← Chapters

အခန်း (၉၃)

Vol. 10 Ch. 93

အခန်း (၉၃)

Vol. 10 Ch. 93

လူတိုင်း စကားမပြောကြသည်ကိုမြင်တော့ မားမားဟန် အရမ်းစိတ်လှုပ်ရှားသွားမှန်းသိလိုကသည်။ သူမ ချောင်းဟန့်လိုက်ပြီး ခံစားချက်တွေဖုံးကွယ်ထားလိုက်သည်။ ထို့နောက် သူ့ညီမက ဦးဆောင်ကာဟကားစပြောလာခဲ့သည်။

"ဟုတ်တယ်၊ မွေးလာတဲ့ကလေးကအရမ်းလှမှာ၊ ဒါပေမယ့် ရုပ်လည်းမလှဘူး နှလုံးသားကလည်းမမှန်ရင် ဘယ်လိုကလေးမွေး လာမလဲမသိဘူး။" လင်းကျားရှန်းသည် ဘေးမှာရပ်နေသည့် သားဖြစ်သူအားကြည့်ကာပြောလိုက်သည်။

ကျန်းထန့်သည် သူ့အမေ၏ ယင်နှင့် ယန်ကဲ့သို့စကားကိုကြားသောအခါ သူ့မျက်နှာပြောင်းလဲသွားပြီး ထိုအခိုက် သူ ထိုင်ပင်မထိုင်နိုင် တော့ပေ။ "မား မားတို့စကားပြောနှင့်ကြ ကျနော် အလုပ်ကြိုးစားရမယ်၊ အရင်ပြန်နှင့်ပြီ"

သူ့အမေ ဘာမှပြန်မပြောသဖြင့် သူ့က "ပြောင်ကော၊ ချူးချူး၊ အရင်သွားနှင့်ပြီ"

လင်းကျားရှန်းက "ကြည့်၊ မြင်လား ? သူ အခု ဘာနဲ့တူနေလဲ၊ ငါ သူ့ကို နားကိုမလည်တော့ဘူး"

မားမားဟန်က "သူ အရမ်းအလုပ်များနေလို့ဖြစ်ပါလိမ့်မယ်၊ နင် နင့်သားကို နောက်မှအေးဆေးပြောပြသင့်တယ်"

လင်းကျားရှန်း နားထောင်ပြီးနောက် သက်ပြင်းချလိုက်သည်။

ကျန်းထန့် ဌာနသို့ပြန်လာခဲ့သည်။ ရင်ရှင်းမုန့်သည် မနှစ်မြို့ဖွယ်အကြည့်ဖြင့်ရောက်လာသည်။ သူက တမင်တကာကျယ်လောင်စွာ ညည်းညူလိုက်သည်။

"ကျန်းထန့် နင် ဘာကိုဆိုလိုချင်တာလဲ ? နင့်အမေက ငါ့ကိုတွေ့ခွင့်မပေးဘူး။ အဲ့မှာတင် နင့်မိသားစုက ငါ့ကိုမကြည်ဖြူမှန်း သိသာနေပြီ"

ဒီစကားကြားတော့ လုပ်ဖော်ကိုင်ဖက်တွေအားလုံး သူတို့ကိုကြည့်လာကြသည်။ ကျန်းထန့် မျက်မှောင်ကြုတ်ပြီး ရှင်းမုန့် အားတိုးတိုးလေးပြောလိုက်သည်။ "တိုးတိုးပြော မင်း ငါနဲ့လိုက်ခဲ့"

"ဘာကိစ္စတိုးတိုး ပြောရမှာလဲ၊ ငါ ဘာအမှားမှမလုပ်ထားဘူး။ ငါ ပြောတာမမှန်လို့လား"

သို့သော် ပါးစပ်မှပြောနေသော်လည်း ရင်ရှင်းမုန့် ကျန်းထန့်နောက်မှလိုက်သွားခဲ့သည်။

"ရှင်းမုန့် မင်း ငါ့အမေနဲ့မတွေ့တာပိုကောင်းတယ်၊ ကလေး သုံးလပြည့်တဲ့အထိစောင့်"

ကျန်းထန့်သည် ရင်ရှင်းမုန့်၏ဗိုက်ကိုစိုက်ကြည့်လိုက်သည်။ ရင်ရှင်းမုန့်အား သူ့အမေမကျေနပ်သဖြင့် ကလေးမထိန်းနိုင်တော့မည်ကို သူ တကယ်ကြောက်မိသည်။

ဒါကိုကြားတော့ ရင်ရှင်းမုန့်က ပိုလို့ပင်ဒေါသဖြစ်သွားသည်။

"ကျန်းထန့်၊ နင် ငါ့ကိုလက်ထပမယ်လို့ ကတိပေးထားတယ်။ နင် ငါ့ကိုလက်ထပ်ဖို့မလို့ကတော့ ငါ ဘယ်လိုလုပ်မယ်ဆိုတာ ကြည့်လိုက်!"

ကျန်းထန့် မျက်မှောင်ကြုတ်ပြီး ရင်ရှင်းမုန့်ကိုကြည့်လိုက်သည်။ ရိုးရိုးသားသားပြောရလျှင် သူ ရင်ရှင်းမုန့်နှင့်တစ်ညတာ ကုန်ဆုံးပြီး နောက် အရာအားလုံးပြောင်းလဲသွားသည်ဟုခံစားမိသည်။ ဒီကောင်မလေးက အရမ်းလှတယ်၊ အရမ်းနူးညံ့တယ်၊ သူ့ကို အရမ်းကြင်နာ တတ်တယ်လို့လည်းတွေးမိသည်။ သို့သော် သူမ၏ပုံမှန်ပုံစံက သိပ်မကောင်းသဖြင့် သူမနှင့်စကားသိပ်မပြောဖြစ်ခဲ့ကြချေ။ အခုအခါ ဒုက္ခရောက်နေပြီဟုခံစားရပြီး ဖြေရှင်းရခက်တဲ့ ပြသနာအိုးကြီးတစ်ခုဟုသာခံစားနေရသည်။

ထိုနေ့ပြီးနောက် သူမသည် အခြားလူတစ်ယောက်ကဲ့သို့ပြောင်းလဲသွားပုံရသည်။ မကြာခဏ ပွစိပွစိလုပ်လာသဖြင့် သူ့အား သည်းမခံ နိုင်ချေ။ အမျိုးသမီးတွေကိုယ်ဝန်ဆောင်ကာလတွင် စိတ်အပြောင်းအလဲဖြစ်တတ်ကာ ဒေါသထွက်တတ်သည်ဟု ဖတ်ထားမိတဲ့ အတွက် တတ်နိုင်သမျှသည်းခံခဲ့သည်။ သို့သော် နေ့တိုင်း ယခုလိုဖြစ်နေပါကခံနိုင်ရည်ရှိမှည်မဟုတ်ပေ။

"ငါ ပြောတဲ့အတိုင်း ငါ လုပ်မယ် အဲ့တော့ မင်း စိတ်ချလို့ရတယ်။ မင်းကို လက်ထပမယ်လို့ပြောထားတဲ့အတွက် ငါ မင်းကိုလက် ထပ်မယ်။" ဟု ကျန်းထန့်ကတိုးတိုးလေးပြောလိုက်သည်။

ရင်ရှင်းမုန့်က အံ့အားသင့်စွာဖြင့် "တကယ်လား ? ဒါဆို ဒီနေ့လက်ထပ်မှာလား ?"

ကျန်းထန့် အလျင်လိုနေသော ရင်ရှင်းမုန့်ကိုစိုက်ကြည့်လိုက်သည်။ သူစဉ်းစားပြီး "ဒီနေ့တော့ မဖြစ်ဘူး၊ အမေ ကုမ္ပဏီမှာရှိနေတုန်းပဲ။ နောက်အပတထိစောင့်ပေး"

နောက်အပတ်ဟု ရင်ရှင်းမုန့်ကြားလိုက်ချိန် သူ့မျက်နှာပိုအရုပ်ဆိုးလာပြီး သူ့အသံအနည်းငယ်တိုးလာသည်။

"နောက်တပတ်၊ ကျန်းထန့် နင် ငါ့ကိုမလှည့်စားတာသေချာလား ? နေ့တိုင်းအချိန်ဆွဲနေတယ်၊ ငါ နင့်ကိုမပြောခဲ့ဘူးလား ? နင် ဘယ်လိုလုပ် နောက်အပတ်ထပ်ရွေ့ပြန်တာလဲ ? နင် ငါ့ကို လက်မထပ်ချင်ရင်လည်း လက်မထပ်ချင်ဘူးလို့သာပြောလိုက်တော့ နင် ငါ့ကို ဂရုမစိုက်ရင်တောင် ငါကတော့ လက်ထပ်မှရမယ်၊ နင် လက်ထပ်ချင်လား လက်မထပ်ချင်ဘူးလား ?”

"နောက်အပတ်က ပြောင်ကော ငါ့အမေကို ကူပြီးနားချပေးလိမ့်မယ်"

ရင်ရှင်းမုန့် ဟန်ရှင်းယန်ဆိုသည့် အမည်ကိုကြားလိုက်ချိန် သူ့မျက်လုံးတွေ အနည်းငယ်လှုပ်ရှားသွားပြီး သံသယဖြင့် “CEO ဟန်က ငါတို့ လက်ထပ်သဘောတူတယ်ပေါ့၊ ဘာကြောင့်လဲ ?”

သူမ၏ အရင်ကိစ္စများကို CEO ဟန်သိထားလောက်သည်။

သူမသည် အဆင့်မြင့်အငယ်တန်းတစ်ယောက်သာဖြစ်ပြီး Han Group မှအားကိုးရသောလူမဟုတ်ပေ။ မကြာသေးမီကအဆိုပါယောက်ျားက သူမတို့ကြားကိစ္စအားသိထားပြီးဖြစ်ကြောင်းပြောလာခဲ့သည်။ သို့ဖြစ်ရာ CEO ဟန်အနေဖြင့် အဘယ့်ကြောင့် သဘောတူ ရသနည်း။

ယခု သူမအကြောက်ဆုံးသည် CEO ဟန် သူတို့ကြားတားဆီးဖို့ထွက်လာမည်ကိုပင်။ သို့သော်လည်း ထိုလူသည် အဖြစ်မှန်များကို ပိတ်ဆို့ထားပြီး ၎င်းတို့အားကူညီခဲ့ခြင်းမှာ အနည်းငယ်ထူးဆန်းလို့နေသည်။

"ပြောင်ကော ဘာလို့ ရုတ်တရက်သဘောတူလိုက်လဲတော့ ငါလည်း မသိဘူး။ အတူရှိဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒါကောင်းတာပဲလေ"

ရင်ရှင်းမုန့်၏မျက်လုံးများ လှည့်ပတ်နေမိသည်။ "ဒါမှမဟုတ်... ဒါမှမဟုတ် ငါတို့အရင်ပြောခဲ့ကြသလိုပဲ မိသားစုမှတ်ပုံတင်စာအုပ်ကို ခိုးပြီး လက်ထပ်မှတ်ပုံသွားတင်ကြမလား"

မူလကကျန်းထန့် ထိုအကြံအစည်ကိုသဘောတူခဲ့ပေမယ့် အခုအချိန်မှာတော့ခေါင်းယမ်းကာ "ဟင့်အင်း၊ ရှင်းမုန့် ပြောင်ကောက ယုံကြည်လို့ရပါတယ်၊ သူ ပြောတဲ့အတိုင်းလုပ်မှာပါ၊ သူ အမေ့ကိုနားချပေးနိုင်တယ်"

ရှင်းမုန့်သည် ကျန်းထန့်၏သွင်ပြင်ကိုကြည့်ပြီး သူ့စိတ်ထဲအဆင်မပြေလှပေ။ ထို့နောက် အနည်းငယ်စဉ်းစားပြီး "အင်း မှန်တယ်၊ ရှန်းချူးချူးက တကယ် နင့်ဝမ်းကွဲလား ? သူက အလင်းမမြင်နိုင်တဲ့ အမျိုးသမီးအဖော်မဟုတ်ဖူးလား"

ကျန်းထန့်သည် ရင်ရှင်းမုန့် အလွန်အကဲဆတ်လိမ့်မည်ဟုမမျှော်လင့်ခဲ့ပေ။ နောက်တစ်ပတ်ထဲ လက်ထပ်ဖြစ်မည်ဟုထင်သည်။ သို့ဆိုပါက ၎င်းတို့သည် မိသားစုတစ်ခုတည်းဖြစ်ရာပြောစရာမရှိချေ။ ဒါကြောင့် ဟိုဟိုဒီဒီကြည့်ကာ တိုးတိုးလေး "ဟေး၊ မင်း ဒီကိစ္စကို တခြားသူတွေသွားမပြောနဲ့ ပြောင်ကော ငါ့ကိုမပြောခိုင်းထားဘူး၊ ရှန်းချူးချူးက ပြောင်ကောရဲ့ချစ်သူ"

ရင်ရှင်းမုန့်သည် ဟန်ရှင်းယန ထိုကဲ့သို့လူဖြစ်လိမ့်မည်ဟုမမျှော်လင့်ထားပေ။ ကုမ္ပဏီရှိအထင်ကရအကြီးတန်းအမှု ဆောင်အရာရှိများ သည် ဟန်ရှင်းယန်၏ကျရှုံးမှုနောက်လိုက်ရန် ကြိမ်ဖန်များစွာဆန္ဒရှိခဲ့ကြပြီး ရာထူးမှထုတ်ပယ်ခံရသဖြင့် လူအများ၏စိတ်ကူးများကို ဖျက်စီးပစ်ခဲ့သည်။ သူမသည်လည်း အပါအဝင်ဖြစ်သည်။ မူလက သူမ မစ္စတာဟန်နှင့်လက်တွဲရန်စီစဉ်ခဲ့သော်လည်း အလုပ်ထုတ် ခံရသည့် အမှုဆောင်များနှင့်မယှဉ်နိုင်သောကြောင့် တုန်လှုပ်ကာရပ်တန့်ခဲ့ခြင်းပင်။

CEO ဟန်သည် ရှန်းချူးချူးကဲ့သို့ ကြယ်ပွင့်သေးသေးလေးအပေါ်ကျရှုံးသွားမည်ဟုမမျှော်လင့်ခဲ့ချေ။ သူမ သိခဲ့မည်ဆိုလျှင် ကြိုးစားခဲ့မိလိမ့်မည်။ ပြောမရဘူး အလုပ်ဖြစ်ရင်ဖြစ်မှာပဲ။

" CEO ဟန်လိုလူက ကြယ်လေးတစ်ပွင့်ကိုကြိုက်မယ်လို့မမျှော်လင့်ထားဘူး။ ငါအခုမှ စိတ်သက်သာရာရသလိုခံစားလိုက်ရတယ်။ ကုမ္ပဏီအတွက်တော့ မပြောလိုပါဘူး။ ထုတ်ပြောလိုက်ရင် ဒီကြယ်ပွင့်အတွက်တော့ စိတ်ပူစရာပဲ။ သူမ ပျော်နိုင်ပါစေလေ" ရင်ရှင်းမုန့် မထေ့ငေါ့ဘဲပြောလိုက်သည်။

ကျန်းထန့် ဒါကိုကြားပြီး နက်နဲတဲ့အတွေးတွေနှင့် သူမကိုကြည့်လိုက်တယ်။

"မင်း မှားနေပြီ၊ ပြောင်ကောက လူတွေသိမှာမကြောက်ဘူး၊ ဝမ်းကွဲတစ်ယောက်မဟုတ်ပေမယ့် သိတဲ့သူတစ်ယောက်ပါ။ သူက တစ်ကမ္ဘာလုံးကို ချူးချူးက သူနဲ့ဆိုတာသိစေချင်တဲ့လူပဲ။ ဒါမှ သူ့ချစ်သူကောင်မလေးကို မျက်လုံးနဲ့တောင်မချဉ်းကပ်ရဲကြမှာ အဲ့လိုဆို သူအမြဲတမ်းစိတ်ပူနေစရာမလိုတော့ဘူးလေ။"

ပြောင်ကောသာ ချူးချူး တခြားအမျိုးသားကြယ်ပွင့်နဲ့ပူးပေါင်းဆောင်ရွက်တဲ့အကြောင်းမြင်သည့်အချိန်ဆို ပြောင်ကောပုံစံကိုကြည့်ပြီး သူ ရယ်သာရယ်လိုက်ချင်သည်။

ရင်ရှင်းမုန့် ထိုရှင်းပြချက်ကိုကြားပြီး မျက်ခုံးပင့်လိုက်သည်။ "ရှန်းချူးချူးလိုလူက CEO ဟန်ရဲ့ အဖိုးတန်တံခါးကိုမြင်နိုင်ပါ့မလား ? နင်ငါ့ကို လိမ်နေတာမှတ်လား။ CEO ဟန်က ဒီလိုကြယပွင့်ကိုချစ်နေတယ်ဆိုတာ တစ်ယောက်ယောက်သာရှာတွေ့ရင် ဒါဆုံးရှုံးမှုကြီး မဟုတ်ဘူးလား၊ အဲ့ဒါကြောင့် ရှန်းချူးချူးထက် ပိုဒေါသကြီးတဲ့ ချင်ရင်ရန်ကိုငြင်းလိုက်တာမဟုတ်လား။"

ရင်ရှင်းမုန့် ချင်ရင်ရန်အကြောင်းပြောတာကြားတော့ ကျန်းထန့်မျက်မှောင်ကြုတ်လိုက်သည်။

"ချင်ရင်ရန်ကို ချူးချူးနဲ့နှိုင်းယှဉ်လို့ရတယ်။ ဒါ့အပြင် ပြောင်ကောက အလယ်တံခါးကိုမကြည့်ဘူး။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး မင်း ဘာမှ နားလည်မှုမလွှဲရင်ကောင်းမယ်"

ရင်ရှင်းမုန့်နားထောင်ပြီးနောက် သူ့မျက်နှာသည်ပိုလို့ပင်အရုပ်ဆိုးလာသည်။ “ရှန်းချူးချူးလို ဖျော်ဖြေရေးအသိုင်းအဝိုင်းလူကို နင်တို့ မိသားစုကလက်ခံနိုင်မလား ? ငါ့လို သန့်ရှင်းတဲ့ နောက်ခံရှိတဲ့မိန်းကလေးကိုတောင် လက်မခံနိုင်တာကိုများ။”

ကျန်းထန့် ရင်ရှင်းမုန့်ကိုလှည့်ကြည့်လိုက်သည်။ သူမ ဒီလိုစကားတွေပြောထွက်လာမည်ဟု မယုံကြည်နိုင်ပုံပင်။

"ရှင်းမုန့် မင်း ဘယ်လိုလုပ် ဒီလိုကောင်းကောင်းပြောနိုင်တာလဲ ? ချူးချူးက ဒီလိုလူမျိုးမဟုတ်ဘူး၊ မင်း သူနဲ့ အကြာကြီး ဆက်သွယ်ကြည့်ပြီးရင် မင်း သိလာလိမ့်မယ်"

ရင်ရှင်းမုန့် ရှန်းချူးချူးအပေါ် ကျန်းထန့်၏သဘောထားကိုမုန်းတီးမိသည်။ "ဟက်၊ နင်က အရမ်းကြင်နာတတ်တာပဲ၊ နင်တို့ အရမ်းရင်းနှီးကြတယ်ပေါ့ ? ဟုတ်လား နင်တို့ ရင်းနှီးတာလား ?"

ကျန်းထန့်သည် ထိုကဲ့သို့ကျိုးကြောင်းဆီလျော်မှုမရှိသော စကားများကိုကြားလိုက်သောအခါ သူက အေးစက်စက်နှင့် "အင်း အရမ်း ရင်းနှီးတယ် အနာဂတ်မှာ သူက ငါတို့ရဲ့မရီးဖြစ်လာနိုင်ချေရတယ်၊ မင်း နောက်ဆို သေချာဂရုစိုက်သင့်တယ်"

ထို့နောက် ကျန်းထန့်ထွက်လာခဲ့သည်။ အထဲမှာ လေမရသလိုခံစားရသဖြင့် အပြင်ထွက်ပြီးအသက်ရှူဖို့လိုသည်။ တစ်ဖက်က သူ့အမေဖြစ်ပြီး ကျန်တစ်ဖက်က သူ အိမ်ထောင်ပြုပြီး တစ်သက်လုံ လက်တွဲသွားမယ့်သူပင်။ နှစ်ယောက်စလုံး သူ့ကို ဖိအားပေးကြပြီး နှစ်ယောက်စလုံး သူ့အား ဝမ်းနည်းစေသည်။

ကျန်းထန့်သည် လှေကားထစ်သို့သွားကာ အမှတ်မထင်အထပ်များစွာဆင်းလာခဲ့မိသည်။ လမ်းလျှောက်ရင်း စိတ်တိုသလိုခံစားရတယ်။ မကြာသေးမီ သူ ဆေးလိပ်သောက်ရန်သင်ယူခဲ့ပြီး အိတ်ကပ်ထဲမှစီးကရက်တစ်လိပ်ယူကာ မီးခြစ်တစ်လုံးကိုတွေ့ရှိခဲ့သည်။ မီးခြစ် ခြစ်ပြီးနောက် မိန်းကလေးတစ်ယောက်၏အသံကိုကြားလိုက်ရသည်။

"Sir၊ ဒီမှာ ဆေးလိပ်မသောက်ပါနဲ့လား ? ကျမ အနံ့မခံနိုင်လို့"

ကျန်းထန့် ဒီစကားကိုနားထောင်ပြီး စကားပြောနေတဲ့သူကိုလှည့်ကြည့်လိုက်သည်။

မိန်းကလေးက တော်တော်လေးချောသည်၊ ငယ်လည်းငယ်ကာ ဘွဲ့ရပြီးခါစဖြစ်မည့်ပုံပင်။ အသားအရေမှာဖြူဖွေးနေပြီး ပိုနီတေးစည်း ထားသည်။ ထို့ပြင် ၎င်းသည်အတန်ငယ်ရင်းနှီးပုံရသည်။

"အဟွတ်~"

မိန်းကလေး၏နှာတံသေးသေးလေးသည် ရှုံ့တွနေပြီးချောင်းဆိုးလာသည်။

သူ တစ်ဖက်လူကို အချိန်အကြာကြီးစိုက်ကြည့်နေမိတာကိုသိလိုက်ရသဖြင့် ကျန်းထန့်၏မျက်နှာနီမြန်းလာပြီးတိုးတိုးလေး “တောင်းပန်ပါတယ်၊ ဒီမှာ ဘယ်သူမှမရှိဘူးလို့ထင်လိုက်တာ” သူ့လက်ထဲမှ မီးခိုးတွေကိုအမြန်ရှင်းထုတ်လိုက်သည်။

"ဟေး ? ကျမ တို့အရင်ကတွေ့ဖူးကြလား ?"

ကောင်မလေးက သံသယဖြင့်မေးလာသည်။

"ဟမ် ?"

ကျန်းထန့် ကောင်မလေးကိုကြည့်လိုက်သည်။ ကောင်မလေးအား နည်းနည်းရင်းနှီးသလိုပင်၊ ဤအခိုက်အတန့် သူပိုကြည့်လေလေ၊ မြင်ဖူးသည်ဟုခံစားရလေလေဖြစ်သည်။ ဘယ်မှာ မြင်ဖူးတာပါလိမ့် ?

"ရှင်ပဲ၊ မနှစ်က ရှင် ကျမကို ဆေးရုံပို့ပေးခဲ့တလေ ?" ကောင်မလေး ခဏတာအံ့အားသင့်သွားပြီး "ကျမနာမည် အန်းဟိုင်ကျန်းပါ၊ အဲဒီနေ့က ရှင် ကျမအတွက် ဆေးဖိုးရှင်းပေးခဲ့တာလေ မှတ်မိလား ?"

ကျန်းထန့် မိန်းကလေး၏ဇာတ်ကြောင်းပုံဖော်မှုကိုနားထောင်ပြီး တဖြည်းဖြည်းသတိရလာသည်။ အဲဒီနေ့က သူနေ့လည်စာ ထမင်းစားဖို့ထွက်သွားချိန် မိန်းကလေးတစ်ယောက်ယာဉ်တိုက်မှုဖြစ်တာမြင်ပြီး ဒဏ်ရာတနဲ့ ဆွေမျိုးတွေ သူငယ်ချင်းတွေလည်း မရှိသည့်အတွက် ကောင်မလေးကိုဆေးရုံကိုလိုက်ပို့ခဲ့သည်။

ထိုနေ့တွင် သူ နောက်ကျနေသောကြောင့် ပြောင်ကောထံသတင်းပို့ခံလိုက်ရသည်။ ထို့ကြောင့် မှတ်မိနေခြင်းပင်။

ထိုသည်ကိုစဉ်းစားရင်း ကျန်းထန့်၏မျက်နှာထက် ပျောက်ဆုံးနေသည့်အပြုံးတစ်ခုတိုးထွက်လာရပြီး "မှတ်မိပြီ"

All Chapters