အခန်း (၉၅)
Vol. 10 Ch. 95
ရှန်းချူးချူးသည် ဟန်ရှင်းယန်၏အမူအရာကို စိုက်ကြည့်ကာ တိတ်တဆိတ်ခေါင်းညိတ်ပြသည်။
အိမ်ထောင်လား? ဤအကြောင်းအရာသည် အနည်းငယ်စောနေပုံရသည်... သို့သော်၊ စနစ်ပေါ်ရှိ အချိန်ကို သူမတွေးမိသည်၊ ၎င်းသည် နောက်နှစ်ဟုထင်ရသည်။ ထိုကိစ္စ သူမ အရင်ကမတွေးခဲ့မိပေမယ့် အိမ်ထောင်ပြုရရန် စောသည်ဟုထင်မိသည်။
နှစ်ယောက်သား မတ်တပ်ရပ်ပြီး စကားမပြောဘဲငြိမ်နေလိုက်ကြသည်။
ဟန်ရှင်းယန်သည် အဆင်မပြေသည့်လေထုကို သည်းမခံနိုင်တော့သဖြင့် စကားစလိုက်သည်။
"ချူးချူး ကိုယ်တို့ ဒီည ဟော့ပေါ့သွားစားမလား ? အတွင်းရေးမှူးဝမ်ကို ဘိုကင်တင်ခိုင်းလိုက်မယ်။"
ရှန်းချူးချူး ထိုအကြောင်းအရာကိုဆက်မပြောချင်တော့သဖြင့် မြန်မြန်ခေါင်းညိတ်ကာ "ကောင်းသားပဲ"
**********
ယနေ့ မားမားဟန်အရမ်းပျော်နေခဲ့သည်။ တစ်ဖက်တွင်မူ တူဖြစ်သူ၏ ပြဿနာကိုဖြေရှင်းလိုက်နိုင်သည်။ ပိုအ ရေးကြီးတာက သူ့မ၏အနာဂတ်ချွေးမကိုမြင်ခဲ့လို့ပင်။
ပါးပါးဟန်သည် မားမားဟန်၏ရွှင်လန်းသောအပြုအမူကိုမြင်ပြီး “ထန်ထန့် ကိစ္စ ဘာဖြစ်သွားလဲ ?”
"အင်း၊ ဒီကိစ္စကို ကျမသား လက်ထဲအပ်လိုက်ပြီ၊ မကြာခင်ဖြေရှင်းနိုင်လိမ့်မယ်" ထို့နောက် မားမားဟန် သီချင်းတစ်ပုဒ်ညည်းနေလိုက်သည်။
ပါးပါးဟန်နှင့် မားမားဟန်တို့သည် လင်မယားအဖြစ် ဆယ်စုနှစ်များစွာလက်တွဲခဲ့ကြသည်။ သူ့ဇနီးပျော်နေ သည်ကိုမြင်တော့ “ဒီနေ့ တခြားပျော်စရာရှိလို့လား ?”
ဒါကို မားမားဟန်ကြားတော့ စကားဝိုင်းထဲ ချက်ခြင်းရောက်လာပြီး "ဒီနေ့ ဘယ်သူနဲ့တွေ့ခဲ့တယ်ထင်လဲ?"
"ဘယ်သူနဲ့လဲ"
"ကျမတို့ရဲ့ အနာဂတ်ချွေးမနဲ့ တွေ့ခဲ့တယ်!" ဟု မားမားဟန် စိတ်လှုပ်ရှားစွာပြောလာသည်။
"အိုး ? ချွေးမ ? ရှန်းချူးချူး ?" ပါးပါးဟန် သူ့မိန်းမ ဘယ်သူ့ကို ဆိုလိုလဲ သူ သိသည်။
မားမားဟန်ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ ဒီနေ့ ကုမ္ပဏီကို သွားတုန်းကတွေ့ခဲ့တာ။"
ပါးပါးဟန်က လက်ဖက်ရည်သောက်ရင်း "ဒီကောင်မ လေးက ထန့်ထန့် တွေ့တဲ့တစ်ယောက်နဲ့ အတူတူဖြစ်မှာ မင်း မကြောက်ဘူးလား"
မားမားဟန်သည် ပါးပါးဟန်အား မျက်စောင်းဖြင့်ကြည့်ကာ "ရှင် အမျိုးသမီးကြယ်ပွင့်တွေအပေါ် မကောင်းမြင်နေတယ်လို့ပဲ ကျမ မြင်တယ်။ ဘယ်မှာလဲ မိသားစုရဲ့ ဆိုးသွမ်းမှု ? ထန့်ထန့်သိတဲ့မိန်းကလေးက ဘယ်လိုလုပ် ချူးချူးနဲ့ယှဉ်နိုင်မှာလဲ"
ပါးပါးဟန်သည် ရှန်းချူးချူးအပေါ် သဘောထားအနည်းငယ်ရှိသည်။
"ဒါ ဘယ်လိုလုပ် ဘက်လိုက်တယ်ဖြစ်မှာလဲ။ အင်တာနက်မှာ သတင်းတွေကြည့်လိုက်လေ၊ တွေးကြည့်တာနဲ့ ငါ သိတယ်။ နောက်ပြီး မင်းလည်း ဟိုးအရင်တုန်းက အွန်လိုင်းပေါ်ကအကြောင်းပဲ ပြောတတ်..."
ရလဒ်အနေနဲ့ ပါးပါးဟန်က စကားမဆုံးခင် မားမားဟန်ကနှောက်ယှက်ခဲ့သည်။
"ကျမ ငါကယွဲ့လောင် အကြောင်းပဲပြောခဲ့တာ၊ ရှင် ဘာတွေလာပြောနေတာလဲ၊ ရှင်းရှင်းလင်းလင်းမသိရသေးသရွေ့ သတင်းကအတုပဲ။ ချူးချူးကို ချောက်ချနေတာ ရှင် မသိတဲ့အချိန်မှာ မဟုတ်ကဟုတ်ကတွေလျှောက်မပြောသင့်ဘူး။ ရျင်ခုလို ပြောရအောင် စုံစမ်းပြီးရှင်းရှင်း လင်းလင်းသိပြီမို့လို့လား ?"
ပါးပါးဟန်ဖေ ထိုစကားကြားပြီး ချောင်းဆိုးလိုက်သည်။
"ကောလဟာလမှန်းသိပေမယ့် အနုပညာအသိုင်းအဝိုင်းကဖရိုဖရဲဖြစ်နေတာလေ။ အမျိုးသမီးကြယ်ပွင့်တွေရဲ့ အဆင့်အတန်းကမမြင့်ဘူး၊ ပြီးတော့ အဲ့ထဲမှာမှတချို့ကပိုက်ဆံနောက်လိုက်တဲ့သူက အများကြီး၊ အနာဂတ်မှာ ကလေးတွေကို ဘယ်လိုသင်ကြားပေးကြမလဲ၊ ငါ့ မြေးတွေကို ဖျက်စီးခွင့်မပြုနိုင်ဘူး။"
မားမားဟန် ဒီနေ့ သူရခဲ့တဲ့အချက်အလက်ကိုတွေးကာ
"ရှင်ပြောတာမှားတယ်လို့ ပြောလို့ရတယ်။ ကျမတို့ကြယ်ပွင့်က သာမန်ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲက ကြယ်ပွင့်နဲ့မတူဘူး။ သူ့အိမ်အကြောင်း မပြောနဲ့ဦး၊ သူဘယ်ကျောင်းကဘွဲ့ရလဲဆိုတာပဲ ခန့်မှန်းကြည့်ကြရ အောင်။"
ပါးပါးဟန် လက်ဖက်ရည်သောက်ရင်း သူ့မိန်းမကိုလှည့်ကြည့်ကာ "ဆိုစမ်းပါဦး ဘယ်ကျောင်းလဲ"
"Imperial University"
ပါးပါးဟန်သည် တက္ကသိုလ်နာမည်ကြားလိုက်သောအခါတွင် လက်ဖက်ရည်ခွက်ကိုစားပွဲပေါ် ဖြည်းဖြည်းချင်းချလိုက်ပြီး "မင်း သေချာလား ?"
"ရှင် လိုင်းပေါ်တက်ပြီးရှာကြည့်ရင် မှန်၊ မမှန် သိရမှာပဲမဟုတ်ဘူးလား ?"
ပါးပါးဟန်သည် ခေါင်းညိတ်ကာတွေးတောလိုက်သည်။
"Imperial University ကသာ ဘွဲ့ရတာဆိုရင် ယဉ်ကျေးမှုအဆင့်အတန်း အတော်လေးမြင့်တဲ့ပုံပဲ၊ ငါ့ မြေးကိုသင် ကြားပေးဖို့လုံလောက်တယ်" ဟု ၎င်းကဆိုသည်။
ထို့ နောက် ချွေးမလောင်းအကြောင်း ကောင်းစွာစုံစမ်းသင့်သည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။
ပါးပါးဟန်အပေါ် မားမားဟန်၏သဘောထားက အတော် တော်လေးရှုပ်ထွေးသည်။
"ကျမ သိသွားပြီ၊ ရှင်က လူတွေကိုဘက်လိုက်တယ်လို့ပဲမြင်တယ်။ တက္ကသိုလ်ကောင်းကောင်းနဲ့ ကျောင်းပြီးထားမှန်းသိတော့ ရှင့်သဘောထားက ချက်ချင်းပြောင်းသွားတော့တာပဲ၊ ရှင့်လို အဘိုးကြီးမျိုး တစ်ခါမှမတွေ့ဖူးဘူး။"
ပါးပါးဟန်: "...ငါ ဘယ်မှာ အိုသေးလို့လဲ"
မားမားဟန်- "ရှင့် သားတောင် မိန်းမယူတော့မယ်။ ရျင်က မအိုသေးဘူးလား ? ရှင့်အသက် ခြောက်ဆယ်ရှိပြီ နော်"
ပါးပါးဟန်- "ငါသာ အဘိုးကြီးဆိုရင် မင်းကော အဘွားကြီးမဟုတ်ဘူးလား ?"
မားမားဟန် : "..."
ရက်အနည်းငယ်အကြာတွင် ရှန်းချူးချူးနှင့်ပတ်သက်သည့် အချက်အလက်အားလုံးကိုရထားရှိသော ပါးပါးဟန်သည် ရှန်းချူးချူးအပေါ်စိတ်ကျေနပ်သွားသည်။
အလားတူပင်၊ သူ့လက်ထဲတွင် စုံစမ်းထားသောအချက် အလက်ကို အလွန်ကျေနပ်နေသော အခြားသူတစ်ဦးလည်းရှိသေးသည်။
ဟန်ရှင်းယန်သည် အတွင်းရေးမှုးဝမ်ပေးလာသည့် အချက်အလက်ကိုကြည့်ပြီး ဖြည်းညှင်းစွာသက်ပြင်းချလိုက်သည်။
အတွင်းရေးမှုးဝမ်သည် စုဆောင်းထားသည့် အချက်အ လက်များကိုမြင်ထားပြီးသားပင်။ သို့ဖြစ်ရာ သူဌေး၏ မျက်နှာကို ဂရုတစိုက် စိုက်ကြည့်လိုက်သည်။ သူဌေး၏ မျက်နှာကိုမြင်ရသည်မှာ အလွန်စိတ်ဆိုးရုံသာမက စိတ်အခြေအနေမကောင်းပေ။
"ဒီအချက်အလက်တွေက အမှန်ပဲလား ?" ဟန်ရှင်းယန် ဓာတ်ခွဲခန်း စမ်းသပ်မှုကိုမေးလာသည်။
အတွင်းရေးမှုးဝမ် ခေါင်းညိတ်ပြီး "ဟုတ်ပါတယ် အမှန်ပါပဲ"
ဟန်ရှင်းယန် ခေါင်းညိတ်ပြီး "ကောင်းပြီ ကျန်းထန့် ဒီကို လာခိုင်းလိုက်"
အတွင်းရေးမှုးဝမ် ချက်ချင်းဆိုသလို "ဟုတ်ကဲ့ပါ"
ကျန်းထန့် တက်လာသောအခါ သပ်သပ်ရပ်ရပ်၀တ်ဆင်ထားပြီး၊ ချောမာသည့်သဏ္ဍာန်ရှိသော သူ့မျက်နှာမှလွဲ၍ တစ်ကိုယ်လုံးပြားချပ်ချပ်ပုံစံဖြစ်နေသည်။ လူတွေရဲ့ စိတ်ခံစားချက်ကို ပြင်ပအဝတ်အစားတွေနဲ့ ဖုံးကွယ်ထားလို့မရချေ။
"မင်း ဘာလုပ်စရာရှိလို့လဲ သပ်သပ်ရပ်ရပ်ဝတ်လို့ပါလား ?"
ကျန်းထန့် သက်ပြင်းချလိုက်ပြီး "လက်မထပ်ဘဲ ကျနော် ဘာလုပ်လို့ရမှာလဲ၊ ပြောင်ကော ကျနော့်ကို ကူညီမယ်လို့ပြောထားတယ်နော် ဒီနေ့ တနင်္လာနေ့ဆိုတော့ မားကို ကူပြောပေးဦး
"မင်း အရမ်းလက်ထပ်ချင်နေတာလား ?"
ကျန်းထန့် - "ကျနော် လက်မထပ်ဘဲ ဘာလုပ်နိုင်မှာလဲ။ ကလေးကမစောင့်နိုင်တော့ဘူးလေ။ ကျနော့် အမှားဆို တော့ ဆက်မှားလို့မရဘူး။ ကလေးအတွက် ကျနော်တာဝန်ယူရမယ်။"
"ဗိုက်ထဲက ကလေးက လနည်းနည်းပဲရှိသေးတာမဟုတ်ဘူးလား။" ဟန်ရှင်းယန်က စားပွဲပေါ်ရှိ စစ်ဆေးချက်စာရွက်ကိုတစ်ချက်ကြည့်လိုက်သည်။
ကျန်းထန့်က သူ့ဝမ်းကွဲ ဒီလိုပြဿနာမျိုး စိတ်ပူလာဖို့မမျှော်လင့်ထားပေ။
"ဒီမေးခွန်းကို ကျနော် အရင်ကဖြေဖူးတယ်။ ပြောင်ကော အရမ်းကြိုးစားနေတာပဲ၊ အဲဒါ နှစ်လကျော်၊ သုံးလလောက်ရှိပြီထင်တယ်။"
သို့သော် ဟန်ရှင်းယန် စစ်ဆေးချက်ရှိရက်စွဲကိုကြည့်ပြီး တွက်ချက်လိုက်သည်။ ဤအချက်အလက်အရဆိုပါက၊ ကလေးသည် လေးလရှိသင့်သည်။
"ကလေးနှစ်လကျော်တာ သေချာလား ?"
ကျန်းထန့်သည် သူ့ဝမ်းကွဲအဘယ်ကြောင့် ထိုသို့မေးရခြင်းအကြောင်းကိုနားမလည်ပေ။
"အင်း၊ အဲ့ညက ရင်ရှင်းမုန့်မွေးနေ့နေ၊ အားလုံးအတူတူ ညစာသွားစားကြတာ၊ ကျနော် အရမ်းသောက်ထားတော့..."
ကျန်းထန့်မျက်နှာသည် နီရဲလာသော်လည်း နောင်တရမှုများနှင့်ရောထွေးနေပြန်သည်။
"မင်းအရင်ကကော သူနဲ့ဆက်ဆံရေးရှိဖူးလား ? ဥပမာ လွန်ခဲ့တဲ့ လေးလလောက်က ?"
ကျန်းထန့် မျက်မှောင်ကြုတ်လိုက်သည်။
"ပြောင်ကော၊ ဘာလို့ အဲ့လိုမေးမှန်း နားမလည်ပေမယ့် ကျနော်တို့ အရင်က ဆက်ဆံရေးမရှိဖူးဘူးဆိုတာ ကျနော် သေချာတယ်။ လွန်ခဲ့တဲ့လေးလက ရင်ရှင်းမုန့် ရည်းစားရှိသေးတယ်လေ ဘယ်လိုလုပ် သူနဲ့ဘအဲ့လိုဆက်ဆံရေးရှိရမှာလဲ"
ထိုသည်ကိုကြားပြီးနောက် ဟန်ရှင်းယန် ခေါင်းညိတ်လိုက်သည်။ နောက်ဆုံး သူ့နှလုံးသားထဲပိတ်ဆို့နေသော ကျောက်တုံးကြီးကျသွားခဲ့လေပြီ။ ဆေးစစ်ချက်စာရွက်ကို သူ့လက်ထြထည့်လိုက်ပြီး "ကိုယ့်ဘာသာ ကြည့်ကြည့်" ဟု ပြောလိုက်သည်။
ကျန်းထန့် စစ်ဆေးချက်ကိုကြည့်ပြီး နားမလည်နိုင်ဖြစ်သွားရသည်။ သူက "ပြောင်ကော၊ ကြည့်ခိုင်းတာတော့ ဟုတ်ပါပြီ၊ ရှင်းမုန့်ကို ဘယ်လိုစစ်လိုက်တာလဲ ?"
ဟန်ရှင်းယန်က "ဆေးစစ်ချက်က ရက်ကိုကြည့်လိုက်"
ကျန်းထန့်သည် ရက်စွဲကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ချက်ခြင်းမျက်လုံးပြူးကျယ်ကာ သူ့ဝမ်းကွဲအား မယုံနိုင်လောက်သောအကြည့်ဖြင့် မော့ကြည့်လိုက်သည်။ “ပြောင်ကော၊ ဒါ အမှားပြဖြစ်ရမယ်၊ မဖြစ်နိုင်ဘူး” ဟု ညည်းညူခဲ့သည်။
အထက်ဖော်ပြပါရက်စွဲသည် ရင်ရှင်းမုန့်မွေးနေ့မတိုင်မီ ရက်အနည်းငယ်အလိုတွင် ဆက်ဆံရေးမရှိခဲ့ပေ။ ထိုအချိန်တွင် ရင်ရှင်းမုန့်သည် ကိုယ်ဝန် ၉ ပတ်ခန့်ရှိနေပြီဖြစ်သည်။
ဟန်ရှင်းယန်က ကျန်းထန့်အား အနည်းငယ်မိုက်မဲသည်ဟုမြင်သည်။ သူ့လက်ထဲကအချက်အလက်တွေကို လွှဲ ပြောင်းလိုက်ကာ "ဖြည်းဖြည်းကြည့်၊ ဒီထဲကဟာတွေက ဘာတွေလဲဆိုတာ မင်း နားလည်မှာပါ"
ကျန်းထန့် ဟန်ရှင်းယန်လွှဲပြောင်းပေးလာသည့် ဆေးစစ် ချက်များကိုယူလိုက်သည်။ ရလဒ်တွေများလာလေလေ၊ ကျန်းထန့် သူ့နှလုံးသားထဲကခံစားချက်ကို နားမလည်နိုင်လေလေပင်။ ဒေါသထွက်သင့်တယ်ဆိုတာ သူသိပေမယ့် သူ့ကိုယ်သူ ဒေါသမထွက်နိုင်ချေ။ ဒါ့ပြင်... သူ အရမ်းကို စိတ်အေးသွားသလိုခံစားလိုက်ရပြီး ရယ်မောလိုက်ချင်သည်။
သူ ဒီလိုမဖြစ်သင့်ဘူးဆိုတာ သူ သိပေမယ့် သူ့ကိုယ်သူ မချုပ်တည်းနိုင်ချေ။
ဟန်ရှင်းယန်သည် သူ့ဝမ်းကွဲ၏အပြုံးမျက်နှာကိုမြင်လိုက်ရပြီး သူ့အတွက်စိတ်သက်သာရာရသွားသည်။ မကြာသေးမီက ကျန်းထန့်သည် အလွန်စိတ်ပင်ပန်းနွယ်းနယ်နေခဲ့သည်။ ဒီတစ်ကြိမ်နားလည်မှုလွဲပြီးနောက် လူတိုင်းစိတ်ချလက်ချအနားယူနိုင်ပြီဖြစ်သည်။
သို့သော် ကျန်းထန့်ခမျာ ပြုံးပြုံးလေးငိုတော့သည်။
ကျန်းထန့် အရွယ်ရောက်ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ငိုကြွေးသည်ကိုမြင်တွေ့ရခြင်းဖြစ်ရာ ဟန်ရှင်းယန် ထိတ်လန့်သွားကြသည်။ အထူးသဖြင့် ငိုသံအ တော်ကျယ်ခြင်းပင်။ အတွင်းရေးမျုးဝမ်ပင် အထဲမှအသံကြောင့် အကူအညီလိုမလိုသိရန် အထဲဝင်လာခဲ့သည်။
ရလဒ်ကတော့ ဟန်ရှင်းယန်ကိုမြင်ပြီးသည်နှင့် အပြင်မှစောင့်ရန် ချက်ချင်းထွက်သွားတော့သည်။
"ပြောကော၊ ပြောင်ကော သိလား ? ကျနော့်မှာ ဖိအား တွေ ဘယ်လောက်ရှိလဲ ပြောင်ကောသိရဲ့လား ? ကျနော် မကြိုက်ဘူး၊ အိမ်ထောင်မပြုချင်သေးဘူး၊ စောစောစီး စီးကလေးမလိုချင်ဘူး။ ဒါပေမယ့် ဗိုက်ထဲက ကလေးက ကျနော့်ကလေးလို့ ပြောတယ်၊ ကျနော် အရမ်းကြောက်နေခဲ့တာ။ ကျနော် နှစ်လလောက် အဲ့လိုခံစားနေရတာ... ကျနော့်ကို ကျနော် လူဆိုးတစ်ယောက်လို့ခံစားရတယ်၊ ရင်ရှင်းမုန့်အတွက်တော့ စိတ်မကောင်းပါဘူး... ကျနော်က သားသမီးဝတ်မကျေသေးတဲ့ ကလေးပဲရှိသေးတာ ၊ ကျနော် အမေ့ကိုလည်း တောင်းပန်တယ်..."
ကြမ်းပြင်ပေါ်ထိုင်ကာ ငိုယိုအော်ဟစ်နေသောကျန်းထန့်ကိုကြည့်ကာ ၎င်းသည် သူ၏ချစ်လှစွာသောဝမ်းကွဲဖြစ် သည်ကို ဟန်ရှင်းယန်တစ်ယောက်အမှန်ပင် ဝန်မခံချင်ပေ။ သူတကယ်သည်းမခံနိုင်တော့သဖြင့် စားပွဲပေါ်ရှိ တီရှုးယူကာ သူ့ထံသို့ကမ်းပေးလိုက်သည်။
ကျန်းထန့် သူ့မျက်ရည်တွေသုတ်လိုက်ပြီး နှာခေါင်းကို သုတ်လိုက်သည်။ မကြာခင်မှာပင် တီရှုးတွေအများကြီး ကြမ်းပြင်ပေါ်ပြန့်ကျဲနေခဲ့သည်။
ကျန်းထန့် ကြမ်းပြင်ပေါ်ထိုင်ငိုနေခဲ့ပြီး ဟန်ရှင်းယန်သည် သူ့ထိုင်ခုံတွင်ထိုင်ကာ သူ့အားကြည့်နေလိုက်သည်။
အချိန်အတော်ကြာကြီးကြည့်ပြီးနောက် ဟန်ရှင်းယန်မနေနိုင်တော့ပေ။ သူ ကွန်ပြူတာဖွင့်ပြီး အလုပ်စလုပ် တော့သည်။ လူတွေက သူတို့လုပ်တဲ့အရာအတွက် အမြဲ တမ်းတာဝန်ရှိတယ်ဟု သူထင်သည်။ ကျန်းထန့်သည်လည်း အလားတူပင်။ ဒီတစ်ခါ သူ့အတွက်သင်ခန်းစာတစ်ခုရသွားလောက်ပြီဖြစ်သည်။ အပြင်မှာ အများကြီး သောက်ကာ ယခုလိုအဆင်မပြေမှုမျိုးနှင့် ကိုယ့်ကိုကိုယ် မထိခိုက်စေပါနှင့်။
ခဏအကြာ ဟန်ရှင်းယန်သည် ကျန်းထန့်၏အသံမကြားရတော့သဖြင့် ၎င်းကို ငုံ့ကြည့်လိုက်ရာ ကျန်းထန့်မှင်သက်နေသည်ကို တွေ့လိုက်ရသည်။
ဟန်ရှင်းယန်၏အကြည့်ကိုခံစားမိသဖြင့် ကျန်းထန့် သူ့ဝမ်းကွဲကိုမျက်လုံးနီရဲရဲဖြင့်ကြည့်ကာ "ဝမ်းကွဲကော၊ ချူးချူးနဲ့ လုပ်ပြီးပြီလား ?"
ထိုမေးခွန်းကိုကြားသဖြင့် ဟန်ရှင်းယန်မျက်နှာအဆင်မပြေဖြစ်သွားရသည်။ အဆိုပါကိစ္စအား သူ မည်သူနှင့်မှ ဝေမျှဖို့ရည်ရွယ်ချက်မရှိခဲ့ချေ။
"အများကြီးမသိချင်နဲ့ မင်းကိစ္စတွေ အရင်ဖြေရှင်းဖို့ အရေးကြီးဆုံးက ဘာလဲသိလား ?"
ကျန်းထန့် မကြားချင်သဖြင့် သူ့ နှုတ်ခမ်းကိုသပ်လိုက်ပြီး "ပြောင်ကော၊ ကောပဲပြောကြည့်... ပြောင်ကောသာ တကယ်လုပ်ခဲ့တယ်ဆိုရင် ဘယ်လိုခံစားရမလဲ ? အထူး သဖြင့် ပြောင်ကောမူးနေတဲ့အချိန်ဆို အဲ့တာကို မခံစားမိဘူးမဟုတ်လား ? “