← Chapters

အခန်း (၁၀၆)

Vol. 11 Ch. 106

အခန်း (၁၀၆)

Vol. 11 Ch. 106

"ဟုတ်တယ်၊ အထက်တန်းကျောင်းနေဖက်နဲ့ အတူတူရှိနေတုန်း သူတို့ တော်ဝင်မြို့တော်ရောက်နေတယ်ဆိုတာနဲ့သွားတွေ့လိုက်ကြတာ၊ စကားပြောဖြစ်မယ်လို့မထင်ထားဘူး"

ချန်းရှီလီ ကြည်နူးစရာသည့်ပုံဖြင့်ပြောပြလာသည်။

ရှန်းချူးချူးမျက်လုံးများ ဘလင်းဘလင်းဖြစ်သွားသည်။ ဒါ သူမ ကြောင့်များလား ? ဒီကိစ္စကို သူမ ပိုစိုးရိမ်မိသည်။ အိမ်ထောင်ရေးစနစ်သည် အလွန်ယုံကြည်စိတ် ချရဆဲဖြစ်သည်။

စာချုပ်ချုပ်ပြီး သိပ်မကြာခင်မှာပင် Cover Photo ရိုက်ရတော့သည်။

တီဗီစီးရီးအားကြော်ငြာရန် တရားဝင် မိုက်ခရိုဘလော့ဂ်မှတစ်စောင်ကိုလည်းပေးပို့ခဲ့လာသည်။

First Love TV Drama V: ရယ်ချီရှန်ရဲ့ Come Back ပထမဆုံး တီဗီဒရာမာပါ၊ နာမည်ကြီးရုပ်ရှင်သရုပ် ဆောင် ရှန်းချူးချူးနှင့်လက်တွဲပြီး မြို့ပြဒဏ္ဍာရီလာအချစ်ဒရာမာကို ပူးတွဲရိုက်ကူးမှာဖြစ်ပါတယ်။

@ရယ်ချီရှန် @ရှန်းချူးချူး

နောက်ပိုင်းတွင် ရယ်ချီရှန်နှင့် ရှန်းချူးချူးတို့သည် ထို Weibo Post ကို ထပ်ဆင့်မျှဝေခဲ့ကြသည်။

ရယ်ချီရှန်သည် နှစ်အတော်ကြာ တီဗီစီးရီးများမရိုက်ကူးခဲ့သော်လည်း ၎င်း၏ပရိသတ်များသည် ယခုတိုင်ရှိနေဆဲဖြစ်သည်။ များမကြာမီ ဤမိုက်ခရိုဘလော့ဂ်ကိုဖြည့်သွင်းလာပြီး "ရယ်ချီရဲ့ First Love" ဟူပြီး Hot Search ထဲဝင်လာခဲ့သည်။

"ရယ်ချီရှန်ရဲ့ အချစ်ဦး 233333 ပေါ်လာတယ်လို့ ငါထင်ခဲ့တာ"

"ဟေ့ ငါတို့ လောင်ကုန်း**** နောက်ဆုံးတော့ ရုပ်ရှင်ပြန်ရိုက်လာပြီ ရင်ခုန်စိတ်လှုပ်ရှားနေမိပြီ"

"ရယ်ချီရှန်ရဲ့အချစ်ဦးက သူ့ဇနီးမှတ်လား၊ သူ အင်တာ ဗျူးပြောခဲ့တာကို ငါ မှတ်မိတယ်။"

"ရှန်းချူးချူး သရုပ်ဆောင်တာ အရမ်းကောင်းတယ်၊ သူရမ်မာအသစ်နှစ်ခုကို စောင့်နေပါတယ်လို့!"

.....

ရှန်းချူးချူးသည် Weibo အောက်ရှိ comment များကို ကြည့်ရှုခဲ့ပြီး ဟန်ရှင်းယန်က "ရယ်ချီရှန်က သူ့ အချစ်ဦးနဲ့လက်ထပ်ခဲ့တာတဲ့ အရမ်းမိုက်တယ်"

"ချောတယ်မလား ?" ဟန်ရှင်းယန်က ဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။

ရှန်းချူးချူး "အရမ်းချောတာပဲ၊ ဖျော်ဖြေရေးအသိုင်း အဝိုင်းမှာ တကယ်ချောတဲ့မင်းသားက နည်းနည်းပဲရှိတာ၊ ဒါ ပထမတန်းဖြစ်နိုင်တယ်။"

ဒါကို နားထောင်ပြီးနောက် ဟန်ရှင်းယန် ဖုန်းကိုယူကာ ခဏလောက်မျက်မှောင်ကြုတ်ပြီး "ဒီလောက်ပါပဲ"

ရှန်းချူးချူး ချေပချင်သော်လည်း ဟန်ရှင်းယန်တစ်ခုခုလွဲနေပုံရသဘ်ဟု ရုတ်တရက်အသိဝင်လာပြီး "မစ္စတာဟန်၊ ရှင် မနာလိုဖြစ်နေတာမဟုတ်ဘူးလား ?"

ဟန်ရှင်းယန် အနည်းငယ်ချောင်းဟန့်ပြီး မသက်မသာဖြစ်မှုကိုဖုံးကွယ်လိုက်သည်။ သူက "မဟုတ်ပါဘူး ?"

"တကယ်လား ?"

ဟန်ရှင်းယန် ခဏလောက်စဉ်းစားကာ "ကိုယ့် ရှေ့မှာ ယောက်ျား‌လေးတွေကို မချီးမွမ်းရဘူး"

ရှန်းချူးချူးသူ့အားတွန်းကာ "သိပါတယ်၊ ဟုတ်ပါပြီ၊ ဒါနဲ့ ရှင့် အချစ်ဦးကဘယ်သူလဲ ?"

မေးခွန်းပြီးနောက်၊ ရှန်းချူးချူးသည် သူနှင့် စာရင်းရှင်းသင့်သည်ဟု ခံစားမိသည်။ ရှင့် ပါးစပ်အရမ်းမြန်တာကိုပဲအပြစ်တင်လိုက်။ ဤအကြောင်းအရာကို အဆုံးသတ်ချင်ရုံသာ၊ ဟန်ရှင်းယန်က "မင်းကော ဘယ်သူလဲ ?"

ရှန်းချူးချူးတွေးမိလိုက်တာ ကျမ အချစ်ဦးဟာ ရှင် မဟုတ်ဘူးလား ? သူမသည် တစ်ဖက်လူကို တိုက်ရိုက်မပြောချင်သော်လည်း မျက်နှာကိုအနီးကပ်ကြည့်ရင်း မျက်လုံးများမလှန်ဘဲမနေနိုင်သလို မဖုံးကွယ်နိုင်ပေ။ "အဲဒါ ရှင် မဟုတ်ဖူးလား ?"

ဟန်ရှင်းယန် နားထောင်ရင်းပြီး‌နောက်၊ ပူပြင်းသည့်အနမ်းများဖြင့် ထပ်မံကျဆင်းပြန်တော့သည်။ နမ်းနေရင်း "ကိုယ်လည်း အတူတူပဲ" ဟု တိုးတိုးလေးပြောလာသည်။

မားမားဟန်နှင့် ချူးကွေ့ကျီတို့သည် သားသမီးများ အလုပ်ရှုပ်နေကြသည်ကိုသိကြပြီး ဟန်မိသားစုမှ လက် ထပ်ရန်စိတ်အားထက်သန်နေသောကြောင့် နှစ်ဖက်မိဘများ အဆိုပါကိစ္စများကိုတိုက်ရိုက်ဆွေးနွေးခဲ့ကြသည်။ ရှန်းချူးချူးသည် ချူးကွေ့ကျီနှင့် ဖုန်းပြောသောအခါ မားမားဟန်နှင့်ပါးပါးဟန်တို့သည် သူတို့အိမ်သို့အလည် အပတ်သွားခဲ့သည်ကို သူမ သိလိုက်ရသည်။

သူမ ဟန်ရှင်းယန်ဘက်လှည့်ကာမေးလိုက်ရာ တစ်ဖက်လူမှာ ထိုအကြောင်းကိုမသိလိုက်ပေ။

လူနှစ်ယောက်၊ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နောက်ဆုံး လက်ခံလိုက်ကြသည်။

**********

တစ်လအကြာတွင် "First Love" ကို စတင်ရိုက်ကူးခဲ့သည်။

မိတ်ဆက်ပွဲကျင်းပသည့်နေ့တွင်၊ ရှန်းချူးချူးသည် ရယ်ချီရှန်အားပထမဆုံးအကြိမ်တွေ့ခြင်းပင်။

Cover Photo ရိုက်ကူးချိန်တွင် သပ်သပ်စီရိုက်ကူးခဲ့ကြသဖြင့် ရယ်ချီရှန်နှင့်မတွေ့ဖြစ်ခဲ့ချေ။

သူမ၏ ရယ်ချီရှန်အပေါ်ပထမဆုံးအမြင်မှာ အလွန်ကောင်းခဲ့ပြီး ဓာတ်ပုံထဲကထက်ပိုချောသည်ဟုခံစားရသည်။

ရလဒ်အနေဖြင့် လူနှစ်ယောက်လက်ဆွဲနှုတ်ဆက်လိုက်သောအခါတွင် ရှန်းချူးချူးသည် တစ်ဖက်လူ၏ခေါင်းပေါ်မှ အသဲလေးပန်းရောင်သန်းလာသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။

ဆိုလိုတာ သူနဲ့ သူ့မိန်းမ ကွာရှင်းလိုက်ပြီပေါ့။

ဒါက ရှန်းချူးချူးကို နည်းနည်းလေးသိချင်စိတ်ဖြစ်စေ သည်။

ရယ်ချီရှန်သည် အသေးစိတ်အချက်အလက်များကို သတိပြုမိသည်။ သူပြုံးပြပြီးနောက် လှည့်ကာလက် ထောက်ကိုခေါ်ထုတ်သွားခဲ့သည်။

ရှန်းချူးချူးသည် ရယ်ချီရှန်အဝေးမရောက်ခင် သူ့ခေါင်းပေါ်က အသဲလေးကိုထိပြီး အိမ်ထောင်ရေးစနစ်ကို အမြန်ဖွင့်လိုက်သည်။ ဟုတ်သည်၊ သူ့ဇနီးဖြစ်သူနှင့် ကွာရှင်းထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။

ရှန်းချူးချူးသည် ဇနီးဖြစ်သူ၏ဓာတ်ပုံကိုနှိပ်လိုက်ရာ တစ်ဖက်လူမျာ သူမနှင့် ခပ်ဆင်ဆင်တူနေသဖြင့်အံ့သြသွားခဲ့ရသည်။

ဒါ ရယ်ချီရှန် သူမနဲ့ ပူးပေါင်းဖို့ ရွေးချယ်ရတဲ့အကြောင်း ရင်းများလား ?

ကွာရှင်းရခြင်းအကြောင်းရင်းကို ရှင်းလင်းစွာဖော်ပြထားသည်။ [နားလည်မှုလွဲမှားခြင်း]။

၎င်းတို့နှစ်ဦးထံ ၆ လသားအရွယ် ကလေးတစ်ယောက်ရှိသည်ကိုမြင်သောအခါ ရယ်ချီရှန်နှင့်ပတ်သက်ပြီး ထင် မြင်ချက်အချို့ရှိခဲ့သည်။ လင်မယားကွာရှင်းသောအခါတစ်ဖက်လူမှာ ကိုယ်ဝန်ရှိနေပြီဖြစ်သည်။ ကိုယ်ဝန်ရှိစဉ်မည်သို့သောယောက်ျားမျိုးက သူ့ဇနီးနှင့်ကွာရှင်းမည်နည်း ?

ထိုသို့ဆိုလျှင် မိခင်ဖြစ်သူမှ ကလေးအားဖယ်ထုတ်သင့်သည်။

အမျိုးသမီးကကွာရှင်းဖို့ အဆိုပြုတာလား၊ အမျိုးသားရဲ့ အဆိုပြုချက်လား ? သူ မသိချေ။

နောက်ပိုင်း ရယ်ချီရှန်သည် ဆယ်နှစ်အကြာတွင်လက် ထပ်ခဲ့သည်။

ရယ်ချီရှန်၏အိမ်ထောင်ရေးစနစ်နှင့် ရယ်ချီရှန်၏ ငယ် ရွယ်သောကျော်ကြားမှုကို မြင်ဖူးသောကြောင့် သူသည် ပရိတ်သတ်များစွာထံမှချည်းကပ်ခြင်း ခံနေရဆဲဖြစ်သောကြောင့် တစ်ဖက်လူသည် မာနကြီးကာတောက်ပသူဖြစ်သင့်သည်ဟု ရှန်းချူးချူးကယုံကြည်သည်။

ရလဒ်အနေနှင့် တစ်ဖက်လူမှာ သူမ စိတ်ကူးထားသည့်အရာများနှင့် လုံးဝကွဲပြားနေတာကိုတွေ့ရှိခဲ့သည်။

အထူးသဖြင့် ရယ်ချီရှန်၏သရုပ်ဆောင်မှုသည် လွန်ခဲ့ သောနှစ်နှစ်ခန့်က တီဗီတွင်သူမမြင်ခဲ့သော idol ဒရမ်မာများနှင့်လုံးဝကွဲပြား‌နေသည်။

ရုပ်ရှင်ရိုက်ချိန်မှာ ဇာတ်ရုပ်ထဲ နက်နဲသည့်ခံစားချက်တွေရှိသည်။ အထူးသဖြင့် အကြည့်ကစကားတွေအများကြီး ပြောသဖြင့် လူများကိုပါလိုက်ပါခံစားရစေသည်။

ဥပမာ- ယနေ့ဇာတ်ကွက်တွင် မင်းသမီးစုရန်ယန် နိုးလာသည်။ သူမအတွက် အရာအားလုံးအလွန်ထူးဆန်းနေပုံရသည်။ သူမ မြင်မြင်ချင်း ကျန်းကျိုးကိုသာအားကိုးအား ထားပြုနိုင်သည်။

စုရန်၏ကြောက်ရွံ့မှုကို သက်သာစေဖို့အတွက် ကျန်းကျိုးက "ကိုယ်က မင်းရဲ့ခင်ပွန်း၊ ကောလိပ်ကျောင်းပြီးတာနဲ့ ကိုယ်တို့လက်ထပ်ခဲ့ကြတာ"

"တကယ်လား ?" စုရန် ကြည့်ရသည်မှာ ယုံကြည်ပုံမရပေ။

"တကယ်"

"ကျမတို့ အမြဲတမ်းချစ်ခဲ့ကြတာလား ?"

ကျန်းကျိုးခေတ္တရပ်တန့်ကာ စုရန်ရန်ကို မျက်လုံးများပူလောင်စွာဖြင့်ကြည့်လိုက်သည်။ အသံ အနည်းငယ် တုန်နေပြီး "ဟုတ်တယ်၊ ကိုယ်တို့ အမြဲချစ်ခဲ့ကြတာ"

ရှန်းချူးချူး ရယ်ချီရှန်၏မျက်လုံးများကို ကြည့်ပြီး ချက်ချင်းပင် ထိုခံစားချက်ကိုဖမ်းလိုက်နိုင်သည်။ ရယ်ချီရှန်အားကြည့်ရသည်မှာ ခံစားချက်ရှိနေသလိုဖြစ်ပေမယ့် တကယ်တော့ သူမကိုဖြတ်ကာအခြားတစ်ယောက်ကိုကြည့်နေသလိုပင်။

"ကဒ်!"

"ဒါ နက်နဲတယ်၊ မင်း မျက်လုံးတွေက အရမ်းအသက်ဝင်လွန်းတယ်။ ဒီအချိန်မှာ မင်းဘဝတစ်‌လျှောက်လုံးကျော်ဖြတ်ခဲ့တာတွေကို ထုတ်ဖော်ပြောရမယ်၊ ဒါပေမယ့် မင်း တို့ရန်ဖြစ်နေခဲ့တာ တစ်နှစ်ခွဲလောက်ရှိပြီ၊ ခံစားချက်တွေက သိပ်မရိုးရှင်းဘူး။ ဒါကြောင့် မင်း အကြည့်ချင်းဆုံသင့်တယ် ပြီးရင် အကြည့်နဲ့ ချုပ်နှောင်ပစ်လိုက်။"

ရယ်ချီရှန်က မတ်တပ်ထရပ်ပြီး ဒါရိုက်တာကို "ဒါရိုက်တာ တောင်းပန်ပါတယ်၊ ကျနော် ထပ်ရိုက်ပေးမယ်"

ထိုသို့ပြောပြီး ရယ်ချီရှန် ဇာတ်ညွှန်းကိုဘေးနားသို့ ယူသွားသည်။ ခဏကြာတော့ သူပြန်လာသည်။ ရှန်းချူးချူး ရယ်ချီရှန်ထံမှ မီးခိုးနံ့ရသောကြောင့် ဆေးလိပ်သွားသောက်သည်ဟု မှန်းဆခဲ့သည်။

သို့သော် ယခုတစ်ကြိမ်မှာတော့ မျက်လုံးတွေအတော်လေး အဆင်ပြေသွားသဖြင့် ဒါရိုက်တာက အရမ်းကျေ နပ်သည်။

ရှန်းချူးချူးသည် ရယ်ချီရှန်အား ဝါသနာရှင်ဟု ခံစားရသည်။ သူ့ထံ လျှို့ဝှက်ချက်တစ်ခုရှိသင့်တယ်၊မဟုတ်ပါက ရုတ်တရက် သူ ဒီလောက်စိတ်ဓာတ်ကျနေမည်မဟုတ်ပေ။

ရိုက်ကူးပြီးနောက် ရယ်ချီရှန်သည် ပိုတိတ်ဆိတ်သွားခဲ့သည်။ ထိုင်ခုံမှာအေးအေးဆေးဆေးထိုင်၊ ဝန်ထမ်းတွေနဲ့ စကားမပြောသလို ဒါရိုက်တာနဲ့ စကားမပြောဘဲ ဇာတ် ညွှန်းကိုသာ တိတ်တိတ်လေးကြည့်နေတတ်ပြီး တခါတရံ တစ်နေရာရာကိုကြည့်တတ်သည်။

ညစာစားပွဲတွင် ဒါရိုက်တာမှ "သူ့ရဲ့သရုပ်ဆောင်တာ အရမ်းနစ်ဝင်သွားတာမျိုးမရှိဘူး။ ဒီနှစ် မင်းသရုပ် ဆောင်ချက်တွေ ပိုဆန်းသစ်လာတယ်လို့ထင်ရတယ်။ ဒါနဲ့ မင်း ဘယ်လိုလုပ်စကားတွေမပြောဘဲ ဘယ်လိုပုံစံနဲ့ ငြိမ်နေရတာလဲ၊ ဟေ"

ရယ်ချီရှန် ပြုံးပြီးစကားမပြောဘဲ ဒါရိုက်တာအတွက် ဝိုင်နည်းနည်းထည့်ပေးပြီး "ဒါရိုက်တာ သောက်ပါဦး"

ဒါရိုက်တာ ပြုံးကာ ခေါင်းခါပြီး "အင်း သောက်ပါဦးသောက်ပါဦး ချည်းပဲပြောမနေနဲ့တော့"

ရှန်းချူးချူးသည် ရယ်ချီရှန်၏ခြားနားမှုမှာကြီးမြတ် သည်ဟု ခံစားမိသည်။

သို့သော်လည်း သူမနှင့်ရယ်ချီရှန် သရုပ်ဆောင်ချိန်တွင် တစ်ဖက်လူသည် သူမအပေါ်အလွန်ဂရုတစိုက်ရှိသည်ကို တွေ့ရှိခဲ့သည်။

ထိုနေ့မှာပင် တက္ကသိုလ်ကျောင်းသူဘဝရဲ့တစ်စိတ်တစ် ပိုင်းကို ရိုက်ကူးခဲ့သည်။ ကျန်းကျိုးသည် သူ့ဇနီးစုရန်၏ အမှတ်တရများကိုယူကာ တက္ကသိုလ်ကာလ၏ အမှတ် တရကောင်းများကိုရှာဖွေခဲ့သည်။

ကျန်းကျိုးသည် စုရန်ရန်နှင့်အတူ ဟောပြောပွဲခန်းမသို့ ရောက်ရှိလာပြီး ၎င်းတို့သည် ပထမဆုံးအကြိမ်လက် ကိုင်ခဲ့သည့်နေရာဖြစ်သည်။ ထိုချိန် သူတို့နှစ်ယောက် ဆက်ဆံရေးတစ်ခုစတင်ပြီးသားဖြစ်သော်လည်း ဘယ် တော့မှ ထုတ်မပြခံခဲ့ကြချေ။

ထိုနေ့ စာသင်ခန်းထဲရှိချိန် ကျန်းကျိုးက "မင်း လက်ကို ကိုင်လို့ရမလား ?"

စုရန်ရန်သည် ရှက်ရွံ့ရှက်ရွံ့နေသောအကြည့်ဖြင့် ဆရာမကိုမော့ကြည့်လိုက်ကာ သူ့မျက်နှာထက်နီရဲနေပြီး စကားပင်မပြောနိုင်ချေ။ ချက်ချင်းဆိုသလို ကျန်းကျိုးသည် စားပွဲအောက်မှ စုရန်ရန်၏လက်ကိုကိုင်လိုက်သည်။

တကယ်ရိုက်ကူးချိန်မှာ ရယ်ချီရှန်က ရှန်းချူးချူးအားကြည့်ပြီး "ယွမ်ယွမ်၊ ဒီနေရာကိုမှတ်မိလား ?"

ရှန်းချူးချူး အံ့အားသင့်သွားပြီး ရယ်ချီရှန်စာကြောင်းမှားပြောလိုက်ပြီဟုတွေးလိုက်သည်။ လူတိုင်းက နောက်တစ်ကြိမ်ရိုက်ဖို့အဆင်သင့်ဖြစ်နေချိန် ရယ်ချီရှန်သည် သူ့ကိုယ်သူ မှားသည်ဟု မထင်ခဲ့မိချေ။

ရှန်းချူးချူးက "ကော၊ အခု စာကြောင်းမှားပြောနေတယ်"

"အာ ?" ရယ်ချီ မျက်မှောင်ကြုတ်ပြီး "ဘယ်ဟာ မှားတာလဲ"

ရှန်းချူးချူး ခေါင်းညိတ်ပြီး "ကော အမျိုးသမီးဇာတ် လိုက်နာမည်မှားပြောနေတာ၊ အဲဒါ ယွမ်ယွမ်မဟုတ်ဘူး စုရန်ဖြစ်ရမှာ"

ရယ်ချီရှန်သည် "ယွမ်" ဟူသောစကားကို အမှတ်မထင် ကြားလိုက်ရပြီး သူ့မျက်နှာချက်ချင်းပြောင်းသွားသည်။ စက္ကန့်အနည်းငယ်ကြာတိတ်ဆိတ်သွားပြီးနောက် သူ့မျက်နှာ ပုံမှန်ပြန်ဖြစ်သွားပြီး "Ok ၊ တောင်းပန်ပါတယ် ချော်ထွက်သွားတယ်"

ရှန်းချူးချူး ခေါင်းယမ်းပြီး "ကိစ္စမရှိပါဘူး၊ ပြန်လုပ်ကြရအောင်"

"ကောင်းပြီ။"

ရလဒ်အနေနဲ့၊ "ယွမ်" ဟူသောစကားလုံးသည် ရယ်ချီရှန်၏ ခလုတ်ကိုထိမိသွားလားမသိပေ။ ဒီရိုးရှင်းတဲ့ မြင် ကွင်းကို အကြိမ်ပေါင်းများစွာမရိုက်နိုင်ခဲ့‌ချေ။

ရှန်းချူးချူးသည် ရုတ်တရက် ရယ်ချီရှန်အလွန်စိတ်ဖိစီးလာသည်ကိုပင် ခံစားနိုင်သည်။ ရံဖန်ရံခါ စိုးရိမ်စရာတစ်ခုခုရှိနေသည်မှာ ထင်ရှားသည်။

နောက်ဆုံး ပဉ္စမအကြိမ်‌မြောက်တွင် ရယ်ချီရှန်က ဒါရိုက် တာအား "တောင်းပန်ပါတယ် ဒါရိုက်တာ၊ ကျွန်တော် အခြေအနေမကောင်းဘူး၊ ခဏအနားယူချင်တယ်"

ရယ်ချီရှန်၏စွမ်းဆောင်ချက်မှာ အမြဲတမ်းအရမ်းကောင်းနေသဖြင့် ဒါရိုက်တာမှ သူ ဒီနေ့ အခြေအနေမကောင်းဘူးဟုမြင်သည့်အတွက် အဆင်သင့်ဖြစ်နေခဲ့သည်။

ရှန်းချူးချူးသည် ရယ်ချီရှန် ထွက်သွားသည်ကိုကြည့်လိုက်ပြီး သူမမျတ်မိသည်သာ မှန်ကန်ပါက ရယ်ချီရှန်၏ ဇနီးဟောင်းအမည်မှာ ယွမ်ယွမ်၊ လီယွမ်ယွမ်ဟုခေါ်သည် ဟုတွေးလိုက်မိသည်။

ထို့ကြောင့် ရယ်ချီရှန်၏အပြောင်းအလဲများသည် သူ့ဇနီးဟောင်းနှင့်သက်ဆိုင်ခြင်းဖြစ်‌ပေမည်။

All Chapters