← Chapters

အခန်း (၁၁၂)

Vol. 12 Ch. 112

အခန်း (၁၁၂)

Vol. 12 Ch. 112

တစ်လအကြာ "မင်းသမီးကျင်းလင်" ရုပ်ရှင်မှနောက် ဆုံး Box Office ၀င်ငွေသည် 523 သန်းဖြင့် ပိတ်သိမ်းနိုင်ခဲ့သည်။ ရင်းနှီးမြုပ်နှံသူများ ငွေအဆမတန်မြတ်ခဲ့ကြသည်။

ရှန်းချူးချူးသည်လည်း ဂဏန်းငါးလုံးပါ ဟုန်ပေါင်းကို လက်ခံရရှိခဲ့သည်။

ရှန်းချူးချူး "Two Poles"၏ ဇာတ်ညွှန်းများကို ဖတ်ပြီးနောက် ရိုက်ကူးရေးစတင်ခဲ့သည်။

ကျောင်းဝေသည် မှုခင်းစုံစမ်းစစ်ဆေးရေး၏ဌာနမှူးဖြစ်သည်။ သူသည် ဤဒရာမာထဲတွင် အစ်ကိုတစ်ယောက်ပမာလမ်းပြခဲ့သူပင်။ သူ့ကြောင့်သာ အမျိုးသမီးဇာတ်လိုက် လမ်းမှန်ရောက်သွားခြင်းဖြစ်သည်။

ဇာတ်လမ်းထဲတွင် ကျောင်းကျန်း၏ဇာတ်ရုပ်သည် ရှန်းချူးချူးအတွက် အစ်ကိုတစ်ယောက်လိုဖြစ်သော်လည်း အပြင်ဘက်တွင် သူ အသက်လေးဆယ်ကျော်ပြီဖြစ် သည်။ ထိုသည်မှာ ရှန်းချူးချူး ပါးပါးအရွယ်ဖြစ်သည်။

ထိုသည်မှာလည်း ရှန်းချူးချူး၏ပါးပါးသည် စောစီးစွာ အိမ်ထောင်ကျသောကြောင့်ဖြစ်သည်။

ရှန်းချူးချူးသည် အသက်သုံးဆယ်ကျော်ဟုသာ ထင်ရသော သူ့အားကြည့်ကာ ရှေ့ကိုတိုးကပ်လာပြီး လေးစားစွာနှုတ်ဆက်လိုက်သည်။

"တွေ့ရတာ၀မ်းသာပါတယ် ကျန်းကော"

ကျောင်းကျန်းသည် ရှန်းချူးချူးကိုကြည့်ကာ "ကလေးမလေး မင်းသရုပ်ဆောင်ထားတာ တကယ်ကောင်းတယ်၊ လွန်ခဲ့တဲ့လအနည်းငယ်လောက်က မင်း ရုပ်ရှင်ကြည့်ဖို့ ငါ့မိန်းမနဲ့အတူသွားခဲ့တယ်လေ၊ တကယ်မဆိုးဘူး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ထိတယ် အရမ်းကောင်းတယ်"

ရှန်းချူးချူးလည်း သူ(မ)မားမား၏နံရံ‌ရှိ ပိုစတာတွင် နေရာယူထားသည့် လူတစ်ယောက်မှချီးကျူးလာသည့် အတွက် မပျော်ပဲမနေချေ။

ရှန်းချူးချူး ပြုံးကာ "ကျေးဇူးတင်ပါတယ် ကျန်းကော"

"ရပါတယ်!"

ကျောင်းကျန်း ပြုံးလျက်ပြန်ပြောလာသည်။

ရှန်းချူးချူးသည် ပတ်၀န်းကျင်လေထုမှာ အလွန်ပင် ကောင်းမွန်နေသဖြင့်

"ကျန်းကော လတ်မှတ်ပါတဲ့ ဓာတ်ပုံလေးရနိုင်မလား...? ကျွန်မ မိသားစုထဲမှာ ကျန်းကောဖန်တစ်ယောက်ရှိလို့ပါ"

မူလတွင် သူ(မ)မားမားမှာ ကျောင်းကျန်းအား အလွန်ကြိုက်သည်ဟုပြောချင်သော်လည်း သူ၏နုပျိုသောအသွင်အပြင်ကိုမြင်လိုက်ရချိန် နှုတ်သာဆိတ်နေလိုက်ရသည်။

"ဒါ ကောင်းတာပေါ့၊ ငါ့ကိုသဘောကျပေးလို့ ကျေးဇူးပါလို့လဲပြောပေးဦး၊ ရှောင်ကျန့်...ချူးချူးကို ငါလက်မှတ် ထိုးထားတဲ့ ဓာတ်ပုံပေးလိုက်ပါဦး"

"ကျေးဇူးတင်ပါတယ် ကျန်းကော"

လူအားလုံးစုံပြီဖြစ်သည့်အတွက် ဒါရိုက်တာသည် ဖွင့်လှစ်ပွဲကိုစတင်ကာ ဦးစွာအမွှေးတိုင်ပူဇော်ကြသည်။ ထိုသည်မှာ ရိုက်ကူးရေး‌တောက်လျှောက်လုံး ချောမွေ့ စေအောင် ဆုတောင်းခြင်းပင်။

ဒါရိုက်တာသည် ရိုက်ကွင်းချက်ချင်းစတင်ရန်ပြောကြားလာသည်။

ထို့ကြောင့် ပထမဇာတ်ဝင်ခန်းသည် ရှန်းချူးချူးနှင့် ကျောင်းကျန်းတို့၏ဇာတ်၀င်ခန်းပင်။

ဤဇာတ်၀င်ခန်းသည် ဇာတ်ကားတစ်ခုလုံးတွင် ရှန်းချူးချူးအကျွမ်းကျင်ဆုံးအရာဖြစ်သည်။ သူ(မ)သည် ကုမ္ပဏီ၏မျှော်လင့်ချက်ကိုလည်း ထမ်းပိုးထားရသလို ဟန်ရှင်းယန်၏ရင်းနှီးမြုပ်နှံငွေများကိုလည်း မဆုံးရှုံးစေချင်ပေ။

သို့သော် သူ(မ)သရုပ်စဆောင်သည်နှင့် သူ(မ)၏ ပြင် ဆင်မှုများသည် မလုံလောက်ကြောင်းသိလိုက်ရသည်။

တစ်ဖက်လူ၏သရုပ်ဆောင်ချက်များကြား သူ(မ)လည်းနစ်မြုပ်သွားသည်။ ဤသည်မှာ ပထမဆုံးအကြိမ် ထိုဇာတ်၀င်ခန်းသည်လက်တွေ့ဘ၀တွင် ဖြစ်ပျက်နေသကဲ့ သို့ ခံစားလိုက်ရသည်။

သေချာသည်မှာ ဇာတ်ကားကောင်းများစွာ ရိုက်ရသည်ထက် သရုပ်ဆောင်ကောင်းတစ်ယောက်နှင့် ရိုက်ကူးရသည်မှာ ပိုအကျိုးရှိသည်။

"ကောင်မလေး မင်း ဒီနှစ်ဆို အသက်ဘယ်လောက်လဲ" လွေ့ဝေသည် အမျိုးသမီးဇာတ်လိုက်ကိုမေးလိုက်သည်။

အမျိုးသမီးဇာတ်လိုက်သည် ဟာသတစ်ခုကြားလိုက်ရသည့်ပမာ ဟက်ဟက်ပက်ပက်ရယ်မောလာသည်။ သူ(မ) ရယ်ရလွန်းလို့ မျက်ရည်များပင် ထွက်ကျလာသည်။

“ရှင် ဘယ်က လာတာလဲ ? ကျွန်မ ရှင့်ကို တစ်ခါမှမမြင်ဖူးဘူး"

နံဘေးရှိဘားအဖျော်ဆရာမှ ပြုံးကာ "ငါတို့ သူဌေးမကို ကျန်းဟူက လူတွေက သူ့ကို တကျဲလို့ခေါ်ကြတာ၊ မင်းနောက်ဆိုရင်းနှီးလာမှပါ၊ စပ်စုမနေနဲ့ သောက်စရာရှိတာသောက်" !" ဘားအဖျော်ဆရာသည် ဖန်ခွက်အားလွေ့ဝေထံကမ်းပေးလိုက်။

လွေ့ဝေသည် " တကျဲ ? ဒါပေမယ့် သူ့ကိုကြည့်ရတာ အသက်က နှစ်ဆယ်လောက်ပဲရှိသေးတဲ့ပုံလေ၊ သူကြည့်ရတာ ကောလိပ်တက်နေတဲ့ ငါ့ညီမနဲ့မှ အသက်အတူတူလောက်ပဲရှိမှာကို"

"ကျွန်မကို ကလေးမလေးတစ်ယောက်နဲ့ လာယှဉ်ပြောတာ ဒါ ပထမဆုံးမြင်ဖူးတာပဲ၊ ဒီတစ်ခါ ရှင့် ပထမဆုံးအကြိမ်ဆိုတော့ ထားလိုက်ပါတော့" တကျဲ ပြုံးလျက် ထွက်သွားသည်။

လွေ့ဝေသည် တကျဲ ထွက်သွားရာနောက်ကို လိုက်ကြည့်နေပြီး အချိန်အတော်ကြာ မည်သည့်စကားမှမပြောလာချေ။

ထိုအချိန်တွင် ဘားအဖျော်ဆရာသည် ခပ်တိုးတိုးသတိ ပေးလာသည်။

"မင်း သူ့ကို တစ်ခြားကလေးမတွေနဲ့ သွားမနှိုင်းသင့်ဘူး၊ မဟုတ်ရင် မင်း ဘယ်လိုသေသွားမှန်းတောင် မသိပဲနေလိမ့်မယ်"

လွေ့ဝေ၏မျက်လုံးများသည် ဘားအဖျော်ဆရာကိုကြည့်လာပြီး "ငါ့ကိုသတိပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါကတော့ မင်းတို့သူဌေးကို ကလေးမလေးတစ်ယောက်လို့ပဲမြင်တယ်"

ဘားအဖျော်ဆရာသည် ရယ်မောသံအချို့ဖြင့်သာ တုန့်ပြန်လိုက်သည်။

"ကဒ်!" ဒါရိုက်တာမှ "ပထမနေရာကျရင် ဘယ်ဘက်ကိုနည်းနည်းညှိမယ်၊ အိုကေလား ? နောက်တစ်ခေါက်ထပ်ရိုက်မယ်"

"ချူးချူး မင်း ရယ်တဲ့အခါ ဆံပင်ကိုတစ်ချက်သတိ ထား.. ဆံပင်တွေ မျက်နှာပေါ်လွှင့်နေမှ ပိုကြည့်ကောင်းပြီး လွတ်လွတ်လပ်လပ်ရယ်နေတဲ့ပုံပေါက်မှာ"

"နားလည်ပါပြီ"

၎င်းတို့ နောက်ထပ် ၂ ခေါက်ထပ်ရိုက်ပြီးမှသာ ဒါရိုက် တာလည်း စိတ်ကျေနပ်သွားသည်။

ကျောင်းကျန်းက "ဖိအားတွေ အဲ့လောက်ထားမနေနဲ့ ကလေးမ၊ ငါ လူတွေ မကိုက်မစားတတ်ပါဘူး၊အေးအေး ဆေးဆေးလုပ်"

"ဒါပေမယ့် ကျန်းကောက ရုပ်ရှင်ဧကရာဇ်လေ၊ ဒါက နတ်ဘုရားတစ်ပါး ကျွန်‌မရှေ့ ရောက်လာသလိုပဲ၊ ကျွန်မက ရှင့်ရဲ့ရုပ်ရှင်ကို ကြည့်ရင်း ကြီးပြင်းလာခဲ့ရတာ"

ကျောင်းကျန်း ပြုံးကာ " ရုပ်ရှင်ဧကရာဇ်လည်း လူပဲလေ မကြောက်နဲ့၊ မင်းလည်း အနှေးနဲ့အမြန် ငါ့ ခြေရာကိုနင်းနိုင်မှာပါ"

ဒါရိုက်တာသည် ထိုသည်ကိုကြားချိန် " မင်းကို ဘယ်သူကများ ဧကရာဇ်ပုလ္လင်က ဆွဲချနိုင်လို့လဲ ? ချူးချူး မင်း သူ့ ပုလ္လင်ကိုလိုချင်ရင်တော့ အလုပ်ကိုသေချာကြိုးစားမှရမယ်"

ရှန်းချူးချူး ပြုံးကာ "ဟုတ်ကဲ့၊ ဒါရိုက်တာနဲ့ ကျန်းကောတို့ကိုကျေးဇူးတင်ပါတယ်၊ ကျွန်မ ကြိုးစားပါ့မယ်"

Han Group သည် အကြီးဆုံးရင်းနှီးမြုပ်နှံသူဖြစ်သော ကြောင့် ၎င်းတို့ရက်အနည်းငယ်ရိုက်ကူးမှုအပြီး ဟန်ရှင်းယန်သည် စစ်ဆေးရန်အကြောင်းပြချက်ဖြင့် အဖွဲ့သားများထံရောက်ရှိလာခဲ့သည်။

ဟန်ရှင်းယန်သည် မင်းသမီးတချို့အား ဆွဲဆောင်နိုင်စွမ်းရှိသည်။

ညနေစာစားပွဲတွင် မင်းသမီးတစ်ယောက်သည် မတ်တပ်ရပ်ပြီး ဝိုင်တစ်ခွက်ကိုယူကာ- "CEO ဟန်ကို ဒီတစ်ခွက်ငှဲ့ပေးပါ့မယ်၊ ဒီဒရာမာမှာ မြှုပ်နှံထားတဲ့အတွက် ရှင့်ကို အရမ်းကျေးဇူးတင်ပါတယ် မဟုတ်ရင် ကျွန်မကတော့ ဒီလိုကောင်းမွန်တဲ့ဇာတ်ကားမျိုးမှာ ပါဝင်ဖို့အခွင့်အရေးရမှာတောင်မဟုတ်ဘူး"

ရှန်းချူးချူးသည် ထိုမင်းသမီးအသံကိုကြားချိန် အနည်း ငယ် ရယ်ချင်သွားသည်။ ဒီမင်းသမီးက တကယ်အချိန်နဲ့အခါကို မကြည့်တက်လောက်အောင် ဦးနှောက်မရှိတာလား ?

ထိုစကားများသည် ဟန်ရှင်းယန်အား မျက်နှာလိုမျက်နှာ ရလုပ်ခြင်းဖြစ်သော်လည်း ဇာတ်ကားအား စော်ကားခြင်းပင်။ ၎င်းစကားများ၏အဓိပ္ပာယ်မှာ သူ(မ) ခင်ပွန်းဖြစ်သာ ရင်းနှီးမြုပ်နှံမှုမလုပ်ပါက ဤဇာတ်ကားမှာ ရိုက်ကူးလို့ရမည် မဟုတ်သည့်အတိုင်းပင်။

ရှန်းချူးချူးသည် ဒါရိုက်တာမျက်မှောင်ကြုတ်လျက်ရှိနေမည်ဖြစ်ကြောင်းသေချာသည်။

ဟန်ရှင်းယန်သည် ဇနီးဖြစ်သူ၏လှောင်ရိပ်သန်းနေသော မျက်နှာကိုမြင်လိုက်သောအခါ သူ(မ) ခါးကိုတို့ထိလိုက်သည်။

ထိုသည်မှာ ကြီးကြီးမားမား လှုပ်ရှားမှုမဟုတ်သော် လည်း ရှန်းချူးချူးကိုတွန့်သွားစေကာ သူ(မ)မျက်နှာထက်တွင် အပြုံးကိုချိတ်ဆွဲလိုက်ပြီး

"တကယ်လို့ CEO ဟန် ရင်းနှီးမမြုပ်နှံခဲ့ရင် ဒီလောက်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားက အခြားရင်းနှီးမြုပ်နှံမယ့် လူအများအပြားကို ဆွဲဆောင်နိုင်မယ်လို့ထင်တယ်၊ ဒီလိုနာမည်ကျော်သရုပ်ဆောင်တွေ၊ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းတွေက တခြားရင်းနှီးမြုပ်နှံသူတွေကို မဆွဲဆောင်နိုင်ဘူးလို့ ထင်နေတာလား"

ထိုမင်းသမီး၏စကားလုံးများထဲမှ အခြားအဓိပ္ပာယ်ကို မည်သူမသိဘဲနေမည်နည်း။

ထိုအရာသည် ဟန်ရှင်းယန်မှာ ၎င်း၏စပွန်ဆာဟု ပြောလိုက်သည့်ပမာ ဟန်ရှင်းယန်၏ရင်းနှီးမြုပ်နှံမှုကြောင့်သာ ၎င်းသရုပ်ဆောင်နိုင်ခြင်းဟု ပြောနေသလိုပင်။

ရှန်းချူးချူးပြောလာသော စကားလုံးများသည် ရင့်သီးသွားသဖြင့် ပတ်၀န်းကျင်သည် တခဏတာတိတ်ဆိတ်သွားသည်။

Han Group ရင်းနှီးမြုပ်နှံသည့်အချိန်တွင် အခြားမည်သူမှမသိကြောင်း ဒါရိုက်တာနှင့် အမာခံဝန်ထမ်းတော်တော်များများသာသိသည်။ ယခုအခါ ရှန်းချူးချူးသည် ၎င်းတို့ဘက်မှရပ်တည်၍ Han Group မရှိလျှင်ပင် ရိုက်ကူးနိုင်ကြောင်း ပွင့်လင်းစွာပြောလာသည်။

ဒါရိုက်တာသည် ရယ်ရယ်မောမောနှင့် တင်းမာနေသော ပတ်၀န်းကျင်ကိုဖြေလျော့စေလိုက်သည်။

"ကလေးမလေးက ငယ်လွန်းလို့ ဟန်မဆောင်တက်တာပါ၊ CEO ဟန် စိတ်ထဲမထားပါနဲ့"

မင်းသမီးသည်လည်း ဒါရိုက်တာ၏စကားနောက်လိုက်ပြီး "ဟုတ်တယ် နင် ဘယ်လိုလုပ်ဒီလိုပြောရတာလဲ ချူးချူးရဲ့၊ ငါက အဲ့လိုပြောချင်တာမဟုတ်ပါဘူး"

သူ(မ) ပြောနေရင်းနှင့် ဟန်ရှင်းယန်အား ငိုမဲ့မဲ့ကြည့်လာသည်။

ဟန်ရှင်းယန်သည် စကားတစ်ခွန်းမှမပြောဘဲ ပုဇွန်ကိုသာ တိတ်တဆိတ်ခွာနေသည်။

အားလုံးသည် ဟန်ရှင်းယန်လက်ထဲမှ ပုစွန်အခွံခွာပြီး သည်အထိ တိတ်တဆိတ်စောင့်ကြည့်နေခဲ့ကြသည်။

ဟန်ရှင်းယန်သည် ခွာပြီးသည်နှင့် လူတိုင်း၏အကြည့်အောက်တွင် ရှန်းချူးချူး၏ပန်းကန်ထဲသို့အေးအေး ဆေးဆေးထည့်ပေးလိုက်သည်။

ရှန်းချူးချူးသည် လူတိုင်း၏မျက်လုံးများမှာ သူ(မ)အ ပေါ် စုပြုံကျနေကြောင်း ခံစားလိုက်ရသည်။ သူ(မ) လည်း ကနာမငြိမ်နိုင်တော့ပေ။

သို့သော် သူ(မ)သည် တည်ငြိမ်သောအမူအရာဖြင့် ဟန်ဆောင်ကာ ခွာထားသောပုစွန်ကိုစားလိုက်သည်။

ဟန်ရှင်းယန်သည် လူတိုင်းကိုဝေ့ကြည့်ကာ လက်ကိုင်ပုဝါကိုယူပြီး သူ့လက်ကိုသုတ်လိုက်သည်။

"ဒါရိုက်တာ ရွေးထားတဲ့သရုပ်ဆောင်တွေက အရမ်းကောင်းပေမဲ့ ရှေ့လျှောက်သေချာရွေးဖို့လိုလာပြီ"

သူ့စကားများသည် ထိုမောက်မာလှသော မင်းသမီးကို ရွဲ့စောင်းပြောမှန်းသိသာလှသည်။

လူများသည် ၎င်းတို့ရှေ့ရှိ မြင်ကွင်းကိုကြည့်ကာ အတွေးပေါင်းသောင်းခြောက်ထောင်ဖြင့် ရှုပ်ထွေးနေသည်။

ဒါရိုက်တာသည်လည်း "CEOဟန် ပြောတာ မှန်တယ်၊ လာလာ အားလုံး ကမ်းပေ့!"

သူ့ဘေးရှိစားပွဲထိုးသည် ဝိုင်ကို ချက်ချင်းလောင်းထည့်ပေးလာသည်။

ဝိုင်ထည့်သည့် လူသည် ရှန်းချူးချူးအနားကိုရောက်စဉ် သူ(မ)ပင် ပါးစပ်ဖွင့်ချိန်မရလိုက်ပဲ ဟန်ရှင်းယန်မှ တားလိုက်သည်။

"သူ(မ)ကို ဖျော်ရည်တစ်ခွက်ပဲ ပေးလိုက်ပါ"

ရှန်းချူးချူးသည် ဟန်ရှင်းယန်ကိုစူးစိုက်ကြည့်လိုက်သော်လည်း ဟန်ရှင်းယန် မည်သည့်စကားမှ ထပ်ပြောမလာချေ။

စားပွဲထိုးသည်လည်း အခြေအနေကိုအကဲခတ်ကာ ရှန်းချူးချူထံသို့ ဖျော်ရည်တစ်ဖန်ခွက်ကို ချက်ချင်းလောင်းထည့်ပေးသည်။

ဤ ချောမောသောလူငယ်လေးသည် ရင်းနှီးမြှုပ်နှံသူဆို သည်အား လူတိုင်းသိကြသည်။ ကောလဟာလများကို စိတ်မ၀င်စားသည့်လူများပင် ၎င်းတို့၏ အတွေးထဲတွင် ထင်မြင်ချက်များစွာရှိလာသည်။ မဟုတ်မှလွဲရော ရှန်းချူးချူးရဲ့ စပွန်ဆာများလား ?

ထိုထင်မြင်ချက်များ‌ကြောင့် ၀န်ထမ်းများသည် အနာ ဂတ်တွင် ရှန်းချူးချူးကို ပိုယဉ်ကျေးစွာဆက်ဆံတော့မည်ဖြစ်သည်။

ရှန်းချူးချူးသည် စားပွဲထိုးမှာ ဟန်ရှင်းယန် ဝိုင်တစ်ဖန်ခွက်ကုန်ပြီးနောက် နောက်ထပ်တစ်ခွက် လောင်းထည့်ပေးဟန်မြင်လိုက်ရချိန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ဟန်ရှင်းယန်သည် ထိုသည်ကိုမြင်လိုက်ရဖြင့် စားပွဲထိုးအား ဟန့်တားလိုက်သည်။

"တော်ပြီ"

သူသည် အခြားသူများကိုကြည့်လိုက်ကာ "တောင်းပန်ပါတယ်၊ ကျွန်တော် ဒီနေ့ ဝိုင်သိပ်မသောက်ချင်လို့ပါ"

ဒါရိုက်တာသည်လည်း ပြုံးပြီး "ဒါပေါ့၊ CEO ဟန် လည်း လေယာဉ်စီးရတာ ပင်ပန်းနေလောက်ပြီ၊ စောစောပြန်နားတာ အကောင်းဆုံးပဲ"

ဟန်ရှင်းယန် ပြုံးလျက် "မဟုတ်တာ ညစာစားပွဲက ရှိ နေသေးတာကို"

ညစာစားပြီးနောက် လူတိုင်းသည် ဟိုတယ်ကိုကားဖြင့်ပြန်လိုက်ကြသည်။

ရှန်းချူးချူးသည် ဟန်ရှင်းယန်နှင့်အတူ မသွားဘဲ သူ(မ) ၏ ကိုယ်ပိုင်ကားအားပြန်ယူလိုက်သည်။

သူ(မ) ဟိုတယ်ရောက်သည့်အချိန် ဟန်ရှင်းယန်ကြိုရောက်နေသည်ကိုမြင်လိုက်ရသည်။

ရှန်းချူးချူးသည် ၎င်း၏ပင်ပန်းနွမ်းနယ်နေသော မျက် နှာကို ကြည့်ကာ သူ့ကိုလှမ်းဖက်လိုက်ပြီး "ရှင် အရမ်းပင်ပန်းနေတာကို အရင်က ကျွန်မ မသိခဲ့ဘူး"

ဟန်ရှင်းယန်သည် ပြုံးမိသွားပြီး ရှန်းချူးချူးကို ပြန် ဖက်ကာ "ဘာကို ပင်ပန်းတာလဲ ? ကိုယ့်ဇနီးအတွက်ပဲကို ပင်ပန်းရုံမကလို့ ဘာကြီးပဲဖြစ်ဖြစ် ထိုက်တန်နေတုန်းပဲ"

ရှန်းချူးချူးသည် ဆက်လက်ဖက်ချင်သေးသော်ငြား ဟန်ရှင်းယန်သည်တော့ ကူကယ်ရာမဲ့စွာဖြင့

"ဖက်ထားတာ ခဏလွှတ်ဦး၊ ကိုယ်တို့ခဏလောက် ထိုင်ကြရအောင်"

သူ(မ)လက်ကိုတောင် မလွှတ်ရသေး သူ(မ) တစ်ကိုယ်လုံး ဟန်ရှင်းယန်၏ ရင်ခွင်ထဲသို့ လဲပြိုသွားကျရောက်နေပြီဖြစ်သည်။

ထိုစဉ် နွေးထွေးသောအနမ်းများလည်း ကျဆင်းလာ တော့သည်။

"မိန်းမ.. ကိုယ် မင်းနဲ့မတွေ့ရတာ သုံးနှစ်သုံးမိုးလောက်ကြာသလိုခံစားလိုက်ရတယ်"

သူ ရှန်းချူးချူးအား ပွေ့ချီလျက် အိပ်ရာဆီသို့ခြေလှမ်းစလိုက်သည်။

All Chapters