← Chapters

အခန်း (၁၀၄)

Vol. 11 Ch. 104

အခန်း (၁၀၄)

Vol. 11 Ch. 104

ရှန်းချူးချူးသည် နောက်တစ်နေ့နံနက်ခင်းတွင် hot search ပေါ်ရောက်‌နေသော သူ(မ) ၏သတင်းကိုကြည့်နေသော်လည်း ယခင်လို စိုးရိမ်ပူပန်မှုမရှိခဲ့ချေ။ သူ(မ) အေး‌ဆေးစွာသာကြည့်နေခဲ့သည်။

"မနေ့ညကတော်၀င်မြို့တော်ကိုပြန်လာတဲ့ ကြယ်ပွင့်လေးရှန်းချူးချူးကို သူ့ကောင်လေးလေဆိပ်ထိလာကြိုသွားတယ်လို့ သံသယရှိတယ်"

"ရှန်းချူးချူးရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ ချစ်သူပေါ်လာပြီဟေ့! သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက်သခင်လေးနဲ့တူတယ်!"

"ရှန်းချူးချူးရဲ့ ကောင်လေး!"

ဟန်ရှင်းယန်သည် ရေချိုးခန်းမှထွက်လာပြီး ဆိုဖာပေါ်တွင် ဖြည်းညှင်းစွာထိုင်ချလိုက်သည်။ သူ ခေါင်းစောင်းကာ ရှန်းချူးချူး၏ဖုန်းကိုကြည့်လိုက်သည်။

မနေ့ညတွင် ပါပါရာဇီသည် သူတို့ပုံကို ခိုးရိုက်သွားသည်ကိုသိသဖြင့် သတင်းများထွက်လာတော့မည်ကို မှန်းမိသော်လည်း မရပ်တန့်ခဲ့ချေ။ သို့ဖြစ်ရာ ယခုအခါတွင် သူအနည်းငယ်တော့ ရှက်မိသည်။

"ချူးချူး.. ကိုယ်တို့ ဒါကို ဘယ်လိုကိုင်တွယ်ကြမလဲ"

ရှန်းချူးချူးသည် မျက်တောင် တဖျက်ဖျက်ခတ်ကာ "ရှင်းယန်... ကျွန်မတို့ ဓာတ်ပုံရိုက်ခံမိပြီ"

ဟန်ရှင်းယန် သူ့နှုတ်ခမ်းများကို တစ်ချက်သပ်လိုက်ပြီး "အင်း၊ ကိုယ်တို့ ဓာတ်ပုံရိုက်မိသွားပြီ"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏လည်ပင်းကို ဖက်သွယ်ကာ နမ်းလိုက်သည်။

"ရှင်ဘာလို့ ဓာတ်ပုံရိုက်မခံချင်တာလဲ"

ဟန်ရှင်းယန် ရှန်းချူးချူး၏ခေါင်းကို လက်တစ်ဖက်နှင့် ပွတ်သပ်ပြီး သူ(မ)၏ခါးကို လက်တစ်ဖက်ဖြင့် ဖက်သွယ်ကာ "ဘာဖြစ်လို့လဲဆိုတော့ မင်းကို မထိခိုက်မှာ ကိုယ်ကြောက်လို့"

ရှန်းချူးချူးသည် သူ(မ) လက်ပေါ်ရှိ လက်စွပ်ကိုကြည့်က။ "ရှင် ကျွန်မကို လက်ထပ်ခွင့်တောင်းပြီးပြီပဲ ဘာကြောက်စရာရှိလဲ"

သူတို့နှစ်ယောက် စကားပြောနေရင်း ဟန်ရှင်းယန်၏ဖုန်းသည် ရုတ်တရက်မြည်လာခဲ့သည်။ သူသည် ဖုန်းခေါ်ဆိုသူကိုကြည့်ကာ ရှန်းချူးချူးအား မသိစိတ်မှတစ်ချက်ကြည့်လိုက်သည်။

"ဒီနေ့နေ့လည်ကျရင် တစ်ခါတည်းခေါ်လာခဲ့!!"

ဖုန်းကိုင်လိုက်သည်နှင့် ကျယ်လောင်သော အသံသည် တစ်ပါတည်းလိုက်ပါလာသည်။

ဟန်ရှင်းယန်သည် ကူကယ်ရာမဲ့ မျက်ခုံးပင့်တင်ကာ သူ့ဘေးရှိ ရှန်းချူးချူးကို ကြည့်လိုက်ပြီး တုံ့ဆိုင်းသွားကာ

"ချူးချူး... ဒီနေ့ အဘိုးနဲ့တွေ့ဖို့ မင်းမှာ အချိန်ရှိလား"

ရှန်းချူးချူးသည် စက္ကန့်အနည်းငယ်မျှစဉ်းစားပြီးနောက် ဟန်ရှင်းယန်၏ရင်ဘတ်ထဲသို့ တိုး၀င်ကာ "အင်း ရှိတယ်"

ဟန်ရှင်းယန်သည် ထိုအခါမှ စိတ်သက်သာရာရသွားသည်။

ရှန်းချူးချူးသည် မည်သည့်အဝတ်အစား ၀တ်သွားရမည်နည်း ? မည်သို့သော လက်ဆောင်များပြင်ပေးရမည်နည်း တွေးပူစပြုလာသည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏စိတ်လှုပ်ရှားနေသော သွင်ပြင်ကိုမြင်လိုက်သောအခါ သူ(မ)လက်ကို လှမ်းကိုင်ပြီးနှစ်သိမ့်ကာ "ချူးချူး မင်းသွားရင်ပဲ အဆင်ပြေပြီ၊ အဘိုး မင်းကိုသဘောကျမှာပါ"

ဟန်ရှင်းယန်သည် သူ(မ)အား နှစ်သိမ့်နေသော်လည်း သူ(မ)သည်တော့ ပို၍စိတ်လှုပ်ရှားလာမိသည်။ သူ(မ) အဘိုးအိမ်သို့နီးလာလေလေ စိတ်များပိုမိုတင်းကြပ်လာခဲ့သည်။

အဘိုးဟန်သည် ရှန်းချူးချူးအား စက္ကန့်အနည်းငယ်အကြာ စုန်ချီဆန်ချီကြည့်ပြီး ကျေနပ်စွာခေါင်းညိတ်လိုက်ကာ "အရမ်းကောင်းတယ်.. အရမ်းကောင်းတယ်"

ရှန်းချူးချူးသည် ချီးကျူးခံလိုက်ရသဖြင့် အနည်းငယ် ရှက်သွားပြီး "ကျေးဇူးတင်ပါတယ် အဘိုး"

ဟန်ရှင်းယန်သည် "အဘိုး ဒါက ချူးချူးဝယ်လာတဲ့ လက်ဆောင်ပါ"

အဘိုးသည် သူ့အား လှည့်ကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"မြေးချွေးမလေးက အသက်ဘယ်လောက်ရှိပြီလဲ၊ မင်းသူ့ကို ဘယ်တော့လက်ထပ်မှာလဲ၊ ရှင်းယန်ကပြောတယ် မင်းကို မနေ့ညက လက်ထပ်ခွင့်တောင်းသေးတယ်ဆို "

ရှန်းချူးချူးသည် အဘိုး၏အမးခွန်းများဆက်တိုက်ထွက်ပေါ်လာသဖြင့် ဟန်ရှင်းယန်ကိုသာ ကူကယ်ရာမဲ့စွာ လှည့်ကြည့်လိုက်သည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏လက်ကိုလှမ်ကိုင်ပြီး သူ(မ)အား စိတ်အေးအေးထားရန် အချက်ပြလိုက်ကာ အဘိုးဘက်သို့ လှည့်ပြီး "အဘိုး ဒါက..."

သို့သော် သူ့စကားပင်မဆုံးသေးခင် အဘိုးဟန်ကြားဖြတ်ပြောလာသည်။

"ဘာမှ ငါ့ကို အကြောင်းပြချက်တွေပေးမနေနဲ့! ဒီအဘိုးကြီးက စိတ်ပူလို့ပြောနေတာ၊ မင်းတို့ရဲ့ မင်္ဂလာဆောင်ကို မမြင်နိုင်တော့မှာစိုးနေတာ"

"အဘိုး……"

"အဘိုးက အသက်တစ်ရာအထိ အသက်ရှည်မှာ သေချာပါတယ်" ရှန်းချူးချူးလည်း ပြောလိုက်သည်။

အဘိုး၏မျက်နှာသည် ချက်ချင်းပြုံးလာပြီး "ကောင်းပြီ၊ မင်းတို့ စောစောလက်ထပ်နိုင်ရင် ငါက ပိုပြီးတောင်အသက်ရှည်လိမ့်ဦးမယ်"

ရှန်းချူးချူး: "..."

ဟန်ရှင်းယန်: "..."

၎င်းတို့ အိမ်တော်ကြီးမှထွက်လာပြီးနောက် ရှန်းချူးချူးမှာ သူ(မ)သည် ဟန်ရှင်းယန်နှင့် လက်ထပ်ရမည်ဟူ သောတာ၀န်ကြီးတစ်ခုကိုထမ်းဆောင်နေရသလိုမျိုးပင်။

"ချူးချူး မင်း အဖိုးရဲ့စကားတွေကို စိတ်ထဲမထားပါနဲ့ မင်း စိတ်မပူနဲ့" ဟန်ရှင်းယန်သည် စကားပြောနေလျက် ကားကိုမောင်းနေသည်။

ရှန်းချူးချူးသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး သူ(မ) အောက်နှုတ်ခမ်းကို ကိုက်ကာ "တကယ်တော့ လက်ထက်ဖို့ အဆင်ပြေပါတယ်"

သူ(မ)ထံ အိမ်ထောင်ပြုခြင်းအပေါ် များပြားလှသော စိတ်ကူးယဉ်အိပ်မက်များရှိသည်။ ရိုးသားစွာပြောရပါက ဝမ်ကျင်းသည် ယခုအခါပျော်ရွှင်သောဘဝကို ဖြတ်သန်း နေသည်မြင်ချိန် သူ(မ)လည်း အလွန်အားကျမိသည်။

သို့မဟုတ်ပါက သူ(မ)သည် ဟန်ရှင်းယန်လက်ထပ်ခွင့်တောင်းခြင်းအား သဘောတူခဲ့လိမ့်မည်မဟုတ်ချေ။

"အဓိကပြဿနာက ဒီကိစ္စကို ကျွန်မ မိဘတွေနဲ့ မဆွေး နွေးရသေးသလို ကုမ္ပဏီကိုလည်း ဘာမှမပြောရသေးလို့ပါ"

ဟန်ရှင်းယန် မျက်နှာပေါ်ရှိအပြုံးသည် ပို၍နက်ရှိုင်းလာသည်။ "ဟုတ်သား.. ဒါက ကိုယ့်ရဲ့အမှားပဲ၊ ကိုယ်ယောက္ခမတွေဆီကို သွားမလည်ရသေးဘူး၊ မင်း ကုမ္ပဏီအတွက် စိတ်ပူစရာမလိုဘူး၊ ကိုယ် CEO ယွမ်ဆီ ဖုန်းဆက်လိုက်မယ်"

"အင်း" ထို့နောက် ရှန်းချူးချူးသည် တိုးညှင်းစွာ

"ဘာကို ယောက္ခမလဲ"

"အနှေးနဲ့အမြန် ဖြစ်လာမှာပဲကိုကွာ" ဟန်ရှင်းယန်သည် ပျော်ရွှင်စွာ ပြောလိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ရှန်းချူးချူးသည် ကုမ္ပဏီသို့သွားခဲ့သည်။ ချန်းရှီလီသည် သူ(မ)လက်ရှိ လက်စွပ်ကို တစ်ချက်ကြည့်လိုက်ပြီး

"နင်လက်ထပ်ဖို့ ပြင်နေတယ်လို့ ကျဲကြားတယ်"

ရှန်းချူးချူးသည် ချန်းကျဲစကားကြောင့် သူ(မ)မျက်နှာပေါ်ရှိ အပြုံးသည် ပိုနက်ရှိုင်းလာပြီး ခပ်ရှက်ရှက်ပြန်ဖြေသည်။ "အင်း ကျွန်မ အဲ့လိုတော့ စီစဉ်ထားတယ်"

ချန်းရှီလီသည် ထိုစကားကိုကြားသည်နှင့် ရယ်မောကာ "ဂုဏ်ယူပါတယ် ချူးချူး"

"ကျေးဇူးတင်ပါတယ် ချန်းကျဲ"

"ချူးချူး၊ မင်းရဲ့အနာဂတ်အစီအစဉ်ကရော ဘယ်လိုလဲ၊ မင်္ဂလာကဆောင်တော့မှာလား ? ဒါမှမဟုတ် လိုသေးလား" ချန်းရှီလီ ဂရုစိုက်သည်မှာ ဒါကိုဖြစ်သည်။

သူ(မ)သည် မစ္စတာယွမ်၏စကားကို ကြားပြီးနောက် ရှန်းချူးချူးသည် ဟန်အုပ်စုဥက္ကဋ္ဌနှင့် လက်ထပ်တော့မည်ဟုသိခဲ့သော်လည်း သူ(မ)၏အနာဂတ်ကိုအစီအစဉ်ကိုမူမသိခဲ့ရချေ။

ထိုကိစ္စနှင့်ပတ်သက်၍ ရှန်းချူးချူးသည် မကြာသေးမီက ဟန်ရှင်းယန်နှင့်ဆွေးနွေးပြီးဖြစ်သည်။ သူ(မ)သည် ခေါင်းခါလိုက်ပြီး "မင်္ဂလာကဆောင်သေးမှာ ကျင်းပမှာ မဟုတ်ဘူး၊ ခန့်မှန်းချေအရ ကျွန်မတို့ တစ်နှစ်ခွဲလောက်တော့ကြာလိမ့်မယ်၊ ရိုက်ကူးရေးတွေကိုတော့ ကျွန်မ ပုံမှန်အတိုင်းပဲ ဆက်လုပ်သွားမှာပါ"

ချန်းရှီလီသည် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

"ချန်းကျဲရော ဘယ်လိုစီစဉ်ထားလဲ ?" ရှန်းချူးချူး မေးလိုက်သည်။

ချန်းရှီလီသည် ခဏတာ တုန့်ဆိုင်းကာ ဇာတ်ညွှန်းတစ်ခုထုတ်ကာ ရှန်းချူးချူးထံကမ်းပေးလိုက်သည်။

"ဒီဇာတ်ညွှန်းကိုကြည့်ကြည့်၊ ဒါက လူငယ် idol ဒရာမာပဲ၊ ဒီဟာက "အချစ်နဲ့အိမ်ထောင်ရေး" ဇာတ်ကားမရိုက်ခင် ကျဲ ရွေးထားတဲ့ဟာလေ၊ အခု နင့် သရုပ်ဆောင်စွမ်းရည်ကတော်တော်လေးကိုကောင်းနေပြီ ဒါပေမဲ့ ကွာခြားချက်က ကျော်ကြားမှုပဲ"

" လူငယ် idol ဒရာမာ ?"

ချန်းရှီလီသည် "ဟုတ်တယ်၊ နင့်ရဲ့ သရုပ်ဆောင်မှုစွမ်းရည်ကြောင့် ဒီလိုဒရာမာမျိုးကို ရိုက်တာက နင့်ရဲ့ ကျော် ကြားမှုကိုမြှင့်တင်ပေးလိမ့်မယ်၊ ဒီဒရာမာတစ်ခုတည်းနဲ့ လုံး၀ကျော်ကြားသွားမယ်လို့တော့ ကျဲလည်း အာမမခံနိုင်ဘူး၊ ဒုတိယက နင့်ရဲ့အသက်အရွယ်နဲ့ ရုပ်ရည်ကြောင့်ပဲ၊ အခုခေတ်မှာ နင့်အတွက်ကိုက်ညီမဲ့ ဒရာမာကအရမ်းနည်းလွန်းတယ်။ ဒါကြောင့် အခု လူငယ် idol ဒရာမာက နင့်အတွက် အကောင်းဆုံးရွေးချယ်မှုပဲ၊ ဇာတ်ညွှန်းကို တစ်ချက်ကြည့်လိုက်၊ ကျဲတော့ မဆိုးဘူးလို့ထင်တယ်"

ယခင်က ရှန်းချူးချူးသည် လူငယ် idol ဒရာမာများအား ငယ်ရွယ်စဉ်ဘဝမှ အချစ်၊ ကိုယ်ဝန်ဖျက်ချခြင်း၊ ကျောင်းထွက်ခြင်းနှင့် အခြားသော ခွေးသွေးများရော နှောနေသော ဇာတ်ကားဟုသာထင်ခဲ့သည်။ ထိုသို့အတွေးများမှာ မကြာသေးမီကထွက်ထားသော ရုပ်ရှင်အချို့ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ တိကျစွာပြောရပါက ထိုအရာသည် ငယ်ရွယ်မူ၏ဝေဒနာဟုပင် ခေါ်ဆိုနိုင်သည်။

ဇာတ်လမ်းနာမည်သည် "အချစ်ဦး" ဖြစ်သည်။ ဇာတ် လမ်းသည် တက္ကသိုလ်ကျောင်းသားဘဝကတည်းက ချစ်ခဲ့ကြသည့် လူနှစ်ယောက်အပေါ်အခြေခံခြင်းဖြစ် သည်။ ၎င်းတို့သည် ဘွဲ့ရပြီးနောက်လက်ထပ်ခဲ့ကြသည်။ သို့သော် ၎င်းတို့လက်ထပ်ပြီး သုံးနှစ်လောက်အကြာတွင် တစ်ယောက်ကိုတစ်ယောက် သည်းမခံနိုင်တော့ချေ။ ၎င်းတို့သည် ခုနစ်နှစ်ကျိန်စာမှ မလွတ်မြောက်နိုင်ပဲ ကွာရှင်းဖို့လမ်းကိုရွေးချယ်ခဲ့သည်။

သို့သော် ၎င်းတို့မကွာရှင်းခင်နေ့တွင် မင်းသမီးသည် ကားမတော်တဆမှုဖြစ်ခဲ့သည်။ အမျိုးသားသည် အ လုပ်များကိုဖျက်ကာ သူ၏ကွာရှင်းတော့မည့် ဇနီးအား တစ်ညလုံး ဆေးရုံတွင်ပြုစုစောင့်ရှောက်ပေးခဲ့သည်။

ယာဉ်မတော်တဆမှုဖြစ်ပြီး သုံးရက်မြောက်နေ့တွင် အမျိုးသမီးနိုးလာခဲ့သည်။ ကံမကောင်းစွာဖြင့် အတိတ်မေ့သွားခြင်းမရှိသော်လည်း အမျိုးသမီးသည် အတိတ်မေ့ချင်ယောင်ဆောင်လိုက်သည်။

အမျိုးသားသည်လည်း ကွာရှင်းမည့်ကိစ္စကို အစမဖော်တော့ပဲ ဇနီးဖြစ်သူ၏မှတ်ဉာဏ်များပြန်ရရေးအတွက် အတိတ်နေ့ရက်များကို ခရီးနှင်ရန် ကျောင်းထဲသို့သွားခဲ့သည်။ ထိုမှစ၍ ၎င်းတို့၏တိမ်မြုပ်နေသော ခံစားချက်များလည်းပြန်လည်ဖွင့်ဖြိုးလာသည်။

အဆုံးတွင် အမျိုးသားသည် သူ့မိန်းမကိုချစ်မိနေဆဲ ဆိုသည်အား ရှာတွေ့သွားသည်။ ထိုစဉ်အမျိုးသမီးသည်လည်း သူ(မ)သည် အစထဲကအတိတ်မမေ့ကြောင်းဖွင့်ဟပြောလာသည်။

ဇာတ်ညွှန်းပဲဖြစ်စေ၊ ဒါရိုက်တာပဲဖြစ်စေ၊ ထုတ်လုပ်သူပဲဖြစ်ဖြစ် ရှန်းချူးချူးသည် အရာရာတိုင်းကိုသဘောတွေ့နေမိသည်။

"နင် ဒီဒရာမာကိုရိုက်ပြီးမှ CEO ဟန်နဲ့ လက်ထပ်ရင်ရော" ဟု ချန်းရှီလီပြောလိုက်သည်။

ရှန်းချူးချူး ခေါင်းခါလိုက်ပြီး "ချန်းကျဲ လည်မှုလွဲနေပြီ၊ ကျွန်မနဲ့သူက အဲ့ကိစ္စအတွက် သိပ်အာရုံစိုက်မနေချင်ဘူး၊ ဒါကြောင့်မို့လို့ အခုအချိန်အထိ ကျွန်မတို့ ချပြဖို့ ရည်ရွယ်ချက်မရှိတာ၊ ရှင်းယန်က အပြင်လူဆိုတော့ သေချာကြည့်ရင် သူ့အတွက် မမျှတဘူး"

ချန်းရှီလီအံ့သြသွားပြီး သူ(မ)မျက်ခုံးကို ပင့်လိုက်မိ သည်။ သူ(မ) အပြင်သို့ချပြလိမ့်မည်ဟုသာ အမြဲတမ်းတွေးနေမိသည်။ သို့သော် ရှန်းချူးချူး လက်ထပ်မည့်လူမှာ CEOဟန်ဖြစ်သောကြောင့် ပြဿနာနည်းသွားလိမ့်ပေမည်။ သူ(မ)သည် အချိန်အတော်ကြာစဉ်းစားပြီးမှ

“ဒါဆို နင်က ဖွင့်ချချင်တယ်ပေါ့”

ရှန်းချူးချူးသည် "မီဒီယာကမေးလာရင် ကျွန်မ ဘာကိုမှဖုံးကွယ်မထားတော့ဘဲ ပွင့်ပွင့်လင်းလင်းဖြေချင်တယ်"

ချန်းရှီလီက ခေါင်းညိတ်ပြီး "ဒါ နင့်အလုပ်အတွက်လည်း ကောင်းပါတယ်"

ထို့နောက် ရှန်းချူးချူးသည် စပ်စုစွာဖြင့် “ဒီဒရာမာရဲ့ အဓိကဇာတ်လိုက်က ဘယ်သူလဲ”

ချန်းရှီလီ၏ အပြုံးသည် တဖြည်းဖြည်း နက်ရှိုင်းလာပြီး "ရယ်ချီရှန်ဖြစ်မယ်နဲ့ တူတယ်"

ရယ်ချီရှန်သည် အစောပိုင်းနှစ်များတွင် အလွန်ကျော် ကြားခဲ့ပြီး စွဲမက်ဖွယ်ကောင်းသော idol ဒရာမာများစွာတွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။ တစ်နေ့တွင် သူလက် ထပ်သွားခဲ့ပြီး သူ့ဇနီးသည် အသိုင်းအဝိုင်းအပြင်ကလူပင်။ သူ အိမ်ထောင်ကျပြီးနောက် ရုပ်ရှင်လောကမှအနား ယူခဲ့သည်။ သူသည် တဖြည်းဖြည်းဖျော်ဖြေရေးလောကထဲ မှေးမှိန်သွားခဲ့သည်။

သို့သော် သုံးလေးနှစ်ကြာအောင်မှေးမှိန်သွားသည့် လူသည် အဘယ့်ကြောင့် ယခုလိုရုတ်တရက်ပြန်လာရတာသနည်း ? တကယ် ခေါင်းရှုပ်စရာပင် ??

"ဟုတ်လို့လား ?"

ရယ်ချီရှန်ဆိုပါက သရုပ်ဆောင်လည်း သိပ်ဆိုးမည်မဟုတ် လောက်ချေ။ သူ(မ)သည် ချီယုဖေးနှင့်တွေ့ပြီးထဲက သရုပ်ဆောင်စွမ်းရည်မရှိသည့် စတားများနှင့် အလုပ်တွဲလုပ်ရမည်ကို အကြောက်ဆုံးဖြစ်သည်။

ချန်းရှီလီသည် "ရယ်ချီရှန်သာ ဒီဒရမ်မာကိုအရမ်းစိတ် ဝင်စားတယ်လို့ ငါကြားတယ်၊ မင်းပဖို့ ဆုံးဖြတ်လိုက်ရင် ဒါ 90% လောက်တော့ သေချာပြီ"

"ဟင် ? ဘာလို့လဲ ?" ရှန်းချူးချူး အံ့သြစွာမေးလိုက်သည်။

ချန်းရှီလီသည် ပခုံးတွန့်ပြီး "ဒါ သိပ်မရိုးရှင်းဘူး၊ ငါလည်း ခြစ်ကုတ်မေးကြည့်ပေမဲ့ ဘာသတင်းမှထွက်မလာဘူး၊ နင့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကိုကြည့်တာ ဒါမှမဟုတ် နင်အရင်က ရိုက်ခဲ့တဲ့ဇာတ်ကားကို ကြည့်ဖူးလို့လဲဖြစ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါ ကောင်းပါတယ်"

ရှန်းချူးချူး ပဟေဌိဖြစ်နေသော်လည်း တစ်ဖက်လူ သူ(မ)အားယုံကြည်သည်မှာ သိသာထင်ရှားသောကြောင့် သူ(မ)လည်း အလွန်ဂုဏ်ယူမိသည်။

"ဟုတ်ကဲ့"

သူ(မ)သာလက်ခံလိုက်လျှင် အကြောင်းပြချက်ကို မကြာခင်သိလာရမည်ဖြစ်သည်။

All Chapters