

ဒီအခွင့်အရေးကို အစပိုင်းမှာ ချိုက်ကျဲကအကြံပြုခဲ့ပြီး သူမနဲ့ ချန်းရှန့်ကန်းတို့က အတူတူပါဝင်ခဲ့ကြသည်။

မျက်နှာဖုံးရိုက်ကူးတဲ့အခါ ရှန်းချူးချူးက ဝမ်ကျင်းရဲ့ အစမှာပြောခဲ့တဲ့ စကားလေးကို လေးနက်စွာနားလည်သဘောပေါက်ခဲ့သည်။

"နောက်သုံးလနေရင် Pre wedding ပုံရိုက်ရမှာ၊ ကလေးသည်းမခံနိုင်ဖြစ်ပြီး ကလေးနာမှာကြောက်တယ်။"

သည်းမခံနိုင်တော့ဘူး၊ ကလေးမရှိတဲ့သူတောင် ဗိုက်အောင့်သလိုခံစားရသည်။ တူညီသော မှန်ဘီလူးဖြင့် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရိုက်ကူးရမည်ဖြစ်သည်။ အစပိုင်းမှာတော့ ဝါသနာနည်းနည်းရှိခဲ့ပြီး နောက်ပိုင်း စိတ်အားထက်သန်မှုမရှိတော့ချေ။ ကြာလေလေ ပင်ပန်းလေလေပင်။

သရုပ်ဆောင်တစ်ယောက်ထက် မဂ္ဂဇင်းကာဗာရိုက်ကူးရတာ ပိုပင်ပန်းသည်ဟုခံစားမိသည်။ မင်းသားကတော့ သူ့စိတ်ကူးတွေ၊ ခံစားချက်တွေ၊ သူ့စိတ်ဝိဥာဉ်တွေရှိနေတုန်းပဲ။ မဂ္ဂဇင်းတစ်အုပ်ရိုက်ကူးရင် ကိုယ့်ကိုကိုယ်ရုပ် ချောသူဟု ထင်မြင်နိုင်သည်။ သို့သော် ဓာတ်ပုံဆရာ မင်းကို ဘာလုပ်စေချင်သလဲ ? မင်း လုပ်ရမယ်။

သေချာပါတယ်၊ သင် မလုပ်နိုင်ဘူး၊ ဒါပေမယ့် မလုပ်နိုင်ရင် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာ သင်အာမခံနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ရှန်းချူးချူးက ချန်းရှန့်ကန်းအား "မော်ဒယ်တစ်ယောက်ဖြစ်ဖို့ ခက်လွန်းတယ်။ ကျမ ဒါကို ပထမဆုံးအကြိမ်မခံစားနိုင်ဘူး။ ရှင် ဘယ်လိုများ ခဏခဏရိုက်နိုင်လဲ"

ချန်းရှန့်ကန်းက ရှန်းချူးချူးကို သူနှစ်သက်တဲ့စကားနဲ့ တုံ့ပြန်ခဲ့ပါသည်။

"ကောင်းပြီ၊ မင်း အဲဒါကို အသုံးချလိုက်လေ ဒါ မင်း ရုပ်ရှင်ရိုက်သလိုပါပဲ၊ လှည့်ကွက်တစ်ခုရှာတွေ့နိုင်မှာပါ"

ရိုက်ကူးမှုအပြီးတစ်ရက်အကြာတွင် ရှန်းချူးချူးသည် ခွေးသေတစ်ကောင်လိုဖြစ်နေသည်။ သို့သော်လည်း မပြုပြင်ရသေးသောသရုပ်ဖော်ပုံများကို သူမမြင်သော အခါ တစ်နေ့တာ၏ပင်ပန်းနွမ်းနယ်မှုများ အလွန်တန်ဖိုးရှိကြောင်း သူမ ခံစားခဲ့ရသည်။

"The Princess of Jialing" ရုပ်ရှင်နဲ့ ချိုက်ကျဲနဲ့ ချန်းရှီလီတို့အားလုံး ဒီဇာတ်ကားကို ဖော်ထုတ်ဖို့အခွင့်အရေးကောင်းတစ်ခုဟုခံစားရသည်။ ထို့ကြောင့် ကာဗာကိုယူပြီးနောက် လူတိုင်းက ၎င်းကိုဆွေးနွေးကြပြီး အထွေထွေမူကြမ်းအချို့ကိုပေးပို့ကြသည်။

Princess Jialing Princess V: ငါတို့မင်းသမီးနဲ့ သူ့သူရဲကောင်းက ခေတ်မီနေတာ အမှန်ပဲလား ? [တံတွေး]

နောက်ဆုံး လေဆိပ်အဖြစ်အပျက်ကတည်းက အန်းဟိုင်ကျန်းသည် ရှန်းချူးချူး၏အမာခံပရိသတ်တစ်ဦး ဖြစ် လာခဲ့သည်။ ရှန်းချူးချူး၏မဂ္ဂဇင်းမျက်နှာဖုံးကို မြင်လိုက်ရသောအခါ သူမ အလွန်စိတ်လှုပ်ရှားသွားသည်။

အရပ်ရှည်ရှည် အခြားလူ၏ဘေးတွင် ခိုကပ်နေသော ငှက်ငယ်တစ်ကောင်သည် အလွန်ထူးဆန်းစွာသဟဇာတ ဖြစ်ပုံရသည်။ ထို့ကြောင့် သူမသည် ထိုစာကြောင်းကို ထပ်ဆင့် Share လိုက်သည်။

ချူးချူးရဲ့ချစ်စရာလေး- ကြည့်ရတာ အရမ်းကောင်းတယ်၊ ဒီ CP ကို Ship ဖို့ဆုံးဖြတ်လိုက်ပြီ။ // Princess Jialing V ဇာတ်ကား၊

ဤမှတ်ချက်က လူအုပ်ကြီးကို လျင်မြန်စွာလွှမ်းမိုးသွားသည်။

အလုပ်များတဲ့ရက်အနည်းငယ်ကြာပြီး တော်ဝင်မြို့တော်ပြန်ရောက်ချိန်မှာ ညနေဆယ့်နှစ်နာရီကျော်ပြီဖြစ်သည်။ ရှန်းချူးချူးသည် ဟန်ရှင်းယန် အလုပ်များလွန်းသဖြင့် သူ့ကိုမဆက်သွယ်ဘဲ မနက်ဖြန်မနက်တွင် အံ့အားသင့်စေရန်ပြင်ဆင်ခဲ့သည်။

မထင်မှတ်ပဲ သူမ ဓာတ်လှေကားတံခါးမှထွက်လာပြီး တံခါးဝတွင် စကားပြောသံကြားလိုက်ရသည်။

ကျန်းထန့်သည် မကြာသေးမီ သူ့အားစိတ်အနှောက်အ ယှက်ဖြစ်ခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်ဟုခံစားရသည်။ တစ်ဖက်က ရင်ရှင်းမုန့်နဲ့ အတူမနေဖို့ နေ့တိုင်း ငိုကြွေးနေသည်။ တစ်ဖက် သူ့ကောင်မလေးကလည်း သူ့မှာတာဝန်ရှိတယ်ဟုဆိုကာ ငိုယိုပြီးပြောနေပြန်သည်။

ထို့ကြောင့် သူသည် သူ့ပြောင်ကော (ဝမ်းကွဲ)ထံသို့လာခဲ့ရသည်။

သို့သော် ပြောင်ကော (ဝမ်းကွဲ)သည် သူ့အိမ်မပြန်ဘဲ ဆန့်ကျင်ဘက်အိမ်မှာသွားနေသည်ကို တွေ့လိုက်ရသည်။

"ပြောင်ကော (ဝမ်းကွဲ) ချူးချူး ရိုက်ကူးရေးရှိတယ်မှတ်လား၊ မင်း သူ့အိမ်ကို ဘာလုပ်မလို့လဲ ?"

ကျန်းထန့်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ဟန်ရှင်းယန်သည် သူ့လက်၏လက်ဗွေကို မှတ်တမ်းတင်နေပြီး သူ့ကိုအေးစက်စွာကြည့်ကာ "မကောင်းဘူးလား ?"

ကျန်းထန့် ပြုံးပြီး "ဘယ်လိုပြောရမှာလဲ ? ငါက မင်းဆီလာတာ မင်းက ချူးချူးဆီသွားနေတော့ ငါက ဘယ်လိုလုပ် ချူးချူးဆီသွားရမှာလဲ၊ နှစ်ယောက်စလုံး ချူးချူး ဆီသွားတာ ဒါ မသင့်တော်ဘူးလေ"

"မသင့်တော်ဘူးဆိုတာ မင်း သိရင် အိမ်ပြန်လေ၊ အန်တီ မင်းကိုအိမ်မှာစောင့်နေတယ်။ ဟုတ်သား၊ သူရဲဘော ကြောင်တဲ့ကောင် ပြန်လာပြီလို့ ငါ ကြားတယ်။"

ကျန်းထန့်သည် ထိုစကားကိုနားထောင်ပြီး သူ့မျက်နှာသည် မီးခိုးရောင်အချို့ဖုံးလွှမ်းသွားသည်။

“ပြောင်ကော (ဝမ်းကွဲ) ကျေးဇူးပြုပြီး၊ အဲ့ကိစ္စကို ထပ်မပြောစမ်းပါနဲ့”

လူနှစ်ယောက် စကားပြောနေကြရင်း ရုတ်တရက်ဆိုသလိုဓာတ်လှေကားတံခါးပွင့်လာသည်။ ရှန်းချူးချူး ပြန်ရောက်လာပြီဖြစ်သည်။

All Chapters