← Chapters

အခန်း (၁၀၀)

Vol. 10 Ch. 100

အခန်း (၁၀၀)

Vol. 10 Ch. 100

ရှန်းချူးချူးသည် ချန်ယွီ၏အခြေအနေကိုမြင်ပြီး သူမကွာရှင်းပြတ်စဲခဲ့သည်ကို မည်သူတွေ့ရှိခဲ့ခြင်း ရှိ၊မရှိ သိရှိရန် အွန်လိုင်းသို့အမြန်သွားခဲ့သည်။ ဝဘ်ဆိုဒ်အမျိုးမျိုးကနေ ရှာဖွေပြီးနောက် ကွာရှင်းပြတ်စဲခဲ့သည့် ချန်ယွီအကြောင်း ဓာတ်ပုံတစ်ပုံပင်ရှာမတွေ့ခဲ့ချေ။

နေ့စဥ် ချန်ယွီ၏စိတ်အားထက်သန်သန်သောသွင်ပြင်ကို သူမ မြင်ခဲ့ရပြီး ထိုအကြောင်းကိုမတွေးတော့ပေ။

အခုချိန်မှာ သူမ ရုပ်ရှင်ရိုက်ကူးရေးကိုအပြည့်အဝစိတ်နျစ်ကာ လုပ်ဆောင်နေပြီဖြစ်သည်။

စတင်ရိုက်ကူးပြီး ရက်အနည်းငယ်အကြာတွင် သူမ၏ ချွေးပေါက်များတုန်လှုပ်သွားသည်ကို ရှင်းရှင်းလင်း လင်းခံစားလိုက်ရသည်။ ရိုက်ကူးပြီး တစ်ပတ်အကြာမှာတော့ ဒါရိုက်တာဒါရိုက်တာကျိုး၏ စည်းချက်နှင့်အညီလိုက်လျောညီထွေဖြစ်အောင်လုပ်နိုင်ခဲ့သည်။ ထို့ပြင် အချို့သောအရာများကို ချန်ယွီကပြောပြပေးသည်။

ရှန်းချူးချူး N တွင်ရိုက်ကူးမှုပြီးဆုံးတော့မည်ဟု တွေးကာ ဒါရိုက်တာကျိုးနှင့် အဆင်ပြေအောင်ကြိုးစားခဲ့သည်။ ရလဒ်ကတော့ ဒါရိုက်တာကျိုး ထွက်ခွာရန်မရည်ရွယ်ခဲ့ပေ။

"ချူးချူး၊ အရင်က ဇာတ်ကွက်တွေကိုပြန်လေ့ကျင့်ထား၊ အခု ပိုပြီးထိုးထွင်းသိမြင်မှုရှိလာတယ်လို့ ထင်တယ်၊ နောက်တစ်ခါထပ်ရိုက်ပြီး ဘယ်ဟာပိုကောင်းလဲ ကြည့်ကြအောင်"

ထိုသို့သောတောင်းဆိုမှုကိုကြားလိုက်ရသဖြင့် ရှန်းချူးချူး အလွန်အရှက်ရသင့်သော်လည်း စိတ်သက်သာရာရသွားသည်။ ရိုးရိုးသားသားပြောရလျှင် နောက်ပိုင်း သူ့ရဲ့ အရင်ရိုက်ချက်တွေနဲ့ယှဉ်ရင် အရမ်းဆိုးသည်ဟုခံစားရသည်။

ချန်ယွီလိုလူကိုပင် ဒါရိုက်တာကျိုးအပြစ်တင်ရှုတ်ချသည်ကို နောက်ဆုံး သူမ နားလည်သွားသော်လည်း စိတ် မဆိုးရုံသာမကပိုပျော်သွားသည်။ ရိုးရိုးသားသားပြောရရင် သူ အရမ်းပျော်မိသည်။ တံခါးကိုထိပြီး ဆက်လက်တိုးတက်နေသကဲ့သို့ခံစားရသည့် ပျော်ရွှင်မှုမျိုးဖြစ် သည်။

"ဟုတ်ကဲ့ပါ ဒါရိုက်တာကျိုး၊ ကျမ ဒီတစ်ခေါက် သေချာ ဂရုစိုက်ပြီးရိုက်ပါ့မယ်"

ရှန်းချူးချူးစကားကိုကြားတော့ ဒါရိုက်တာကျိုးပြုံးပြီး "ကောင်မလေး မင်း ကိုယ့်ကိုကိုယ်ဖိအားတွေအရမ်းမပေးသင့်ဘူး၊ အေးဆေးပေါ့ ဖြည်းဖြည်းချင်းသွားပါ"

ရှန်းချူးချူး ပြုံးပြီး "ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျိုး"

နောက်တစ်ခေါက်ထပ်ရိုက်လိုက်ချိန်မှာ အရှိန်ကအရင်တစ်ခါကထက်ပိုမြန်လာသည်။ နှစ်ရက်အတွင်း လူတိုင်း ထိုနေရာရှိဇာတ်ဝင်ခန်းများအားလုံးကို ရိုက်ကူးထားခဲ့သည်။

ထို့နောက် အဖွဲ့သားများသည် အခြားရိုက်ကွင်းတစ်ခုကို ဆက်သွားမည်။ ရှန်းချူးချူး နှစ်ရက်အားလပ်ရက်ရှိသော်လည်း ကုမ္ပဏီတွင် ဘာမှမရှိသဖြင့် ရိုက်ကူးရေးအတွက် အာဟာရအချို့အရေးတကြီးလိုအပ်သည်ဟု သူမ ခံစားမိသောကြောင့် မပြန်ဘဲ အဖွဲ့သားများနှင့်အတူ နောက်တစ်နေရာကိုသွားခဲ့သည်။

ဒါရိုက်တာကျိုးသောင်က ဒါကိုအရမ်းကျေနပ်သည်။

နောက်တစ်နေရာမှာတော့ ရှန်းချူးချူး ချန်ယွီနှင့်ထပ်မံတွေ့ဆုံခဲ့သည်။

ချန်ယွီနှင့် အကြိမ်ကြိမ်ဆက်သွယ်ပြောဆိုပြီးနောက် ရှန်းချူးချူးသည် သူမ၏စိတ်နေစိတ်ထားကို အနည်းငယ် သိသွားခဲ့သည်။ ဆုတွေအများကြီးရထားသော်လည်း သူမသည် ချည်းကပ်ရလွယ်သူပင်။

ရက်အနည်းငယ်ကြာပြီးနောက် ချန်ယွီကွာရှင်းပြတ်စဲခဲ့သည်ဆိုသောအချက်သည် မရပ်တန့်သွားပေ။

အကြောင်းပြချက်မှာ သူမ၏ခင်ပွန်းဟောင်းကောင်းဝမ်ကျွယ်အား အမျိုးသမီးကျောင်းသားတစ်ဦးနှင့် ရှိနေ သည်ကို မီဒီယာထံမှဓာတ်ပုံရိုက်ခံရခြင်းကြောင့်ပင်။

ကောင်းဝမ်ကျွယ်သည် အနုပညာလောကတွင် စာရေး ဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ "နာမည်ကြီး" ဇာတ်ညွှန်းရေးသူဖြစ်သည်။ သို့သော် သူကျော်ကြားရခြင်းအ ကြောင်းရင်းမှာ ဇာတ်ညွှန်းရေးနယ်ပယ်တွင် များစွာလုပ် ဆောင်ခဲ့သောကြောင့်မဟုတ်ဘဲ ၎င်း၏ဇနီး ချန်ယွီ၏ ကျော်ကြားမှုကြောင့်ဖြစ်သည်။ ထို့ကြောင့် အိမ်ထောင် ပြုပြီးနောက်တွင် သူ၏အတင်းအကျပ်ခိုင်းစေမှုများလည်းမြင့်တက်လာခဲ့သည်။

ဇာတ်ညွှန်းရေးဆရာအဆင့်တွင် အရမ်းနိမ့်နေသေးသော်မယ့် လူတော်တော်များများက ချန်ယွီမျက်နှာကြောင့် သူ့ကိုရှာနေကြတုန်းပင်။

ရှေးခေတ်ကတည်းက ယောက်ျားပီသမှုဆိုတာရှိခဲ့သည်။ ကောင်းဝမ်ကျွယ်သည်လည်း ချွင်းချက်မဟုတ်ပေ။ ချန်ယွီ ပိုလှပြီး နာမည်ကြီးတာကြောင့် ချန်ယွီကိုလိုက်ခဲ့ပေမယ့် ဒီကျော်ကြားမှုက အရင်လိုမဟုတ်တော့ဘဲ သူ့ဘဝရဲ့ဖိအားတွေဖြစ်လာချိန်မှာ ကောင်းဝမ်ကျွယ် အနည်း ငယ်စိတ်မသက်မသာခံစားခဲ့ရသည်။

လူနှစ်ဦးကြား သဘောထားကွဲလွဲမှုများတဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။

#ချန်ယွီရဲ့ခင်ပွန်းက အမျိုးသမီးကျောင်းသူနဲ့အတူတွဲလျက်ထွက်ပေါ်လာခြင်း

#ကောင်းဝမ်ကျွယ်သည် အမျိုးသမီးကျောင်းသူနဲ့ ပွေ့ဖက်နေခြင်း#

#ချန်ယွီ၏ခင်ပွန်းဖြစ်သူမှာ ညဘက် အမျိုးသမီးကျောင်းသူတစ်ဦးနှင့် တွေ့ဆုံခြင်း။ ဇာတ်ညွှန်း ညအ လင်းရောင် #

#ရုပ်ဆိုးသူက လမ်းချော်နိုင်ခြေပိုများတယ် လူတိုင်းသိသင့်တယ် #

......

ချန်ယွီ၏ခင်ပွန်းကောင်းဝမ်ကျွယ်၏ လမ်းချော်မှုသည် အဓိကဝဘ်ဆိုက်များ၏ခေါင်းစီးများကို လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ အင်တာနက်သုံးစွဲသူတွေများကလည်း ဒေါသပေါက်ကွဲကာ ထိုကိစ္စနှင့်ပတ်သက်ပြီး ဒေါသကိုထုတ်ဖော်ဖို့ စာတိုတွေပို့ခဲ့ကြသည်။

"မင်း ရုပ်ကိုကြည့်လိုက်ရင် ဒါ ကောင်းတဲ့ဟာမဟုတ်မှန်း မင်းလည်း သိတယ်။ ချန်ယွီက တကယ်ကိုအဝေးကြီးကိုကြည့်နေတာပဲ။ [cursor]"

"မင်း လက်ထပ်ရင် အရမ်းရုပ်ဆိုးတာမရှာလို့မရဘူးလား ? သူတို့က ရုပ်မဆိုးဘူး အပြစ်တင်ရကြိုက်ရုံပဲ။ [အော့အန်]"

"ချန်ယွီလိုဇနီးကောင်း‌ကိုများ ကလေးသုံးယောက်လည်း မွှေးပေးထားသေးတယ်၊ ချန်ယွီလောက်လည်းမလှဘူး၊ ကောင်းဝမ်ကျွယ်က အမြင်မရှိဘူးပဲ [မထီမဲ့မြင်ပြုခြင်း]"

......

ချန်ယွီ ထိုနေရာတွင်ရှိနေကြောင်း သတင်းထောက်များ မကြာခင်မှာသိခဲ့ကြပြီး ရလဒ်အနေနဲ့ သူတို့သတင်းကြားပြီး မဝင်နိုင်မှန်းသိတဲ့အတွက်စောင့်ဆိုင်းခဲ့ကြသည်။ ဒါရိုက်တာကျိုး ဇာတ်ကားရိုက်တဲ့အခါ ဖြတ်ဝင်လာတဲ့လူတွေကို ဒါမှမဟုတ် ဆူညံတာကိုမုန်းသည်။ သူနှင့် သရုပ်ဆောင်များ၏ ဆွေးနွေးပြောဆိုချိန် စက်သံများကိုမကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သော လေထုကိုနှစ်သက်သည်။

ထို့ကြောင့် ဝန်ထမ်းများသည် မည်သူ့ကိုမျှမပိတ်စေဘဲ အလွန်တင်းကျပ်သည်ကို ထုံးစံအတိုင်းမြင်တွေ့ရပြီး ပျင်းရိသူများကို စတူဒီယိုအပြင်ဘက်တွင် ပိတ်ဆို့ထား သည်။ သတင်းထောက်များသည် ဒါရိုက်တာကျိုး၏ စိတ်နေစိတ်ထားကို အနည်းနှင့်အများ သတိပြုမိသော် လည်း ဒါရိုက်တာကျိုးသည်ဒေါသအလွန်ကြီးသောကြောင့် လူတိုင်းက ပထမဆုံးငှက်ဖြစ်မည်ကိုကြောက်ကြသည်။ စိတ်ထဲ မီးကဲ့သို့ပူနေသော်လည်း အပြင်ဘက်တွင်မှု ငြိမ်သက်စွာစောင့်ဆိုင်းနေရသည်။

နောက်ဆုံးတော့ မနက်ခင်းမှာပင် ရိုက်ကူးမှုပြီးသွားတယ်။

ချန်ယွီ ဇာတ်လမ်းတွဲ ရိုက်ကူးနေသော်လည်း လက် ထောက်ဖြစ်သူမှ အားလပ်ချိန်အရာအားလုံးပြောပြထားပြီးသားပင်။ ဒါကြောင့် ယခု သတင်းထောက်တွေအများကြီးတွေ့ချိန် သူ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ချန်ယွီသည် ထိုသတင်းထောက်များကိုရှောင်ရန်ရွေး ချယ်မည်ဟု ရှန်းချူးချူးထင်ခဲ့သည်။ သို့သော် သူမ ဆန့်ကျင်ဘက်ပြုကာ သတင်းထောက်ဆီသို့တည့်တည့်သွားခဲ့သည်။

"ရှင်တို့ မေးစရာရှိရင်မြန်မြန်မေး၊ ဒီကို နေ့ခင်းဘက်မလာကြနဲ့။ ဒါရိုက်တာကျိုးကွေ့ရဲ့ ဒေါသကိုအနည်းအ များတော့ လူတိုင်းသိထားကြမှာပါ၊ ရှင်တို့ လူအရမ်းများရင် ဒါရိုက်တာကျိုးကို စိတ်ကျေမနပ်ဖြစ်အောင်လုပ်မိကြလိမ့်မယ်။"

ချန်ယွီ ပြောသောစကားများကို သတင်းထောက်များက ဂရုမစိုက်ဘဲ အွန်လိုင်းသတင်းကိုသာ စိုးရိမ်နေကြသည်။

"ချန်ယွီ မင်းရဲ့ခင်ပွန်းကောင်းဝမ်ကျွယ်က ရုပ်ရှင်ကျောင်းက Junior ချင်ချင်နဲ့တွဲနေတယ် ဒီကိစ္စကို မင်းဘယ်လိုထင်လဲ ?"

တစ်ချိန်တည်းမှာပင် အခြားပြဿနာများရှိနေသည့် သတင်းထောက်များကိုမူ ယခုအချိန်တွင်မမေးမြန်းခဲ့ကြပေ။ ဒီအချိန်မှာ သတင်းထောက် တစ်ဒါဇင်လောက်စု ဝေးနေသော်လည်း အားလုံးတိတ်ဆိတ်ကာ ချန်ယွီ၏ အဖြေကိုစောင့်နေခဲ့ကြသည်။

ချန်ယွီ၏မျက်နှာထက် မထီမဲ့မြင်ပြုသောအပြုံးတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ သူက မေးခွန်းမေးတဲ့ သတင်းထောက်ကိုကြည့်ပြီး "သူက ကျမ ခင်ပွန်းမဟုတ် တော့ဘူး၊ ကျမရဲ့ ခင်ပွန်းဟောင်းပါ၊ ကျေးဇူးတင်ပါတယ်"

ဤဝါကျသည် ပေါက်ကွဲထွက်ပြီး မရေမတွက်နိုင်အောင် ပျံ့နှံ့သွားသည်။ သတင်းလာယူသည့် သတင်းထောက်တင်မက ထိုနေရာရှိ ဝန်ထမ်းများပင်သိချင်နေကြသည်။

ဆူညံသံများရောထွေးနေရာမှ တစ်စုံတစ်ယောက်က

"ချန်ယွီ မင်း ဘယ်အချိန်က ကွာရှင်းလိုက်တာလဲ ?" ဟုမေးလာသည်။

"သိပ်မကြာသေးပါဘူး၊ လွန်ခဲ့တဲ့ တစ်လ၊ နှစ်လလောက်ကပါ"

အဲဒီနောက် တစ်စုံတစ်ယောက်က "ဘာကြောင့် ကွာရှင်းရတာလဲ ? ကောင်းဝမ်ကျွယ်လမ်းချော်သွားလို့လား ?"

ချန်ယွီသည် စက္ကန့်အနည်းငယ်မျှတုံ့ဆိုင်းသွားကာ သူ့ပါးပြင်များ အနည်းငယ်လှုပ်ရှားသွားပြီး "ဒီမေးခွန်းအတွက် အဖြေမရှိဘူး" ဟု ဗလာသက်သက်အကြည့်ဖြင့် ပြောလိုက်သည်။

ထို့နောက် လက်ထောက်ကိုလှမ်းကြည့်လိုက်သည်။

လက်ထောက်က ချက်ချင်းဆိုသလို "ကဲကဲ၊ ဒီနေ့ အင် တာဗျူးက ဒီလောက်ပါပဲ၊ ပြောသင့်တာကို ငါတို့ပြောပြီးပြီ၊ ရုပ်ရှင်ကျောင်းက Junior ကိစ္စက ငါတို့ချန်ယွီနဲ့မဆိုင်ဘူး၊ အဓိကလူဆီ သွားသင့်တယ်၊ ကျေးဇူးတင်ပါတယ်"

သတင်းထောက်များသည် ချန်ယွီ အရှိန်အဟုန်နှင့် ဝေး ကွာသွားသည်ကိုစောင့်ကြည့်နေကြသည်။ ချန်ယွီ အင် တာဗျူးမဖြေတော့ကြောင်း သိသော်လည်း ချက်ချင်းမထွက်ခွာခဲ့ကြပေ။ အခုရရှိထားတဲ့သတင်းကြောင့် လူတိုင်း အံ့အားသင့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ခဏကြည့်ကာ Barabara ထက် စတင်စူးစမ်းလိုက်ကြသည်။

စတူဒီယိုကနေထွက်လာချိန် သတင်းထောက်တိုင်းထံ မူကြမ်းရှိပြီးသားပင်။

ရှန်းချူးချူး ဘေးတွင်ရှိသဖြင့် ချန်ယွီ၏သဘောထားကို အလွန်သဘောကျသည်။ သူမသည် ယခင်စကားများကို ပြန်ပြင်ချင်သည်။ ချန်ယွီသည် ပြည်သူ့အိမ်ထောင်ရှင်မနှင့်အလွန်ဆင်တူသည်ဟု အမြဲတွေးခဲ့သည်။ ဒီအတွေးက မှားနေခဲ့သည်။

ချန်ယွီသည် အန်းရူနဲ့တူသော်လည်း အိမ်ထောင်ရေးကို စိတ်မဝင်စားချေ။ သို့သော်လည်း ချန်ယွီ၏အိမ်ထောင် ရေးအပေါ် သဘောထားသည် အန်းရူနှင့်မတူပါ။ ဒီလိုအချစ်မျိုးက အရင်ကလိုသတိထားပြီးနောက် ထပ်ကွဲသွားမည်ကိုကြောက်သည်။ ချန်ယွီသည် ပေါင်းသင်းဆက်ဆံရေးတိုင်းအတွက် စိတ်အားထက်သန်မှုအပြည့်၊ တောင့်တမှုအပြည့်နှင့် လုံးဝကွဲပြားခြားနားသော စိတ် သဘောထားရှိသည်။

ချန်ယွီနှင့် လက်ထောက်တို့နီးကပ်လာသောအခါ လက် ထောက်က ချန်ယွီအားတီးတိုးတီးတိုးပြောသံ ကြားလိုက်ရသည်- "ယွီကျဲ၊ စောနက ပြောလိုက်တာနဲ့ပတ်သက်ပြီးပြဿနာတစ်ခုခုရှိမယ်ထင်လား ? သတင်းထောက်တွေ သတင်းပြန်ပြီးရေးကြမလားမသိဘူး ?"

ချန်ယွီက လက်ထောက်လေးကို တစ်ချက်ကြည့်လိုက်ပြီး "ငါ မပြောဘူးလား၊ ဒါက သူတို့ရဲ့အလုပ်ပဲလေ၊ ဘာစည်းမှမကျော်ပဲ ရေးတာအကောင်းဆုံးပဲ၊ ဘယ်သူကမှ ဘာမှမပြောနိုင်တော့ဘူးပေါ့။ သူတို့ဘာလုပ်လုပ် ကိုယ်က ကိုယ့်အလုပ်ကိုယ်‌လုပ်နေလိုက်"

လက်ထောက်ကလေး ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြပြီး "ကောင်းပါပြီ Ok"

ရှန်းချူးချူး ချန်ယွီကိုပြုံးပြကာ ချန်ယွီ အဝေးထွက်သွားသည်ကိုလှမ်းကြည့်ရင်း၊ အင်တာနက်ထက် ချန်ယွီ ၏အကဲဖြတ်မှုတွေ အရမ်းလွန်ကဲနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ထို့ပြင် သူမအမြင်အရ ချန်ယွီသည် အလွန်ချစ်စရာကောင်းသည်။

အဘယ်ကြောင့်ဆိုသော် ချန်ယွီ၏အိမ်ထောင်ရေးစနစ်ကို သူမမြင်ပြီးဖြစ်သည်။ ပထမအိမ်ထောင်တွင် ကောင်းဝမ်ကျွယ်နှင့်ကွာရှင်းရခြင်းအကြောင်းရင်းမှာ ကောင်း ဝမ်ကျွယ်လမ်းချော်သွားခြင်းကြောင့်ဖြစ်သည်။ ချန်ယွီသည် မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို မသိခဲ့ သော်လည်း သတင်းထောက်များအားထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

သို့သော်လည်း လက်ထောက်အတွေးမှာ မှန်ကန်နေဆဲပင်။ လက်ထောက်ငယ်လေးသည် ချန်ယွီနားရှိနေသည်မှာ ကြာခဲ့ပြီဟုဆိုရပေမည်။

#ချန်ယွီ သူမ ကောင်းဝမ်ကျွယ်နှင့် လွန်ခဲ့သောနှစ်လက ခန့်က ကွာရှင်းပြတ်စဲခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့#

#ရှက်စရာပဲ! ခင်ပွန်းဟောင်းသည် ချန်ယွအားလှည့်စားခဲ့ကြောင်းဖော်ပြခဲ့ပြီး ကွာရှင်းရခြင်းအကြောင်းရင်းမှာ ကောင်းဝမ်ကျွယ်လမ်းချော်ခြင်း‌ကြောင့်ပင်#

#ထိတ်လန့်စရာပဲ ! ကောင်းဝမ်ကျွယ်လမ်းချော်သွားတယ်၊ ချန်ယွီ စိတ်ရင်းဖြင့် သူနှင့်ကွာရှင်းခဲ့#

......

ရှန်းချူးချူ သတင်းထောက်များပြုစုထားသည့် အရာများကိုကြည့်ရှုလိုက်သည်။ သေချာပြုစုထားသော် လည်း ချန်ယွီ ဒါကိုထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသည်ကို သူမ သတိရနေခဲ့သည်။

ဒီပွဲသည်အင်တာနက်ထက် အလွန်ရေပန်းစားပြီး လူတိုင်းက ဖရဲ့စေ့စားနေကြသည်။ ချန်ယွီအား မကောင်းတဲ့ကောင်နှင့် ကွာရှင်းခြ့သည့်အပေါ် ဘဝအသစ်ကိုဂုဏ်ပြုခြင်း၊ ကောင်းဝမ်ကျွယ်အား ဖျော်ဖြေရေး အသိုင်း အဝိုင်းမှနှင်ထုတ်ရန်ခေါင်းစဉ်ကို အွန်လိုင်းထက် လူအများကဖြီးဖြန်းပြောဆိုနေဆဲဖြစ်သည်။

#ကောင်းဝမ်ကျွယ်ဖျော်ဖြေရေးနယ်ပယ်မှနှုတ်ထွက် ##လူယုတ်မာ အသတ်ခံရမယ်

#သားရဲသည် အမျိုးသမီးကျောင်းသားတစ်ဦးနှင့်အတူအိပ်

ယခုတစ်ကြိမ်တွင်၊ ကောင်းဝမ်ကျွယ်၏ဂုဏ်သတင်းမှာ လုံးဝပုပ်သိုးနေသည်။

မမျှော်လင့်ဘဲ၊ ရက်အနည်းငယ်အတွင်း ထိုအရာများ ပြီးသွားခဲ့သည်။

ချန်ကျီယွီ လွန်ခဲ့သည့်လအနည်းငယ်ခန့်က ထုတ်လုပ် သူနှင့်အတူရှိခဲ့သည့် ဓာတ်ပုံ၊ ဗီဒီယိုအားအင်တာနက်ပေါ်သို့အတင်ခံလိုက်ရရာ ယခုတစ်ခေါက် အင်တာနက်တခွင် ရုတ်ရုတ်သဲသဲဖြစ်သွားရပြန်သည်။

All Chapters