အခန်း (၉၆)
Vol. 10 Ch. 96
ဟန်ရှင်းယန်က ဒီမေးခွန်းက တော်တော်ရူးတဲ့မေးခွန်းတစ်ခုဟုတွေးလိုက်သည်။ အဲ့လိုအရာမျိုးက မင်း မူးနေရင်တောင်ခံစားရလိမ့် မည်။ ယောင်္ကျားတစ်ယောက်ဆိုပါက ခံစားရနိုင်လိမ့်မည်။
"မင်းသာ မသေရင် သေချာပေါက်ခံစားနိုင်မှာပဲ" ဟန်ရှင်းယန် ဒီဝါကျကိုပြောပြီးသွားသောအခါ “မင်းသာ ယောင်္ကျားမဟုတ်ရင်” ပေါ့ဟုထပ်လောင်းပြောကြားခဲ့သည်။
ကျန်းထန့်: "... " သူက သူ့အစ်ကိုဝမ်းကွဲရဲ့အမြင်မှာ ယောက်ျားတစ်ယောက်မဟုတ်ဘူးလား ?
သို့သော်တစ်ချက်စဉ်းစားပြီး ကျန်းထန့် မတ်တပ်ထရပ်ကာ ခုံပေါ်ထိုင်ချလိုက်ပြီး ဟန်ရှင်းယန်ကိုကြည့်လိုက်သည်။ သူက လေးလေး နက်နက်ဖြင့်မေးလာသည်။
"ပြောင်ကော ပြောင်ကောပဲပြောကြည့်၊ ကျွန်တော် အဲ့နေ့က ရင်ရှင်းမုန့်နဲ့ဘာမှမဖြစ်ခဲ့ဘဲနဲ့ သူ တမင်လုပ်လုပ်ခဲ့တာများလား ?"
(ဆိုလိုချင်တာတော့လေ ကောင်လေးက နိုးလာချိန်မှာ ရင်ရှင်းမုန့်က ဖရိုဖရဲနဲ့ သူတို့ဖြစ်ထားတယ်လို့ထင်အောင်လုပ်ခဲ့တာဖြစ် လိမ့်မယ်)
ဟန်ရှင်းယန်သည် သူ့ဝမ်းကွဲမှာ ထိုပြဿနာအရှုပ်အထွေးထဲနစ်မွန်းနေသည်ဟုမထင်ခဲ့မိပေ။ သူ့ပြောင်ကောသည် တုံးအရုံသာမက နားလည်နိုင်စွမ်းညံ့သည်ဟု ခံစားရသည်။ သူ ကြမ်းပြင်ပေါ်ကအချက်အလက်တွေကိုလက်ညှိုးထိုးပြပြီး "အကယ်၍ မင်းမှာ ခံစားချက်ရှိရင် မင်း အံ့သြနေမှာမဟုတ်ဘူး၊ ရင်ရှင်းမုန့် မင်းကို ဆေးခပ်တာကိုတောင် မင်းမသိလိုက်ဘူးလား ?"
ကျန်းထန့်မတ်တပ်ရပ်လိုက်ပြီး ခေါင်းငုံ့ကာ ကြမ်းပြင်မှသတင်းအချက်အလက်ကိုလိုက်ရှာရင်း "ဘယ်တစ်ခုလဲ" ဟု မေးလိုက်သည်။
သို့သော်လည်း ဟန်ရှင်းယန်အဖြေကိုမစောင့်ဘဲ ကျန်းထန့်ရှာတွေ့သွားသည်။ စကားလုံးတစ်လုံးချင်း တစ်လုံးပြီးတစ်လုံးဖတ်ပြီး လေလေ ပိုပျော်လေလေပင်၊ အပျော်လွန်ပြီး ကြမ်းပြင်ပေါ်လဲလျောင်းလိုက်သေးသည်။
ကောင်းတယ်၊ တကယ်တော့ သူ ဘာမှမလုပ်ခဲ့ဘူး၊ အားလုံး ရင်ရှင်းမုန့် အကွက်ချထားတာ..
ကျန်းထန့်၏ရယ်သံကြောင့် ဟန်ရှင်းယန်ထိတ်လန့်သွားပြီး ဤထူးဆန်းသောရယ်မောမှုကို အေးစက်သောစကားလုံးဖြင့် အဆုံးသတ် စေလိုက်သည်။
"ဘာတွေအဲ့လောက်ပျော်နေတာလဲ ?"
အမှန်ပင် ကျန်းထန့်၏ရယ်မောသံမှာ ရုတ်ခြည်းအဆုံးသတ်သွားပြီး သုံးစက္ကန့်အကြာမှာတော့ သူ ကြမ်းပြင်ကနေထလာခဲ့သည်။
ကွန်ပြူတာကိုအလေးအနက်ထားစိုက်ကြည့်နေသည့် ဝမ်းကွဲဖြစ်သူအားကြည့်လိုက်ပြီးနောက် ဝမ်းကွဲ သူ့အားပြောခဲ့သောစကား အပေါ် ရုတ်တရက်သံသယဖြစ်မိသည်။
"ကော ကျွန်တော့်ထက် နှစ်နှစ်ပဲကြီးတာပါ၊စောစောလေးကြိုမွေးတာကိုများ ဘာအဲ့လောက် ဂုဏ်ယူစရာရှိလို့လဲ"
"သြော် ဟုတ်လား။ ကြည့်ရတာ မင်းနဲ့ PR ဌာနကသိပ်ကီးမကိုက်သလိုပဲ၊ အဲ့ဌာနတစ်ခုလုံးရဲ့ လေထုကိုကအဆင်မပြေတာ၊ မနက်ဖြန် ကစပြီး မင်း Order ဌာနကို သွားရလိမ့်မယ်။
ကျန်းထန့် ထိုစကားကိုကြားပြီး ချက်ချင်းဆိုသလို "ဟင့်အင်း ပြောင်ကော မင်းက ငါ့ကို အဲ့လိုလုပ်လို့မရဘူး"
ဟန်ရှင်းယန် သူ့ဝမ်းကွဲ အသက်ပြန်ရှင်သည်ကိုတွေ့တော့ "ဆုံးဖြတ်ပြီးသွားပြီ၊ ပြီးတော့ ကုမ္ပဏီထဲမှာ ငါ့ကို CEO ဟန်လို့ ပဲခေါ်၊ အလုပ်ရှုပ်နေတယ် မင်း အရင်ထွက်သွားလိုက်တော့"
ကျန်းထန့် တစ်ခုခုပြောချင်သေးသော်လည်း ဟန်ရှင်းယန်ကြောင့် သူ ဘာမှမပြောရဲချေ။ "အာ ရပါတယ်"
ဟန်ရှင်းယန် ကျန်းထန့်ထွက်သွားသည်ကိုတွေ့တော့ "ဒါအကောင်းဆုံးဖြေရှင်းနည်းပဲ၊ မဖြေရှင်းနိုင်ရင် ငါ့ဆီဖုန်းဆက်"
ကျန်းထန့်က ထူပူသွားကာ "ကော၊ ငက လူကြီးတစ်ယောက်ဖြစ်နေပါပြီ၊ ဒီလောက်က ဘာမို့လို့လဲ ? ကော ကျနော့ကို အမြဲတမ်း ကလေးလိုမဆက်ဆံနဲ့တော့"
ဟန်ရှင်းယန်နားထောင်ပြီးခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ မင်း ကိုယ့်ကိုကိုယ် သေချာသိရင်ပြီးတာပဲ"
ကျန်းထန့်ထောင်: "ကော၊ ကော ကျနော် ကောင်းဖို့တခြားဌာနကိုသွားခိုင်းတာ နားလည်ပါတယ်။ ဒီလိုဖြစ်သွားတော့ ကော ကျနော့်ကို အပြင်ထွက်ပြီးဖုံးထားစေချင်မှာပဲ၊ ရှဲရှဲ ကော"
"ကောင်းပြီ၊ မင်း နားလည်ရင်ပြီးတာပဲ"
ကျန်းထန့်ထွက်သွားပြီးနောက် ဟန်ရှင်းယန် အတွင်းရေးမှူးဝမ်ကို ဝင်လာဖို့တောင်းဆိုလိုကသည်။ အတွင်းရေးမှူးဝမ် ဘာမှမပြောဘဲ ကြမ်းပြင်ကိုကြည့်ပြီး မြန်မြန်သိမ်းဆည်းလိုက်သည်။
ဟန်ရှင်းယန် ရုံးခန်းသန့်ပြန့်သွားတာမြင်မှ "PR ဌာနကို တစ်ချက်လောက်သွားကြည့်ရအောင်"
အတွင်းရေးမှူးဝမ် ခေါင်းညိတ်လိုက်သည်။
ကျန်းထန့် ဟန်ရှင်းယန်ရုံးခန်းမှထွက်လာပြီးနောက် PR ဌာနသို့ ပြန်လာခဲ့သည်။ ရင်ရှင်းမုန့်သည် ပြင်ပလှုပ်ရှားမှုကိုအာရုံစိုက်နေခဲ့ရာ ကျန်းထန့်ပြန်လာသည်ကိုမြင်သဖြင့် လမ်းအမြန်လျှောက်သွားသည်။ ကျန်းထန့်၏အဝတ်အစားတွေ ရှုံ့တွနေပြီး မျက်လုံးတွေနီရဲနေ တာကိုတွေ့လိုက်ရသဖြင့့် ဒီနေ့ Drama ချိုးလို့မရတော့ဘူးဆိုတာသိလိုက်သည်။ သူ့မျက်လုံးတွေ တကယ်မကောင်းဘူးဟုခံစားရ သည်။ ကျန်းထန့်၏မိသားစုသည် ချမ်းသာပြီးအင်အားကြီးသဖြင့် ကျန်းထန့်အားချုပ်ကိုင်နိုင်သရွေ့အဆင်ပြေပြီဟုထင်ခဲ့သည်။ ရလဒ် အနေနှင့်၊ ကျန်းထန့်သည် ရွေးချယ်မှုကောင်းမဟုတ်ဟုထင်ရသည်။
ကျန်းထန့်သည် အလွန်အားနည်းသော်လည်း သူ့တွင်အလွန်နောက်ခံတောင့်တင်းသော ဝမ်းကွဲတစ်ယောက်ရှိနေသည်။
"ဟဲ့ CEO ဟန် သဘောမတူဘူးလား ? ဘာလို့ သူ့စကားနားထောင်နေမှန်း မသိဘူး၊ နင်က သူ့ဝမ်းကွဲလေ၊ သူ နင့်ကို သာမန်ဝန်ထမ်း တွေနဲ့ အတူနေခွင့်ပေးပြီး နင့်ကို နေ့တိုင်းဟိုဟာလုပ်ခိုင်း ဒီဟာလုပ်ခိုင်းလုပ်နေတုန်းပဲ"၊ ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ဒီနေ့ လက်ထပ်မှတ်ပုံသွားတင်မယ်၊ နင် ငါ့ကိုမတွေးရင်တောင် ဗိုက်ထဲကကလေးတွေအတွက်တော့ နင်တွေးရမယ်၊ နင် ဒီကလေးကို မရှင်းမလင်းဖြစ်တာလိုချင်တာလား ?"
ယခင်က သူမယခုလိုပြောတဲ့အခါ ကျန်းထန့် စိတ်ပျော့သွားနေကြဆိုသည်ကို ရင်ရှင်းမုန့်သိသည်။
သို့သော် ယနေ့ကျန်းထန့်သည် ယခင်ကနှင့်မတူတော့ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ ရင်ရှင်းမုန့်အား အေးစက်စွာတစ်ချက်ကြည့်လိုက်ပြီး "ကလေး မရှင်းမလင်းဖြစ်တာလား?"
ရင်ရှင်းမုန့် ကျယ်လောင်စွာအော်လိုက်ချင်သော်လည်း ကျန်းထန့်၏အမူအရာကိုမြင်လိုက်သောအခါတွင် သူမသည် ရုတ်တရက် အပြစ်ရှိသလိုခံစားလိုက်ရသည်။ ဒါပေမယ့် တစ်နေ့ပြီး တစ်နေ့ သူ့ဗိုက်ကကြီးလာတော့မည်ဟုတွေးပြီး တည်ငြိမ်စွာနဲ့ "ဟုတ်တယ်၊ နင့် ကလေးကို အဖေ မရှိ၊ အမေ မရှိ ဖြစ်စေချင်တာလား ? နင် ယောက်ျားဟုတ်ရဲ့လား ?"
ကျန်းထန့် ရင်ရှင်းမုန့်အား သရော်အကြည့်ဖြင့်ကြည့်ကာ "မင်းဗိုက်ထဲကကလေးက ငါ့ ကလေးဆိုရင် ငါ တာဝန်ယူမှာပါ၊ ဒါပေမယ့် ငါ့ဟာမှမဟုတ်ရင်..."
ထိုစကားကိုပြောပြီးနောက် ကျန်းထန့် ခေတ္တရပ်ကာအေးစက်စွာပြောခဲ့သည် "အဲ့ဒါဆို ငါ တာဝန်မယူနိုင်ဘူး"
ဤစာကြောင်းကိုကျန်းထန့်ပြောပြီးနောက် ရင်ရှင်းမုန့်သည် မည်သည့်အမှားအယွင်းမရှိခဲ့ကြောင်းသတိရမိသည်။ ကျန်းထန့် သိသွားပြီလား ? သို့သော် သူတကယ် သိနိုင်မှာတဲ့လား ? ဓာတ်ခွဲစမ်းသပ်မှုတစ်ခုလား ? ဒါ မဖြစ်နိုင်ဘူး၊ သူမ အကုန်ရှင်းထားပြီးသားလေ။
တခြားဘာဖြစ်နိုင်မလဲ ? ဒါမှမဟုတ် ကောလဟာလတွေကြားလာတာလား ?
ဒါကိုစဉ်းစားရင်း ရင်ရှင်းမုန့် ကျန်းထန့်အားကြည့်လိုက်သည်။ ကျန်းထန့်ကို သိတာကြာပြီဖြစ်ရာ သူ ဘယ်လိုလူလဲ၊ သူမ စိတ်ထဲမှာ အရမ်းရှင်းနေပြီး သူ့စိတ်ကအရမ်းရိုးရှင်းသည်။ သူတစ်ပါး၏စကားကြောင့် လှည့်စားခံရနိုင်ချေရှိသဖြင့်၊ သူမ ပြန်လှည့်စားနိုင်သည်။
ခဏလောက်စဉ်းစားပြီးနောက် ရင်ရှင်းမုန့်က "ကျန်းထန့် နင်ဘာပြောလိုက်တယ် ? ငါ့ဗိုက်ထဲက ကလေးက နင့်ကလေး မဟုတ်ဘူးလို့ ပြောတာလား ? ဘယ်သူ ပြောတာလဲ၊ အဲ့လူတွေ နင့်ကိုမလှည့်စားသင့်ဘူး။ ငါ ဘယ်လိုလူလဲဆိုတာ မရှင်းသေးဘူးလား နင့်ကလေး မဟုတ်ဘဲနဲ့ ငါကနင်နဲ့လက်ထပ်နိုင်မှာတဲ့လား ? ငါ နင်နဲ့ လက်ထပ်တော့မှာဆိုတော့ အဲ့လူတွေ မနာလိုနေကြတာဖြစ်မယ်”
ကျန်းထန့်သည် ရင်ရှင်းမုန့်အားဖြေရှင်းလိုက်နိုင်ပြီဟုတွေးထားသော်လည်း ရင်ရှင်းမုန့်ဘက်မှ တည်တည်ငြိမ်ငြိမ်နှင့်လိမ်ညာပြောနိုင် သေးမည်ဟုမထင်ခဲ့ပေ။ မွေးကတည်းက ယခုအထိထိုသို့သောအမျိုးသမီးနှင့်ကြုံတွေ့ခဲ့ရဖြင်းဖြစ်ပြီး ထိုအမျိုးသမီးသည် ထက်ထက်မြက်မြက်ရှိခဲ့သော်ငြား စိတ်ထားမကောင်းသောသူမျိုးဖြစ်နေခဲ့သည်။
"အမှန်ပဲ၊ မင်းဘယ်လိုလူလဲဆိုတာ ငါအခုတော်တော်လေးသိသွားပြီ၊ အဲဒါ အရမ်းရှင်းလင်းနေတော့ ငါမင်းကိုလက်ထပ်လို့ တောင်မရတော့ဘူး"
ကျန်းထန့်အရမ်းပင်ပန်းနွမ်းနယ်နေပြီး "ရှင်းမုန့် နင် သိပါတယ်၊ ငါကနင့်လိုမဟုတ်ဘူး။ နင့်ကလေးအတွက် ဖခင်တစ်ယောက်ရှာချင် ရင်လည်း နင်ကြိုက်တဲ့သူကိုရှာလို့ရတယ်။ ငါက မသင့်တော်ပါဘူး"
ရင်ရှင်းမုန့်သည် ကျန်းထန့်၏ပြတ်သားသောသဘောထားကို ပထမဆုံးအကြိမ်မြင်လိုက်ရပြီး သူမ လက်လွှတ်သင့်သည်ကိုသိသည်။ သို့သော် သူမ အခုလက်မလျှော့နိုင်ချေ၊ လက်လျော့လိုက်ပါက သူ့ထက်သာတဲ့ယောက်ျားနဲ့ဆုံနိုင်မည်မဟုတ်ကြောင်း သူသိသည်။ ထို့ပြင် ဗေဒင်ဆရာမှလည်း သူမ ယခုတစ်ကြိမ် ကျန်းထန့်အားလက်ထပ်နိုင်မည်ဟုဆိုထားသည်။
"ဘယ်လိုလုပ်မသင့်တော်ရမှာလဲ ? နင်က ကလေးအဖေဆိုတာသိသာနေတာကို နင့်လောက်ဘယ်သူက သင့်တော်မှာလဲ၊ ကလေးက နင့်ကလေးမဟုတ်ဘူးလို့ပြောရအောင် နင့်မှာ သက်သေရှိလို့လား။"
ကျန်းထန့်ထောင် : "မင်းကို သက်သေပြစရာလိုသေးလို့လား ? ငါ့ကိုယ် ငါတောင် ဘာလုပ်ခဲ့မှန်းမသိဘူး"
ကျန်းထန့်နှင့် ရင်ရှင်းမုန့်တို့၏ရန်ပွဲမှာကြီးလွန်းသဖြင့် လူများဝိုင်းအုံလာကြသည်။ ယခင်သူတို့ကြားဘူးသည့် ကောလဟာလနှင့်တွဲပြီး လူတိုင်းပွဲကြီးတစ်ပွဲကဲ့သို့ လာရောက်ကြည့်ရှုကြသည်။
အတွင်းရေးမှူးဝမ် ဒါကိုမြင်ပြီး လူတိုင်းကိုအမြန်မောင်းထုတ်လိုက်သည်။
သို့သော် ရင်ရှင်းမုန့်သည် ကျန်းထန့်လက်ထဲတွင် အထောက်အထားမရှိဟုထင်ကာ သက်သေမပြနိုင်ဟုထင်ခဲ့သည်။ ထို့ကြောင့် သူမ စိတ်ထဲပိုတည်ငြိမ်လာသည်။ သူမ ဆက်ငြင်းနေသရွေ့ ကျန်းထန့် သူမကိုမယုံဘဲမနေဘူးဟု သူမ ယုံကြည်သည်။
ဒါကိုစဉ်းစားမိပြီးနောက် ရင်ရှင်းမုန့်၏အသံက နည်းနည်းပိုကျယ်လာသည်။
"ကျန်းထန့်၊ တစ်ယောက်ယောက်က စကားနည်းနည်းပြောလိုက်တာနဲ့ ဘာလို့ ငါ့ကို သံသယရှိရတာလဲ ? ငါ့ဗိုက်ထဲမှာ ကလေးရှိနေတာ နင် ငါ့ကို ဒီလိုလုပ်လို့မရဘူး။"
တစ်စုံတစ်ယောက်ကိုမြင်လိုက်ရပြီးနောက် ရင်ရှင်းမုန့်ဝမ်းနည်းလာပြီးငိုတော့သည်။
ကျန်းထန့်သည် ရင်ရှင်းမုန့်ဦးနှောက်ထိခိုက်သွားသဖြင့် သူမနှင့် စကားအများကြီးမပြောချင်တော့ပေ။
"ငိုနေလို့လဲ အသုံးမဝင်ဘူး ဒါမှမဟုတ် ကလေးအဖေဆီသွားတာမှဟုတ်ဦးမယ်၊ မင်းအတွက်တော့ စိတ်မကောင်းပါဘူး၊ ငါ မင်းကို ထိတောင်မထိဖူးဘူး။ မင်းဗိုက်ထဲကကလေးကိုတော့ ပြောမနေနဲ့တော့၊ ပြီးတော့ မင်းကိုလည်း မကြိုက်ဘူး။ ဒီကိစ္စက မင်းဘာသာ ကိုယ်ဝန်ရှိအောင်လုပ်ခဲ့တာပဲ၊ မင်း အေးအေးဆေးဆေးထွက်သွားသင့်တယ်၊ ပြဿနာကြီးအောင် မလုပ်နဲ့။"
ကျန်းထန့် ဒီကိစ္စအား တတ်နိုင်သမျှအမြန်ဆုံးသာဖြေရှင်းလိုက်ချင်သည်။
ရင်ရှင်းမုန့်သည် ကျန်းထန့်၏စကားများကိုနားထောင်ပြီး မျက်ရည်တွေသုတ်ကာ သူ့ဘေးမှာရပ်နေတဲ့ ကျန်းထန့်ကိုအေးစက်စွာ ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို မလှမ်းမကမ်းတွင် အတွင်းရေးမှုးဝမ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။ သူမသည် ယနေ့ အဆုံးသတ်သွားပြီဟုတွေးကာ စိတ်ထဲရယ်မောလိုက်သည်။
စပ်စုသောမျက်လုံးများကိုတစ်ချက်ကြည့်လိုက်ကာ သူမ အသံမြှင့်လိုက်ပြီး "ကျန်းထန့်၊ နင် ငါ့ကိုမကြည့်ဘူး၊ ဘာလဲ ငါ့မိသားစုက နင်နဲ့မထိုက်တန်ဘူးလို့ ခံစားမိလို့မဟုတ်လား ? နင့်မိသားစုက ငါ့ဗိုက်ထဲကကလေးရဲ့တည်ရှိမှုကိုတောင်လက်မခံနိုင်ဘူးပဲ။ နင် ဒီအတိုင်းပဲ သူ့ကိုလက်လွှတ်လိုက်တော့မှာလား ? ငါ နင့်ကိုမြင်ခဲ့တဲ့အမြင်က မှားသွားတာပဲ"
ကျန်းထန့်၏မယုံနိုင်သည့်အကြည့်ကိုမြင်ပြီး "အခုတော့ နင်က ရှန်းချူးချူးဆိုတဲ့ တတ်သစ်စမင်းသမီးကိုကြွေနေပြီပေါ့၊ ဘာလဲ သူက ငါ့ထက် ငယ်လို့လား ၊ ငါ့ထက် ပိုကောင်းတယ်ပေါ့ ? အဲ့လိုမိန်းမအတွက်နဲ့ ငါ့ကိုစွန့်ပစ်လိုက်တာလား ? ငါ စောင့်ကြည့်နေမယ် "
လူတိုင်း၏အာမေဋိတ်အသံကိုနားထောင်ရင်း ရင်ရှင်းမုန့်သည် အနည်းငယ်ဂုဏ်ဆာသွားကာ "မေ့လိုက်တော့၊ ငါ နင့်ကို ဖြည့်ဆည်း ပေးမှာပါ၊ ဘယ်သူက ငါ့ကို နင့်ကိုအရမ်းကြိုက်ခိုင်းမိလို့လဲ"
သူမ ပြောပြီးနောက် ထွက်သွားတော့မည်။
ကျန်းထန့်က ဒေါသတကြီးနဲ့ "မင်း ဘာစကားပြောတာလဲ၊ ရှန်းချူးချူးနဲ့ ဘာဆိုင်လို့လဲ"
ရင်ရှင်းမုန့် ဂုဏ်ယူစွာပြုံးကာ စကားမပြောဘဲနေလိုက်သည်။
ထိုစဉ်မမျှော်လင့်ဘဲ အတွင်းရေးမှုးဝမ်က “ရင်ရှင်းမုန့် မင်း တခြားသူတွေကိုစော်ကားတယ်လို့ သံသယရှိတယ်၊ Han Group ရဲ့ရှေ့နေ ကနေတဆင့် မင်းဆီ စာတစ်စောင်ပို့မယ်”
အတွင်းရေးမှုးဝမ် စာရွက်အနည်းငယ်ထုတ်လိုက်ပြီး "မင်း ကိုယ်ဝန်ကလေးလရှိပြီ၊ ဒီကလေးက ကျန်းမိသားစုကကလေးမဟုတ်ဘူး။ သခင်လေးကျန်းက မင်းနဲ့ဆက်ဆံရေးတစ်ခါမှမရှိခဲ့တဲ့အတွက် ဒါကြောင့် ကျန်းမိသားစုဘက်ကတရားစွဲမယ်" ဟု ပြောလိုက်သည်။
ရင်ရှင်းမုန့် အတွင်းရေးမှုးဝမ်လက်ထဲမှ အချက်အလက်များကိုကြည့်ပြီး ထိတ်ကြောက်သွားသဖြင့် သူမ မတ်တပ်ရပ်ဖို့ရာနံရံကိုပင် ထောက်လိုက်ရသည်။
အတွင်းရေးမှုးဝမ်က "လူတိုင်းက အနာဂတ်မှာကြိုးကြိုးစားစားအလုပ်လုပ်ကြပါ၊ လှည့်ကွက်တွေလုပ်ဖို့ပဲ အမြဲတွေးမနေနဲ့၊ ရင်ရှင်းမုန့်ကိုပဲ ကြည့်ကြ"
ထို့နောက် အတွင်းရေးမှုးဝမ်သည် ကျန်းထန့်အားဆွဲကာ နှစ်ယောက်အတူထွက်သွားခဲ့ကြသည်။
ဒီတစ်ခါတော့ PR ဌာနတစ်ခုလုံးတင်မဟုတ်ဘဲ Han Group ရှိဝန်ထမ်းတိုင်းနီးပါးအားလုံးသိသွားကြသည်။
ရင်ရှင်းမုန့်သည် လူတိုင်း၏စူးစမ်းလိုသောမျက်လုံးများကိုကြည့်ပြီး လျင်မြန်စွာထုပ်ပိုးကာထွက်ခွာသွားခဲ့သည်။
အန်းဟိုင်ကျန်းသည် ကုမ္ပဏီသို့ဝင်ရောက်လာသည့်ဝန်ထမ်းသစ်တစ်ဦးအနေဖြင့် ထိုအတင်းအဖျင်းအကြောင်းကိုအတိုင်းသားကြား သိနေရသည်။ သို့သော် သူမ၏အာရုံမှာကိုဖမ်းစားသွားစေသည့် စကားလုံးများမှာ "ဘာ ရှန်းချူးချူး ? နင် မှားပြောတာမဟုတ်ပါ ဘူးနော်"
"လုံးဝမမှားဘူး။ ဒါပေမယ့် ဒီကိစ္စကကြယ်ပွင့်နဲ့ မဆိုင်ပါဘူး။ ရင်ရှင်းမုန့်ကိုက ဝမ်းတွင်းမည်းနေတာ။ တမင်ထောင်ချောက်ထင်ပြီး ထောင်ဖမ်းတယ်ထင်တာပဲ"
"တော်တော်ယုတ်မာလွန်းတယ်။ အဲ့လိုအကျင့်ပျက်မျိုးက ရွံစရာကောင်းလိုက်တာ" အန်းဟိုင်ကျန်း ဒေါသတကြီးပြောလိုက်သည်။
"ဟုတ်တယ်၊ ငါတို့ကုမ္ပဏီမှာ သူရဲကောင်းတွေအမြဲတမ်းရှိတယ်၊ အရင်ကလည်း မန်နေဂျာကောင်းကို CEO ကထုတ်လိုက်တယ်၊ အခု ရင်ရှင်းမုန့်ကလည်း CEO ရဲ့ဝမ်းကွဲကို သွားထိပြီးနုတ်ထွက်သွားရရှာပြီ။ အဲဒီလိုလူတွေ အသက်ရှင်နေသေးတာကို ငါ ဖြင့်အံ့ဩမဆုံး။ လက်ထပ်ပြီး ချမ်းသာတဲ့တံခါးကနေလက်ထပ်ဝင်ချင်ရင် မှန်ထဲမှာ ကိုယ့်ကိုကိုယ် ဘယ်နှပေါင်လဲဆိုတာအရင်ကြည့်သင့်တယ်။"
"ဟုတ်ပါ့ ရင်ရှင်းမုန့်က တကယ်စိတ်အနှောင့်အယှက်ဖြစ်စရာပဲ"
သူ့သား ရင်ရှင်းမုန့်အားလက်ထပ်တော့မည်မဟုတ်ကြောင်း သူ့ဗိုက်ထဲကကလေးသည် သူ့မိသားစုမျိုးဆက်မဟုတကြောင်း လင်းကျားရှန်းသိပြီးနောက် မီးရှူးမီးပန်းဖောက်ကာပွဲကျင်းပခဲ့သည်။ နောက်ဆုံး သားဖြစ်သူသည် ထိုသို့သောမိန်းမမျိုးနှင့် လက်ထပ်စရာမလိုတော့ချေ။။ သို့သော် ရင်ရှင်းမုန့်အကြောင်းကိုကြားသိပြီးနောက် သူမအား အလွယ်တကူထွက်သွားခွင့်ပြုရန် မရည်ရွယ်ခဲ့ပေ။
သူ့သားကရိုးရှင်းပေမယ့် လင်းကျားရှန်းကိုတော့ ဒါမျိုးလာလုပ်လို့မရဘူး။ သတင်းပြန့်သွားပါကအခြားသူများ ၎င်းတို့အိမ်အား မည်သို့တွေးကြမည်နည်း။
လင်းကျားရှန်းသည် သူ့သားကိစ္စကျေးဇူးတင်ကြောင်းပြောဖို့ဖုန်းဆက်လာသဖြင့် မားမားဟန် ဒီကိစ္စကိုအရမ်းသိချင်နေခဲ့သည်။ တစ်နည်းဆိုသော် ကျန်းထန့်ကိစ္စအား သားဖြစ်သူမှဖြေရှင်းပေးခဲ့ခြင်းမဟုတ်ပါလား ?
ထို့ကြောင့် ဟန်ရှင်းယန်အိမ်ပြန်ရောက်သောအခါ မားမားဟန်က သိချင်စိတ်ပြင်းစွာဖြင့် "အမျိုးသမီးဝန်ထမ်းမှာ ပြဿနာရှိနေတာကို မင်း ဘယ်လိုရှာတွေ့တာလဲ?"
ဟန်ရှင်းယန် သူ့အမေကိုသံသယဖြင့်ကြည့်လိုက်သည်။
မားမားဟန်က "ထန့်ထန့်ကိုလက်ထပ်ချင်တဲ့ အမျိုးသမီးဝန်ထမ်းလေ၊ သူက မူမမှန်ဘူးဆိုတာ နင် ဘယ်လိုသိတာလဲ၊ ဒါက နင့်ပုံစံနဲ့ မတူပါဘူး၊ ဒါပေမယ့် တကယ်ကိုပရမ်းပတာပဲ"
ဟန်ရှင်းယန်သည် သူ့အမေ၏စကားများကိုကျင့်သားရလာပြီး "တကယ်တော့ အဲ့တာ ကျနော် ရှာတွေ့ခဲ့တာမဟုတ်ဘူး"
"ဒါ ဆိုအတွင်းရေးမှုးဝမ်လား ?" ဤရှင်းပြချက်သည် အလွန်ကျိုးကြောင်းဆီလျော်သည်ဟု မားမားဟန် ခံစားမိသည်။ အတွင်းရေးမှုးဝမ်သည် အလွန်အရည်အချင်းရှိသူဖြစ်သည်။ သို့ဖြစ်ရာ သူရှာတွေ့ခသည်မှာ အံ့သြစရာမဟုတ်ချေ။
မမျှော်လင့်ဘဲ၊ ဟန်ရှင်းယန်က "အဲ့ဒါ အတွင်းရေးမှုးဝမ် မဟုတ်ဘူး၊ အဲ့တာ တကယ်တော့ ချူးချူး ကျနော့်ကိုသတိပေးလိုက်တာ"
မားမားဟန် အံ့ဩသွားသည်- "သူ အဲ့တာကိုရှာတွေ့တာလား"
ဟန်ရှင်းယန် ခေါင်းညိတ်ပြီး "အင်း၊ ကုမ္ပဏီမှာ တခြားသူတွေပြောတာကို သူ ကြားခဲ့တာ"
မားမားဟန် ခေါင်းညိတ်ပြီး- "အင်း၊ မိန်းမတွေရဲ့ ပင်ကိုယ်သိစိတ်က အားကောင်းနေတဲ့ပုံပဲ၊ မင်းမြင်တဲ့အတိုင်းပဲ အစထဲက အဲ့ကောင်မလေးကိုမူမမှန်ဘူးလို့ ခံစားနေရတာ၊ ဒါကြောင့် နင်တို့ယောက်ျားတွေ ဒီလိုဟာမျိုးရှာတွေ့တာ မဖြစ်နိုင်ပါဘူးလို့ ထင်တော့ထင်သားပဲ"
ဟန်ရှင်းယန် ပြုံးကာခေါင်းညိတ်ပြီးဘာမှမပြောပေ။
မားမားဟန်က “ပြောမှပဲ၊ အဲ့နေ့က ငါကြားခဲ့သလို သူ မျက်နှာဖတ်ပြီးသိတာများလား ?”
ဟန်ရှင်းယန် ခေါင်းခါပြီး “ကျနော် မကြားမိဘူး…” ဟုပြောလိုက်ပေမယ့် အဲဒီနောက် ထျန်းတိမီဒီယာမှာဖြစ်ပျက်ခဲ့တာကို ရုတ်တရက်သတိရသွားသည်။ ထိုချိန် ချူးချူးက သူ၏အနာဂတ်ဇနီးသည် မည်သူမည်ဝါဖြစ်သည်ကို သူ သိကြောင်းပြောလာခဲ့သည်။ သူ့အား မြင်ရအောင်ကူညီပေးရမလားဟုမေးခဲ့သည်။
ဒါကိုတွေးရင်း ဟန်ရှင်းယန် ရုတ်တရက်ရပ်တန့်သွားသည်။
မားမားဟန်က "အင်း ? မင်း မသိဘူးလား? ငါ သိပြီ၊ သူမ တစ်ခုခုသိထားတာပဲဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် ငါ သူ့ကို အရမ်းသဘော ကျတယ်၊ မင်း သူ့ကို ကောင်းကောင်းဆက်ဆံနော်"
ဟန်ရှင်းယန် စိတ်ခံစားချက်တွေကိုစုစည်းပြီး "သား သိပါတယ် မားကလည်း"
နောက်တစ်နေ့ည Liyuan Apartment သို့ပြန်လာပြီးနောက် ဆိုဖာပေါထိုင်ကာဇာတ်ညွှန်းကြည့်နေသော ကောင်မလေးကို ကြည့်လိုက် ကာ ဟန်ရှင်းယန် အေးစက်စွာမေးလိုက်သည်။ "ချူးချူး၊ ကိုယ့်အနာဂတ်ဇနီးလောင်းကို မင်း သိတယ်လို့ပြောဖူးတယ်နော်"