← Chapters

အခန်း (၁၀၂)

Vol. 11 Ch. 102

အခန်း (၁၀၂)

Vol. 11 Ch. 102

ရှန်းချူးချူးနှင့် ချန်ယွီတို့နာမည်သည် hot search ခေါင်းစီးတွင်နေရာယူထားသည်။ သူ(မ)သည် အစတွင် ချန်ယွီသတင်းဖုံးဖို့ သတင်းနောက်တစ်ခုတမင်တကာ ဝယ်ခဲ့သည်ဟုထင်ခဲ့သော်လည်း ထိုထဲရှိစာကြောင်းများကြောင့် သူ(မ) အံ့သြသွားသည်။

Netizens များသည် အလွန်အမြင်စူးရှကြသည်ဟုပင် ချီးကျူးရမည်။ ၎င်းတို့သည် မှန်ထောင့်တွင် ထင်ဟပ်နေသောကားကိုပင်မြင်ခဲ့သည်။

သူ(မ)သည် ပုံကိုအကြိမ်ပေါင်းများစွာ ကြည့်သော်လည်း သူ(မ)ကားကိုမမြင်ရချေ။ သူမသည် ဤပုံများကို ယခင်ကကြည့်ဖူးပြီးသားဖြစ်သော်လည်း သူ(မ)ကားကိုရှာမရခဲ့ပေ။

"ချမ့်ချမ့် ဒီမှာ ငါတို့ကားကို မြင်ရလား ?"

ဝမ်ချမ့်သည် သူ(မ)၏ဘော့စ်မှာ hot searchကြောင့် စိတ်ပူနေသည်ဟုသာထင်မိပြီး ထိုသို့သော် မေးလာမည်ဟုမမျှော်လင့်ထားခဲ့ချေ။ သူ(မ)လည်း ခေါင်းကိုငုံ့၍ ပုံကိုကြည့်ကာ ခေါင်းယမ်းပြပြီး "ကျွန်မ မတွေ့ဘူး"

ရှန်းချူးချူးသည် ပုံအားအနီးကပ်ပင် ကပ်ကြည့်သော် လည်း ကားအားမမြင်ရ‌သေးချေ။ သို့သော် ပို့စ်ထဲရှိစာများကြောင့် ၎င်းတို့ရည်ညွှန်းနေသည့်လူများသည် သူ(မ)ဖြစ်သည်မှာ ပိုသေချာလို့လာသည်။

သူ(မ) တက်သစ်စအနုပညာရှင်မဟုတ်တော့သဖြင့်အမာခံဖန်အများအပြားလည်းရှိနေပြီဖြစ်သည်။

ထိုသတင်းကိုရှာတွေ့သည့် ပရိတ်သတ်သည် ချန်ယွီတို့ ၏ပုံကိုကြည့်ရင်း commentမန့်လာခြင်းဖြစ်သည်။

"ဒီထောင့်က ကားကိုငါစမြင်တုန်းက အရမ်းလန့်သွားတာ၊ အစက ငါတို့မိသားစုဝင် ချန်ယွီကားလို့ထင်ထားတာ၊ ဒါပေမဲ့ ချန်ယွီ တစ်ခြားဘက်ကိုသွားတော့ သူ့ကားတော့မဟုတ်ဘူးနဲ့တူတယ်" [(⁠≧⁠▽⁠≦⁠)]

ထို comment အား ပါပါရာဇီတစ်ဦးမှ ရှာဖွေတွေ့ရှိသွားသဖြင့် ထိုသဲလွန်စမှစကာ တစ်ဆင့်ချင်းဆီ စုံစမ်းကြတော့သည်။

ထိုနေ့တွင် ဤနေရာတွင် လူရွေးပွဲတစ်ခုသာကျင်းပခဲ့သဖြင့် ပါပါရာဇီမျသည် လျှင်မြန်စွာရှာတွေ့သွားကြသည်။ ရှန်းချူးချူး၏ကားနံပါတ်သည် ပရိသတ်များအတွက် လျှို့ဝှက်ချက်တစ်ခုဖြစ်သော်လည်းသတင်း ထောက်များအတွက်တော့ ရှာရလွယ်ကူသည်။

သို့ဖြစ်ရာ သဲလွန်စများမှအစရှာဖွေပြီးနောက် ယုတ္တိဆန်သည့် ဇာတ်ကြောင်းလေးတစ်ခုပေါ်လာခဲ့သည်။ ရှန်းချူးချူးနှင့် ချန်ယွီတို့သည် လူရွေးပွဲတွင် အတူပါဝင်ခဲ့သည်။ သို့ဖြစ်ရာ ရှန်းချူးချူးထွက်လာသောအခါ ချန်ယွီနှင့် ထုတ်လုပ်သူတို့၏ တရင်းတနှီးရှိ မြင်ကွင်းကို မြင်လိုက်ရသည်။

ထိုအချိန် အဓိကမေးခွန်းမှာလာပြီဖြစ်သည်။ ချန်ယွီရဲ့ သတင်းပေါက်ကြားတာက ဘယ်သူ့ကြောင်လဲ ? မီဒီယာများသည် ထိုပုံကိုကြည့်ပြီး ဆက်ဆက်တွေးတောကာ ယခုကဲ့သို့ ယုတ္တိဆန်လှသည့် သတင်းတစ်ခုဖြစ်လာခြင်းပင်။

ဖျော်ဖြေရေး 2020- ငါထင်တာတစ်ခုရှိတယ်၊ အခုသတင်းတွေဖြန့်တာက ရှန်းချူးချူးပဲဖြစ်နေမလား ? သူတို့နှစ်ယောက် ရှန်းချူးချူးက လူရွေးပွဲမှာပြိုင်ဘက်ကို နှိပ်ကွပ်ဖို့အတွက် ဒီနည်းလမ်းပဲ သုံးလိုက်တာလား ? ဒါပေမဲ့ ငါ သေချာမပြောရဲပါဘူး ဘာလို့ဆို သူနဲ့ ချန်ယွီရဲ့ဆက်ဆံရေးက လူတွေအမြင်မှာ အရမ်းအရမ်းကောင်းနေလို့လေ 【(⁠ ⁠´⁠◡⁠‿⁠ゝ⁠◡⁠`⁠)】

ကြည့်ရှုသူများသည်လည်း ၀န်ဖန်မှုများလုပ်လာခဲ့သည်။ ရှန်းချူးချူးတွင်လည်း အမာခံဖန်များစွာရှိသည့်အတွက် ပြန်လည်တိုက်ခိုက်သည်။

၎င်းတို့သည် ထိုအကောင့်ကို တစ်စချင်းဆီဆွဲဖြဲတော့ သည်။

အထူးသဖြင့် ပြည်သူ့ဆက်ဆံရေးဌာနသို့ မကြာသေးမီက ပြောင်းရွှေ့ခံခဲ့ရသော အန်းဟိုင်ကျန်းသည် ထိုအရာများကိုမြင်သည့်အချိန် မည်သို့မှ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ချေ။

"ချူးချူးနဲ့ ချန်ယွီတို့ လူရွေးပွဲ ၀င်ပြိုင်တုန်းက သူတို့ဟာ အဖွဲ့ထဲ လုံးဝမတူဘူး၊ အထောက်အထားတောင်မရှိတဲ့ သက်သေတွေနဲ့များ လူတိုင်းကို လှည့်ဖြားနိုင်မယ်လို့ထင်နေလား ? ငါ့အထင် နင်က ကောင်းဝမ်ကျွယ်ငှားထားတဲ့ ရေတပ်ပဲဖြစ်ရသည်။" [ Curs ]

ချူးချူး၏သတင်းများအပေါ် သံသယရှိသူများသည် Diane Haizhen သို့လည်းသွားကြသည်။

"သူတို့က အဖွဲ့တူမဟုတ်ပေမဲ့ အခု တစ်ကားထဲရိုက်နေတာပဲမလား? တကယ့်အပြင်မှာ သူတို့နှစ်ယောက်ဆက် ဆံရေးမကောင်းတာ ဖြစ်နိုင်တယ်၊ ရှန်းချူးချူးက နောက်ထပ်ရိုက်ချက်တွေ ထပ်လိုချင်လို့ ချန်ယွီရဲ့သတင်းကိုဖြန့်လိုက်တာပဲဖြစ်ရမယ်၊ ရှန်းချူးချူးက အခုလောလောဆယ် ကျော်ကြားမှုသိပ်မရှိသေးလို့ ဖန်တွေကတောင် သူ့ဘက်မှာမရပ်တည်ကြဘူး [鄙视]"

အန်းဟိုင်ကျန်းသည် ထိုမှတ်ချက်ကိုမြင်သည့်အခါ ချက်ချင်းပင်စာပြန်လိုက်သည်။

"နင် မျက်လုံးပြူးပြီးကြည့်ရင်တောင် ပြဿနာက အရမ်း ရှင်းလင်းနေတယ်ဆိုတာ မြင်ရလိမ့်မယ်၊ ငါတို့မိသားစုဝင်ချူးချူးက ဒီကိစ္စကို တကယ်ဖော်ထုတ်ချင်တယ်ဆိုရင် အခုအချိန်အထိ စောင့်ဖို့လိုလို့လား!"

"မင်းတို့ ဘာလို့ အဲ့အ‌ကြောင်းကို အာရုံစိုက်နေရတာလဲ၊ အဓိကက ချန်ယွီ ပထမဖောက်ပြန်တာလား ဒါမှမဟုတ် ကောင်းဝမ်ကျွယ်ကပဲ ပထမဆုံးဖောက်ပြန်တာလားဆိုတာကို ဆွေးနွေးသင့်တယ်"

"ကောင်းဝမ်ကျွယ်နဲ့ ချန်ယွီတို့မှာ ဘယ်သူက အရင်ဖောက်ပြန်တာပါလိမ့်၊ ချောမောလှပတဲ့ အမျိုးသမီးစတားနှစ်ယောက်ကြားက တကယ့်ဆက်ဆံရေးကရော ဘယ်လိုဖြစ်မလဲ [ဖရဲသီးစားနေသည့်ပုံ]"

" ဟား ဟား!၊ ဘာကြောင့်ပဲဖြစ်ဖြစ် ချန်ယွီနဲ့ကောင်းဝမ်ကျွယ်တို့ မကြာခင်ကွာရှင်းတော့မယ်လို့ ငါ ထင်တယ်"

"မင်းတို့ ရှန်းချူးချူးကို ကြည့်မယ်ဆိုရင် သူ(မ)က မီးမွှေးတဲ့သူသက်သက် မဟုတ်လောက်ဘူး ဒါက သူ(မ) အလုပ်ဖြစ်တဲ့ပုံပဲ!! [鄙视视]"

.....

အန်းဟိုင်ကျန်းသည် အင်တာနက်ပေါ်ရှိ မှတ်ချက်များကို ကြည့်လေဒေါသထွက်လွန်းလို့ ထခုန်မိမတက်ပင်။

ထိုစဉ် ကျန်းထန့်သည် သူ(မ)အနားလာပြီးနှစ်သိမ့်ပေး သည်။ "ဟိုင်ကျန်း ဒီလိုကိစ္စမျိုးတွေအတွက် စိတ်ရှုပ်ခံမနေနဲ့၊ လူတိုင်းက ကောင်းကောင်းပြောမှာမဟုတ်ဘူး"

အန်းဟိုင်ကျန်း ဒေါသထွက်စွာ "ဒီလူတွေက အကျိုးအ ကြောင်းကို မဆီလျှောင်တာ၊ ဒါက မဖြစ်နိုင်တဲ့ကိစ္စကြီးဆိုတာ အသိသာကြီးကိုဇွတ်ပြောနေကြတယ်၊ ပြီးတော့ရှင်ကရော ချူးချူးနဲ့ ဆက်ဆံရေးကောင်းတာပဲမလား၊ ဘာလို့ ဒီလောက်အေးအေးဆေးဆေးထိုင်နေနိုင်တာလဲ! "

ကျန်းထန့်: "..." သူ ဘာပြောမိလိုက်လို့ ပိုဒေါသထွက်သွားရတာပါလိမ့် ?

ထို့နောက် အန်းဟိုင်ကျန်းသည် ခေါင်းကိုငုံ့ကာကီးဘုတ်ကိုတဒေါက်ဒေါက်ခေါက်၍ရိုက်တော့သည်။ သူသည် နှာခေါင်းကို တစ်ချက်ပွတ်လိုက်ပြီး အန်းဟိုင်ကျန်း ရိုက်နေသောစာများကိုကြည့်ကာ "ငါ့ကိုကြည့်ထား"

သူသည်လည်း သူ့အကောင့်သို့ ဝင်လိုက်ပြီးမှတ်ချက်တစ်ခုပို့လိုက်သည်။

"မင်းတို့တွေ ဒီလောက်ရုတ်ထိမရှိတဲ့ သက်သေကိုမြင်ဖူးကြလား၊ IQ 50 ပဲရှိတဲ့သူတောင် ဓာတ်ပုံရိုက်တဲ့ထောင့်က ဘယ်ထောင့်လဲဆိုတာသိတယ်၊ မဟုတ်မှလွဲရော မင်းကိုယ်တိုင်ရိုက်လာတာများလား ? ငါ တစ်ခြားသူတွေမှာရော ဦးနှောက်ရှိပါစေလို့မျှော်လင့်တယ်။ [^⁠_⁠^]

အန်းဟိုင်ကျန်းသည် သူရေးထားသည်ကိုဖတ်ပြီးနောက် ကျန်းထန့်ကို တစ်ချက်ကြည့်လိုက်သည်။

ကျန်းထန့်သည် အန်းဟိုင်ကျန်းကို ဂုဏ်ယူစွာကြည့်ကာ "မင်း ငါ့ကို အရမ်းချီးကျူးစရာ မလိုဘူး၊ မင်း လူထုဆက်ဆံရေးဌာနမှာ အချိန်အတော်ကြာနေရလိမ့်မယ်၊ ဪ.. ပြီးတော့ ငါ့ကို Like‌ ပေးဦး၊ ခဏနေရင် ငါ့ cm က hot ဖြစ်သွားလိမ့်မယ်"

ထို့နောက် သူ အလုပ်ခွင်ကတခြားလူများကိုပါပြောလိုက်သည်။

သို့သော် အန်းဟိုင်ကျန်းနှင့် ကျန်းထန့်ထို့ မည်မျှ ကြိုးစားအားထုတ်ခဲ့ပါစေ ယနေ့တွင် စတိုဒီယိုရှိလူများသည် မနေ့ကထက် နှစ်ဆပိုများနေသည်။ တနည်းဆိုရသော် ဒါရိုက်တာကျိုး၏ဒေါသသည်လည်း မနေ့ကထက်နှစ်ဆပြင်းထန်သွားရသည်။

ရှန်းချူးချူးနှင့် ချန်ယွီသည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ရာ နှစ်ယောက်လုံးမျက်လုံးထဲတွင် ကူကယ်ရာမဲ့မှုများအပြည့်ပင်။

"ဒီကိစ္စမှာ နင့်ကိုပါဆွဲချမိလိမ့်မယ်လို့ မထင်ထားဘူး တောင်းပန်ပါတယ်" ချန်ယွီ သက်ပြင်းချကာပြောလိုက်သည်။

ရှန်းချူးချူးသည် ခေါင်းယမ်းလိုက်ပြီး "ဒါက ကျဲအပြစ်မဟုတ်ပါဘူး၊ ကျွန်မကို သံသယမ၀င်တာပဲ အရမ်းကျေးဇူးတင်ပါတယ်"

ချန်ယွီသည် "ဒီလိုမျိုး အဝိုင်းထဲမှာ ငါ နေတာကြာလှပြီ၊ ဘယ်သူလုပ်တယ် ဘယ်သူမလုပ်ဘူးဆိုတာကို အပေါ်ယံကြည့်ရုံနဲ့တင် ငါ သိတယ်၊ ဓာတ်ပုံကိုကြည့်တာနဲ့တင် အဖြေကပေါ်နေပြီ"

ရှန်းချူးချူးသည် သဘောတူစွာခေါင်းညိတ်သည်။

သို့သော် သတင်းထောက်များရှာမတွေ့ခြင်းမှာ လက်တွေ့မကျချေ။

"ရှန်းချူးချူး... ဓာတ်ပုံထဲကအတိုင်းဆိုရင် ချန်ယွီကအရင်ဆုံးဖောက်ပြန်တာလား"

ရှန်းချူးချူးသည် ပြုံးကာ မေးခွန်းမေးသည့် သတင်း ထောက်ကို ကြည့်ပြီး "ချန်ယွီက အရင်ဖောက်ပြန်တယ်ဆိုတာ ရှင် သေချာလို့လား ? ဒါပေါ့ ကျွန်မလည်း ဘယ်သိပါ့မလဲ၊ ကျွန်မသိရင်တောင် ဒီလိုမျိုးအကြောင်းကို ထုတ်ပြောရင် ရူးနေလို့ပဲနေမှာ ?"

သတင်းထောက်သည် သူ(မ)၏ စကားလမ်းကြောင်းအားလိုက်၍ "မင်း အတွင်းဇာတ်လမ်းသိထားလား ? ကောင်းဝမ်ကျွယ်က အရင်ဆုံးဖောက်ပြန်တဲ့သူလား"

ရှန်းချူးချူး ခေါင်းခါလိုက်ပြီး "ဒါက ရှင်တို့စုံစမ်းရမဲ့ဟာတွေလေ ကျွန်မက ဘယ်သိပါ့မလဲ ? လေကိုကိုင်တာတို့၊ အရိပ်ကိုဖမ်းတာတို့ လုပ်တာပဲပိုကောင်းလိမ့်မယ်၊ ရှင် ဒီသတင်းစုံစမ်းနေတာကိုရပ်လိုက်ရင် မင်း အမှန်ကိုမြင်ပါလိမ့်မယ်"

ရှန်းချူးချူးသည် ထမင်းစားပြီးသောအခါ အခြားအကောင့်တစ်ခုထဲသို့၀င်ပြီး Entertainment Reporter- Red Feather-အားစာပို့လိုက်သည်။ ကောင်းဝမ်ကျွယ်က အရင်ဆုံးဖောက်ပြန်တဲ့သူ

သူ(မ)စာရိုက်ပြီးနောက် နေ့လည်ပိုင်းတွင် ထပ်မံရိုက်ကူးရေးပြန်စခဲ့သည်။

ညနေစောင်းတွင် သူ(မ) ဟိုတယ်ခန်းကို ပြန်ရောက်သည်နှင့် သူ(မ)အကျွမ်းတ၀င်ရှိလှသည့်လူသည် သူ(မ) ခါးကို ပွေ့ဖက်လာသဖြင့် သူ(မ)လည်း မော့ကြည့်ကာ ညည်းညူလိုက်သည်။

"ပင်ပန်းလိုက်တာ"

ဟန်ရှင်းယန်သည် သူ(မ)ဆံပင်များကို ပွတ်သပ်လိုက်ပြီး "မင်း ပင်ပန်းရင် နားတော့လေ"

ရှန်းချူးချူးသည် ခေါင်းကို ခါယမ်းလိုက်ပြီး "ဟင့်အင်း အဲ့သတင်းတွေက အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်၊ ကျွန်မလည်းဘာမှမလုပ်ပဲနဲ့"

ဟန်ရှင်းယန်၏ နှလုံးခုန်သံများသည် ဒိတ်ခနဲဖြစ်သွားပြီ "ကောင်းပြီ ဒါတွေကို ကိုယ့်လက်ထဲကို အပ်ထားလိုက်၊ မင်းက ရုပ်ရှင်ရိုက်ဖို့ပဲ အာရုံစိုက် ဟုတ်ပြီလား ?"

ရှန်းချူးချူးသည် ထပ်မံပြောလိုက်ချင်သော်လည်း သူ(မ) ချစ်ရသူ၏တည်ငြိမ်သော မျက်လုံးများနှင့် အကြည့်ချင်းစုံမိချိန်တွင် သူ(မ)နှုတ်ခမ်းများသည် ပွင့်ချီ ပိတ်ချီဖြင့် အဆုံးတွင် စကားတစ်ခွန်းသာဆိုနိုင်လိုက်ပြီ "ဟုတ်ပြီ"

ဟန်ရှင်းယန်သည် ထိုစကားကိုကြားသောအခါ ရှန်းချူးချူး၏ဆံပင်ကို ညင်သာစွာပွတ်သက်လိုက်သည်။

နောက်တစ်နေ့တွင် လေထုသည် ချက်ချင်းပြောင်းသွားသည်။ ရှန်းချူးချူး၏ သတင်းတစ်ခုတည်းသာ ရှင်း လင်းသွားခြင်းမဟုတ်ပဲ ကောင်းဝမ်ကျွယ် အရင်ဖောက် ပြန်ထားသည့်အကြောင်းကို သက်သေနှင့်တကွပါလာခြင်းပင်။ ထိုဆန်ကုန်မြေလေးကောင်သည် သူ့ဇနီး၏ ပျော့ကွက်ကိုလိုချင်သောကြောင့် သတင်း၀ယ်ခဲ့ခြင်းဖြစ်သည်။

ရှန်းချူးချူး နိုးလာပြီးနောက် အင်တာနက်ပေါ်ရှိ အခြေ အနေများအားကြည့်ရန် ဖုန်းကိုယူလိုက်သောအခါတွင်တော့ အနည်းငယ်အံသြသွားရသည်။ ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ ဖြေရှင်းလိုက်ပြီလား ? သူ(မ)သည် ဘေးရှိလူအား အံ့သြစွာကြည့်ကာ "ရှင် လုပ်လိုက်တာလား ?"

ဟန်ရှင်းယန်သည် သက်ပြင်းချလိုက်ပြီး "ဟုတ်တယ်"

"ဘယ်လိုလုပ်...?"

ရှန်းချူးချူးသည် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ ပါပါရာဇီများတောင် ရက်ပေါင်းများစွာ ရှာမတွေ့နိုင်သောအရာကို ဟန်ရှင်းယန်သည် ချက်ချင်းရှာတွေ့နိုင်ခဲ့သည်။

ဟန်ရှင်းယန်သည် ပြုံးသာပြုံးပြီး မည်သည့်စကားမှမဆိုပေ။ သူဘယ်လိုလုပ်လဲဆိုတာ သူ့ကောင်မလေးကိုပြောစရာမလိုခေ။ေ

"ရှင်ဖုန်းဆက်ပြီး တစ်နေ့လုံး အဲ့တာတွေရှာနေတာလား? "

ရှန်းချူးချူး ခပ်တိုးတိုးမေးလိုက်သည်။ သူ(မ)မနေ့ညက သူ အတွင်းရေးမှူးဝမ်ဆီကို ဖုန်းခေါ်တာသိလိုက်သည်။ မနက်ကျတော့ ရက်အတော်ကြာ တောက်လောင်နေသည့်မီးသည် တမဟုတ်ချင်းရှင်းသွားသည်အထိ လွယ်ကူနေခဲ့သည်။

"တစ်နေ့လုံးမဟုတ်ပါဘူး"

ဟန်ရှင်းယန်သည် ပြန်ဖြေသည်။

"ဟမ် ?"

ဟန်ရှင်းယန်သည် သူ(မ)ကို နမ်းလိုက်ပြီး "ဒီကိစ္စနဲ့ ပတ် သက်ပြီး ကိုယ်စိတ်ပူနေလို့ စုံစမ်းထားတာကြာပြီ၊ ဒါကြောင့် တစ်ရက်ထဲရှာခဲ့တာ မဟုတ်ဘူး"

"ဒါဆို ရှင်ဘာလို့..."

ရှင် ဘာလို့ သတင်းမထုတ်ပြန်တာလဲ ? ရှန်းချူးချူး၏ စကားများသာ် တစ်၀က်ခန့်ပင်ရပ်တန့်သွားသည်။ ဟန်ရှင်းယန် ဤပြဿနာအကြောင်းကို သူ(မ)ကိုမေးဖူး သည်။ သူ(မ) ဘယ်လိုပြန်ဖြစ်လိုက်တာပါလိမ့် ? ဟုတ်သား သူ(မ)ဘာသာကဲ ဖြေရှင်းမယ်လို့ပြောခဲ့တာပဲ။

ထို့ကြောင့် သူမဖြေရှင်းချင်းမှာ သူ(မ)၏ဆုံးဖြတ်ခြင်းကို လေးစားခြင်းကပင်။

သူ(မ)၏ထင်မြင်ချက်ကို လေးစားခြင်း.. သူ(မ)ကိုယ် သူ(မ)လေးစားမှုကို ကာကွယ်လိုက်ခြင်းပင်။

ဟန်ရှင်းယန်၏မျက်လုံးများသည် ရှန်းချူးချူးကို ညင် သာစွာအကြည့်ရောက်သော်လည်း ပြန်ဖြေသံမရှိ‌ခဲ့ချေ။

"ကျေးဇူးတင်ပါတယ် ဟန်!!" ရှန်းချူးချူးသည် ဟန်ရှင်းယန်၏ ရင်ခွင်ထဲသို့ တိုး၀င်လိုက်သည်။ သူ(မ)သည် အချိန်အတော်ကြာအောင် အမြဲတစ်ကိုယ်တည်းနေခဲ့ရသဖြင့် ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းလေ့ရှိသည်။ ထို့အပြင် သူ(မ)တွင် စနစ်လည်းရှိလာသဖြင့် အရာအား လုံးကို ဖြေရှင်းနိုင်သည်ဟု ခံစားလာကာ စနစ်အပေါ် အားကိုးမိခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်သည် သူ(မ)ကို တိတ်တိတ်လေး ကာကွယ်ပေးနေခဲ့သည်။

"ဒါဆို ကိုယ့်ကိုယ် ဘယ်လိုကျေးဇူးပြန်ဆပ်မှာလဲ ?"

ဟန်ရှင်းယန် ရှန်းချူးချူး၏နားသို့ကပ်သာ ခပ်တိုးတိုးလေးပြောလိုက်သည်။

All Chapters