← Chapters

အခန်း (၉၁)

Vol. 10 Ch. 91

အခန်း (၉၁)

Vol. 10 Ch. 91

ကုမ္ပဏီမှပြန်လာပြီးနောက်၊ ထမင်းစားချိန်အပြင် ရှန်းချူးချူး ဇာတ်ညွှန်းကိုသာကြည့်ရှုခဲ့သည်။

ဤဇာတ်ကားသည် အချစ်ရေးနှင့်အိမ်ထောင်ရေးအ တွက်မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မိန်းကလေးတစ်ဦးအကြောင်းဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတစ်ခုပြီးနောက် သူမ တစ်သက်လုံးတစ်ယောက်တည်းနေရန်ဆုံးဖြတ်ခဲ့သည်။

ဇာတ်ညွှန်းက အရမ်းကောင်းတယ်၊ ဇာတ်ညွှန်းတွင် အချစ်ရေး၌ ရှုံးနိမ့်မှု (၃) ကြိမ်ကြုံဖူးသော်လည်း ဇာတ် လမ်းက လူတွေကိုသွေးမဆောင်ဘဲ ဖတ်ပြီးဟည်နှင့် ဝမ်းနည်းသလိုခံစားရသည်။

အချစ်ဆိုတာ နင် ငါ့ကိုချစ်တယ် ငါ နင့်ကိုချစ်တယ် ဆိုပြီး ရိုးရှင်းသည့်အရာတစ်ခုဖြစ်နိုင်သည်။ သို့သော် အိမ် ထောင်ရေးအဆင်မပြေသရွေ ဒုက္ခမျိုးစုံကိုရင်ဆိုင်ရလိမ့်မည်။ အိမ်ထောင်ရေးတွင် အထပ်ထပ်အခါခါ ရှေ့တိုး နောက်ဆုတ်ပြုရသည်။

ဇာတ်လမ်းသည် အားနည်းပုံရသော်လည်း ဖတ်ပြီးနောက် လူများအား တွေးခေါ်မိလာစေနိုင်‌သည်။

ဟန်ရှင်းယန် ကုမ္ပဏီမှ ပြန်ရောက်ချိန်တွင် ယခုလိုမြင် ကွင်းမျိုးကိုမြင်လိုက်ရသည်။

ရှန်းချူးချူးသည် လက်ထဲဇာတ်ညွှန်းတစ်ခုကိုင်ကာ ဆိုဖာပေါ် တစ်ယောက်တည်းထိုင်နေခဲ့သည်။ မျက်နှာကျက်ကိုကြည့်ကာ ဘာတွေတွေးနေမှန်းမသိပေ။ ဟန်ရှင်းယန် အထီးကျန်သလိုခံစားလိုက်ရသည်။

ဟန်ရှင်းယန် သူ့လက်ထဲမှာရှိတဲ့အရာတွေကို ချလိုက်ပြီး လမ်းလျှောက်လာကာ ချူးချူးကိုသိမ်းကြုံးဖက်လိုက်သည်။ သူ့ခေါင်းထိပ်ကိုနမ်းလိုက်ပြီး "မင်း ဘာတွေတွေးနေတာလဲ ?"

ရှန်းချူးချူး ဟန်ရှင်းယန်ရဲ့ပခုံးကိုမှီကာ "ကျမ ဘာမှမတွေးပါဘူး၊ ဇာတ်ညွှန်းကိုကြည့်ရုံနဲ့တင် ကျမစိတ်ထဲ လေးလံနေတာ"

"Oh ? ဘယ်လို ဇာတ်ညွှန်းမျိုးလဲ၊ ကိုယ်နဲ့ ဆွေးနွေးချင်လား။"

ဟန်ရှင်းယန်က ရှန်းချူးချူး၏ဆံပင်များကိုသပ်ကာ ပြောလိုက်သည်။ အခု သူအကြိုက်ဆုံးအရာက ဆံပင်တွေထဲလက်ချောင် လျှိုဝင်ကာရင်းနှီးတဲ့ရနံ့ခံလိုက်ခြင်းက သူ့အတွက်သက်တောင့်သက်သာဖြစ်စေမည့် အရ သာပင်။

"ခဏခဏ အချစ်အကြောင်းပြောတတ်တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပဲ၊ ချစ်မိတိုင်း လက်ထပ်ဖို့လုပ်ခဲ့တယ်။ ရလဒ်ကတော့ မင်္ဂလာဆောင်တဲ့ခန်းမထဲရောက်တိုင်း မအောင်မြင်ခဲ့ဘူး။ နောက်ဆုံးတော့ ဒီမိန်းကလေးတစ်သက်လုံး တစ်ယောက်တည်းနေသွားတော့မှာ"

ဟန်ရှင်းယန် ရှန်းချူးချူး၏ဆံပင်ကိုထိလိုက်ပြီး

"အချစ်ပဲလား၊ လက်မထပ်တော့ဘူးပေါ့ ?"

"အဲ့လို ပြောလို့မရဘူး၊ အစက သူ အိမ်ထောင်ပြုချင်ပေမယ့်၊ သူ့အတွင်းစိတ်က မျှော်မှန်းချက်တွေကိုမပြည့်မီတဲ့အခါတိုင်း သူ တဖြည်းဖြည်းနဲ့ စွန့်လွှတ်ခဲ့တာ"

ဟန်ရှင်းယန် တိတ်တဆိတ်ခေါင်းညိတ်ပြပြီးတွေးတောကြည့်သည်။

"တကယ်တော့ ဒီဇာတ်ညွှန်းကိုဖတ်ပြီးရင် မိန်းကလေးရဲ့ အချစ်နဲ့ မှောင်မိုက်တဲ့အိမ်ထောင်ရေးကို ကြောက်ရွံ့တဲ့ မိန်းကလေးရဲ့တောင့်တမှုကိုခံစားလို့ရတယ်။ ဒါကြောင့် ဒီမိန်းကလေး ဘာကြောင့် ဒီလိုရွေးချယ်မှုမျိုးကို အဆုံး စွန်အထိရွေးချယ်ခဲ့လဲဆိုတာ နားလည်နိုင်လိမ့်မယ်"

ဒါကို နားထောင်ပြီးနောက် ဟန်ရှင်းယန် မျက်မှောင် ကြုတ်ကာ ရှန်းချူးချူးကိုဘေးတိုက်ကြည့်ပြီး

"ဒီဇာတ်ညွှန်းကို ရိုက်မလို့လား ?"

"ကျမ အရမ်းရိုက်ချင်တယ်။ ဒီလို ရသဇာတ်ကားမျိုး ရိုင်ကြည့်ချင်တယ်၊ ပထမတန်း အမျိုးသမီးသရုပ် ဆောင်တော်တော်များများ audition ဖိတ်စာတွေလက်ခံရတယ်လို့ကြားတယ်။ သူ့ဆီက audition ဖိတ်စာရလို့ အရမ်းပျော်တယ်။"

ဟန်ရှင်းယန် ခေါင်းညိတ်ပြီး သူတစ်ခါမှမပြောဖူးတဲ့ အရာကိုပြောခဲ့သည်- "အမှန်အတိုင်းပြောရရင် မင်းကို မရိုက်စေချင်ဘူး"

ရှန်းချူးချူး စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်။

"ဘာလို့လဲ"

ဟန်ရှင်းယန် ရှန်းချူးချူး၏လက်ကိုထိလိုက်ပြီး "မင်းကို မနာကျင်စေချင်ဘူး"

ရှန်းချူးချူးသည် ထိုစကားကိုနားထောင်ပြီး ဟန်ရှင်းယန်၏လည်ပင်းကိုကြည့်ကာ သူ့ပါးကိုနမ်းလိုက်သည်။

"ရွေးလို့မရတဲ့အတွင် ရှင် စိတ်ချလို့ရတယ်။ ကျမ ဇာတ် ညွှန်းကိုနားလည်သလောက်ဆို ဒါရိုက်တာက အသက် 30 နဲ့ 40 ကြားရှိတဲ့ အမျိုးသမီးသရုပ်ဆောင်တွေကို ရွေးလိမ့်မယ်။ ကျမ အတွေ့အကြုံနဲ့ အိမ်ထောင်ရေးအပိုင်း ဇာတ်ညွှန်းကို သရုပ်မဆောင်နိုင်ဘူး။"

ဟန်ရှင်းယန် ရှန်းချူးချူး၏နှုတ်ခမ်းကိုနမ်းလိုက်ပြီး

"အဲ့လိုဆို ကောင်းပြီ"

ညနေပိုင်းတွင် ရှန်းချူးချူးသည် ဇာတ်ညွှန်းကိုခဏတာကြည့်ရှုခဲ့သည်။ အိပ်ရာဝင်ပြီးနောက် အိပ်ရာထဲထိ ဇာတ်ညွှန်းဖတ်ကာ ဆက်လက်လေ့လာလိုသဖြင့် ဟန်ရှင်းယန်က

"ချူးချူး၊ ဆယ့်တစ်ထိုးနေပြီ၊ မင်း အိပ်လို့ရပြီ၊ နောက် ကျမှ အိပ်တာမကောင်းဘူး"

ရှန်းချူးချူး၏ခေါင်းသည် ဇာတ်ညွှန်းကိုစိုက်ကြည့်လွန်းနေသည်။

"ရပါတယ်၊ မနက်ဖြန် ကုမ္ပဏီ သွားစရာမလိုဘူး၊ ခဏလောက် အိပ်ရာထနောက်ကျလို့ရတယ်"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ဇာတ်ညွှန်းစာအုပ်ကို ဖယ်ထုတ်လိုက်သည်။

"မနက်ဖြန် စောစောထပြီးမှ ကြည့်ချင်ကြည့်၊ အခုမကြည့်ရဘူး နောက်ကျနေပြီ၊ နောက်ကျမှအိပ်တာ ခန္ဓာ ကိုယ်အတွက်မကောင်းဘူး။"

ရှန်းချူးချူးသည် ဟန်ရှင်းယန်ကိုအလေးထားကာစဉ်း စားတွေးခေါ်တတ်ပြီး ဥာဏ်ကောင်းသူအဖြစ်မြင်သည်။ စောစောထတာလည်း အတူတူပင်။ ထို့ကြောင့် သူ့အမြင်ကို ပြုံးပြုံးလေးလက်ခံလိုက်သည်။

မထင်မှတ်ပဲ မီးပိတ်ပြီးလှဲအိပ်လိုက်ချိန် နံဘေးနားကလူမူမမှန်တော့သည်ကိုတွေ့လိုက်ရပြီး သူ့ခန္ဓာကိုယ်အောက်ကို အမြန်ပြန်လှည့်ကာဖိလာသည်။ ရှန်းချူးချူးအား ဆန္ဒပြချင်ရုံသာဖြစ်ပြီး သူ့နှုတ်ခမ်းများကိုပိတ်ဆို့ထား သည်။ အောက်ဆီဂျင်ပြတ်တောက်ပြီး မူးမေ့လဲသွားမတတ်ဖြစ်သဖြင့် သူမ မေးချင်သည့်ကိစ္စအားမေ့သွားခဲ့သည်။

နောက်တစ်နေ့ နံနက် ၈ နာရီတွင် ရှန်းချူးချူး အိပ်ရာက နိုးလာသောအခါ ဟန်ရှင်းယန် ကုမ္ပဏီသို့မသွားဘဲ သူမကဲ့သို့ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကိုတွေ့လိုက်ရသည်။

သူမ နိုးလာပြီးနောက် ဟန်ရှင်းယန် နဖူးကိုနမ်းကာ ပြုံးပြီး "ချူးချူး၊ ကုမ္ပဏီ အတူတူသွားမလား ?"

ရှန်းချူးချူးသည် သူမ ကျောကုန်းနာကျင်နေဆဲဖြစ်သဖြင့် အပြင်မထွက်ချင်ဟုခံစားရသည်။ အိမ်မှာသာ ဇာတ်ညွှန်းကြည့်ချင်သည်။

"ကိုယ့် ရုံးခန်းမှာ အိပ်ရာရှိတယ်။ ဇာတ်ညွှန်းလည်းဖတ်လို့ရတယ် ကိုယ်နဲ့လည်း စကားပြောလို့ရတယ်။"

ရှန်းချူးချူး သူ့စကားကိုနားမထောင်ချင်သော်လည်း ရုတ်တရက် သူမသည် ထိုအရာကိုတွေးပြီးနောက် ချက် ချင်းဆိုသလို စိတ်ပြောင်းသွားသည်။

"ဒါဆို ရှင် ဒီညဘာမှမလုပ်ရဘူး ကျမ ခါးနာနေတယ်"

ဟန်ရှင်းယန် ထိုစကားကြားပြီးနောက်တွင် မျက်နှာအ နည်းငယ်နီသွားပြီး၊ "ကောင်းပြီ" ဟု ဝန်လေးစွာဖြေလာသည်။

ထိုစကားကိုနားထောင်ပြီးနောက် ရှန်းချူးချူး ဟန်ရှင်းယန်၏လည်ပင်းကိုစိုက်ကြည့်ကာ တောက်ပသော အပြုံးဖြင့် "ရှင် ကျမကို ဖက်ထားပေးလေ"

ထိုတောင်းဆိုမှုအတွက် ဟန်ရှင်းယန်ထံ ဖက်ပေးချငိစိတ်အပြည့်ရှိသည်။

ကံကောင်းထောက်မစွာ၊ လူနှစ်ယောက်က မြန်မြန်ဆန်ဆန်ပြင်ဆင်လိုက်ရာ ကုမ္ပဏီသို့ရောက်ချိန် ကိုးနာရီခန့်သာရှိသေးသည်။ သို့သော် ရှန်းချူးချူးနှင့်ဟန်ရှင်းယန်တို့ ကုမ္ပဏီသို့ရောက်ရှိလာပြီးကတည်းက အတွင်းရေးမှုးဝမ်၏မျက်လုံးများသည် ၎င်းတို့နှစ်ဦးကိုသာစိုက်ကြည့်နေခဲ့သည်။

ဟန်ရှင်းယန် ဘာမှသတိမထားမိသော်လည်း ရှန်းချူးချူးသည် သူမ ရှက်ရွံ့သဖြင့် အတွင်းရေးမှုးဝမ်အား စေ့စေ့မကြည့်ရဲချေ။

ရုံးသို့ရောက်ပြီးနောက် ရှန်းချူးချူးသည် ဇာတ်ညွှန်းဖတ်ရန်အထဲသို့ဝင်သွားပြီး ဟန်ရှင်းယန်မှုမူ အပြင်ဘက်တွင်အလုပ်လုပ်နေခဲ့သည်။ အနားယူချိန်ဆိုပါက ဟန်ရှင်းယန် အထဲသို့လိုက်ဝင်သွားသည်။

'ငါ ငါ့ရည်းစားနဲ့ ရင်းနှီးချင်ရုံပဲ' ရလဒ်အနေနှင့် ရှန်းချူးချူးက "ရှင် ကျမကို ကူညီဦး၊ ကျမ ဒီနေရာမှာလည်နေတာတော်တော်ကြာပြီ"

ဟန်ရှင်းယန် ရှန်းချူးချူးလက်ထဲမှဇာတ်ညွှန်းကိုကြည့်ကာ "ဘယ်နားလဲ ?"

ရှန်းချူးချူး တစ်နေရာရာကို ညွှန်ပြပြီး "ဒီနား နည်းနည်းနားမလည်ဘူး။ ယောက်ျားတစ်ယောက်က ဘယ်လိုအ ခြေအနေမျိုးမှာ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေရှိတာလဲ။ သူ့မှာ ဘာကြောင့် ဒီလို စိတ်ပိုင်းဆိုင်ရာလှုပ်ရှား မှုတွေ ရှိနေတာလဲ ? သူ့အမေစကားနားထောင်ပြီး လမ်းခွဲလိုက်တယ် ဆိုတော့ သူက အဲ့အမျိုးသမီးကို မချစ်ဘူးလား။ ဒါပေမဲ့ ဖော်ပြထားတာအရဆို သူ အဲ့အမျိုးသမီးကိုသဘောကျနေတုန်းပါ။"

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏သံသယများကိုနား ထောင်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ရှင် ဘယ်လိုထင်လဲ၊ သူ သူ့ မိန်းမကိုကြိုက်တယ်ထင်လား ?"

ရှန်းချူးချူးသည် ဟန်ရှင်းယန်ကို မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်လိုက်သည်။

ဟန်ရှင်းယန်သည် သူ့ချစ်သူ၏စောင့်မျှော်နေသော မျက် လုံးများကိုကြည့်ကာ နှုတ်ခမ်းကိုနမ်းလိုက်သည်။ ပြီးနောက် "မသေချာဘူး"

"အိုခေ ? ရှင်တို့ အားလုံး ယောက်ျားတွေပဲလေ၊ ရှင် နားမလည်ဘူးလား၊ ဇာတ်ညွှန်းရေးတဲ့သူက တကယ်တော့ မိန်းကလေးမဟုတ်လား၊ သူ ယောက်ျားလေးတွေရဲ့စိတ်ကို နားမလည်ဘူးလား ? ဒါ မမှန်ဘူး၊ ဒါရိုက်တာကျိုးရဲ့ ဇာတ်ညွှန်းက ဒီလိုအပေါက်ကြီးရှိမှာမဟုတ်ဘူး။"

ရှန်းချူးချူး မျက်မှောင်ကြုတ်ကာ "ဘဝရဲ့အသေးအဖွဲကိစ္စတွေပဲ ချောချောမောမောရှိနိုင်တာလေ၊ စိတ်မကျေ နပ်စရာဖြစ်စရာတွေ အများကြီးစုပုံလာရော၊ အဲ့တာတွေအကုန်စုပြုံပြီး သူ ပြောင်းလဲဖို့ အစွမ်းအစမရှိတော့တဲ့အချိန်မှ လမ်းခွဲလိုက်ရုံပဲ။"

ဟန်ရှင်းယန် ဇာတ်ညွှန်းကိုစိုက်ကြည့်ရင်း " ... ...ဒီစာ ကြောင်းက ကုလားအုတ်ကို နှိပ်စက်တဲ့ကောက်ရိုးလိုပဲ၊ သူ့အတွက်လည်း ခက်ခက်ခဲခဲဆုံးဖြတ်ချက်ခဲ့ရမှာပဲ..."

ရှန်းချူးချူးသည် ထိုစကားကိုနားထောင်ပြီးနောက် ခဏတာ ရှားရှားပါးပါးတိတ်ဆိတ်သွားပြီး ဟန်ရှင်းယန်အား ကြည့်ကာ "ရှင်သာ အဲ့လူဆိုရင် အဲ့လိုပဲ လုပ်မှာလား ?"

ဟန်ရှင်းယန် ရှန်းချူးချူးကိုပြုံးကာ သူ့ဆံပင်တွေကိုတို့ထိလိုက်ပြီး "ကိုယ် မလုပ်ဘူး၊ ကိုယ် ပြောင်းလဲနိုင်လို့ပဲ၊ ပြီးတော့ ကိုယ့်အမေက အဲ့လိုလူ မဟုတ်ဘူး၊ ချူးချူး ဘာမှ စိတ်မပူနဲ့၊ နောင်ကျ ကိုယ်တို့ ဒီလိုအဖြစ်မျိုးမကြုံ စေရဘူး"

ရှန်းချူးချူးမျက်နှာသည် ရုတ်တရက်နီရဲလာပြီး စကား များထစ်ကာ "ရှင့်ကို ဘယ်သူက လက်ထပ်ချင်တယ်လို့ ပြောလဲ... ရှင် စိတ်ကူးယှဉ်တာများသွားပြီ၊ သွား အလုပ်သွားလုပ်တော့"

ဟန်ရှင်းယန်သည် ရှန်းချူးချူးရှက်ရွံ့နေပုံကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ငုံ့ကာနမ်းရှိုက်လိုက်ပြီး အလုပ်ဆက်လုပ်ရန် ထွက်သွားလိုက်သည်။

နေ့ခင်းဘက်တွင် ရှန်းချူးချူးနှင့် ဟန်ရှင်းယန်တို့သည် စားသောက်ဆိုင်၌ ကျန်းထန့်အားထပ်မံတွေ့လိုက်ရသည်။ ဒီတစ်ခါတော့ သူတစ်ယောက်တည်းစားနေရသဖြင့် အခြေအနေပိုဆိုးလာပုံပင်။

"ပြောင်ကော ကျနော် ဘာလုပ်ရမလဲ ? မား ကုမ္ပဏီထိ ‌လိုက်လာမှာ ကြောက်တယ်"

ဟန်ရှင်းယန် ကျန်းထန့်၏ပုံသဏ္ဍာန်ကိုကြည့်ပြီး "အန်တီက အဲ့လိုလူမဟုတ်ဘူး၊ အေး သူ အဲ့လိုမျိုးတကယ်လုပ်ပြီဆိုရင် မင်း သူ စိတ်ဆိုးအောင် တစ်ခုခုလုပ်ထားလို့ပဲ"

ကျန်းထန့် သူ့နှလုံးသားကို ဓားနဲ့အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။

"ကျနော်... ကျနော် ဘာမှမလုပ်ဘူး၊ ဒါပေမယ့်မားကြောင့် ဒီရက်ထဲ ရှင်းမုန့်နဲ့လက်ထပ်မှတ်ပုံသွားတင်မလို့"

ရှန်းချူးချူးကြားချိန် ဇွန်း ဟင်းရည်ပန်းကန်ထဲပြုတ်ကျသွားသည်။ သို့သော် ရှန်းချူးချူးဂရုမစိုက်ပေ။

သူ့မျက်စိရှေ့က လူကိုကြည့်လိုက်ပြီး "ဒီရက်ထဲ မင်း လက်ထပ်တော့မှာလား ?"

ကျန်းထန့်က နာကျင်စွာခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ကျနော် အိမ်ထောင်မပြုဘဲ ဘာလုပ်ရမှာလဲ ? ရှင်းမုန့်တို့အိမ်ဘက်က သုံးလအတွင်းလက်ထပ်ရမယ်တဲ့ အဲ့လိုမှမဟုတ်ရင် ကလေးအတွက်အဆင်မပြေနိုင်ဘူးဆိုပြီးပြောလာတယ်"

ရှန်းချူးချူး: ...ရင်ရှင်းမုန့်ရဲ့ကလေးက သုံးလလောက်ရှိပြီလေ စိုးရိမ်စရာမလိုတော့ဘူးမှတ်လား ??

ရှန်းချူးချူး ကျန်းထန့်အား မည်သို့နှစ်သိမ့်ရမည်ကို တွေးနေမိသည်။ စားပွဲအောက်မှ ဟန်ရှင်းယန်လက်အား ညင်သာစွာတို့လိုက်သည်။

ရှန်းချူးချူး ကျန်းထန့်အားမျက်စပစ်ပြလိုက်ရာ ဟန်ရှင်းယန်က သူ့လက်ဖဝါးကိုခပ်ဖွဖွလေးဖိလာသည်။

"ကျန်းထန့်၊ မင်း နောက်ထပ် ရက်နည်းနည်းလောက်စောင့်ဦး၊ မင်း တကယ် ရင်ရှင်းမုန့်ကိုလက်ထပ်ချင်ရင် နောက်အပတ်ထဲ ငါ မင်းအတွက် အန်တီ့ကိုကူပြီးစည်းရုံးပေးမယ်။"

ကျန်းထန့် ထိုစကားကြားရလိမ့်မည်ဟု ဘယ်တုန်းကမှမတွေးခဲ့မိသဖြင့် ဟန်ရှင်းယန်အား အံ့သြသည့်အကြည့်နှင့်ကြည့်နေခဲ့သည်။

All Chapters