← Chapters

အခန်း (၁၁၀)

Vol. 11 Ch. 110

အခန်း (၁၁၀)

Vol. 11 Ch. 110

ရှန်းချူးချူး၏ စကားများသည် လွင်ထီးခေါင်ခေါင်တွင် မိုးခြိမ်းသည့်ပမာ အားလုံးကြက်သေသေသွားစေသည်။ သတင်းထောက်များသည် ထိုသို့ သတင်းမျိုးရဖို့မမျှော် လင့်ထားချေ။

"မင်းနဲ့ စေ့စပ်ထားတဲ့ သူ ? ဒါဆို မကြာခင် လက်ထပ်တော့မှာလား"

"မင်းကောင်လေးက ဘယ်သူများလဲ၊ ဒီအသိုင်းအဝိုင်းထဲကပဲလား"

ရှန်းချူးချူး ပြုံးကာ- "ကျွန်မတို့ အိမ်ထောင်ပြုဖို့စီစဉ်ထားပါတယ်၊ သူက အပြင်လူမို့လို့ မနေ့က ကျွန်မတို့ကို ဓာတ်ပုံရိုက်ခဲ့တဲ့သတင်းထောက်မှာ သူ့ပုံများရှိခဲ့ရင် သူ့နောက်ကျောပုံလေးပဲ တင်ပေးဖို့တောင်းဆိုပါတယ်၊ သူက နောက်ကျောကကြည့်ရင်တောင် တော်တော်လေး ခန့်ညားနေပြီရယ်"

"မနေ့က မင်းရဲ့ကောင်းလေးရော အတူရှိနေတာ သေချာလို့လား ?"

မယုံကြည်သည့် သတင်းထောက်မှ ဆက်မေးလာသည်။

ရှန်းချူးချူး ထိုသတင်းထောက်၏ မျက်နှာကို စိုက်ကြည့်ကာ "သေချာပါတယ်၊ ကျွန်မ သူနဲ့ ကမ်းခြေကို လာခဲ့တာ၊ အဲ့မှာ ရယ်ကောနဲ့ သူ့လက်ထောက်ကိုတွေ့ခဲ့ပါတယ်၊ ရယ်ကောကြည့်ရတာ စိတ်အဆင်‌မပြေတဲ့ပုံပေါ်လို့ ကျွန်မသူနဲ့စကားပြောပြီးတာနဲ့ ကျွန်မရဲ့စေ့စပ်ထားတဲ့သူနဲ့ ဟိုတယ်ကိုပြန်လာတာပါ"

သတင်းထောက်များသည် အမှန်တရားကိုကြားသိပြီးနောက်တွင် ထပ်မံမေးမြန်းရန် စိတ်မဝင်စားတော့ဘဲ အားလုံး အလျှိုလျှိုထွက်ခွာသွားသည်။

မကြာခင် ကမ်းခြေတွင် လက်တွဲလျှောက်နေသည့် ဟန်ရှင်းယန်နှင့် ရှန်းချူးချူးတို့၏နောက်ကျောမှရိုက်ထားသည့် ဓာတ်ပုံများထွက်ပေါ်လာပြီး Weibo ပေါ်ရှိ လေသံများလည်းပြောင်းလဲသွားသည်။

"ဒီပါပါရာဇီတွေက အလုပ်ကိုလေးလေးနက်နက်မလုပ်ကြပါလား ? သူတို့က အဓိကအရာကိုတောင် အလွယ်လေးဖယ်လိုက်ကြတယ်ပေါ့ [ಠ⁠_⁠ʖ⁠ಠ]"

"ငါတို့ အဲ့လိုလုပ်လို့မရဘူးဆိုတာ ငါ သိပေမဲ့ကွာ၊ အခုလိုသတင်း‌ထွက်လာတော့ ငါ့မျက်နှာက နာကျင်မှုတွေကို မင်းတို့ မြင်ကြရဲ့လား [(⁠•⁠‿⁠•⁠)]"

"ဒီလူရဲ့နောက်ကျောက အရင်လေဆိပ်မှာလာကြိုတယ်ဆိုတဲ့သူနဲ့တူတယ် မင်းတို့ရော ဘယ်လိုထင်လဲ ငါတော့ အရမ်းပျော်တာပဲ [(⁠≧⁠▽⁠≦⁠)]"

"ငါတို့ရဲ့ရယ်ကောက အရမ်းသနားစရာကောင်းတာပဲ၊ ရယ်ကောကို နှစ်သိမ့်ပေးလို့ ချူးချူးကိုကျေးဇူးတင်ပါတယ် [(⁠ᵔ⁠ᴥ⁠ᵔ⁠)]

ရှန်းချူးချူးသည် ရယ်ချီရှန်အားပြောပြစရာရှိ၍ ရှာနေသော်လည်း ဆယ်နာရီကျော်လောက်အထိ ရယ်ချီရှန်၏ အရိပ်တောင်မှ သူ(မ) မဖမ်းမိသေးချေ။ ၀န်ထမ်းအား မေးကြည့်လိုက်သောအခါ သူ အအေးမိလို့ နေ့ခင်းမှလာမည်ဟုပြောလာသည်။

နေ့လည်ခင်း သူ(မ) ရယ်ချီရှန်ကိုတွေ့လိုက်ရချိန် သူသည် ဦးစွာစကားစလာသည်။

"လိုင်းပေါ်ကသတင်းတွေကို တစ်ခါတည်းဖြေရှင်းပေးလို့ ကျေးဇူးပဲ"

"ရပါတယ်၊ ကျွန်မလည်း သူတို့ကို နားလည်မှုမလွဲစေချင်လို့ပါ"

ရယ်ရှီချန်မျက်နှာသည် သိပ်မဟန်ပဲ "ငါလည်း နားလည် မှုလွဲမှာဆိုးမှာဆိုးတာကို တစ်ခါတည်းဖြေရှင်းခဲ့မိရင် အကောင်းသား၊ ဒါပေမဲ့ အခုတော့ ငါ့ကို နားလည်မှုလွဲမဲ့သူတောင် မရှိတော့ဘူး"

ရှန်းချူးချူး၏နှုတ်ခမ်းများသည် အနည်းငယ်လှုပ်ခတ်သွားသော်လည်း အနီးအနားရှိ ဝန်ထမ်းများကို မြင်လိုက်ရသဖြင့် "ကော.. ကျွန်မမှာ ကောကိုပြောစရာရှတယ်"

ရှန်းချူးချူးတို့သည် လူတစ်ယောက်မှမရှိသည့်လျှောက် လမ်းတွင်ရပ်ကာ "ရယ်ကော ဟိုနေ့က ကျွန်မကို အစ်မရဲ့ ပုံပြတယ်လေ၊ အဲ့တာ အစထဲက ရင်းနှီးနေတယ်မှတ်တာ ဘယ်ဟုတ်မလဲ ကျွန်မ လက်ထောက် သတိပေးတော့မှ ကျွန်မ အမှတ်ရသွားတယ်"

"အင်း ?"

ရယ်ချီရှန်သည် သူ့ဇနီးဟောင်းအကြောင်းမှန်း သိလိုက်သဖြင့် စိတ်ဝင်စားစွာမေးလိုက်သည်။

"ဒါက ပြီးခဲ့တဲ့နှစ်တုန်းက သတင်းထောက်တစ်ယောက်က ကျွန်မကို သားဖွားမီးယပ်ဌာနမှာ ဗိုက်ကြီးနဲ့ ပုံကိုရိုက်မိခဲ့တယ်တဲ့၊ သူ ကျွန်မကိုခြိမ်းခြောက်ပြီးပိုက်ဆံတောင်းချင်ပေမဲ့ ကျွန်မရော ကျွန်မအေးဂျင့်ရော အကုန်လုံးဝိုင်းစုပြီးကြည့်တဲ့အချိန် အဲ့တာက ကျွန်မ မဟုတ်ဘူး၊ မနေ့က အစ်မရဲ့ပုံကိုမြင်မှ ကျွန်မလက်ထောက်က ပြန်သတိ ရသွားပြီး အဲ့တုန်းက ကိုယ်၀န်ဆောင်ထားတဲ့ အမျိုး သမီးရဲ့ပုံနဲ့ အတူတူပဲဆိုတာသိတာ"

ရှန်းချူးချူး ရယ်ချီရှန်၏ တင်းမာနေသောမျက်နှာကို ကြည့်ကာ "ဒါနဲ့ ကျွန်မ မနေ့က ကောနဲ့ အစ်မမှာ ကလေးရှိနေပြီလားလို့ မေးတာကလေ အချိန်ကိုတွက်ကြည့်လိုက်မယ်ဆို အဲ့တုန်းက အစ်မရဲ့ကိုယ်၀န်က ခုနစ်လရှစ်လလောက်ရှိနေလောက်ပြီ.."

ထိုစာကြောင်းကိုနားထောင်ပြီးနောက် ရယ်ချီရှန် တစ်ခုခုကိုတွေးနေပုံရပြီး သူ့မျက်လုံးများသည် ရုတ်တရက်ပြူးကျယ်သွားရသည်။

လီယွမ် တစ်ချိန် သူ့ကိုမေးခဲ့သည်၊ 'ကလေးတစ်ယောက်ရလာရင် ရှင်ဘာလုပ်မလဲ' သူလည်း စိတ်လှုပ်ရှားစွာ ပြန်ဖြေခဲ့သည် 'ကိုယ် အဲ့ကလေးကိုကာကွယ်ပေးမယ်'။ ထို့အပြင် သူ(မ) နောက်ဆုံးအချိန်ကပြောခဲ့သော စကားများအတွက် သူ အဖြေရှာတွေ့သွားသလိုပင်။

ရယ်ရှီချန်၏ပါးစပ်များသည် အံဩများကြောင့် ပွင့်ဟနေပြီး ခြေမကိုင်မိလိုက်မကိုင်မိဖြစ်နေမိသည်။ သူသည် ၀မ်းသာစွာ ရှန်းချူးချူး၏ပခုံးအားဆွဲကိုင်လိုက်ပြီး

"ကျေးဇူးတင်ပါတယ် ချူးချူး!"

ထိုစ် ရယ်ချီရှန်၏ဖုန်းမြည်လာခဲ့သည်။

"မား... ဘာပြောစရာရှိလို့လဲ၊ ကျွန်တော်သွားစရာရှိလို့ နောက်မှပြန်ခေါ်လိုက်မယ်နော် "

ရယ်ချီရှန်သည် စိတ်လှုပ်ရှားနေသည့်အသံဖြင့် မြန်မြန်လက်စသတ်လိုက်သည်။

သူ ဖုန်းချပြီးနောက် စိုးရိမ်တကြီးဖြင့် "ချူးချူး မင်းဒါရိုက်တာကို ကြည့်ကြပ်ပြောပေးပါပြီး၊ ငါဒီနေ့ ပြန်မလာနိုင်တော့ဘူး"

ရှန်းချူးချူး ရယ်ချီရှန် သွားမည့်နေရာကိုသိဖြင့် "ကောင်းပြီ၊ အောင်မြင်ပါစေလို့ ကျွန်မဆုတောင်းပေးပါတယ်"

"ကျေးဇူးပဲ"

ဒါရိုက်တာသည် ရယ်ချီရှန် ပြန်ထွက်သွားကြောင်းကြား လိုက်ရချိန် ရက်အနည်းငယ်ကြာအောင် အောင့်အီး‌ထားသောဒေါသများစုပြုံထွက်လာသည်။ ရှန်းချူးချူးသည် ဒါရိုက်တာကို တိတ်တဆိတ်ပြောလိုက်သည်။-

"ရယ်ကောရဲ့ မိသားစု၀င်တစ်ယောက်က ရုတ်တရက် မူးလဲသွားလို့ အလောတကြီးထွက်သွားရတာနဲ့ ဒါရိုက်တာကိုပြောဖို့အချိန်မရှိတာပါ"

ဒါရိုက်တာသည် မိသားစု၀င်၏ကျန်းမာရေးကြောင်ဟု သိလိုက်သောအခါ ဘာမှပြန်မပြောနိုင်တော့ချေ။ အ‌ဆုံးတွင် သူ(မ)တို့လည်း ၎င်း၏ဒေါသအိုးလက်မှလွတ် မြောက်ခဲ့ရသည်။

မမျှော်လင့်စွာပင် ရယ်ချီရှန်သည် တစ်ပတ်တိတိပြန်မလာခဲ့ချေ။

ရယ်ချီရှန် ပြန်လာသည့်အခါ သူသည် ယခင်ကလူနှင့် လုံးဝကိုကွဲပြားသွားသည့်ပမာပင်။

သူသည် ပြုံးချိုနေသောမျက်နှာဖြင့် လူတိုင်းကို ဖော်ရွေနေကာ ဟာသပင်ဖောက်နေသည်။ ရုပ်ရှင်မရိုက်ရသည့်အခါတွင်လည်း ယခင်ကလို တစ်ယောက်တည်း မှိန်းမနေတော့ဘဲ ဖုန်း‌ပြောတာဖြစ်စေ၊ မက်ဆေ့ချ်ပို့တာဖြစ်စေ လက်ထဲကဖုန်းကို မချတော့ပေ။ အချို့အချိန်များသည်တော့ သူသည် ဖုန်ထဲရှိဓာတ်ပုံများကို ကြောင်တက်တက်ထိုင်ငေးနေတက်သည်။

"အခြေအနေဘယ်လိုလဲ" ရှန်းချူးချူး မေးလာသည်။

ရယ်ရှီချန်သည် လေးလေးနက်နက် ခေါင်းညိတ်ပြီး ပြုံးပြလိုက်ကာ "အရမ်းကောင်းတယ်၊ သူ(မ)လည်း ငါ့ကို သတိရနေတာ"

"ရှင်တို့ကြားက နားလည်မှုလွဲနေတာကို ရှင်းပြီးတဲ့ပုံပဲ"

ရယ်ချီရှန်၏ မျက်နှာပေါ်တွင် ပျော်ရွှင်နေသော အပြုံးသည် မရပ်တန့်နိုင်ပဲ နေမင်းကြီးပမာ ထွန်းလင်းလျက်

"ဟုတ်တယ် ရှင်းပြီးပြီ၊ ဒါတွေအားလုံးက ချူးချူကို ကျေးဇူးတင်ရမှာပဲ၊ မင်းရဲ့နေ့လည်း နီးလာတော့မှာပါ၊ နောက်မှ ငါတို့ မင်းကိုညစာဖိတ်မယ်"

ရှန်းချူးချူး ပြုံးကာ "အင်း၊ ကျွန်မလည်း ကျွန်မနဲ့ အရမ်းတူပါတယ်ဆိုတဲ့ အစ်မကို တွေ့ချင်နေတာ၊ ကျွန်မတို့က ဘယ်လောက်များတူနေပါလိမ့်၊ ကျွန်မ ဓာတ်ပုံထဲမှာမြင်ဖူးပေမဲ့ အမှန်အတိုင်းပြောရရင် အပြင်မှာအရမ်းတွေ့ဖူးချင်နေတာ"

"မင်းရဲ့အစ်မကလည်း မင်းကို တွေ့ချင်နေတာလေ"

ရယ်ချီရှန် ပြုံးလိုက်သည်။

တစ်လကျော်အကြာတွင် ရိုက်ကူးရေးအဆုံးသတ်နိုင်ခဲ့သည်။

ရှန်းချူးချူးသည် သူ၏စေ့စပ်ထားသူနှင့် အတူတော် ၀င်မြို့တော်သို့ ပြန်လာခဲ့ပြီး ရယ်ချီရှန်သည်လည်း သူ့ဇနီးနှင့် ကလေးများရှိရာ အပြေးပြန်တော့သည်။

ထိုအချိန်တွင် အဘိုးဟန်သည် ထပ်မံဖျားနာပြန်သည်။ နှစ်လအကြာတွင် ကျင်းပတော့မည် မင်္ဂလာပွဲသည် အရှိန်မြှင့်ရပြန်သည်။

သူ(မ)တို့နှစ်ယောက် ဟန်မားမားတို့အား ၀င်နှုတ်ဆက်ပြီး လက်ထပ်လက်မှတ်ယူရန် မြို့ပြရေးရာဗျူရိုသို့ သွားခဲ့သည်။ ရှန်းချူးချူးသည် အသစ်စက်စက် အနီရောင်စာအုပ်လေးအား ဖွင့်ကြည့်နေသည်။

သူ(မ)ဖတ်ပြီးသည်နှင့် သက်ပြင်းမချပဲမနေနိုင်ချေ။

သူ(မ)သည် ကားမောင်းနေသည့် အမျိုးသားကို ကြည့်လိုက်ကာ “ကျွန်မ လက်ထပ်ပြီးပြီ”

ဟန်ရှင်းယန်သည် ခေါင်းညိတ်ကာ"အင်း ကိုယ်လည်း လက်ထပ်ပြီးပြီ"

"ကျွန်မ ဒါကို နည်းနည်း အစစ်အမှန်မဟုတ်သလို ခံစားရတယ်" ရှန်းချူးချူးသည် သူ(မ)အတွေးများကိုထုတ်ပြောလိုက်သည်။

သူ(မ)သည် ရုတ်တရက်လက်ထပ်ရခြင်းဖြစ်သည်။ သူ(မ) ယခင်တည်းက ကြိုတင်ပြင်ဆင်မှု များစွာလုပ်ပြီးသော်ငြား ယခုအခါ ရိုက်ကူးရေးပြီးသည်နှင့် လက်ထပ်မှတ်ပုံတင်တန်းရလာခဲ့သဖြင့် သူ(မ) လုံလောက်အောင် စိတ်မလှုပ်ရှားခဲ့ရဟု ထင်မိသည်။

ဟန်ရှင်းယန်သည်တော့ တော်၀င်မြို့တော်တွင်ရှိနေသဖြင့် မင်္ဂလာဆောင်ကိစ္စများကို မလွဲမသွေ ပြုလုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် သူ(မ)ထက် မင်္ဂလာဆောင်ခြင်း၏ အနှစ်သာရကိုပိုခံစားမိပေမည်။

"အင်း ဒါ အစစ်အမှန်မဟုတ်သလိုပဲ"

"ဟုတ်တယ်နော်၊ ရှင်လည်း ဒီလိုခံစားရတယ်မလား"

"ဟုတ်တယ်၊ ကိုယ်က တော့ ကိုယ်တို့လက်ထပ်ထားတာကြာပြီလို့ ထင်နေတာ"

"..."

ရှန်းချူးချူး ပြောစကားစကား ပျောက်ရှသွားရသည်။

၎င်းတို့နှစ်ယောက်သည် လက်ထပ်ပွဲမှာ ရုတ်ချည်းဖြစ် သည်ဟု ခံစားရသော်လည်း တစ်ယောက်မှာ လက်မထပ်ရသေးသလိုခံစားရကာ ကျန်တစ်ယောက်မှာ လက်ထပ်ပြီးတာကြာပြီဟု ခံစားနေရခြင်းဖြစ်သည်။ သူ(မ) ဘေးတွင် ဖြတ်ပြေးသွားသော အပင်များကိုမြင်လိုက်ရချိန် ကားပြတင်းပေါက်ကို အနည်းငယ်ဖွင့်ဟကာ တိုက်ခတ်နေသော လေများကိုခံစားလျက် တခဏအတွင်း သူ(မ) စိတ်များ ကြည်လင်လာရသည်။

"ကျွန်မတို့ မြို့ပြင်ကို ကားပတ်မောင်းရအောင်လား"

ရှန်းချူးချူး ပြုံးလိုက်သည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူး ပျော်ရွှင်နေသည်ကိုမြင်သဖြင့် ပြုံးကာ "မင်း သဘော"

၎င်းတို့သည် အထပ်မြင့်အဆောက်အဦးများရှိသည့် မြို့တွင်သာ ပိတ်မိနေသဖြင် ၎င်းတို့၏ ပျံသန်းထွက်လိုသည့် နှလုံးသားများကိုဆန့်ကျင်သည့်ပမာဖြစ်နေသည်။ လူတိုင်းသည် လွတ်လပ်စွာ ပျော်ပါးရန် အချို့နေရာများကို အပန်းဖြေသည့်အနေဖြင့် သွားဖို့လိုအပ်သည်။

သူတို့နှစ်ယောက်အိမ်ပြန်ရောက်တော့ ညနေကိုးနာရီပင် ကျော်နေပြီဖြစ်သည်။ ရှန်းချူးချူးသည် သူ(မ)လက်ထဲရှိ လက်စွပ်နှင့် အနီရောင် လက်ထပ်စာချုပ်ကို တွဲမြင်လိုက်သဖြင့် Weibo ပေါ် ပို့စ် မတင်ပဲမနေနိုင်တော့ပေ။

ဟန်ရှင်းယန် သူ(မ) ပြောသည်ကို နားထောင်ပြီး‌ နောက် "ကိုယ့်မျက်နှာရော ပြဖို့လိုသေးလား ?"

"ဟင့်အင်း ဒါ ရှင့်ရဲ့ဘဝကို ထိခိုက်စေမှာကို ကျွန်မ ကြောက်တယ်"

"မင်း အရမ်းစိုးရိမ်လွန်နေတာပါ"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏လက်ကိုကိုင်လိုက်ပြီး "ထားလိုက်တော့၊ ရှင့် လက်ပဲပြလိုက်"

သူ(မ)သည် ပို့စ်မတင်ခင် ဒုတိယစက္ကန့်အလိုတွင် ချန်းရှီလီကို သတိပေးရန်မေ့နေကြောင်း ရုတ်တရက်သတိရလိုက်သည်။

သူ(မ)သည် ချက်ချင်းပင် ချန်းရှီလီကိုသတင်းပို့လိုက်သည်။

"ဂုဏ်ယူပါတယ်! မင်း တင်လည်းကိစ္စမရှိဘူး၊ မင်းက အခုတတ်သစ်စကြယ်ပွင့်မဟုတ်တော့ဘူး၊ လူမူရေးဖောက်ပြားတဲ့ သတင်းတွေ မရှိသရွေ့ ရုပ်ရှင်လောကမှာ အခိုင်အမာ ရပ်တည်နိုင်ပြီ"

ရှန်းချူးချူးသည် ဖုန်းချပြီးနောက် ပုံနှင့်စာများကို ပြင်ဆင်လိုက်ကာ Weibo ပေါ်တင်လိုက်သည်။

ရှန်းချူးချူးV: ငါ လက်ထပ်ပြီးပြီ~[(♡] [ပုံ]

မကြာခင်တွင် Forward များသည် ရူးသွပ်စွာတက်လာကြသည်။

ကောင်းရှင်း V: ဂုဏ်ယူပါတယ်!

ရှန်းချူးချူး: ကျေးဇူးတင်ပါတယ် ရှင်းကျဲ

ကျန်းရန် V: အရမ်းမြန်တာပဲ! ဂုဏ်ယူပါတယ်!

ရှန်းချူးချူးV: ဟင့်အင်း ရှင်ကပိုမြန်တာပါ[(⁠ ⁠´⁠◡⁠‿⁠ゝ⁠◡⁠`⁠)]

ရယ်ချီရှန်V: ကောင်းလိုက်တာ! ငါနဲ့ မင်းအစ်မကို တော် ၀င်မြို့တော်မှာ ထမင်းဖိတ်ကျွေးဖို့ မမေ့နဲ့နော်

ရှန်းချူးချူးV : တစ်ယောက်ယောက်က ကျွန်မတို့ကို ထမင်းတစ်နပ်အကြွေးတင်နေတာ ကျမ မှတ်မိပါတယ်‌ နော်【ಡ⁠ ‌⁠ ⁠ʖ⁠ ⁠ಡ】

.....

ပရိသတ်များမှာ အသဲကွဲကြလေသည်။

"လွန်ခဲ့တဲ့ရက်လေးကတင် စေ့စပ်ထားတဲ့သူတစ်ယောက်ရှိတယ်ဆိုပြီးကြားရတာလေ၊ အခု လက်ထပ်သွားပြီတဲ့လား ချူးချူးရယ် [༎ຶ⁠‿⁠༎ຶ]"

"နတ်ဘုရားမက အိမ်ထောင်ကျသွားပေမဲ့ ငါနဲ့မဟုတ်ဘူးကွ ဝူးဝူးဝူး [༼⁠;⁠´⁠༎ຶ⁠ ⁠۝ ⁠༎ຶ⁠༽]"

"မျက်ရည်တွေ ရွှဲနေပါပြီ [(⁠╥⁠﹏⁠╥⁠)]"

"ဒါမှ ငါ ကြိုက်တဲ့မင်းသမီး နှိမ့်ချတက်တယ်၊ မမောက် မာဘူး [^⁠_⁠^]"

၀မ်းနည်းကြသည့် ဖန်များရှိသလို ထိုသည်မှာအနည်းစုသာဖြစ်သည်။ ဖန်အများစုသည် ၀မ်းသာအားရပံ့ပိုးပေးကြသည်။ ရှန်းချူးချူးသည် တတ်သစ်စကြယ်ပွင့်မဟုတ်သောကြောင့် ၎င်းတို့သည် သူ(မ)၏ဘ၀ထက် အရည်အချင်းကို ပိုအလေးထားကြသည်။

Idol များသာ လူမှု‌ရေးချိုးဖောက်ခြင်းများမရှိသရွေ့ ၎င်းတို့ ဆက်လက်ပံ့ပိုးပေးမည်ဖြစ်သည်။

၎င်းတို့၏မင်္ဂလာပွဲသည် မီဒီယာများအတွက်တော့ အရေးမကြီးချေ။ အဘယ့်ကြောင့်ဆို ရှန်းချူးချူးသည် မည်သည့်နေ့တွင် မင်္ဂလာပွဲအားကျင်းပမည်ကို မသိသောကြောင့်ဖြစ်သည်။

မင်္ဂလာပွဲတက်သည့် သူများသည် ဒိတ်ဒိတ်ကြဲများသာဖြစ်သည်။

မင်္ဂလာလက်ဖွဲ့များပင်လျှင် တန်ဖိုးအနည်းဆုံးဇိမ်ခံ ပစ္စည်းဖြစ်သည်။

ရှန်းချူးချူးသည် ယခုတစ်ကြိမ်တွင် အတွင်းလူအနည်း ငယ်ကိုသာ ဖိတ်ကြားခြင်းမပြုခဲ့ပေ။ သူ(မ) ကုမ္ပဏီ၏ သူငယ်ချင်းများအပြင် အနုပညာလောကတွင် ဆက်ဆံရေးကောင်းမွန်သော သရုပ်ဆောင်များနှင့် ဒါရိုက်တာများကိုလည်း ဖိတ်ကြားခဲ့သည်။ ကောလိပ်ကျောင်းတုန်းကသူငယ်ချင်း အနည်းငယ်ပင်ရှိနေသေးသည်။

မော်နီတာတော့ ဤနေရာတွင်မရှိခဲ့ချေ။ သူသည် လာချင်သော်လည်း ရှန်းချူးချူး မဖိတ်ခဲ့ချေ။

ဝမ်ကျင်းသည်လည်း နာလည်မှုရှိစွာ မော်နီတာကိုမပြောခဲ့ပေ။ သူ(မ)အမြင်တွင် ချူးချူးသည် သူ့ဘ၀နှင့်သူရှိနေပြီဖြစ်သလို မော်နီတာသည်လည်း သူဘ၀နှင့်သူရှိနေပြီမို့ အဆက်အဆက်မလုပ်စေချင်တော့ပေ။ လူတိုင်း၏ ဘ၀သည် အခက်အခဲများစွာဖြင့် ပြည့်နှံ့နေသောကြောင့် အရာရာ မည်သို့စိတ်ကျေနပ်စရာကောင်းနိုင်မည်နည်း။

တစ်ယောက်ယောက်ကိုလွမ်းပါက သို့မဟုတ် တစ်ခုခုကို လွမ်းဆွတ်မိပါက လေနှင့်အတူ လွင့်ပါးခိုင်းသည်ကသာ အကောင်းဆုံးပင်။

ရှန်းချူးချူးနှင့် ဟန်ရှင်းယန်တို့လက်ထပ်ပြီးနောက် တစ်သက်မှာ တစ်ခါသာထွက်ရမည့် ချိုမြိန်လှသော ဟန်းနီးမွန်းခရီးကို စတင်လိုက်ကြသည်။

၎င်းတို့ဟန်းနီးမွန်းမှ ပြန်လာပြီးနောက် "မင်းသမီးကျင်းလင်" ဇာတ်ကားသည် တစ်နှစ်ကျော်ကြာပြင်ဆင်ခဲ့ပြီးနောက် အဆုံးတွင် ထုတ်လွှင့်လာပြီဖြစ်သည်။

All Chapters