← Chapters

အခန်း (၁၂၀)

Vol. 12 Ch. 120

အခန်း (၁၂၀)

Vol. 12 Ch. 120

ယခုနှစ်ကုန်တွင် ရှန်းချူးချူးသည် ဆုအမျိုးမျိုးအ တွက် နာမည်စာရင်းတင်သွင်းခံခဲ့ရသည်။

"Jialing Princess" ဖြင့် College Film Festival အတွက် ရေပန်းအစားဆုံးမင်းသမီးအဖြစ် နာမည်စာရင်းတင်သွင်းခံရခြင်း ၊ အကောင်းဆုံးမင်းသမီးအဖြစ် နာမည်စာရင်းတင်သွင်းခံရခြင်း ၊ လူကြိုက်အများဆုံးမင်းသမီးအဖြစ် နာမည်စာရင်းတင်သွင်းခံရခြင်း ၊ ရေပန်းအစားဆုံးမင်းသမီးအဖြစ် " အချစ်ဦး " Drama ဖြင့် အကောင်းဆုံးမင်းသမီးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

ယခုအခါ ဗိုက်ကြီးနေပြီဖြစ်သောကြောင့် ရှန်းချူးချူးဆုပေးပွဲအခမ်းအနားသို့မသွားဖြစ်ပေ။

တရုတ်နှစ်သစ်ကူးပြီးသိပ်မကြာခင်မှာပင် ကလေးမွေးဖွားခဲ့သည်။

နီရဲနေသောကလေးလေးဖြစ်ပြီး ရှန်းချူးချူးနှင့် ဟန်ရှင်းယန်တို့ ကလေးအားအချိန်အကြာကြီး စိုက်ကြည့်နေခဲ့သော်လည်း ကလေး မည်သူနှင့်တူသည်ကိုမစဉ်းစားနိုင်ကြပေ။ ထိုစဉ် ချူးကွေ့ကျီက ကလေးကိုကြည့်ပြီး

"ချူးချူးနဲ့တူတယ်"

မားမားဟန်ကလည်း ခေါင်းညိတ်ကာ "ဟုတ်တယ်၊ ကလေးကငြိမ်နေရော"

ဟန်ရှင်းယန်သည် ခမည်းခမက်နှစ်ယောက်ကြား စကားဝိုင်းကိုနားထောင်ပြီး ကလေးကို နောက်တစ်ကြိမ်ကြည့်လိုက်သည်။ ဒါပေမယ့် ဒီကလေးက သူ့အမေနဲ့မတူပါဘူး ဘယ်လိုများတူတယ်ထင်တာလဲ၊ ချူးချူးရဲ့အသားအရည်က လှတယ်၊ သူ့ကိုကြည့်ပါဦး ရုပ်ဆိုးလိုက်တာ။

သို့သော် ၎င်းသည်အလွန်ရုပ်ဆိုးသော်လည်း ချူးချူး မွေးဖွားခဲ့သဖြင့် ဟန်ရှင်းယန်လည်းနှစ်သက်သည်။

ရှန်းချူးချူးသည် ကလေးမျာ သူမနှင့်တူသည်ဟုကြား သိရလေလေ ပိုသဘောကျလေလေဖြစ်သည်။ မထိန်းနိုင်ဘဲ သူ့ပါးလေးကို နမ်းလိုက်သည်။

ခင်ပွန်းဖြစ်သူကို မော့ကြည့်လိုက်ပြီး ဒီနှစ်တစ်လျှောက် တိတ်ဆိတ်နေသည်ဟုတွေးမိသည်။

**********

ယခုနှစ်ကုန်တွင် ရှန်းချူးချူးသည် "Love and Marriage" ဇာတ်ကားဖြင့် အကောင်းဆုံးမင်းသမီးအဖြစ် ဆန်ခါတင်စာရင်းဝင်ခဲ့သည်။

ချူးချူးသည် ဆန်ခါတင်စာရင်းဝင်သည်မှာ ဒုတိယအကြိမ်ဖြစ်သည်။ ယမန်နှစ် မင်းသမီးကျန်းလင်းဖြင့် အကောင်းဆုံးမင်းသမီးအဖြစ် ရွေးချယ်ခံခဲ့ရသော် လည်း သူမ ဆုမရရှိခဲ့ပေ။

ယခုတစ်ကြိမ်မှာတော့ ချန်ယွီလည်း သူမနဲ့အတူရှိနေသည်။ သို့သော် ချန်ယွီသည် သူမနှင့် တူညီသောဆုမဟုတ်ပေ။ ချန်ယွီသည် အကောင်းဆုံးဇာတ်ပို့မင်းသမီးဖြစ်သည်။ အကြောင်းပြချက်ကတော့ ချန်ယွီ၏နောက် ဆုံးရိုက်ကူးရေးမှာ ကွာရှင်းပြတ်စဲမှုဖြစ်စဉ်ကြောင့် ထိခိုက်မှု အနည်းနဲ့အများဖြစ်တာကြောင့် သရုပ်ဆောင်မှု သည် အထူးကောင်းမွန်ခြင်းမရှိချေ။ ဒါရိုက်တာကျိုးသုန် သူမနှင့် ဆွေးနွေးခဲ့ပြီး နောက်ပိုင်းတွင် သူမ ရိုက် ချက်အချို့အားလျှော့ချခဲ့သည်။

ချန်ယွီသည် နောက်ဆုံးအစီအစဉ်စာရင်းတွင် ဟီးရိုးဖြစ်ဆဲဖြစ်သော်လည်း ဆုက သိပ်မမြင့်ပေ။

ထို့ကြောင့် စီစစ်သူအမြင်အရ သူမအားအကောင်းဆုံး ဇာတ်ပို့မင်းသမီးအဖြစ်သာ စာရင်းတင်သွင်းခဲ့ပြီး အကောင်းဆုံးမင်းသမီးအစာရင်းထဲ မတင်ပြခဲ့ပေ။

သို့သော် ကော်ဇောနီထက် ချန်ယွီသည်အကြည့်ခံရဆုံးသူ ဖြစ်လာခဲ့သည်။ အကြောင်းပြချက်မျာ တခြားမဟုတ်ချေ၊ ကွာရှင်းပြတ်စဲခြင်းခံခဲ့ရပြီး ဒုတိယအိမ် ထောင်အား အဆုံးသတ်လိုက်သောကြောင့်ပင်။

အပြင်ဘက်အခင်းအကျင်းတွင် တွေ့ဆုံမေးမြန်းသော သတင်းထောက်များပင်လျှင် အချက်ပြမှုတစ်စုံတစ်ရာ ရရှိခဲ့ပုံရသည်။

"ချန်ယွီ၊ အချစ်နဲ့အိမ်ထောင်ရေးမှာ မင်းရဲ့အခန်းဏ္ဍက မင်းနဲ့ ဆင်တူတယ်လို့ မင်း ထင်လား ?"

ချန်ယွီက ခပ်မိုက်မိုက် ပြုံးပြီး "ဆင်တူတဲ့နေရာတွေရှိသလို မတူတဲ့နေရာတွေလည်းရှိတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး မသေချာမရေရာတဲ့ အတွေးအမြင်တွေလည်းရှိတယ်။ အမ် သိပ်တော့အဆင်မပြေဘူး။ ပြီးတော့ ကျွန်မရဲ့ Dialogue တိုင်းက အရမ်းပြင်းထန်တယ်။"

သတင်းထောက်များသည် ထိုအဖြေအတွက် အံ့အားသင့်သွားကြသည်။

နှစ်အနည်းငယ်ကြာပြီးနောက် ချန်ယွီ၏ တတိယမြောက်ကွာရှင်းမှုသတင်းကိုထုတ်ဖော်လိုက်သောအခါ ချန်ယွီသည် ယခင်ကထက် ပိုလန်းပိုလှလို့နေသည်။ စတုတ္ထမြောက်အိမ်ထောင်ကို စတင်ဖို့စီစဉ်ထားချိန်မှာ မီဒီယာက သူမအား မေးလာပြန်သည်။

“ဘဝကတိုတောင်းတယ်၊ အချိန်ရှိတုန်း မင်းတို့ပျော်ထားမှရမယ်” ဟု ပြောခဲ့သည်။

မည်သို့ပင်ဆိုစေ ထိုစဉ် ချန်ယွီထံ ထိုသို့သောအကြံဥာဏ်မျိုးမရှိခဲ့ပေ။

ယခုတစ်ကြိမ်တွင် ရှန်းချူးချူး အလွန်မျှော်လင့်ထား သည်။ ဒါတွေအားလုံး ဒါရိုက်တာကျိုးသုန်၏လက်ရာဖြစ်သည်။ သူမ မနှစ်ကတစ်ကြိမ် အမည်စာရင်းတင်သွင်းခံခဲ့ရသည်။

သူမ မနာလိုဖြစ်နေကချိန် Host က အနိုင်ရသူ၏အမည်ကိုကြေညာခဲ့သည်။ ရှန်းချူးချူးက အရမ်းစိတ်လှုပ်ရှားနေသဖြင့် အနိုင်ရသူ၏အမည်တင်မဟုတ်ဘဲ ဆုချီးမြင့်မည့်ဧည့်သည်အမည်အား ကြေညာသည်ကိုသတိမထားမိလောက်အောင်စိတ်လှုပ်ရှားနေခဲ့သည်။

ဧည့်သည်ခေါ်ပြီးချီးမြှင့်ရလောက်တဲ့ထိ အဲ့လောက်အရေးကြီးတဲ့ဆုရှိတာလား ??

မကြာခင်မှာ ရှန်းချူးချူး မတ်တပ်ထရပ်ပြီး ဆုလက်ခံရန်ပြင်ချိန်မှာ Host က "ဆုချီးမြှင့်ပေးမယ့် ဧည့်သည်တွေကို နွေးထွေးစွာလက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြရအောင်။ ဒါ မကြာသေးခင်နှစ်များအတွင်း ရုပ်ရှင်နယ် ပယ်ထဲပါ ရင်းနှီးမြှုပ်နှံလာတဲ့ Han Group ရဲ့ ဥက္ကဌ မစ္စတာ ဟန်ရှင်းယန်"

ရှန်းချူးချူး၏ခြေလှမ်းများသည် တခဏတာရပ်တန့်သွားရသည်။ မီတာဆယ်ဂဏန်းအကွာအဝေးကိုဖြတ်၍ ညနေ ကုမ္ပဏီတွင်အချိန်ပိုအလုပ်ဆင်းရမည်ဟုပြော ထားသော စင်ပေါ်ရှိလူကို လှမ်းကြည့်လိုက်သည်။

ရှန်းချူးချူးကိုမြင်သောအခါ ဟန်ရှင်းယန်၏အေးစက် စက်မျက်နှာသည် တဖြည်းဖြည်းအပူချိန်တက်လာသည်။ သူ့မိန်းမကိုမကြည့်မိအောင် ထိန်းထားပေမယ့် မကြည့်မိဘဲမနေနိုင်ပေ။

ဒီနေ့ ငါ့မိန်းမ ရဲ့ဂါဝန်ကအရှည်ကြီးပဲ မတော်လို့ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ ? ယနေ့တွင် ဇနီးသည်မှာ ကြယ်တစ်ပွင့်ထွန်းလင်းနေသကဲ့သို့ လှပတင့်တယ်နေသည်။

နောက်ဆုံး ရှန်းချူးချူးလှေကားပေါ်တက်ခါနီးတွင် သူ မကူညီဘဲမနေနိုင်ခဲ့ပေ။ ရှေ့သို့လှမ်း၍ ရှန်းချူးချူးအားလက်ကမ်းလိုက်သည်။ ရှန်းချူးချူး သိပ်မစဉ်းစားဘဲ သူ့လက်ကို ဟန်ရှင်းယန်၏လက်မောင်းအား သဘာဝကျကျကိုင်လိုက်သည်။ သူ ကျေးဇူးတင်စကားပင် မပြောခဲ့ပေ။

အိမ်ထောင်ကျခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်ရာ သူတို့ကြား ကျေးဇူးတင်ကြောင်း ပြောဖို့မလိုချေ။

ယခုအချိန်တွင် စင်မြင့်ပေါ်ရှိလူများ တီဗီရှေ့တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုသူ သန်းပေါင်းများစွာအပါအဝင် အားလုံးငြိမ်သက်နေကြသည်။ ရှန်းချူးချူးနှင့် ဟန်ရှင်းယန်တို့ စင်မြင့်အလယ်သို့လျှောက်သွားသောအခါ ခဏတာတိတ်ဆိတ်နေသော ကန့်လန့်ကာကို ချက်ချင်းဖြိုခွင်းလိုက်သည်။

"ဟေ့ ဒီနှစ်ယောက် နောက်ဆုံးတော့ အဆင်သင့်ဖြစ်သွားကြပြီ၊ အဲ့ဒါ စပြီလား"

"ငါ မမှားဘူး။ ငါတို့ ကိုရီးယားစုံတွဲတစ်တွဲကိုကြည့်နေရသလိုပဲ၊ သူ ဟန်ရှင်းယန်ကို ကျေးဇူးတင်တယ်တောင် မပြောခဲ့ဘူးနော်၊ ဟုတ်တယ် ဟုတ်။ [အံ့အားသင့်စရာ]"

"ဒါက ဒဏ္ဍာရီလာ... ရွှေသခင်ကြီးလား ?"

"ဒီရွှေသခင်ကြီးက အရမ်းချောတာပဲ၊ ငါ့ကို တစ်ဒါဇင် လောက်ပေးပါလား ah ah!!! [အရူး]"

"ရှေ့ကလူက အံ့ဩသွားတာလား။ ဘာ ရွှေသခင်ကြီး လဲ ဒါ တကယ့်ခင်ပွန်းဖြစ်လိမ့်မယ်။ ဒီလိုခင်ပွန်းမျိုး ငါ့ကို တစ်ဒါဇင်လောက်။"

.....

ယခုအချိန်တွင် ရှန်းချူးချူးသည် အင်တာနက်ပေါ်ရှိ Comment များကို ထုံးစံအတိုင်းမမြင်နိုင်ပေ။ သူမသည် ဟန်ရှင်းယန်ထံမှ ဆုကိုလက်ခံရယူခဲ့သည်။ ဤဆုအားး ဟန်ရှင်းယန်မှ သူမထံပေးအပ်ခဲ့ခြင်းဖြစ်ပြီး အလွန်အ ရေးကြီးသည်။ ရှန်းချူးချူး၏မျက်လုံးများသည် အနည်းငယ်စိုစွတ်နေခဲ့သည်။

ဟန်ရှင်းယန် ပြုံးပြီး "ချူးချူး၊ ဂုဏ်ယူပါတယ်"

ရှန်းချူးချူးက "ကျေးဇူးတင်ပါတယ်"

ထို့နောက် ဟန်ရှင်းယန် ဆုအားလွှဲပေးပြီးသောအခါ သူမ သူ့အား မနမ်းဘဲမနေနိုင်တော့ပေ။ ရုတ်တရက် တီဗွီဖန်သားပြင်ထက်ကြည့်ရှုသူများသာမက ထိုနေရာရှိလူများပါ တုန်လှုပ်သွားကြသည်။

ထို့နောက် ၎င်းတို့မတုံ့ပြန်မီ မိုင်ထောင်ပေါင်းများစွာဝေး ကွာနေသော CEO ဟန်သည် သူမ၏ နဖူးကိုနမ်းလိုက်ပြီး သူမ၏လက်နှစ်ဖက်ကိုကိုင်ကာ ဆံပင်များကိုပါနမ်းလိုက်သေးသည်။

"ဟော မငိုရဘူးလေ"

ဒီတစ်ခါတော့ ခန်းမတစ်ခုလုံးဆူပွက်နေပြီဖြစ်သည်။

Comment ထဲလည်း အရူးအမူးပေါက်ကွဲကုန်သည်။

"Cushing! ခွေးစာပန်းကန်ကို ကန်ကြ!"

"မင်း ဆုပေးပွဲရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ချင်လား ? မဟုတ်ဘူး၊ မလုံလောက်ဘူး၊ မင်း ငါ့ကို လာအနိုင်ကျင့်နေတာလား ?"

"ဒီလူနှစ်ယောက်ကြားက ဆက်ဆံရေးကဘယ်လိုလဲ၊ ဘယ်သူကများ ငါကို ပြန်ဖြေနိုင်မလဲ။"

"CEO ဟန်ရဲ့ ရှန်းချူးချူးကို ကြည့်တဲ့အကြည့်‌တွေကို မမြင်ရလောက်အောင် ကန်းနေမိတာပဲ! ငါတော့ တစ်ယောက်ကိုတစ်ယောက်နဲ့ ပထမဆုံးအကြည့်တစ်ချက်နဲ့တင် ချစ်ချင်နေပြီ"

ရှန်းချူးချူးသည် ပရိသတ်နှင့် ဝေးရာသို့မျက်နှာမူကာ မျက်ရည်များသုတ်ပေးနေသော ဟန်ရှင်းယန်ကိုကြည့်လိုက်သည်။ ဟန်ရှင်းယန် ပြုံးပြီး လက်ကိုင်ပုဝါကိုထုတ်ကာသုတ်လိုက်သည်။ မိတ်ကပ်များမပျက်ကြောင်း အတည်ပြုပြီးနောက် ရှန်းချူးချူး လှည့်ကြည့်လိုက်သည်။

"တောင်းပန်ပါတယ် ကျမ အရမ်းစိတ်လှုပ်ရှားသွားတယ်။"

ရှန်းချူးချူး ပါးစပ်ကိုဖွင့်လိုက်ပြီးနောက် လူတိုင်းလက် ခုပ်တီးလာကြသည်။

ခန်းမကြီးတိတ်ဆိတ်သွားပြီးနောက် ရှန်းချူးချူး ကျေး ဇူးတင်စကားပြောလာသည်။

"... ဒီအချိန်မှာ ကျေးဇူးတင်စကား‌ပြောဖို့ လူများလွန်းတယ်၊ ဒါရိုက်တာကျိုးကို ကျေးဇူးတင်တယ်၊ အဖွဲ့သားတွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ကျမရဲ့ ကုမ္ပဏီကို လည်းကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ မဟုတ်သေးဘူး ဒီနေ့ ကျမ..."

ထို့နောက် ရှန်းချူးချူး ဟန်ရှင်းယန်ကိုတစ်ချက်ကြည့်လိုက်သည်။

အမှန်တော့ ရှန်းချူးချူးသည် အချိန်အတော်ကြာအောင် နှောင့်နှေးခဲ့ရပြီး ငါးမိနစ်ကြာပြီးနောက် သူမစကားပြောလာချိန်ကတည်းက ဆယ်မိနစ်ခန့်ရှိပြီဖြစ်သည်။

သို့သော်လည်း ပွဲစီစဉ်သူများသည် ကောင်းကင်အဆင့် သတ်မှတ်ချက်များကိုကြည့်ရှုခဲ့သော်လည်း နစ်မျောနေမှုအားမတွန်းလှန်ချင်ပေ။ သူတို့အားလုံး ခဏနေရန်နှင့် စကားအနည်းငယ်ပြောရန်မျှော်လင့်ကာ နှလုံးသားထဲတိတ်တဆိတ်ဆုတောင်းခဲ့ကြသည်။

ဆုပေးပွဲအရမ်းဟော့တော့မည်ကိုသိသဖြင့် ရှန်းချူးချူး ၏အကြည့်များနှင့်တင် လူတိုင်းတိတ်ဆိတ်သွားစေ သည်။

မကြာခင်မှာပင် ရှန်းချူးချူးသည် ၎င်းတို့၏မျှော်လင့် ချက်အတိုင်း ပြောလာခဲ့သည်။

"ဒါပေါ့၊ ကျေးဇူးအတင်ဆုံးကတော့ ကျွန်မ ခင်ပွန်း မစ္စတာဟန်ရှင်းယန်ပါ၊ မစ္စတာဟန် ရှင့်ရဲ့ ပံ့ပိုးမှုအတွက် ကျေးဇူးပါ၊ ရှင့်ရဲ့ကုမ္ပဏီကိုလည်း ကျေးဇူးတင်ပါတယ်"

နှစ်တိုင်းအေးအေးချမ်းချမ်းနဲ့ ကျမတို့အတူတူအသက် ကြီးနိုင်ဖို့မျှော်လင့်တယ်….

All Chapters