← Chapters

အခန်း (၁၀၈)

Vol. 11 Ch. 108

အခန်း (၁၀၈)

Vol. 11 Ch. 108

ရှန်းချူးချူး သူ့ရှေ့ရှိ သတင်းထောက်များကိုထိတ်လန့်စွာစိုက်ကြည့်ပြီး နှလုံးခုန်သံအနည်းငယ်မြန်လာရသည်။ ဒီသတင်းထောက်တွေကို သူမကို ဘယ်လိုဖြေရမလဲဆိုတာထက် အံ့ဩစရာတစ်ခုခုပြောလာမည်ကိုကြောက်မိ သည်။

မမျှော်လင့်ဘဲ သတင်းထောက်များက မေးလာသည်။

"ရှန်းချူးချူးး၊ ရယ်ချီရှန်နဲ့ သူ့မိန်းမ တကယ်ကွာရှင်းလိုက်ပြီဆိုတာ မင်း ကြားထားလား"

"ဒီကိစ္စကို မင်း သိပြီးပြီလား"

"သူ့မိန်းမ ရိုက်ကွင်းကိုလာလား၊ ဖုန်းပြောတာကော ကြားဖူးလား။"

"သူတို့ ကွာရှင်းရတဲ့ အကြောင်းရင်းကို မင်းသိလား"

......

ရှန်းချူးချူးသည် ထိုမေးခွန်းများကိုနားထောင်ခဲ့ပြီး၊ ဤပုံတိုပတ်စသည် သူ့အကြောင်းမဟုတ်သည့်အတွက် ကျေးဇူးတင်ရမည့်အချိန်ပင်မရှိခဲ့ဘဲ စိတ်မသက်မသာဖြစ်နေတော့သည်။

ရယ်ချီရှန်နှင့် လီယွမ်ယွမ်တို့ကွာရှင်းပြတ်စဲသည်ဖြစ်စေ၊ အဘယ်ကြောင့်ကွာရှင်းသည်ဖြစ်စေ အခြားသူများနှင့် ဘာမှမသက်ဆိုင်ပုံရသည်။

ဒီလိုအစဆွဲထုတ်မှုမျိုးက လူများအားစိတ်မသက်မသာဖြစ်စေသည်။

"တောင်းပန်ပါတယ် ငါမသိဘူး"

"ရှန်းချူးချူးး၊ မင်း တကယ်မသိဘူးလား၊ တချို့ဝန် ထမ်းတွေက ရယ်ချီရှန်နဲ့ သူ့မိန်းမ ဖုန်းဆက်ပြီး စကားများကြတယ်လို့ပြောတယ်၊ မင်း တခြားဘာမှမကြားမိဘူးလား ?"

"ဟုတ်တယ်၊ ရှင်တို့ရဲ့ ဆက်ဆံရေးကောင်းတယ်မှတ်လား ? ဒါလေးတောင် မသိဘူးလား ?"

"တောင်းပန်ပါတယ်၊ ရယ်ကော မရီးနဲ့ရန်ဖြစ်ကြတာ မကြားမိဘူး၊ စောနက ရှင်တို့ပြောတဲ့ ကွာရှင်းတဲ့ကိစ္စလည်း ကျမ တကယ်မသိဘူး"

ရိုက်ကူးရေးပြီးနောက်၊ ဤတစ်ကြိမ်တွင် ချူးချူး ရယ်ချီရှန်အား ရှာမတွေ့ခဲ့ပေ။

ဒါရိုက်တာ ရုပ်ရှင်ရိုက်မယ်ဟုပြောချိန်မှသာ ဆေးလိပ်နံ့ဖြင့် ရယ်ချီရှန်ရောက်လာသည်ကိုတွေ့လိုက်ရသည်။

ရယ်ချီရှန် အခြေအနေသည် ယနေ့တွင် ပိုဆိုးလာသည်။ ဒါရိုက်တာ ရယ်ချီရှန်အားစာနာပြီးအပြစ်မတင်တော့ချေ။

အခြား NG ပြီးနောက်၊ လက်ထောက်သည် ရယ်ချီရှန် ၏ဖုန်းကိုလွှဲပြောင်းပေးခဲ့သည်။ ရယ်ချီရှန်သည် တုံ့ဆိုင်းမနေဘဲဖုန်း ချက်ချင်းခေါ်လိုက်သည်။

"ယွမ်ယွမ်... မဟုတ်ဘူး၊ တကယ်မဟုတ်ဘူး... စိတ်မပူနဲ့... အခု မင်း ဘယ်မှာလဲ၊ ကိုယ် မင်းကိုလာရှာမယ်... မထွက်နဲ့၊ ကိုယ် အခုချက်ချင်းလာခဲ့မယ်..."

နီးကပ်မှုကြောင့် ရှန်းချူးချူးသည် ရယ်ချီရှန်၏ဖုန်းထဲကအကြောင်းအရာများကို ကြားလိုက်ရသည်။

ဖုန်းရဲ့အဆုံးမှာတော့ အိမ်တံခါးဝမှာသတင်းထောက်တွေ ဝိုင်းထားသည့် အမျိုးသမီးတစ်ဦးရှိနေပုံရသည်။

ရှန်းချူးချူးသည် ရယ်ချီရှန်ထွက်ခွာသွားသည့်နောက်ကိုကြည့်လိုက်ရာ ပိုစိတ်ရှုပ်သွားရသည်။

လီယွမ်ယွမ်အတွက် ရယ်ချီရှန်၏ခံစားချက်များသည် အလွန်နက်ရှိုင်းဆဲဖြစ်ပုံရပြီး လီယွမ်ယွမ်ကြည့်ရသည် မှာ ရယ်ချီရှန်အပေါ် ခံစားချက်မရှိပေ။

ဒီတော့ သူတို့ ဘာကြောင့် လမ်းခွဲခဲ့ကြတာလဲ ?

ရယ်ချီရှန် အလွန်လျင်မြန်စွာထွက်သွားခဲ့သည်။ အချိန်အတော်ကြာပြီးနော် ရိုက်ကူးရေးအစီအစဉ် လုံးဝ ပျက် ယွင်းသွားခဲ့သည်။ ဒါရိုက်တာ နောက်အပိုင်းများအားရှေ့တိုးနိုင်သော်လည်း သရုပ်ဆောင်များသည် အဆင် သင့်မဖြစ်ကြသေးပေ။ ထို့ကြောင့် ဒါရိုက်တာ လူတိုင်းကို မနက်ပိုင်းအနားပေးလိုက်ပြီး နေ့လည်ပိုင်းမှသာဆက် လက်ရိုက်ကူးခဲ့ရသည်။

ရှန်းချူးချူး ဟိုတယ်သို့ပြန်ရောက်ပြီးနောက် အခြားရှိုးပွဲတစ်ခုအတွက်အလျင်အမြန်ပြင်ဆင်ခဲ့သည်။

နေ့ခင်းဘက်မှာတော့ အဖွဲ့သားတွေဆက်လက်ရိုက်ကူးခဲ့ရသည်။ ရယ်ချီရှန် ထွက်သွားသဖြင့် ရိုက်ကူးရေးအနားမှာရှိနေကြသည့် သတင်းထောက်တော်တော်များများလည်းထွက်သွားကြသည်။

သို့သော် ရယ်ချီရှန်ပြန်မလာခဲ့ပေ။

ရိုက်ကူးပြီးတစ်ရက်အကြာတွင် ရှန်းချူးချူးလက်ကိုင်ဖုန်းကို ယူကာ Weibo ကိုကြည့်ရှုခဲ့သည်။ Weibo မှာ ရယ်ချီရှန်အကြောင်း သတင်းတွေအများကြီးရှိနေသည်၊ ရယ်ချီရှန် လီယွမ်ယွမ်အား ရှာဖို့သွားခဲ့ပြီး လီယွမ်ယွမ် ရဲ့အိမ်နားတဝိုက်က သတင်းထောက်တွေကို ရယ်ချီရှန် အကြီးအကျယ်ဒေါသထွက်ခဲ့သည်။

အဆိုပါသတင်းများသည် သတင်းထောက်များအမြဲလိုလိုချဲ့ကားထားခြင်းဖြစ်ပြီး ၎င်းတို့၏ကိုယ်ရေးကိုယ် တာများကိုဖုံးကွယ်ထားစဉ် အခြားသူများ၏ကိုယ်‌ရေးကိုယ်တာကိုမူပြစ်တင်ရှုတ်ချကြသည်။

"ရယ်ချီရှန် အရမ်းဒေါသထွက်ပြီး သတင်းထောက်တွေကိုနာကျင်စေတယ်။"

"ရယ်ချီရှန်က အတုအယောင်ပဲ၊ ကွာရှင်းပြီးတာတောင် ချစ်ခင်ပြနေတုန်းပဲ"

"ဖျော်ဖြေရေးအသိုင်းအဝိုင်းက စုံတွဲအတုများ"

"အချစ်ဦးပြိုလဲသွားချိန်မှာ ရယ်ချီရှန်က ပိတ်ဆို့မှုတစ်ခုနဲ့ကြုံနေရတယ်။"

......

ထိုသတင်းထောက်များသည် သုံးလို့ရသည့်သတင်းများကိုမတူးဆွနိုင်ချေ။ ဝေခွဲမရသည့်ပုံများဖြင့်သာ သို့လော သို့လောရေးတင်နိုင်ကြသည်။ ထို့ပြင် ရယ်ချီရှန်သည် ကွာရှင်းပြတ်စဲသည့်တိုင် အလွန်ချစ်ခင်ပြနေသည်မှာ ပရိတ်သတ်များရှေ့ သရုပ်ဆောင်ပြသည်ဟု ၎င်းတို့ထင်ကြသည်။

သို့သော် ရှန်းချူးချူးသည် လီယွမ်ယွမ်၏မျက်နှာကိုရိုက်နေသော ကင်မရာကိုပိတ်ဆို့ကာ စိုးရိမ်သောကရောက်နေသော ရယ်ချီရှန်၏ လေးနက်သောခံစားချက်များကို သူမ ခံစားမိသည်။

ဟုတ်ပါတယ်၊ ရှန်းချူးချူး တစ်ယောက်တည်းတင်မဟုတ်ပေ၊ အင်တာနက်သုံးစွဲသူများလည်း သတိထားမိကြသည်။

အွန်လိုင်းပေါ်စျေးကွက်ရှာဖွေရေး အကောင့်များရှိသော် လည်း၊ လူများစွာသည် ၎င်းတို့၏ကိုယ်ပိုင် ဆုံးဖြတ်ချက်များအတွက် အခိုင်အမာရပ်တည်ဆဲဖြစ်သည်။

"ရယ်ချီရှန်က သူ့မိန်းမကိုအရမ်းချစ်တာကို၊ ဘယ်လိုပြောရမလဲ ? ဒါ တကယ်ကွာရှင်းထားတာလား ? ငါ တော့ လုံးဝအဲ့လိုမမြင်ရဘူး!"

"ဟေး၊ရယ်ကောက သူ့ဇနီးဟောင်းကို ကာကွယ်ပေးနေတာ အမှန်ပဲ"

"ရယ်ကောရဲ့မျက်လုံးကိုကြည့်ရင် သိလိမ့်မယ်၊ အဲဒါ အချစ်ပဲ"

"သနားစရာဟယ်၊ ရယ်ကော ကြည့်ရတာဝမ်းနည်းနေတဲ့ပုံပါ၊ သူ ဘာလို့ ကွာရှင်းရတာလဲ။"

ရယ်ကော၏အနုပညာအသိုင်းအဝိုင်းမှ သူငယ်ချင်း အများအပြားကလည်း ရယ်ချီရှန်အားထောက်ခံကြသည်။

ရယ်ချီရှန်လည်း Weibo တွင် Post တင်ခဲ့သည်။

ရယ်ချီရှန်V: ငါ ဘယ်လိုလုပ်ရမလဲ ? ဘယ်လိုဓာတ်ပုံရိုက်ကြတာလဲ ? ကျနော့် အသိုင်းအဝိုင်းအပြင်လူတွေက ကျနော့် သူငယ်ချင်းတွေနဲ့ မိသားစုကိစ္စကို ဝင်မပါကြပါနဲ့၊ သူတို့က သာမန်လူတွေပါ သူတို့ရဲ့သာမန်ဘဝမှာနေနေကြတာ၊ ကျေးဇူးတင်ပါတယ်!

ရှန်းချူးချူး ထို Weibo Post ကို ပထမဆုံးအကြိမ် Share ပေးခဲ့သည်။

အနုပညာရှင်တော်တော်များများ တူညီသည့်ခံစားချက်တွေရှိကြမည်ဟုယုံကြည်ပြီး ၎င်းတို့၏သူငယ်ချင်းများနှင့် ဆွေမျိုးအသိုင်းအဝိုင်းများကို ပါဝင်ပတ်သတ်စေချင်ခြင်းမရှိဟုယုံကြည်သည်။ စာနယ်ဇင်းသမားများနှင့် မီဒီယာအများအပြားသည်လည်း ဤသဘောတရားကို လိုက်နာကြသည်။ သို့သော် ပေါက်ကွဲပွိုင့်ဟုခေါ်သည့် အနုပညာရှင်များ၏လျှို့ဝှက်ချက်ကိုမူ လျစ်လျူရှုကာ အနုပညာရှင်များ၏မိသားစုများကို နိုင်ထက်စီးနင်း ထုတ်ဖော်ပြောဆိုသူများလည်းရှိသေးသည်။

ထို့ကြောင့် မကြာခင်မှာပင် ထို Weibo Post အားကြယ် ပွင့်များစွာ Share ခဲ့ကြသည်။

ရယ်ချီရှန်၏ဇနီးကို ဓာတ်ပုံရိုက်ခဲ့ဖူးသည့် မီဒီယာကိုလည်း အင်တာနက်အသုံးပြုသူများကရှုတ်ချခဲ့သည်။

"အဲဒါကိုတွေးကြည့်တော့မှ တော်တော်ဆိုးတာပဲ၊ ရယ်ချီရဲ့ဇနီးဟောင်းကို ဘာလို့အတင်းလိုက်ဖော်နေကြတာလဲ၊ နောက်ထပ် လက်ထပ်ချင်ရင်၊ မင်းတို့‌ကြောင့် ဖော်ထုတ်ခံရထားရတော့၊ မိန်းကလေးက ဘယ်လိုလက်ထပ်ရ တော့မှာလဲ"

"သူမ စိတ်ကျရောဂါခံစားနေရတယ်လို့ ကြားတယ်။ ရောဂါပိုဆိုးရင် ဘယ်လိုလုပ်ရမလဲ ? ဒီမီဒီယာတွေက အတော်လေးအကျင့်ပျက်နေတာပဲ"

“Privacy ထိပါးတဲ့ သတင်းထောက်တွေကို ပြင်းပြင်း ထန်ထန်ရှုတ်ချပါ၊ မြန်မြန်ထွက်သွားကြ”

.....

လီယွမ်ယွမ်သည် အပြင်သို့ထွက်သွားသော သတင်း ထောက်ကိုကြည့်ကာ ရယ်ချီရှန်ဘက်သို့လှည့်ပြီး "သတင်းထောက်တွေ ထွက်သွားပြီ၊ နင် ထွက်သွားလို့ရပြီ"

"ယွမ်ယွမ် ကိုယ်... ကိုယ် မယုံဘူး၊ ကိုယ် ခဏနေမယ်။ တော်ကြာ သူတို့ ပြန်လာရင်"

လီယွမ်ယွမ် အေးစက်စွာပြောသည်။

"ဟင့်အင်း၊ သူတို့က နင် ဒီမှာ ရှိနေလို့စောင့်နေကြတာ နင်မရှိရင် သူတို့ ထွက်သွားကြလိမ့်မယ်။"

" ယွမ်ယွမ် မင်း မလုပ်နိုင်ပါ..."

အိမ်ထဲမှာ သူ့ကလေးကိုချီထားတဲ့ လီမားထွက်လာပြီး သူ့သမီးနဲ့ သားမက်ကို ကြည့်လိုက်သည်။

"နင် ရှောင်ရှန်နဲ့ထိုင်ပြီး ကောင်းကောင်းစကားပြောလို့မရဘူးလား"

လီယွမ်ယွမ်သည် လီမား၏လက်ထဲမှကလေးကို တစ်ချက်ကြည့်လိုက်ပြီး ရယ်ချီရှန်ကိုလှည့်ကြည့်လိုက်သည်။

"မဟုတ်ဘူး၊ သမီး သူနဲ့ စကားပြောစရာ သိပ်မရှိဘူး"

"ယွမ်ယွမ်၊ နင် အခက်တွေ့အောင်မလုပ်ဘဲ နေလို့မရဘူးလား !" လီမား အသံကျယ်ကျယ်‌မမြင့်ဘဲမနေနိုင်ပေ။

ရယ်ချီရှန်သည် သူ့ခန္ဓာကိုယ်ဘေးရှိ လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ သူ ခေါင်းကို လှည့်ပြီး ငိုနေတဲ့ကလေးကိုကြည့်လိုက်သည်။ သူ့မျက် နှာထက်အပြုံးနဲ့ "သူက အရမ်းချစ်ဖို့ကောင်းတယ်"

လီမားသည် ထိုစကားကြားသောအခါ သူမ စိတ်လှုပ်ရှားသွားပြီး "ရှောင်ရှန် မင်းက သူ့ကိုချီချင်လား ?"

ရယ်ချီ ငုတ်တုတ်ထိုင်လိုက်ပြီး လက်လှမ်းကာ "ဟုတ်ကဲ့ ချီကြည့်ချင်တယ်၊ ဒါပေမယ့် ကျွန်တော် ကလေးကိုမချီတတ်သေးဘူး"

"ရတယ်၊ ကလေးချီတာမခက်ဘူး၊ မင်းကလေးရဲ့ခေါင်းကို အရင်ထိန်းယူလို့ရတယ်။"

လီမား ကလေး ရယ်ချီရှန်ရဲ့လက်ထဲကိုရောက်သွားတာကိုမြင်တော့ လီယွမ်ယွမ် ရုတ်တရက်လမ်းလျှောက်လာပြီး ကလေးကိုပွေ့ချီကာ "ဆောရီးနော် အစ်မတို့မိသားစုရဲ့ကလေးက အပြင်လူတွေမကြိုက်လို့၊ နင် ထွက်သွားလို့ရပြီ"

လီမားသည် သူ့သမီး၏အားကြည့်ကာ "ယွမ်ယွမ်၊ နေကောင်းရဲ့လား၊ နင် စိတ်မှန်ပါတယ်နော် ဟဲ့။"

ရယ်ချီရှန်သည် "အပြင်လူ" ဟူသောစကားလုံးကြောင့် စိတ်ထိခိုက်သွားသည်။ ဟုတ်တယ်၊ သူက သူမအိမ်မှာ အပြင်လူဖြစ်နေပြီ။

"ကောင်းပြီ၊ ရိုက်ကွင်းမှာ ရိုက်ကူးရေးကတန်းလန်းကြီးဆိုတော့ ကိုယ် အရင်ပြန်လိုက်မယ်။"

ရယ်ချီရှန်သည် လီယွမ်ယွမ်အားမျက်နှာမူခဲ့သည်။ လီယွမ်ယွမ် မတုံ့ပြန်တာကို သူမြင်ပြီး လီမားဘက်မျက်နှာ မူလိုက်သည်။

"အန်တီ ကျနော် အရင်သွားလိုက်ဦးမယ်၊ ပြီးမှ ကျနော်ပြန်လာခဲ့မယ်"

လီမား ဘာမှမထူးခြားတဲ့ သမီးဖြစ်သူကိုကြည့်ပြီး ထွက်သွားဖို့တံခါးဖွင့်နေတဲ့ သားမက်ဟောင်းကိုကြည့်လိုက်သည်။ "ရှောင်ရှန် အန်တီ မင်းကိုလိုက်ပို့ပေးမယ်။"

ထွက်သွားတော့မည့် မိခင်ဖြစ်သူကိုကြည့်ကာ လီယွမ်ယွမ်က "အမေ၊ အဓိပ္ပာယ်မရှိတဲ့စကားတွေမပြောခဲ့နဲ့" ဟု ပြောလိုက်သည်။

လီမားက "သိတယ်"

အောက်ထပ်သို့ဆင်းသွားပြီးနောက် လီမားသည် ရှုပ် ထွေးနေသောမျက်လုံးများဖြင့် သားမက်ကိုကြည့်ကာ သက်ပြင်းအနည်းငယ်ခပြီး တစ်ခုခုပြောချင်သော်လည်း မပြောဝံ့ပေ။

ရယ်ချီရှန်သည် လီမားသည် ယနေ့ အလွန်ထူးဆန်းသည်ဟုခံစားရပြီး သူနှင့်စကားပြောချင်ပုံရသည်ကို ခံစားမိသော်လည်းတုံ့ဆိုင်းသွားသည်။ ထို့နောက် ငြိမ်သက်စွာ ရပ်စောင့်နေလိုက်သည်။

"အိုး မေ့လိုက်တော့" လီမားက "ရှောင်ရှန် မင်း အပြန်လမ်းမှာဘေးကင်းဖို့ ဂရုစိုက်ပြီး သေချာကြည့်‌မောင်းနော်"

"အန်တီ ကျနော် လာချင်နေတာကြာပါပြီ၊ ဟိုဟိုဒီဒီ ပြန်တွေးမိတော့... အရင်ကိစ္စတွေအတွက် ကျနော့်ကိုပဲ အပြစ်တင်ရမျာပါ"

လီမား သူမမျက်လုံးထဲကမျက်ရည်တွေကို သုတ်လိုက်ပြီး "မင်း သေချာရှင်းအောင်မပြောပြနိုင်ဘူးလား ? ယွမ်ယွမ်က မင်းကိုစောင့်နေမှာမဟုတ်ဘူး။"

ရယ်ချီရှန်က ဒီစကားကိုနားထောင်လိုက်ပေမယ့် သူ့အ ပေါ် လီယွမ်ယွမ်၏သဘောထားကိုတွေးလိုက်တဲ့အခါ သူ့စိတ်တွေ တုန်လှုပ်သွားပြီး "ဟုတ်ကဲ့၊ ကျနော် အချိန်ရရင် အန်တီနဲ့ဦးလေးဆီ ခဏခဏတွေ့ဖို့လာခဲ့ပါ့မယ်"

"အိုး..အဲ့ဒါကောင်းတယ်..ကောင်းတယ်"

လီမိသားစုမှထွက်ခွာပြီးနောက် ရယ်ချီရှန်သည် ရိုက်ကူး ရေးသို့ပြန်သွားခဲ့သည်။ သူ လက်ထောက်အား ဘီယာတစ်ဖာဝယ်ခိုင်းပြီး ကမ်းခြေရှိ ငါးဖမ်းသင်္ဘောနား ပြေးဆင်းသွားသည်။

ငါးဖမ်းသင်္ဘောသားများရှိရာနေရာသည် တောင်ဘက်မှာရှိသည်ါမြို့ငယ်လေးဖြစ်ကာ ပင်လယ်နှင့်နီးသည်။ သို့ သော် ဤနေရာသည် ရှုခင်းမဟုတ်၊ တံငါသည်များ ငါးဖမ်းရာနေရာဖြစ်သည်။ ထို့ကြောင့် ညဘက်တွင် မည်သူမျှ ဤနေရာကိုလာမည်မဟုတ်ပေ။

တိုက်ဆိုင်မှု တစ်ခုလည်းဖြစ်သည်။ ဒီနေ့ အရမ်းစားတာများပြီး ဟန်ရှင်းယန်နျင့် လမ်းလျှောက်ထွက်ခဲ့သည်။ လမ်းလျှောက်ရင်းနဲ့ မနီးမဝေးမှာ ထိုင်နေတာတွေ့သည်။ နီးကပ်လာပြီးနောက် တစ်စုံတစ်ယောက်က သူတို့ကို နှုတ်ဆက်လာသည်။

"လက်ထောက် ?"

ရှန်းချူးချူး ရယ်ချီရှန်၏လက်ထောက်ကိုတွေ့လိုက်သည်။ သူ ကမ်းခြေမှာထိုင်နေတဲ့လူကို တစ်ချက်ကြည့်လိုက်ပြီး "ရယ်ကော ပြန်ရောက်ပြီလား ?"

လက်ထောက်က ခေါင်းညိတ်ပြပြီး ရယ်ကောအားညွှန်ပြပြီး "ပြန်လာတည်းက၊ ဟိုမှာ သောက်နေတာ၊ ငါးပုလင်း ခြောက်ပုလင်းလောက် သောက်ပြီးပြီ ချူးချူး၊ မင်း ကူပြောပေးပါလား ?"

လက်ထောက်ပြီးသောအခါ၊ ရှန်းချူးချူး၏ဘေးတွင်ရပ်နေသော လူကို တစ်ချက်ကြည့်လိုက်သည်။

ရည်းစားရှိသောမိန်းကလေးအား ယောက်ျားတစ်ယောက်ကိုစည်းရုံးခွင့်ပေးနေရသည်။ သို့ရာတွင် ဤနေရာတွင် မည်သူမျှမရှိသလို မည်သူအားရှာရမှန်း သူ မသိပေ။ ၎င်းတို့ မိသားစုဝင် နောက်ထပ်ဗိုက်အောင့်ပြီး ဆေးရုံတက်ရမည်ကို သူကြောက်သည်။

ရှန်းချူးချူး နေ့လည်က သူ Weibo တွင် မြင်ခဲ့ရသည့်အရာများအကြောင်း၊ အိမ်ထောင်ရေးစနစ်ဆိုင်ရာအ ကြောင်းအရာများနှင့် ဆက်စပ်ပတ်သက်နေသူများအကြောင်းတွေးကာ ရယ်ချီရှန်ဝမ်းနည်းနေသည်ကို ကြည့်လိုက်သည်။ ပြီးနောက် သူမ ခေါင်းလှည့်ကာ ဟန်ရှင်းယန်ကိုကြည့်လိုက်သည်။

ဟန်ရှင်းယန် ပြုံးပြီး ရှန်းချူးချူး နားနောက်ဆံပင်သပ်တင်ပေးရင်း "သွားလေ၊ ‌သတိသွားပေးလိုက်ဦး တော်ကြာ သူ နေမကောင်းဖြစ်သွားရင် မနက်ဖြန်ရုပ်ရှင်မရိုက်နိုင်ဘဲနေဦးမယ်" ဟုပြောလိုက်သည်။

ရှန်းချူးချူး ခေါင်းညိတ်လိုက်သည်။

ရှန်းချူးချူး ရယ်ချီရှန်နံဘေး ဝင်ထိုင်လိုက်ပြီး စကား ပြောရန် အချိန်မရသေးပေ။ ရယ်ချီရှန် သူမကိုကြည့်လာကာ "တကယ်တော့ မင်းက ယွမ်ယွမ်နဲ့ အရမ်းတူတယ်" ဟုပြောလာသည်။

All Chapters