← Chapters

အခန်း (၁၀၅)

Vol. 11 Ch. 105

အခန်း (၁၀၅)

Vol. 11 Ch. 105

ရှန်းချူးချူး၏ အချိန်ဇယားထဲ ထက်ထည့်လိုက်ပြီး ရယ်ချီရှန်ဘက်နှင့် အဖွဲ့သားများနှင့် မဆွေးနွေးရသေးသောကြောင့် အခုလောလောဆယ်တွင် သူ(မ)အလုပ်မရှိချေ။

ထိုအချိန်တွင် ရှန်းချူးချူးသည် ဇာတ်ညွှန်းကိုစတင်လေ့လာတော့သည်။

လက်ထပ်ပွဲကိုလည်း အချိန်ဇယားထဲတွင် ထည့်သွင်းထားသည်။

မားမားဟန်သည် ရှန်းချူးချူးကို အလွန်သဘောကျသည်။ ပါးပါးဟန်သည်တော့ ထူးထူးထွေထွေမပြောချေ။ ထို့ပြင် အဘိုးဟန်သည် မြစ်ကလေးချီချင်နေပြီဖြစ်သောကြောင့် တစ်မိသားစုလုံး ဟန်ရှင်းယန်ကိုမြန်မြန်လက်ထပ်စေလိုသည်။

ထို့နောက် ဟန်ရှင်းယန်သည် ရှန်ချူးချူးနှင့် ရှန်းမူသို့သွားလည်ခဲ့ကြသည်။

ရှန်းချူးချူးသည် ယခုမှအချိန်အားလပ်သဖြင့်လာရခြင်းဖြစ်သည်။

သူ(မ)သည် ဘွဲ့ရပြီးနောက် အိမ်သို့ပြန်ခဲသည်။ နှစ်သစ်ကူးရက်များ သို့မဟုတ် ပွဲတော်ရက်အချို့တွင်သာ သူ(မ) အိမ်ပြန်ခဲ့သည်။ များသောအားဖြင့် သူ(မ)အိမ်သို့မပြန်တက်ချေ။

ချူးကွေ့ကျီသည် အောက်ထပ်တွင် မာကျောက်ကစားနေစဥ် သူ(မ)သမီးဖြစ်သူမှာ လူချောတစ်ယောက်နှင့်ပြန် လာသည်ဟုကြားလိုက်ရသည်နှင့် သူ(မ)သည် မာကျောက်ကိုပစ်ချကာ စိတ်လှုပ်ရှားစွာနေအိမ်သို့ပြန်လာခဲ့သည်။

ချူးကွေ့ကျီ အိမ်သို့ရောက်ပြီးနောက် ဟန်ရှင်းယန်အား အထက်အောက်စုန်ချီဆန်ချီကြည့်တော့သည်။ သူ၏ စိတ်နေစိတ်ထားကအစ စကားပြောသည်အထိ အပြစ် ပြောစရာမရှိချေ။ ထို့ပြင် များပြားလှသောလက်ဆောင်များကြောင့် အပြစ်ဆိုချင်လျှင်ပင် မျိုချရလိမ့်ပေမည်။

ဒါပေမဲ့ ဒီကလေးကြည့်ရတာချမ်းသာတော့ ဈေးကြီးမဲ့ပုံပဲ၊ သူ(မ)သမီးက တတ်နိုင်ပါ့မလား ?

"ရှောင်ဟန် အခု ဘာအလုပ်လုပ်လဲ ?" ချူးကွေ့ကျီ မေးလိုက်သည်။

ရှန်းချူးချူးသည် သောက်လက်စ လက်ဖက်ရည်များ ပါးစပ်ထဲမှ ပြန်ထွက်မတက်ပင်။ သူ ဟန်ရှင်းယန်မျက် နှာကိုအကဲခတ်လိုက်သည်။ ထိုနာမည်ကို တော်ရုံလူမခေါ်ဝံ့ကြပေ။

ဟန်ရှင်းယန် မျက်နှာသည် မပြောင်းလဲဘဲ ရှားရှားပါးပါး အပြုံးတစ်ခုစွဲထင်ကာ "အန်တီ.. ကျွန်တော် အခု စာရင်းဝင်တဲ့ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်"

ချူးကွေ့ကျီ ကျေနပ်အားရစွာခေါင်းညိတ်ပြီး "စာရင်းဝင်တဲ့ကုမ္ပဏီက ကောင်းတယ်၊ တကယ့် ကုမ္ပဏီကြီးပဲ၊ မင်း ဘယ်လိုအလုပ်မျိုးကို တာဝန်ယူထားရတာလဲ။"

ဟန်ရှင်းယန် ခေတ္တရပ်တန်ပလိုက်ပြီး "စီမံခန့်ခွဲမှုပိုင်းပါ"

ချူးကွေ့ကျီ ရှန်းချူးချူးအားကြည့်ကာ "စီမံခန့်ခွဲမှုလား ကောင်းတာပေါ့၊ ငွေရေးကြေးရေး စီမံခန့်ခွဲမှုတာက ကောင်းတယ်၊ ငါတို့ရဲ့ချူးချူးတောင် ဖျော်ဖြေရေးအ သိုင်းအဝိုင်းကိုမရောက်ရင် မင်းနဲ့အလုပ်တူနေလိမ့်မယ်၊ သူ(မ)ကို လှအောင်မွေးပေးမိတာက ကောင်းတာလား၊ ဆိုးတာလားတောင်မသိတော့ဘူး၊ ဖျော်ဖြေရေးလောကကဘာကောင်းလို့လဲ၊ ဒီလောက် ပူလောင်နေတာကို"

ရှန်းချူးချူးသည် ဤတစ်ခါတွင် သူ(မ)ပါးစပ်ထဲမှ ရေးများဖူးခနဲထွက်ကျသွားသည်။ သူ(မ) ဖျော်ဖြေရေးနယ် ပယ်ထဲမဝင်လျှင် သူ(မ)အလုပ်သည် ဟန်ရှင်းယန်အ လုပ်လောက် အဆင်မပြေလောက်မည်မှာသေချာသည်။ ဤနှစ်ခုသည် နှိုင်းယှဉ်လို့ပင်မရချေ။

"ကြည့်.. သူ ဘယ်လိုနေထိုင်ရမလဲ မသိဘူး"

ချူးကွေ့ကျီတစ်‌ယောက် ဟန်ရှင်းယန်ရွံရှာသွားမည့်အမူအရာကိုကြည့်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။

ဟန်ရှင်းယန်မျက်နှာသည်တော့ မပြောင်းလဲသွားပဲ စားပွဲပေါ်ရှိတီရှုးယူပြီး ကမ်းပေးကာ ခပ်တိုးတိုးလေးပြောလိုက်သည်။

"ဖြည်းဖြည်းသောက်လေ"

"အန်တီ ချူးချူးရဲ့အလုပ်ကအရမ်းကောင်းပါတယ်၊ လူတိုင်းမှာ ဖျော်ဖြေရေးနယ်ပယ်နဲ့ ပတ်သက်ပြီး အထင်အ မြင်လွဲမှားတာတွေ ရှိတယ် လူတော်တော်များများက တော့ အမှီအခိုကင်းနိုင်ပါတယ်၊ ‌သတင်းတွေထဲကလိုမဟုတ်ဘူး၊ ဥပမာ ချူးချူးရဲ့အလုပ်ကို ကျွန်တော်တို့ တမိသားစုတစ်ခုလုံးက ထောက်ခံကြတယ်၊ သူ(မ) အိမ် ထောင်ပြုပြီးရင်လည်း သူ့(မ)အလုပ်ကို ဆက်လုပ်လို့ရပါတယ်"

ချူးကွေ့ကျီသည် သူ(မ)ကြားချင်သည့်စကားကိုကြားရသဖြင့် ကျေနပ်အားရစွာခေါင်းညိတ်လိုက်သည်။

"အင်းလေ အန်တီကတော့ သဘောမတူချင်ပေမယ့် အခုသူက စတားတစ်ယောက်တောင်ဖြစ်နေပြီ၊ အန်တီအပြင်ထွက်ရင်တောင် အန်တီသူငယ်ချင်းတွေနဲ့ မိသားစုတွေက လတ်မှတ်ရဖို့တန်းစီတောင်းနေကြတာ၊ ငါတို့တောင် နာမည်ကြီးတွေလိုပဲ"

ဟန်ရှင်းယန် ပြုံးပြီး ရှန်းချူးချူးကိုကြည့်ကာ "ဟုတ်တယ် ကျွန်တော့်သူငယ်ချင်းတွေလည်း ချူးချူးဆီက လက်မှတ်ကို ခဏခဏတောင်းနေကြတာ"

ရှန်းချူးချူး သူ့အားလှမ်းကြည့်ကာ ထို သူငယ်ချင်းဆိုသည်မှာ ကျန်းထန့်အားပြောနေတာလားဟု တွေးလိုက်မိသည်။

"အေး၊ အခု မင်း လစာကရော ? ပြီးတော့ တော်၀င်မြို့ တော်မှာ အိမ်ရော၀ယ်ပြီးပြီလား ?"

ဟန်ရှင်းယန် ခေါင်းညိတ်ပြီး "ကျွန်တော် လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ထဲက ဗီလာဝယ်ထားပြီးပါပြီ၊ လက်ထပ်ဖို့ အဆင်သင့်ပါပဲ"

"လစာကတော့..." ဟန်ရှင်းယန် မျက်မှောင်ကြုတ်ပြီး စက္ကန့်အနည်းငယ်လောက် စဉ်းစားနေမိသည်။

ချူးကွေ့ကျီသည် ဟန်ရှင်းယန်မှာချမ်းသာသော ဒုတိယမျိုးဆက်တစ်ယောက်ဟုသာထင်ထားပြီး မိဘလက်ငုတ် လက်ရင်း ထိုင်စားနေသူဟုသာထင်ခဲ့သည်။ သူထံ မယ်မယ်ရရအလုပ်မရှိသလို၊ လစာသည်းမမြင့်လောက်ချေ။ နေစရာအိမ်တစ်လုံးရှိနေတာပဲ လစာကအရေးမကြီးပါဘူး၊ သူ(မ)စကားလမ်းကြောင်းပြောင်းမည်အပြု ဟန်ရှင်းယန်မှ ဆက်ပြောလာသည်။

"ကျွန်တော့် တစ်ယောက်စာအပြင် နောက်ထက်လူနှစ်ယောက်ကိုတော့ အေးအေးဆေးဆေးတင်ကျွေးထားနိုင်ပါတယ်"

ချူးကွေ့ကျီ သူ့စကားကိုနားထောင်ပြီး ချီတုံချတုံဖြစ်ဖြင့် "ဒါ မလုံလောက်သေးဘူး၊ ကလေးတွေရဲ့အနာဂတ်ကိုရော ဘယ်လိုလုပ်မလဲ၊ အင်း မင်းတို့ ပိုက်ဆံပိုရှာထားသင့်တယ်"

ရှန်းချူးချူးသည် ဟန်ရှင်းယန်၏အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး ချူးကွေ့ကျီ၏အနားသို့လျင်မြန်စွာရောက်ချလာသည်။

"မား... သူ့လစာက ကျမထက် အများကြီးပိုများတယ်၊ အဲ့ဒါ ကလေးဆယ်ယောက်လောက် မွေးဖို့တောင် အေး အေးဆေးဆေးလုံလောက်တယ်"

ချူးကွေ့ကျီ သူ့သမီးကိုကြည့်ပြီး ခေါင်းလှည့်ကာ ဟန်ရှင်းယန်အားပြုံးပြလိုက်ပြီး "အင်း လစာနည်းရင်တောင် ကိစ္စမရှိပါဘူး၊ ဒါနဲ့တင် မင်းမိန်းမကိုထောက်ပံ့ဖို့လုံ လောက်ပြီ၊ အနည်းဆုံး တော်၀င်မြို့တော်မှာ အိမ်တစ် လုံးရှိသေးတာပဲ၊ အလုပ်ကိုသာ ကြိုးစားလုပ်၊ ကလေးရဲ့ နို့မှုန့်ဖိုးစရိတ်က အခုခေတ်မှာ နည်းတာမဟုတ်ဘူး"

ဟန်ရှင်းယန်သည် ယောက္ခမလောင်း၏အသံမှာ အနည်း ငယ်စိတ်ပျက်သံစွက်နေသည်ဟုခံစားလိုက်ရသည်။ သူ့ယောက္ခမသည် သူ့အားဇနီးပေါ်တွင်သာမှီခိုရမည့် မျက် နှာဖြူလေးဟု ထင်နေသည့်ပုံနှယ်။ သူသာ တစ်ခုခုထမပြောပါက ဒီလက်ထပ်ပွဲကတော့...

"ကျွန်တော် တော်၀င်မြိုတော်ရဲ့ဗီလာကို ချူးချူးရဲ့နာ မည်အောက်မှာထားဖို့ စီစဉ်ပြီးပါပြီ"

ထိုသည်မှာ သူ့မားအကြံပေးချင်းဖြစ်သည်။

"ဟယ် ? တကယ်လား ?"

ချူးကွေ့ကျီသည် အလွန်ပျော်ရွှင်သွားသည်။ သူ(မ) သမီးလေးကိုကြည့်လိုက်စဉ် စိတ်ထဲနည်းနည်းလေး အပြစ်ရှိစိတ်၀င်မိသွားသည်။ ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဘာလို့ သူ(မ)ကိုကြိုမပြောရတာပါလိမ့်။

ရှန်းချူးချူး ထိုကိစ္စအားမသိထားခဲ့ချေ။

"ဟင့်အင်း၊ ကျွန်မ အိမ်မလိုချင်ဘူး၊ ကျွန်မမှာ ရှိပြီးသားပဲကို"

ချူးကွေ့ကျီသည် သူ(မ)၏အလိုက်ကန်းဆိုးမသိသော သမီးကြောင့် သူ(မ) မျက်နှာသည် သဘောမတူချင်သော ကြောင့် အနက်ရောင်သန်းသည်အထိ မည်းမှောင်နေ သည်။ သို့သော် ဟန်ရှင်းယန်လည်းရှိနေသောကြောင့် သူ(မ)လည်း ဘာမှမပြောဘဲ ဟန်ရှင်းယန်ကိုသာ စိုက်ကြည့်နေသည်။

ဟန်ရှင်းယန်သည် ရှန်းချူးချူး၏လက်ကို ဆုပ်ကိုင်လိုက်ပြီး "လက်ဆောင်လေ"

ရှန်းချူးချူးသည် ထပ်ပြောမည်အပြု ချူးကွေ့ကျီမှ လက်ဦးမှုယူကာ "ရှောင်ဟန်က တကယ့်ယဉ်ကျေးနေတာပဲ၊ လက်ဆောင်‌တွေဘာတွေက အန်တီတို့မိသားစုက ပေးရမှာပါကွယ်"

ဟန်ရှင်းယန်သည် ငြင်းဆန်ချင်သော်လည်း တခဏမျှတွေးပြီး "ဟုတ်ကဲ့ပါ"

ခဏအကြာ ရှန်းမင်ဖု အလုပ်မှပြန်ရောက်လာသည်။

ချူးကွေ့ကျီ ချူးချူးအား ချက်ပြုတ်ရန်မီးဖိုချောင်သို့ ခေါ်သွားသည်။

ချူးကွေ့ကျီသည် မီးဖိုခန်းတံခါးကိုတံခါးပိတ်ပြီးနောက် လေးနက်သောမျက်နှာဖြင့် "သူတို့မိသားစုက ဘာအလုပ်လုပ်တာလဲ၊ ငါ့ကို အမှန်အတိုင်းပြောပြစမ်း!"

ရှန်းချူးချူးသည် သူ့မားမား မရိပ်မိလောက်ဟုတွေးထားသော်လည်း သူ(မ)အထင်မှားသွားခဲ့သည်။ “ကုမ္ပဏီဖွင့်ထားတာ"

"စာရင်းဝင်တဲ့ကုမ္ပဏီ ?" ချူးကွေ့ကျီ မေးလိုက်သည်။

ရှန်းချူးချူး ခေါင်းသာညိတ်ပြလိုက်သည်။

ချူးကွေ့ကျီ၏မျက်နှာသည် အခြေအနေမဟန်သေးပဲ "နင် တစ်ခြားစတားတွေလို လုပ်နေတာတော့ မဟုတ်ပါဘူးနော်"

"မားကလည်း မဟုတ်တာ! သမီးတို့က ချစ်ကြိုက်လို့ယူကြတာပါ"

"နင် သူတို့ မိသားစုထဲက လူကြီးတွေနဲ့ရောတွေ့ဖူးပြီးပြီလား၊ နင့်အပေါ် သူတို့သဘောထားကရောဘယ်လိုလဲ"

"တွေ့ပြီးပြီ သူ့အဖိုး၊ အမေနဲ့ အဖေ လူတိုင်းကိုမြင်ဖူးပြီးပြီ၊ သူတို့ သမီးအပေါ်အရမ်းကောင်းတယ်"

ချူးကွေ့ကျီသည် ထိုအခါမှ စိတ်ချလက်ချဖြစ်နိုင်ပြီး "ကောင်းပြီ၊ နင် သူတို့ဆီက ဗီလာမလိုချင်ဘူးလား ? နင်ကိုယ်တိုင် ပိုက်ဆံရှာလို့ရတာဟုတ်ပေမဲ့ ငါတို့မှာအဲ့လောက်ပိုက်ဆံမရှိတော့ နောက်ဆို နင့်ကိုလူတွေနှိမ်ကြလိမ့်မယ်"

ရှန်းချူးချူး၏မျက်လုံးများသည် ပူလောင်လာရပြီး "ဟုတ်ကဲ့ မား၊ သမီး သိပါတယ်၊ သမီး တော်၀င်မြို့တော်မှာ အိမ်တစ်လုံးရှိနေတာပဲလေ ဘာလို့ သူ့အိမ်ကိုလိုချင်ရမှာလဲ၊ သမီး အခုထက်ပိုပြီးလည်း ပိုက်ဆံရှာနိုင်တယ်၊ အဲ့ကျ သမီးဘာသာ ဗီလာဝယ်ပြီး မားနဲပါးကို တော်၀င်မြို့‌တော်မှာထားမယ်နော် "

ချူးကွေ့ကျီသည် အသီးအရွက်များကိုလှီးဖြတ်လျက် "နင့်ရဲ့ ပိုက်ဆံတွေဆိုတာကလည်း ပရိတ်သတ်တွေရှိမှရမှာလေ၊ နင်တို့ အသိုင်းအဝိုင်းကြီးက ဖောက်ပြန်လိုက်ကြတာ၊ မူးယစ်ဆေးဝါးကိစ္စတွေအပြင်၊ တစ်ခြားအညှိအပုပ်တွေနဲ့ပြည့်နှက်နေတာ၊ အဲ့အသိုင်းအဝိုင်းကပိုက် ဆံကို မမှီခိုတာအကောင်းဆုံးပဲ"

"ဟုတ် သမီးသိပါတယ် မား"

ရှန်းအိမ်တွင် ရက်အနည်းငယ်ကြာနေထိုင်ပြီးနောက် ဟန်ရှင်းယန်၏အလုပ်များသာမက ရှန်းချူးချူး လက်ခံထားသောဒရာမာအသစ်အတွက် စီစဉ်စရာရှိတာစီစဥ်ရန်တော်၀င်မြို့တော်သို့ လေယာဉ်ဖြင့်ပြန်လာခဲ့ကြသည်။

အိမ်ထောင်ရေးဆိုသည်မှာ နေ့ချင်းညချင်းဆုံးဖြတ်လို့ရသည့် ကိစ္စမဟုတ်ချေ။ သို့ဖြစ်ရာ ၎င်းတို့နှစ်ယောက်သည် ကိုယ်စီ ကိုယ်စီ အလုပ်များပြန်လုပ်ကြသည်။

ရှန်းချူးချူး တော်၀င်မြို့တော်သို့ပြန်ရောက်နောက် ပထမဆုံးလုပ်သည့်အရာမှာ ကုမ္ပဏီသို့ ပြန်သွားပြီး ချန်ရှီလီ၏ ရုံးခန်းသို့သွားခြင်းဖြစ်သည်။ ၎င်းသည် လက် ထောက်အား အလုပ်ကိစ္စအချို့ကိုပြောနေလျက်ရှိသည်။

သူ(မ)သည် ဆိုဖာပေါ်တွင်ထိုင်လျှက် ၎င်းပြီးသည်ကို ပျင်းရိစွာ စောင့်နေလိုက်သည်။ ထိုစဉ် ရှန်းချူးချူးသည် ချန်းရှီလီမှာ ယခင်ကနှင့်မတူကြောင်း တွေ့လိုက်ရသည်။ တိကျစွာပြောပါက သူ(မ)၏ အိမ်ထောင်ရေးစနစ်သည် ယခင်ကနှင့် မတူတော့ခြင်းဖြစ်သည်။

မူလ အနက်ရောင်နှလုံးသားဖြစ်နေသည့်နေရာသည် ယခုအခါ ပန်းရောင်ဖြစ်နေသည်။

သူ(မ)ကြည့်လိုက်ချိန် ချန်းရှီလီထံ အိမ်ထောင်ဖက်ရှိနေသည်ကို တွေ့လိုက်ရသည်။

[တွေ့ဆုံရသည့်အကြောင်းရင်း- ကောလိပ်ကျောင်းသား]

ကံမကောင်းစွာဖြင့် တစ်ဖက်လူသည် ရှန်းချူးချူးနှင့် သူစိမ်းဖြစ်သောကြောင့် သီးသန့်လုပ်ဆောင်ချက်များကို စူးစမ်းရန်မဖြစ်နိုင်ပေ။

ဤသည်မှာ ရှန်းချူးချူးအတွက် အထူးရှာဖွေတွေ့ရှိမှုဖြစ်သည်။ ဤသည်မှာ သူ(မ)ကြောင့်မဟုတ်ပဲ ပြောင်း လဲသွားသည့် အိမ်ထောင်ရေးအခြေအနေကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ ထိုသို့ဆိုပါက လူတိုင်း၏ အိမ်ထောင်ရေးအခြေအနေသည် အမြဲတစေတူညီနေမှာ မဟုတ်ချေ။

အိမ်ထောင်ရေးသည် ကောင်းကင်ဘုံနှင့် မသက်ဆိုင်တာများလား? ဒါဆို သူ(မ)ရဲ့ အိမ်ထောင်ရေးစနစ်က အသုံးဝင်သေးရဲ့လား ? စိတ်ရောချနိုင်ပါ့မလား ?

"ရယ်ချီရှန်ရဲ့အလုပ်အချိန်ဇယားက မအားသေးတော့ အဖွဲ့သားတွေက ရိုက်ကူးရေးကို နောက်တစ်လ၊ နှစ်လလောက်ကြာမှ စဖို့စီစဉ်ထားတယ်၊ လာမယ့်ရက်ပိုင်းအတွင်း စာချုပ်ချုပ်ရလိမ့်မယ်" ချန်းရှီလီသည် သတင်းများကို ရှန်းချူးချူးသို့ပြောပြသည်။

"ချူးချူး ?" ချန်းရှီလီသည် ရှန်းချူးချူးမှာ စိတ်ပြန့်လွင့်နေမှန်းသိလိုက်သည်အခါ သူ(မ)ကိုခေါ်လိုက်သည်။

"ဟင် ? ဘာလဲ ?"

ရှန်းချူးချူးသည် သတိပြန်၀င်လာပြီး‌နောက် ရုံးခန်းထဲတွင် သူ(မ)တို့ နှစ်‌ဦးသာရှိနေသည်ကို တွေ့လိုက်ရသည်။ လက်ထောက်သည် မည်သည့်အချိန်က ထွက်သွားမှန်း သူ(မ)မသိချေ။

"အချစ်ဦးဒရာမာကို နောက်တစ်လအကြာမှရိုက်လို့ရမျာလို့ပြောတာ သိပ်မကြာခင် စာချုပ်ချုပ်ရမယ်" ချန်းရှီလီ ထပ်မံပြောလိုက်သည်။

ရှန်းချူးချူး ခေါင်းညိတ်ပြီး "ဟုတ်ကဲ့၊ ချန်းကျဲပဲ ကောင်းသလိုစီစဉ်လိုက်လေ၊ သူတို့ရောက်ရင် ကျွန်မကိုပြော"

ယနေ့အထိဆိုပါက ချန်းရှီလီနှင့် ရှန်းချူးချူးတို့ လက် တွဲလုပ်ကိုင်ခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ပိုမိုရင်းနှီးလာကြပြီဖြစ်သည်။

"အိမ်ပြန်တော့ အခြေအနေဘယ်လိုလဲ ? နင့်မိဘတွေက CEO ဟန် နဲ့ ကန့်ကွက်လို့လား"

ရှန်းချူးချူး ပြုံးကာ "ဟင့်အင်း သူတို့အရမ်းသဘောကျကြပါတယ်"

ချန်းရှီလီသည် သူ(မ)လက်ထဲရှိ ဘောပင်ကိုလှည့်နေ လျက် ပြုံးကာ "CEO ဟန်လို လူမျိုးကယောက္ခမကြိုက်တတ်တဲ့ အမျိုးအစားပဲ"

ရှန်းချူးချူးလည်း ထိုအတိုင်းတွေးမိသည်။ မားသည် ဟန်ရှင်းယန်ကို ထပ်မံဆွဲထားချင်ဟန်ပေါ်ကာ သူကြိုက်သည့် အစားအစာများချက်ကျွေးချင်နေသေးသည့်ပုံပင်။ မား အလွန်စိတ်အားထက်သန်နေသည်။

"ကျဲပြောတာ မှန်တယ်၊ မားက သူ့ကိုအရမ်းသဘောကျတာ"

ရှန်းချူးချူးသည် ယခုအချိန်ရှိ လေထုမှာအသင့်အသင့်ကောင်းနေသဖြင့် သူ(မ)သိချင်နေသည့် မေးခွန်းကိုမေးရန်အချိန်ကောင်းဖြစ်သည်။

"ချန်းကျဲကိုကြည့်ရတာ အရမ်းကိုလန်းဆန်းတက်ကြွနေတဲ့ပုံပဲ၊ တစ်ခုခုများဖြစ်ခဲ့လို့လား ?"

ချန်းရှီလီသည် သူ(မ)၏မျက်နှာကိုကိုင်ကာ ပြုံးလိုက်ပြီ "တကယ် အဲ့လောက်တောင် သိသာနေလို့လား ? ငါ မကြာသေးခင်လောက်က ပျော်စရာတစ်ခုတွေ့ထားလို့လေ၊ ငါ့ရဲ့ အတန်းဖော်ဟောင်းတစ်ယောက် နိုင်ငံခြားကပြန်လာလို့ သူနဲ့ဆုံမိတာ"

"အိုး ? ယောကျာ်းလေး အတန်းဖော်လား ?" ရှန်းချူးချူး အစ်အောက်မေးလိုက်သည်။

ချန်းရှီလီ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပိုနက်ရှိုင်းလာကာ "ဟုတ်တယ် ယောက်ျားလေးအတန်းဖော် "

"သူငယ်ချင်းထက် အဆင့်တက်ဖို့ရော မစဉ်းစားထားဘူးလား ချန်းကျဲ"

ချန်းရှီလီ ထိုမေးခွန်းကိုမငြင်းဘဲ “အင်း.... အဲ့လိုတွေးထားတယ်”

ရှန်းချူးချူး မျက်ခုံးပင့်ကာ "ကျဲရဲ့ သဘောထားက ဘာလို့ ရုတ်တရက်ပြောင်းလဲသွားတာလဲ ? ကျဲ အစတုန်းက အချစ်နဲ့ အိမ်ထောင်ရေးကြောင့် ဝါသနာကိုမစွန့်လွှတ်နိုင်ဘူးလို့ ပြောဖူးသလားလို့"

ချန်းရှီလီသည် ပြတင်းပေါက်ကိုလှမ်းကြည့်ကာ ပြုံးလိုက်ပြီး "အဲ့ဒါ နင့်ကြောင့်လေ"

"ဟင် ?" ရှန်းချူးချူး အံ့သြစွာကြည့်လိုက်သည်။

"ကျွန်မကြောင့် ?"

သူ(မ) ဘာတစ်ခွန်းမှ ထပ်မပြောလာခဲ့ချေ။

All Chapters