အခန်း (၉၇)
Vol. 10 Ch. 97
ရှန်းချူးချူး၏လက်တို့သည် နောက်စာမျက်နှာအားလှန်ရန်လှမ်းနေစဉ် သူ့စကားသံကြောင့်ရပ်တန့်သွားသည်။ သူ(မ)သည် ဘေးတွင်ထိုင်နေသော ဟန်ရှင်းယန်ကို မျက်တောင်ပေကလက် ပေကလက်နှင့် ကြည့်လိုက်သည်။
"ရုတ်တရက် ရှင်ဘာလို့ အဲ့အကြာင်းသိချင်လာတာလဲ"
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ဆံပင်များကို ပွတ်သပ်လျက် သူ(မ)၏ပခုံးများကိုကိုင်လျက် အသက်ပြင်းပြင်းတစ်ချက်ရှုထုတ်လိုက်သည်။
"ကိုယ်သိချင်တာမဟုတ်ဘူး အတည်ပြုချင်တာ"
ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ လက်မောင်းကိုကိုင်လိုက်ပြီး "ကျွန်မ ရှင့်ကို အရင်က ဘာပြောခဲ့မိလို့လဲ"
ဟန်ရှင်းယန်သည် တခဏမျှတွေးကာ လေးနက်စွာဖြင့် "ဒီမှာ... မင် ကိုယ့်ကိုယ်ပြောပြရင် ကိုယ် အရမ်းပျော်မှာပဲ၊ ကိုယ်တို့အတူတူရှိနေကြပြီဆိုတော့ ကိုယ့်ကိုယ်ပြောပြလို့ရတယ်မဟုတ်လား"
ဟန်ရှင်းယန်သည် သူ့ကောင်မလေးမှာ သူ၏အနာဂတ်ဇနီးကိုသိပြီးတာတောင် သူ့အနားတွင် ရှိနေသဖြင့် သူ့အနာဂတ်ဇနီးမှာ သူ(မ)သာဖြစ်လိမ့်မည်မဟုတ်ပါလား ?
ရှန်းချူးချူးသည် ထိုစကားကိုကြားသည်နှင့် ရယ်မောကာ "ဟုတ်တယ်၊ ရှင် မှန်တယ်" ထို့နောက် သူ(မ)သည် ဟန်ရှင်းယန်ကိုကြည့်ကာ "ရှင် ဘယ်လိုပြောပြော ကျွန်မပြောမှာမဟုတ်ဘူး၊ နောက်ဆို ကျွန်မ ရှင့်ကိုပြောပြမှာပါ ဘာလို့ဆို ဒါက ကျွန်မရဲ့ တစ်ခုတည်းသောလျှို့ဝှက်ချက်ဖြစ်နေလို့"
ဟန်ရှင်းယန်၏မျက်လုံးများသည် တစ်ချက်ပြူးကျယ်သွားသော်လည်း သူ့ခေါင်းသည် နိမ့်ဆင်းလာကာ ထိုဆွဲဆောင်မှုရှိသော နှုတ်ခမ်းများကို ငုံထွေးပြီးလျှာကို ထုတ်လိုက်သည်။ ရှန်းချူးချူးသည် မောဟိုက်စွာ အိပ်ခန်းဆီသို့သာ လက်ညိုးညွှန်လိုက်သည်။
ဟန်ရှင်းယန်သည် သူ(မ)အား ချက်ချင်းပင်အိပ်ခန်းထဲရှိ ကုတင်ပေါ်သို့ခေါ်သွားလိုက်သည်။
ဤညသည် အချို့သောသူများအတွက် သာယာသောညချမ်းဖြစ်နိုင်သော်လည်း ရှန်းချူးချူးအတွက်တော့ ပျော်ရွှင်မှုနှင့် နာကျင်မှုရောယှက်လျက်ရှိသောညဖြစ် သည်။ ဟန်ရှင်းယန်သည် ထိုအရာများကို မည်သည့်နေရာမှ သင်ယူမှန်း သူ(မ) မသိတော့ချေ။ သူ၏ လှုပ်ရှား မှုများသည် တစ်ကြိမ်နှင့် တစ်ကြိမ်ပင်မတူပဲ လှည့်စားမှုများပို၍များလာသည်။
သူ(မ)သာ အကနှင့် ကိုယ်ခံပညာတစ်ချို့ကို အစထဲက အချိန်အတော်ကြာမလေ့ကျင့်ခဲ့ပါက သူ(မ) ယခုအချိန်တွင် မတ်တပ်ပင်ရပ်နိုင်လိမ့်မည်မဟုတ်ချေ။
သူ(မ)တစ်နေကုန် ပင်ပန်းနေသဖြင့် ယခုအခါ မျက်လုံးပင်မဖွင့်နိုင်တော့ချေ။ ဟန်ရှင်းယန် သူ(မ)ကို မည်သည့်အချိန် ရေချိူးပေးလဲအား မသိတော့သည်အထိပင်။ သူ(မ) မျက်လုံးဖွင့်ချိန် ကြွက်သားများပေါ်တွင် နီရဲရဲ ကုတ်ခြစ်ရာများနှင့် ပြည့်နှံနေသော ရင်ဘတ်ကိုမြင်လိုက်ရချိန် သူ(မ)တို့ မနေ့ညက မည်မျှအထိ ခရီးရောက်သွားကြောင်းပြန်မှတ်မိလာသည်။
"နိုးပြီလား ?" ဩရှရှအသံသည် သူ(မ) ခေါင်းထက်မှ ပျံ့လွင့်လာသည်။
ရှန်းချူးချူးသည် ထိုအသံကိုကြားလိုက်ရချိန် သူ(မ) မျက်နှာသည် နီရဲသွားပြီး အိပ်ချင်မူးတူးအသံဖြင့်
"အွန်း"
"မင်း ပြန်အိပ်ချင်သေးလား ?"
"ဘယ်နှစ်နာရီရှိပြီလဲ ?"
ရှန်းချူးချူးသည် အချိန်မစောတော့ဟု ခံစားမိသော် လည်း မည်သည့်အချိန်ဖြစ်သည်ကိုတော့ မမှန်းဆနိုင်ချေ။
"9:50 ခဏလောက်ထပ်အိပ်လိုက်ဦး၊ ကိုယ် မင်းစားဖို့ ဟင်းချက်လိုက်ဦးမယ်"
ရှန်းချူးချူး သံသယဖြစ်စွာဖြင့် "ရှင် အလုပ်မသွားရဘူးလား ?"
ဟန်ရှင်းယန် ပြုံးကာ "ဒီနေ့က ပိတ်ရက်လေ ချူးချူးကလည်း"
"အာ ကျွန်မမေ့နေတာ"
ဟန်ရှင်းယန် ထလိုက်သောအခါ ရှန်းချူးချူးသည် ထိုတင်းမာနေသော ကြွက်သားများကို ပိုမိုထင်ရှားစွာတွေ့လိုက်ရသဖြင့် မနေ့ညက အဖြစ်အပျက်များမှာ သူ(မ) မှတ်ဉာဏ်ထဲ ပြေးလွှားလာကာ ထိုကြွက်သားများကို လက်မလှမ်းပဲမနေနိုင်ချေ။
သူ(မ)လက်အောက်ရှိ ကြွက်သားများသည် ပိုတင်းမာလာသည်။
ဟန်ရှင်းယန်၏ လှုပ်ရှားမှုများရပ်တန့်သွားပြီး ရှန်းချူးချူးကိုကြည့်ကာ “ကျေနပ်ပြီလား”
ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ ခန္ဓာကိုယ်ပေါ်ရှိ အပြောင်းအလဲများကို ခံစားမိကာ သူ၏ အန္တရာယ်များ ရစ်သန်း နေသော အသံကြောင့် သူ(မ)လည်း စောင်ကိုမြှောက်ကာ ခေါင်းအထိလွှမ်းခြုံလိုက်ပြီး- "ကျေနပ်ပြီ၊ ရှင် မြန်မြန်ထတော့၊ ကျွန်မ ဗိုက်ဆာနေပြီ"
ဟန်ရှင်းယန်သည် ရှန်းချူးချူး၏ ခေါင်းပေါ်ရှိ စောင်ကို ညင်သာစွာ ဆွဲလိုက်ပြီး "ဗိုက်ဆာနေပြီလား ?"
ရှန်းချူးချူးသည် တမင်တကာ သနားစရာကောင်းဟန်ဆောင်ကာ "အင်း ကျွန်မ ဗိုက် အရမ်းအရမ်းဆာနေပြီ၊ မြန်မြန်ချက်ပေးနော်"
ဟန်ရှင်းယန်သည် ကူကယ်ရာမဲ့စွာ ခေါင်းကိုခါယမ်းလိုက်ပြီး သူ(မ)ပါးပြင်လေးကို ငုံ့ကိုင်းနမ်းလိုက်ပြီး "ကောင်းပြီ၊ ညက ကိုယ် မင်းကို ဘယ်လိုသန့်ရှင်းရေးလုပ်ပေးထားလဲ ကြည့်လိုက်ဦး"
သူ ပြောပြီးသည်နှင့် ထသွားသည်။ ရှန်းချူးချူး အနည်း ငယ်ထိတ်လန့်သွားပြီး သူ(မ)ရင်ဘတ်ကို သူ(မ) မြန်မြန်ကြည့်လိုက်သည်။ အဲ့လူက တကယ့်ကို ဆာလောင်နေတဲ့ ဝံပုလွေကြီးပဲ!
ညစာစားပြီးနောက် ဆယ့်နှစ်နာရီထိုးပြီဖြစ်သည်။
သူ(မ) လူရွေးပွဲသွားရန် နှစ်ရက်ကျန်သေးသည်။ ဤဇာတ်ညွှန်းကို ရှန်းချူးချူးသည် အကြိမ်များစွာ ဖတ်ထားပြီး တစ်ခါတစ်ရံ ဝမ်ချမ့်နှင့်ပင်သရုပ်ဆောင်ကြည့်သေးသည်။
ဟန်ရှင်းယန်သည် "မင်းဒါကို မရွေးလည်းရတယ်မဟုတ်လား ? ဘာလို့ ဒီလောက်တောင် ကြိုးစားနေရတာလဲ"
သူ့ကောင်မလေး၏ကြိုးစားအားထုတ်မှုကြောင့် သူတောင် မြင်ရတာပင်ပန်းမိသည်။
ရှန်းချူးချူးသည် ခေါင်းယမ်းပြီး "ရွေးလား မရွေးလားဆိုတာနဲ့ မဆိုင်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ဒါရိုက်တာရဲ့စိတ်ထဲ စွဲထင်သွားအောင်လုပ်နိုင်ရမယ်၊ ကြိုးစားတဲ့သူတွေမှာ အခွင့်အလမ်းဆိုတာသေချာပေါက်ရှိတယ်၊ ဒါရိုက်တာမှာ ကျွန်မအတွက် သင့်တော်တဲ့ ဇာတ်ကောင်တစ်ခုရှိလာရင် ဘယ်လိုလုပ်မလဲ“
ဟန်ရှင်းယန် ခေါင်းညိတ်ပြီး "ကောင်းပါပြီ၊ ငါတို့မိသားစုဝင်က အတော်ဆုံးပဲ"
ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ပါးကို နမ်းလိုက်ကာ "ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ သိပ်ဘ၀င်ကျသေးတဲ့ အခန်းတစ်ခုရှိတယ်၊ အဲ့ဒါ ရှင် ကျွန်မနဲ့အတူတူ သရုပ်ဆောင်ပေးနိုင်မလား"
ထိုအရာသည် ဟန်ရှင်းယန်အတွက် လတ်တလော ခက်ခဲနေသည့်အရာပင်။ ရှန်းချူးချူး ပြောသည်ကိုကြား လိုက်ရချိန် သူ့မျက်နှာသည် ပြောင်းလဲသွားသည်။
ရှန်းချူးချူးသည် ဟန်ရှင်းယန်မှာ ထိုအရာကို မကြိုက်ကြောင်းသိသော်လည်း ယခုအချိန်တွင် သူ(မ) အနီးနားတွင် သူကလွဲ၍သင့်လျော်သောလူမရှိသဖြင့် “ရတယ်မလား ရတယ်မလားလို့"
ဟန်ရှင်းယန်သည် ခေါင်းငုံ့ကာ ဇာတ်ညွှန်းကို တစ်ချက်ကြည့်လိုက်ပြီး "ဒီဇာတ်ညွှန်းမှာပါတဲ့ အကြောင်းအရာတွေအားလုံးကို ပြောရုံပဲမလား"
ရှန်းချူးချူးသည် ခေါင်းညိတ်ကာ "ဟုတ်တယ်"
ဟန်ရှင်းယန်သည်လည်း ထိုအခါမှ ဝမ်းသာအားရဖြင့် "ကောင်းပြီ"
သူ(မ)ကို နောက်ဆုံးတစ်ခေါက် ကူညီခဲ့တုန်းက သူတော်တော်ကြီးအကျပ်ရိုက်ခဲ့သည်။ သူသည် စာကြောင်းများကို တစ်ကြောင်းပြီး တစ်ကြောင်းပြောကာ အဆုံးထိ ချောချောမွေ့မွေ့ပြောနိုင်ခဲ့သည်။
ရှန်းချူးချူးသည်လည်း " နောက်ဆုံးအကြိမ်တုန်းကထက်တော့ ပိုကောင်းလာပါပြီ"
ဟန်ရှင်းယန်သည် မရေရာစွာမေးလိုက်သည်။ "အင်း ? ပြီးသွားပြီလား?"
ရှန်းချူးချူးသည် ဇာတ်ညွှန်းကိုတစ်ချက်ကြည့်လိုက် ကာ "ရှင်က မပြီးသေးဘူး၊ ပြောချင်တာလား"
ဟန်ရှင်းယန်သည် နှုတ်ခမ်းများကို တစ်ချက်သပ်ကာ ဇာတ်ညွှန်းပေါ်လက်ထောက်ပြပြီး "ဒီမှာ ဇာတ်ကွက်တစ်ခုရှိသေးတယ်လေ၊ မင်း ဘယ်လိုလုပ်ကျော်သွားတာလဲ"
ရှန်းချူးချူးသည် ဟန်ရှင်းယန်ထောက်ပြသော နေရာကိုကြည့်ကာ ထိုထဲတွင် 'သူတို့နှစ်ယောက်သည် ဆိုဖာပေါ်၌ တစ်ညလုံးအိပ်နေကြသည်' ဟူသော စကားကို တွေ့လိုက်ရာ သူ(မ) မျက်နှာသည်လည်း ချက်ချင်းပင် နီရဲတွက်သွားသည်။ သူ(မ)သည် ဟန်ရှင်းယန်ကို မျက်စောင်းခဲကြည့်ကာ " ရှင် ဘာတွေတွေးနေတာလဲ၊ လူရွေးပွဲမှာ ဒီလိုဇာတ်၀င်ခန်းကို သရုပ်ဆောင်ခိုင်းပါ့မလား"
ဟန်ရှင်းယန်သည် သူ(မ)နှုတ်ခမ်းများကို နမ်းလိုက်ပြီး ရှန်းချူးချူးအား ပူလောင်သည့်အကြည့်ဖြင့် ကြည့်ကာ "ဒါပေမဲ့ မင်း ကြိုပြင်သွားသင့်တယ်မဟုတ်ဖူးလား"
သူသည် တဖြည်းဖြည်း ရှန်းချူးချူးအနား တိုးကပ်လာကာ အချိန်ခဏအကြာတွင် ၎င်းတို့နှစ်ယောက်သည် ဆိုဖာထက် မောဟိုက်လျက်ရှိသည်။
ဟန်ရှင်းယန်သည် စိတ်ကျေနပ်သွားပြီဖြစ်သဖြင့် "ဒီအခန်းက လူရွေးပွဲမှာပါမှာမဟုတ်သလို၊ ဘယ်ရုပ်ရှင်ထဲမှာမှ ပါမှာမဟုတ်ဘူး"
ရှန်းချူးချူးသည်လည်း တွေးလိုက်မိသည်။ ဒါရျုက်တာကျိုးလည်း ဒီလိုဇာတ်၀င်ခန်းမျိုး လုံး၀ရိုက်မှာမဟုတ်ဘူး..
နှစ်ရက်အကြာတွင် ရှန်းချူးချူးသည် ဝမ်ချမ့်နှင့်အတူ လူရွေးပွဲသို့သွားလိုက်သည်။
ကံကောင်းထောက်မစွာ လူရွေးပွဲနေရာသည် မြို့တော်တွင်သာဖြစ်သဖြင့် သူ(မ) ဝေးလံစွာသွားစရာမလိုချေ။
မင်းသမီးအချို့သည်လည်း လူရွေးပွဲလာဖြေကြပြီး ၎င်းတို့အားလုံးသည် ခပ်တိုတိုနှုတ်ဆက်ကာ တသီးတခြားထိုင်နေကြသည်။
ရှန်းချူးချူးသည် ထူးခြားမှုအနည်းငယ်တွေ့ရှိခဲ့သည်။ လူရွေးပွဲလာသည့်လူများထဲတွင် သူ(မ)ထက်ပင် ငယ် ရွယ်သည့်သူများလည်းပါသည်။ ၎င်းတို့အားလုံးသည် အနုပညာကျောင်းကျောင်းသားများ ဖြစ်ဟန်တူသည်။ အမျိုးသမီးစတားများသည်တော့ အသက်သုံးဆယ် (သို့မဟုတ်) လေးဆယ်အရွယ်ဖြစ်သည်။
၎င်းတို့အားလုံးသည် Female leade အဖြစ် လူရွေးခံရန်လာခြင်းဖြစ်သည်။
ရှန်းချူးချူး၏ စိတ်ထဲတွင် ရုတ်တရက်ထင်မြင်ယူဆ ချက်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူ(မ)သေချာအတည်မပြုနိုင်ချေ။
ရှန်းချူးချူး၏ထင်မြင်ယူဆချက်ကို မကြာမီအတည်ပြုနိုင်လိုက်သည်။ ၀န်ထမ်းများသည် ၎င်းတို့အား အုပ်စုဖွဲ့ရန် စီမံပေးလာကာ ငယ်ရွယ်သောသူများကို အုပ်စု A တွင်ထားပြီး လူကြီးများအား အုပ်စု B တွင်ထားသည်။
ရှန်းချူးချူးသည် Group A မှ အမျိုးသမီးစတားများကို ကြည့်လိုက်ရာ သူ(မ)လည်းမျှော်လင့်ချက်ရှိကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
Group B မှ အမျိုးသမီးစတားများသည် ပုံမှန်အားဖြင့် ပြည်တွင်းတွင် ပထမအဆင့်စတားများ (သို့မဟုတ်) နိုင်ငံတကာတွင်လည်း နာမည်ကြီးသော စူပါစတားများဖြစ်သည်။ သူ(မ)တို့အဖွဲ့ A ရှိ သရုပ်ဆောင်များသည် အများအားဖြင့် အလွန်ငယ်ကြသည်။ သို့သော် ထိုထဲတွင် ကလေးသရုပ်ဆောင် လုပ်ဖူးသည့်သူများလည်းပါသောကြောင့် အရည်အချင်းကို လျှော့တွက်၍မရပေ။
မကြာခင်တွင် လူရွေးပွဲ စတင်ခဲ့သည်။ ရှန်းချူးချူးတို့အဖွဲ့တွင် စုစုပေါင်း လူ၅ ဦး ပါ၀င်ပြီး သူ(မ)သည် ၄ ယောက်မြောက်ဖြစ်သည်။
Group A ကိုဦးစွာ စစ်ဆေးလုပ်ပြီးမှအခြားသော အဖွဲ့များကို စစ်ဆေးမှု ပြုလုပ်မည်ဖြစ်သည်။ ဒါရိုက်တာသည် ထိုသို့စီစဉ်ထားသော်လည်း လူရွေးပွဲကျင်းပရာနေရာမှာ ကော်ဖီဆိုင်ကြီးတွင်ဖြစ်သောကြောင့် မည်သူမှ စောဒကမတက်ကြချေ။
တစ်နာရီလောက်အကြာတွင် ချူးချူးအလှည့်သို့ ရောက်ရှိလာသည်။
သူ(မ) အထဲသို့ဝင်ပြီးနောက် တီဗီတစ်ခုကိုမြင်လိုက်ရပြီး လူလေးယောက်ထိုင်နေသည်ကိုသာ သိလိုက်ရာ မည်သူတွေလဲဆိုတာတော့ မသိချေ။
ရှန်းချူးချူးသည် စိတ်ကိုပြင်ဆင်ပြီးနောက် သူ(မ)ကိုယ်သူ(မ) မိတ်ဆက်လိုက်သည်။ ထို့နောက် ဒါရိုက်တာပြောမည့်စကားကို စောင့်ဆိုင်းနေလိုက်သည်။
"ချစ်တဲ့သူနဲ့တွေ့ရင် ဘယ်လိုမျိုး ခံစားချက်ဖြစ်လဲဆိုတာ သရုပ်ဆောင်ပြပါ"
ရှန်းချူးချူးသည် ဒါရိုက်တာမှာ ဇာတ်ညွှန်းအား တိုက် ရိုက်သရုပ်ဆောင်ခိုင်းမည်ဟုထင်မိသော်လည်း ယခုလို အခြေခံ ခံစားချက်မျိူးသရုပ်ဆောင်ခိုင်းလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ရှန်းချူးချူး ဆယ်စက္ကန့်အကြာလောက် အာရုံစုစည်းပြီးနောက် စတင်သရုပ်ဆောင်ခဲ့သည်။
ချစ်ရသည့်သူကို တွေ့လိုက်ရသောအခါ နှလုံးသားလေးသည် သမင်တစ်ကောင်ပမာ ခုန်ပေါက်ပြေးလွှာနေလိမ့် မည်၊ အခြားသူများသတိမပြုမိစေရန် နှလုံးသားကို အလွှာတွေအထပ်ထပ်နဲ့ဖုံးလို့ တုန်ရီနေသော နှလုံးသားကိုဖုံးကွယ်ထားသည်။ ထိုသို့သောဇာတ်၀င်ခန်းသည် ရှန်းချူးချူးအတွက် အနည်းငယ်ခက်သည်။ သူ(မ) သည် လူတစ်ယောက်ကိုသာ တိတ်တဆိတ်ချစ်ခဲ့ဖူး သည်။
ရှန်းချူးချူးသည် ချက်ချင်းပင် သူ(မ) ခံစားချက်များကို ဟန်ရှင်းယန်ထံတိုက်ရိုက်အစားထိုးလိုက်သည်။
ဒါရိုက်တာကျိုး မည်သည့်စကားမှမပြောသော်လည်း ခေါင်းညိတ်ပြကာ ဇာတ်ညွှန်းထဲရှိအကြောင်းအရာတစ်ခုကို သရုပ်ဆောင်ခွင့်ပေးလိုက်သည်။
ဤဇာတ်၀င်ခန်းသည် တက္ကသိုလ်ကျောင်းသူ မိန်းက လေးနှင့် သူ(မ)၏ အချစ်ဦးကြားရှိ အကြာင်းအရာဖြစ် ပြီး အဖြစ်အပျက်တစ်ခုဖြစ်သည်။ ရှန်းချူးချူးသည် ဒါရိုက်တာ၏စကားကိုကြားချိန် အချက်တစ်ချက်ကို သတိပြုမိလိုက်သည်။ ဤဒရာမာတွင် အမျိုးသမီးဇာတ်လိုက်အဖြစ် သရုပ်ဆောင်ရန် လူနှစ်ဦးလိုအပ်မည်ဖြစ် သည်။ မတော်တဆမှုဖြစ်ပြီးနောက်တွင် အခြားတစ်ယောက်ကို အစားထိုးပြီးအသုံးပြုမည်ဖြစ်သည်။ သို့ဖြစ်ရာ သူ(မ)တို့အဖွဲ့ A သည် မတော်တဆမဖြစ်ခင်တုန်းက အချိန်ကိုသာသရုပ်ဆောင်ရမည်။
ရှန်းချူးချူး စိတ်လျှော့ကာ စတင်သရုပ်ဆောင်တော့ သည်။
ရှန်းချူးချူး၏ဖျော်ဖြေမှု ပြီးဆုံးသည်အထိ ဒါရိုက်တာသည် မည်သည့်တစ်ခွန်းမှမပြောချေ။
ရှန်းချူးချူးသည် ပြုံးကာ ဒိုင်လူကြီးများကို ဦးညွှတ်ပြီး ထွက်လာလိုက်သည်။
ကျန်တစ်ဆင့်သည့် သတင်းကို စောင့်ဆိုင်းနေရုံပင်။ ရိုးသားစွာ ပြောရပါက သူ(မ) လူရွေးပွဲသို့မ၀င်သေးခင် မျှော်လင့်ချက်တစ်ချို့ရှိနေဆဲဖြစ်သော်လည်း မစ္စတာကျိုး၏အမူအရာကိုမြင်ပြီးနောက် မျှော်လင့်ချက်သိပ်ကြီးကြီးမားမားမရှိပေ။
ဤအရာသည် အနည်းငယ်စိတ်မသက်မသာဖြစ်နိုင်သော်လည်း ထိုသည်မှာ အတွေ့အကြုံတစ်ခုဖြစ်သည်။ ယခုချိန်တွင် သူ(မ)၏သရုပ်ဆောင်မှုစွမ်းရည်သည် အမှတ် ၇၀ ကျော်ရှိသော်လည်း အချို့ဇာတ်ကောင်များအပေါ် သူ(မ)အံ၀င်ခွင်ကျသရုပ်မဆောင်နိုင်သေးချေ။
ရှန်းချူးချူးသည် ထိုသည်ကိုတွေးလျက် ဝမ်ချမ့်နှင့်အတူထွက်လာလိုက်သည်။
ရှန်းချူးချူးသည် ကားပေါ်ရောက်သည်နှင့် ကားပါကင်တွင် သူ(မ) ရင်းနှီးသော မင်းသမီးတစ်ဦးကိုမြင်လိုက်ရသည်။ ထိုမင်းသမီးသည် သူစိမ်းအမျိုးသားတစ်ဦးနှင့် နီးကပ်စွာလျှောက်လာသည်။ ထိုလူသည် ခေါင်းကိုငုံ့ကာ မင်းသမီးကိုနမ်းလိုက်သည်။ ရှန်းချူးချူး ချက်ချင်းသွားကူညီဟန် ပြင်လိုက်သော်လည်း မင်းသမီးသည်အလိုတူအလိုပါ ထိုအမျိုးသား၏လည်ပင်းကိုသိုင်းဖက်ထားကြောင်းတွေ့လိုက်သည်။ ၎င်းတို့နှစ်ဦးသည် ဆယ်စက္ကန့်မျှသာနီးကပ်စွာရှိနေပြီး ချက်ချင်းပင်ခွာလိုက်ကြသည်။
ဝမ်ချမ့်နှင့် ရှန်းချူးချူးတို့သည် တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်စိုက်ကြည့်ကာ ရှန်းချူးချူးက "စောနကမြင်လိုက်တာကို ဘယ်သူ့ကိုမှမပြောနဲ့၊ ထပ်လည်းမကြည့်နဲ့တော့"
ဝမ်ချမ့် ခေါင်းညိတ်ပြီး "ဟုတ်ကဲ့၊ ကျွန်မ မပြောပါဘူး၊ တကယ်လို့ ကျွန်မပြောရင်တောင် ဘယ်သူ့မှယုံကြမှာမဟုတ်ဘူး"
ရှန်းချူးချူးလည်း ထောက်ခံလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုမင်းသမီးထံ ခင်ပွန်းနှင့် သားသမီးများရှိသောကြောင့်ပင်။