အခန်း (၉၂)
Vol. 10 Ch. 92
"မင်း အမူအရာကဘာလဲ"
ဟန်ရှင်းယန် မျက်မှောင် ကြုတ်ပြီး သူ့ဝမ်းကွဲကိုကြည့်လိုက်သည်။ ဒီလိုကြားရတာ သူ အရမ်းပျော်နေရမှာမဟုတ်ဘူးလား ?
ကျန်းထန့်ခဏလောက်ကြာပြီး "အိုး၊ မဟုတ်ဘူး၊ ဘာမှမဖြစ်ဘူး။ အဲဒါက ပြောင်ကော ခုလိုရုတ်တရက်သဘော ထားပြောင်းလဲသွားမယ်လို့ မထင်ထားမိလို့ပါ"
က်ျးထန့် သူ့ကိုယ်သူ ဆန်ကုန်မြေလေးဟုတွေးမိသည်။ မိသားစုကကန့်ကွက်ချိန်တွင် သူအတိုက်အခံလုပ်ခဲ့ပြီး ယခု မိသားစုကသဘောတူခဲ့ချိန်တွင် ရှုပ်ထွေးနေခဲ့သည်။
သို့သော် ရှန်းချူးချူးသည် ၎င်းမှ သဲလွန်စများကိုမြင်ပြီး ကျန်းထန့် အိမ်ထောင်မပြုလိုကြောင်းပိုသေချာသွားသည်။
"ကျန်းထန့် နင် အိမ်ထောင်မပြုချင်ဘူးလား" ရှန်းချူးချူးက မေးလိုက်သည်။
ထိုစကားကိုကြားပြီးနောက် ကျန်းထန့်ရှုပ်ထွေးလို့နေ သည်။ သူသည် ယခုနှစ်မှ အသက် 25 နှစ်သာရှိသေးပြီး ဖခင်တစ်ယောက်ဖြစ်ရန်မဆိုနှင့် ခင်ပွန်းသည်ဖြစ်ရန်ပင် အဆင်သင့်မဖြစ်ချေ။ ယခုကဲ့သို့ မိသားစုဘက်မှသဘောတူလာသောအခါ သူ ငြိမ်ငြိမ်မနေထိုင်တော့ပေ။
ဒါ့အပြင် တစ်ဖက်လူက သူမကြိုက်တဲ့လူဖြစ်သည့်အ တွက်ပိုရင်နာရသည်။ သို့သော် ငယ်စဉ်က ရရှိခဲ့သော ပညာရေးကြောင့် တာဝန်မမဲ့ချင်ပေ။
ကျန်းထန့် သက်ပြင်းချလိုက်ပြီး "ကိစ္စတွေက ဒီအဆင့်ထိဖြစ်လာပြီ၊ လက်ထပ်မှရမယ်"
ဟန်ရှင်းယန် ရှန်းချူးချူးကိုကြည့်ပြီး ကျန်းထန့်အား ကြည့်လိုက်သည်။
“ဒါဆို မင်း နောက်ထပ်တစ်ပတ်လောက်တော့ လက်ထပ်ဖို့စောင့်ရဦးမယ်။”
ကျန်းထန့် ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့"
ထမင်းစားပြီးနောက် ရှန်းချူးချူးတို့ ဟန်ရှင်းယန်ရုံးခန်းသို့ပြန်လာခဲ့သည်။ ခဏအကြာ လူနှစ်ယောက်အနားယူလိုက်သည်။
မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရသဖြင့် ရှန်းချူးချူးခေါင်းအုံးအားထိလိုက်သည်နှင့် အိပ်ပျော်လုနီးပါးပင်။ ထိုချိန် အပြင်၌ စကားများရန်ဖြစ်သံကြားလိုက်ရသည်။ အိပ်မက်မက်နေသည်ဟုထင်ခဲ့သော်လည်း ငြင်းခုံမှုတွေမှာပိုရှင်းလင်းလာလေလေပင်။
ရှန်းချူးချူးက မျက်မှောင်ကြုတ်ပြီး သိပ်မစဉ်းစားဘဲ ဖိနပ်စီးကာ တံခါးဖွင့်လိုက်သည်။
ထို့ကြောင့် အခန်းအပြင်ဘက်ရှိလူများ တိတ်ဆိတ်သွားသည်။
သူမအား စိုက်ကြည့်နေသော သို့မဟုတ် ရင်းနှီးသော သို့မဟုတ် မသိသေးသောလူအနည်းငယ်ကို ကြည့်ရင်း ရှန်းချူးချူး ချက်ချင်းတုံ့ပြန်လိုက်ပြီး တံခါးအမြန်ပိတ်လိုက်ရသည်။
မားမားဟန်၏ ပထမဆုံးတုံ့ပြန်မှုက သားဖြစ်သူကိုစိုက် ကြည့်ခြင်းပင်။ "ရှန်းချူးချူး ?"
အံ့သြသင့်စွာဖြင့် မေးလိုက်သည်။ ဒီအချိန်မှာ သူဘာလုပ်နေတယ်ဆိုတာမေ့သွားခဲ့ပြီဖြစ်သည်။ လုံးဝကို အကြီးကြီးပဲ၊ သူ့သားက အချစ်နဲ့တွေ့နေပြီ။
ဟန်ရှင်းယန် ရှားရှားပါးပါးပြုံးလိုက်ပြီး "အင်း၊ မား ကျတော် သူ့ကို မားတို့ဆီ ခေါ်လာဖို့အချိန်မရှိသေးလို့၊ နောက်မှ တွေ့ဖို့ခေါ်လာခဲ့မယ်။"
မားမားဟန်သည် ပါးစပ်ထောင့်ကွေးတတ်လာမှုကိုမ ထိန်းနိုင်ဘဲ သူ့အစ်မအကြောင်း တွေးလိုက်သောအခါ သူမ မျက်နှာကိုအမြန်ပြင်ကာ "အဟမ်း၊ အင်း၊ ရတယ်၊ အလျင်မလိုပါဘူး၊ ရှောင်ထန့်ရဲ့အကြောင်းပဲပြောကြရအောင်။"
လင်းကျားရှန်းက ဒါကို နားထောင်ပြီးတုံ့ပြန်လာသည်။သားဖြစ်သူကိုတစ်ချက်ကြည့်ကာ
"မင်းအမေ မသိအောင်ဖုံးကွယ်ထားတုန်းပဲ။ မင်း ဒီလိုမိန်းမမျိုးနဲ့ လက်ထပ်တော့မယ်ပေါ့။ ငါ့ဆိုတဲ့ အမေက ဘာဖြစ်သွားလဲ"
ကျန်းထန့် သက်ပြင်းတစ်ချက်ချကာ "အမေ၊ အမေမှ ဒီကိစ္စကိုဂရုမစိုက်တာ၊ အမေ့မြေးထွက်လာတာကိုသာ စောင့်လိုက်တော့။"
လင်းကျားရှန်း ထိုစကားကိုကြားသောအခါ ပိုလို့ပင် ဒေါသထွက်သွားသည်။
"မြေး! ငါတို့မိသားစုက ဒီလိုမိန်းမနဲ့ သူ့ကလေးကို ဘယ်တော့မှ အသိအမှတ်ပြုမှာမဟုတ်ဘူး"
"အမေ၊ အဲ့လို မလုပ်ပါနဲ့။ ယောက်ျားတစ်ယောက်အနေနဲ့ တာဝန်သိတတ်ဖို့ အမေပဲ ကျနော့်ကိုသင်ပေးထားတာလေ။ အခု ပြဿနာရှိလာတော့ အမေ့စိတ်ကပြောင်းသွားပြီလား ? ရှင်းမုန့်ကြောင့်လား ? အခုအခြေအနေကမကောင်းဘူးလေ"
လင်းကျားရှန်းသည် သူ၏ တုံးအပြီးမျှော်လင့်ချက်မဲ့ နေသောသား၏လက်ကို ကြိမ်ဖန်များစွာလှုပ်ရမ်းလိုက်သော်လည်း ဘာမှမပြောနိုင်ပေ။ သူ့သင်ကြားမှုက မအောင်မြင်ဘူးဟုခံစားရသည်။ သားဖြစ်သူသည် သင် ကြားပေးမှုကြောင့် အလွန်ကောင်းကာ၊ အလွန်ဖြူစင်သည်ဟု သူမ အမြဲတမ်းခံစားမိသည်၊ ၎င်း ဘာမျှမမှားချေ။ သို့သော် ယခုချိန်မှာ ရိုးလွန်းတာကကောင်းတဲ့အရာတော့မဟုတ်ဘူးဟုထင်ရသည်။
"အမေက မင်းကို ယောက်ျားတစ်ယောက်အနေနဲ့ တာဝန်ယူတတ်အောင်သင်ပေးတယ်၊ ဒါပေမယ့် အမေက မင်းကိုမျက်လုံးဖွင့်ပြီး မင်း ပတ်ဝန်းကျင်က လူတွေကိုဘယ် လိုကြည့်ရမယ်ဆိုတာ မသင်ပေးခဲ့လို့လား ? သန့်ရှင်းတဲ့ မိန်းကလေးကို မင်းရှာတွေ့ခဲ့လို့ ပိုက်ဆံမရှိရင်တောင် သူ့မိသားစုကို ငါ လက်ခံပေးနိုင်တယ်။ ပြဿနာက မင်း အခုရှာလာတဲ့ မိနိးမင အရမ်းရှုပ်ပွေတတ်တဲ့မိန်းမပဲ၊ သူ များတွေ ငါတို့ကိုဘယ်လိုမြင်ကြမလဲ။"
ကျန်းထန့် မျက်မှောင်ကြုတ်ပြီးတိုးတိုးပြောလာသည်။ "အမေ၊ သူက ရှုပ်ပွေတဲ့မိန်းမ မဟုတ်ဘူး"
ဒီစာကြောင်းကို သူ့အမေရဲ့မျက်လုံးတွေကိုကြည့်ပြီးပြောချိန် သူ့ဝါကျထဲ ယုံကြည်ကိုးစားနိုင်မှုမှာ နည်းလွန်းသည်ဟုခံစားရသည်။
"သူက အနည်းဆုံးတော့... အနည်းဆုံးတော့ အဲဒီလို မဟုတ်ဘူး။"
ရှန်းချူးချူး အပြင်ဘက်မှ စကားများရန်ဖြစ်သံကို နားထောင်ရင်း အပ်တစ်ချောင်းဆူးသလို ခံစားလိုက်ရသည်။ အပြင်ထွက်သင့်သည်ဟု ခံစားရသည်။ အပြင်ရှိ လူများသည် ဟန်ရှင်းယန်ထက် ဝါကြီးသူများဖြစ်ပုံရသည်။ သို့သော် အပြင်၌ စကားများရသည့် အကြောင်း အရာကိုနားထောင်ရင်း အပြင်မထွက်သင့်ဘူးဟုခံစားရပြန်သည်။ အပြင်မှာဆွေးနွေးနေကြသည်မှာ မိသားစုကိစ္စဖြစ်ရာ အပြင်ထွက်ပါက ရှက်ရွံ့တာမျိုးဖြစ်နိုင်သည်မဟုတ်ပါလော ?
ထို့ကြောင့် သူမ အပြင်ထွက်ရန် အချိန်အတော်ကြာတုံ့ဆိုင်းနေခဲ့သည်။
ယနေ့ မားမားဟန် သူ့ညီမနဲ့ရောက်လာခဲ့သည်။ မူလက သူ့ညီမကိုစည်းရုံးချင်သော်လည်း သူ့ ညီမတစ်ခုခုပြဿနာရှာမည်စိုးသဖြင့် လိုက်ခဲ့ခြင်းပင်။
ဒီကိုရောက်လာပြီး ငါ့သားရဲ့ အတင်းအဖျင်းကြီးကိုတွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးခဲ့မိဘူး။
သူ့သားရဲ့ဒေါသကြောင့် သူ့သားနဲ့ သူ့ကောင်မလေး ဘယ်အဆင့်ထိရောက်နေကြပြီလဲ တိတ်တဆိတ်တွေးမိသည်။ တော်သေးတယ် ကုမ္ပဏီကိုလိုက်ခဲ့မိလို့၊ ဒီနှစ်ယောက်က ခွဲလို့မရဘူးလား ?
ယခုမှ သားဖြစ်သူ၏ ဧည့်ခန်းကိုသေချာကြည့်မိသည်။ သူ့သား နောက်ဘက်ကိုခဏခဏ လှည့်ကြည့်တာတွေ့မိပေမယ့်လည်း ယခုလို အတင်းအဖျင်းအားသိရလိမ့်မည်ဟုမမျှော်လင့်ခဲ့ပေ။ သူ့သားဖြစ်သူမှာ ရွှေအိမ်ဆောက်နည်းအား သင်ယူနိုင်မည်ဟုမတွေးမိခဲ့ပေ။ ယခုချက် ချင်း သူမ ရှန်းချူးချူးထံသို့ဝင်၍ စကားပြောနိုင်သလို လေထုသည်လည်း မသင့်လျော်သလို၊ သူမရှေ့တွင် ဖြေရှင်းရန်အရေးကြီးသည့် ကိစ္မများရှိနေသောကြောင့် လောလောဆယ် ၎င်းအားဖော်ပြမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ရှန်းချူးချူးသညါ ဧည့်ခန်းထဲသာနေနိုင်ခဲ့ပြီး မပြေးနိုင်ခဲ့ချေ။
ဒါကိုနားလည်အောင်ကြိုးစားပြီးနောက် မားမားဟန်က သူ့ညီမကိုကြည့်ကာ "အငယ်လေး စိတ်ဆိုးမနေပါနဲ့ ထန်ထန်ထန့်က အသိဥာဏ်မဲ့တဲ့ကလေးမဟုတ်ဘူး၊ သူ့ အသက်ပဲ နှစ်ဆယ့်ငါးနှစ်ထဲရှိနေပြီ။ ကိုယ့်အတွေးနဲ့ကိုယ် ဆုံးဖြတ်ချက်ချနိုင်ပါပြီ။ ကလေးနဲ့အေးအေး ဆေးဆေးစကားပြောကြရအောင်။"
ရိုးရိုးသားသားပြောရလျှင် သူမ ရင်ရှင်းမုန့်ကဲ့သို့သော အမျိုးသမီးတစ်ဦးနှင့်လုံးဝသဘောမတူပေ။
ကျန်းထန့် ထိူစကားကိုကြားပြီးနောက်၊ လွတ်ငြိမ်းချမ်း သာခွင့်ရသည့်အတွက် ကျေးဇူးတင်စွာစိုက်ကြည့်လိုက်သည်။
နှစ်စက္ကန့်လောက်ကြာတော့ မားမားဟန်က သူ့အားပြန် ပြောလာသည်။
"ပြီးတော့ မင်းကောပဲ ထန်ထန် မင်းအမေကို စကားကောင်းကောင်းမပြောနိုင်ဘူးလား ? မင်း အခုလို ပြန်ပြောနေတော့ သူများတွေမြင်ရင် မင်း အမေက ဘာဖြစ်သွားမလဲ ? မင်းအတွက် အိမ်တံခါးတကယ်ဖွင့်စေချင်ရင် မင်းချစ်သူရဲ့ကလေးက ဒီနေ့အထိ နေနိုင်လိမ့်မယ်လို့ မင်း ထင်လား ? မင်းအမေကို အရမ်းစိတ်ထိခိုက်စေတယ်။"
ကျန်းထန့် ဒီစကားကိုနားထောင်လိုက်ပြီး အံ့အားသင့်ကာ သူ့အမေကိုလှည့်ကြည့်လိုက်သည် "မား...ကျနော် "
လင်းကျားရှန်းသည် သားဖြစ်သူကိုကြည့်လိုက်သော် လည်း အလွန်ဝမ်းနည်းသဖြင့် ဝမ်းနည်းမျက်ရည်များ ကျလာခဲ့သည်။
ထိုကိစ္စအတွက် ဟန်ရှင်းယန်သည် ထိုလူများထက် အတွင်းစိတ်အကြောင်းပိုသိသည်။ ကျန်းထန့်သည် သူ့မားမားဟန်နဲ့ သူ့အမေ ရဲ့အတွေးအမြင်တွေကိုနားလည်သည်ဟု တွေးနေလောက်သည်။
ထို့ကြောင့်၊ လေထုကမူမမှန်သောအခါ၊ "အန်တီလေး ကျန်းထန့်၊ ဒီကိစ္စမှာ တခြားအလှည့်အပြောင်းတွေရှိကောင်းရှိနိုင်တယ်။ မင်း အရင်ဆုံး စိတ်အေးအေးထားသင့်တယ်။"
လင်းကျားရှန်းသည် ဤပြောဆိုချက်ကို နားထောင်ပြီး သူ့တူကို ကြည့်ကာ "အလှည့်အပြောင်း ? ဘယ်လိုအ လှည့်အပြောင်းလဲ ?"
ဟန်ရှင်းယန်က သူ့အန်တီကို တစ်ခုခုပြောချင်သော် လည်း သက်သေမပြမယနိုင်မချင်းတော့ ဒီအကြောင်းကို ထုတ်ပြောမည်မဟုတ်ပေ။
"လောလောဆယ်တော့ မသိရသေးဘူး၊ ရက်နည်းနည်းငကြာရင် သိရလိမ့်မယ်"
မားမားဟန်၏မျက်လုံးများက သားဖြစ်သူထံလှည့်လာသည်။ ရှင်းယန်ထံ လက်ဆုပ်လက်ကိုင်မရှိပါက ယခုလိုပြောဖို့လုံးဝမဖြစ်နိုင်ပေ။ အခုချိန် သားဖြစ်သူ၏မျက် နှာအမူအရာကိုကြည့်ကာ မပြောလည်းနားလည်နိုင် သည်။ သူ့သားက သူ့ညီမအားနှစ်သိမ့်နေခြင်းပင်။
သားဖြစ်သူ၏စကားကို အလွန်ယုံကြည်ဆဲဖြစ်ရာ။ သားဖြစ်သူ ဒီလိုပြောလာတဲ့အတွက် စိတ်သက်သာရာရသွားသည်။
ဒီအိမ်ထောင်ရေးက မျှော်လင့်ထားလို့မရတဲ့ပုံပဲ။
ဒါကိုတွေးပြီး မားမားဟန်က ညီမလေးရဲ့လက်ကို ခါယမ်းကာ ပြုံးပြီးပြောလိုက်သည်။ "ကောင်းပြီ၊ ရျင်းယန် ဒီလိုပြောလာမှတော့ ခဏလောက်စောင့်ကြည့်ရအောင်"
လင်းကျားရှန်းသည် သူ့အစ်မဖြစ်သူ ထိုသို့ပြောလာသည်ကိုမြင်ပြီး ဘာမှပြန်မပြောတော့ပေ။
ရုံးခန်းကြီးသည် တခဏအတွင်းတိတ်ဆိတ်သွားကာ မားမားဟန်က "ရှင်းယန်၊ ဒီနားကနေ နေဝင်တာကိုကောင်း ကောင်းမြင်ရတယ်လို့ မထင်ဘူး၊ မင်း ဘယ်လိုမြင်လဲ"
ဒါကိုဟန်ရှင်းယန်ကြားပြီး မျက်ခုံးပင့်သွားသည်။ ရှန်းချူးချူး၏သဘောတူညီချက်မရမီ သူ မဆုံးဖြတ်ဝံ့ပေ။ ဒါ့အပြင် သူ့အမေရဲ့သဘောထားက ဘယ်လိုလဲဆိုတာကို သူ သေချာမသိသေးချေ။ ထို့ကြောင့် ရှန်းချူးချူးအား မထွက်ခိုင်းဝံ့ပေ။
မားမားဟန်သည် သားဖြစ်သူ၏စိတ်ကိုသိသဖြင့် ပြုံးပြီး "ဒီ တံခါးကဖွင့်လို့မရဘူး၊ အရမ်းနာတာပဲ..."
မထင်မှတ်ပဲ အသံထွက်လာပြီးနောက် အတွင်းခန်းတံခါးပွင့်သွားသည်။ ရှန်းချူးချူးသည် သပ်သပ်ရပ်ရပ်ဖြင့် လူတိုင်းရှေ့တွင်ထွက်ပေါ်လာသည်။
ရှန်းချူးချူး အပြင်ကိုထွက်ချင်ရုံသာ၊ လူကြီးတွေက အပြင်မှာရှိနေပြီး မျိုးဆက်သစ်လူငယ်တွေနဲ့တွေ့ဖို့ ထွက်လာကြသော်လည်း မှန်ကန်သည့်အချိန်ကို မဟုတ်ခဲ့ ချေ။ အပြင်ရှိဇာတ်လမ်းတခန်းရပ်သွားချိန် မားမားဟန်မှတောင်းဆိုလာတဲ့အတွက် တံခါးအမြန်ဖွင့်ပေးလိုက်သည်။
ရှန်းချူးချူး ထွက်လာသည်ကိုဟန်ရှင်းယန်က မြင်လိုက်သည်။ သူ လျင်မြန်စွာထရပ်လိုက်ပြီး ရှန်းချူးချူးအနားရပ်လိုက်ကာ လက်ကိုဆွဲလိုက်သည်။ ဤအပြုအမူမျိုးသည် ချူးချူး၏နှလုံးသားကိုငြိမ်သက်သွားစေခဲ့သည်။
"အဟွတ် ~" မားမားဟန်သည် အချိန်မီချောင်းဆိုးလိုက်သည်။
ထို့ကြောင့် ဟန်ရှင်းယန်သည် ရှန်းချူးချူး၏တင်းမာ တသောမျက်နှာရှေ့ ကိုယ်ကိုင်းကာရောက်ရှိလာသည်။
"ချူးချူး၊ ဒါ ကိုယ့်မား၊ ဒါ ကိုယ့် အန်တီ"
"အန်တီတို့ ဟယ်လို ?"
မားမားဟန်သည် သားနှင့်သား၏ချစ်သူဖြစ်သူကို တရင်းတနှီးကြည့်ကာပြုံးပြီး ခေါင်းတညိတ်ညိတ်လုပ်နေသည်။
"ဟယ်လို"
လင်းကျားရှန်းကလည်း သူ့မျက်နှာကိုပြင်ပြီးပြုံးကာ
"ဟယ်လို၊ ကလေးမလေးက အရမ်းလှနေရော တီဗီမှာထက် အပြင်မှာပိုလှတယ်"
ကျန်းထန့်က သူ့အမေရဲ သဘောထားကိုကြည့်နေသော် လည်း သူ့စိတ်ထဲ နည်းနည်းတော့ချဉ်မိသည်။ ငယ်ငယ်လေးတည်းက ကြီးတဲ့အထိအတူတူပင်။ အမြဲ သူ့ဝမ်းကွဲကမှန်တယ်။ ဒီလိုလုပ်လည်း သူလုပ်တာပဲ မှန်တယ်။
အစ်ကိုဝမ်းကွဲရဲ့ ချစ်သူကကြယ်ပွင့်တစ်ပွင့်ပင်။ ဖျော် ဖြေရေးအဝန်းအဝိုင်းထဲက ထွက်လာတဲ့လူတွေကအမြဲ တမ်းဖရိုဖရဲဖြစ်နေကြသည်။ ရလဒ်ကတော့ သူနဲ့ သူ့အမေက အဲဒါကိုအရမ်းသဘောကျခြင်းပင်။ သူ့ကောင်မ လေးက ကုမ္ပဏီဝန်ထမ်းငယ်တစ်ယောက်ဆိုတာ သိသာသည်။ သို့သော် သူမ၏ကိုယ်ပိုင်ဘဝက ဖရိုဖရဲဖြစ်နေ သည်ဟု လူတိုင်းပြောကြသည်။
မည်သို့ပင်ဆိုစေ ရှန်းချူးချူးသည် အမှန်စင်စစ်သန့်ရှင်းပြီး ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုရှိသည့် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သည်။ သူ့ကောင်မလေးထံ ကိုယ်ပိုင်ဘဝရှိသော်လည်း... ဟေး၊ သူ ဒါကို တွေးကြည့်လိုက်တာနဲ့ ပိုစိုးရိမ်သွားမိသည်။
"ဟုတ်တယ်၊ ကြည့်ရတာလှတယ်၊ မင်းမှာသာ ကလေးရှိရင် ကလေးလည်းအတော်လှမှာပဲ"
ရုတ်တရက်ဆိုသလို မားမားဟန်က သူ့စိတ်ထဲကစကားများကို မတော်တဆထုတ်ပြောလိုက်မိသည်။
ရှန်းချူးချူးမျက်နှာ ရုတ်တရက်နီရဲတတ်သွားသည်။
ခဏအကြာ ရုံးခန်းသည် ပြန်တိတ်ဆိတ်သွားရသည်။